Learning with SOE

Learning with SOE လွယ်ကူ လေ့လာ နည်းပညာ

ကွန်ပျုတာသင်တန်းနည်းပြအတွေ့အကြုံ (၅) နှစ်တာ နဲ့ လုပ်ငန်းခွင့် အတွေ့အကြုံ (၅) နှစ်တာ ပေါင်းစပ်ထားတဲ့ နည်းပညာနဲ့ပတ်သက်လို့ သိရှိထားသမျှ ဝေမျှကူညီဖို့ ရည်ရွယ်ဖွင့်လှစ်ထားပါတယ်။

😁 ပြောတာတော့ သူက ယုံရပါတယ်ပေါ့ ChatGPT က အလည်ကြီးပါဟယ်
04/09/2023

😁 ပြောတာတော့ သူက ယုံရပါတယ်ပေါ့
ChatGPT က အလည်ကြီးပါဟယ်

20/08/2023

မေး : အမရေ Excel မှာ ဒီဘက်က ကိန်းဂဏန်းလေး ရွေးလိုက်တာနဲ့ အခြား cell ကွက်မှာ ကုန်ပစ္စည်းအမျိုးအစားနဲ့ တန်ဖိုးဖော်ပြ စေချင်တာပါ။ စျေးအရောင်းစာရင်းလိုလေ အဲ့ဒါလေး ဘယ်လိုလုပ်ရမလဲ။

ဖြေ : ‌အခု တင်ပြထားတဲ့ Video ထဲကအတိုင်း လုပ်ကြည့်ပါ ညီမလေး

Excel ဟာ စာရင်းဇယားများအတွက် လူသုံးအများဆုံးနဲ့ လွယ်ကူရိုးရှင်းတဲ့ လုပ်ဆောင်ချက်တွေ ထုတ်ပေးနိုင်တဲ့ Software တစ်ခုဖြစ်ပါတယ်၊ ဒီနေ့ ခေတ်မှာ Excel လောက်ကိုတော့ ဘာ IT မှ နားမလည်ရင်တောင် သုံးတတ်သင့်နေပါပြီ။ လေ့လာသင်ယူမှုဟာ နောက်ကျတယ်လို့ မရှိပါဘူး။ စိတ်ဝင်စားရင် ဒီ Page လေးကို Like ‌ & Follow လုပ်ထားလိုက်ပါ။

-အကျိုးရှိသော သင်ယူမှုများ ဖြစ်ကြပါစေ။


#လွယ်ကူလေ့လာနည်းပညာ

13/07/2023

Photoshop လေ့လာနေသူများအတွက်..

How to make your mockup Design in Photoshop?



#လွယ်ကူလေ့လာနည်းပညာ

29/06/2023

- Online Shopping လုပ်နေသူတွေအတွက် မရှိမဖြစ်အသုံးဝင်တဲ့ Mobile Apk လေးတစ်ခုကို အသုံးပြုနည်းလေး ပြောပြပေးထားတာဖြစ်ပါတယ်။

- ကုန်ပစ္စည်းကြော် ငြာတဲ့အခါနောက်ခံ Background က ရှုပ်နေလို့ ၊ ဝယ်ယူမယ့် Customer ကို ဝယ်ယူချင်စိတ်ပေါက်လာစေဖို့ စတဲ့ ကိစ္စရပ်တွေအတွက် အသုံးတည့်မယ့် Mobile Application လေးဖြစ်ပါတယ်။

- ရောင်းချလိုတဲ့ ကုန်ပစ္စည်းကို ဖုန်းနဲ့ရိုက်၊ ဖုန်းနဲ့ပဲ ပြင်ဆင်နိုင်တော့ ဒါက အရမ်းကို အဆင်ပြေစေပါတယ်။

- စမ်းသုံးကြည့်ရင်းနဲ့ နောက်ထပ် နည်းပညာနဲ့ပတ်သက်လို့ သိချင်တယ်၊ လေ့လာချင်တယ်ဆိုရင် ဒီ Page လေးကို Like and Follow လုပ်သွားပေးနော် ။


#လွယ်ကူလေ့လာနည်းပညာ

19/06/2023

PowerPoint Lesson
- Presentation ပြဖို့အတွက် PowerPoint ဆိုတာကို အသုံးပြုပြီး ပြပေမဲ့ ဗွီဒီယိုဖိုင်ကိုတော့ ဘယ်လိုထည့်ပြရမလဲ မသိရင် ဒီ Lesson လေးက အသုံးတည့်စေပါလိမ့်မယ်။

- PowerPoint ထဲမှာ ကိုယ့်ရဲ့ Video File တွေ Audio File တွေကို ထည့်သွင်းပြီး ကိုယ်ပြောချင်တဲ့အကြောင်းအရာ၊ ကုန်ပစ္စည်း ၊ ပရောဂျက် စတာတွေကို စိတ်ဝင်စားဖွယ်ကောင်းအောင် ဘယ်လိုဖန်တီးမလဲ

- စိတ်ဝင်စားရင် တစ်ချက်လောက် ကြည့်ကြည့်ပါ၊

- သင်ခန်းစာလေးတွေ စိတ်ဝင်စားရင်လည်း Page ကို Like and Follow လုပ်ထားလို့ရပါတယ်။

#လွယ်ကူလေ့လာနည်းပညာ

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်Laptop ဆိုတာ PC တစ်လုံးပဲ ဖြစ်ပါတယ်။ ဒီလိုပြောလို့ ရှုပ်သွားသလား?? PC ဆိုတာ Personal Comp...
03/06/2023

