နေပြည်တော် မွတ်စ်လင်မ် အက်ဖ်အမ်

  • Home
  • Myanmar
  • Naypyidaw
  • နေပြည်တော် မွတ်စ်လင်မ် အက်ဖ်အမ်

နေပြည်တော် မွတ်စ်လင်မ် အက်ဖ်အမ် နေပြည်တော်ကောင်စီဒေသတွင်းရှိ အစ္စလာ
(2)

တကယ်တော့ အရဖဟ်နေ့ဆိုတာ တစ်နှစ်မှာ တစ်ရက်သာ ကြုံကြရတာ ဖြစ်ပါတယ်။ အဲ့ဒီ...👉 အရဖဟ်နေ့ဆိုတာ အမှန်တကယ်က ဘယ်နေ့ဖြစ်ပါသလဲ?👉 အရဖ...
11/06/2024

တကယ်တော့ အရဖဟ်နေ့ဆိုတာ တစ်နှစ်မှာ တစ်ရက်သာ ကြုံကြရတာ ဖြစ်ပါတယ်။ အဲ့ဒီ...
👉 အရဖဟ်နေ့ဆိုတာ အမှန်တကယ်က ဘယ်နေ့ဖြစ်ပါသလဲ?
👉 အရဖဟ်နေ့ဆိုတာ ဘာကိုခေါ်တာပါလဲ?
👉 အရဖဟ်နေ့ဟာ ဘယ်လိုထူးခြားပါသလဲ။
👉 အရဖဟ်နေ့ဟာ ဘယ်လောက်ထိ အရေးကြီးပါသလဲ?
👉 အရဖဟ်နေ့မှာ ဘာ‌တွေလုပ်ကြရမှာလဲ?

အပြစ်ဂိုနာဟ်တွေ ကျူးလွန်မိဖို့ သိပ်ကိုလွယ်ကူလွန်းလှတဲ့
"ကုသိုလ်တစ်ပဲငရဲတစ်ပိဿာ" လို့ ခေါ်လို့ရတဲ့ ဒီနေ့ခေတ်ကြီးမှာတော့...

❗မနှစ်က တစ်နှစ်တာလုံး ကျူးလွန်မိတဲ့ အပြစ်ဂိုနာတွေ...
‼️ လာမယ့်နှစ်တစ်ခုလုံးမှာ ကျူးလွန်မိတဲ့ အကုသိုလ် ပြစ်မှုတွေ...

အဲ့ဒီ ၂-နှစ်တာရဲ့ ပြစ်မှုဂိုနာတွေအားလုံးကို ‌အလွယ်တကူ ခွင့်လွှတ်ချမ်းသာရာရပြီး လွတ်ငြိမ်းချမ်းသာခွင့် ရရှိနိုင်ဖို့အတွက် ကိုယ်တော်မြတ် ﷺ မိန့်ကြားခဲ့တဲ့ ဟဒီးဆ်တော်တစ်ပုဒ်ကို အလ်ဟာဂျ် မောင်ဝ်လာနာ ဟာဖီဇ် ကရီမွလ္လာဟ် ဟစန် (စိုလိုင်မာနီ) ရှင်းပြပေးထားခြင်း ဖြစ်ပါတယ်။

အလင်းမျက်ဝန်းရဲ့ YouTube Channel မှာ ဝင်ရောက်ကြည့်ရှုလို့ ရပါပြီ။

အစ္စလာမ့်မီဒီယာတစ်ခု အောင်မြင်ဖြစ်ထွန်းရေးအတွက် (Like, Subscribe, Follow & Share) အားပေးခြင်းဖြင့် ကူညီ‌ပါ။

အရဖဟ်နေ့မှာ ရိုဇာစောင့်ပါصِيَامُ يَوْمِ عَرَفَةَ ، إِنِّيْ أَحْتَسِبُ عَلَى اللَّهِ أَنْ يُكَفِّرَ السَّنَةَ الَّتِي قَبْلَهُ ، وَالسَّنَةَ الَّتِ...

တကယ်တော့ အရဖဟ်နေ့ဆိုတာ တစ်နှစ်မှာ တစ်ရက်သာ ကြုံကြရတာ ဖြစ်ပါတယ်။ အဲ့ဒီ...👉 အရဖဟ်နေ့ဆိုတာ အမှန်တကယ်က ဘယ်နေ့ဖြစ်ပါသလဲ?👉 အရဖ...
11/06/2024

တကယ်တော့ အရဖဟ်နေ့ဆိုတာ တစ်နှစ်မှာ တစ်ရက်သာ ကြုံကြရတာ ဖြစ်ပါတယ်။ အဲ့ဒီ...
👉 အရဖဟ်နေ့ဆိုတာ အမှန်တကယ်က ဘယ်နေ့ဖြစ်ပါသလဲ?
👉 အရဖဟ်နေ့ဆိုတာ ဘာကိုခေါ်တာပါလဲ?
👉 အရဖဟ်နေ့ဟာ ဘယ်လိုထူးခြားပါသလဲ။
👉 အရဖဟ်နေ့ဟာ ဘယ်လောက်ထိ အရေးကြီးပါသလဲ?
👉 အရဖဟ်နေ့မှာ ဘာ‌တွေလုပ်ကြရမှာလဲ?

အပြစ်ဂိုနာဟ်တွေ ကျူးလွန်မိဖို့ သိပ်ကိုလွယ်ကူလွန်းလှတဲ့
"ကုသိုလ်တစ်ပဲငရဲတစ်ပိဿာ" လို့ ခေါ်လို့ရတဲ့ ဒီနေ့ခေတ်ကြီးမှာတော့...

❗မနှစ်က တစ်နှစ်တာလုံး ကျူးလွန်မိတဲ့ အပြစ်ဂိုနာတွေ...
‼️ လာမယ့်နှစ်တစ်ခုလုံးမှာ ကျူးလွန်မိတဲ့ အကုသိုလ် ပြစ်မှုတွေ...

အဲ့ဒီ ၂-နှစ်တာရဲ့ ပြစ်မှုဂိုနာတွေအားလုံးကို ‌အလွယ်တကူ ခွင့်လွှတ်ချမ်းသာရာရပြီး လွတ်ငြိမ်းချမ်းသာခွင့် ရရှိနိုင်ဖို့အတွက် ကိုယ်တော်မြတ် ﷺ မိန့်ကြားခဲ့တဲ့ ဟဒီးဆ်တော်တစ်ပုဒ်ကို အလ်ဟာဂျ် မောင်ဝ်လာနာ ဟာဖီဇ် ကရီမွလ္လာဟ် ဟစန် (စိုလိုင်မာနီ)က ရှင်းပြပေးထားခြင်း ဖြစ်ပါတယ်။

အလင်းမျက်ဝန်းရဲ့ YouTube Channel မှာ ဝင်ရောက်ကြည့်ရှုလို့ ရပါပြီ။

အစ္စလာမ့်မီဒီယာတစ်ခု အောင်မြင်ဖြစ်ထွန်းရေးအတွက် (Like, Subscribe, Follow & Share) အားပေးခြင်းဖြင့် ကူညီ‌ပါ။

အရဖဟ်နေ့မှာ ရိုဇာစောင့်ပါصِيَامُ يَوْمِ عَرَفَةَ ، إِنِّيْ أَحْتَسِبُ عَلَى اللَّهِ أَنْ يُكَفِّرَ السَّنَةَ الَّتِي قَبْلَهُ ، وَالسَّنَةَ الَّتِ...

