Burma Revolution

Burma Revolution News on What’s Happening in Myanmar. Featuring news from CJs and local media and photojournalists across Myanmar.
(17)

မြောင်မြို့က အာဇာနည်နေ့ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ဇူလိုင် ၁၉ ၊ ၂၀၂၄စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ ဒီကနေ့ ကျရောက်တဲ...
19/07/2024

မြောင်မြို့က အာဇာနည်နေ့ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်

ဇူလိုင် ၁၉ ၊ ၂၀၂၄

စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ ဒီကနေ့ ကျရောက်တဲ့ (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ် ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ကျဆုံးလေပြီသော အာဇာနည် ခေါင်းဆောင်များအပါအဝင် နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသွားသော ရဲဘော်များအား အောက်မေ့သတိရစွာနဲ့ လွမ်းသူပန်းခွေများဖြင့် အလေးပြုခဲ့ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတတ် ဆန္ဒပြခဲ့ကြပါတယ်။

ရှမ်းပြည်မြောက်ပိုင်းက လူမှုကူညီရေးအသင်းအဖွဲ့များရဲ့ အရေးပေါ်ဆက်သွယ်ရမယ့် ဖုန်းနံပါတ်များကို ထပ်ဆင့်မျှဝေလိုက်ရပါတယ်။(၁)...
28/06/2024

ရှမ်းပြည်မြောက်ပိုင်းက လူမှုကူညီရေးအသင်းအဖွဲ့များရဲ့ အရေးပေါ်ဆက်သွယ်ရမယ့် ဖုန်းနံပါတ်များကို ထပ်ဆင့်မျှဝေလိုက်ရပါတယ်။

(၁) နောင်ချိုမြို့နယ်

စေတနာမွန်အသင်း
082 85383
09 790627044
09 770313534

ဖြူစင်မေတ္တာ
09 402615145
09 403719778

မွန်မြတ်စေတနာ (ကျောက်ကြမ်း)
09 403708397
09 966007190

အာယုသုခ (မျက်ချင်းနုရွာ)
09 256464962
09 403741882

(၂) နောင်ပိန်
ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း
09 792538189
09 772227161
09 772227162

(၃) ကျောက်မဲမြို့နယ်

အဖြူရောင်နှလုံးသား
09 961961819

နမ့်ခုံး ပရဟိတ
09 47307634
ဦးစိုင်းကူး 09 792558608
ဦးစိုင်းဝင်းလေး 09 403745155
ဦးစိုင်းဝေလင်း 09 440658396
ဦးစိုင်းဇော်မိုးဟန် 09 403728607

နာ/ကူ (ကျောက်မဲ)
09 765275484

ဇီဝိတ
09 5275704

ရွှေရောင်လက်များ ပရဟိတ
09 424894086

အဖြူရောင်ကမ်းလက်များ ပရဟိတအသင်း
09 889916651
09 756573308

(၄) သီပေါမြို့နယ်

နယ်စည်းမခြား ပရဟိတ (သီပေါ)
09 259136164
09 765110567
09 765990567 (ရုံး)

သီပေါလူငယ်
09 765260567
09 778811758
09 765360567 (ကိုတူးလီ)