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်
Laptop ဆိုတာ PC တစ်လုံးပဲ ဖြစ်ပါတယ်။ ဒီလိုပြောလို့ ရှုပ်သွားသလား?? PC ဆိုတာ Personal Computer ကို အတိုကောက် ခေါ်ဆိုတာ ဖြစ်ပါတယ်။ ဒါကြောင့် Laptop ဖြစ်ဖြစ် Desktop ဖြစ်ဖြစ် PC တစ်လုံးပဲ ဖြစ်ပါတယ်။ Laptop ဝယ်တာနဲ့ Desktop ဝယ်တာနဲ့ သိပ်တော့ ကွာဟချက်မရှိပါဘူး။
PC ဝယ်မယ်ဆိုရင် PC အကြောင်းလေးတော့ သိထားသင့်ပါတယ်။ ဒါမှ ကိုယ်စီးတဲ့မြင်း အထီးလား အမလား ခွဲခြားနိုင်မှာပါ။ ဒါကြောင့် Laptop ဝယ်တော့မယ်ဆိုရင် ဘာတွေ သိထားသင့်သလဲဆိုတာ တင်ပြလိုက်ရပါတယ်။
Brands အမှတ်တံဆိပ်များ

Laptop ထုတ်လုပ် တပ်ဆင်ရောင်းချတဲ့ ကုပ္မဏီအမှတ်တံဆိပ်တွေကတော့ အများကြီးပါ။ ဒါပေမယ့် ပြည်တွင်းမှာတော့ Dell, Lenovo, Acer, MSI, Asus, hp, Toshiba နဲ့ Samsung တို့သာ ရရှိနိုင်ပါတယ်။ အခြား Brand တွေကိုတော့ အနည်းအကျဉ်းသာ ရရှိနိုင်ပါတယ်။ Brand တွေတိုင်းမှာ Series တွေ ရှိပါတယ်။ အဲဒီ Series တွေက Brand တစ်ခုတည်းမှာကိုပဲ အရည်အသွေးတွေ ကွာခြားသွားပါတယ်။

ဥပမာ – Dell မှာဆိုရင် Inspiron series တွေဟာ ဘတ်ဂျတ်သက်သာလိုသူတွေအတွက် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ စွမ်းဆောင်ရည်ပိုင်းနဲ့ အကြမ်းခံမှုတွေမှာ အရမ်းကို အားနည်းတာတွေ့ရပါတယ်။ အခြား Brand တွေမှာလည်း ဒီအတိုင်းပါပဲ။ ဒါကြောင့် Brand ကို ရွေးချယ်တဲ့အခါမှာ Series အလိုက် ကြည့်ရှု ဝယ်ယူဖို့ လိုအပ်ပါတယ်။ နာမည်ကြီး အမှတ်တံဆိပ်ဆိုပြီး ပုံအပ်ပြီး ဝယ်ယူလို့ မရနိုင်ပါဘူး။
Processor (CPU)

CPU ဆိုတာ Central Process Unit ကို အတိုကောက် ခေါ်ဆိုတာ ဖြစ်ပါတယ်။ Computer ဝယ်တော့မယ်ဆိုရင် Desktop ဖြစ်ဖြစ် Laptop ဖြစ်ဖြစ် Processor ကို အဓိကထားပြီး ရွေးချယ်ရပါတယ်။ လက်ရှိမှာ အများဆုံး အသုံးပြုနေတဲ့ Computer CPU တွေကတော့ Intel CPU နဲ့ AMD CPU ဆိုပြီး နှစ်မျိုး ရှိပါတယ်။ ဒီ CPU နှစ်မျိုးမှာ Intel ကို အသုံးပိုများပြီး AMD ကိုလည်း သုံးကြပါတယ်။ Intel နဲ့ AMD နဲ့ ဘာကွာသလဲဆိုရင် Intel က ပါဝါစားသုံးမှု AMD ထက်ပိုနည်းပါတယ်။

ဒါပေမယ့် ဈေးနှုန်းအရဆိုရင် Intel က AMD ထက်ပိုများပါတယ်။ CPU တွေမှာ Core ဘယ်လောက်ပါတယ်ဆိုပြီး ရွေးချယ်နိုင်ပါသေးတယ်။ Core များရင် ပိုကောင်းပါတယ်။ နောက်တစ်ခုက Clock speed ပါ။ Clock speed များရင် ပိုကောင်းပါတယ်။ Clock speed ကို Hertz နဲ့ ဖော်ပြတာ ဖြစ်ပြီး ယူနစ်အနေနဲ့ Hz ဆိုပြီး တွေ့နိုင်ပါတယ်။ နောက်တစ်ခုက Generation ပါ။ 1 generation ကနေ 7 generation အထိ ရှိပါတယ်။ 7 Generation ကတော့ အကောင်းဆုံးပါပဲ။
Memory (RAM)

