နေပြည်တော်ဟစ်တိုင်သတင်းမဏ္ဍိုင်

  • Home
  • Myanmar
  • Naypyidaw
  • နေပြည်တော်ဟစ်တိုင်သတင်းမဏ္ဍိုင်
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင်ငွေကျပ် ၁ ဒဿမ ၄ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ပြောင်း မူးယစ်ဆေးဝါးများ ဖမ်းဆီး...
26/01/2025

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင်
ငွေကျပ် ၁ ဒဿမ ၄ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ပြောင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
=============================
ဇန်နဝါရီလ ၂၆ ရက်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် သတင်းအရ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁) ရပ်ကွက်၊ ၆၈ လမ်း၊ ၄၀ x ၄၁ လမ်းကြားရှိ ဖူရီဟွ(၃၁)နှစ်၊ (ဘ)ဦးဖာချင်း ၏ နေအိမ်ကိုရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းမှ စိတ်ပြောင်းဆေးဝါး Happy Water ၃ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက် စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ ညနေ ၅ နာရီအချိန် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁) ရပ်ကွက်၊ ၄၂ လမ်းနှင့် ၆၇(A)လမ်းထောင့်ရှိ နေအိမ်တွင် မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချသူ ဖူရှီးရံ(ခ)အားရှုန်း(၂၈)နှစ်၊ (ဘ)ဦးဖူဖာမို အား ကက်တမင်း ၃ ဒသမ ၆ ကီလို၊ Happy Water ၈ ဒသမ ၆၃၅ ကီလို၊ အက်တက်စီဆေးပြား ၄၀ ပြား၊ Happy-5 ဆေးပြား ၁၅၀ ပြား၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၈၀ ပြား၊ အိုက်စ်(မက်သ်အဖက်တမင်း) ၅ ဂရမ်တို့နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့၍ မန္တလေးမြို့ပေါ်ရှိ KTV၊ BAR၊ CLUB နှင့် ENTERTAINMENT များတွင် ဖြန့်ဖြူးရောင်းချမည့် စုစုပေါင်းဒေသကာလတန်ဖိုး ငွေကျပ် ၁ ဒသမ ၄ ဘီလီယံကျော်တန်ဖိုးရှိ Happy Water ၁၁ ဒသမ ၆၃၅ ကီလို၊ ကက်တမင်း ၃ ဒသမ ၆ ကီလို၊ အက်တက်စီဆေးပြား ၄၀ ပြား၊ Happy-5 ဆေးပြား ၁၅၀ ပြား၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၈၀ ပြားနှင့် အိုက်စ်(မက်သ်အဖက်တမင်း) ၅ ဂရမ်တို့ကို ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိပါသည်။(crd)

နေပြည်တော်ဟစ်တိုင်သတင်းမဏ္ဍိုင်🇲🇲🎥✍️

 #ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများထုတ်ပြန်ကြေညာ=============================ဇန်နဝါရီ ၂၄ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိ...
24/01/2025

#ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများထုတ်ပြန်ကြေညာ
=============================
ဇန်နဝါရီ ၂၄

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၃ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၅)ဖြင့် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများကို ထုတ်ပြန်ကြေညာလိုက်သည်။

