MY Yangon Guide

MY Yangon Guide Yangon Live-style Guide Your complete Guide to explore Yangon.
(113)

MY Yangon is a fresh lifestyle guide and listings which was brought to you by The Yangon Directory.

(၃) ရက်တိုင် ကျင်းပမယ့် ဆင်မကြီးမိုမိုရဲ့ (၇၁) နှစ်ပြည့် မွေးနေ့ပွဲ====================အသက် (၇) နှစ်အရွယ်မှာ တိရစ္ဆာန်ဥယ...
28/10/2024

(၃) ရက်တိုင် ကျင်းပမယ့် ဆင်မကြီးမိုမိုရဲ့ (၇၁) နှစ်ပြည့် မွေးနေ့ပွဲ
====================
အသက် (၇) နှစ်အရွယ်မှာ တိရစ္ဆာန်ဥယျာဉ်ကို စတင် ရောက်ရှိခဲ့ပြီး နှစ်ပေါင်း (၇၁) နှစ်တိုင်တိုင် ကျန်းမာစွာ သက်ရှိထင်ရှားရှိနေသေးတဲ့ ဆင်မကြီး မိုမိုရဲ့ မွေးနေ့ပွဲကို နို၀င်ဘာလ (၁) ရက်မှ (၃) ရက်အထိ ဖျော်ဖြေရေး အစီအစဉ်များနဲ့တကွ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ပွဲအစီအစဉ် အသေးစိတ်ကို ဖတ်ရှုရန်
>> https://myyangon.com.mm/mm/article/elephant-mo-mo-71th-birthday

လမ်းပျောက်နေတဲ့ လူငယ်တွေအတွက် အခမဲ့ သင်တန်းများ
02/07/2024

လမ်းပျောက်နေတဲ့ လူငယ်တွေအတွက် အခမဲ့ သင်တန်းများ

28/06/2024

မြန်မာငွေသိန်း (၁၀၀) တန်တဲ့ Course ကို အခမဲ့တက်ရောက်နိုင်မယ့် အခွင့်အရေး
=============
သင်က Game Development ပိုင်းကို စိတ်ဝင်စားသူလား...?
Programming ကို ဝါသနာပါသူလား...?
Tech Skills ကို တိုးမြှင့်ချင်သူလား...?

ဒီတစ်ခါတော့ Unrealwox Academy မှပေးတဲ့ ဒေါ်လာ (၃) ထောင်ကျော်တန် Course ကို ၁၀၀% အခမဲ့သင်ကြားနိုင်မယ့် Scholarship Program တစ်ခုအကြောင်း မျှဝေပေးချင်ပါတယ်။

အပြည့်အစုံဖတ်ရန်
>> https://www.edge.com.mm/article/game--development-course.html

စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့ ၀တ္ထု (၅၀) စုစည်းမှု===================ဆရာကြီးသည် ၁၉၄၉ ခုနှစ်တွင် ရှုမဝမဂ္ဂဇင်းပါ "ဒ...
10/06/2024

စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့ ၀တ္ထု (၅၀) စုစည်းမှု
===================
ဆရာကြီးသည် ၁၉၄၉ ခုနှစ်တွင် ရှုမဝမဂ္ဂဇင်းပါ "ဒွိဟ" ကဗျာဖြင့် စာပေနယ်ပယ်ထဲကို စတင်ဝင်ရောက်ခဲ့ပါတယ်။ တစ်ဖက်မှာ စာရေးသလို တစ်ဖက်မှာလည်း တက္ကသိုလ်ဆရာအဖြစ်၊ ကျောင်းအုပ်ကြီးအဖြစ်၊ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသေးတယ်။

ဆရာကြီးသည် ၀တ္ထုရှည်/၀တ္ထုတိုတွေကို အဖွဲ့အနွဲ့ကောင်းကောင်းနဲ့ အရေးအသားပြောင်မြောက်အောင် ဖန်တီးနိုင်သလို ဇာတ်ညွှန်း၊ သီချင်းနဲ့ အတွေးအမြင် စာတမ်းတွေကိုလည်း ရေးသားခဲ့ပါတယ်။