Memory ဆို Computer ရဲ့ ဒုတိယ အသက်ပဲ ဖြစ်ပါတယ်။ လုပ်ငန်းတစ်ခု CPU ဆီကိုရောက်ဖို့ Memory ပေါ်ကနေ ဖြတ်သန်းလုပ်ဆောင်ရပါတယ်။ CPU လိုအပ်တာတွေကို Storage ကနေပြီး Memory ပေါ်ကို တင်ပြီး အလုပ်လုပ်တာ ဖြစ်ပါတယ်။ ဒါကြောင့် Memory ပမာဏနဲ့ Memory speed များလေ CPU ရဲ့ လုပ်ဆောင်ချက်ကို အပြည့်အဝ အသုံးချနိုင်လေ ဖြစ်ပါတယ်။ CPU များပြီး Memory နည်းနေမယ်ဆိုရင် CPU ရဲ့ လုပ်ဆောင်ချက်ကို အပြည့်အဝ ခံစားရနိုင်မှာ မဟုတ်ပါဘူး။ Memory များလေ ကောင်းလေပဲ ဖြစ်ပါတယ်။ Memory အနည်းဆုံး 4 GB ရှိသင့်ပါတယ်။
Storage

Storage မှာ နှစ်မျိုး အသုံးပြုနိုင်ပါတယ်။ Hard Disk Drive (HDD) နဲ့ Solid State Drive (SSD) တို့ပဲ ဖြစ်ပါတယ်။ HDD နဲ့ SSD မှာ HDD က အစစ အရာရာမှာ အားနည်းတယ်လို့ ဆိုရမှာပါ။ အားသာချက်အနေနဲ့ ဈေးသက်သာတာ တစ်ခုပဲ ရှိပါတယ်။ HHD က Data input/output transfer လုပ်တဲ့အခါမှာ 200 MB/s ပဲ ရရှိပါတယ်။ SSD ကတော့ 200 MB/s ကနေ 2500 MB/s အထိ ရရှိနိုင်တဲ့အတွက် HHD ထက် ဆယ်ဆကျော် မြန်တယ်လို့ ဆိုရမှာပါ။

Power မရှိပဲ Data သိမ်းတဲ့အခါမှာတော့ HDD က SSD ထက်ပိုပြီး ကြာကြာသိမ်းနိုင်ပါတယ်။ SSD ကတော့ Power မရှိပဲ သိမ်းမယ်ဆိုရင် ၁ နှစ်ကနေ ၂ နှစ်အတွင်းပဲ သိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် Power ရှိတယ်ဆိုရင်တော့ ၁၀ နှစ်အထိ သိမ်းဆည်းနိုင်ပါတယ်။ HHD ကတော့ တစ်နေရာတည်းမှာ Data တွေကို ဖျက်လိုက် သိမ်းလိုက် လုပ်တာ များလာတဲ့အခါမှာ Data ပျက်တတ်ပါတယ်။ SSD မှာတော့ အဲဒီ ပြဿနာမရှိပါဘူး။ ဒီတော့ ကိုယ့်လိုအပ်ချက်နဲ့ ဘတ်ဂျတ်အပေါ်မူတည်ပြီး အသုံးပြုနိုင်ပါတယ်။
Display

Display ဆိုရင် အရင်ဆုံး စဉ်းစားရမှာက ကြီးတာ သုံးမလား၊ သေးတာ သုံးမလား ဆိုတာပါပဲ။ များသောအားဖြင့် Display တွေက Full HD တွေ ပါပဲ။ နောက်တစ်ချက်က LED လား၊ LCD လား ဆိုတာ ရွေးချယ်ရမှာပါ။ LED ဆိုတာ Light Emitting Diodes ကို အတိုကောက် ခေါ်ဆိုတာ ဖြစ်ပါတယ်။ LCD ဆိုတာ Liquid Crystal Display ကို အတိုကောက်ခေါ်ဆိုတာ ဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ခုစလုံးကတော့ Liquid Crystal Display တွေပဲ ဖြစ်ပါတယ်။

LED နဲ့ LCD ဘာကွာသလဲဆိုတော့ LCD က Fluorescent lights ကို အသုံးပြုပြီး LED ကတော့ Light emitting diodes ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ ဒါကြောင့် LED က LCD ထက် ပါဝါပိုသုံးပြီး ပိုကောင်းတဲ့ ရုပ်ထွက်ကို ပေးပါတယ်။ နောက်တစ်ကတော့ Display ဟာ ရှေ့တည့်တည့်ကြည့်မှ မြင်ရတာလား ထောင့်စုံက ရှင်းရှင်းလင်းလင်း မြင်ရလားဆိုတာပါပဲ။
Graphic

Graphic ကတော့ ပိုကောင်းတဲ့ 3D ရုပ်ထွက်ကို ရရှိစေ ဖြစ်ပါတယ်။ Graphic card ပါတာနဲ့ Onboard graphic ပါတာကို ဒီဇိုင်းလုပ်တဲ့အခါ၊ ဂိမ်းကစားတဲ့အခါ၊ ရုပ်ရှင်ကြည့်တဲ့အခါတွေမှသာ သိသိသာသာ ခံစားနိုင်မှာ ဖြစ်ပါတယ်။ Graphic card သီးသန့်ထည့်ထားတာနဲ့ Onboard graphic နဲ့ ဘာကွာသလဲဆိုရင်တော့ Onboard graphic က Graphics Processing Unit (GPU) အတွက် PC ရဲ့ Memory (RAM) ကို အသုံးပြုရပါတယ်။

