24/11/2020
ပျော်ဘွယ်မြို့ခံများ၏ သံပုံးတီးလုပ်ရပ် နိုင်ငံရေးထိုးနှက်ချက်ဟု ပြည်ခိုင်ဖြိုးစွပ်စွဲ
By ဉာဏ်လှိုင်လင်း၊ မင်းမင်း/Myanmar Now on Tuesday, November 24, 2020 - 05:30
ရွေးကောက်ပွဲရလဒ်ကို မကျေနပ်သဖြင့် ပြည်ခိုင်ဖြိုးပါတီက ပျော်ဘွယ်မြို့တွင် နိုဝင်ဘာ ၂၁ ရက်က ဆန္ဒဖော်ထုတ်ခဲ့စဉ် (ဓာတ်ပုံ - ဦးသောင်းအေး/ fb)
ရွေးကောက်ပွဲရလဒ်ကို မကျေနပ်သဖြင့် ပြည်ခိုင်ဖြိုးပါတီက ဆန္ဒဖော်ထုတ်ပြီးနောက် ပျော်ဘွယ်မြို့တွင် သရဲ၊ တစ္ဆေအစိမ်းများ ထွက်စေရမည်ဟု ပြောဆိုလှုံ့ဆော်မှုများရှိနေသည်ဟု ပြည်ခိုင်ဖြိုးပါတီဘက်ကဆိုသော်လည်း ရိုးရာဓလေ့အရ သံပုံးတီးပြီး မကောင်းဆိုးဝါး နှင့် ကပ်ထုတ်ခြင်းသာဖြစ်ကြောင်း မြို့ခံအချို့က ဆိုသည်။
ပျော်ဘွယ်မြို့တွင် ရွေးကောက်ပွဲရလဒ်ကို မကျေနပ်၍ ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများ ဆန္ဒဖော်ထုတ်ခဲ့သည်ကို မြို့ပေါ်ရပ်ကွက် များတွင် သံပုံးတီးသည့်လုပ်ရပ်မှာ ပြဿနာဖန်တီးခြင်းဖြစ်၍ အရေးယူရန် စီစဉ်နေသည်ဟု ပျော်ဘွယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးအောင်နိုင်ညွန့်က Myanmar Now ကို ပြောသည်။
Politics | ပြည်နယ်အစိုးရသစ်ဖွဲ့စည်းရာတွင် တိုင်းရင်းသားများကို ယခင်ထက် နေရာပိုပေးမည်ဟု ယူဆရကြောင်း တိုင်းရင်းသားပါတီအချို့ခန့်မှန်း
Advertorial | မြန်မာနိုင်ငံဈေးကွက်သို့ GEELY Brand စတင်ဝင်ရောက်
‘‘သူတို့ပြောတာကတော့ ကိုဗစ်ရောဂါကို ထုတ်တယ်ပေါ့။တကယ်တမ်း သူတို့ (NLD ဝန်းရံ သူ) ရေးနေတာကကျတော့ ဖုတ်တွေ၊ သရဲတွေ၊ တစ္ဆေတွေထွက် အောင် လုပ်တယ်ပေါ့။ အစိမ်းတွေထွက်အောင် လုပ်တယ်ပေါ့’’ ဟု ၎င်းက ဆိုသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်အပေါ် အယုံအကြည်မရှိကြောင်း ပြည်ခိုင်ဖြိုးပါတီဝန်းရံ သူများက ဆန္ဒဖော်ထုတ်ခဲ့သည့် နိုဝင်ဘာ ၂၁ ရက် ညပိုင်းတွင် ပျော်ဘွယ်မြို့ပေါ် ရပ်ကွက်များ၌ သံပုံးတီးခဲ့ခြင်းဖြစ်ပြီး သုံးညတိုင် တိုင် ဆောင်ရွက်မည်ဟု ကြားသိရသည်ဟုလည်း ဦးအောင်နိုင်ညွန့် က ပြောသည်။