မြတ်မွန်စေတနာ
09 403711306

ကောင်းမှုရှင်
09 403760321

One More (သီပေါ)
09 893446615
09 897064758

ဘော်ကြို ပရဟိတ
09 403750202
09 403760954

(၅) နမ့်လန်မြို့နယ်

ဖြူစင်နှလုံးသား
09 458614446

(၆) လားရှိုးမြို့နယ်

ပေးသောလက် ပရဟိတ
09 423898891

ကမ္ဘောဇအသင်း
09 260118522
09 770400775
09 448955233

ရွှေလှိုင်မေတ္တာ
09 403731504
09 440510322
09 776896299

လားရှိုးလူငယ်
09 5262437
09 788285900

မေတ္တာတံခွန်
09 259935960
09 403739289
09 403728793

မေတ္တာစမ်းရေ
09 777723170
09 777724371
09 692106881
09 404008881

ဂရုဏာ (ရပ်ကွက်/၁၂)
09 260265747

ကမ်းလင့်လက်များဆုံဆည်းရာ
09 259441828
09 788703682
09 258037304

မြတ်ရတနာ ပရဟိတအသင်း
09 259585806

ကရုဏာရှင် (လားရှိူးမြို့)
09 2053483

(၆) သိန္နီမြို့နယ်

အနှိုင်းမဲ့ကုသိုလ်
09 429246196
09 403711157
09 257518519
09 403733690

(၇) ကွတ်ခိုင်မြို့နယ်

ဗြဟ္မစိုရ် နှလုံးသား
09 256056400
09 256073800
09 256073700
09 256347808

(၈) နမ့်ဖတ်ကာမြို့နယ်

မေတ္တာရှင်
09 973999485
09 788294167
09 258419094
082 67019
082 67199

(၉) မူဆယ်မြို့နယ်

ဂရုဏာ
09 5230234

ပါရမီ (၁၀၅မိုင်)
09 403770079
09 765757588
082 55259

မြတ်ပါရမီ
09 263859535
09 894288885

နှလုံးလှ ပရဟိတ
09 400100065
09 259593825
09 5233424
09 444027097

ကြက်ခြေနီအသင်း (၁၀၅)မိုင်
09 767700105

(၁၀) နမ့်ခမ်းမြို့နယ်

NMBG ပရဟိတလူမှုကူညီရေးအသင်း
09 777811155
09 777511128
09 688333360
09 258038880

(၁၁) မိုင်းရယ်မြို့နယ်

ဟိဓတရ လူမှုကူညီရေးအသင်းနှင့် သွေးလှူရှင်အသင်း
09 453584390
09 256134450
09 454313022

(၁၂) မိုးကုတ်မြို့နယ်

မြတ်စေတနာ လူမှုကူညီရေးအသင်း
၀၈၆ ၂၂၂၀၆၂၆
၀၈၆ ၂၂၂၀၉၇၆
၀၉ ၄၀၀၀၀၄၄၉၁

Credit.

04/01/2024

Myanmar's military government will release 9,652 prisoners, under an amnesty to mark the country's independence day.

09/12/2023

ရွှေပြည်သာမြိုနယ် စစ်ကောင်စီလက်ကိုင်တုတ် ပျူစောထီးအဖွဲ့၏ခေါင်းဆောင် ရာဇဝင်လူမိုက် ကျော်ဝင်းစိန်သည် ဓားထိုးခံရပြီး သေဆုံး

ရာဇဝတ်မှုမျိုးစုံဖြင့် နှစ်ရှည်ထောင်ကျနေသော်လည်း ယမန်နှစ်က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အင်းစိန်ထောင်မှလွတ်မြောက်လာခဲ့ပြီး၊ ရန်ကုန်ရွှေပြည်သာမြို.နယ်တွင် စစ်ကောင်စီလက်ကိုင်တုတ် ပျူစောထီးအဖွဲ့၏ခေါင်းဆောင်လုပ်နေသော ရာဇဝင်လူမိုက် ကျော်ဝင်းစိန်သည် ယမန်နေ့ည (ဒီဇင်ဘာ ၈ရက်)တွင် ဓားထိုးခံရပြီး သေဆုံးခဲ့သည်။

အသက် ၅၀ ကျော်အရွယ်ရှိသော ကျော်ဝင်းစိန်အား ရန်ကုန်၊ ကြည့်မြင်တိုင်မြို.နယ် ကျောင်းကြီးလမ်းတွင် အခြားလူမိုက်တစ်ဦးက ဓားနှင့်ထိုးသတ်ခဲ့သဖြင့် သေဆုံးခဲ့ပြီး၊ ယခုအချိန်တွင် ၎င်း၏ ရုပ်အလောင်းအား ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ထားကြောင်း အမည်မဖော်လိုသော သတင်းရင်းမြစ်တစ်ခုကဆိုသည်။

သတင်း- မြန်မာနောင်း

ရုပ်သံ- ဓားထိုးအသတ်မခံရမီ ကျော်ဝင်းစိန်နာမည်ဖြင့် ဆိုရှယ်မီဒီယာတွင် မျှဝေခံသည့် ရုပ်သံ