ဒီတော့ Memory ကို မျှသုံးရတဲ့အတွက် PC ရဲ့ လုပ်ဆောင်ချက်တွေ ကျဆင်းစေပါတယ်။ Graphics card သီးသန့်ထည့်သုံးတာကတော့ Graphics card မှာ GPU အတွက် သီးသန့် Memory ပါပြီးသား ဖြစ်တဲ့အတွက် GPU ကလည်း သီးသန့်၊ Memory ကလည်း သီးသန့်ဆိုတော့ PC ရဲ့ လုပ်ဆောင်ချက်ကို မထိခိုက်စေပဲ Graphics အတွက် သီးသန့် အလုပ်လုပ်ခိုင်းသလို ဖြစ်စေပါတယ်။ ဒါကို ဂိမ်းကြီးတွေနဲ့ ဒီဇိုင်းကြီးတွေ လုပ်တဲ့အခါမှာ သိသာစေပါတယ်။
Battery

Laptop ဝယ်တော့မယ်ဆိုရင် ဘက်ထရီကိုလည်း မေ့ထားလို့မရပါဘူး။ ဘာကြောင့်လည်းဆိုတော့ Laptop ဝယ်ပြီဆိုကတည်းက အလွယ်တကူ သယ်ယူပြီး ရောက်တဲ့နေရာ မီးရှိရှိ မရှိရှိ ပါဝါဖွင့် သုံးဖို့အတွက်ပါ။ ဒါကြောင့် Laptop ရဲ့ ဘက်ထရီ ဘယ်လောက်ကြာကြာခံတယ်ဆိုတာလည်း Laptop ဝယ်ယူရာမှာ အရေးပါတဲ့ အချက်ပဲ ဖြစ်ပါတယ်။ Laptop battery ရွေးချယ်တဲ့အခါမှာ Battery cell ဘယ်လောက်ပါလည်းဆိုတာ ကြည့်ပြီး ဝယ်ယူရမှာ ဖြစ်ပါတယ်။

ဥပမာ – Battery ဆိုတဲ့နေရာမှာ Li-ion 4 Cells သို့မဟုတ် 3 Cells battery ဆိုပြီး ဖော်ပြတတ်ကြပါတယ်။ Cell များလေ ကြာကြာအသုံးခံလေ ဖြစ်ပါတယ်။ ဒါပေမယ့် ဘက်ထရီရဲ့ အမျိုးအစားနဲ့ mAh အပေါ်လည်း မူတည်ပါသေးတယ်။ ဘက်ထရီမှာ mAh များများပါတာက ပိုပြီးကြာကြာ အသုံးခံပါတယ်။ ဒါကြောင့် mAh များပြီး Cell များများပါတာကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။
Network

Network မှာ Wireless နဲ့ Cable ဆိုပြီး နှစ်မျိုး ရှိပါတယ်။ Wireless မှာတော့ Laptop တော်တော်များများ အတူတူပါပဲ။ Cable မှာဆိုရင်တော့ Data transfer rate နှစ်မျိုးကို ရွေးချယ် ဝယ်ယူနိုင်ပါတယ်။ Gigabyte LAN နဲ့ 100 Megabyte LAN ဆိုပြီး ဖြစ်ပါတယ်။ သာမန်အသုံးပြုဖို့လောက်ဆို 100 Megabyte LAN နဲ့ အဆင်ပြေပေမယ့် Network မှာ အလုပ်ကြီးကြီးမားမား ခိုင်းဖို့ဆိုရင် Gigabyte LAN ကို ရွေးချယ် ဝယ်ယူရမှာ ဖြစ်ပါတယ်။
Optional