အဆိုပါနည်းဥပဒေများတွင် အခန်း(၁၀)ခန်း၊နည်းဥပဒေအပိုဒ်ပေါင်း (၅၉) ပိုဒ်၊နောက်ဆက်တွဲပုံစံ (၁၂)ခုဖြင့်ဖော်ပြထားပြီး အခန်း(၁)တွင်အမည်နှင့်အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊အခန်း(၂)တွင် ပြည်သူ့စစ်မှုထမ်းရန်အသက်နှင့်ကာလတွက်ချက်ခြင်း၊ အခန်း(၃)တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့အဆင့်ဆင့်ဖွဲ့စည်းခြင်းနှင့်လုပ်ငန်းတာဝန်များ၊ ခန်း(၄)တွင် စာရင်းပြုစုခြင်းနှင့်မှတ်ပုံတင်ခြင်း၊အခန်း(၅)တွင် ဆေးစစ်ခြင်းနှင့် စစ်မှုထမ်းခြင်းမှကင်းလွတ်ခွင့်ပြုရန်ဖြစ်စေ၊ စစ်မှုထမ်းရမည့် ကာလအပိုင်းအခြားကိုလျှော့ပေါ့ပေးရန်ဖြစ်စေ၊သီးခြားဖော်ပြထားသော ကာလအပိုင်းအခြားအထိရွှေ့ဆိုင်းရန်ဖြစ်စေ လျှောက်ထားခြင်း၊ အခန်း(၆)တွင် အမိန့်စာဆင့်ခေါ်ခြင်း၊အခန်း(၇)တွင် ဆေးစစ်ဆေးရေးဘုတ်အဖွဲ့များဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊အခန်း(၈)တွင် ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊အခန်း(၉)တွင် စစ်စည်းရုံးခြင်း၊အခန်း(၁၀)တွင် အထွေထွေတို့ပါရှိကြောင်းသိရှိရသည်။

#နေပြည်တော်ဟစ်တိုင်🇲🇲🎥✍️

24/01/2025

#ပင်လယ်သွားဆေးရုံရေယာဥ်_မြစ်တွင်းသွားဆေးရုံရေယာဥ်များဖြင့် ပင်လယ်ကမ်းရိုးတန်းဒေသကျွန်းစုများ၊ မြစ်ရိုးတစ်လျှောက်ရှိ ကျေးလက်ဒေသများသို့
ကျန်းမာရေးစောင့်ရှောက်မှုများကို တပ်မတော်မှ စဥ်ဆက်မပြတ်ဆောင်ရွက်ပေးလျှက်ရှိ​🚢🛥️🛳️
=============================

တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ကျိုက်လတ်မြို့နယ်၊ ပတုတ်ကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများကို စဥ်ဆက်မပြတ်ဆောင်ရွက်ပေးလျှက်ရှိပြီးးး
တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည်လည်း တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ပုလဲကျွန်းနှင့် အနီးဝန်းကျင်မှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ အစဥ်တစိုက်ဆောင်ရွက်ပေးနေ​ကြကြောင်း သတင်းသိရှိရပါသည်။
ဇန်နဝါရီလ (၂၃/၂၄)ရက်။

နေပြည်တော်ဟစ်တိုင်သတင်းမဏ္ဍိုင်🇲🇲🎥✍️

 #တာချီလိတ်မြို့နယ်တွင်စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ ဇန်နဝါရီ ၂၀ဇန်နဝါရီလ ၁၉ ရက်နေ့ ၁၅၄၅ အချိန် မူးယစ်ဆေးဝါးတားဆီး...
20/01/2025

#တာချီလိတ်မြို့နယ်တွင်စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

ဇန်နဝါရီ ၂၀

ဇန်နဝါရီလ ၁၉ ရက်နေ့ ၁၅၄၅ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့နယ်၊ လွယ်စီတုံ(အောက်)ကျေးရွာ၊ ပုံလို့လမ်းတွင် ယဲဆောင်(ခ)လီဂျူး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်အတွင်း သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၇၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ၁၆၀၀ အချိန် လော်လို့(ခ)အားလို့ နှင့် အားချိ တို့အား အဆိုပါကျေးရွာအနီးတွင် စိတ်ကြွရူးသွပ်ဆေးပြား ၁,၆၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၁.၂ သိန်း)၊ လက်ကိုင်ဖုန်း ၃ လုံးတို့နှင့်အတူ ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ယဲဆောင်(ခ)လီဂျူး(၂၉)နှစ်၊ လော်လို့(ခ)အားလို့(၂၃)နှစ် နှင့် အားချိ(၂၆)နှစ်တို့အား ဟောင်လိတ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ ဖော်ပြအပ်ပါသည်။

20/01/2025

(20,1,2025)

