Ahunt Bhone Myat

  • Home
  • Ahunt Bhone Myat

Ahunt Bhone Myat ငမူး/သူတောင်းစား
Journalist, News Anchor, TV Producer Profile Documentary

https://youtu.be/iOrL8JzIIF0

တဖက်နဲ့ တဖက် အပြတ်ချေမုန်း "၂၀၂၃" - (ဒုတိယပိုင်း)https://www.youtube.com/watch?v=ZC45I4Wqp40
09/01/2023

တဖက်နဲ့ တဖက် အပြတ်ချေမုန်း "၂၀၂၃" - (ဒုတိယပိုင်း)

https://www.youtube.com/watch?v=ZC45I4Wqp40

တဖက်နဲ့ တဖက် အပြတ်အသတ်ကို အပြတ်ချေမုန်းကြရမယ့် "၂၀၂၃" (ဒုတိယပိုင်း) ကို ပွားပေးနေတာပါလို့...

07/01/2023

စမ်းရင်းသပ်ရင်း.. သောက်ရင်းစားရင်း ပေါ့ပေါ့ပါးပါး လွှင့်ပေးလိုက်တာပါလို့...

စည်းကမ်းပြည့်ဝ ဘိုင်းကောင်းကျောက်ဖိ တော်လှန်ရေးနှင့် FB အသုံးပြုနည်းများ စာအုပ် ရေးမို့ အချက်အလက်တွေ စုနေပါတယ်လို့... ဟက...
07/01/2023

စည်းကမ်းပြည့်ဝ ဘိုင်းကောင်းကျောက်ဖိ တော်လှန်ရေးနှင့် FB အသုံးပြုနည်းများ စာအုပ် ရေးမို့ အချက်အလက်တွေ စုနေပါတယ်လို့... ဟက်ဟက်..

07/01/2023

● Frozen ကာတွန်းကားထဲက Let It Go သီချင်းရဲ့ မူရင်းတေးသံရှင် အိုင်ဒီနာ မန်ဇယ် (Idina Menzel) ရဲ့ ဂီတအနုပညာသမားအဖြစ် ဘဝဖြတ်သန်းမှုတွေ သမိုင်းမှတ်တိုင်တွေအကြောင်းကို လေ့လာကြည့်ကြရအောင်ပါ။

● Idina Menzel: Which Way to the Stage? [2022] "အိုင်ဒီနာ မန်ဇယ် (Idina Menzel) : စင်မြင့်ပေါ်ကို ဘယ်လိုရောက်ရှိခဲ့တာလဲ.." လို့ ဆီလျှော်အောင် အဓိပ္ပါယ်ကောက်ယူရမယ့်.. မှတ်တမ်းရုပ်ရှင်ထဲမှာတော့ Broadway အော်ပရာပြဇာတ်တွေရဲ့ နောက်ခံအဆိုတော် တစ်ယောက်ဖြစ်လာအောင် ဘယ်လိုတွေ ကြိုးစားရုန်းကန်ခဲ့ရတယ်ဆိုတာတွေကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။

-------------
Idina Menzel: Which Way to the Stage? [2022] [ Burmese Subtitle | Full Movie @ MCN TV PLUS Telegram Channel ] မှာ တင်ပေးလိုက်ပါပြီ..
-------------
Running time - 93 min.
Country - United States United States
Director - Anne McCabe, Eric Maldin
Cast - Documentary, Self: Idina Menzel
Producer - Disney Branded Television, iDeal Partners Film Fund. Distributor: Disney+
Genre - Documentary | Concerts
-------------
Idina Menzel: Which Way to the Stage? [2022] [ Burmese Subtitle | Full Movie | Watch @ MCN TV PLUS Telegram Channel - https://t.me/mcntvplus/179 ]
-------------
ပြန်လည်မျှဝေပေးဖြစ်တဲ့ စေတနာစိတ်
-------------
● Frozen ကာတွန်းကားနဲ့ အဲ့ဒီဇာတ်ကားထဲက Elsa ဘုရင်မလေး သီဆိုခဲ့တဲ့ Let It Go သီချင်းကို မြန်မာကလေးတွေ အားလုံးနည်းပါး ရကြသလို မိဘတွေတိုင်းလည်း ကြားဖူးကြမှာပါ။

● ကမ္ဘာ့စံချိန်တင် ဝင်ငွေအများဆုံး အမေရိကန် ဒေါ်လာ ၁.၂၈၀ ဘီလီယံအထိ ရရှိခဲ့ပြီး ကမ္ဘာကျော်ခဲ့တဲ့ Frozen ကာတွန်းထဲက Let It Go သီချင်းကို သီဆိုခဲ့တဲ အမျိုးသမီးအဆိုတော်တစ်ယောက်ရဲ့ ဘဝတန်ဘိုးတွေကိုများ မြန်မာလူများစုတွေ.. တန်ဘိုးထားကြရကောင်းမှန်း သိကြမလားလို့.. ပြောပြချင်မိတယ်..

● အဲ့ဒီတော့ Let It Go သီချင်းရဲ့ မူရင်း တေးသံရှင်ကတော့ အိုင်ဒီနာ မန်ဇယ် (Idina Menzel) ပါ။ သူ့ရဲ့ အပြင်က လက်တွေ့ဘဝကတော့ ဘုရင်မ Queen of Arendelle ဖြစ်တဲ့ Elsa နဲ့ကတော့ ဆန့်ကျင်ဘက်လို့ဆိုရမှာပါ။

● တေးသံရှင်တစ်ယောက်ဖြစ်ဖို့ အမေရိကန်ပြည်ထောင်စုက နယူးယောက် လမ်းမတွေပေါ်မှာ ဘယ်လောက်အထိ ကြိုးစား ရုန်းကန်ခဲ့ရတယ် ဆိုတာတွေကို Idina Menzel: Which Way to the Stage? ဆိုတဲ့ ရုပ်သံမှတ်တမ်းကနေတဆင့် တွေ့မြင် သင်ယူကြရမှာပါ...

● ဆိုတော့ မှတ်တမ်း ရုပ်ရှင်ရဲ့ ကြော်ငြာလေးကိုသာ အရင်ကြည့်နှင့်ကြပါ... မြန်မာပြည်က ပြည်သူ့အချစ်တော် (ဈေးကွက်စီးပွားရေးစနစ်အရ) .. ပရိတ်သတ်လူများစုကြီး အလိုတော်အတိုင်းပါဆိုတဲ့..

● သီချင်းဆိုလို့ မရ.. သရုပ်ဆောင်လို့ မရတော့တဲ့အဆုံး.. ဈေးရောင်းနေကြတဲ့... လူကြိုက်များသည်းသည်းလှုပ် အရူးအမူးဖြစ်ပြီးရောဆိုတဲ့ အနုပညာရှင်တွေနဲ့ ဘာကွာလဲဆို...

● အိုင်ဒီနာ မန်ဇယ် (Idina Menzel) ကို ဘယ်လမ်းက စင်မြင့်ဆီကို ရောက်သွားတာလဲ.. လို့ ဆီလျှော်အောင် အဓိပ္ပါယ်ကောက်ယူရမယ့်.. Idina Menzel: Which Way to the Stage? မှတ်တမ်း ရုပ်ရှင်လေးကို ပြန်လည်မျှဝေ တင်ဆက်ပေးလိုက်ပါတယ်။

06/01/2023

ဟိုးအရင်တုန်းက Late Night Show အစီအစဉ်တွေကို ပြောခဲ့တဲ့ Virtual Sets Studio လေး ပြန်ဆောက်လို့ ပြီးလို့ စမ်းကြည့်ထားလေးပါလို့

05/01/2023

● Frozen ကာတွန်းကားနဲ့ အဲ့ဒီဇာတ်ကားထဲက Elsa ဘုရင်မလေး သီဆိုခဲ့တဲ့ Let It Go သီချင်းကို မြန်မာကလေးတွေ အားလုံးနည်းပါး ရကြသလို မိဘတွေတိုင်းလည်း ကြားဖူးကြမှာပါ။

● ကမ္ဘာ့စံချိန်တင် ဝင်ငွေအများဆုံး အမေရိကန် ဒေါ်လာ ၁.၂၈၀ ဘီလီယံအထိ ရရှိခဲ့ပြီး ကမ္ဘာကျော်ခဲ့တဲ့ Frozen ကာတွန်းထဲက Let It Go သီချင်းကို သီဆိုခဲ့တဲ အမျိုးသမီးအဆိုတော်တစ်ယောက်ရဲ့ ဘဝတန်ဘိုးတွေကိုများ မြန်မာလူများစုတွေ.. တန်ဘိုးထားကြရကောင်းမှန်း သိကြမလားလို့.. ပြောပြချင်မိတယ်..

● အဲ့ဒီတော့ Let It Go သီချင်းရဲ့ မူရင်း တေးသံရှင်ကတော့ အိုင်ဒီနာ မန်ဇယ် (Idina Menzel) ပါ။ သူ့ရဲ့ အပြင်က လက်တွေ့ဘဝကတော့ ဘုရင်မ Queen of Arendelle ဖြစ်တဲ့ Elsa နဲ့ကတော့ ဆန့်ကျင်ဘက်လို့ဆိုရမှာပါ။

● တေးသံရှင်တစ်ယောက်ဖြစ်ဖို့ အမေရိကန်ပြည်ထောင်စုက နယူးယောက် လမ်းမတွေပေါ်မှာ ဘယ်လောက်အထိ ကြိုးစား ရုန်းကန်ခဲ့ရတယ် ဆိုတာတွေကို Idina Menzel: Which Way to the Stage? ဆိုတဲ့ ရုပ်သံမှတ်တမ်းကနေတဆင့် တွေ့မြင် သင်ယူကြရမှာပါ...

● ဆိုတော့ မှတ်တမ်း ရုပ်ရှင်ရဲ့ ကြော်ငြာလေးကိုသာ အရင်ကြည့်နှင့်ကြပါ... မြန်မာပြည်က ပြည်သူ့အချစ်တော် (ဈေးကွက်စီးပွားရေးစနစ်အရ) .. ပရိတ်သတ်လူများစုကြီး အလိုတော်အတိုင်းပါဆိုတဲ့..

● သီချင်းဆိုလို့ မရ.. သရုပ်ဆောင်လို့ မရတော့တဲ့အဆုံး.. ဈေးရောင်းနေကြတဲ့... လူကြိုက်များသည်းသည်းလှုပ် အရူးအမူးဖြစ်ပြီးရောဆိုတဲ့ အနုပညာရှင်တွေနဲ့ ဘာကွာလဲဆို...

● အိုင်ဒီနာ မန်ဇယ် (Idina Menzel) ကို ဘယ်လမ်းက စင်မြင့်ဆီကို ရောက်သွားတာလဲ.. လို့ ဆီလျှော်အောင် အဓိပ္ပါယ်ကောက်ယူရမယ့်.. Idina Menzel: Which Way to the Stage? မှတ်တမ်း ရုပ်ရှင်ကို မကြာခင်တင်ပေးပါ့မယ်..