ရွေးချယ်စရာ သိပ်မလိုတာတွေလည်း ရှိပါတယ်။ Bluetooth, DVD Drive, Card Reader စသည်တို့ပဲ ဖြစ်ပါတယ်။ ဒါတွေကို ဘာလို့ရွေးချယ်စရာမလိုဘူးလည်းဆိုရင် သိပ်ပြီး အသုံးမတည့်တော့လို့ပါပဲ။ Bluetooth မှာ 3.0, နဲ့ အထက် ရှိပါတယ်။ မြင့်တာ ပိုကောင်းတာပေါ့။ Bluetooth ကိုပဲ မြင့်တာကိုလိုက်ရွေးဝယ်နေမှာ မဟုတ်ပါဘူး။ DVD Drive ဆိုရင်လည်း ပါတာ မပါတာကိုပဲ ရွေးချယ်စရာလိုပါတော့တယ်။ DVD Drive ပါတယ်ဆိုရင် Super Multi Read/Write ရပြီးသားပါ။ Card Reader ကလည်း အရေးကြီးတဲ့ ရွေးချယ်စရာမဟုတ်ပါဘူး။ မပါရင် External ဝယ်သုံးလို့ရနိုင်ပါတယ်။
အချုပ်အားဖြင့် Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင် ဘတ်ဂျတ် ဘယ်လောက်သုံးမှာလဲ။ ကိုယ်သုံးမယ့် ဘတ်ဂျက်နဲ့ ကိုယ်လုပ်ခိုင်းရမယ့် အလုပ်နဲ့ ကိုက်ညီမလားဆိုတာ ချိန်ဆကြည့်ရမှာ ဖြစ်ပါတယ်။ ငွေရှင်းကောင်တာမှာ သုံးဖို့၊ အင်တာနက် သုံးဖို့လောက်ဆိုရင် Celeron, Pentium 2.4 GHz မြန်နှုန်းလောက်ဆိုရင် အဆင်ပြေပါတယ်။
ရုံးသုံးဖို့ဆိုရင်တော့ အနည်းဆုံး Pentium 2.4 GHz ကနေ Core i3 2.4 လောက်ကို သုံးသင့်ပါတယ်။ ရုံးသုံးက Excel တွေ သုံးမှာ ဖြစ်တဲ့အတွက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်တစ်ခု ရှိဖို့လိုအပ်ပါတယ်။ ရုံးသုံးကိုမှ ဖိုင်တွေအများအပြားဖွင့်ပြီး အလုပ်လုပ်ဖို့လိုတယ်ဆိုရင်တော့ Memory ကို 8 GB ထားရှိပြီး OS ကို 64 bit အသုံးပြုဖို့ လိုအပ်မှာပါ။
IT သမားတစ်ယောက်အနေနဲ့ Network တွေ စမ်းဖို့ Programming တွေ ရေးဖို့ဆိုရင်တော့ အနည်းဆုံး Core i3 2.4 GHz လောက်ကို Gigabyte LAN နဲ့ သုံးသင့်ပါတယ်။ Laptop ကို ရွေးချယ်ရာမှာလည်း OS တစ်ခုတည်းအတွက် ဒီဇိုင်းလုပ်ထားတဲ့ အမျိုးအစားတွေကို မရွေးချယ်သင့်ပါဘူး။ Lenovo မှာ Windows အတွက် သီးသန့် ဒီဇိုင်းလုပ်ထားတဲ့ အမျိုးအစားတွေ ရှိပါတယ်။ အဲဒါမျိုး ဝယ်မိလို့ Linux ကို သုံးချင်တဲ့အခါ Driver ပြဿနာတွေ ရှိပါတယ်။ ဒါကြောင့် Computer နဲ့ အရင်းနှီးဆုံးနေရမယ့် IT သမားတစ်ယောက်အတွက် Computer ဟာ အရာအားလုံးအတွက် Free ဖြစ်နေဖို့ လိုအပ်ပါတယ်။
ဒီဇိုင်းသမားတွေအတွက်ဆိုရင်တော့ အနည်းဆုံး Core i3 2.4 GHz ကို Graphics card နဲ့ အနည်းဆုံး Memory 8 GB သုံးနိုင်ရင် အဆင်ပြေပါတယ်။ ဘာကြောင့်လည်းဆိုရင် ဒီဇိုင်းက ရုပ်ပိုင်းကိုသာ အဓိက အလုပ်လုပ်ရမှာ ဖြစ်တဲ့အတွက်ပဲ ဖြစ်ပါတယ်။ Storage ကို SSD သုံးမယ်ဆိုရင် ဒီဇိုင်းဖိုင်တွေ ဖွင့်တဲ့အခါမှာ စောင့်ဆိုင်းချိန်ကို လျော့ချပေးမှာ အသေအချာပါပဲ။
ဂိမ်းမာတွေအတွက်ဆိုရင်တော့ အနည်းဆုံး Core i3 2.4 GHz ကနေ အမြင့်ဆုံးတွေကိုပဲ ညွှန်းလိုပါတယ်။ ဘာကြောင့်လည်းဆိုရင် ဂိမ်းအသစ်အသစ်တွေက ပိုမိုကောင်းမွန်အောင် ဖန်တီးလာကြတဲ့အတွက်ပဲ ဖြစ်ပါတယ်။ ဂိမ်းတွေကို ပိုမိုကောင်းမွန်အောင် ဖန်တီးလာသလို အဲဒီ ဂိမ်းတွေကို ပံ့ပိုးပေးတဲ့ Device တွေကိုလည်း ပိုမိုစွမ်းဆောင်ရည်ရှိအောင် ဖန်တီးလာကြပါတယ်။ ဒါကြောင့် ဂိမ်းကစားဖို့ဆိုရင်တော့ အမြင့်ဆုံးတွေသာ သုံးရမှာပါ။ အနည်းဆုံးအနေနဲ့ ပြောရရင်တော့ Core i3 2.4 GHz, Graphic 2 GB card, Memory 8 GB, Storage 1 TB (HDD), Gigabyte Network တို့ကို သုံးနိုင်ပါတယ်။

crd

#လွယ်ကူလေ့လာနည်းပညာ

28/05/2023

📎ကွန်ပျုတာ screen မျက်နှာပြင်ပေါ်က This PC ဆိုတဲ့ icon လေး မရှိတော့လို့ ဘယ်လို ပြန်ဖော်ရမလဲ...

📎အချို့ချို့သော Error ‌လေး‌တွေက သိနေသူအတွက်သာ လွယ်ကူစေတာဖြစ်ပြီး မသိသေးသူတွေအတွက်က ခေါင်းကိုက်စေတဲ့ ဝေဒနာတစ်မျိုးပဲ ဖြစ်ပါတယ်...။

📎ဒီပိုစ့်လေးက မသိသေးသူများအတွက်သာ ဖြစ်ပါတယ်။


#လွယ်ကူလေ့လာနည်းပညာ

17/04/2023
07/03/2023

ကွန်ပျုတာပြဿနာ အဖြေရှာ (၁)

- ကွန်ပျုတာရဲ့ Desktop မျက်နှာပြင်မှာ icon တွေပျောက်သွားလို့ စိတ်ညစ်ဖူးပါသလား..