24/05/2024

الجامعۃ العربیۃ الاسلامیۃ امیرالمؤمنین
Madrasah Arabiah Islamiah Amerul_Mumineen
อัล-จามีอา อัล-อราบียา อัล-อิสลามิยะ อามีรุล โมมินีน
မဒ်ရစဟ် အရဗီယဟ် အစ္စလာမီယဟ် အမီရွလ်_မုအ်မီနီးန်
မဲဆောက်မြို့ တာခရိုင် ထိုင်းနိုင်ငံ
ပထမအကြိမ်မြောက် ဒေါင်ရာဟဒီးဆ်အတန်း စတင်ဖွင့်လှစ်ခြင်း အခမ်းအနား

الحمدلله والصلاة والسلام على رسول_الله وعلى آله وصحبه أما بعد:
ဤအစီအစဉ် ရိုက်ကူးထုတ်လွှင့်နိုင်ရေးအတွက် အဖက်ဖက်မှ အားပေးကူညီကြသူများနှင့်တကွ အထူးဧည့်သည်တော် ဆရာသခင်ကြီး အလ်ဟဂျ် မောင်ဝ်လာနာ ဂျမာလွတ်ဒီးန် (صاحب حفظہ_اللہ دامت_برکاتھم)၊ မောင်ဝ်လာနာ ဟာဖီးဇ် အဗ္ဗဒွရ် ရဟီးမ် (ကျောင်းအုပ်ဆရာကြီး)၊
မွတ်ဖ်သီ အဗ္ဗဒွရ် ရရှီးဒ် (ကျောင်းပညာရေးမှူး)၊
ကျောင်းတာဝန်ရှိသူများ၊
အခမ်းအနားသို့ တက်ရောက်အားပေးကြသူများနှင့်
သက်ဆိုင်သူအားလုံးကို အထူးကျေးဇူးတင် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။الجامعۃ العربیۃ الاسلامیۃ امیرالمؤمنین
Madrasah Arabiah Islamiah Amerul_Mumineen
อัล-จามีอา อัล-อราบียา อัล-อิสลามิยะ อามีรุล โมมินีน
မဒ်ရစဟ် အရဗီယဟ် အစ္စလာမီယဟ် အမီရွလ်_မုအ်မီနီးန်
မဲဆောက်မြို့ တာခရိုင် ထိုင်းနိုင်ငံ
ပထမအကြိမ်မြောက် ဒေါင်ရာဟဒီးဆ်အတန်း စတင်ဖွင့်လှစ်ခြင်း အခမ်းအနား

الحمدلله والصلاة والسلام على رسول_الله وعلى آله وصحبه أما بعد:
ဤအစီအစဉ် ရိုက်ကူးထုတ်လွှင့်နိုင်ရေးအတွက် အဖက်ဖက်မှ အားပေးကူညီကြသူများနှင့်တကွ အထူးဧည့်သည်တော် ဆရာသခင်ကြီး အလ်ဟဂျ် မောင်ဝ်လာနာ ဂျမာလွတ်ဒီးန် (صاحب حفظہ_اللہ دامت_برکاتھم)၊ မောင်ဝ်လာနာ ဟာဖီးဇ် အဗ္ဗဒွရ် ရဟီးမ် (ကျောင်းအုပ်ဆရာကြီး)၊
မွတ်ဖ်သီ အဗ္ဗဒွရ် ရရှီးဒ် (ကျောင်းပညာရေးမှူး)၊
ကျောင်းတာဝန်ရှိသူများ၊
အခမ်းအနားသို့ တက်ရောက်အားပေးကြသူများနှင့်
သက်ဆိုင်သူအားလုံးကို အထူးကျေးဇူးတင် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

ဤအစီအစဉ်ကို #အလင်းမျက်ဝန်း မှ မေတ္တာဖြင့် ကူညီ ရိုက်ကူးထုတ်လွှင့်ပေးခြင်း ဖြစ်ပါသည်။

အစ္စလာမ့်မီဒီယာတစ်ခု အောင်မြင်ဖြစ်ထွန်းရေးအတွက် (Like, Subscribe, Follow & Share) အားပေးခြင်းဖြင့် ကူညီပါ။
copyrigh by alin myet wyun ©
အလင်းမျက်ဝန်း #
Alin_Myet_Wyun #

23/05/2024

#الجامعۃ #العربیۃ #الاسلامیۃ #امیرالمؤمنین

อัล-จามีอา อัล-อราบียา อัล-อิสลามิยะ อามีรุล โมมินีน
#မဒ်ရစဟ် #အရဗီယဟ် #အစ္စလာမီယဟ် #အမီရွလ်_မုအ်မီနီးန် #မဲဆောက်မြို့ #တာခရိုင် #ထိုင်းနိုင်ငံ #
ပထမအကြိမ်မြောက် #ဒေါင်ရာဟဒီးဆ်အတန်း စတင်ဖွင့်လှစ်ခြင်း #အခမ်းအနား
١٤٤٥/١٠/٢٦
5-5-2024 တနင်္ဂနွေနေ့ #

#الحمدلله #والصلاة #والسلام على وعلى آله وصحبه أما بعد:
ဤအစီအစဉ် ရိုက်ကူးထုတ်လွှင့်နိုင်ရေးအတွက် အဖက်ဖက်မှ အားပေးကူညီကြသူများနှင့်တကွ အထူးဧည့်သည်တော် ဆရာသခင်ကြီး အလ်ဟဂျ် မောင်ဝ်လာနာ ဂျမာလွတ်ဒီးန် ( #صاحب )၊ မောင်ဝ်လာနာ ဟာဖီးဇ် အဗ္ဗဒွရ် ရဟီးမ် (ကျောင်းအုပ်ဆရာကြီး)၊
မွတ်ဖ်သီ အဗ္ဗဒွရ် ရရှီးဒ် (ကျောင်းပညာရေးမှူး)၊
ကျောင်းတာဝန်ရှိသူများ၊
အခမ်းအနားသို့ တက်ရောက်အားပေးကြသူများနှင့်
သက်ဆိုင်သူအားလုံးကို အထူးကျေးဇူးတင် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

နောက်ခံ ကဆွီဒါအသံ - ကာရီ ရှဖီးအ်

ဤအစီအစဉ်ကို #အလင်းမျက်ဝန်း မှ မေတ္တာဖြင့် ကူညီ ရိုက်ကူးထုတ်လွှင့်ပေးခြင်း ဖြစ်ပါသည်။

အစ္စလာမ့်မီဒီယာတစ်ခု အောင်မြင်ဖြစ်ထွန်းရေးအတွက် (Like, Subscribe, Follow & Share) အားပေးခြင်းဖြင့် ကူညီပါ။
copyrigh by alin myet wyun ©
အလင်းမျက်ဝန်း #
Alin_Myet_Wyun #

إن شاء الله تعالىလာမည့် သောကြာနေ့ (မေ-၁၇) မြန်မာစံတော်ချိန် နံနက် ၉း၃၀ အချိန်ခန့်တွင် Alin Myet Wyu YouTube Channel ၌ Pr...
14/05/2024

إن شاء الله تعالى

လာမည့် သောကြာနေ့ (မေ-၁၇) မြန်မာစံတော်ချိန် နံနက် ၉း၃၀ အချိန်ခန့်တွင် Alin Myet Wyu YouTube Channel ၌ Premieres ပြသပေးသွားမည်ဖြစ်ပါသောကြောင့် 🔔 Notify me ခလုတ်ကိုနှိပ်၍ စောင့်မျှော်ကြည့်ရှု အားပေးနိုင်ပါသည်။

#الجامعۃ #العربیۃ #الاسلامیۃ อัล-จามีอา อัล-อราบียา อัล-อิสลามิยะ อามีรุล โมมินีนမဒ်ရစဟ် #အရဗီ....

09/05/2024
02/04/2024
နေပြည်တော် ပျဥ်းမနားမြို့အတွက်ယခုနှစ် နိဆားဗ်ကတော့ #၁၈သိန်းကျပ် ဖြစ်ပါတယ်။
02/02/2024

နေပြည်တော် ပျဥ်းမနားမြို့အတွက်
ယခုနှစ် နိဆားဗ်ကတော့
#၁၈သိန်းကျပ် ဖြစ်ပါတယ်။

30/01/2024

#နာရေးသတင်း

နေပြည်တော် ပျဥ်းမနားမြို့ ဦးကျေးရပ်ကွက်နေ

Ma Zin mar kyaw ,၏ ဖခင်ဖြစ်သူ
ဟာဂျီမိုဟမ္မဒ်ရဟ်မသွလ္လာဟ်(ခ)ဦးကျော်လွင်သည်

၃၀.၁.၂၀၂၄ ရက်နေ့တွင် အလ္လာဟ်သျှင်မြတ် အမိန့်တော် ခံယူသွားပါကြောင်းကြားသိပါသည်။

#မဂ်ဖွေရသ်ဒုအာပြုပေးကြပါရန်။
#မိသားစုနဲ့ထပ်တူကြေကွဲဝမ်းနည်းရပါသည်။

01/09/2023

Telecity Company အတွက်
၄ နာရီ သင်တန်းတစ်ခုပြုလုပ်ပေးပြီး
ရရှိလာသော သင်တန်းကြေး အားလုံး
(သိန်း၄၀ကျပ်) ကို
မီးဖွားခါနီး မီးဖွားစားရိတ် မတတ်နိုင်သော
ကိုယ်ဝန်ဆောင် မိခင် အယောက် ၂၀ ကို
တစ်ဦးလျှင် ၂ သိန်း ကျပ်စီ လှူဒါန်းပေးမှာ
ဖြစ်ပါတယ်

စည်းကမ်းချက်က ၂ ချက်ပါပဲ

၂ ပတ် ၃ပတ် အတွင်း
မွေးဖွားခါနီးကိုယ်ဝန်ဆောင်မိခင် ဖြစ်ရန်နှင့်
တကယ်ကို ငွေမတတ်နိုင်သူ ဖြစ်ရန်

