Lynn Thway Myay

Lynn Thway Myay Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lynn Thway Myay, Digital creator, Land in Nay Pyi Taw Leway Township (9), Naypyidaw.

ကိုဖောက်တဲ့လမ်း ကိုလျှောက်တဲ့အတွက်ဆိုးရိမ်စရာတော့မရှိပါဘူးလမ်းခရီးကကြမ်းလို့အချိန်ကြာချင်ကြာသွားလိမ့်မယ်တစ်နေ့ရည်မှန်းချ...
28/09/2024

ကိုဖောက်တဲ့လမ်း ကိုလျှောက်တဲ့အတွက်

ဆိုးရိမ်စရာတော့မရှိပါဘူး

လမ်းခရီးကကြမ်းလို့

အချိန်ကြာချင်ကြာသွားလိမ့်မယ်

တစ်နေ့ရည်မှန်းချက်ပန်းတိုင်

ရောက်ကိုရောက်ရမယ်လို့

ယုံကြည်နေပါတယ်

#လင်းသွေးမြေ

လောကဓံရဲ့ရိုက်ချက်တွေကြားမှာကျွန်မသိပ်ပင်ပန်းနေပြီလူတွေကိုမခံချင်လို့ အံတုနေပေမယ့်ကျွန်မရင်ထဲမှာ ဒဏ်ရာတွေသိပ်များနေပီဘယ်...
29/04/2024

လောကဓံရဲ့ရိုက်ချက်တွေကြားမှာ

ကျွန်မသိပ်ပင်ပန်းနေပြီ

လူတွေကိုမခံချင်လို့ အံတုနေပေမယ့်

ကျွန်မရင်ထဲမှာ ဒဏ်ရာတွေသိပ်များနေပီ

ဘယ်သူ့ကိုမှအနိုင်မခံအရှုံးမပေးတဲ့စိတ်ဓာတ်က

ကျွန်မအိမ်ထောင်ကျတဲ့အချိန်ထိ ခေါင်းမာနေတုံးပဲ

အိမ်မှာဆိုမိသားစုကြားမှာကျွန်မစိတ်ဆိုးလို့

ကျတဲ့မျက်ရည်ကတန်ဖိုးအရှိဆုံးပဲ

ဘာလို့လဲဆို အမေအဖေ မောင်နှ‌မတွေရဲ့

နှလုံးသားတွေကိုနာကြင်အောင်လုပ်နိုင်လို့

ကျွန်မမျက်ရည်ကျလို့ အနိုင်ရတာ

ကျွန်မမိသားစုတစ်ခုပဲရှိတယ်ဆိုတာ

နှလုံးသားနဲ့တော်စပ်မှ ကြင်ရာသူဖြစ်တဲ့

သူစိမ်းတစ်ယောက်ရဲ့မိသားစုထဲရောက်မှသိလိုက်ရပါတယ်

#လင်းသွေး‌မြေ

မနာကြင်လို့မဟုတ်ဘူးမနာချင်တဲ့အသည်းနှလုံးတွေရှိနေလို့အမှတ်မရှိလို့မဟုတ်ဘူးအကြိမ်ကြိမ်ခံစားဖူးချင်လို့ဘယ့်သူ့ဆီကမှမျော်လင့...
17/04/2024

မနာကြင်လို့မဟုတ်ဘူး

မနာချင်တဲ့အသည်းနှလုံးတွေရှိနေလို့

အမှတ်မရှိလို့မဟုတ်ဘူး

အကြိမ်ကြိမ်ခံစားဖူးချင်လို့

ဘယ့်သူ့ဆီကမှ

မျော်လင့်ချက်မထားတက်ခဲ့ပေမယ့်

မင်းဆီကဆိုရင်တော့

ဒဏ်ရာလေးတွေတောင်မျှော်လင့်နေမိတယ်

ဘာလို့လဲဆို မင်းအရေးလုပ်တာလေးခံချင်လို့

မင်းကိုရူးအောင်ချစ်လို့

ရင်ဘက်ထဲကဆူးတောင်မနူတ်ပဲထားခဲ့တာပေါ့

ဘယ်လောက်နာနာ သူပျော်ပီးတာပဲဆိုတဲ့အသိက

နှလုံးသားကိုခံနိုင်ရည်စေတယ်

#လင်းသွေး‌မြေ

သစ်ရွက်လေးတွေ...🌿🌿..အမြည့်ကြွေကြွေလွင့်နေတော့ပူပြင်းခြောက်သွေ့နေတဲ့နွေရာသီကိုရောက်ပီပေါ့...💥ငါ့မျက်ဝန်းကမျက်ရည်တွေ ..😢😢ပ...
08/04/2024

သစ်ရွက်လေးတွေ...🌿🌿..