အမေရိကန်တွင်TikTok ပြန်လည်အသုံးပြုခွင့်ရ

ရွေးကောက်ခံသမ္မတ ထရန့်၏ ကတိစကားကြောင့် အမေရိကန်တွင် TikTok ပြန်လည်အသုံးပြုခွင့်ရလိုက်သည့်အတွက် ပျော်ရွှင်နေသည့် အမေရိကန်များက တစ်တော့တွင် ပို့စ်များတင်ခဲ့ကြတယ်လို့ သတင်း
သိရှိရပါသည်။

နေပြည်တော်ဟစ်တိုင် သတင်းဌာနချုပ်🇲🇲🎥✍️

 #အမျိုးသမီးနှစ်ဦးကိုယာဉ်တိုက်ပြေးသွားတဲ့ဖြစ်စဉ်ဇန်နဝါရီ ၁၉ရက်။ရန်ကုန်မြို့၊ ဗဟာဗန္ဓုလတံတား‌ပေါ် ဒေါပုံမြို့နယ်ဘက်အခြမ်း...
19/01/2025

#အမျိုးသမီးနှစ်ဦးကိုယာဉ်တိုက်ပြေးသွားတဲ့ဖြစ်စဉ်

ဇန်နဝါရီ ၁၉ရက်။

ရန်ကုန်မြို့၊ ဗဟာဗန္ဓုလတံတား‌ပေါ် ဒေါပုံမြို့နယ်ဘက်အခြမ်း တံတားအဆင်းမှာ အမျိုးသမီးနှစ်ဦးကို ယာဉ်တိုက်ပြေးသွားတဲ့ဖြစ်စဉ် ဒီနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်ခန့်ကဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်ခံရမှုကြောင့် နှစ်ဦးစလုံး နေရာတင်သေဆုံးခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ လင်းလက်လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။

ယာဉ်တိုက်ခံရသူ အမျိုးနှစ်ဦးမှာ မည်သူမည်ဝါဖြစ်တယ်ဆိုတာကိုတော့ လတ်တလောမသိရှိရသေးသလို တိုက်ပြေးတဲ့ယာဉ်ကိုလည်း စုံစမ်းနေဆဲလို့ သိရှိရပြီး အမျိုးသမီးနှစ်ဦးမှာ တစ်ဦးနဲ့ တစ်ဦး ပေ ၃၀ လောက်ကွာဝေးကြောင်းလည်း ရုပ်အလောင်းသွားရောက်ကောက်ယူခဲ့တဲ့ လင်းလက် လူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောပြခဲ့ကြောင်း သတင်းသိရှိ
ရပါသည်။
Crd~to

နေပြည်တော်ဟစ်တိုင်သတင်းမဏ္ဍိုင်🇲🇲🎥✍️

 #သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန_သာသနာရေးဦးစီးဌာနကကြီးမှူးကျင်းပသည့် (၇၇) ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒရွေးချယ်ရေး...
19/01/2025

#သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန_သာသနာရေးဦးစီးဌာနကကြီးမှူးကျင်းပသည့် (၇၇) ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲ (သဘောရေးဖြေ) ဖြေဆိုပွဲကို ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာမဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။(19,1,2025)
============================

(၇၇) ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲ (သဘောရေးဖြေ)ပွဲ၌ အဘိဓမ္မာ (ဒုတိယပိုင်း) တွင် စာရင်းသွင်း သံဃာတော်လေးပါးရှိပြီး ဖြေဆိုသံဃာတော်လေးပါး၊ အဘိဓမ္မာ (ပထမပိုင်း) တွင် စာရင်းသွင်းသံဃာတော် ၁၇ ပါးရှိပြီး ဖြေဆိုသံဃာတော် ၁၅ ပါး၊ ဒီဃနိကာယ်ကျမ်းတွင် စာရင်းသွင်းသံဃာတော် ၃၈ ပါးရှိပြီး ဖြေဆိုသံဃာတော် ၃၅ ပါး၊ ဝိနည်း (ပထမပိုင်း) တွင် စာရင်းသွင်းသံဃာတော် ၁၂၆ ပါးရှိပြီး ဖြေဆိုသံဃာတော် ၁၁၃ ပါးတို့ဖြစ်သည်။