ဆရာကြီးဟာ စိတ်ပညာဆိုင်ရာ၊ လူမှုဘဝဆိုင်ရာ၊ အချစ်ဒဿနဆိုင်ရာ ကိုယ်ပိုင်ခံယူချက်၊ အတွေးအခေါ်တွေကို ထည့်သွင်းရေးသားလေ့ရှိတာကြောင့် ဆရာကြီးရဲ့ စာတွေဟာ ယနေ့ထိတိုင် စာပေဝါသနာရှင်တွေကြား ရှင်သန်နေဆဲဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
>> https://myyangon.com.mm/mm/article/tekkatho-phone-naing-books-collection

#တက္ကသိုလ်ဘုန်းနိုင်

Digital Marketing ကို လေ့လာဖို့ အကောင်းဆုံး Free Course များ===================ကိုယ့်လုပ်ငန်းအတွက် Digital Marketing အကြ...
04/06/2024

Digital Marketing ကို လေ့လာဖို့ အကောင်းဆုံး Free Course များ
===================
ကိုယ့်လုပ်ငန်းအတွက် Digital Marketing အကြောင်းကို လေ့လာချင်တာဖြစ်ဖြစ်၊ ကိုယ်က Digital Marketer တစ်ယောက်အနေနဲ့ Career တစ်ခု စချင်တာဖြစ်အဖြစ် အသုံးဝင်တဲ့ Free Course တွေကို မျှဝေပေးသွားပါမယ်။

ကုန်ကျစရိတ်လည်းမရှိသလို အလုပ်အကိုင်လည်း ပျက်စရာမလိုတဲ့ အွန်လိုင်းသန်ခန်းစာလေးတွေဖြစ်တဲ့အတွက် တစ်ရက်ကို တစ်နာရီလောက်အချိန်ပေးပြီး လေ့လာရင်တောင် အကျိုးရှိစေမှာ အသေချာပါ။

အပြည့်အစုံဖတ်ရန်
>> https://myyangon.com.mm/mm/article/free-online-courses-for-digital-marketing

ရန်ကုန်မြို့မှာ ထပ်တိုးသတ်မှတ်လိုက်တဲ့ ရှေးဟောင်းအဆောက်အဦး (၈) ခု========================အာရှတိုက်မှာ နှစ်ပေါင်းရာကျော် ...
31/05/2024

ရန်ကုန်မြို့မှာ ထပ်တိုးသတ်မှတ်လိုက်တဲ့ ရှေးဟောင်းအဆောက်အဦး (၈) ခု
========================
အာရှတိုက်မှာ နှစ်ပေါင်းရာကျော် သက်တမ်းရှိတဲ့ သမိုင်းဝင်ရှေးဟောင်းအဆောက်အဦးကြီးတွေများစွာရှိတဲ့ မြို့ကို ပြပါဆိုရင် ရန်ကုန်မြို့တော်ပါပဲ။ အခုတစ်ခါ ရန်ကုန်မြို့ရှိ သက်တမ်းရင့် အဆောက်အဦး (၈) ခုကို ရှေးဟောင်းအဆောက်အဦးအဖြစ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထိပ်တိုးသတ်မှတ်လိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
>> https://myyangon.com.mm/mm/article/over-100-years-old-buildings-in-yangon

ကိုယ်တိုင် Barista လုပ်ပြီး လက်ရာစမ်းနိုင်မယ့် Copi Cafe’========================Barista ကိုကြီး ဖျော်ပေးတဲ့ ကော်ဖီချည်း...
14/05/2024

ကိုယ်တိုင် Barista လုပ်ပြီး လက်ရာစမ်းနိုင်မယ့် Copi Cafe’
========================
Barista ကိုကြီး ဖျော်ပေးတဲ့ ကော်ဖီချည်းပဲ သောက်နေရတာ ရိုးနေပြီလား? ကိုယ်တိုင် ‌Barista ဝင်လုပ်ပြီး ကိုယ့်လက်ရာကို မြည်းစမ်းကြည့်ချင်လား? ဒါဆိုရင်တော့ ရန်ကုန်မြို့က ကော်ဖီဆိုင်လေးတစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ကော်ဖီချစ်သူတွေတွက် အေးဆေးထိုင်နိုင်မယ့်ဆိုင်လေးဖြစ်တဲ့အပြင် Barista တစ်ယောက်အနေနဲ့ ရပ်တည်ချင်တဲ့သူတွေအတွက်လည်း လက်တွေ့လေ့ကျင့်လို့ရမယ့် နေရာလေးတစ်ခုပါ။