● မကြာသေးခင်ကမှ တာဝန်ကနေ အနားယူသွားခဲ့တဲ့ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပလိုစီ ရဲ့ နိုင်ငံရေး သမိုင်းမှတ်တိုင်တွေ...
05/01/2023

● မကြာသေးခင်ကမှ တာဝန်ကနေ အနားယူသွားခဲ့တဲ့ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပလိုစီ ရဲ့ နိုင်ငံရေး သမိုင်းမှတ်တိုင်တွေ အကြောင်း Pelosi in the House [2022] မှာ လေ့လာနိုင်ကြမှာပါ။

● ၁၉၄၀ ခုနှစ် မွေးဖွားချိန်ကနေ စတင်ပြီး ၂၀၂၁ ခုနှစ် သမ္မတ ဂျိုးဇက်ဘိုင်ဒင် ကျမ်းသစ္စာကျိန်ဆိုချိန်အထိ (၈၁) နှစ်ကြာ အမျိုးသမီး နိုင်ငံရေးသမား စစ်စစ် တစ်ယောက်အဖြစ် ရပ်တည်ဆောင်ရွက်ခဲ့တာတွေကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။
-------------
Pelosi in the House [2022] [ Burmese Subtitle | Full Movie @ MCN TV PLUS Telegram Channel ] မှာ တင်ပေးလိုက်ပါပြီ..
-------------
Pelosi in the House [2022]
Running time - 109 min
Director - Alexandra Pelosi
Cast - Documentary, Self: Nancy Pelosi
Producer - Distributor: HBO
Genre - Documentary | Biography. Politics
-------------
Luther [2003] [ Burmese Subtitle | Full Movie | Watch @ MCN TV PLUS Telegram Channel - https://t.me/mcntvplus/175 ]

ဒီကနေ့မှာ ကျရောက်တဲ့ (၇၅) နှစ်မြောက် စိန်ရတုပြည့် လွတ်လပ်ရေးနေ့မှာ ရုပ်/သံအစီအစဉ် အသစ်တွေကို မတင်ဆက်ပေးနိုင်တဲ့ အခြေအနေမ...
04/01/2023

ဒီကနေ့မှာ ကျရောက်တဲ့ (၇၅) နှစ်မြောက် စိန်ရတုပြည့် လွတ်လပ်ရေးနေ့မှာ ရုပ်/သံအစီအစဉ် အသစ်တွေကို မတင်ဆက်ပေးနိုင်တဲ့ အခြေအနေမို့ လွန်ခဲ့တဲ့ (၅) နှစ် နှစ် (၇၀) ပြည့်နှစ် လွတ်လပ်ရေးနေ့က ထုတ်လွှင့်ပေးခဲ့တဲ့ ရုပ်သံမှတ်တမ်း အစီအစဉ်ကိုပဲ ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

https://www.youtube.com/watch?v=cCHiKNFtzHs

၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ နှစ် (၇၀) ပြည့် လွတ်လပ.....

တဖက်နဲ့ တဖက် အပြတ်အသတ်ကို အပြတ် အမြစ်ဖြတ် ချေမုန်းကြရမယ့် "၂၀၂၃" ဆိုတာ ဘာညာ ပွားထားပါတယ်လို့...https://www.youtube.com/w...
03/01/2023

တဖက်နဲ့ တဖက် အပြတ်အသတ်ကို အပြတ် အမြစ်ဖြတ် ချေမုန်းကြရမယ့် "၂၀၂၃" ဆိုတာ ဘာညာ ပွားထားပါတယ်လို့...

https://www.youtube.com/watch?v=5K6M-mwNhVs

တဖက်နဲ့ တဖက် အပြတ်အသတ်ကို အပြတ်ချေမုန်းကြရမယ့် "၂၀၂၃" ဆိုတာ ဘာညာ ပွားထားပါတယ်လို့...

03/01/2023

တဖက်နဲ့ တဖက် အပြတ်အသတ်ကို အပြတ်ချေမုန်းကြရမယ့် "၂၀၂၃" ဆိုတာ ဘာညာ ပွားထားပါတယ်လို့...

31/12/2022

နှစ်ဟောင်းနဲ့အတူ အတွေးအခေါ် အယူအဆ ဟောင်းတွေ အားလုံးကို ရာဇဝင်တွေထဲမှာ ထားရစ်ခဲ့ကြရအောင်

31/12/2022

Hello Testing .. balar balar

31/12/2022

ပျက်နေတဲ့ ကွန်ပျူတာလေး ပြန်ရွေးနိုင်ခဲ့ပြီးတဲ့နောက်.. စမ်းသပ်နေတယ် ဆိုပါတော့.. မကြာခင် အရင်တုန်းကလိုတွေ ပြန်လုပ်နိုင် လောက်မယ် ထင်တာပါပဲ..

Schadenfreude ဆိုတဲ့ ဂျာမန်ဝေါဟာရလေး တစ်ခုရဲ့ အဓိပ္ပါယ်ကို အလေးအနက် အကျယ်တဝင့်လေး သိချင်လို့ပါ ... သိတဲ့ သူတွေ ရှိရင် ရှ...
28/12/2022

Schadenfreude ဆိုတဲ့ ဂျာမန်ဝေါဟာရလေး တစ်ခုရဲ့ အဓိပ္ပါယ်ကို အလေးအနက် အကျယ်တဝင့်လေး သိချင်လို့ပါ ... သိတဲ့ သူတွေ ရှိရင် ရှင်းပြပေးကြစေချင်ပါတယ်...

အင်္ဂလိပ်လိုဆိုရင်တော့ "Enjoyment obtained from the troubles of others" ြမန်မာလို စီလျှော်အောင်ဆိုရင်တော့.. "သူတပါး ဒုက္ခမှ ရရှိသော ပျော်ရွှင်မှု" or "အခြားသူများ၏ အခက်အခဲများမှရရှိသော ပျော်ရွှင်မှု"..

"Malicious enjoyment derived from observing someone else's misfortune" "တစ်စုံတစ်ယောက်၏ ကံဆိုးမှုကို ရှုမှတ်ခြင်းမှ ဆင်းသက်လာသော မလိုလားအပ်သော ပျော်ရွှင်မှု.." စသဖြင့်တော့ တွေ့ရတယ်ဗျ..

ဆိုတော့... အဲ့ဒီလို အဓိပ္ပါယ်ဖွင့်ဆိုနိုင်မယ့် မြန်မာစားပုံလိုဟာမျိုးကို သိချင်တာပါ.. ဒါမှမဟုတ် ပါဠိတော်မှာဆိုရင်ရော.. အဲ့ဒီအရာမျိုးကို ဘယ်လို ဖော်ပြထားတာမျိုး ရှိပါသလဲပေါ့...

(P.s - အလေးအနက် မှတ်ချက်က - နိုင်ငံရေးနဲ့ လုံးဝ မသက်ဆိုင်ပါ... ဘာသာဗေဒ လေ့လာမှုအတွက်သာ ရေးတင်ပြီး မေးရတာဖြစ်ပါတယ်လို့...)

အံ့ ဘုန်း မြတ် Aung Zaw Zaw Tun

27/12/2022

"တော်လှန်ရေး.." နဲ့အတူ "ကျောင်းမတတ်နဲ့ ကျောင်းထွက်.." ဆိုတဲ့ ကလေးတွေနဲ့ ကလေးမိဘတွေအတွက် ဖျော်ဖြေရေးနှုံးစံမြှင့်ထားတဲ့ Netflix က ထုတ်လွှင့်ပြသနေတဲ့ တေးဂီတနောက်ခံ ရုပ်ရှင် တစ်ကားဖြစ်တဲ့ Roald Dahl's Matilda: The Musical (2022) ဆိုတဲ့ ရုပ်ရှင်လေးကိုလည်း ကလေးတွေနဲ့အတူ ပေါ့ပေါ့ပါးပါး ကြည့်ရင်း.. "တော်လှန်ရေးနဲ့.. ကျောင်း.." ဆိုတဲ့... လေတွေဝမ်းတွေကို ကွဲကွဲပြားပြား ခံစားသိရှိနိုင်ကြစေဖို့ တင်ပေးသွားပါအုန်းမယ်လို့...

Roald Dahl’s Matilda the Musical [Official Trailer Netflix] [BurSub] @ MCN TV PLUS Telegram Channel - https://t.me/mcntvplus/173

27/12/2022

အမျိုးသမီး နိုင်ငံရေးသမားစစ်စစ်ဆိုတာ ဘယ်လိုဆိုတာ သိနိုင်ကြဖို့... အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ နန်စီ ပက်ထရစ်ရှာ ပလိုစီ (၁၉၄၀-) အကြောင်း HBO က ထုတ်တဲ့ Documentary Film လေးကို မကြာခင်ရက်ပိုင်းမှာ တင်ပေးသွားပါအုန်းမယ်လို့....

Pelosi In The House [Official Trailer HBO] [BurSub] @ Telegram MCN TV PLUS CHANNEL - https://t.me/mcntvplus/174

● ဒီကနေ့ညမှာတော့ ခရစ်ယာန်ပြုပြင်ပြောင်းလဲရေးတွေကို ဦးဆောင်ခဲ့တဲ့တော်လှန်သော ရဟန်းတစ်ပါးဖြစ်တဲ့ ၁၆ ရာစုက ခရစ်ယာန်ဘုန်းတော...
27/12/2022

● ဒီကနေ့ညမှာတော့ ခရစ်ယာန်ပြုပြင်ပြောင်းလဲရေးတွေကို ဦးဆောင်ခဲ့တဲ့တော်လှန်သော ရဟန်းတစ်ပါးဖြစ်တဲ့ ၁၆ ရာစုက ခရစ်ယာန်ဘုန်းတော်ကြီး မာတင်လူသာရဲ့ အတ္ထုပ္ပတ္တိ ဂျာမန်ဏီရုပ်ရှင် တစ်ကားဖြစ်တဲ့ Luther [2003] ကို မျှဝေပေးလိုက်ပါတယ်။
-------------
Luther [2003] [ Burmese Subtitle | Full Movie @ MCN TV PLUS Telegram Channel ] မှာ တင်ပေးလိုက်ပါပြီ..
-------------
Running time - 121 min.
Country - Germany
Director - Eric Till
Screenwriter - Camille Thomasson, Bart Gavigan
Music - Richard Harvey
Cinematography - Robert Fraisse
Cast - Joseph Fiennes, Jonathan Firth, etc...
Producer - Co-production Germany-United States; Eikon Film, NFP Teleart Berlin
Genre - Drama | Biography. Religion. 16th Century
-------------
Synopsis
-------------
● ခရစ်ယာန်ဘုန်းတော်ကြီး တစ်ပါးအဖြစ် သာသနာ့ဘောင်ဝင်ဖို့ မာတင်လူသာ စတင်သစ္စာကတိပြုချိန်က ကာလနဲ့ ရုပ်ရှင်ကို စတင်ထားပြီး သမိုင်းဝင်သူ့ရဲ့ ရောမခရီးစဉ်တွေနဲ့အတူ အဲ့ဒီခရီးစဉ်အတွင်းမှာ သူမြင်တွေ့ခဲ့ရတဲ့ ခရစ်ယာန်သာသနာ့ဘောင်က အကျင့်ပျက်ခြစားမှုတွေကြောင့် ဝေဖန်ချက် ၉၅ ချက်ကို ပြုစုထုတ်ပြန်ခဲ့တာတွေကို မြင်တွေ့ကြရမှာပါ။
● အဲ့နောက် သူ့ရဲ့ ဝေဖန်ဆန်းစစ်မှုတွေကြောင့် မိစ္ဆာဌိဒိအဖြစ် စွပ်စွဲခံရကာ အယူမှားယွင်းမှုနဲ့ စွဲချက်တင်ခံရပြီး ကက်ဒီနယ်တွေ မင်းညီမင်းသားတွေက တဖက် အမှုရင်ဆိုင်ခဲ့ရပုံတွေ၊ ဘာသာရေး သင်းကွဲမှုတွေကနေ တဆင့် ပေါ်ပေါက်လာတဲ့ ပဋိပက္ခတွေကို ဘုန်းတော်ကြီး မာတင်လူသာ ထိန်းသိမ်းခဲ့ရပုံတွေအပြင် သမ္မာကျမ်းစာကို သာမန်ပြည်သူတွေ ဖတ်ရှုလေ့လာနိုင်ဖို့ ဂျာမန်ဘာသာနဲ့ ဘာသာပြန်ဆိုခဲ့တာတွေကိုလည်း ဒီရုပ်ရှင်ထဲမှာ တွေ့မြင်ကြရမှာပါ။
-------------
Luther [2003] [ Burmese Subtitle | Full Movie | Watch @ MCN TV PLUS Telegram Channel - https://t.me/mcntvplus/170 ]
—-----------
ဒီ ရုပ်ရှင်ဇာတ်ကားကို ပြန်လည်မျှဝေပေးဖြစ်စေခဲ့တဲ့ စေတနာစိတ်
-------------
● ကားမက်စ်တို့ အိန်ဂျယ်တို့သာမက .. သူတို့ စီနီယာ.. ဟေဂယ်.. ကန့်စတဲ့ တော်လှန်ရေးဂုရုကြီးတွေကို မွေးဖွားစေခဲ့တဲ့ ရေခံမြေခံ ကို ဥရောပနဲ့ ဂျာမနီမှာ မွေးဖွားပေးခဲ့သူ.. တနည်းအားဖြင့် တော်လှန်ရေးတို့ရဲ့ ဖခင်ကြီးတွေထဲက တစ်ဦးလို့ ဆိုကြရမယ့်..