ယနေ့ ဖြေဆိုကြသည့် သံဃာတော်များနှင့် ကြီးကြပ်ဆရာတော်များအား နေ့ဆွမ်းအလှူရှင် ဒေါက်တာမျိုးထက်အေးနှင့် ဇနီး မိသားစုများ၊ သာကေတမြို့နယ်မှ ပရဟိတအကျိုးဆောင်အလှူရှင်များအဖွဲ့ (ရန်ကုန်) နှင့် ဗီယက်နမ်နိုင်ငံ သာသနာပြုကုသိုလ်အဖွဲ့မှ အချိုရည်နှင့် ရဟန်းအသုံးဆောင်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော်ဟစ်တိုင်သတင်းမဏ္ဍိုင်🇲🇲🎥✍️

 #မြစ်တွင်းသွားဆေးရုံရေယာဥ်များနှင့်ပင်လယ်သွားဆေးရုံရေယာဥ်များဖြင့် ကျွန်းစုများနှင့်မြစ်အနီးနေပြည်သူများအား  #ကျန်းမာရေ...
16/01/2025

#မြစ်တွင်းသွားဆေးရုံရေယာဥ်များနှင့်ပင်လယ်သွားဆေးရုံရေယာဥ်များဖြင့် ကျွန်းစုများနှင့်မြစ်အနီးနေပြည်သူများအား #ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးလျှက်ရှိ🛳️🛥️🚤

#တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ထနီးကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဥ်တို့ကို
စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျှက်ရှိပြီး
#တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည်လည်း တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ မလိကျွန်းနှင့် အနီးဝန်းကျင်မှ
ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ စတင်ဆောင်ရွက်ပေးလျှက်ရှိကြောင်း
သတင်းသိရှိရပါသည်။(16,1,2025)

နေပြည်တော်ဟစ်တိုင်သတင်းမဏ္ဍိုင်🇲🇲🎥✍️

မန္တလေးမြို့တွင် မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်သည့် အဖွဲ့အား ဘိန်းဖြူ ၅ ဒသမ ၉၄ ကီလို၊ PHENSEDYL...
15/01/2025

မန္တလေးမြို့တွင် မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်သည့် အဖွဲ့အား ဘိန်းဖြူ ၅ ဒသမ ၉၄ ကီလို၊ PHENSEDYL ၃၀ ပုလင်းနှင့်အတူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်း(ဇန်နဝါရီ ၁၅ ရက်)

နေပြည်တော်ဟစ်တိုင်သတင်းမဏ္ဍိုင်🇲🇲🎥✍️

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ Aliance ငွေစုငွေချေးရုံးမှ ငွေများအား အဆိုပါရုံးမှ ရုံးဝန်ထမ်း ၂ ဦး၊ ညစောင့်...
10/01/2025

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ Aliance ငွေစုငွေချေးရုံးမှ ငွေများအား အဆိုပါရုံးမှ ရုံးဝန်ထမ်း ၂ ဦး၊ ညစောင့် ၁ ဦးနှင့် သော့ဖျက်ပေးသူ အမျိုးသား ၁ ဦးတို့က ပူးပေါင်းစီစဉ် ရယူခဲ့ကြပြီး ဧည့်စာရင်းလာစစ်သည့်အဖွဲ့များမှ တံခါးဖျက်ယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း လီဆယ်သတင်းပို့ခဲ့သည့်ဖြစ်စဉ်အား ဖော်ထုတ်ဖမ်းဆီးရမိ(10,1,2025)

နေပြည်တော်ဟစ်တိုင်သတင်းမဏ္ဍိုင်🌠🎥✍️

 #ပညာရေးဆိုင်ရာအသုံးချသုတေသနနိုင်ငံတကာညီလာခံ (၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးက...
09/01/2025