တိုက်လေယာဉ်ပျက်ကျစဉ် လေထီးဖြင့် လွတ်မြောက်ခဲ့သည့် ဗိုလ်မှူးကို ဖမ်းမိအသက် ၄၃ နှစ်အရွယ် ဗိုလ်မှူးခိုင်သန့်မိုးကို နိုဝင်ဘ...
20/11/2023

တိုက်လေယာဉ်ပျက်ကျစဉ် လေထီးဖြင့် လွတ်မြောက်ခဲ့သည့် ဗိုလ်မှူးကို ဖမ်းမိ
အသက် ၄၃ နှစ်အရွယ် ဗိုလ်မှူးခိုင်သန့်မိုးကို နိုဝင်ဘာ ၁၉ က ရှာတွေ့ခြင်းဖြစ်
-----------------------------------------------
ကရင်နီတော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲအပြင်းအထန်ဖြစ်နေသည့် ကယားပြည်နယ်တွင် လွန်ခဲ့သည့် သီတင်းပတ်အတွင်းက တိုက်လေယာဉ်ပျက်ကျစဉ် လေထီးဖြင့် ခုန်ထွက်လွတ်မြောက်ခဲ့သည့် စစ်ကောင်စီ၏ လေတပ်အရာရှိနှစ်ဦးအနက် ဗိုလ်မှူးအဆင့်ရှိသူကို ဖမ်းမိပြီဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။

တော်လှန်ရေးအဖွဲ့များက ယမန်နေ့ (နိုဝင်ဘာ ၁၉) ကရင်နီဒေသတစ်နေရာတွင် ဖမ်းဆီးရမိသည့် လေတပ်အရာရှိမှာ အသက် ၄၃ နှစ်အရွယ် ကိုယ်ပိုင်အမှတ် (လေ) ၂၈၅၃ ဗိုလ်မှူးခိုင်သန့်မိုးဖြစ်ပြီး စစ်တက္ကသိုလ်အပတ်စဉ် ၄၄ တက်ရောက်ခဲ့သူဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီလေတပ်မှ K-8 အမျိုးအစား တိုက်လေယာဉ်ပျက်ကျစဉ် လေထီးဖြင့် လွတ်မြောက်ခဲ့သူ ဗိုလ်မှူးခိုင်သန့်မိုးကို ဖမ်းမိထားကြောင်း၊ ကျန်တွဲဖက်လေယာဉ်မှူးဖြစ်သည့် ဗိုလ်အဆင့်ရှိသူ ဇာနည်မောင်ကို ဆက်လက်ရှာဖွေနကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။

တိုက်ပွဲဖြစ်နေစဉ် စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့သည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်မတော် (KNDF) တာဝန်ရှိသူက ယခုလ ၁၁ ရက်နေ့က ထုတ်ဖော်ပြောဆိုခဲ့ပြီး လေယာဉ်မှူးနှစ်ဦး လေးထီးဖြင့် ခုန်ထွက်လွတ်မြောက်ခဲ့ကာ၊ စစ်လေယာဉ်သုံးပစ္စည်းများ သိမ်းဆည်းရရှိထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနက နောက်တစ်ရက်တွင် ထုတ်ပြန်ခဲ့သည်။

တိုက်လေယာဉ်မောင်း အရာရှိ ဗိုလ်မှူးခိုင်သန့်မိုးကို ကရင်နီတပ်မတော် (KA)၊ နေပြည်တော် PDF နှင့် KNDF တို့မှ တပ်ဖွဲ့ဝင်များ ပူးပေါင်းဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် ကရင်နီတော်လှန်ရေးအဖွဲ့များထံ အပ်နှံထားသည်ဟု သိရသည်။

“သူက လမ်းလျှောက်ပြီးတော့မှ တောထဲတောင်ထဲတွေ ပတ်သွားနေတာမှာ ကျွန်တော်တို့တပ်ဖွဲ့ စုပေါင်းပြီးတော့ နယ်မြေရှင်းလင်းရေးလုပ်တဲ့အခါမှာ သူ့ကို တွေ့တာ” ဟု စစ်မြပြင်သတင်းရင်းမြစ်တစ်ခုက ပြောသည်။

