Myat Chel Chel

Myat Chel Chel 🍀🍀🍀

လူတစ်ယောက်ရဲ့ အတွေးဟာ သူ့ရဲ့ဘဝပါပဲတဲ့…...အတွေးဟာ စွမ်းအားရှိတယ်…ကောင်းတာတွေ တွေးတာများရင် ကောင်းတာတွေ ပိုလုပ်ဖြစ်မယ်…ကော...
02/12/2023

လူတစ်ယောက်ရဲ့ အတွေးဟာ
သူ့ရဲ့ဘဝပါပဲတဲ့…...

အတွေးဟာ စွမ်းအားရှိတယ်…
ကောင်းတာတွေ တွေးတာများရင်
ကောင်းတာတွေ ပိုလုပ်ဖြစ်မယ်…
ကောင်းတာတွေ ပြောဖြစ်မယ်…

ကောင်းတဲ့အရာတွေနဲ့
ပိုအချိန်ကုန်ပါများတဲ့အခါမှာ
ကောင်းတဲ့ကံ ကောင်းတဲ့အရာနဲ့
ပျော်ရွှင်မှုတွေရမယ်…
လုပ်နိုင်တယ် ဆိုတဲ့
စွမ်းအား ခွန်အားတွေရမယ်…
Positive energyတွေ ပြည့်နှက်နေမယ်…

မကောင်းတာတွေ တွေးတာများရင်
မကောင်းတာတွေ ပိုလုပ်ဖြစ်မယ်…
မကောင်းတာတွေ ပိုပြောဖြစ်မယ်…
Negative ဘက်ကိုရောက်စေတဲ့ အတွေးတွေ
တွေးတာ များလာတဲ့အခါမှာ

သိမ်ငယ်စိတ်တွေဝင်မယ်…
ယုံကြည်မှုတွေ လျော့ကျမယ်…
ခွန်အားတွေ ကုန်ခမ်းမယ်…
တလောကလုံး ကိုယ်ကပဲ အထီးကျန်ဆုံး၊
ကိုယ်ကပဲကံအဆိုးဆုံးလို့ တွေးတတ်တဲ့အထိ
နစ်မွန်းနေတတ်ပါတယ်…

ဒါကြောင့်
ကိုယ့်အတွေးတွေကို ဂရုစိုက်ပါ…
အတွေးတွေဟာ စွမ်းအားရှိတယ်…

ကိုယ့်အတွေးနဲ့ ကိုယ့်ဘဝကို
နစ်မွန်းအောင် လုပ်တဲ့သူ မဖြစ်ပါစေနဲ့…

ကိုယ့်အတွေးနဲ့ ကိုယ့်ဘဝကို
တိုးတက်မြင့်မားအောင်လုပ်တဲ့သူပဲ ဖြစ်ပါစေ…

Lovely

With by Original Iploader.

ထိန်းချုပ်မယ့် "M" ၄ လုံးMouth - ပါးစပ်ကို စားတဲ့ အပိုင်းရော - မလိုတာတွေပြောတဲ့ အပိုင်းရော ထိန်းချုပ်ရမယ် Money - ပိုက်ဆ...
02/12/2023

ထိန်းချုပ်မယ့် "M" ၄ လုံး

Mouth
- ပါးစပ်ကို စားတဲ့ အပိုင်းရော
- မလိုတာတွေပြောတဲ့ အပိုင်းရော ထိန်းချုပ်ရမယ်

Money
- ပိုက်ဆံကို ဘယ်ကဝင်ပြီး
- ဘယ်တွေမှာထွက်နေသလဲအရင်ရှာ
- ပြီးရင် ပိုဝင်မယ့်လမ်းတွေဖောက်