● တော်လှန်သော ရဟန်းတစ်ပါး ဖြစ်တဲ့ ခရစ်ယာန် ဘုန်းတော်ကြီး မာတင်လူသာ (Martin Luther) အကြောင်း ရုပ်သံမှတ်တမ်းကို မျှဝေပေးလိုက်ရပါတယ်။

● ဘုန်းတော်ကြီး မာတင်လူသာ (Martin Luther) (၁၄၈၃ - ၁၅၄၆) ကိုဆိုရင်တော့ ရိုမန်ကက်သလစ်ချာ့ခ်ျ ဘုရားကျောင်းတွေရဲ့ သွန်သင်မှုတွေနဲ့ အလေ့အကျင့်တွေကို ငြင်းပယ်ခဲ့သူ.. အထူးသဖြင့် “အပြစ်..ဖြေခြင်းအပေါ် ရှုမြင်ချက်ကို ငြင်းဆိုသူ..

● ရိုမန်ကက်သလစ် ကျောင်းတော်ကြီးတွေရဲ့ သာသနာရေးဆိုင်ရာ ဆောင်ရွက်ချက်တွေ အပေါ် ဝေဖန်ချက် ၉၅ ချက်ကို ထုတ်ပြန် ဝေဖန်ခဲ့သူ.. ခရစ်ယာန် ပရိုတက်စတင့် ဂိုဏ်သစ်နဲ့အတူ အသင်းတော်တွေကို ပေါ်ထွန်းစေခဲ့တဲ့ ပရိုတက်စတင့်ဘာသာရေး တော်လှန်ရေးကို စတင်စေခဲ့သူလို့ ဆိုရမှာပါ။

● အောက်မှာတော့ မာတင်လူသာ (Martin Luther) (၁၄၈၃ - ၁၅၄၆) ဆိုတာ ဘာလဲဆိုတာကို ဆရာကြီး ဒေါက်တာသန်းထွန်းကိုယ်တိုင် ကျော်စွာ (၁၀၀) စာအုပ်ထဲမှာ ဘယ်လိုရေးသားဖော်ပြခဲ့လဲဆိုတာတွေကိုလည်း အောက်ပိုင်းမှာ ပြန်လည်ပြီးတော့ ဖော်ပြပေးထားပါတယ်။ အဲ့ဒါတွေ ဖတ်ပြီးတော့မှသာ ရုပ်ရှင်တွေကို ကြည့်စေချင်ပါတယ်။ ကိုရီးယားကားတွေ.. ယိုးဒယားကားတွေလို မဟုတ်တဲ့… သမိုင်းဆိုင်ရာ သွန်သင်မှုတွေကို လက်ခံရရှိနိုင်ကြဖို့အတွက် အင်မတန်ရေး အရေးကြီးလို့သာ အလေးအနက် ပြောနေရတာဖြစ်ပါတယ်။

● ဒီနေရာမှာ ကျွန်တော် အဓိက ဆိုချင်တာတွေ အများအပြား ရှိနေပါတယ်… မအလတို့လို.. ဖက်ဆစ်စစ်တပ်တွေကို… AK 47 တွေနဲ့ လေယာဉ်ပျံသန်းမဲ့ဇုံတွေ.. R2P တွေနဲ့ နျူးကလီးယားဗုံးတွေကျဲပြီး.. တော်လှန်လို့မရ… ဒီလိုပဲ ရှေးရိုးစွဲပဒေသရာဇ်နဲ့ ပုဂ္ဂိုလ်ရေးကိုးကွယ်မှု အစွန်းရောက်နေကြတဲ့ လူများစုကြီးကိုလည်း သတ်လုရှို့နဲ့ လူသားဆန့်ကျင်ရာဇဝတ်မှု (Crimes Against Humanity) တွေကို ဘယ်လောက် လုပ်လုပ်.. ဘာတော်လှန်ရေးမှ မရနိုင်ပါ...

● ပညာနဲ့ ဆင်ချင်တုံတရားနဲ့ ဘောင်ခက်မထားတဲ့ ရှေးရိုးစွဲ အစွန်းရောက် အောက်တန်းစာစိတ်ဓာတ်တွေကို.. သင်းကွတ်ကြဖို့ဆိုဖိုတာ,.. ဆရာတော် ရှင်ဥတ္တမတို့.. ရှင်ဥက္ကဌတို့.. ပြုခဲ့ကြတဲ့ သာသနာ..

● ဒါကို.. ကျွန်တော် လွယ်လွယ် အညာသားစကားနဲ့ ပြန်ပြောကြည့်မယ့်..
ခင်ဗျားတို့ .. ဗိုလ်ချုပ်အောင်ဆန်း.. ခင်ဗျားတို့.. မေမေ့ရဲ့ ဖေဖေလို ခက်ရိုင်းရိုင်းလေးဆိုရမလား.. ကျုပ်တို့လို အညာသားတွေ စကားတွေမှာ ရိုးရိုးသားပဲလို့.. ပြောကြည့်မယ်..

● ငါလိုး.. စောက် “လောကီသီးသန့် သာသာနာ” ဒီသာသနာမှာ ၃၁ ဘုံထဲက ဘုံ ၃၀ ပါယ်.. နိဗ္ဗာန်ဆောင်းတန်း တွေကိုဖြိုဖျက်.. ငရဲမီးတွေကို ညှိမ်းသတ်ပြီး.. တိုင်းရင်းသားတွေ လူသိရှင်ကြားတောင်းဆိုထားကြတဲ့ လောကီသီးသန့်ဝါဒထွန်းကားဖို့.. လောကီပဋိဉာဉ်…

● လစ်ဘရယ်ဒီမိုကရေစီဖခင်ကြီး ဂျွန်လောခ်ရဲ့ လူမှုရေးပဋိဉာဉ် စာထဲမှာတော့ ရှိတာပဲ မလုပ်နဲ့… ပြည်သူနိတိနဲ့.. လောကနိတိ .. လောကပါလတရားနဲ့.. လောကသစ္စာ.. ထွန်းကားဖို့လိုတယ်..

● လူသားနဲ့ လောကကြား.. စောက် အခြေခံဥပဒေမျိုးကြီးနဲ့ ဥပဒေမျိုးတွေ ဖြစ်ဖို့ တော်လှန်ကြမှာ ကို.. အမျိုးသား လွတ်မြောက်ရာ လမ်းကို လျှောက်နိုင်မှာ,.. အဲ့ဒါ စောက်ပညား..,

● စောက်ပညာ မတတ်ကြမှတော့.. သေကြဖို့သာ ပြင်ထားကြ… ကျုပ်ကတော့.. သာသနာပြုပုဂ္ဂိုလ်ကို ကြိုးစား ရှာဖွေနေပြီ… နီပေါတွေ… မနာကြနဲ့.. ခင်ဗျားတို့ မအလနဲ့အတူ ခင်ဗျားတို့ အတူတူအနူနူ ဘာကြောင့် နီပေါဖြစ်ခဲ့ရတာလဲ ဆိုရင်.. သောက်ဘုန်းကြီးတွေကြောင့်ပဲ…
--------------
(၂၅) မာတင်လူသာ (၁၄၈၃ - ၁၅၄၆) | ဒေါက်တာသန်းထွန်း
MARTIN LUTHER (1483 – 1546)
-------------
● မာတင်လူသာ (Martin Luther)က ရောမ ကက်သလစ် ကျောင်းတော်ကို စတင် အာခံတဲ့အတွက် ပရိုတက်စတင့်တော်လှန်ရေး (Protestant Revolution) ပေါ်ပေါက် လာရပါတယ်။ သူ့ကို ဂျာမနီနိုင်ငံ အိုင်စဲဗဲန် (Eisleben) မြို့မှာ ၁၄၈၃ က မွေးဖွားခဲ့ပါတယ်။ တက္ကသိုလ်ပညာ ကောင်းကောင်းရခဲ့ပြီး ခေတ္တခဏလောက် (ဖခင်ရဲ့ တိုက်တွန်းချက် ကြောင့်) ဥပဒေပညာ သင်ခဲ့ဖူးတယ်။ ဒါပေမဲ့ ဥပဒေပညာကို ကုန်အောင်မသင်ပဲ သြဂတ်စတိနိယန် (Augustinian) ရဟန်းဘောင်ကို ကူးပြောင်းဝင်ရောက်ခဲ့ပြီး ၁၅၁၂မှာ ဂန္တန္ဓရပါရဂူဘွဲ့ (Doctor of Theology) ကို ဝတ်တင်ဘာ့ခ် (Wittenberg) တက္ကသိုလ်က ရခဲ့ပြီး မကြာမီ အဲဒီတက္ကသိုလ်ပညာ အသိုင်းအဝိုင်း (faculty) ကို ရောက်သွားပါတယ်။

● တဖြည်းဖြည်း ကျောင်းတော်အပေါ်မှာ မကျေနပ် ချက်တွေ ပွားများလာတယ်။ ရောမကို ၁၅၁၀ ပြည့်နှစ်မှာ ရောက်သွားတဲ့အခါ ရောမဘုန်းကြီး (Roman Clergy) တွေ လူဝတ်ကြောင်နဲ့မခြား ပေါ့ပျက် ဆိုးသွမ်းနေတာတွေ တွေ့ရှိတဲ့အခါ အင်မတန် တုန်လှုပ်ချောက်ချားသွားတယ်။ ဒါပေမဲ့ ကျောင်းတော်လုပ်ပုံတွေကို စတင် ကန့်ကွက် ရမယ်လို့ နှိုးဆော်တဲ့ အကြောင်း ကတော့ ကျောင်းတော်က ခွင့်လွှတ်လွှာ (indulgence)တွေ ရောင်းတဲ့ကိစ္စဖြစ်ပါတယ်။ (ခွင့်လွှတ်လွှာ ဆိုတာက အပြစ်ရှိပေမယ့် ဒဏ်က ကင်းလွတ်စေသတည်းလို့ ကျောင်းတော်က ရွေးနုတ်ပေးတယ်။ ဒဏ်ကျရင်လည်း စတိလောက် အချိန်တိုတိုပဲ ခံရအောင် ပြောပေးမယ် ဆိုတဲ့ သဘောဖြစ်တယ်။) လူသာက ၃၁ အောက်တိုဘာ ၁၅၁၇ မှာ နာမည်ကျော် စွဲချက် ကိုးဆယ့်ငါးချက် (Ninety-five Theses) ရေးပြီး ဝတ်တင်ဘာ့ခ် ကျောင်းတော်တံခါးမှာ သွားပြီး ချိတ်ဆွဲခဲ့တယ်။ ကျောင်းတော်ရဲ့ သိမ်ဖျင်းယုတ်ညံ့တဲ့ အမူအကျင့်တွေကို အထွေထွေ စာရင်းလုပ်ပြီး အပြင်းအထန် ရှုတ်ချတဲ့အပြင် ခွင့်လွှတ်လွှာ ရောင်းချတာကို အတိအကျ ဖော်ထုတ် တိုက်ခိုက် ပါတယ်။

● စွဲချက်ကိုးဆယ့်ငါးချက် မိတ္တူတစ်စောင် ရေးကူးပြီး မိန့်(Mainz) သာသနာပိုင်ချုပ် ဆီကိုပို့တယ်။ နောက်ဒီစွဲချက်တွေကို ပုံနှိပ်ပြီး နယ်တွင်း အနှံ့အပြား ပေးဝေ ပါသေးတယ်။ လူသာရဲ့ ကျောင်းတော်ကို ကန့်ကွက်ချက်ဟာ တဖြည်းဖြည်း ကြီးကျယ်လာပြီး ရဟန်းမင်းရဲ့ Pope သြဇာကိုမခံလို့ အတိအလင်းပြောတဲ့ အထိ ဖြစ်လာပါတယ်။ ကျောင်းတော်ရဲ့ ကောင်စီချုပ် (General Church Council) တွေကိုပါ မလေးစားနိုင်တော့ပါ။ သမ္မာကျမ်းစာ တစ်ခုတည်းကိုသာ ရှေ့ဆောင်လမ်းပြသုံးမယ်၊ ရိုးရိုးအတွေးနဲ့ ဟုတ်မဟုတ် ဆုံးဖြတ်မယ်လို့ ပြောတဲ့အထိ ဖြစ်လာတယ်။