ပထမဆုံး ဆက်သွယ်လာသူ ထဲက
တကယ်မှန်ကန်ပြီး လိုအပ်သူ ၂၀ ဦးကို
ငွေ ပို့ပေးမှာဖြစ်ပါတယ်

ဆက်သွယ်ရန်

09442559980 ဖုန်းကို မနက် ၁၀ နာရီမှ
ညနေ ၄ နာရီအတွင်းသာ
(မနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်းသာ)
ဖုန်းဆက်ပေးပါရန်
လေးစားစွာ တောင်းဆိုအပ်ပါတယ်

အခုနောက်ပိုင်း သင်တန်းလုပ်ရျ်
ရသမျှ သင်တန်းကြေးများအားလုံးကို
တစ်ကျပ်မှ ကျနော့်အတွက်
မသုံးဘဲ လှူဒါန်းပေးဖြစ်ပါတယ်
သင်တန်းကြေးအားလုံး လှူမယ်လို့
ဆုံးဖြတ်ပြီးနောက်ပိုင်း
သင်တန်းက ရတဲ့ သင်တန်းကြေး
အားလုံးလဲ လှူဒါန်းပြီးခဲ့ပါပြီ

ယခုလို လှူဒါန်းမှုကြောင့်
ကွယ်လွန်သေဆုံးသွားပြီဖြစ်သော
ကျနော့် ကျေးဇူးရှင် အမေနှင့်
အခြားသူများကိုလည်း ကုသိုလ်ဝေစု
ရပါစေကြောင်း ဆန္ဒပြုပါတယ်ခင်ဗျာ

သင်တန်းဖိတ်ခေါ်ပေးတဲ့ Telecity Company
ကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ

#မိုင်မိုင်းနမ့်စန်

08/08/2023

အထူးဝမ်းနည်းကြေကွဲခြင်း
အထက်ဗမာပြည်၏ အထင်ကရအာလင်မ်ကြီး၊ သမိုင်းဝင် ကန့်ဘလူကျောင်းကြီး၏ ဂုဏ်ထူးဆောင် ကျောင်းသားဟောင်းကြီး၊ လက်ရှိထန်းကုန်းမြို့ အာရဗီကျောင်းကြီး၏ ကျောင်းအုပ်ဆရာကြီး
ဟဇရသ်မော်လာနာအိုမရ်ဆွာဟိဗ် (ခ) ဆရာမောင်မောင် (ထန်းကုန်း) သည် ယနေ့ ဟိဂျ်ရီ ၁၄၄၅ခုနှစ်၊ မုဟရရမ်လ (၂၁) ရက်၊ (၉-၈-၂၀၂၃) နံနက် ၀၀:၄၀ အချိန်တွင် မန္တလာဆေးရုံ၌ အလ္လာဟ်အရှင်မြတ်အမိန့်တော်ခံယူသွားကြောင်း ကြားသိရသည့်အတွက် ဆရာကြီး၏မိသားစုတပည့်တပန်းများနှင့် ထပ်တူဝမ်းနည်းကြေကွဲရပါသည်။

‎انالله وانا اليه راجعون

နှစ်ရက်အရင်ကပဲ မန္တလာဆေးရုံမှာ တွေ့ခဲ့ခြင်းဟာ နောက်ဆုံးတွေ့ခဲ့ခြင်းဖြစ်လိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။ ဆရာ့ကိုဆုံးရှူံးရတာဟာ ကျွန်တော်တို့အတွက် အလွန်ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတစ်ခုပါ။ ဆရာဟာ အထက်မြန်မာပြည်တစ်ခွင်သာမက တစ်နိုင်ငံလုံးရှိ အွမ္မသ်အရေးကိစ္စများအားလုံးမှာ အရှေ့ဆုံးကနေ မားမားမတ်မတ် ရပ်တည်ဖြေရှင်းပေးခဲ့တဲ့ အထင်ကရဆရာကြီးတစ်ပါးလည်း ဖြစ်ပါတယ်။

ဆရာ့နဲ့အတူလက်တွဲပြီး အလုပ်လုပ်ခွင့်ရခဲ့တဲ့ အချိန်ကာလတွေဟာ ကျွန်တော့်အတွက် အကျိုးများစွာဖြစ်ထွန်းခဲ့ပြီး တန်ဖိုးဖြတ်မရတဲ့ အကြံဉာဏ်ကောင်းတွေကိုလည်း ဆရာ့ဆီကနေ သင်ယူဆည်းပူးခွင့်ရခဲ့ပါတယ်။ ကျွန်တော့်ဘဝအတွက် မမေ့နိုင်စရာအခိုက်အတန့်တွေပါပဲ။ ကျွန်တော်တို့ခေါင်းပေါ်က အရိပ်အာဝါသတစ်ခုပျောက်ကွယ်သွားသလို ခံစားရပါတယ်။ အလ္လာဟ်အရှင်မြတ်သခင် ဆရာ့ကို မြင့်မားတဲ့အဆင့်အတန်းချီးမြှင့်တော်မူပါစေ။ ပြည့်ဝတဲ့မဂ်ဖိရသ်လုပ်တော်မူပါစေ။ ကျန်ရစ်သူမိသားစုဝင်များနဲ့ တပည့်တပန်းများကိုလည်း ဆွဗရ်တရားလက်ကိုင်ထားနိုင်တဲ့ သောင်ဖီးက်ချီးမြှင့်တော်မူပါစေကြောင်း ဆုမွန်ကောင်း တောင်းခံအပ်ပါသည်။

" إن لله ما أخذ وله ما أعطى وكل شيء عنده بأجل مسمى فلتصبر ولتحتسب"

07/08/2023
02/08/2023
အင်န္နာလိလ္လာဟ်ဟိ ဝအင်န္နာအိလိုင်ဟိ ရာဂျိအူးန်    ..................................................................... ...
26/07/2023

အင်န္နာလိလ္လာဟ်ဟိ ဝအင်န္နာအိလိုင်ဟိ ရာဂျိအူးန်
.....................................................................
မော်လမြိုင်မြို့ဂျာမေအဟ်အရှ်ရဖီယဟ် အင်မ်ဒါဒီယဟ်(ဆီဇုံကျောင်းကြီး)၏ ကျောင်းအုပ်ဆရာကြီး၊
မွန်ပြည်နယ်၏သာသနာ့ဂုဏ်ဆောင် ရှိုက်ခွလ်ဟဒီးစ် ဟဇရသ်မောင်လာနာ အဗုလ်ခိုင်ရ်ဆပ် ဆွာဟိဗ်(မဇွာဟေရီ)ရဟ်မသွလ္လာဟ် သည်ယနေ့ နံနက်တွင်အလ္လာဟ်အမိန့်တော်ခံယူသွားပါသည်။
အလ္လာဟ်အရှင်မြတ်သခင် ဆရာသခင်ကြီးအား မဂ်ဖွေရသ် ချီးမြှင့်တော်မူပါစေ။အာခေရသ်မှာ မြင့်မားသော အဆင့်အတန်း ချီးမြှင့်တော်မူပါစေ။ဂျန္နသုလ်ဖွေရ်ဒေါစ် ချီးမြှင့်တော်မူပါစေ။ကျန်ရစ်သူမိသားစုအား ဆွဗ်ရေဂျမီးလ် ချီးမြှင့်တော်မူပါစေ။ အာမီးန်

22/06/2023
انا للہ وانا الیہ رجعون #အလ္လာဟ်အရှင်မြတ်အမိန့်တော်ခံယူခြင်းပျဉ်းမနားမြို့၊ရန်အောင် ၂ရပ်ကွက် ဘူတာလမ်းဟောင်းနေ ဦးကျော်မြင...
21/06/2023

انا للہ وانا الیہ رجعون

#အလ္လာဟ်အရှင်မြတ်အမိန့်တော်ခံယူခြင်း

ပျဉ်းမနားမြို့၊ရန်အောင် ၂ရပ်ကွက် ဘူတာလမ်းဟောင်းနေ ဦးကျော်မြင့်၏ သားဖြစ်သူ

(မိုဟမ္မဒ်အိစ္စမာအီလ်) သည် အလ္လာဟ်အရှင်မြတ်အမိန့်တော်ခံယူသွားပါသဖြင့်

21.6.2023 ရက် ဗုဒ္ဓဟူးနေ့ ဇုဟိုရ်နမာဇ်အပြီးတွင် ဒေါ်သေးဗလီတွင် ဂျနာဇာဟ်ဖတ်ပြီး ကွေ့ကြီးကဗရ်စသန်သို့ ပို့ဆောင်ဒဖနာမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

#မဂ်ဖွေရသ်ဒုအာပြုပေးကြရန်
#နေပြည်တော်မွတ်စ်လင်မ်အက်ဖ်အမ်မှ
#မိသားစုနှင့်ထပ်တူ၀မ်းနည်းကြေကွဲရပါသည်။