အမြည့်ကြွေကြွေလွင့်နေတော့

ပူပြင်းခြောက်သွေ့နေတဲ့

နွေရာသီကိုရောက်ပီပေါ့...💥

ငါ့မျက်ဝန်းကမျက်ရည်တွေ ..😢😢

ပါးပြင်ပေါ်တစ်ဆက်ဆက်ကြွေခနေတော့

ငါ့အတွေးထဲမှာနင်ဝင်လာပြီပေါ့...😞😞

ငါမျှော်သာမျှော်နေတာပါဟာ

ဟိုအရင်ကနင်လာနေကြလမ်းကလေးက

သဂ်ါရတရားတွေကြီးဆိုးလို့

အခုဆိုမြေစာမြက်ပင်လေးတွေပြောက်ပီး

အခြားသစ်ပင်တေပေါက်လို့

လမ်းကလေးပျောက်သွားပြီဟ ...😔😔

(မဟာပထဝီမြေကြီးပေါ်ကလမ်းလေးတင်မကကို့ဘဝလမ်းပါပျောက်ဆုံးခဲ့ရတယ်အချစ်ဦးရယ်)

#လင်းသွေး‌မြေ

ဘဝဆို့တာ လက်ခံနိုင်ဖို့ပဲလိုတာပါပျော်ရွင်မှု ဝမ်းနည်းမှုဆိုတာချမ်းသာလည်းရှိတယ် ဆင်းရဲလည်းရှိတယ်ပြည့်စုံခြင်း/မပြည့်စုံခြ...
03/04/2024

ဘဝဆို့တာ လက်ခံနိုင်ဖို့ပဲလိုတာပါ

ပျော်ရွင်မှု ဝမ်းနည်းမှုဆိုတာ

ချမ်းသာလည်းရှိတယ် ဆင်းရဲလည်းရှိတယ်

ပြည့်စုံခြင်း/မပြည့်စုံခြင်းဆိုတာ

ဆင်းရဲတာ ချမ်းသာတာကို

သုံးနူန်းတဲ့စကားလုံးမဟုတ်ဘူး

မိသားစုတွေ စုံစုံလင်လင်ရှိနေရင်

ထမင်းတစ်ထပ်ပဲ စားရလဲ ပြည့်စုံတယ်

အဲ့တော့အခြေခံလူတန်းစားကလဲ

ကမ္ဘာကျော်နိုင်တဲ့စိတ်ကူးရှိတယ်

ကမ္ဘာကျော်နေတဲ့သူကလည်း

တစ်နေ့ယိုင်လဲသွားခဲ့ရင်ဆိုတဲ့ ...ဆိုးရိမ်မှုရှိတယ်

ဘယ်လိုဘဝအ‌ခြေနေမျီုးမှာမဆို

လက်ခံနိုင်အောင်ကြိူးစားပါ

ဘဝတွေဘယ်လောက်ကြမ်းကြမ်း

နှလုံးသားတွေ လန်းဆန်းနေရင်

ငွေကြေး/အသပြာချမ်းသာခြင်းဆိုတဲ့တာထက်

နိူင်းဆမရ‌အောင် ပိုပါတယ်....💥

#လင်းသွေး‌မြေ

မင်းနဲ့ငါနဲ့ပက်သက်မှုတွေကအတိတ်မှာ ကျန်ခဲ့ပြီဆိုပေမယ့်တကယ်ချစ်ဖူးတဲ့ငါကအတိတ်ကိုပြန်တွေးမိတိုင်း..ရင်ထဲမှာငိုနေရတုံးပဲ😢😢တခ...
31/03/2024