သတင်း - မြန်မာနောင်း

09/11/2023

Breaking News

နမ့်ခမ်းမြို့လယ်ဘုရားဝင်းအတွင်းတွင် ပုန်းခို စခန်းချနေသော စစ်တပ်နှင့် ပြည်သူ့ စစ်များကို အပြီးသတ်ရှင်းလင်းစဉ် လက်နက်များနှင့်အတူ စစ်သုံ့ပန်း ၁၄ ဦးတို့ကို TNLAမှဖမ်းဆီးရရှိ။

9.11.2023

08/11/2023

တော်လှန်ရေးတပ်ဖွဲ့ဝင်များ မြို့သိမ်းတိုက်ပွဲ ထိုးစစ်ဆင် တိုက်ခိုက်နေချိန် အကြမ်းဖက် စစ်ကောင်စီက မန္တလေးမှာ ရုပ်ရှင်ဆန်ဆန် ဗီဒီယိုများ ရိုက်ကူးပြီး ဝါဒဖြန့်နေ(ရုပ်သံ)

ရှမ်းမြောက်အပါအဝင် တစ်နိုင်ငံလုံးမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်များ မြို့သိမ်းတိုက်ပွဲထိုးစစ်ဆင်တိုက်ခိုက်နေချိန် အကြမ်းဖက်စစ်တပ်က မန္တလေးမြို့မှာ အကြမ်းဖက်အဖွဲ့ဝင်များ ဖမ်းဆီးရမိတယ်ဆိုပြီး ရုပ်ရှင်ဆန်ဆန်ရိုက်ကာ ဒီကနေ့ နိုဝင်ဘာ ၈ရက်နေ့ မှာ စစ်ကောင်စီလော်ဘီချန်နယ်တွေက တဆင့် ဖြန့်ဝေလျက်ရှိပါတယ်။

အကြမ်းဖက်စစ်ကောင်စီ အပြင်းအထန် တိုက်ခိုက်ခံနေရချိန်မှာ အခုလိုမျိုး မှာ ရုပ်ရှင်ဆန်ဆန် ဝင်ရောက် စီးနင်းဖမ်းဆီးမှု ဗီဒီယိုများ ကို မကြာခဏဆိုသလို တယ်လီဂရမ်ချန်နယ်တွေက တဆင့် ဖြန့်ဝေလေ့ရှိပါတယ်။

အကြမ်းဖက် စစ်တပ်ဖွဲ့ဝင်များမွေးထုတ်ပေးတဲ့ ပြင်ဦးလွင် စစ်တက္ကသိုလ်နဲ့ မိုင် ၄၀သာ ဝေးတဲ့ နောင်ချိုမြို့ ၊ဂုတ်ထိပ်ရှုခင်းသာ...
07/11/2023

အကြမ်းဖက် စစ်တပ်ဖွဲ့ဝင်များမွေးထုတ်ပေးတဲ့ ပြင်ဦးလွင် စစ်တက္ကသိုလ်နဲ့ မိုင် ၄၀သာ ဝေးတဲ့ နောင်ချိုမြို့ ၊ဂုတ်ထိပ်ရှုခင်းသားကို တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်များက စိုးမိုး လှုပ်ရှားနေပြီး စစ်ဆင်ရေးများ ဖော်ဆောင်လျက်ရှိပါတယ်။

01/11/2023

စစ်ကောင်စီ တပ်ရင်းတရင်းလုံး ညီနောင်မဟာမိတ် ၃ ဖွဲ့ထံသို့ လက်နက်ချအလင်းဝင်

နိုဝင်ဘာ ၁၊ ၂၀၂၃

ကွမ်းလုံမြို့နယ်တောင်ပိုင်းရှိ ကံမိုင်းဒေသမှာ အခြေချတပ်ထိုင်တဲ့ (ရမခ) လက်အောက်ခံတပ်ရင်း ခလရ (၁၄၃) မှ စစ်ကောင်စီတပ်သား ၄၁ ဦး ညီ‌နောင်မဟာမိတ် ၃ ဖွဲ့ ထံသို့ အောက်တိုဘာ ၃၀ ရက်နေ့က လက်နက်ချ အလင်းဝင်လာခဲ့တယ်လို့ ကိုးကန့်မီဒီယာက ဖော်ပြပါတယ်။