ပြည်ခိုင်ဖြိုးပါတီဝန်းရံသူ များ ဆန္ဒဖော်ထုတ်ပြီး ညပိုင်းတွင် ပြည်ခိုင်ဖြိုးပါတီ၏ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေး နေအိမ်ရှေ့ လမ်းမပေါ်တွင် မော်တော်ဆိုင် ကယ်များဖြင့် သံပုံးတီးကာ အော် ဟစ်ဖြတ်သန်းခဲ့သဖြင့် ရဲတပ်ဖွဲ့ က လုံခြုံရေးယူပေးခဲ့ရသည်ဟု လည်း ၎င်းက ပြောသည်။
‘‘အမှုဖွင့်ဖို့တော့ စီစဉ်နေတယ်။ အဓိကခေါင်းဆောင်တဲ့လူ ကိုလိုက်ပြီးစုံစမ်းနေတယ်။ ခေါင်း ဆောင်ဆိုတဲ့အနေအထားကို ဦး တည်ပြီး (အမှု)ဖွင့်မှ အဆင်ပြေမှာလေ။ အဓိကကတော့ပြဿနာ ဖြစ်အောင် လှုံ့ဆော်တဲ့လူပေါ့။ အဲဒါကို လိုက်ရှာနေတယ်’’ဟု ဦးအောင်နိုင်ညွန့်ကပြောသည်။
ရပ်ကွက်ကိုးခုရှိသည့် ပျော်ဘွယ်မြို့တွင် ထိုသို့သံပုံးတီးခြင်းအပေါ် ယင်းမြို့နယ်ရှိ ကျေးရွာ များမှ ပြည်ခိုင်ဖြိုးထောက်ခံသူ များက ကျေနပ်မှုမရှိသဖြင့် စိတ်လိုက်မာန်ပါ မဖြစ်စေရန် တားမြစ်နေရသည်ဟုလည်း ၎င်းက ဆို သည်။
‘‘ဦးသောင်းအေးအိမ် ဝိုင်းခံရတယ်ဆိုပြီး မဟုတ်မမှန် သတင်းဖြန့်နေသူ တွေ ရှိနေတာပေါ့လေ။ တကယ်ဖြစ်တယ်ထင်ပြီး ရွာတွေကနေ တက်လာတဲ့သူတွေများ တယ်။ လာတဲ့သူတွေကို ကျွန်တော်တို့ကတော့ ပြန်ပြန်လွှတ် တာပဲ’’ဟု ဦးအောင်နိုင်ညွန့်က ဆိုသည်။
ပျော်ဘွယ်မြို့ပေါ်တွင် ထိုသို့သောကိစ္စများ ပေါ်ပေါက်နေခြင်းမှာ မှန်ကန်ကြောင်း ရမည်းသင်း ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ တာဝန်ခံ ဦးအေးသိန်း က Myanmar Now ကို အတည်ပြုသည်။
‘‘ဦးသောင်းအေးက ရဲတပ်ဖွဲ့ကို ချက်ချင်းခေါ်တယ်လို့ ကြားတယ်။ ရဲကားနှစ်စီးရောက်လာ တယ်။ ဆိုင်ကယ်သမားတွေက သူ့ဟာသူတီး ထွက်သွားပြီး ထပ်မလာတော့ ရဲလည်းပြန်သွားပါ တယ်။ မနေ့ည (နိုဝင်ဘာ ၂၂ ရက်) ကလည်း မြို့သစ်ဘက်မှာ သံပုံးတီးကြတာကို ရဲက ချက်ချင်းလာတားတယ်’’ဟု ၎င်းကဆို သည်။
ထိုသို့ သံပုံးတီးသည့်ကိစ္စမှာ ရပ်ရွာဓလေ့သာဖြစ်၍ တားမြစ်ခံရမှုအပေါ် ဒေသခံတို့က မကျေမနပ်ပြောဆိုနေကြ၍ လိုက်လံနှစ် သိမ့်နေရကြောင်းလည်း ဦးအေး သိန်းက ပြောသည်။
ပြည်ခိုင်ဖြိုးပါတီ၏ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် ဦးသောင်းအေး၏ မဲဆန္ဒနယ်ဖြစ် သည့် ပျော်ဘွယ်မြို့တွင် နိုဝင်ဘာ၂၁ ရက်ကစ၍ နှစ်ညဆက် သံပုံးတီးခဲ့ကြပြီး နိုင်ငံရေးအရောင်အသွေးအရ ပြုလုပ်ခြင်းမဟုတ်ဟု မြို့ခံတချို့က ဆိုသည်။