● ကျောင်းတော်က ဘယ်နည်းနဲ့မှ ဒါမျိုးကို ကျေကျေနပ်နပ် လက်သင့်ခံမှာမဟုတ်ပါ။ လူသာကို ကျောင်းတော် အရာရှိတွေက ရှေ့မှောက်ကို လာရမယ်လို့ ဆင့်ခေါ်ပြီး အကြိမ်ကြိမ် စစ်ဆေးကြားနာပြီး အယူကိုစွန့် (recant) ဖို့ အမိန့်ချတယ်။ နောက်ဆုံး မိစ္ဆာဒိဋ္ဌိလို့ စွပ်စွဲပြီး ဝမ်းလွှတ်တော် (Diet of Worms)က ၁၅၂၁ မှာ ဥပဒေချိုးဖောက်သူ (outlaw) လို့ ဆုံးဖြတ်ပြီး သူရေးသမျှကို ဖျက်ဆီးရမယ်လို့ ကြေညာ ပါတယ်။

● ဒီလိုအရေးယူခံရပြီဆိုရင် လူသာကို ကားစင် တင်ပြီး မီးလောင်တိုက်သွင်းဖို့ပဲ ရှိပါတော့တယ်။ ဒါပေမဲ့ ဂျာမန်လူမျိုး အများကြီးက သူ့ကို ထောက်ခံတယ်။ နယ်ရှင်ပယ်ရှင် တန်ခိုးကြီး မင်းသားကြီးတချို့လည်း သူ့ဘက်သားတွေ ဖြစ်နေတယ်။ လူသာဟာ တစ်နှစ်လောက် ထွက်ပြေး တိမ်းရှောင်နေရတယ်။ သူ့ကို ဂျာမနီမှာ အားပေးသူများလို့ ကြီးကျယ်တဲ့ အပြစ်ဒဏ် မပေးရဲပါ။

● လူသာကလည်း စာရေးတဲ့နေရာမှာ သိပ်သွက် တယ်။ သူရေးသမျှဟာ လူအများ လိုက်နာအောင် ဆွဲဆောင်နိုင်တယ်။ သြဇာ ရှိတယ်။ သူရေးတဲ့ ကျမ်းတွေထဲမှာ အရေးအပါဆုံး ကတော့ သမ္မာကျမ်းကို ဂျာမန်ဘာသာ ပြန်ဆိုတာပဲ ဖြစ်ပါတယ်။ အဲဒီကျမ်းကြောင့် စာတတ်သူတိုင်း ကျမ်းစာတွေကို ကျောင်းတော် (Church) နဲ့ ဘုန်းကြီး (Priests) မပါဘဲ ဖတ်နိုင်ပါတယ်။ လူသာရဲ့ ဘာသာပြန်ဟာ ဂျာမန်ဘာသာစကားနဲ့စာပေကို အများကြီး ကျေးဇူးပြုနိုင်တဲ့ ကျမ်းဖြစ်လာပါတယ်။ လူသာရဲ့ ကျမ်းဂန် အယူအဆကို အခုလို အတိုကလေး ရှင်းရုံနဲ့ ဘယ်လိုမှ နားမလည်နိုင်ပါ။

● သူ့သော့ချက်ကတော့ ‘ယုံကြည်ချက် တစ်ခုတည်းနဲ့ အရာရာကို ကောင်းလှပြီလို့ မဆုံးဖြတ်သင့်’ ဆိုတဲ့ အချက် ဖြစ်ပါတယ်။ အဲဒီတွေးတောချက်ကို လူသာက စိန့်ပေါလ် ရေးတဲ့ စာတွေ ထဲမှာ တွေ့ရှိတယ်။ ဒါကို ဆုပ်ကိုင်ထားတယ်။ လူသာက လူ့သဘာဝဟာ ပင်ကိုကပဲ အပြစ်နဲ့ ညစ်နွမ်းနေလို့ ကောင်းတဲ့ အလုပ်တစ်ခုတည်းနဲ့ ငရဲမှ ကင်းလွတ်တော့လို့ မကယ်နိုင်။ လွတ်မြောက်ခြင်း (Salvation)ကို ယုံကြည်မှုကရမယ်။

● ထာဝရဘုရား (God selling indulgences) သာလျှင် ကယ်တင် နိုင်တယ်။ ဒီလိုဆိုရင် ကျောင်းတော်က ကင်းလွတ်ခွင့် ရောင်းနေဖို့ မသင့်၊ အကျိုးမရှိ။ အမှန်ကိုပြောရင် ခရစ်သာသနာဝင် တစ်ဦးနဲ့ ထာဝရဘုရားကြားမှာ ကျောင်းတော်ဟာ မရှိမဖြစ်၊ ကြားကနေရမယ်လို့ အစဉ်အလာ ယူဆတာဟာ မှားတယ်။ လူသာရဲ့အယူကို လိုက်ရင် ရောမ ကက်သလစ် ကျောင်းတော်ရဲ့ ဖြစ်ပျက်ခြင်း မူလ အကြောင်းအရာ (raison detre) ဟာ တစ်ခါတည်း ပျက်စီးတိမ်ကော သွားမယ်။ ကျောင်းတော် မရှိလျှင် ဖြစ်တယ်လို့ ပြောတဲ့အပြင် ကျောင်းတော်ရဲ့ ယုံကြည် ဆောင်ရွက်ချက် များစွာကို အတိအကျ ဖော်ပြပြီး ဆက်လက် မလုပ်သင့်ကြောင်း ပြောဆိုတယ်။

ဥပမာ - အပြစ်က စင်ကြယ်သွားအောင် ပြုပြင်ပေးတဲ့ နေရာရယ်လို့ နေရာသီးခြားရှိ။ ဘုန်းကြီး (ကလာဂျီ clergy) တွေ အိမ်ထောင် မပြုရလို့ တားဆီးတာတွေကို မပြုရလို့ ပြောပါတယ်။ သူကိုယ်တိုင်လည်း အရင်က သီလရှင်နန်း (non) လူထွက်တစ်ယောက်ကို လက်ထပ်ပြီး ကလေး ခြောက်ယောက် ရပါတယ်။ လူသာဟာ သူ့ဇာတိမြို့ ဖြစ်တဲ့ အိုင်စဲဗဲန်မှာပဲ ၁၅၄၆ မှာ ကွယ်လွန် သွားပါတယ်။

● မာတင်လူသာဟာ အမှန်ကတော့ ပေါ်ပေါက် လာတဲ့ ကန့်ကွက်သူ (protestant) အမည်ခံ တွေးခေါ်ပညာရှင် တစ်ယောက် မဟုတ်ပါ။ သူ့ထက် နှစ်တစ်ရာစောပြီး ကျောင်းတော်ကို ဝေဖန်သူ ယန်ဟာ့စ် (Jan Hus) ဟာ ဘိုးဟေးမီးယား (Bohemia) မှာ ပေါ်ခဲ့တယ်။ တစ်ဆယ့်လေး ရာစုနှစ်တုန်းက အင်္ဂလန်မှာ ပညာရှင် ဂျွန်ဝိကလစ် (John Wycliffe) ဟာ ကျောင်းတော်ကို ဝေဖန်ဖူးတယ်။ တစ်ဆယ့်နှစ် ရာစုနှစ်က ပြင်သစ် အမျိုးသား ပီတာဝါလ်ဒို (Peter Waldo) ကို အစောဆုံး ကန့်ကွက်သူလို့ အမှန်တကယ် ခေါ်ရမှာပါ။

● ဒါပေမယ့် အဲဒီလို ရှေးက ပြောဆိုလှုပ်ရှား ခဲ့တာတွေက မကျယ်ပြန့်၊ ဒေသအလိုက် ကွက်ကွက်ကလေးပဲ ရှိခဲ့တယ်။ ၁၅၁၇ ရောက်တဲ့ အခါမှာတော့ ကက်သလစ် ကျောင်းတော်ကို မကျေနပ်သူတွေက နေရာအနှံ့ဆိုသလို အများအပြား ရှိနေပြီဖြစ်လို့ လူသာ ပြောလိုက်တဲ့ စကားတွေက သံကြိုးကွင်းဆက်လို အနှံ့အပြား အကွာအဝေး မီးထတောက်အောင် မီးတို့ ပေးသလိုဖြစ်ပြီး ဥရောပအနှံ့ ပျံ့သွားပါတယ်။

● ဒါကြောင့် လူသာကိုပဲ ပြုပြင်ရေးကို အစပြုတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်လို့ ခေါ်သင့်ခေါ်ထိုက် ပါတယ်။ ပြုပြင်ရေး (Reformation) ရဲ့အဆက်၊ အထင်ရှားဆုံး ဖြစ်ရပ်ကတော့ ကန့်ကွက်ဂိုဏ်း (Protestant Sect) တွေ အများကြီး ပေါ်ပေါက် လာပါတယ်။ အမှန်တကယ်က ကန့်ကွက်ဝါဒ (Protestantism) ဟာ ပင်မဖြစ်တဲ့ ခရစ်ဝါဒရဲ့ အကိုင်းအခက်တစ်ခု ဖြစ်တယ်။ ဒါပေမယ့် အကိုင်းအခက်တွေ အင်မတန်များတယ်လို့ မပြောနိုင်ပါ။ အဲဒါအပြင် ဗုဒ္ဓသာသနာကို ယုံကြည်တဲ့လူထက် ကန့်ကွက်ဝါဒကို လက်ခံသူက ပိုများတယ်။ တကယ် ကတော့ အခြားအယူဝါဒအများစုထက် ပိုပြီးများပါတယ်။

● ပြုပြင်ရေးရဲ့ ဒုတိယ အရေးပါတဲ့ အကျိုးဆက်က ဥရောပမှာ သာသနာရေးစစ်ပွဲတွေ အနှံ့အပြား ပေါ်ပေါက်ခဲ့ပါတယ်။ (နမူနာပြောရရင် ၁၆၁၈က ၁၆၄၈ ထိ ဂျာမနီမှာ ပေါ်ပေါက်ခဲ့တဲ့) နှစ်သုံးဆယ်စစ် (Thirty Years War) ဟာ အင်မတန် ရိုင်းစိုင်းရက်စက်တဲ့ သတ်ဖြတ်ပွဲကြီး တစ်ခုဖြစ်ခဲ့ပါတယ်။ တကယ် တိုက်ခိုက်တဲ့ စစ်တွေ အပြင် ကက်သလစ်နဲ့ ပရိုတက်စတင့် နိုင်ငံရေးမှာ ပြိုင်ဆိုင် ကြတာတွေပဲ ဥရောပမှာ နောက်ထပ် နှစ်ပေါင်း ရာနဲ့ချီပြီး အချိန်အကြာကြီး ဖြစ်ပွားနေပါတယ်။

● ပြုပြင်ရေးဟာ အနောက်ဥရောပမှာ ဉာဏ်ပညာ ထွန်းကားလာခြင်းကို ပေါ်ပေါက်စေတဲ့ အကြောင်းအချက် ထဲမှာ အရေးပါပြီး ထက်မြက်တဲ့ အကြောင်းရင်း တစ်ခု ဖြစ်ပါတယ်။ ရောမကက်သလစ်ကျောင်းတော်အမည်နဲ့ ၁၅၁၇ မတိုင်မီက အများ အသိမှတ်ပြုပြီး ခိုင်ခန့် တည်မြဲတဲ့ ကျောင်းတော်ဆိုလို့ ဒီတစ်ခုပဲရှိပြီး အဲဒီကျောင်းတော်က ဖဲ့ထွက်သူပေါ်ကို မိစ္ဆာဒိဋ္ဌိ (heretics) လို့ သတ်မှတ် လိုက်တယ်။ ဒီအခြေအနေ အတိုင်းဆိုရင် လွတ်လပ်စွာ တွေးခေါ်လို့ မဖြစ်၊ ဒါမျိုးကို အားမပေး အခွင့်မပြု ဆိုသလို အဟန့်အတား ဖြစ်နေတယ်။ ပြုပြင်ရေး ပြီးချိန်ကစပြီး နိုင်ငံပေါင်း များစွာမှာပဲ ယုံကြည်မှုမှာ လွတ်လပ်စွာ တွေးခေါ်ရမယ်ဆိုတဲ့ အခြေခံ သဘောကို လက်ခံလာကြပြီး တခြား အကြောင်းအရာတွေမှာပဲ အနှောင့်အယှက်မရှိ၊ အန္တရာယ် ကင်းတယ်လို့ တွေးခေါ်လာကြတယ်။