အပါအပါ ကုရ်ဗာနီိရက်နီးပီ သမီးတို့အသားရမလား?�ရမှာပေါ့ကွာ။ဒါပေမဲ့  အပါအရင်နှစ်က မရလို့ အသားမြင်တိုင်းကြေကွဲရတယ်မလား။အဲ့လို...
18/06/2023

အပါအပါ
ကုရ်ဗာနီိရက်နီးပီ သမီးတို့အသားရမလား?�

ရမှာပေါ့ကွာ။

ဒါပေမဲ့ အပါအရင်နှစ်က မရလို့ အသား
မြင်တိုင်းကြေကွဲရတယ်မလား။
အဲ့လိုမဟုတ်ပါဘူးရာ ငါ့သမီး အလ္လာဟ်အရှင်ဟာ မိမိကျေးကျွန်တွေကို
ဆာနေလျက်အငတ်မထားပါဘူး အခြေအနေတိုင်း အလ္လာဟ့်ကိုရှုကုရ်လုပ်ပါ သမီးတို့ ။

ဒေါက်တာဆပ်က နွားအကြီးကြီးဆွဲလာတယ်။
မာစတာကြီးကလဲ ဆိတ်ကြီးတကောင်ဆွဲလာတယ်။
ကုရ်ဘာနီဆိုတာ ငါတို့ဆင်းရဲသားတွေအတွက်ဖြစ်တယ်။သူဋ္ဌေးတွေကအိမ်မှာ နေ့တိုင်း အသားစားရတယ်။

ဒီနေ့တော့အီဒ်နေ့ မော်လဝီဆပ်က ဗယာန်မှာပြောတယ် ကုရ်ဘာနီလုပ်ပီးရင် သူဆင်းရဲတို့ကိုမမေ့သင့်ဘူး။ ထိုသူတို့နှင့်ပက်သက်ပီး ဝတ္တရားရှိတယ်။

ကလေးတွေအဖေလဲ အီဒ်နမားဇ်ဖတ်ပီး အိမ်ပြန်လာတယ် တစ်နာရီလောက်ကြာတဲ့အထိ စောင့်ရင်း ဘယ်သူမှအသားလာမပေးကြဘူးလားလို့
ဆအ်ဒီယဟ်ကမေးတယ်။ထိုအခါ အကြီးမ ရာဗေအဟ်က နင်အပါ့ကို စိတ်ဒုက္ခမပေးနဲ့လို့ ဝင်တားတယ်။

ဖခင်ဖြစ်သူဟာ ၂ ယောက်လုံးစကားကိုကြားရက်နဲ့ မသိသလိုပဲနေလိုက်တယ်။ အတော်ကြာတဲ့အထိ ဘယ်သူမှလာမပေးကြတော့ မိန်းမကပြောတယ်။ ကျမကဖြင့် ကြက်သွန်၊မဆလာအသင့်တောင်လုပ်ထားတယ်။လူတွေကျမတို့ကိုများမေ့နေကြလားမသိဘူးနော်။ရှင်ဘယ်သူ့မှငါတို့ဆီအသားပို့လို့ပြောမထားဘူးလား။
ရှင်ကိုယ်တိုင်ပဲ ထွက်တောင်းကြည့်ပါလား

မိန်းမ နင်အသိပဲ ငါဘယ်သူ့ဆီကမှမတောင်းတက်တာ။ အလ္လာဟ်တနည်းနည်းနဲ့အဆင်ပြေစေမှာပါ .....

နေ့လည်မှာတော့ အိမ်ရှေ့အိမ်ကဒေါက်တာဆီသွားပီး
ကျွန်တေါ်ကခင်ဗျားရဲ့အိမ်နီးချင်းပါ အသားကျန်သေးရင် ပေးပါလားဗျာလို့တောင်းလိုက်တယ်။

ဒီစကားကို ဒေါက်တာကြားတာနဲ့မျက်နှာက နီလာပြီး
ပြောတယ် လူတွေဘယ်ကပေါ်လာလဲမသိဘူးလို့
မှိုချိုးမျှစ်ချိုးပြောပီး တံခါးကိုဆောင့်အောင့်ပိတ်လိုက်တယ်။

ရှက်လွန်းလို့မျက်ရည်ပါကျလာတယ်။လေးလံတဲ့ခြေလှမ်း
တို့ဆက်လျှောက်လာရင်း မာစတာကြီးတို့အိမ်ရှေ့ရောက်တော့ မာစတာကြီးဆီထပ်တောင်းတယ်။
အံ့သြတဲ့အကြည့်နဲကြည့်ပြီးအိမ်ထဲဝင်သွားတယ်။
ပြီးတော့အထုပ်တစ်ထုပ်ကိုင်ပြီး လာပေးပြီးတာနဲ့
အိမ်ထဲပြန်ဝင်သွားတယ်။ မသိရင်ပဲ အသားတောင်းတာက ဂိုနာဟ်ပုံစံမျိုးနဲ့။

အိမ်ရောက်တော့အထုပ်ကိုကြည့်လိုက်တာ အရိုးနဲ့အဆီတွေ တိတ်တဆိတ်ပဲအခန်းထဲဝင်ငိုနေလိုက်တယ်။
မိန်းမကရောက်လာပီးပြောတယ် ဘာမှစိတ်မညစ်နဲ့
ကျွန်မ ကျက်တနီလုပ်လိုက်မယ်။

ခဏကြာတော့
သမီး ဆအ်ဒီယဟ်အခန်းထဲဝင်လာပီးပြောတယ်။
အပါသမီးဗိုက်နာနေတယ် အသားမစားချင်တော့ဘူးယ ဒီစကားကိုကြားပြီးအဖေကပိုလို့တောင် ရှိုက်ရှိုက်ပီးငိုလေသတဲ့။ဒီတစ်ခါတော့သူတင်မဟုတ် သမီးနှစ်ယောက်နဲ့ မိန်းမပါ အတူလိုက်ငိုကြတယ်။

ထိုအခိုက် တံခါးအပြင်က အိမ်နီးချင်းအက်ရားမ်ရဲ့အသံကြားတယ်။ သူကဟင်းသီးဟင်းရွတ်ရောင်းတဲ့သူ။ ဘိုင်တံခါးဖွင့်ဦးဗျ ။
တံခါးလဲဖွင့်ရော ၃-၄ ကီလိုရှိမဲ့အသားတစ်ထုပ်ပေးတယ်။ ကျွန်တော့်ညီရွာကနေပို့လိုက်တာ ကျွန်တော်
တစ်ယောက်ထဲ စားမကုန်လို့ အတူမျှစားကြမယ်လေ။

ဖခင်ဟာတစ်ဖန်ထပ်ပီးငိုမိပြန်တယ်။ အက်ရားမ်အတွက်ရင်ထဲကနေ ဒိုအာလုပ်ပေးလိုက်တယ်။စားသောက်ပြီး ခဏကြာတော့ မိုးသက်လေပြင်းတိုက်ကာ
မီးပါပျက်သွားတယ်။ နောက်နေ့ထိ မီိးမလာဘူး။

စုံစမ်းကြည့်တော့ ထရန်စဖော်မာ မိုးကြိုးထိတာတဲ့။
တတိယမြောက်နေ့မှာ သမီးဆအ်ဒီယဟ်ကိုချီရင်း
အပြင်ထွက်လာတယ်။ ဒေါက်တာနဲ့မာစတာတို့က
အသားတွေကိုလွှင့်ပစ်နေကြတယ်။ မီးမလာတော့
ရေခဲသေတ္တာမဖွင့်ရလို့ အသားတွေက ပုပ်ကုန်တယ်။

ခွေးတွေက အသားတွေကိုလုစားနေကြတယ်။
ဒီမြင်ကွင်းကိုသမီးကမြင်တော့ အပါ သူတို့
ကုရ်ဘာနီလုပ်တာက ခွေးတွေအတွက်လားမေးတယ်။
ဖခင်ကတော့ ဘာမှဖြေပဲသမီးမျက်နှာကို ကြည့်နေတယ်။ဒေါက်တာနဲ့ မာစတာကြီးလဲကြားပီးရှက်လို့
ခေါင်းငုံ့ထားလိုက်ကြတယ်။

အလ္လာဟ်အရှင် သူဆင်းရဲတို့အားကြင်နာမှုများ ချပေးသနားတော်မူပါစေ။

အာမီးန်။
Crd...................