အလင်းဝင်လာသူ ၄၁ ဦးအနက် ဒု-တပ်ရင်းမှူး ၁ ဦး နဲ့ တပ်ခွဲမှူး ၂ ဦးပါဝင်တယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၂၈ ရက်နေ့ ညပိုင်းမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့ က အဲဒီတပ်ရင်းကို လက်နက်ချအလင်းဝင်ဖို့ တောင်းဆိုခဲ့ပြီး ၂၉ ရက်နေ့မှာ နှစ်ဦးနှစ်ဘက် တနေ့လုံး ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး အောက်တိုဘာလ ၃၀ ရက်နေ့မှာ ခလရ (၁၄၃) တပ်ဖွဲ့ဝင်များက လက်နက်ချပြီးအလင်းဝင်လာခဲ့တယ်လို့ သိရပါတယ်။ စစ်ရေးပစ္စည်းများ၊ လက်နက်ခဲယမ်းများကိုလည်း တပ်စခန်းမှာ ထားရှိခဲ့ပြီး ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။

MNDAA မှ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁ ဦးကို တဦးလျှင် လမ်းစရိတ် မြန်မာငွေကျပ် ၁၅ သိန်း စုစုပေါင်း သိန်း ၇၀၀ ကျော်ပေးပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ယမန်နေ့ အောက်တိုဘာ ၃၁ ရက်နေ့က ညီနောင်မဟာမိတ် ၃ ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကို ရည်မှန်းချက် ပြည့်မြောက်အောင် ဆောင်ရွက်မှာ ဖြစ်တာကြောင့် စစ်ကောင်စီတပ်သားများ အလင်းဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

မြန့်မာ့ရေနံနှငိ့သဘာဝဓာတ်ငွေ့လုပ်ငန်းအား အမေရီကန်မှ ပိတ်ဆို့ကန့်သက်31 Oct MOGE ခေါ်  မြန်မာ့ရေနံနှင့် သဘာ၀ဓာတ်ငွေ့လုပ်ငန...
31/10/2023

မြန့်မာ့ရေနံနှငိ့သဘာဝဓာတ်ငွေ့လုပ်ငန်းအား အမေရီကန်မှ ပိတ်ဆို့ကန့်သက်

31 Oct

MOGE ခေါ် မြန်မာ့ရေနံနှင့် သဘာ၀ဓာတ်ငွေ့လုပ်ငန်းမှာ စကစ အတွက် ​ေ_သွးစွန်းငွေ အဓိက ရှာပေးရာလုပ်ငန်းဖြစ်၍ အမေရိကန်အစိုးရမှ ... Oct 31 ရက်စွဲဖြင့် ပိတ်ဆို့ ကန့်သတ်လိုက်ပြီး MOGE နှင့်ပက်သက်ဆက်နွယ်သည့် စီးပွါးရေးလုပ်ငန်းများလည်း ပိတ်ဆို့အရေးယူမူတွင်ပါဝင်မည်ဟု ကြေငြာထားသည်။

ပြည်တွင်းလေကြောင်းခရီးစဉ် စီးနှင်းသူများ ၏ အသေးစိတ်အချက်အလက်များကောက်ခံ Oct 30 ရန်ကုန် - မန်းလေး -ရန်ကုန် ပြည်တွင်းလေကြေ...
31/10/2023

ပြည်တွင်းလေကြောင်းခရီးစဉ် စီးနှင်းသူများ ၏ အသေးစိတ်အချက်အလက်များကောက်ခံ
Oct 30

ရန်ကုန် - မန်းလေး -ရန်ကုန် ပြည်တွင်းလေကြောင်းစီးနှင်းသူများလုံး (နိုင်ဝင်ဘာလ ၁ ၂၀၂၃ မှ စတင်ပြီး Department & Arrival card ဖြည့်ပေး ရမည်ဖြစ်ကြောင်း စည်းကမ်းအသစ်များ စစ်အစိုးရ ချမှတ်။

31/10/2023

လိုင်ဇာမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာလေးစီးနှင့် ဗုံးကြဲတိုက်ခိုက်။