မင်းနဲ့ငါနဲ့ပက်သက်မှုတွေကအတိတ်မှာ ကျန်ခဲ့ပြီဆိုပေမယ့်တကယ်ချစ်ဖူးတဲ့ငါကအတိတ်ကိုပြန်တွေးမိတိုင်း..ရင်ထဲမှာငိုနေရတုံးပဲ😢😢

တခြားတစ်ယောက်ရဲ့ရင်ခွင်မှာခိုနေတဲ့
နင့်ကိုငါစိတ်ပူတယ်ဟာ....နင်အဆင်မှပြေရဲ့လား
နင်နေလို့မှကောင်းရဲ့လားတစ်ခုခုဆိုမျက်ရည်လွယ်တက်တဲ့နင်ငိုများငိုနေလားပေါ့...😢😢😢

ငါအသည်းတွေ အစိမ်းလိုက်အကွဲခံရလို့
တဆတ်ဆတ်နာနေပေမယ့်..နင်ကိုငါမုန်း‌တော့မမုန်းရက်ပါဘူးဟာ...😞😞😞

ငါ့ရင့်ထဲမှာ နင့်ကိုအရွဲတိုက်ပြီးစကားလုံးတချို့ကိုလျှိုထားခဲ့တယ်

ငါအဆင်ပြေပါတယ်ဆိုတာလည်း..ညာခဲ့တာနင့်မှာနောက်ကောင်လေးရှိပြီဆိုတည်းကငါဘာတစ်ခုမှအဆင်ပြေမနေခဲ့ဘူး

ငါကောင်မလေးရနေပြီတာလည်း...ညာခဲ့တာနင်ကနင့်ကောင်လေးကောင်းကြာင်းတွေပြောတော့ ငါလည်းမခံချင်စိတ်နဲ့ငါ့ကောင်မလေးရနေပြီလို့ပြောခဲ့တာ....😢😢😢

တကယ်တော့ငါကအရာရာကိုသိလျှက်နဲ့ပေးဆပ်ခဲ့တာနင်ရှေ့ဆက်လျှောက်မယ့်လမ်းတွေအတွက်ငါကအနှောက်ယှက်မဖြစ်ချင်လို့ရှောင်ထွက်ခဲ့တာ

နင်ငါ့ရင်ထဲက အမှန်တရားလေးကိုတော့တစ်နေ့ကြရင်မြင်ပါစေ....နင့်ငါ့ကိုအထင်လွဲနေတာလေးလည်းတစ်နေ့ကြရင်သိပါစေလို့ပဲမျှောင့်လင့်တယ်ဟာ...😞😞

တခြားနင်နဲ့ပက်သက်ပြီးဘာကိုမှမမျှော်လင့်တော့ပါဘူး နင်တစ်ယောက်တည်းခဲ့တာမို့ငါ့အချစ်ကနင်တစ်ယောက်ထဲနဲ့ပဲဇာတ်သိမ်းခဲ့ပါပြီ။

ငါနင့်ကိုဆုံးရှုံးခဲ့ရပြီးနောက်...ဘယ်အရာကို‌မှဆုံးရှုံးမှာ‌မကြောက်တော့ဘူး

ငါ့ဘဝတစ်ခုလုံးပုံအပ်ပြီးလောင်းကြေးထပ်ခဲ့သူကိုတောင်မှဆုံးရှုံးခဲ့ရပြီးပီပဲဟာ
ငါ့အတ္တ ငါ့မာန တွေရိုက်ချိုးပစ်လိုက်ပြီ။

#လင်းသွေးမြေ

တခါတလေကြရင်လေ ဝမ်းနည်းသလိုလိုဖြစ်ပြီးရင်ထဲမှာမကျေမနပ်တွေဖြစ်နေတာကိုယ်ဘယ်လောက်ကြိူးစားလုပ်လုပ်အဆင်‌မပြေဘူးမိသားစုကလည်း......
31/03/2024