“ဟာဂျီများ အလွယ်တကူသယ်ဆောင်နိုင်မည့် ဟဂ်ျနှင့်အွမ်ရဟ်လမ်းညွှန် Digital Handbook”AL-SAFA MEDIA HOUSE က စီစဉ်တင်ဆက်သည့် “ဟ...
14/06/2023

“ဟာဂျီများ အလွယ်တကူသယ်ဆောင်နိုင်မည့် ဟဂ်ျနှင့်အွမ်ရဟ်လမ်းညွှန် Digital Handbook”

AL-SAFA MEDIA HOUSE က စီစဉ်တင်ဆက်သည့် “ဟဂ်ျအွမ်ရဟ်လမ်းညွှန်” Digital Handbook အား အောက်ပါ Link မှ Download လုပ်၍ အလွယ်တကူလေ့လာနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

https://drive.google.com/file/d/1caeUsE1dNbcFSxTIGewRRdHvWt9acHhI/view?usp=drivesdk

(Download လုပ်ရန် အခက်အခဲရှိသူများအနေဖြင့် 0931061082 နံပါတ်သို့ Viber / WhatsApp မှ ဆက်သွယ်ရယူနိုင်ပါသည်။)

ကုရ်ဘာနီအီးဒ်လာဖို့ ရက်အနည်းငယ်လိုသေးပေမယ့် တချို့ပုဂ္ဂိုလ်တွေက သားကောင်ဝယ်ယူနေကြပါပြီ သားကောင်ဝယ်တဲ့ အခါ သားကောင်ရဲ့ အပ...
04/06/2023

ကုရ်ဘာနီအီးဒ်လာဖို့ ရက်အနည်းငယ်လိုသေးပေမယ့် တချို့ပုဂ္ဂိုလ်တွေက သားကောင်ဝယ်ယူနေကြပါပြီ သားကောင်ဝယ်တဲ့ အခါ သားကောင်ရဲ့ အပြစ်အနာအဆာတွေ ပတ်သက်တဲ့ မတ်စ်အလဟ်တွေကို အမေးများလားတဲ့ အတွက် ဒီမတ်စ်အလဟ် လေးတွေကို အကြမ်းဖျင်း ရေးလိုက်ပါတယ်

ဆိတ် =အသက်တစ်နှစ်ပြည့်ရပါမယ်
သိုး = အသက်တစ်နှစ်ပြည့်ရပါမယ် ခန္ဓာကိုယ်ထွားကြိုင်းတယ်ဆိုရင် ခြောက်လအကျော်တစ်နှစ်မပြည့်သေးလည်း ကုရ်ဗာနီ လုပ်ခွင့်ရှိပါတယ်
နွား ကျွဲ အသက် နှစ်နှစ် ပြည့်ရပါမယ်

ဦးချို
သားကောင်ရဲ့ ဦးချိုအစိတ်အပိုင်းအနည်းငယ်သာပြတ်တောက်နေတာ ဦးချိုအခွံပြုတ်သွားတာ မွေးရာပါ ဦးချိုမပါတာ မျိုးဆိုရင်တော့ ကုရ်ဗာနီ အထမြောက်ပါတယ် ဒါပေမယ့် ဥိီးချိုက အရင်းကနေပြုတ်ထွက်ပြီးတော့ အဲဒီကနေတဆင့် သားကောင်းဦးနှောက်အရိုးအထိ အခေါင်းပေါက် ဖြစ်နေရင် ကုရ်ဗာနီ ပြုမပိုင်ပါဘူး

နားရွက်
သားကောင်ရဲ့ နားရွက်က အနည်းအကျဥ်း ပြတ်ထားရင် ကုရ်ဗာနီ ပိုင်ပါတယ်။နားရွက်အများစုက ပြတ်တောက်ထားတယ် ဆိုရင်တော့ ကုရ်ဗာနီ မပြုပိုင်ပါ
အဲဒီအတိုင်းပဲ မွေးရာပါ နားရွက်မပါရင်လည်း ကုရ်ဘာနီ မပြုပိုင်ပါဘူး

မျက်လုံး

သားကောင်ရဲ့ မြင်နိုင်စွမ်း လုံးဝ ပျောက်ကွယ်သွားပြီ သို့မဟုတ် အနည်းငယ်မျှသာမြင်နိုင်စွမ်း ရှိတယ် ဆိုရင်လည်း အဲဒီသားကောင်ကို ကုရ်ဗာနီ မပြုပိုင်ပါဘူး

သွား

သားကောင်ရဲ့ သွားအများစု သို့မဟုတ် အားလုံး ကျိုးနေတယ် ဆိုရင်လည်း ကုရ်ဗာနီ မပြုပိုင်ပါဘူး
ဒါပေမယ့် အစားစားတဲ့နေရာမှ အခက်အခဲ မရှိတဲ့ အထိ သွားတစ်ချောင်း နှစ်ချောင်းလောက်သာ ကျိုးထားမယ်ဆိုရင် ကုရ်ဗာနီ ပြုပိုင်ပါတယ်

အမြီး

သားကောင်ရဲ့ အမြီး အများစု ပြတ်ထားတယ်ဆိုတော့ ကုရ်ဗာနီ မပြုပိုင်ပါဘူး အနည်းငယ်သာ ပြတ်ထားရင်တော့ ကုရ်ဗာနီ လုပ်လို့ ရပါတယ် မွေးရာပါ အမြီးမပါတော့ရင် အဲဒီသားကောင်ကို ကုရ်ဗာနီ မလုပ်ခြင်းက ပိုသင့်တော်ပါတယ်

ခြေထောက်

သားကောင်က ခြေထောက် သုံးချောင်း နဲ့ မတ်တတ်ရပ်နေတယ် စတုတ္ထခြေထောက်ကို မြေပေါ်မထောက်နိုင်ဘူး ဆိုရင် အဲဒီ ​သားကောင်ကို ကုရ်ဗာနီ လုပ်လို့မရပါဘူး အကယ်၍ စတုတ္ထခြေထောက်ကိုပါ မြေကြီးပေါ် အားယူပြီးလမ်းလျှောက်နိုင်ရင် ကုရ်ဗာနီ ပြုပိုင်ပါတယ်

နို့အုံ
ဆိတ်မ ရဲ့ နို့အုံ နှစ်ခုထဲက တစ်ခုက ဖြတ်တောက်ခံထားရမယ် ခြောက်သွေ့နေမယ် ဆိုရင် ကုရ်ဗာနီ မပြုပိုင်ပါဘူး နွားမရဲ့ နို့အုံ လေးခုထဲ နှစ်ခုကဖြတ်တောက်ခံထားရမယ် ခြောက်သွေ့နေမယ် ဆိုရင် လည်း ကုရ်ဗာနီ မပြုပိုင်ပါဘူး ဒါပေမယ့် နွားမ ရဲ့
နို့အုံ တစ်ခုသာ ဖြတ်တောက်ခံထားမယ် ဆိုရင် ကုရ်ဗာနီ ပြုပိုင်ပါတယ်

ဇီးရှိသောသားကောင်

ဇီးရှိတဲ့ သားကောင်ကို ကလေးမွေးဖွားခါနီး အချိန် ကုရ်ဗာနီ ပြုလုပ်ခြင်းက မက္ကရူးဟ် ဖြစ်ပါတယ်

ခစီသားကောင်

ခစီလုပ်ထားတဲ့သားကောင်ကို ကုရ်ဗာနီ ပြုလုပ်ခြင်းကတော့ ပိုင်ရုံတင်မက သိပ်ကိုမွန်မြတ်ပါတယ်

တောရိုင်းသားကောင်

အိမ်မွေး မဟုတ်တဲ့ တောရိုင်းသားကောင်တွေကိုတော့ ကုရ်ဗာနီ မပြုပိုင်ပါဘူး ဥပမာ ပြောင်

သားကောင် ဝယ်ယူချိန်တုန်းက အပြစ်အနာအဆာကင်းပေမယ့် ဝယ်ပြီးတဲ့ နောက်မှာ အပြစ်တစ်စုံတစ်ရာ ပေါ်လာရင် သားကောင်ပိုင်ရှင်က တတ်စွမ်းနိုင်သူဖြစ်ပါက အပြစ်အနားအဆာကင်းတဲ့ သားကောင်နောက်ထပ်တစ်ကောင် ဝယ်ယူရပါမယ်
မတတ်မစွမ်းနိုင်သူ ဖြစ်ရင်တော့ မိမိမှာရှိတဲ့ သားကောင်ကို ကုရ်ဗာနီ လုပ်ခွင့်ရှိပါတယ်

ကိုးကား _ ကိသာဘုလ်မစာအိလ်

မုဖ်သီ မုဟမ္မဒ် ဘရှီရုလ္လာဟ်
Dip in Accounting (UK)
Dip in ESL (USA)


♥️ ကုရ်ဗာနီ❤                   [ ကုရ်ဗာနီဆိုသည်မှာ ]♥️  တမန်တော်မြတ်(ﷺ) ဟစ်ဂျရသ် ပြုပြီး မဒီနဟ်တွင် (၁၀) နှစ်တိုင် နှစ်စ...
03/06/2023