အောက်တိုဘာ၊ ၃၁၊ ၂၀၂၃။

ကချင်ပြည်နယ်၊ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ ကို စစ်ကောင်စီက ဒီကနေ့ နေ့လည် ၂ နာရီဝန်းကျင်လောက်ကစပြီး ဂျက်ဖိုက်တာ ၄ စီးနဲ့ဗုံးကြဲတိုက်ခဲ့တယ်လို့ မြို့နေပြည်သူတစ်ဦးက အခုလိုပြောပါတယ်။

“အခုတော့ အကုန်လုံး ဗုံးခိုကျင်းတွေမှာ ပုန်းနေရတယ်၊ အဆိပ်ငွေ့တွေလဲ လွှတ်မယ်လို့လဲ ကောလဟလတွေ ပြောနေကြတယ်” လို့ သူက ပြောပါတယ်။

အခုလိုတိုက်ခိုင်ခြင်းဟာ ဒီကနေ့မနက်မှာ လိုင်ဇာမြို့အနီး စစ်ကောင်စီရဲ့ ကန်တော်ယန်အထိုင်စခန်းကို KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့တာကြောင့် အခုလိုပြန်လည် တိုက်ခိုက်တာဖြစ်နိုင်တယ်လို့လဲ သူက ဆက်ပြောပါတယ်။

အဲ့ဒီအပြင် စစ်ကောင်စီရဲ့ ခရာဘွမ်စခန်းဖက်ကနေ မုန်လိုင်ခက်ဖက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့လဲ သိရပါတယ်။

သတင်းဗွီဒီယို - CJ

#လိုင်ဇာ

Credit : manau voice

ကိုးကန့်(MNTJP/MNDAA)၊တအောင်း (PSLF/TNLA)၊ ရက္ခိုင်(ULA/AA) ညီနောင်မဟာမိတ်(၃)ဖွဲ့ အနေနဲ့ Operation 1027 (၁၀၂၇ စစ်ဆင်ရေး)...
27/10/2023

ကိုးကန့်(MNTJP/MNDAA)၊တအောင်း (PSLF/TNLA)၊ ရက္ခိုင်(ULA/AA) ညီနောင်မဟာမိတ်(၃)ဖွဲ့ အနေနဲ့ Operation 1027 (၁၀၂၇ စစ်ဆင်ရေး)ကို စတင်ကြောင်း ဒီကနေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ပါတယ်။

မုန်လိုင်ခက် သေဆုံးသူ ၂၉ဦး သဂြိုလ်ပြီးစီးOCT / 10 ယမနေ့ည အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မူကြောင့် KIA / KIO ဌာန...
10/10/2023

မုန်လိုင်ခက် သေဆုံးသူ ၂၉ဦး သဂြိုလ်ပြီးစီး

OCT / 10
ယမနေ့ည အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မူကြောင့်
KIA / KIO ဌာနချုပ်အနီး လိုင်ဇာ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်း ကို ပစ်ခတ်ခဲ့ခြင်းကြောင့် သေဆုံးသူ ၂၉ဦး အတည်ပြုရရှိခဲ့ပြီး ၁၆နှစ်အောက် ကလေးငယ် ၁၁ ဦးထိပါဝင်ကြောင်း အတည်ပြုသတင်းရရှိခဲ့ပါသည်။ ဆေးရုံတက်နေရဆဲ့ ဒဏ်ရာရသူများစွာလဲ ဆေးကုသမူခံယူနေဆဲဖြစ်သည်။
Photo - CJ

10/10/2023

KIA / KIO ဌာနချုပ်အနီး မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းအား စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်

OCT/ 10

မုန်လိုင်ခက်ရွာ ဆိုတာ အနဲဆုံး နှစ်ပေါင်း ၄၀ ကျော် သက်တမ်းရှိတဲ့ ရွာပါ။ နမ်ဆန်ယာန်ရွာထက်တောင် သက်တမ်းရှည်တဲ့ ရွာဖြစ်ပြီး လက်ရှိအချိန်မှာ ၂၀၁၁ ကတဲက IDP တွေ၊ ပြီးတော့ ဒီနှစ် July (၃) ရက် ကတဲက စတင်တဲ့ တိုက်ပွဲကြောင့် နမ်ဆန်ယာန်၊ လဂျားယာန်လို ရွာပျက်လောက်အောင် တိုက်ပွဲဖြစ်နေတဲ့ ရွာသားတွေ လာရောက်စုစည်းနေထိုင်တဲ့ ရွာဖြစသည်။