အပြည့်အစုံဖတ်ရန်
>> https://myyangon.com.mm/mm/article/copi-cafe

တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) မှာ ကျင်းပမယ့် Back to School စျေးရောင်းပွဲတော်====================တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) မ...
11/05/2024

တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) မှာ ကျင်းပမယ့် Back to School စျေးရောင်းပွဲတော်
====================
တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) မှာ 𝐇𝐚𝐩𝐩𝐲 𝐌𝐨𝐧𝐬𝐨𝐨𝐧 & 𝐁𝐚𝐜𝐤 𝐭𝐨 𝐒𝐜𝐡𝐨𝐨𝐥 ပွဲတော်ကို မေလ (၁၇) ရက်နေ့ကနေ မေလ (၁၉) ရက်နေ့အထိ (၃) ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ပွဲအစီအစဉ်အရ စျေးရောင်းပွဲတော်အပြင် ....

အပြည့်အစုံဖတ်ရန်
>> https://myyangon.com.mm/mm/article/happy-monsoon-and-back-to-school-at-yangon-zoo

Tech ပိုင်းကို မြန်မာလို လေ့လာနိုင်မယ့် YouTube Channel အခု (၂၀)
10/05/2024

Tech ပိုင်းကို မြန်မာလို လေ့လာနိုင်မယ့် YouTube Channel အခု (၂၀)

IT ပိုင်းကို စိတ်ဝင်စားသူတွေအတွက် မြန်မာလို လေ့လာနိုင်မယ့် YouTube Channel များ
=====================
နည်းပညာပိုင်းကို စိတ်ဝင်စားတဲ့သူတွေ၊ နည်းပညာနယ်ပယ်မှာ အလုပ်လုပ်ကိုင်နေတဲ့သူတွေအတွက် အိမ်မှာနေရင်း လေ့လာလို့ရမယ့် Tech Channel လေးတွေကို စုစည်းဖော်ပြပေးချင်ပါတယ်။ Programming၊ Web Development၊ Coding၊ Networking၊ UI/UX နဲ့ တခြားနည်းပညာဘာသာရပ်တွေကို ပိုက်ဆံလည်းမကုန်၊ သင်တန်းလည်း သွားတက်စရာမလိုဘဲ အခြေခံကစပြီး မြန်မာလို သင်ယူနိုင်မှာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
>> https://www.edge.com.mm/article/it-youtube-channel.html

ပြင်ဦးလွင်ကို ခရီးထွက်ဖို့ရှိသူတွေအတွက် သတင်းကောင်း================တောင်ပုလဆရာတော်မှ ဦးစီးပြီး ဒူရင်းသီးစတုဒီသာပွဲကို ပြ...
09/05/2024

ပြင်ဦးလွင်ကို ခရီးထွက်ဖို့ရှိသူတွေအတွက် သတင်းကောင်း
================
တောင်ပုလဆရာတော်မှ ဦးစီးပြီး ဒူရင်းသီးစတုဒီသာပွဲကို ပြင်ဦးလွင်မြို့၊ ပိတ်ချင်းမြှောင်လိုဏ်ဂူအနီး၊ တောင်ပုလစေတီတော်တွင် ကျင်းပသွားဖို့ရှိကြောင်း သိရပါတယ်။ ဒူးရင်းသီးလှိုင်လှိုင်ပေါတဲ့ ဒီရာသီမှာ ဘုရားဖူးသွားရောက်သူတွေအနေနဲ့ ဒူးရင်းသီး အ၀စားနိုင်ဖို့ ဒူးရင်းသီး အလုံးရေ (၃၀၀၀) ကျော်ကို ကျွေးမွေးလှူဒါန်းသွားမှာ ဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
>> https://myyangon.com.mm/mm/article/durian-satuditha-festival-in-pyin-oo-lwin

ထိပ်တန်းကုမ္ပဏီ (၆၅) ခု ပါဝင်မယ့် မြန်မာနိုင်ငံရဲ့ အကြီးဆုံး အလုပ်အကိုင်ပြပွဲကြီး=========================JobNet Myanmar...
09/05/2024