This PC icon လေး Desktop မှာ ဖော်ပြနေတာကို လိုချင်တဲ့အခါ.....တစ်ပုံချင်းစီနှိပ်ပြီး ဆက်ဖတ်သွားပါ။
22/02/2023

This PC icon လေး Desktop မှာ ဖော်ပြနေတာကို လိုချင်တဲ့အခါ.....
တစ်ပုံချင်းစီနှိပ်ပြီး ဆက်ဖတ်သွားပါ။

စိတ်ဓါတ်ကျခဲ့ရင် ၃စင်တီမီတာကိုသတိရပါ...ဝါးပင်တစ်ပင်က ၃ စင်တီမီတာ ကြီးဖို့ ၄ နှစ်အချိန်ပေးရပါတယ်။ အဲ့ဒီ ၄ နှစ် နောက်ပိုင်...
18/02/2023

စိတ်ဓါတ်ကျခဲ့ရင်
၃စင်တီမီတာကိုသတိရပါ...
ဝါးပင်တစ်ပင်က ၃ စင်တီမီတာ ကြီးဖို့
၄ နှစ်အချိန်ပေးရပါတယ်။

အဲ့ဒီ ၄ နှစ် နောက်ပိုင်းမှာတော့
ဝါးပင်တစ်ပင်ဟာ
၁ ရက် ကို ၃၀ စင်တီမီတာ အထိ
ကြီးထွားနိုင်ပါတယ်။
၆ ပတ်အတွင်း ၁၅ မီတာ
လောက်အမြင့်ကိုရောက်နိုင်တယ်။

ဒါဟာ ဘာလို့လဲဆိုတော့
ပထမဆုံး ၄ နှစ် မှာ အဲ့ဒီဝါးပင်က အမြစ်မှာ
အခြေခိုင်အောင်အားစိုက်နေလို့ပဲဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့ကိုယ်လုပ်သမျှ အကျိုးရလာဒ်
မမြင်ရတဲ့ချိန်မှာကိုယ်ကြိုးစားသလောက်
အရာမထင်ဘူးလို့ထင်တဲ့ချိန်မှာ
ဝါးပင်လေးကို သတိရစေချင်ပါတယ်။

ကိုယ်က ၁၀ မီတာ မြင့်ချင်ရင် ၁၀ မီတာ အတွက် အခြေခိုင်အောင်လုပ်ရမယ်။
အဲဒီတော့ အချိန်က ၁ နှစ် ကြာချင်ကြာမယ်။

ကိုယ်က၁၀၀ မီတာ မြင့်ချင်ရင်
၁၀၀ မီတာ အမြင့်ကိုခံနိုင်တဲ့အခြေခံရှိရမယ်လေ။
အဲဒီတော့ ၁၀ နှစ် အချိန်ပေးရင် ပေးရမယ်။

ဒါကြောင့် ကိုယ်ကြိုးစားသလောက် ချက်ချင်းအကျိုးမမြင်ရရင်လဲစိတ်ဓာတ်ကျပြီးတော့
နောက်မဆုတ်ပါနဲ့လို့ပြောချင်ပါတယ်။

ကိုယ်သာအခြေခိုင်အောင် အမြစ်ပွား၊
ကြိုးစားနေသ၍တစ်ရက်ကျရင် အမြင့်ကို
ရောက်နိုင်ပါလိမ့်မယ်။

ဘာဖြစ်လို့လဲဆိုတော့ လူအများစုက
အဲ့ဒီ ၃ စင်တီမီတာ ကနေ မကျော်နိုင်ကြပါဘူး။
အဲ့ဒါကြောင့် ကျရှုံးသူက အောင်မြင်သူထက်
များနေတာပေါ့ ။

ကိုယ့်ရဲ့ ၃ စင်တီမီတာ ကို ကျော်ဖြတ်နိုင်ရင်တော့
သင်က အမြင့်ကိုမကြာခင်ရောက်မယ့်သူတွေပါပဲ ။

စိတ်ဓာတ်ကျရင် ၃ စင်တီမီတာ ကိုသတိရပါ ။
ငါ့ရဲ့ ၃ စင်တီမီတာ ပဲလို့ ပြောပြီး အားအင်ပြန်ပြည့်နိုင်ပါစေ။......