တခါတလေကြရင်လေ
ဝမ်းနည်းသလိုလိုဖြစ်ပြီးရင်ထဲမှာ
မကျေမနပ်တွေဖြစ်နေတာ
ကိုယ်ဘယ်လောက်ကြိူးစားလုပ်လုပ်
အဆင်‌မပြေဘူး
မိသားစုကလည်း...အကောင်းမမြင်ဘူး
ဘယ်လောက်ပဲပင်းပန်းနေပါစေ
ကျွန်မ ခံနိုင်ရည်ရှိပါတယ်
တစ်ခါလေအဆင်မပြေလို့
အိမ်ပြန်ရောက်ရင်...
နင်ကစောက်ဖြစ်မရှိဘူး
အလကားကောင်မလို့
မောင်နှမတွေပြောတာထက်
အမေပြောရင် ကျွန်မအနာကြင်ရဆုံးပဲ
ဘယ်လိုမှကိုခံနိုင်ရည်မရှိတာပါ
ကျွန်မမျက်ရည်တွေပါးပြင်ပေါ်
အန္ဒြေမဆယ်နိုင်လောက်အောင်စီးကျလာတာပါ
တဆတ်ဆတ်တုန်နေတဲ့
ကျွန်မအသည်းနှလုံးတွေထဲက
အမေရယ်အလကားကောင်မလို့တော့
သမီးကိုထပ်မပြောပါနဲ့လို့တောင်းဆိုနေမိတယ်
သမီးကအမေ့အတွက်အသုံးဝင်တဲ့သူဖြစ်ချင်တာပါ
အမေတို့မိသားစုအားကိုးနိုင်လို့ရမယ့်
အခြေနေထိသမီးကြိူးနေတာပါအမေရယ်

ကျွန်မဘဝမှာအမေဆူရင်ဝမ်းအနည်းဆုံးပဲ...။😥😥

#လင်းသွေးမြေ

(နှောင်းဒဏ်ရာ) အပိုင်း(၁)       ကျွန်မကစိတ်ဆပ်တဲ့မိန်းကလေးတစ်ယောက်စိတ်ဓာတ်ကမာကြောတယ်ထင်ရပေမယ့်...အရမ်းထိချလွယ်တယ် မျက်ရည...
30/03/2024

(နှောင်းဒဏ်ရာ) အပိုင်း(၁)

ကျွန်မကစိတ်ဆပ်တဲ့မိန်းကလေးတစ်ယောက်

စိတ်ဓာတ်ကမာကြောတယ်ထင်ရပေမယ့်...

အရမ်းထိချလွယ်တယ် မျက်ရည်လွယ်တယ်

မိသားစုထဲမှာ ကျွန်မကဘုရင်ပဲ

ကျွန်မဖြစ်ချင်တာသူတို့အကုန်လုပ်ပေးရတယ်...

မိသားစုကိုဘာတစ်ခုမှငဲ့မကြည့်ခဲ့ဘူး...