♥️ ကုရ်ဗာနီ❤

[ ကုရ်ဗာနီဆိုသည်မှာ ]

♥️ တမန်တော်မြတ်(ﷺ) ဟစ်ဂျရသ် ပြုပြီး မဒီနဟ်တွင် (၁၀) နှစ်တိုင် နှစ်စဉ် ကွရ်ဗာနီ ပြုခဲ့သည်။ ဆက်တိုက် ဆောင်ရွက်တော် မူသဖြင့် ဝါဂျစ်ဗ် ဖြစ်ကြောင်း သိရပေသည်။ ထို့ကြောင့် တမန်တော်မြတ်(ﷺ)က တာဝန် ရှိပါလျှက် ကွရ်ဗာနီ မပြုလျှင် ကျုပ်တို့ အီးဒ်ကွင်းသို့ မလာရောက် ကြနှင့်ဟု မိန့်တော်မူသည်။ ဆွဟာဗဟ်များက "ကွရ်ဗာနီ ဆိုတာ ဘာလဲ"ဟု မေးကြရာ တမန်တော်မြတ်(ﷺ)က အသင်တို့၏ ဖခင် အိစ်ဗ်ရာဟီမ်(အလိုင်)၏ စွန္နသ် ဖြစ်သည်။ ဘယ်လို စဝါးဗ် ရပါသလဲဟု မေးကြရာ အမွှေးအမျှင်တိုင်း အတွက် ကောင်းမှု တစ်ခုဆီ အကျိုး ရပေမည်။

♥️ ဟဂ်ျပြုသူများ ရှုကွရ်ပြုသော အားဖြင့် ဇဗဟ် ပြုကြသော်လည်း အထက်ပါ ရေဝါယသ် အရ မိမိနေရပ် (မဒီနဟ်)တွင် ရှိသော အခါမှာလည်း တမန်တော်မြတ်(ﷺ)သည် နှစ်စဉ် ကွရ်ဗာနီ ပြုတော်မူသည်။ ထို့ကြောင့် အခြား မြို့များတွင် နေထိုင်ကြ သူတိုင်း ကလည်း တာဝန်အရ ကွရ်ဗာနီ တာဝန်ရှိသည်။ ယင်းအတွက် ရှရီအသ်က စည်းကမ်းများ သတ်မှတ်ထားသည်။

{ ကုရ်ဗာနီအာဒါဗ် }

♥️ ဝဖြိုး ထွားကျိုင်းသည့် သားကောင်ကို နှစ်သက်ပါ။

♥️ ကုရ်ဗာနီ ပြုမည့် သူသည် အမွှေးအမျှင်နှင့် လက်သည်း ခြေသည်းကို (၁၀)ရက် အတွင်း မလှီးဖြတ်ရပါ။

♥️ မိမိလက်ဖြင့် ကုရ်ဗာနီ ပြုပါ။

♥️ ဓားကို ထက်အောင် သွေးပါ။ (သားကောင်ရှေ့မသွေးရ)

♥️ အခြား သားကောင်ရှေ့တွင် ဇဗဟ် မပြုရပါ။

♥️ နို့ပေး နွားမကို ရှောင်ပါ။

♥️ ကုလားအုတ်အား လည်ပင်းမှ နဟရ် ပြုပါ။

♥️ သားချင်း မိတ်ဆွေများထံ အသားများ ဟဒ်ယဟ်ပို့ပါ။

{ ကုရ်ဗာနီတာဝန် }

(၁) ကွရ်ဗာနီ ပြုရန် နဇရ်ကိုးထားလျှင် ထမ်းဆောင်ရန် ဝါဂျစ်ဗ် ဖြစ်သည်။

(၂) မကွယ်လွန်မီ ဝစွီယသ် ပြုသွားလျှင် ကျန်ရစ်ပစ္စည်း၏ သုံးပုံတစ်ပုံမှ ကွရ်ဗာနီပြုရန် ဝါဂျစ်ဗ် ဖြစ်သည်။

(၃) ဖစ်သရဟ် ထုတ်ရန် ဝါဂျစ်ဗ်ဖြစ်သူ အပေါ် ကွရ်ဗာနီရက်များအတွင်း ကွရ်ဗာနီပြုရန် ဝါဂျစ်ဗ် ဖြစ်သည်။

{ အခြားသိမှတ်စရာများ }

♥️ နေအိမ်၊ စားသောက်ဖွယ် ပစ္စည်း၊ သုံးစွဲနေသော ဝတ်စုံ၊ နေ့စဉ် အသုံးအဆောင်များ အပြင် လက်ဝယ် ဇကာသ်တာဝန်ကျသည့် နေစာဗ်ငွေရှိလျှင်၊ ရောင်းကုန်နှင့် အခြားပစ္စည်းများ ရှိလျှင် ကွရ်ဗာနီ တာဝန်ရှိသည်။

♥️ လူတစ်ယောက်တွင် အိမ်(၂)အိမ်ရှိ၏ တစ်အိမ်တွင် နေထိုင်ပြီး အခြားတစ်အိမ် လွတ်နေလျှင် ကွရ်ဗာနီ တာဝန်ရှိသည်။ အကယ်၍ လစ်လပ်သည့် အိမ်ဖြင့် ဝင်ငွေ ရှာနေရပါက ကွရ်ဗာနီ တာဝန် မရှိပါ။

♥️ ကား (၂)စီး ရှိသည်။ တစ်စီးက အပိုရှိနေလျှင် ကွရ်ဗာနီ တာဝန်ရှိသည်။ ယင်းကားဖြင့် ဝင်ငွေ ရှာနေရပါက ကွရ်ဗာနီ တာဝန် မရှိပါ။

♥️ လခစား တစ်ဦး၏ လစာဖြင့် လည်ပတ်နေသည်။ အခြား ပစ္စည်းများ မရှိလျှင် ကွရ်ဗာနီ တာဝန် မရှိပါ။

♥️ လယ်မြေရှိသည် ယင်းဖြင့် စားစရိတ် စီမံသည် သို့ဆိုလျှင် ၎င်းအပေါ် ကွရ်ဗာနီတာဝန် မရှိပါ။

♥️ လယ်ထွန်စရာနွား၊ နို့ပေးနွားမ အပြင် အခြားနွား၏ တန်ဖိုးသည် နေစာဗ်သို့ရောက်လျှင် ကွရ်ဗာနီ တာဝန် ရှိသည်။

♥️ အမျိုးသမီး၏ လက်ဝယ်ရှိ မဟရ်သည် နေစာဗ်မျှ ရှိလျှင် ကွရ်ဗာနီ တာဝန် ရှိသည်။

♥️ ပုဂ္ဂိုလ်တစ်ဦးသည် မိမိ ကွရ်ဗာနီ ထမ်းဆောင်သည့် အပြင် မိဘ၊ ဆရာများဘက်မှ၊ ကွရ်ဗာနီ ပြုလျှင် အလွန် အကျိုး ရှိပေမည်။ တမန်တော်မြတ်(ﷺ)၏ ကျေးဇူးတော်များလည်း ရှိသဖြင့် ကိုယ်တော်မြတ် ဘက်မှလည်း ကွရ်ဗာနီ ပြုသင့်သည်။ သို့သော် မိမိအပေါ် တင်ရှိနေသည့် ကွရ်ဗာနီက်ို လုံးဝ မစွန့်ရပေ။

♥️ ကွရ်ဗာနီ သားကောင်ကို ကိုယ်တိုင် ဇဗဟ်ပြုခြင်း မွစ်သဟဗ် ဖြစ်သည်။ ဇဗဟ်မပြုတတ်ခြင်း၊ အခြား အကြောင်းကြောင့် ဇဗဟ် မပြုနိုင်လျှင် အနီးတွင်ရှိက သင့်မြတ် လှပေသည်။

♥️ ကွရ်ဗာနီ၏ နီယသ်ကို ဖတ်ရန်မလို စိတ်ထဲမှ ရည်စူးလျှင်ပင် ဖူလုံသည်။ မပ်စ်နူန်ဒိုအာ ဖတ်ခြင်းမှာ မွစ်သဟဗ်ဖြစ်သည်။

♥️ ကွရ်ဗာနီ တာဝန် ရှိသူက ကွရ်ဗာနီပြုရန် တာဝန် လွှဲနိုင်သည်။ သို့သော် တာဝန်ရှိသူက အမိန့်မပေးဘဲ ကိုယ့်သဘောဖြင့် အခြားတစ်ဦးက ကွရ်ဗာနီ ပြုလိုက်လျှင် တာဝန် မကျေပါ။