‘‘ဒီနေ့ညလည်း နောက်ဆုံး အဖြစ် ဆက်တီးဦးမှာပါ။ ပျော်ဘွယ်မြို့ရဲ့ရိုးရာပါ။ ကပ်ဆိုးကျ ရောက်တယ်ဆိုပြီးတော့မှ သံပုံး တီးပြီး ကပ်ထုတ်တာလေ’’ဟု မြို့သစ်ရပ်ကွက်နေ မအိအိချိုက ပြောသည်။
ရှမ်းပွဲရပ်ကွက်နေ ကိုသတိုး ဆွေကလည်း ပျော်ဘွယ်မြို့တွင် နှစ်စဉ်သြင်္ကန်ကာလအပြီးတွင် မကောင်းဆိုးဝါးနှင်ထုတ်သည့် ဓလေ့ရှိပြီး ယခုကိစ္စမှာလည်း အစဉ်အလာအရ ဆောင်ရွက်ခြင်း သာဖြစ်ကြောင်း ပြောသည်။
‘‘ရပ်ကွက်ထဲမှာက ဘယ်လိုဖြစ်လာလဲဆိုတော့ မဲကိစ္စ (ရွေးကောက်ပွဲ)နဲ့ပတ်သက်ပြီး မနိုင်ဘဲတွယ်ကပ်နေတာ အဲဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီး တစ်ခါတည်း သံပုံးတီးပြီးထုတ်တယ်။ အဲဒီလိုပုံစံ မျိုး မြင်သွားလားမသိဘူး’’ ဟု ကိုသတိုးဆွေက ဆိုသည်။
ပျော်ဘွယ်မြို့နယ်စခန်းမှူး ဒုရဲမှူးဘိုဘိုကလည်း သာမန်မိရိုးဖလာကိစ္စသာဖြစ်ပြီး ထူးထူးခြား ခြား ထိန်းသိမ်းဆောင်ရွက်ခဲ့ရ သည့်အခြေအနေ မဟုတ် ကြောင်း ပြောသည်။
‘‘ဘာမှမဖြစ်ပါဘူး။ ဘာမှ မဖြစ်ပါဘူး။ ဘာမှမရှိပါဘူး။ ဘာမှ မထူးခြားပါဘူးဗျ။ မိရိုး ဖလာ သူ့ဘာသာ အစဉ်အလာ အရ လုပ်တယ်လို့ပဲ သိရပါတယ်ဗျ။ ကပ်ရောဂါကို မောင်းထုတ် တယ်။ နှင်ထုတ်တယ်ဆိုတဲ့ ကျေးရွာတွေမှာ လုပ်လေ့ရှိတဲ့ ဓလေ့ပါပဲခင်ဗျ’’ဟု စခန်းမှူးက ဆိုသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ပျော်ဘွယ်မဲဆန္ဒနယ်ရှိ လွှတ် တော်သုံးရပ်လုံးတွင် ပြည်ခိုင်ဖြိုး ပါတီကိုယ်စားလှယ်လောင်းများ က ပျမ်းမျှ မဲအရေအတွက် ၁၅,၀၀၀ ကျော်စီဖြင့် ရှုံးနိမ့်ထား သည်။
၂၀၂၀ ရွေးကောက်ပွဲရလဒ်မှာ ဝေဖန်ထောက်ပြစရာများရှိနေ ပြီး တရားမဲ့ပြုကျင့်မှုများကို သက်သေအထောက်အထားများ စု ဆောင်းနေကြောင်း ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ကိုယ်စား လှယ်လောင်းကို အနိုင်ရဖူးပြီးယခုရွေးကောက်ပွဲတွင်မူ အရှုံးပေးခဲ့ရသည့် ဒုတိယဗိုလ်ချုပ်ကြီး ဟောင်း ဦးသောင်းအေးက ပျော်ဘွယ်မြို့တွင် နိုဝင်ဘာ ၁၈ ရက်က ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲတွင် ပြောကြားထားသည်။