● သတိပြုသင့်တဲ့ တခြားအကြောင်းအချက် တစ်ခု ရှိပါသေးတယ်။ ဒီကျော်စွာ တစ်ရာစာရင်းမှာ အများစုက ဂရိတ်ဗြိတိန်က ပုဂ္ဂိုလ်တွေဖြစ်ပြီး ဂျာမနီက ဒုတိယ လိုက်ပါတယ်။ အဲဒါအပြင် ဒီစာရင်းပါလူတွေ အများစုက မြောက်ဥရောပနဲ့ အမေရိကမှာရှိတဲ့ ပရိုတက်စတင့် နိုင်ငံတွေက လူတွေပဲ များနေတယ်။ အဲဒါအပြင် (ဂုတန်ဗတ်) နဲ့ သျှာလမိန်တို့ နှစ်ဦးပဲ ၁၅၁၇ မတိုင်မီက ပေါ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီရက် မတိုင်ခင်က ဆိုရင် ဒီကျော်စွာ စာရင်းထဲမှာ တခြားကမာ္ဘက လူတွေပဲ ပါဝင်ခဲ့တယ်။ အခု ပရိုတက်စတင့်နိုင်ငံတွေက လူတွေဟာ လူ့ဓလေ့ သမိုင်းမှာ ဘာမျှ ထွန်းထွန်းပေါက်ပေါက် လုပ်ခဲ့ဖူးပုံ မပေါ်ပါ။ အဲဒီတော့ ထင်ရှားလာတဲ့ အချက်က ပရိုတက်စတင့် ဝါဒခေါ်တဲ့ ပြုပြင်ရေးဟာ အရင်အနှစ် ၄၅၀ အတွင်းက အင်မတန် ထင်ရှားတဲ့လူတွေ အများကြီး ပေါ်လာအောင် စေ့ဆော် ပေးခဲ့တယ်လို့ တစ်နည်းတစ်လမ်း ပြောရမလို ဖြစ်နေပါတယ်။ ဒီဒေသတွေမှာ ဉာဏ်ကို လွတ်လပ်ကျယ်ပြန့်စွာ တွေးနိုင်ခွင့် ရှိလို့ဆိုတဲ့အချက်ဟာ အင်မတန် အရေးပါတဲ့ အခြင်းအရာ တစ်ခု ဖြစ်လာပါတယ်။

● လူသာကို အပြစ်ကင်းစင်သူလို့ မပြောနိုင်ပါ။ သူကိုယ်တိုင်က သာသနာရေးမှာ အရာ ရောက်သူ၊ အာဏာပိုင်တွေကို တော်လှန် ပုန်ကန်ခဲ့ပေမယ့် သာသနာရေး ဆွေးနွေးရာမှာ သူနဲ့ သဘောမတူတဲ့ လူတွေကို နည်းနည်းမှ သည်းခံပြောဆိုလေ့ မရှိသူဖြစ်ပါတယ်။ သူ့ရဲ့ သည်မခံစိတ်ကို အတုယူပြီး ဂျာမနီမှာ သာသနာရေး စစ်တိုက်ကြတဲ့အခါ သိပ်ပြင်းထန် ရက်စက်ကြတယ်လို့ ပြောရင် ဖြစ်နိုင်တယ်။ ဘာပြုလို့လဲဆိုတော့ အင်္ဂလန် လိုနေရာမှာတော့ ဂျာမနီမှာလောက် ပြင်းထန်ရက်စက်ခြင်း မရှိပါ။ ပြီးတော့ လူသာဟာ ဆိမိတစ်ဆန့်ကျင်ရေး (Anti-Semitic) မှာလည်း ပြင်းထန် ရက်စက်တယ်။ အဲဒါကြောင့် နောင်အခါ နှစ်ဆယ် ရာစုနှစ်အတွင်း ဂျာမနီမှာ ဟစ်တလာခေတ် အတွက် လမ်းခင်းပေးသလို ရှိမယ် လို့လည်း တွေးထင်နိုင်ပါတယ်။

● လူသာဟာ မကြာခဏ တရားရုံးတော်ရဲ့ အာဏာကို လေးစားဖို့ လိုကြောင်း အလေးအနက် ပြောလေ့ရှိတယ်။ အဲဒါ ဘာကြောင့်လဲဆိုရင် ကျောင်းတော် (Church) က အစိုးရအုပ်ချုပ်ရေး အာဏာကို လွှမ်းမိုးချယ်လှယ်ခဲ့တာကို ဦးတည် တိုက်ခိုက်လိုတဲ့ အတွက် ဖြစ်ဟန်တူပါတယ်။ ပြုပြင်ရေး (reformation) ဟာ ဓမ္မသဘော ငြင်းခုံတင်သက်သက် မဟုတ်ဘူး။ ဂျာမနီ အမျိုးသား သူပုန်တွေ ရောမ လွှမ်းမိုးနေတာကို တိုက်ဖျက်တဲ့ပွဲ လို့လည်း ယူဆရမှာဖြစ်တယ်။ အဲဒါကြောင့် လူသာကို ဂျာမနီက မင်းသားတွေ ကူညီ ရိုင်းပင်းကြတာဖြစ်တယ်။ လူသာရဲ့ မူလ ရည်ရွယ်ချက်ကို ထောက်ထား နေစရာမလိုဘဲ သူပြောသမျှဟာ ဂျာမနီ ပရိုတက်စတင့် တွေကို နိုင်ငံရေးရာမှာ အာဏာရှင်စနစ် (Absolution) ကို လက်ခံကျင့်သုံးပါလို့ ပြောသလို ဖြစ်နေပါတယ်။ တစ်နည်းပြောတော့ လူသာ ရေးသားခဲ့တာတွေဟာ ဟစ်တလာခေတ် ကို လမ်းခင်း ပေးသလို ဖြစ်လာပါတယ်။ တချို့လူတွေက မာတင်လူသာကို ဘာပြုလို့ ကျော်စွာစာရင်းမှာ ခုထက်မြင့်တဲ့နေရာကို မပေးသလဲလို့ မေးကောင်းမေးမယ်။ ဘာပြုလို့လဲ ဆိုရင် ပထမအချက်က လူသာဟာ ဥရောပ တိုက်သား၊ အမေရိကတိုက်သားတွေ အဖို့ သိပ်အရေးပါတာ မှန်ပေမယ့် အာရှတိုက်သား၊ အာဖရိက တိုက်သားတွေအဖို့ နှိုင်းယှဉ်ပြောရင် သူတို့အထဲမှာ ခရစ်ယာန်သာသနာဝင် နည်းတဲ့ အတွက် သိပ်ပြီးအရေးမပါဘူး။ တရုတ်၊ ဂျပန်၊ ကုလားဆိုရင် ကက်သလစ်ဖြစ်ဖြစ်၊ ပရိုတက်စတင့် ဖြစ်ဖြစ် တစ်ဦးနဲ့တစ်ဦး မတူ ကွဲပြားခြားနားတယ်လို့ မသိဘူး။ (ဥရောပ တိုက်သားတွေက အစ္စလာမ်ရဲ့ စွန်နီ (Sunni) နဲ့ ရှီအိုက် (Shiite) ခြားနားချက်ကို မသိကြသလိုရှိမှာပါပဲ။) ဒုတိယ အချက်က လူသာဟာ သမိုင်းစံနှုန်းအရပေါ်လာတာ မကြာသေးပါ။ ဒါကြောင့် လူ့သမိုင်းမှာ သူ့အရှိန်သြဇာဟာ မိုဟာမက်၊ ဗုဒ္ဓ၊ မိုးဇက် တို့လောက်မရှိနိုင်ပါ။ အဲဒါအပြင် အရင်ရာစုနှစ် တချို့မှာ အနောက်နိုင်ငံတွေမှာ ကိုးကွယ် ယုံကြည်မှုဘက်က အင်အားဆွဲဆောင်မှု ကျဆင်းပြီး၊ လူမှုရေး ကိစ္စတွေမှာ ယုံကြည်မှုကို အရင် အနှစ်တစ်ထောင် မှာထိ ပါထားခဲ့တာမျိုး နောက်နှစ်တစ်ထောင်မှာ မထားကြတော့ပါ။ ကိုးကွယ်ယုံကြည်မှု ဆက်လက်ပြီး ယုတ်လျော့နေရာ၊ လူသာကို အခုခေတ် သမိုင်းဆရာ တွေက အလေးဂရုထားတာထက်၊ နောက်တစ်ခေတ် သမိုင်းဆရာတွေက လေးစားမှု ဆက်ပြီး ပိုပြီးနည်းသွားမှာဖြစ်ပါတယ်။

● နောက်ဆုံး ပြောရမယ့် အချက်က တစ်ဆယ့်ခြောက်၊ တစ်ဆယ့်ခုနစ်ရာစုနှစ်တွေက ကိုးကွယ်ယုံကြည်မှုနဲ့ ပတ်သက်ပြီး ငြင်းခုံကြတာနဲ့ ခေတ်အပြိုင်လူတွေအပေါ်မှာ ရေရှည် အကျိုးပြုတဲ့သိပ္ပံပညာ စတင်ထွန်းကား နေပြီဖြစ်လို့ ခေတ်ပြိုင်လူသာ (Luther) နဲ့ ကော်ပါးနိကပ်စ် ယှဉ်တဲ့အခါ လူသာဟာ တစ်ဦးချင်း အနေနဲ့ ပရိုတက်စတင့် ပြုပြင်ရေးမှာ တွင်ကျယ်ခဲ့ပေမယ့် သိပ္ပံတော်လှန်ရေးမှာ ကော်ပါးနိကပ်စ်က ပိုပြီးတွင်ကျယ်လို့ စာရင်းထဲမှာ ရှေ့ကို ရောက်သွားရပါတယ်။
-------------
ဒေါက်တာသန်းထွန်း (3, August, 2000)
-------------
Luther [2003] [ Burmese Subtitle | Full Movie | Watch @ MCN TV PLUS Telegram Channel - https://t.me/mcntvplus/170 ]
-------------

ဒီနှစ်တော့ ဘာမှ မလုပ်ပေးနိုင်တော့လို့ မနှစ်က အစီအစဉ်လေးကိုပဲ ပြန်လည်မျှဝေပေးလိုက်ရပါတယ်..https://m.youtube.com/watch?v=g...
26/12/2022

ဒီနှစ်တော့ ဘာမှ မလုပ်ပေးနိုင်တော့လို့ မနှစ်က အစီအစဉ်လေးကိုပဲ ပြန်လည်မျှဝေပေးလိုက်ရပါတယ်..

https://m.youtube.com/watch?v=gvn4YMZwk8Y

❖ဒီကနေ့ ဒီဇင်ဘာလ (၂၅) ရက်နေ့မှာပဲ ကျရောက်နေတဲ့ ယေရှုခရစ်တော်ဖွားမြင်တော်မူခဲ့တဲ့ ၂၀၂၁ ခုနှစ် ခရစ္စမတ် အထိမ်....

မကြာခင်.. မာတင်လူသာ... ဂျူနီယာ.. ပရိုတက်စတင့်.. အံ့ဘုန်းမြတ် (သို့) အရိယာ.. သောတပန်.. လောကဝါဒီ.. ကိုယ်တော်သျှင်သူမြတ်.. ...
23/12/2022

မကြာခင်.. မာတင်လူသာ... ဂျူနီယာ.. ပရိုတက်စတင့်.. အံ့ဘုန်းမြတ် (သို့) အရိယာ.. သောတပန်.. လောကဝါဒီ.. ကိုယ်တော်သျှင်သူမြတ်.. အံ့ဘုန်းမြတ်လို့ပဲ .. နာမည်ပြောင်းတော့ရင်.. ကောင်းမလား မသိတော့ပါဘူးနော်... ခ်ခ်..