ထိပ်တန်းကုမ္ပဏီ (၆၅) ခု ပါဝင်မယ့် မြန်မာနိုင်ငံရဲ့ အကြီးဆုံး အလုပ်အကိုင်ပြပွဲကြီး
=========================
JobNet Myanmar မှ မြန်မာနိုင်ငံရဲ့ အကြီးဆုံး အလုပ်အကိုင်ပြပွဲကြီး JobNATION 2024 ကို လာမယ့် မေလ (၁၈) ရက်နေ့၊ စနေနေ့မှာ နိုဗိုတယ်ဟိုတယ်တွင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ကိုယ်ဝါသနာပါတဲ့ Career တစ်ခုကို ရွေးချယ်အစပြုချင်တယ်ဆိုရင် ဒါမှမဟုတ် အခွင့်အလမ်းပိုရမယ့် အလုပ်အကိုင်အသစ်ကို ရှာဖွေချင်တယ်ဆိုရင် သွားကိုသွားသင့်တဲ့ ပွဲတစ်ခုပါ။

>> https://myyangon.com.mm/mm/article/jobnation-2024

Uno Flip ထက် ပိုကြမ်းမယ့် Uno No Mercy ဆော့နည်း============လတ်တလော အွန်လိုင်းပေါ်မှာ မိတ်ပျက်ဆွေပျက် ဆော့လို့ရပြီဆိုတဲ့ ...
08/05/2024

Uno Flip ထက် ပိုကြမ်းမယ့် Uno No Mercy ဆော့နည်း
============
လတ်တလော အွန်လိုင်းပေါ်မှာ မိတ်ပျက်ဆွေပျက် ဆော့လို့ရပြီဆိုတဲ့ Uno ရဲ့ Version အသစ်လေးက လူငယ်တွေကြား စိတ်ဝင်စားမှုများနေတာမို့ ကစားနည်းနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာအချက်တချို့ကို သိသလောက်လေး မျှဝေပေးချင်ပါတယ်။ ဘေးက ကိုယ့်သူငယ်ချင်းကို +4 နဲ့ ဒုက္ခပေးရတာ အားမရဘူးဆိုရင် +10 ထိ ဆွဲခိုင်းလို့ရတဲ့ ဒီဂိမ်းလေးကိုသာ ဆော့ကြည့်လိုက်ပါ။ Uno No Mercy က Uno Flip နဲ့ မတူဘဲ ပိုပြီး ညစ်လို့ကောင်းတဲ့ Card အသစ်လေးတွေ ပါလာပါတယ်။ ဘယ်လို Card အသစ်တွေ ပါလဲဆိုတာကိုတော့ အောက်မှာဆက်ဖတ်ကြည့်လိုက်နော်။

ကိုယ်အတူ ဆော့ချင်တဲ့ သူငယ်ချင်းတွေ ရှိရင်လည်း Mention ခဲ့ကြနော်။

အပြည့်အစုံဖတ်ရန်
>> https://myyangon.com.mm/mm/article/uno-no-mercy

ရန်ကုန်မြို့မှာ အပူရှောင်ချင်တဲ့သူတွေအတွက် ရေကူးကန် တွဲပါတဲ့ ဟိုတယ်များ=======================ရာသီဥတုက တစ်နေ့ထက်တစ်နေ့ ပ...
07/05/2024

ရန်ကုန်မြို့မှာ အပူရှောင်ချင်တဲ့သူတွေအတွက် ရေကူးကန် တွဲပါတဲ့ ဟိုတယ်များ
=======================
ရာသီဥတုက တစ်နေ့ထက်တစ်နေ့ ပိုပြီး ပူလာနေတာဆိုတော့ အပူရှောင်ဖို့ အကောင်းဆုံးနေရာကို ပြောရမယ်ဆိုရင် အဲကွန်းအခန်းလေးထဲမှာ ဇိမ်နဲ့ နှပ်လို့ရတဲ့ ဟိုတယ်တွေပါပဲ။ ဒါကြောင့် မိသားစုနဲ့အတူ အေးအေးဆေးဆေး အနားယူချင်တယ်၊ ပျော်ပျော်ပါးပါး ရေလည်းကူးချင်တယ်ဆိုရင် အခုပြောပြပေးသွားမယ့် ဟိုတယ်တွေကို ရွေးချယ်နိုင်ပါတယ်။