လေးစားစွာဖြင့်ပြန်လည်မျှဝေပါသည်။

📧📎 Gmail မှာ Social Media က (comment, like ပေးတာကအစ ) ဝင်လာမစဲစဲတစ်သဲသဲဖြစ်နေတဲ့ မလိုအပ်တဲ့ Mail တွေကို Filter ပေးပြီး စ...
06/02/2023

📧📎 Gmail မှာ Social Media က (comment, like ပေးတာကအစ ) ဝင်လာမစဲစဲတစ်သဲသဲဖြစ်နေတဲ့ မလိုအပ်တဲ့ Mail တွေကို Filter ပေးပြီး စစ်ထုတ်လို့ရပါတယ်။

📧📎 တစ်ခါထဲ မလိုအပ်တဲ့ Mail တွေကို လည်း ဝင်လာတာနဲ့ တန်း Delete ပေးဖို့ command ရွေးထားလိုက်ရင် Mail box မြန်မြန်ပြည့်လာတတ်တဲ့ ကိစ္စကိုလည်း ဖြေရှင်းပြီးသားဖြစ်သွားပါလိမ့်မယ်။

📌 ပုံထဲက စာတွေအတိုင်း တစ်ဆင့်ချင်းလုပ်သွားပေးပါ

အဆင်ပြေကြပါစေ

💻 ကိုယ်သုံးနေတဲ့ ကွန်ပျူတာရဲ့  Processor ရဲ့ Generation ကို ဘယ်လို ပြန်ကြည့်မလဲ..? (တစ်ပုံချင်းစီ နှိပ်ဖတ်ပါ)
30/01/2023

💻 ကိုယ်သုံးနေတဲ့ ကွန်ပျူတာရဲ့ Processor ရဲ့ Generation ကို ဘယ်လို ပြန်ကြည့်မလဲ..?

(တစ်ပုံချင်းစီ နှိပ်ဖတ်ပါ)


27/01/2023

Generation တဲ့...။
ဒီနေ့ခေတ်မှာ လူတိုင်းတွင်တွင်ကျယ်ကျယ်ပြောလာတဲ့ စကားဖြစ်ပါတယ်။ 'မျိုးဆက်' တစ်ခုကို ရည်ညွှန်းကြတာဖြစ်ပြီး အဆင့်ဆင့်ဖြစ်ပေါ်ပြောင်းလဲလာမှုတွေကို ပြောချင်တဲ့အခါ ထည့်ပြောကြလေ့ရှိတဲ့ စကားတစ်ရပ်လည်း ဖြစ်ပါတယ်။

ကွန်ပျူတာရဲ့ Generation လို့ဆိုလာရင်တော့ စတင်တီထွင်ပေါ်ပေါက်လာတဲ့ကာလကနေ မျက်မှောက်ခေတ်ထိအဆင့်ဆင့်ဖြစ်ပေါ်လာပုံကို စတင်ရေတွက်ရမှာပဲဖြစ်ပါတယ်။

ကွန်ပျူတာ Generation ကို ခွဲခြမ်းစိတ်ဖြာရရင် လက်ရှိကာလထိ 5 th generation ထိရှိလာပြီလို့ ဆိုနိုင်ပါတယ် ။ ဒါပေမယ့် ဒါဟာ လက်ရှိစျေးကွက်မှာ ကွန်ပျူတာ ရောင်းချသူတွေ တံဆိပ်ကပ်တဲ့ generation ကို ဆိုလိုတာမဟုတ်ပါဘူး...။

SOE

10/01/2023

📌 Hardware ‌တွေအကြောင်း စာတွေမဖတ်ချင်ဘူးဟုတ်

👉 ဒါဆို ဒီ Video file ကို ဖွင့်နားထောင်လိုက် 👌အိုကေ

📌 Laptop ဝယ်ချင်တာလား ၊ Desktop ဝယ်ချင်သလား
📌 Harddisk size ဘယ်လောက်နဲ့ RAM ဘယ်လောက်ထဲက ဝယ်ချင်တာလဲ
📌 Harddisk က HDD နဲ့ လား ၊ SSD လား
📌 စက်နည်းနည်းပိုသွက်ချင်တယ် RAM ထပ်တိုးလို့ရမလား ၊ ဘယ်လိုတိုးသင့်သလဲ

👉 အိုကေပါ အားလုံးသော အမေးလေးတွေ ဒီ Video မှာရှိပါတယ်နော်

💻 ကွန်ပျုတာတော့ သုံးနေပါတယ်၊ စာတွေရိုက်မယ်၊ စာရင်းတွေပြုစုမယ်..။💻 ဒီလိုအသုံးပြုနည်းလောက်ကိုပဲ သိထားယုံနဲ့ ဒီကနေ့‌မျက်မှေ...
05/01/2023

💻 ကွန်ပျုတာတော့ သုံးနေပါတယ်၊ စာတွေရိုက်မယ်၊ စာရင်းတွေပြုစုမယ်..။
💻 ဒီလိုအသုံးပြုနည်းလောက်ကိုပဲ သိထားယုံနဲ့ ဒီကနေ့‌မျက်မှောက်မှာ မလုံလောက်တော့ပါဘူး။
💻 ဘယ်လို အစိတ်အပိုင်းတွေပါတဲ့ ကွန်ပျုတာဟာ ပိုကောင်းပါသလဲ..သိဖို့လိုလာပါပြီ။
💻 စက်တစ်လုံးဟာ အလုပ်လုပ်နေရင်း အခန့်မသင့်တဲ့ အခါ ပျက်တတ်ပါတယ်။
💻 ကွန်ပျုတာဟာ ဘယ်အစိတ်အပိုင်းတွေပါဝင်နေရပါသလဲ..။
💻 ဘယ်အစိတ်အပိုင်းတွေကတော့ ဘာအလုပ်တွေကိုလုပ်ရပြီး ဘာကြောင့်မဖြစ်မနေလိုအပ်ပါသလဲ..။