မနေ့ညသန်းခေါင်မှာ ဗုံးကြဲခံရတဲ့နေရာဟာ တည်နေရာအားဖြင့် စစ်တပ်တွေ၊ စစ်ဘက်ဆိုင်ရာ အဆောက်အဦတွေနဲ့ အနဲဆုံး ၂ မိုင်ကျော်၊ ၃ မိုင် ကွာဝေးတဲ့နေရာဖြစ်တယ်။ စစ်ရှောင်တွေ၊ ဒေသခံတွေ ပြွတ်သိပ် နေထိုင်တဲ့ နေရာဖြစ်တယ်။
ဗုံးကြဲချိန်ဟာ လူတွေအိပ်ပျော်နေတဲ့ ညသန်းခေါင်အချိန်ဖြစ်တယ်။ နို့စို့ကလေး သားအမိ၊ သက်ကြီးရွယ်အိုကအစ အားလုံး အိပ်ပျော်ချိန်မှာ အစုလိုက် အပြုံလိုက် သေဆုံးရတယ်။ အများအပြား ဒါဏ်ရာရသွားကြတယ်။

စကစ အာဏာသိမ်းပြီးကတဲက ကချင်ဒေသမှာ ၂၀၂၂ နိုဝင်ဘာလ (၂၄) ရက် Anang Pa ရွာကို ဗုံးကြဲပြီးကတဲက ဒါဟာ ဒုတိယ အများဆုံး ထိခိုက်မှုဖြစ်တယ်။

လိုင်ဇာမှာ အရပ်သားပြည်သူတွေနေတဲ့ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်း ကို အကြမ်းဖက် စစ်တပ်က လက်နက် ကြီးနဲ့ ပစ်ခတ်လို့ကလေးငယ် ၁...
10/10/2023

လိုင်ဇာမှာ အရပ်သားပြည်သူတွေနေတဲ့ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်း ကို အကြမ်းဖက် စစ်တပ်က လက်နက် ကြီးနဲ့ ပစ်ခတ်လို့ကလေးငယ် ၁၃ ဦး အပါအဝင် ၃၂ ဦးထက် မနည်း သေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြားရှိပါတယ်။

လိုင်ဇာမှာ အရပ်သားပြည်သူတွေနေတဲ့ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်း ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ် ၁...
10/10/2023

လိုင်ဇာမှာ အရပ်သားပြည်သူတွေနေတဲ့ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်း ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ် ၁၃ ဦး အပါအဝင် ၃၂ ဦးထက် မနည်း သေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြားရှိပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ မဖြိုခွဲနိုင်ရန် ဘုရင့်နောင် ဂုံးတံတားကို ဆန္ဒပြသူများက မတ်လ ၁၆ရက်နေ့က ပိတ်ဆို့ထားမှုSmoke rise...
17/09/2023

စစ်ကောင်စီတပ်ဖွဲ့ဝင်များ မဖြိုခွဲနိုင်ရန် ဘုရင့်နောင် ဂုံးတံတားကို ဆန္ဒပြသူများက မတ်လ ၁၆ရက်နေ့က ပိတ်ဆို့ထားမှု

Smoke rises from tires burning at a barricade erected by protesters to stop the security forces crossing a bridge on March 16, 2021 in Yangon, Myanmar.

Smoke rises from tires burning at a barricade erected by protesters to stop the security forces crossing a bridge on March 16, 2021 in Yangon, Myanmar.

စစ်ကောင်စီတပ်ဖွဲ့ဝင်များ မဖြိုခွဲနိုင်ရန် ဘုရင့်နောင် ဂုံးတံတားကို ဆန္ဒပြသူများက မတ်လ ၁၆ရက်နေ့က ပိတ်ဆို့ထားမှု

Address

Yangon

Alerts

Be the first to know and let us send you an email when Burma Revolution posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Burma Revolution:

Share

Category