အပြည့်အစုံဖတ်ရန်
>> https://myyangon.com.mm/mm/article/yangon-hotels-with-swimming-pools

သင်္ကြန်ရုံးပိတ်ရက် ပြေးဆွဲ/ရပ်နားမည့် YBS ယာဉ်လိုင်းများ=====================မြန်မာ့နှစ်ကူးသင်္ကြန်ရုံးပိတ်ရက်ကာလ (၁၃.၄...
10/04/2024

သင်္ကြန်ရုံးပိတ်ရက် ပြေးဆွဲ/ရပ်နားမည့် YBS ယာဉ်လိုင်းများ
=====================
မြန်မာ့နှစ်ကူးသင်္ကြန်ရုံးပိတ်ရက်ကာလ (၁၃.၄ ၂၀၂၄) မှ (၁၆.၄.၂၀၂၄) ထိ YBS 2/ 3/ 4/ 7/ 8/ 10/ 11/ 12/ 13/ 14/ 15/ 17/ 20/ 21/ 24/ 25/ 26/ 28/ 29/ 30/ 32/ 34/ 36/ 38/ 39/ 43/ 55/ 56/ 57/ 60/ 58/ 59/ 62/ 63/ 64/ 70(MINI BUS)/ 72/ 78/ 82/ 83/ 85/ 88/ 93/ 94/ 95/ 96/ 97/ 98/ 99/ 100/ 104/ 105/ 106/ 107/ 108/ 109/ 110/ 112/ 113/ 114/ 115/ 116/ 117/ 118/ 123/ 124/ 128/ 132/ 134/ 140/ 141/ 145 ယာဥ်လိုင်းများ ယာဥ်ပြေးဆွဲမှု ရပ်နားထားမည်ဖြစ်​သည်။

(၁၃.၄ ၂၀၂၄) မှ (၁၇.၄.၂၀၂၄) ထိ YBS 32/ 78/ 93/ 94 ယာဥ်လိုင်းများ
ယာဥ်ပြေးဆွဲမှုရပ်နားထားမည်ဖြစ်သည်။

သင်္ကြန်အတွင်း YBS 1/ 5/ 6/ 9/ 16/ 19/ 22/ 23/ 27/ 31/ 33/ 37/ 40/ 41/ 44/ 45/ 46/ 66/ 67/ 70/ 71/ 74/ 76/ 77/ 79/ 81/ 86/ 87/ 89/ 90/ 91/ 92/ 95/ 103/ 119/ 120/ 123/ 126/ 129/ 130/ 142/ 143 ယာဥ်လိုင်းများ ပုံမှန်​အတိုင်း ပြေးဆွဲ​ပေးမည်ဖြစ်သည်။

(၁၃.၄ ၂၀၂၄) မှ (၁၆.၄.၂၀၂၄) ထိ ပြည်စံသူကုမ္ပဏီလက်​အောက်ရှိ
YBS 84/ 111/ 133/ 134/ 135/ 136/ 138/ 139/ 144 ယာဥ်လိုင်းများ၊ ​ရွှေပြည်သာသားကုမ္ပဏီလက်​အောက်ရှိ YBS 42/ 65 ယာဥ်လိုင်းများ၊ ​ခေတ်သစ်ဘုရင့်​နောင်ကုမ္ပဏီလက်​အောက်ရှိ YBS 35/ 52/ 53/ 61/ 68/ 69/ 75/ 131/ 137 ယာဥ်လိုင်းများ ရပ်နားထားခြင်းမရှိဘဲ ပုံမှန်အတိုင်းပြေးဆွဲ​ပေးသွားမည်ဖြစ်​ကြောင်းအသိ​ပေးအပ်ပါသည်။

YBS 34 နှင့် 140 သည် သင်္ကြန်အကြို​​​နေ့တစ်ရက်သာ​ ပြေးဆွဲ​ပေးမည်ဖြစ်ပြီး YBS 85 နှင့် 132 ယာဥ်လိုင်းသည် ယာဥ်​လိုင်းရုံးပိတ်မည်ဖြစ်ပြီး ယာဥ်​မောင်းတချို့သာ ထွက်မည်ဟု သိရှိရပါသည်။