23/12/2022

၁၆ ရာစု အစ (၁၅၀၀) ပြည့်နှစ်လွန် ကာလ အချိန်တွေတုန်းက တော်လှန်ဘုန်းကြီး မာတင်လူသာဟာ... ဂျာမနီမှာ မတူကွဲပြားတဲ့ ဖယ်ဒရယ် အယူအဆ ရှိကြတဲ့ မတူတာတွေကို လက်ခံနိုင်တဲ့ ကိုယ့်မင်းကိုယ့်ချင်း ရှင်ဘုရင်လေးတွေရှိလို့... ရဟန်းမင်းနဲ့ ရောမအင်ပါယာကို အံတုလို့ရခဲ့လို့.... ပရိုတက်စတင့်ဂိုဏ်သစ်ရယ်လို့ ခရစ္စယန်သာသနာတော်မှာ ပေါ်ထွန်းခဲ့စေတယ်... အဲ့ဒီ ဘာသာရေးဂိုဏ်ကွဲမှုကနေပဲ.. ဂျာမာန်မြေပေါ်မှာ အရက်စက်ဆုံးနဲ့ အောက်တန်းအကျဆုံး လက်စာ လက်တုန့်ပြန်မှုတွေ.. လုပ်ကြံသတ်ဖြတ်ရေးတွေ ရွှေထီးဆောင်းခွင့် ခဏရခဲ့တဲ့... ကမ္ဘာ့သမိုင်းမှာ အရက်စက်ဆုံး ဘာသာရေး သင်းကွဲမှုကြီးလည်း ဖြစ်ခဲ့ရတယ်.... (ဒါတွေဟာ မြန်မာလူများစုတွေအတွက်တော့.. စောက်ပိုတွေပဲလို့ ဖြစ်နေကြအုန်းမှာပါ..)
----------------------------
ပြန်တင်ပေးဖြစ်တဲ့ နောက်ခံ - အရင်က ရေးခဲ့ဖူးတဲ့ဟာ
----------------------------
● ဒီကနေ့ ညတော့ .. ကျွန်တော်တို့ရဲ့ လူမှုရေးသိပ္ပံပညာ (Social Science) အောက်မှာပါတဲ့ တော်လှန်ရေး လေ့လာမှုပညာ (Revolutionology) မှာတော့ သဘာဝသမိုင်းဖြစ်စဉ်ကြီး တလျှောက်ထဲက တော်လှန်ရေးတို့ရဲ့ ဖခင် ဘုန်းတော်ကြီး မာတင်လူသာ (၁၄၈၃ - ၁၅၄၆) MARTIN LUTHER (1483 – 1546) အကြောင်း အတူတူကြည့်ကြရအောင်ပါ။
● ကားမက်စ်တို့ အိန်ဂျယ်တို့သာမက .. သူတို့ စီနီယာ.. ဟေဂယ်.. ကန့်စတဲ့ တော်လှန်ရေးဂုရုကြီးတွေကို မွေးဖွားစေခဲ့တဲ့ ရေခံမြေခံ ကို ဥရောပနဲ့ ဂျာမနီမှာ မွေးဖွားပေးခဲ့သူ.. တနည်းအားဖြင့် တော်လှန်ရေးတို့ရဲ့ ဖခင်ကြီးတွေထဲက တစ်ဦးလို့ ဆိုကြရမယ့်..
● တော်လှန်သော ရဟန်းတစ်ပါး ဖြစ်တဲ့ ခရစ်ယာန် ဘုန်းတော်ကြီး မာတင်လူသာ (Martin Luther) အကြောင်း ရုပ်သံမှတ်တမ်းကို မျှဝေပေးလိုက်ရပါတယ်။
● ဘုန်းတော်ကြီး မာတင်လူသာ (Martin Luther) (၁၄၈၃ - ၁၅၄၆) ကိုဆိုရင်တော့ ရိုမန်ကက်သလစ်ချာ့ခ်ျ ဘုရားကျောင်းတွေရဲ့ သွန်သင်မှုတွေနဲ့ အလေ့အကျင့်တွေကို ငြင်းပယ်ခဲ့သူ.. အထူးသဖြင့် “အပြစ်..ဖြေခြင်းအပေါ် ရှုမြင်ချက်ကို ငြင်းဆိုသူ..
● ရိုမန်ကက်သလစ် ကျောင်းတော်ကြီးတွေရဲ့ သာသနာရေးဆိုင်ရာ ဆောင်ရွက်ချက်တွေ အပေါ် ဝေဖန်ချက် ၉၅ ချက်ကို ထုတ်ပြန် ဝေဖန်ခဲ့သူ.. ခရစ်ယာန် ပရိုတက်စတင့် ဂိုဏ်သစ်နဲ့အတူ အသင်းတော်တွေကို ပေါ်ထွန်းစေခဲ့တဲ့ ပရိုတက်စတင့်ဘာသာရေး တော်လှန်ရေးကို စတင်စေခဲ့သူလို့ ဆိုရမှာပါ။
● အောက်မှာတော့ မာတင်လူသာ (Martin Luther) (၁၄၈၃ - ၁၅၄၆) ဆိုတာ ဘာလဲဆိုတာကို ဆရာကြီး ဒေါက်တာသန်းထွန်းကိုယ်တိုင် ကျော်စွာ (၁၀၀) စာအုပ်ထဲမှာ ဘယ်လိုရေးသားဖော်ပြခဲ့လဲဆိုတာတွေကိုလည်း အောက်ပိုင်းမှာ ပြန်လည်ပြီးတော့ ဖော်ပြပေးထားပါတယ်။ အဲ့ဒါတွေ ဖတ်ပြီးတော့မှသာ ရုပ်ရှင်တွေကို ကြည့်စေချင်ပါတယ်။ ကိုရီးယားကားတွေ.. ယိုးဒယားကားတွေလို မဟုတ်တဲ့… သမိုင်းဆိုင်ရာ သွန်သင်မှုတွေကို လက်ခံရရှိနိုင်ကြဖို့အတွက် အင်မတန်ရေး အရေးကြီးလို့သာ အလေးအနက် ပြောနေရတာဖြစ်ပါတယ်။
● ဒီနေရာမှာ ကျွန်တော် အဓိက ဆိုချင်တာတွေ အများအပြား ရှိနေပါတယ်… မအလတို့လို.. ဖက်ဆစ်စစ်တပ်တွေကို… AK 47 တွေနဲ့ လေယာဉ်ပျံသန်းမဲ့ဇုံတွေ.. R2P တွေနဲ့ နျူးကလီးယားဗုံးတွေကျဲပြီး.. တော်လှန်လို့မရ… ဒီလိုပဲ ရှေးရိုးစွဲပဒေသရာဇ်နဲ့ ပုဂ္ဂိုလ်ရေးကိုးကွယ်မှု အစွန်းရောက်နေကြတဲ့ လူများစုကြီးကိုလည်း သတ်လုရှို့နဲ့ လူသားဆန့်ကျင်ရာဇဝတ်မှု (Crimes Against Humanity) တွေကို ဘယ်လောက် လုပ်လုပ်.. ဘာတော်လှန်ရေးမှ မရနိုင်ပါ...
● ပညာနဲ့ ဆင်ချင်တုံတရားနဲ့ ဘောင်ခက်မထားတဲ့ ရှေးရိုးစွဲ အစွန်းရောက် အောက်တန်းစာစိတ်ဓာတ်တွေကို.. သင်းကွတ်ကြဖို့ဆိုဖိုတာ,.. ဆရာတော် ရှင်ဥတ္တမတို့.. ရှင်ဥက္ကဌတို့.. ပြုခဲ့ကြတဲ့ သာသနာ..
● ဒါကို.. ကျွန်တော် လွယ်လွယ် အညာသားစကားနဲ့ ပြန်ပြောကြည့်မယ့်..
ခင်ဗျားတို့ .. ဗိုလ်ချုပ်အောင်ဆန်း.. ခင်ဗျားတို့.. မေမေ့ရဲ့ ဖေဖေလို ခက်ရိုင်းရိုင်းလေးဆိုရမလား.. ကျုပ်တို့လို အညာသားတွေ စကားတွေမှာ ရိုးရိုးသားပဲလို့.. ပြောကြည့်မယ်..
● ငါလိုး.. စောက် “လောကီသီးသန့် သာသာနာ” ဒီသာသနာမှာ ၃၁ ဘုံထဲက ဘုံ ၃၀ ပါယ်.. နိဗ္ဗာန်ဆောင်းတန်း တွေကိုဖြိုဖျက်.. ငရဲမီးတွေကို ညှိမ်းသတ်ပြီး.. တိုင်းရင်းသားတွေ လူသိရှင်ကြားတောင်းဆိုထားကြတဲ့ လောကီသီးသန့်ဝါဒထွန်းကားဖို့.. လောကီပဋိဉာဉ်…
● လစ်ဘရယ်ဒီမိုကရေစီဖခင်ကြီး ဂျွန်လောခ်ရဲ့ လူမှုရေးပဋိဉာဉ် စာထဲမှာတော့ ရှိတာပဲ မလုပ်နဲ့… ပြည်သူနိတိနဲ့.. လောကနိတိ .. လောကပါလတရားနဲ့.. လောကသစ္စာ.. ထွန်းကားဖို့လိုတယ်..
● လူသားနဲ့ လောကကြား.. စောက် အခြေခံဥပဒေမျိုးကြီးနဲ့ ဥပဒေမျိုးတွေ ဖြစ်ဖို့ တော်လှန်ကြမှာ ကို.. အမျိုးသား လွတ်မြောက်ရာ လမ်းကို လျှောက်နိုင်မှာ,.. အဲ့ဒါ စောက်ပညား..,
● စောက်ပညာ မတတ်ကြမှတော့.. သေကြဖို့သာ ပြင်ထားကြ… ကျုပ်ကတော့.. သာသနာပြုပုဂ္ဂိုလ်ကို ကြိုးစား ရှာဖွေနေပြီ… နီပေါတွေ… မနာကြနဲ့.. ခင်ဗျားတို့ မအလနဲ့အတူ ခင်ဗျားတို့ အတူတူအနူနူ ဘာကြောင့် နီပေါဖြစ်ခဲ့ရတာလဲ ဆိုရင်.. သောက်ဘုန်းကြီးတွေကြောင့်ပဲ…
-----------------------------------
(၂၅) မာတင်လူသာ (၁၄၈၃ - ၁၅၄၆) | ဒေါက်တာသန်းထွန်း
MARTIN LUTHER (1483 – 1546)
Download -
-----------------------------------
● မာတင်လူသာ (Martin Luther)က ရောမ ကက်သလစ် ကျောင်းတော်ကို စတင် အာခံတဲ့အတွက် ပရိုတက်စတင့်တော်လှန်ရေး (Protestant Revolution) ပေါ်ပေါက် လာရပါတယ်။ သူ့ကို ဂျာမနီနိုင်ငံ အိုင်စဲဗဲန် (Eisleben) မြို့မှာ ၁၄၈၃ က မွေးဖွားခဲ့ပါတယ်။ တက္ကသိုလ်ပညာ ကောင်းကောင်းရခဲ့ပြီး ခေတ္တခဏလောက် (ဖခင်ရဲ့ တိုက်တွန်းချက် ကြောင့်) ဥပဒေပညာ သင်ခဲ့ဖူးတယ်။ ဒါပေမဲ့ ဥပဒေပညာကို ကုန်အောင်မသင်ပဲ သြဂတ်စတိနိယန် (Augustinian) ရဟန်းဘောင်ကို ကူးပြောင်းဝင်ရောက်ခဲ့ပြီး ၁၅၁၂မှာ ဂန္တန္ဓရပါရဂူဘွဲ့ (Doctor of Theology) ကို ဝတ်တင်ဘာ့ခ် (Wittenberg) တက္ကသိုလ်က ရခဲ့ပြီး မကြာမီ အဲဒီတက္ကသိုလ်ပညာ အသိုင်းအဝိုင်း (faculty) ကို ရောက်သွားပါတယ်။