👉 ဒါတွေကိုသိဖို့ ပုံတစ်ပုံချင်းစီကို နှိပ်ဖတ်သွားပါ


မင်္ဂလာရှိသောနှစ်သစ်ပါ....။လေ့လာခြင်းနဲ့စတင်ဖို့ Intro လေး အရင်စကြမယ်နော့် ...။(ပုံတစ်ပုံချင်းစီကို နှိပ်ဖတ်သွားပါ)၂၀၂၃ ...
01/01/2023

မင်္ဂလာရှိသောနှစ်သစ်ပါ....။
လေ့လာခြင်းနဲ့စတင်ဖို့ Intro လေး အရင်စကြမယ်နော့် ...။

(ပုံတစ်ပုံချင်းစီကို နှိပ်ဖတ်သွားပါ)

၂၀၂၃ မှာ ကွန်ပျူတာတွေကြောင့် ဖြစ်တဲ့ Error တွေဟာ ကိုယ့်ကိုအနှောက်အယှက်မဖြစ်စေနိုင်တော့ဘူးလို့ တွေးလိုက်ပါတော့။


02-01-2023

25/12/2022

📌 လွန်ခဲ့တဲ့ အနှစ် ၃၀ က ပုံနှိပ်ထားတဲ့ ဖတ်စာအုပ်ကို အလွတ်ကျက်ပြီး certificate ရတာတွေက အလုပ်ရဖို့ အာမမခံနိုင်တော့ပါဘူး။

📌 အင်တာနက် အခြေပြု စီးပွားရေး/အလုပ် ပုံစံ အသစ်တွေ အများကြီး ပေါ်လာနေပါပြီ။

📌 လူသားဆန်မှုကို အခြေပြုတဲ့ လူမှုရေး အလုပ်တွေ လူမှုပတ်ဝန်းကျင်မှာ တန်ဖိုးပိုမြင့်လာဖို့ပဲရှိပါတယ်။

📌 တချိန်တည်းမှာ ဒီ အပြောင်းအလဲကို မှီနိုင်တဲ့လူနဲ့ အပြောင်းအလဲနောက် လိုက်နိုင်သူတွေ ဖြစ်ဖို့လိုလာပါပြီ။

📌 ကိုယ့်ရဲ့ လေ့လာမှု၊ ကိုယ့်ပတ်ဝန်းကျင် နဲ့ ဘယ်သူ့ကို အားကျ အတုယူလဲဆိုတဲ့ အရာတွေက စကားပြောလာပါလိမ့်မယ်။

ဘာတွေ ဆက်ဖြစ်မလဲဆိုတာ မသိပေမယ့် ကျွန်တော်တို့က အပြောင်းအလဲကြီး တစ်ခုထဲ ရောက်နေပါတယ်။

ကျွန်တော်တို့ အိမ်တွင်းအောင်းနေစဉ်ကာလက အမှုမဲ့ အမှတ်မဲ့နဲ့ တစ်နေ့နေ့မှာ ပြီးသွားပါမယ်။

ဒါကတော့ ဒီ Page လေး ဖွင့်ရခြင်းရဲ့ ရည်ရွယ်ချက်ပါပဲ။

24/12/2022

🎄🎄☃️ 🔔 🎁 ပျော်ရွှင်ဖွယ်ခရစ်စမတ်အခါသမယ ဖြစ်ပါစေ

မင်္ဂလာပါ...2022 ခုနှစ်က ကုန်လွန်ပါတော့မယ်..။2023 ခုနှစ်မှာ 2022 ခုနှစ်ကထက် နည်းပညာနဲ့ပတ်သက်လို့ ပိုမိုသင်ယူဖို့ စိတ်ကူး...
23/12/2022

မင်္ဂလာပါ...
2022 ခုနှစ်က ကုန်လွန်ပါတော့မယ်..။
2023 ခုနှစ်မှာ 2022 ခုနှစ်ကထက် နည်းပညာနဲ့ပတ်သက်လို့ ပိုမိုသင်ယူဖို့ စိတ်ကူးထားပါသလား..။
သင်ယူမှုတစ်စုံတစ်ခု ပြုလုပ်ဖို့ ဆန္ဒရှိတယ်ဆိုရင် ကျွန်မတို့ ရည်ရွယ်ချက်ချင်း တူကြပါလိမ့်မယ်...။

ဒီလိုဆို ရည်ရွယ်ချက်တွေ တူညီတဲ့ ကျွန်မတို့ အတူတူလေ့လာ ကြရအောင်လား...။

ဒီ Page လေးမှာ နည်းပညာနဲ့ ပတ်သက်လို့ ကျွန်မကိုယ်တိုင်သင်ယူနေရင်းနဲ့ ကျွန်မတတ်သိထားမျှလေးတွေ Knowledge Sharing ပြုလုပ်ပေးမှာ ဖြစ်ပါတယ်...။

ကျွန်မနဲ့အတူ လိုက်ပါ သင်ယူလိုသူ မည်သူမဆို ဖိတ်ခေါ်ပါတယ်...။ Page လေးကို Like and Follow လုပ်ထားပြီးလေ့လာနိုင်ပါတယ်။

Ok! Let's learn together !

Address

Waziyar Street
Naypyidaw

Telephone

+959797626358

Website

Alerts

Be the first to know and let us send you an email when Learning with SOE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Learning with SOE:

Videos

Share