Source - YBS လမ်းညွှန်

သင်္ကြန်ပိတ်ရက်မှာ စိတ်ကြိုက်ခုန်ပေါက်ကစားလို့ရမယ့် Bounce Space =============================သင်္ကြန်ပိတ်ရက်မှာ အပြင်လည...
03/04/2024

သင်္ကြန်ပိတ်ရက်မှာ စိတ်ကြိုက်ခုန်ပေါက်ကစားလို့ရမယ့် Bounce Space
=============================
သင်္ကြန်ပိတ်ရက်မှာ အပြင်လည်းထွက်မလည်ချင်ဘူး၊ အိမ်ထဲမှာလည်း အောင်းမနေချင်ဘူးဆို ဖွင့်ထားတာ (၅) ရက်လောက်ပဲရှိသေးတဲ့ ကလေးလူကြီးမရွေး စိတ်ကြိုက်ခုန်ပေါက် ကစားလို့ရတဲ့ Bounce Space ဆိုတဲ့ Indoor Playground ကို ခေတ်မီအောင် သွားကြည့်ကြည့်ပါ။

အပြည့်အစုံဖတ်ရန်
>> https://myyangon.com.mm/mm/article/bounce-space-indoor-playground

သင်္ကြန်ကာလအတွင်း ပြေးဆွဲ/ရပ်နားမည့် ရထားခရီးစဉ်များ===============လာမည့် ၂၀၂၄ ခုနှစ် သင်္ကြန်ကာလအတွင်း ပြေးဆွဲမည့် ရထား...
03/04/2024

သင်္ကြန်ကာလအတွင်း ပြေးဆွဲ/ရပ်နားမည့် ရထားခရီးစဉ်များ
===============
လာမည့် ၂၀၂၄ ခုနှစ် သင်္ကြန်ကာလအတွင်း ပြေးဆွဲမည့် ရထားခရီးစဉ်နှင့် ရပ်နားမည့် ရထားခရီးစဉ်များကို မြန်မာ့မီးရထားမှ အသိပေးထုတ်ပြန်ထားသည်။

အပြည့်အစုံဖတ်ရန်
>> https://myyangon.com.mm/mm/article/myanmar-train-schedules-in-thingyan

25/03/2024
နွေရာသီမှာ Aircon မလိုဘဲ နေအိမ်ကို အေးအောင် ပြုလုပ်နည်း (၁၂) နည်း================================ပူပြင်းတဲ့ လတွေမှာ အပူဒ...
21/03/2024

နွေရာသီမှာ Aircon မလိုဘဲ နေအိမ်ကို အေးအောင် ပြုလုပ်နည်း (၁၂) နည်း
================================
ပူပြင်းတဲ့ လတွေမှာ အပူဒဏ်ကို ခံနိုင်ဖို့ လေအေးပေးစက်ဖွင့်တာ၊ ပန်ကာရှေ့တွင် နေတာတို့ ပြုလုပ်လေ့ရှိကြပါတယ်။

ဒါပေမဲ့ ဒါတွေဟာ အေးမြစေတဲ့ တစ်ခုတည်းသော နည်းလမ်းတွေ မဟုတ်ပါဘူး။ မီတာခကုန်ကျခြင်း မရှိဘဲ နေအိမ်ကို အပူဒဏ်မှ ကာကွယ်နိုင်တဲ့ နည်းလမ်းများစွာလည်း ရှိသေးသလို အလွယ်တကူ ကိုယ်တိုင်လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေလည်း ဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
>> https://www.buildersguide.com.mm/article/how-to-cool-your-home-in-the-summer-without-air-con.html?

Address

Naypyidaw

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 16:00

Telephone

+959796600535

Alerts

Be the first to know and let us send you an email when MY Yangon Guide posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MY Yangon Guide:

Share

Our Story

MY Yangon is a guide on how to experience Yangon city at its best. As a sister publication to the Yangon Directory, part of the Myanmar Marketing Research & Development Group, we know Yangon and its businesses better than anyone. Please see the following for more information about our products and services: Yangon Directory website: www.yangondirectory.com and page https://www.facebook.com/TheYangondirectory And MY Yangon Guide's Twitter page https://twitter.com/MYYangon

Nearby media companies


Other News & Media Websites in Naypyidaw

Show All