● တဖြည်းဖြည်း ကျောင်းတော်အပေါ်မှာ မကျေနပ် ချက်တွေ ပွားများလာတယ်။ ရောမကို ၁၅၁၀ ပြည့်နှစ်မှာ ရောက်သွားတဲ့အခါ ရောမဘုန်းကြီး (Roman Clergy) တွေ လူဝတ်ကြောင်နဲ့မခြား ပေါ့ပျက် ဆိုးသွမ်းနေတာတွေ တွေ့ရှိတဲ့အခါ အင်မတန် တုန်လှုပ်ချောက်ချားသွားတယ်။ ဒါပေမဲ့ ကျောင်းတော်လုပ်ပုံတွေကို စတင် ကန့်ကွက် ရမယ်လို့ နှိုးဆော်တဲ့ အကြောင်း ကတော့ ကျောင်းတော်က ခွင့်လွှတ်လွှာ (indulgence)တွေ ရောင်းတဲ့ကိစ္စဖြစ်ပါတယ်။ (ခွင့်လွှတ်လွှာ ဆိုတာက အပြစ်ရှိပေမယ့် ဒဏ်က ကင်းလွတ်စေသတည်းလို့ ကျောင်းတော်က ရွေးနုတ်ပေးတယ်။ ဒဏ်ကျရင်လည်း စတိလောက် အချိန်တိုတိုပဲ ခံရအောင် ပြောပေးမယ် ဆိုတဲ့ သဘောဖြစ်တယ်။) လူသာက ၃၁ အောက်တိုဘာ ၁၅၁၇ မှာ နာမည်ကျော် စွဲချက် ကိုးဆယ့်ငါးချက် (Ninety-five Theses) ရေးပြီး ဝတ်တင်ဘာ့ခ် ကျောင်းတော်တံခါးမှာ သွားပြီး ချိတ်ဆွဲခဲ့တယ်။ ကျောင်းတော်ရဲ့ သိမ်ဖျင်းယုတ်ညံ့တဲ့ အမူအကျင့်တွေကို အထွေထွေ စာရင်းလုပ်ပြီး အပြင်းအထန် ရှုတ်ချတဲ့အပြင် ခွင့်လွှတ်လွှာ ရောင်းချတာကို အတိအကျ ဖော်ထုတ် တိုက်ခိုက် ပါတယ်။
● စွဲချက်ကိုးဆယ့်ငါးချက် မိတ္တူတစ်စောင် ရေးကူးပြီး မိန့်(Mainz) သာသနာပိုင်ချုပ် ဆီကိုပို့တယ်။ နောက်ဒီစွဲချက်တွေကို ပုံနှိပ်ပြီး နယ်တွင်း အနှံ့အပြား ပေးဝေ ပါသေးတယ်။ လူသာရဲ့ ကျောင်းတော်ကို ကန့်ကွက်ချက်ဟာ တဖြည်းဖြည်း ကြီးကျယ်လာပြီး ရဟန်းမင်းရဲ့ Pope သြဇာကိုမခံလို့ အတိအလင်းပြောတဲ့ အထိ ဖြစ်လာပါတယ်။ ကျောင်းတော်ရဲ့ ကောင်စီချုပ် (General Church Council) တွေကိုပါ မလေးစားနိုင်တော့ပါ။ သမ္မာကျမ်းစာ တစ်ခုတည်းကိုသာ ရှေ့ဆောင်လမ်းပြသုံးမယ်၊ ရိုးရိုးအတွေးနဲ့ ဟုတ်မဟုတ် ဆုံးဖြတ်မယ်လို့ ပြောတဲ့အထိ ဖြစ်လာတယ်။
● ကျောင်းတော်က ဘယ်နည်းနဲ့မှ ဒါမျိုးကို ကျေကျေနပ်နပ် လက်သင့်ခံမှာမဟုတ်ပါ။ လူသာကို ကျောင်းတော် အရာရှိတွေက ရှေ့မှောက်ကို လာရမယ်လို့ ဆင့်ခေါ်ပြီး အကြိမ်ကြိမ် စစ်ဆေးကြားနာပြီး အယူကိုစွန့် (recant) ဖို့ အမိန့်ချတယ်။ နောက်ဆုံး မိစ္ဆာဒိဋ္ဌိလို့ စွပ်စွဲပြီး ဝမ်းလွှတ်တော် (Diet of Worms)က ၁၅၂၁ မှာ ဥပဒေချိုးဖောက်သူ (outlaw) လို့ ဆုံးဖြတ်ပြီး သူရေးသမျှကို ဖျက်ဆီးရမယ်လို့ ကြေညာ ပါတယ်။
● ဒီလိုအရေးယူခံရပြီဆိုရင် လူသာကို ကားစင် တင်ပြီး မီးလောင်တိုက်သွင်းဖို့ပဲ ရှိပါတော့တယ်။ ဒါပေမဲ့ ဂျာမန်လူမျိုး အများကြီးက သူ့ကို ထောက်ခံတယ်။ နယ်ရှင်ပယ်ရှင် တန်ခိုးကြီး မင်းသားကြီးတချို့လည်း သူ့ဘက်သားတွေ ဖြစ်နေတယ်။ လူသာဟာ တစ်နှစ်လောက် ထွက်ပြေး တိမ်းရှောင်နေရတယ်။ သူ့ကို ဂျာမနီမှာ အားပေးသူများလို့ ကြီးကျယ်တဲ့ အပြစ်ဒဏ် မပေးရဲပါ။
● လူသာကလည်း စာရေးတဲ့နေရာမှာ သိပ်သွက် တယ်။ သူရေးသမျှဟာ လူအများ လိုက်နာအောင် ဆွဲဆောင်နိုင်တယ်။ သြဇာ ရှိတယ်။ သူရေးတဲ့ ကျမ်းတွေထဲမှာ အရေးအပါဆုံး ကတော့ သမ္မာကျမ်းကို ဂျာမန်ဘာသာ ပြန်ဆိုတာပဲ ဖြစ်ပါတယ်။ အဲဒီကျမ်းကြောင့် စာတတ်သူတိုင်း ကျမ်းစာတွေကို ကျောင်းတော် (Church) နဲ့ ဘုန်းကြီး (Priests) မပါဘဲ ဖတ်နိုင်ပါတယ်။ လူသာရဲ့ ဘာသာပြန်ဟာ ဂျာမန်ဘာသာစကားနဲ့စာပေကို အများကြီး ကျေးဇူးပြုနိုင်တဲ့ ကျမ်းဖြစ်လာပါတယ်။ လူသာရဲ့ ကျမ်းဂန် အယူအဆကို အခုလို အတိုကလေး ရှင်းရုံနဲ့ ဘယ်လိုမှ နားမလည်နိုင်ပါ။
● သူ့သော့ချက်ကတော့ ‘ယုံကြည်ချက် တစ်ခုတည်းနဲ့ အရာရာကို ကောင်းလှပြီလို့ မဆုံးဖြတ်သင့်’ ဆိုတဲ့ အချက် ဖြစ်ပါတယ်။ အဲဒီတွေးတောချက်ကို လူသာက စိန့်ပေါလ် ရေးတဲ့ စာတွေ ထဲမှာ တွေ့ရှိတယ်။ ဒါကို ဆုပ်ကိုင်ထားတယ်။ လူသာက လူ့သဘာဝဟာ ပင်ကိုကပဲ အပြစ်နဲ့ ညစ်နွမ်းနေလို့ ကောင်းတဲ့ အလုပ်တစ်ခုတည်းနဲ့ ငရဲမှ ကင်းလွတ်တော့လို့ မကယ်နိုင်။ လွတ်မြောက်ခြင်း (Salvation)ကို ယုံကြည်မှုကရမယ်။
● ထာဝရဘုရား (God selling indulgences) သာလျှင် ကယ်တင် နိုင်တယ်။ ဒီလိုဆိုရင် ကျောင်းတော်က ကင်းလွတ်ခွင့် ရောင်းနေဖို့ မသင့်၊ အကျိုးမရှိ။ အမှန်ကိုပြောရင် ခရစ်သာသနာဝင် တစ်ဦးနဲ့ ထာဝရဘုရားကြားမှာ ကျောင်းတော်ဟာ မရှိမဖြစ်၊ ကြားကနေရမယ်လို့ အစဉ်အလာ ယူဆတာဟာ မှားတယ်။ လူသာရဲ့အယူကို လိုက်ရင် ရောမ ကက်သလစ် ကျောင်းတော်ရဲ့ ဖြစ်ပျက်ခြင်း မူလ အကြောင်းအရာ (raison detre) ဟာ တစ်ခါတည်း ပျက်စီးတိမ်ကော သွားမယ်။ ကျောင်းတော် မရှိလျှင် ဖြစ်တယ်လို့ ပြောတဲ့အပြင် ကျောင်းတော်ရဲ့ ယုံကြည် ဆောင်ရွက်ချက် များစွာကို အတိအကျ ဖော်ပြပြီး ဆက်လက် မလုပ်သင့်ကြောင်း ပြောဆိုတယ်။
ဥပမာ - အပြစ်က စင်ကြယ်သွားအောင် ပြုပြင်ပေးတဲ့ နေရာရယ်လို့ နေရာသီးခြားရှိ။ ဘုန်းကြီး (ကလာဂျီ clergy) တွေ အိမ်ထောင် မပြုရလို့ တားဆီးတာတွေကို မပြုရလို့ ပြောပါတယ်။ သူကိုယ်တိုင်လည်း အရင်က သီလရှင်နန်း (non) လူထွက်တစ်ယောက်ကို လက်ထပ်ပြီး ကလေး ခြောက်ယောက် ရပါတယ်။ လူသာဟာ သူ့ဇာတိမြို့ ဖြစ်တဲ့ အိုင်စဲဗဲန်မှာပဲ ၁၅၄၆ မှာ ကွယ်လွန် သွားပါတယ်။
● မာတင်လူသာဟာ အမှန်ကတော့ ပေါ်ပေါက် လာတဲ့ ကန့်ကွက်သူ (protestant) အမည်ခံ တွေးခေါ်ပညာရှင် တစ်ယောက် မဟုတ်ပါ။ သူ့ထက် နှစ်တစ်ရာစောပြီး ကျောင်းတော်ကို ဝေဖန်သူ ယန်ဟာ့စ် (Jan Hus) ဟာ ဘိုးဟေးမီးယား (Bohemia) မှာ ပေါ်ခဲ့တယ်။ တစ်ဆယ့်လေး ရာစုနှစ်တုန်းက အင်္ဂလန်မှာ ပညာရှင် ဂျွန်ဝိကလစ် (John Wycliffe) ဟာ ကျောင်းတော်ကို ဝေဖန်ဖူးတယ်။ တစ်ဆယ့်နှစ် ရာစုနှစ်က ပြင်သစ် အမျိုးသား ပီတာဝါလ်ဒို (Peter Waldo) ကို အစောဆုံး ကန့်ကွက်သူလို့ အမှန်တကယ် ခေါ်ရမှာပါ။
● ဒါပေမယ့် အဲဒီလို ရှေးက ပြောဆိုလှုပ်ရှား ခဲ့တာတွေက မကျယ်ပြန့်၊ ဒေသအလိုက် ကွက်ကွက်ကလေးပဲ ရှိခဲ့တယ်။ ၁၅၁၇ ရောက်တဲ့ အခါမှာတော့ ကက်သလစ် ကျောင်းတော်ကို မကျေနပ်သူတွေက နေရာအနှံ့ဆိုသလို အများအပြား ရှိနေပြီဖြစ်လို့ လူသာ ပြောလိုက်တဲ့ စကားတွေက သံကြိုးကွင်းဆက်လို အနှံ့အပြား အကွာအဝေး မီးထတောက်အောင် မီးတို့ ပေးသလိုဖြစ်ပြီး ဥရောပအနှံ့ ပျံ့သွားပါတယ်။
● ဒါကြောင့် လူသာကိုပဲ ပြုပြင်ရေးကို အစပြုတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်လို့ ခေါ်သင့်ခေါ်ထိုက် ပါတယ်။ ပြုပြင်ရေး (Reformation) ရဲ့အဆက်၊ အထင်ရှားဆုံး ဖြစ်ရပ်ကတော့ ကန့်ကွက်ဂိုဏ်း (Protestant Sect) တွေ အများကြီး ပေါ်ပေါက် လာပါတယ်။ အမှန်တကယ်က ကန့်ကွက်ဝါဒ (Protestantism) ဟာ ပင်မဖြစ်တဲ့ ခရစ်ဝါဒရဲ့ အကိုင်းအခက်တစ်ခု ဖြစ်တယ်။ ဒါပေမယ့် အကိုင်းအခက်တွေ အင်မတန်များတယ်လို့ မပြောနိုင်ပါ။ အဲဒါအပြင် ဗုဒ္ဓသာသနာကို ယုံကြည်တဲ့လူထက် ကန့်ကွက်ဝါဒကို လက်ခံသူက ပိုများတယ်။ တကယ် ကတော့ အခြားအယူဝါဒအများစုထက် ပိုပြီးများပါတယ်။