#ပညာရေးဆိုင်ရာအသုံးချသုတေသနနိုင်ငံတကာညီလာခံ (၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။(9,1,2025)

နေပြည်တော်ဟစ်တိုင်သတင်းမဏ္ဍိုင်🇲🇲🎥✍️

05/01/2025

ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသော Together Urban Force အမည်ခံ အကြမ်းဖက်အဖွဲ့မှ
တရားခံများအား လက်နက် / ခဲယမ်းများနှင့်အတူ
ဖမ်းဆီးရမိကြာင်း သိရှိရသည်။(ဇန်န၀ါရီလ ၅ရက်)

နေပြည်တော်ဟစ်တိုင် သတင်းဌာန🇲🇲🎥✍️

 #လေးစားချစ်ခင်ရပါသော_ပြည်သူပြည်သားမိတ်ဆွေအပေါင်းတို့👉 မကြာခင်ဖြတ်သန်းရမဲ့၂၀၂၅ ခုနှစ် နှစ်သစ်မှာအားလုံး ကိုယ်စိတ်နှစ်ဖြာ...
31/12/2024

#လေးစားချစ်ခင်ရပါသော_ပြည်သူပြည်သားမိတ်ဆွေအပေါင်းတို့

👉 မကြာခင်ဖြတ်သန်းရမဲ့၂၀၂၅ ခုနှစ် နှစ်သစ်မှာ
အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဦးစွာ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။ ✨

👉လွန်ခဲ့တဲ့ ၂၀၂၄ တစ်နှစ်တာလုံးမှာ နိုင်ငံရေး၊
စီးပွားရေးအကြပ်အတည်းနှင့် သဘာ၀ဘေးဒါဏ်
တွေကြောင့် မိတ်ဆွေတို့တစ်တွေ ခက်ခဲကြမ်းတမ်းတဲ့
ခရီးလမ်းတွေကို ဖြတ်သန်းခဲ့ကြရပါတယ်။
မျက်ရည်တွေ၊ ဝမ်းနည်းမှုတွေ၊ စိတ်ပျက်အားငယ်မှုတွေ၊ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။
💭 ဒါပေမယ့် မိတ်ဆွေတို့ရဲ့ ခံနိုင်ရည်စွမ်းအား၊
ကြံ့ကြံ့ခံနိုင်မှု၊ မလျှော့သော ဇွဲတွေကြောင့် ဒီနေ့ထိ
ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့ကြပါတယ်။ 💪

🏜️နှစ်သစ်ကူးတိုင်း မိတ်ဆွေတို့ရဲ့ နှလုံးသားထဲမှာ
"ဒီနှစ်ကျရင် ပိုကောင်းမယ်" ဆိုတဲ့ မျှော်လင့်ချက်တွေ ရှိနေကြမှာပါ။
တစ်ချို့က စီးပွားရေးအခွင့်အလမ်းသစ်တွေကို
မျှော်လင့်နေကြမယ်။
တစ်ချို့က ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်း
တွေကို မျှော်တလင့် စောင့်မျှော်နေကြမယ်။
မိသားစုတွေနဲ့ ပြန်လည်ဆုံတွေ့ဖို့ မျှော်လင့်နေကြမယ်။
ငြိမ်းချမ်းပြီး လုံခြုံတဲ့ဘဝတွေကို မျှော်လင့်နေကြမယ်..🏞️🌅🏜️

မိတ်ဆွေတို့... ၂၀၂၅ ခုနှစ်ဟာ ကျွန်တော်တို့အားလုံး
အတွက် အခွင့်အလမ်းသစ်တွေ၊ အစပြုမှုသစ်တွေရဲ့
နှစ်တစ်နှစ် ဖြစ်လာပါစေ။
🌟 ဒီနှစ်သစ်မှာ ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ
ချမှတ်ကြပါစို့။ ပို၍ကြင်နာသနားတတ်တဲ့ နှလုံးသား
ပိုင်ရှင်တွေ ဖြစ်ကြပါစို့။ ပို၍ခိုင်မာတဲ့ စိတ်ဓာတ်တွေ
မွေးမြူကြပါစို့။ ပို၍ကျယ်ပြန့်တဲ့ အမြင်တွေ ရှိကြပါစို့။ ပို၍နက်ရှိုင်းတဲ့ ချစ်ခြင်းမေတ္တာတွေ ပွားများကြပါစို့ 🌷🕊️🌷