♥️ ကွရ်ဗာနီအတွက် သားကောင်ကို ချည်နောင်ထားသည်။ အကြောင်းတစ်ခုကြောင့် ကွရ်ဗာနီ ပြုရမည့် ရက်များတွင် ဇဗဟ် မလုပ်ဖြစ်ပါက ယင်းသားကောင်ကို ဆွဒကဟ် ပြုခြင်းမှာ ဝါဂျစ်ဗ် ဖြစ်သည်။ ဇဗဟ်ပြု၍ အသားစားခြင်း မပိုင်ပါ။

♥️ ပုဂ္ဂိုလ်တစ်ဦးသည် နေစာဗ်ရှင် မဟုတ်ပေ။ သို့သော် စိတ်ဝင်စား မှုကြောင့် ကွရ်ဗာနီသားကောင် ဝယ်ခဲ့လျှင် ယခု ယင်းသားကောင်ကို ကွရ်ဗာနီ ပြုရန် ဝါဂျစ်ဗ် ဖြစ်သည်။

♥️ ကြွယ်ဝသည့် ကလေး/အရူးနှင့် ခရီးသည်များအပေါ် ကွရ်ဗာနီ ဝါဂျစ်ဗ် မဖြစ်ပေ။

{ ကုရ်ဗာနီသားကောင် }

♥️ ဆိတ် (အထီး-အမ)။ သိုး-နွား (အထီး-အမ)။
ကျွဲ (အထီး-အမ)။
ကုလားအုတ် (အထီး-အမ)။ များကိုသာ ခွင့်ပြုသည်။

♥️ နွား၊ ကျွဲတွင် (၇)ဦး အစုစပ် ပါဝင်ခွင့် ရှိသည်။ တစ်ဦးလျှင် ခုနှစ်စုမှ တစ်စု အပြည့် ပါဝင်ရမည်။ ယင်းထက်လျော့ခွင့် မရှိပေ။

♥️ တစ်ဦးက ကွရ်ဗာနီသားကောင် သွားဝယ်သည့်အခါ အခြားသူများ ကိုလည်း အစုပါဝင်စေမည်ဟု နီယသ်ပြုခွင့်ရှိသည်။

♥️ အစုပါဝင်စေလိုပါက ယင်းသူမှာ ကွရ်ဗာနီ တာဝန်ရှိသူ ဖြစ်ပါက ပိုကောင်းသည်။

♥️ ကွရ်ဗာနီ သားကောင် ပျောက်သွား သဖြင့် နောက်တစ်ကောင် ဝယ်လိုက်၏။ မကြာမီ ပထမအကောင် ပြန်တွေ့၏။ သို့ဆိုလျှင် ၎င်းမှာ ကွရ်ဗာနီ တာဝန်ရှိသူ ဖြစ်ပါက တစ်ကောင်တည်း ကုရ်ဗာနီ ပြုရမည်။ တာဝန်မရှိဘဲ ဝယ်ထားခြင်း ဖြစ်ပါက နှစ်ကောင်လုံး ကွရ်ဗာနီ ပြုရပေမည်။

♥️ ဆိတ် တစ်နှစ်သားပြည့်ရန် တစ်ရက်သာ လိုလျှင်လည်း ကွရ်ဗာနီပြုခွင့် မရှိပါ။ တစ်နှစ်ပြည့်မှ ပိုင်သည်။

♥️ ကျွဲ၊ နွား ဆိုပါက (၂နှစ်ပြည့်) ဖြစ်ရမည်။ ၎င်းထက်ငယ်လျှင် မပိုင်ပါ။ ကုလားအုတ် ဆိုပါက (၅)နှစ် ပြည့်ရမည်။

♥️ ဝဖြိုးသောသိုး ၆.လ သားဆိုပေမဲ့ နှစ်ပြည့်သိုးများ အကြား လွှတ်လိုက်လျှင် ဘာမျှ မခွဲခြားနိုင်လျှင် ယင်း.၆.လ သားကို ကွရ်ဗာနီ ပြုခွင့် ရှိသည်။

♥️ မျက်စေ့ ကန်းနေသည်၊ သုံးပုံတစ်ပုံ ၎င်းထက် ပိုပြီး မျက်လုံး အလင်း ကွယ်နေလျှင်၊ နားတစ်ဖက် သုံးပုံတစ်ပုံ ၎င်းထက် ပိုပြီး ပြတ်နေလျှင် ကွရ်ဗာနီ ပြုခွင့်ရှိသည်။

♥️ ခြေကျိုးပြီး တစ်ဖက်ကို မထောက်နိုင်လျှင် မလျှောက်နိုင်လျှင် ကွရ်ဗာနီ မပိုင်။ သုံးဖက် ကောင်းပြီး တစ်ဖက်ကို အနည်းငယ် အားပြု နိုင်ပါက ကွရ်ဗာနီ ပိုင်သည်။ (သားကောင်မှာ အရိုးသာပေါ်သည် အတွင်းသားမရှိ၊ သို့ဆိုလျှင် ကွရ်ဗာနီပြုခွင့် မရှိပါ။ ထိုသို့ မဟုတ်က ကွရ်ဗာနီ ပိုင်သည်။)

♥️ သားကောင် ဝဖြိုးသည်နှင့် အမျှ ပို၍ ကောင်းပါသည်။

♥️ သားကောင်၏ သွားမရှိ၊ သို့မဟုတ် အားလုံး ကျိုးနေပါက ကွရ်ဗာနီ မပိုင်ပါ။ နားသေးငယ်လျှင် အကြောင်းမဟုတ်ပါ၊ မွေးရာပါ နားမရှိလျှင် ကွရ်ဗာနီ မပိုင်ပါ။

♥️ ဦးချိုလည်း မွေးကတည်းက မပါလျှင်၊ ချိုရှိသော်လည်း ကျိုးသွားလျှင် အတွင်းသား ရှိနေပါက ကွရ်ဗာနီ ပိုင်သည်။

♥️ ဝှေးသင်းပြီး သားကောင်ဆိုပါက ပို၍ ကောင်းသည်။

♥️ ဝဲစွဲနေသည်မှာ အပေါ်ယံ ဆိုပါက အကြောင်း မဟုတ်၊ အတွင်းသားထဲ ရောက်ပြီး ပိန်လွန်းက ကွရ်ဗာနီ မပိုင်ပါ။

♥️ ဝယ်ပြီးမှ ကွရ်ဗာနီ မပိုင်သည့် အပြစ် အနာအဆာများ ပေါ်လာလျှင် နေစာဗ်ရှင်ဆိုပါက ကျန်းမာသည့် သားကောင် တစ်ကောင် ထပ်မံ ဝယ်ယူပြီး ကွရ်ဗာနီလုပ်ပါ။ ကွရ်ဗာနီ တာဝန်မရှိသူ ဝယ်ထားပါက ယင်းသားကောင်ကိုသာ ကွရ်ဗာနီပြုရမည်။ သားကောင်ကို လှဲချပြီးမှ တစ်စုံတစ်ရာ အပြစ်မြင် ရလျှင် အကြောင်းမဟုတ်ပါ။

[ ကုရ်ဗာနီ ပြုရမည့် အချိန် ]

♥️ ဇွလ်ဟဂ်ျလ -၁၀ရက် နေ့မှ ၁၂-ရက် နေ့ နေမဝင်မီအထိ ကွရ်ဗာနီ ပြုချိန်ဖြစ်သည်။ အကောင်းဆုံးမှာ ပထမနေ့ ဖြစ်သည်။ ထိုရက်များအတွင်း ကွရ်ဗာနီ မပြုခဲ့လျှင် နောက်ရက်မှာ ကွရ်ဗာနီ ပြုခွင့် မရှိပါ။ သောင်ဗဟ် အစ္စသစ်ဂ်ဖာရ် ပြုရမည်။ သားကောင်၏ တန်ဖိုးကို ဆွဒကဟ် ပြုရမည်။

♥️ မြို့မှာ အီးဒ်မတိုင်ခင် ဇဗဟ်ပြုလျှင် အသားစား သားကောင်သာ ဖြစ်မည်။ ကွရ်ဗာနီ သားကောင် မဖြစ်ပါ။ သို့သော် အီးဒ်နမာဇ် မဖြစ်သည့် ကျေးရွာမှာ အီးဒ်နေ့ နံနက် ဆွဗ်ဟေဆာဒစ်က် အပြီး ကွရ်ဗာနီ ပြုခွင့် ရှိသည်။ အကယ်၍ မြို့သားက ကွရ်ဗာနီ သားကောင်ကို တောသို့ ပို့ထားပါက ဆွဗ်ဟေဆာဒစ်က် ပြီးသည်နှင့် ကွရ်ဗာနီ ပြုခွင့် ရှိသည်။