● ပြုပြင်ရေးရဲ့ ဒုတိယ အရေးပါတဲ့ အကျိုးဆက်က ဥရောပမှာ သာသနာရေးစစ်ပွဲတွေ အနှံ့အပြား ပေါ်ပေါက်ခဲ့ပါတယ်။ (နမူနာပြောရရင် ၁၆၁၈က ၁၆၄၈ ထိ ဂျာမနီမှာ ပေါ်ပေါက်ခဲ့တဲ့) နှစ်သုံးဆယ်စစ် (Thirty Years War) ဟာ အင်မတန် ရိုင်းစိုင်းရက်စက်တဲ့ သတ်ဖြတ်ပွဲကြီး တစ်ခုဖြစ်ခဲ့ပါတယ်။ တကယ် တိုက်ခိုက်တဲ့ စစ်တွေ အပြင် ကက်သလစ်နဲ့ ပရိုတက်စတင့် နိုင်ငံရေးမှာ ပြိုင်ဆိုင် ကြတာတွေပဲ ဥရောပမှာ နောက်ထပ် နှစ်ပေါင်း ရာနဲ့ချီပြီး အချိန်အကြာကြီး ဖြစ်ပွားနေပါတယ်။
● ပြုပြင်ရေးဟာ အနောက်ဥရောပမှာ ဉာဏ်ပညာ ထွန်းကားလာခြင်းကို ပေါ်ပေါက်စေတဲ့ အကြောင်းအချက် ထဲမှာ အရေးပါပြီး ထက်မြက်တဲ့ အကြောင်းရင်း တစ်ခု ဖြစ်ပါတယ်။ ရောမကက်သလစ်ကျောင်းတော်အမည်နဲ့ ၁၅၁၇ မတိုင်မီက အများ အသိမှတ်ပြုပြီး ခိုင်ခန့် တည်မြဲတဲ့ ကျောင်းတော်ဆိုလို့ ဒီတစ်ခုပဲရှိပြီး အဲဒီကျောင်းတော်က ဖဲ့ထွက်သူပေါ်ကို မိစ္ဆာဒိဋ္ဌိ (heretics) လို့ သတ်မှတ် လိုက်တယ်။ ဒီအခြေအနေ အတိုင်းဆိုရင် လွတ်လပ်စွာ တွေးခေါ်လို့ မဖြစ်၊ ဒါမျိုးကို အားမပေး အခွင့်မပြု ဆိုသလို အဟန့်အတား ဖြစ်နေတယ်။ ပြုပြင်ရေး ပြီးချိန်ကစပြီး နိုင်ငံပေါင်း များစွာမှာပဲ ယုံကြည်မှုမှာ လွတ်လပ်စွာ တွေးခေါ်ရမယ်ဆိုတဲ့ အခြေခံ သဘောကို လက်ခံလာကြပြီး တခြား အကြောင်းအရာတွေမှာပဲ အနှောင့်အယှက်မရှိ၊ အန္တရာယ် ကင်းတယ်လို့ တွေးခေါ်လာကြတယ်။
● သတိပှုသငြ့တဲ့ တခှားအကှောငြးအခကြွ တစခြု ရှိပါသေးတယြ။ ဒီကွောစြှာ တစရြာစာရငြးမှာ အမွားစုက ဂရိတဗြှိတိနကြ ပုဂျဂိုလတြှဖှစေပြှီး ဂွာမနီက ဒုတိယ လိုကပြါတယြ။ အဲဒါအပှငြ ဒီစာရငြးပါလူတှေ အမွားစုက မှောကြဥရောပနဲ့ အမရေိကမှာရှိတဲ့ ပရိုတကစြတငြ့ နိုငငြံတှကေ လူတှပေဲ မွားနတယြေ။ အဲဒါအပှငြ (ဂုတနဗြတြ) နဲ့ သွှာလမိနတြို့ နှစြဦးပဲ ၁၅၁၇ မတိုငမြီက ပေါထြှကခြဲ့တာ ဖှစပြါတယြ။ အဲဒီရကြ မတိုငခြငကြ ဆိုရငြ ဒီကွောစြှာ စာရငြးထဲမှာ တခှားကမာျဘက လူတှပေဲ ပါဝငခြဲ့တယြ။ အခု ပရိုတကစြတငြ့နိုငငြံတှကေ လူတှဟော လူ့ဓလေ့ သမိုငြးမှာ ဘာမွှ ထှနြးထှနြးပေါကပြေါကြ လုပခြဲ့ဖူးပုံ မပေါပြါ။ အဲဒီတော့ ထငရြှားလာတဲ့ အခကွကြ ပရိုတကစြတငြ့ ဝါဒခေါတြဲ့ ပှုပှငရြေးဟာ အရငအြနှစြ ၄၅၀ အတှငြးက အငမြတနြ ထငရြှားတဲ့လူတှေ အမွားကှီး ပေါလြာအောငြ စေ့ဆောြ ပေးခဲ့တယလြို့ တစနြညြးတစလြမြး ပှောရမလို ဖှစနြပေါတယြ။ ဒီဒသတှေမှော ဉာဏကြို လှတလြပကြယွပြှနြ့စှာ တှေးနိုငခြှငြ့ ရှိလို့ဆိုတဲ့အခကွဟြာ အငမြတနြ အရေးပါတဲ့ အခှငြးအရာ တစခြု ဖှစလြာပါတယြ။
● လူသာကို အပြစ်ကင်းစင်သူလို့ မပြောနိုင်ပါ။ သူကိုယ်တိုင်က သာသနာရေးမှာ အရာ ရောက်သူ၊ အာဏာပိုင်တွေကို တော်လှန် ပုန်ကန်ခဲ့ပေမယ့် သာသနာရေး ဆွေးနွေးရာမှာ သူနဲ့ သဘောမတူတဲ့ လူတွေကို နည်းနည်းမှ သည်းခံပြောဆိုလေ့ မရှိသူဖြစ်ပါတယ်။ သူ့ရဲ့ သည်မခံစိတ်ကို အတုယူပြီး ဂျာမနီမှာ သာသနာရေး စစ်တိုက်ကြတဲ့အခါ သိပ်ပြင်းထန် ရက်စက်ကြတယ်လို့ ပြောရင် ဖြစ်နိုင်တယ်။ ဘာပြုလို့လဲဆိုတော့ အင်္ဂလန် လိုနေရာမှာတော့ ဂျာမနီမှာလောက် ပြင်းထန်ရက်စက်ခြင်း မရှိပါ။ ပြီးတော့ လူသာဟာ ဆိမိတစ်ဆန့်ကျင်ရေး (Anti-Semitic) မှာလည်း ပြင်းထန် ရက်စက်တယ်။ အဲဒါကြောင့် နောင်အခါ နှစ်ဆယ် ရာစုနှစ်အတွင်း ဂျာမနီမှာ ဟစ်တလာခေတ် အတွက် လမ်းခင်းပေးသလို ရှိမယ် လို့လည်း တွေးထင်နိုင်ပါတယ်။
● လူသာဟာ မကြာခဏ တရားရုံးတော်ရဲ့ အာဏာကို လေးစားဖို့ လိုကြောင်း အလေးအနက် ပြောလေ့ရှိတယ်။ အဲဒါ ဘာကြောင့်လဲဆိုရင် ကျောင်းတော် (Church) က အစိုးရအုပ်ချုပ်ရေး အာဏာကို လွှမ်းမိုးချယ်လှယ်ခဲ့တာကို ဦးတည် တိုက်ခိုက်လိုတဲ့ အတွက် ဖြစ်ဟန်တူပါတယ်။ ပြုပြင်ရေး (reformation) ဟာ ဓမ္မသဘော ငြင်းခုံတင်သက်သက် မဟုတ်ဘူး။ ဂျာမနီ အမျိုးသား သူပုန်တွေ ရောမ လွှမ်းမိုးနေတာကို တိုက်ဖျက်တဲ့ပွဲ လို့လည်း ယူဆရမှာဖြစ်တယ်။ အဲဒါကြောင့် လူသာကို ဂျာမနီက မင်းသားတွေ ကူညီ ရိုင်းပင်းကြတာဖြစ်တယ်။ လူသာရဲ့ မူလ ရည်ရွယ်ချက်ကို ထောက်ထား နေစရာမလိုဘဲ သူပြောသမျှဟာ ဂျာမနီ ပရိုတက်စတင့် တွေကို နိုင်ငံရေးရာမှာ အာဏာရှင်စနစ် (Absolution) ကို လက်ခံကျင့်သုံးပါလို့ ပြောသလို ဖြစ်နေပါတယ်။ တစ်နည်းပြောတော့ လူသာ ရေးသားခဲ့တာတွေဟာ ဟစ်တလာခေတ် ကို လမ်းခင်း ပေးသလို ဖြစ်လာပါတယ်။ တချို့လူတွေက မာတင်လူသာကို ဘာပြုလို့ ကျော်စွာစာရင်းမှာ ခုထက်မြင့်တဲ့နေရာကို မပေးသလဲလို့ မေးကောင်းမေးမယ်။ ဘာပြုလို့လဲ ဆိုရင် ပထမအချက်က လူသာဟာ ဥရောပ တိုက်သား၊ အမေရိကတိုက်သားတွေ အဖို့ သိပ်အရေးပါတာ မှန်ပေမယ့် အာရှတိုက်သား၊ အာဖရိက တိုက်သားတွေအဖို့ နှိုင်းယှဉ်ပြောရင် သူတို့အထဲမှာ ခရစ်ယာန်သာသနာဝင် နည်းတဲ့ အတွက် သိပ်ပြီးအရေးမပါဘူး။ တရုတ်၊ ဂျပန်၊ ကုလားဆိုရင် ကက်သလစ်ဖြစ်ဖြစ်၊ ပရိုတက်စတင့် ဖြစ်ဖြစ် တစ်ဦးနဲ့တစ်ဦး မတူ ကွဲပြားခြားနားတယ်လို့ မသိဘူး။ (ဥရောပ တိုက်သားတွေက အစ္စလာမ်ရဲ့ စွန်နီ (Sunni) နဲ့ ရှီအိုက် (Shiite) ခြားနားချက်ကို မသိကြသလိုရှိမှာပါပဲ။) ဒုတိယ အချက်က လူသာဟာ သမိုင်းစံနှုန်းအရပေါ်လာတာ မကြာသေးပါ။ ဒါကြောင့် လူ့သမိုင်းမှာ သူ့အရှိန်သြဇာဟာ မိုဟာမက်၊ ဗုဒ္ဓ၊ မိုးဇက် တို့လောက်မရှိနိုင်ပါ။ အဲဒါအပြင် အရင်ရာစုနှစ် တချို့မှာ အနောက်နိုင်ငံတွေမှာ ကိုးကွယ် ယုံကြည်မှုဘက်က အင်အားဆွဲဆောင်မှု ကျဆင်းပြီး၊ လူမှုရေး ကိစ္စတွေမှာ ယုံကြည်မှုကို အရင် အနှစ်တစ်ထောင် မှာထိ ပါထားခဲ့တာမျိုး နောက်နှစ်တစ်ထောင်မှာ မထားကြတော့ပါ။ ကိုးကွယ်ယုံကြည်မှု ဆက်လက်ပြီး ယုတ်လျော့နေရာ၊ လူသာကို အခုခေတ် သမိုင်းဆရာ တွေက အလေးဂရုထားတာထက်၊ နောက်တစ်ခေတ် သမိုင်းဆရာတွေက လေးစားမှု ဆက်ပြီး ပိုပြီးနည်းသွားမှာဖြစ်ပါတယ်။
● နောက်ဆုံး ပြောရမယ့် အချက်က တစ်ဆယ့်ခြောက်၊ တစ်ဆယ့်ခုနစ်ရာစုနှစ်တွေက ကိုးကွယ်ယုံကြည်မှုနဲ့ ပတ်သက်ပြီး ငြင်းခုံကြတာနဲ့ ခေတ်အပြိုင်လူတွေအပေါ်မှာ ရေရှည် အကျိုးပြုတဲ့သိပ္ပံပညာ စတင်ထွန်းကား နေပြီဖြစ်လို့ ခေတ်ပြိုင်လူသာ (Luther) နဲ့ ကော်ပါးနိကပ်စ် ယှဉ်တဲ့အခါ လူသာဟာ တစ်ဦးချင်း အနေနဲ့ ပရိုတက်စတင့် ပြုပြင်ရေးမှာ တွင်ကျယ်ခဲ့ပေမယ့် သိပ္ပံတော်လှန်ရေးမှာ ကော်ပါးနိကပ်စ်က ပိုပြီးတွင်ကျယ်လို့ စာရင်းထဲမှာ ရှေ့ကို ရောက်သွားရပါတယ်။
----------------------------
အံ့ဘုန်းမြတ် -
----------------------------

Address

Website

http://www.ahuntphonemyat.blog/; http://www.mcntv.biz/; http://www.mcntv.biz/

Alerts

Be the first to know and let us send you an email when Ahunt Bhone Myat posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ahunt Bhone Myat:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share