အခက်အခဲတွေ ဘယ်လောက်ပဲ ရှိရှိ၊ မိတ်ဆွေတို့ရဲ့
နှလုံးသားထဲက မျှော်လင့်ချက်မီးလေး မငြိမ်းပါစေနဲ့။
တစ်ယောက်နဲ့တစ်ယောက် ပို၍နီးကပ်စွာ လက်တွဲကြ
ပါစို့...🤝

မတတ်နိုင်သူကို တတ်နိုင်သူက ကူညီပါ
ငိုယိုနေသူကို နှစ်သိမ့်အားပေးပါ
လမ်းပျောက်နေသူကို လမ်းပြပေးပါ
မျှော်လင့်ချက် ကုန်ခန်းနေသူကို မျှော်လင့်ချက်အသစ်တွေ ပေးပါ 🎁

စိတ်ဓာတ်ကျစရာ သတင်းတွေကြားမှာ ကောင်းမွန်တဲ့အရာလေးတွေကို ရှာဖွေတွေ့မြင်တတ်အောင် လေ့ကျင့်ကြပါစို့။
နေ့စဉ်ဘဝမှာ ကျေးဇူးတရားတွေကို သတိရတတ်အောင် ကြိုးစားကြပါစို့။
ရှိတာလေးနဲ့ ရောင့်ရဲတတ်ပြီး မရှိတာတွေအတွက် စိတ်မပူပါနဲ့။ ✨

မိတ်ဆွေတို့ သတိရပါ... မိုးတိမ်တိုက်တွေ မည်းမှောင်နေပေမယ့် ကောင်းကင်ယံမှာ ကြယ်ပွင့်လေးတွေ အမြဲရှိနေပါတယ်။ 🌟 မနက်ဖြန်အတွက် မျှော်လင့်ချက်တွေ အသစ်တစ်ဖန် မွေးဖွားလာပါလိမ့်မယ်။

၂၀၂၅ ခုနှစ်မှာ မိတ်ဆွေတို့အားလုံး -
စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ
အိုးအိမ်စည်းစိမ် ချမ်းသာကြပါစေ
မိသားစုများနှင့်အတူ ပျော်ရွှင်ကြပါစေ
စီးပွားရေး၊ ပညာရေး၊ လူမှုရေးတွေ တိုးတက်အောင်မြင်ကြပါစေ
အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ကြပါစေ 🙏

🕊️🕊️"မြန်မာပြည်သူအားလုံး ငြိမ်းချမ်းပြီး
သာယာဝပြောတဲ့ဘဝတွေကို ပို့ဆောင်ပေးမယ့်
နှစ်တစ်နှစ် ဖြစ်ပါစေ"🕊️🕊️🕊️

🇲🇲2025🇲🇲
နေပြည်တော်ဟစ်တိုင်သတင်းမဏ္ဍိုင်🌠🎥✍️
🕊️🕊️🕊️🕊️🕊️🕊️🕊️🕊️🕊️🕊️🕊️🕊️🕊️

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ကျရောက်သော    နှစ်သစ်ကူးအခါသမယတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်င...
31/12/2024

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ကျရောက်သော နှစ်သစ်ကူးအခါသမယတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားးး

နေပြည်တော်ဟစ်တိုင် သတင်းဌာန🌠🎥✍️

Address

Naypyidaw

Alerts

Be the first to know and let us send you an email when နေပြည်တော်ဟစ်တိုင်သတင်းမဏ္ဍိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to နေပြည်တော်ဟစ်တိုင်သတင်းမဏ္ဍိုင်:

Videos

Share