♥️ ဤသုံးရက်အတွင်း ညအမှောင်၌လည်း ကွရ်ဗာနီ ပြုခွင့် ရှိသည်။ သို့သော် မသင့်တော်ပါ။

♥️ ခရီးသည်,သည် အထက်ပါ သုံးရက်အတွင်း ပြန်ရောက်သည်။ သို့မဟုတ် တစ်နေရာတွင် မုကီမ်နီယသ် ပြုသည်။ ထိုသူမှာ နေစာဗ်ရှင် ဆိုပါက ကွရ်ဗာနီ တာဝန် ရှိသည်။

♥️ ကွရ်ဗာနီ ပြုရန် တာဝန်ရှိသူသည် ကွရ်ဗာနီ မပြုဘဲ (ကွရ်ဗာနီအစား) ငွေကြေးဆွဒကဟ် ပြုလျှင် ကွရ်ဗာနီ အထ,မမြောက်ပေ။ ဂိုနာဂါရ် ဖြစ်မည်။

[ ကွရ်ဗာနီနှင့် စပ်လျဉ်းသည့် ချွတ်ချော်မှုများ ]

♥️ မတတ်စွမ်းနိုင် လျက်နှင့် လူတို့ အမြင်မှာ ကွရ်ဗာနီ မပြုတဲ့ သူပါလားလို့ အထင်အမြင် ခံရမှာဆိုးလို့ ကွရ်ဗာနီ ပြုကြတယ်။ ဤသို့ ပြစားသည့် အမလ်သည် မိမိအပေါ် တင်ရှိသည့် ဝါဂျစ်ဗ် ပျက်ကွက်သည့် အဖြစ်သို့ ရောက်သွားသည်မှာ မသင့်လျော်ပါ။

♥️ အချို့က အသားစားဖို့ နီယသ်ဖြင့် ကွရ်ဗာနီ လုပ်ကြတယ်။ အေဗာဒသ် နီယသ်မရှိလျှင် စဝါဗ် မရပါ။ အခြားသူများ၏ ဝေစုတွင် ဤပုဂ္ဂိုလ် ပါဝင်လျှင် ၎င်းတို့၏ ကွရ်ဗာနီလည်း အထမြောက်မည် မဟုတ်ပါ။

♥️ အိမ်ရှိတစ်ဦးက ကွရ်ဗာနီပြုလျှင် မိသားစု အားလုံးက တာဝန် ကျေသွားပြီဟု ယူဆသည်။ ဒီနှစ်မှာ ဖခင်၊ နောင်နှစ်မှာ မိခင်၊ နောက်တစ်နှစ် သား၊ နောက်တစ်နှစ်က သမီး စသည်ဖြင့် ခွဲဝေထားသည်။ လင်မယား နှစ်ဦးစလုံးအပေါ် ကွရ်ဗာနီ တာဝန်ရှိလျှင် ကွရ်ဗာနီ နှစ်ခု ပေးရမည်။ အားလုံးအတူတူ နေထိုင်သည် ဖြစ်စေ နေစာဗ်ပြည့်ဝလျှင် တစ်ဦးစီ ကွရ်ဗာနီပြုရန် ဝါဂျစ်ဗ် ဖြစ်သည်။

♥️ အချို့က ကွရ်ဗာနီကို တစ်သက်မှာ တစ်ကြိမ် ပြုလုပ်လျှင် ဖူလုံပြီဟု ထင်မှတ် ကြသည်။ ဇကာသ်၊ ဖစ်သရဟ် နှစ်စဉ် တာဝန်ကျသည်နှင့် အမျှ ဇကာသ်၊ ဖစ်သရဟ် ထုတ်ရသလို ကွရ်ဗာနီလည်း နှစ်စဉ် ထမ်းဆောင် ရမည်။

♥️ အစုစပ် .၇.ဦး အနက် တစ်ဦးက ဗေဒီးန် ဖြစ်နေလျှင် ကွရ်ဗာနီ အေဗာဒသ် ပြုရန် နီယသ်မရှိလျှင် မိမိ၏ ကွရ်ဗာနီ ဝေစုလည်း မမှန်ပါ။ ထို့ကြောင့် အစုစပ် ပါဝင်သူများ၏ အခြေအနေကို ကြိုတင် လေ့လာပြီး ဆောင်ရွက် ကြရမည်။

[ ကြရ္ဗာနီအသား ]

♥️ အစုစပ် ပါဝင်သူများအား ဝေငှရာတွင် အထူးသတိပြုပြီး ချိန်တွယ်၍ အညီအမျှ ဖြစ်ရမည်။

♥️ ကွရ်ဗာနီ အသားကို သုံးပုံ ပုံပါ၊ တစ်ပုံက မိမိအတွက်၊ နောက်တစ်ပုံကို သားချင်း မိတ်ဆွေများ အတွက်၊ နောက်တစ်ပုံက မရှိ ဆင်းရဲသားများ အတွက် ဝေငှသည်မှာ အကောင်းဆုံးဖြစ်သည်။ သို့သော် မိသားစုများသာ အားလုံး စားကြ လျှင်လည်း အကြောင်းမဟုတ်ပါ။

♥️ ကွရ်ဗာနီ သားကောင်၏ သားရေကို ကိုယ်လည်း သုံးနိုင်သည်။ အခြားသူ ကိုလည်း လက်ဆောင် ပေးနိုင်၏။ အကယ်၍ ရောင်းလိုက်လျှင် ကိုယ်တိုင် မသုံးရ၊ ကြွယ်ဝသူကိုလည်း ဟဒ်ယဟ် မပေးရ၊ ဆင်းရဲသားကိုသာ ဆွဒကဟ်အဖြစ် လှူ လိုက်ရမည်။

♥️ အချို့အသင်းအဖွဲ့များသည် လူမှု အကျိုးပြုမှု ကိစ္စများတွင်သာ လှူဒါန်းငွေကို သုံးကြသဖြင့် ကွရ်ဗာနီသားရေ ငွေကို ၎င်းတို့အား ပေးပိုင်ခွင့် မရှိပေ။ ဆင်းရဲသားကိုသာ အပိုင်ပေးလိုက် ရမည်။ ၎င်းတို့က စားထိုက်သူကို ပေးရန် တာဝန်ယူသည်ဟု ပြောလျှင် အကြောင်းမဟုတ်။

♥️ ကွရ်ဗာနီ သားကောင်၏ နို့ညှစ်ခြင်း၊ အမွှေးများညှပ်ခြင်း မပိုင်ပေ။ ညစ်. ညှပ်. လိုက်လျှင် ဆွဒကဟ် ပေးရမည်။

♥️ ကွရ်ဗာနီသားကောင်၏ နဖားကြိုး စသည့် ပစ္စည်းများကို လှူလိုက်ရမည်။ သားရေနှင့် အသားကို အဖိုးအခ အနေဖြင့် ပေးပိုင်ခွင့် မရှိပါ။

အင်န်ရှာအလ္လာဟ်ပြန်ဆုံပါဦးမည်။
#.Crd...

Deen For Muslimeen page

နေပြည်တော်က မဲဟာဂျီများစာရင်း
01/06/2023

နေပြည်တော်က မဲဟာဂျီများစာရင်း

Address

Yu Za Na Street
Naypyidaw
15012

Website

Alerts

Be the first to know and let us send you an email when နေပြည်တော် မွတ်စ်လင်မ် အက်ဖ်အမ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

ကျွန်ုပ်တို့၏အကြောင်း

ဤစာမျက်နှာသည် နေပြည်တော်ကောင်စီဒေသအတွင်းရှိ မွတ်စ်လင်မ်များအားလုံးကို အကူအညီပေးရန် ရည်ရွယ်ခြင်း ဖြစ်ပါသည်။

ဤစာမျက်နှာတွင် နေပြည်တော်ဒေသတွင်းမှ အစ္စလာမ်ဘာသာဝင်များအတွက် အကျိုးဖြစ်စေမည့် သတင်းအပါအဝင် အကြောင်းအရာမျိုးစုံကို တင်ပြပေးခြင်းများအား စဉ်ဆက်မပြတ် တင်ဆက်သွားနိုင်ရေးအတွက် စိတ်ပါဝင်စားသူတိုင်းကို လက်တွဲပူးပေါင်းရန် ဖိတ်ခေါ်ပါသည်။

မိမိတို့နေထိုင်ရာ မြို့နယ်၊ ရပ်ကွက်၊ လမ်း၊ ဗလီနှင့်ကျောင်းအသီးသီးမှ မွတ်စ်လင်မ်တို့အကျိုးဖြစ်စေမည့် အကြောင်းအရာများကို သတင်းပေးပို့ရန် မေတ္တာရပ်ခံပါသည်။

သတင်းစည်းကမ်း


Other News & Media Websites in Naypyidaw

Show All