ကျွန်မကခေါင်းမာတယ် ...😏

ကျွန်မကဒါဆိုတခြားဟာနဲ့မလဲနိုင်တဲ့သူမျီုး

ဒါပေမယ့်အဲ့ဒီအမှုကြည့်တွေက

မိသားစုနဲ့သူငယ်ချင်းတွေမှာဆီမှာပဲရှိခဲ့တာပါ

ကျွန်မချစ်သူကိုကိုပေါ်မှာမရှိခဲ့ဘူး...😔

အရာရာအားလုံးကဖြောင်းပြန်တွေဖြစ်နေရော

မိသားစု၊သူငယ်ချင်းတွေထဲကဘုရင်မမဟုတ်တော့ဘူးလေ...😞😞

ကိုကိုရဲ့ကျွန်မဖြစ်သွားပြီ...😔😔

ကို့ကို ကိုယ်ကျွန်မကသိပ်ချစ်တာပဲ...🥰

ကျွန်မဘဝထက်ကိုပိုချစ်ခဲ့သူပါ

ကိုကိုတွက်ဆိုဘာပဲပေးဆပ်ရပေးဆပ်ရကျွန်မကျေနပ်တယ် ...👍

ကျွန်မနှလုံးသားတွေက
ကိုကိုတွက်ဆိုဘာမဆိုလိုက်ရောချင်နေတာ

ကိုကိုလိုအပ်တာမှန်သမျှ ကျွန်မငြီးမညူမငြိုညင်ပဲကျွန်မဖြည့်ဆည်းပေးချင်နေတာ...🙂🙂

ကိုကိုလည်းကျွန်မကိုတကယ်ချစ်မယ်လို့သံသယတွေရှိပေမယ့် ယုံကြည်ခဲ့မိတယ်...🤔🤔

ဟိုဗျာ...ကျွန်မကိုကိုချစ်တာပဲသိတယ်ကျန်တာဘာတစ်ခုမှထဲ့မစဉ်းစားခဲ့ဘူး

သူများတေကရူးလောက်အောင်ချစ်တာ

ကျွန်မကသေလောက်အောင်ကိုချစ်ခဲ့တာ

တကယ်လည်း ကျွန်မဘဝသေလောက်အောင်ချစ်ခဲ့တာပါ

ကျွန်မဘဝအရွယ်ကောင်းတုံးမှာသေခဲ့ဖူးတယ်

(ကျွန်မဘဝဘာကြောင့် ဘယ်လိုသေခဲ့တယ်
အပိုင်း(၂)မှာဆက်ရေးပြီးတင်ပေးပါမယ်)

#လင်းသွေးမြေ

ငါနင်ကိုမမေ့နိုင်သေးဖူး...ချစ်ရယ်ငါ့နှလုံးသားတွေ မုန်းသွားတဲ့ထိနင်ရက်ဆက်လိုက်ပါတော့ဟာ...😢😢နင်နဲ့နင်ကောင်လေးနဲ့ အပုံတွေကြ...
30/03/2024

ငါနင်ကိုမမေ့နိုင်သေးဖူး...ချစ်ရယ်

ငါ့နှလုံးသားတွေ မုန်းသွားတဲ့ထိ

နင်ရက်ဆက်လိုက်ပါတော့ဟာ...😢😢

နင်နဲ့နင်ကောင်လေးနဲ့ အပုံတွေကြည်မိတော့

ငါတို့အတိတ်ကို ပြန်တွေးပြီး

တစ်ညလုံးအိပ်မရအောင် ငါကြိတ်ငိုခဲ့ရတယ်

ဘယ်လောက်ပဲနာကြင်ရ နာကြင်ရ

နင့်ကိုမုန်းလို့မရဖူး...😢😢😢

ငါရူးမတက်ခံစားနေရပီဟာ

ငါနင့်ကိုမေ့ရမလားလို့

အရက်တွေမူးအောင်သောက်နေလည်း

လူကတော့မူးသွားပါတယ်

ငါ့နှလုံးသားတွေကဘယ်တော့မူးမသွားဘူး...😢😢

#လင်းသွေး‌မြေ

လောကမှာ လူတွေကသံယောဇဉ်ဆိုတဲ့အနှောင်အဖွဲ့တွေမရှိရင် ပိုအဆင်ပြေနေလိမ့်မယ်လို့ထင်မိတယ်ဘာလို့လဲဆို ဘယ်သူ့အတွက်မှပူဆွးသောကရော...
03/02/2024

လောကမှာ လူတွေက

သံယောဇဉ်ဆိုတဲ့

အနှောင်အဖွဲ့တွေမရှိရင်

ပိုအဆင်ပြေနေလိမ့်မယ်လို့ထင်မိတယ်

ဘာလို့လဲဆို ဘယ်သူ့အတွက်မှ

ပူဆွးသောကရောက်ပေးနေစရာ

မလိုတော့ဘူးလေ...။

#လင်းသွေးမြေ

13/01/2024

အသွေးအသားထဲမှာလည်ပတ်နေတဲ့ဘုရင်ကြီးက ဘယ်သူ့ဆီမှာမှအောက်မကျို့ဘူးဆိုတဲ့ဗီဇစိတ်ဓာတ်ကြီး...😏😏

09/01/2024

ဒီညလည်း သက်ဆိုင်ခွင့်မရှိတဲ့ကောင်မလေးနဲ့ စကားတေပြောမိပြန်ပီ...😞😞😞💔💔

08/01/2024

အစစ်မှန်မေတ္တာတွေ ရှိနေရင်ဘယ်လိုအခြေနေမျိုးမဆိုခိုလုံ လို့ရပါတယ်...။

#လင်းသွေးမြေ

Address

Land In Nay Pyi Taw Leway Township (9)
Naypyidaw

Website

Alerts

Be the first to know and let us send you an email when Lynn Thway Myay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share


Other Digital creator in Naypyidaw

Show All