ထို့အပြင် ပျော်ဘွယ်မြို့၌ ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲတစ်ခုကို နိုဝင်ဘာ ၂၁ ရက်တွင် ပြည်ခိုင် ဖြိုးပါတီက ဦးဆောင်ပြုလုပ်ခဲ့ရာ ‘‘တရားမဲ့မှုအတွက် ပြည်သူတွေ ရဲ့ ကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲကို လုံခြုံရေးအပြည့်အဝ ဆောင်ရွက်ပေးခဲ့ကြသော ပြည်သူ့ရဲတပ်ဖွဲ့ အား ကျေးဇူးအထူးတင်ပါသည်’’ ဟု ပျော်ဘွယ်အမတ် ဦးသောင်း အေးက ၎င်း၏ ‘မျိုးချစ်မောင်’ အမည်ရ Facebook တွင် ရေး သားထားသည်။
Local News | ဖေ့စ်ဘွတ်ခ်တစ်ခွင် ( နိုဝင်ဘာ ၂၃−ရက်)
Local News | ဗီယက်နမ်ဆီးဂိမ်းအတွက် မြန်မာဘိလိယက်အဖွဲ့ ၂၀၂၁ နှစ်ဆန်း၌ လူရွေးပွဲကျင်းပမည်
Write a comment
စာဖတ်သူမှတ်ချက်များ
Trending News
အမေရိကန်ပြည်သူအချို့ ဒီဇင်ဘာတွင် ကာကွယ်ဆေးထိုးနှံနိုင်ဖွယ်ရှိ
7 hours ago|World News
ဒီချုပ်အမတ် လုပ်ကြံခံရမှု ရွေးကော်၏ဆောင်ရွက်ချက်အပေါ် မကျေနပ်မှုကစသည်ဟု NDF ဆို
3 hours ago|Politics
ဒီချုပ်အမတ်လောင်းသုံးဦးကို AA ပြန်မလွှတ်ပါက ရခိုင်တွင် ရွေးကောက်ပွဲဖြစ်ရေးခက်နိုင်ဟု MIPS တာဝန်ရှိသူပြော
6 hours ago|Local News
အသက်အရွယ်ကြီးသူ ပိုများလာခြင်းနှင့်ပတ်သက်၍ တရုတ်က မူဝါဒသစ်များ ချမှတ်ရန်စီစဉ်နေ
7 hours ago|World News
ဖေ့စ်ဘွတ်ခ်တစ်ခွင် ( နိုဝင်ဘာ ၂၃−ရက်)
7 hours ago|Local News
More in Politics section
ဒီချုပ်အမတ် လုပ်ကြံခံရမှု ရွေးကော်၏ဆောင်ရွက်ချက်အပေါ် မကျေနပ်မှုကစသည်ဟု NDF ဆို
3 hours ago|Politics
အနိုင်ရ ဒီချုပ်လွှတ်တော်ကိုယ်စားလှယ် လုပ်ကြံသတ်ဖြတ်ခံရမှုကို အီးယူနှင့်ဗြိတိန် အပြင်းအထန်ရှုတ်ချ
3 hours ago|Politics
အပစ်ရပ်ဆယ်ဖွဲ့နှင့် ဆွေးနွေးပွဲ ဒီဇင်ဘာလဆန်း၌ ပြုလုပ်နိုင်ရန် မျှော်လင့်ဟု ငြိမ်းချမ်းရေးကော်မရှင် အကြံပေးပြော
a day ago|Politics
ပြည်နယ်အစိုးရသစ်ဖွဲ့စည်းရာတွင် တိုင်းရင်းသားများကို ယခင်ထက် နေရာပိုပေးမည်ဟု ယူဆရကြောင်း တိုင်းရင်းသားပါတီအချို့ခန့်မှန်း
a day ago|Politics
ရခိုင်ပါတီများ၏ ရွေးကောက်ပွဲ၌ အနိုင်ရရှိမှုအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း ALD ပါတီ ထုတ်ပြန်
3 days ago|Politics
Privacy Policy Contact Us