Mind
- စိတ်ကို ဘူမနေဖို့
- negative တွေ မတွေးဖို့
- မယုတ်မာဖို့ ထိန်း

Mood
- mood ကောင်းမှ ကောင်းတာလုပ်မယ်ဆိုတာကိုပြင်
- Mood မကောင်းစေတဲ့ သတင်းတွေ အတင်းတွေရဲ့
အဝေးမှာနေ

ဒီ ၄ ခုကို ထိန်းနိုင်ရင်
တိုးတက်မှုမြန်နှုန်းတွေ
မြင့်လာလိမ့်မယ်မိတ်ဆွေ

Credit thelapyae

လူတစ်ချို့က…အစွန်းအထင်း သိပ်များတဲ့ စီလွန်ပုဝါလေးကို…ကိုယ့်မှာရှိတဲ့ ဆပ်ပြာတွေ အမွှေးဆီတွေနဲ့အကြိမ်ကြိမ် လျှော်ဖွတ် သန့်...
01/12/2023

လူတစ်ချို့က…
အစွန်းအထင်း သိပ်များတဲ့ စီလွန်ပုဝါလေးကို…
ကိုယ့်မှာရှိတဲ့ ဆပ်ပြာတွေ အမွှေးဆီတွေနဲ့
အကြိမ်ကြိမ် လျှော်ဖွတ် သန့်စင်…မီးပူတိုက်..
ပြီးတော့မှ အမြတ်တစ်နိုး တန်ဖိုးထားလို့…
သပ်သပ်ရပ်ရပ်လေး လွှမ်းခြုံလိုက်တဲ့အခါ..
ယုံကြည်မှုတွေ အပြည့်နဲ့မို့ ထင်ပါရဲ့…
သူတို့နဲ့ လိုက်ဖက်မှုရှိပြီး သိပ်လှသွားတယ်…

လူတစ်ချို့က…
သဘာဝဆေးဆိုး ပုဝါလေးကို…အစွန်းအထင်း
ရှိလေမလား.. အမဲစက်ရှိလေမလား..
ချည်ကျော်ပါလေမလားဆိုတဲ့..
လားပေါင်းများစွာသော စိုးရိမ်စိတ်တွေနဲ့…
မရှိတဲ့ အပြစ်အနာအဆာကို..
အသည်းအသန် ရှာဖွေကြတယ်…
အပြစ်အနာအဆာတွေ့ရင် ဒီပုဝါကို
မခြုံတော့ဘူးဆိုတဲ့ စိတ်မျိုးနဲ့ပေါ့…

သဘာဝဆိုးဆေး ပုဝါဆိုတာ…
သစ်ဥ သစ်ဖု သစ်ရွက်တွေနဲ့ ဆေးရိုက်ထားလို့…
ချည်သား အေးပြီး သဘာဝ သိပ်ဆန်တယ်…
ဒါကိုနားလည်သူတွေကတော့ နှစ်သက်ကြတာပေါ့…
ယုံကြည်မှုရှိရှိနဲ့ ခြုံလိုက်မယ်ဆိုရင်…
သိပ်ကို ခန့်ညားလှပသွားမှာ သေချာပေမယ့်…
စိုးရိမ်စိတ်နဲ့ မကြာခဏ အပြစ်အနာအဆာပဲ
ရှာနေရင်တော့ …

သေချာပါတယ်… အဲ့ဒီလူတစ်ချို့ဟာ …
သဘာဝပုဝါကို တန်ဖိုးမထားတတ်တဲ့အတွက်…
ဘာကြောင့်…. ညာကြောင့် ပုဝါမခြုံဖြစ်တာဆိုတဲ့
အကြောင်းပြချက်တွေနဲ့…အပြစ်တွေဖို့ …
နောက်ဆုံးမှာ…စွန့်ပစ်ဖို့ အကြောင်းရှာနေတာပါပဲ…

အဲ့လိုပဲ.. တစ်ချို့အရာတွေက …
တန်ဖိုးထားတတ်သူလက်ထဲ ရောက်ရင်…
သုညဖြစ်နေရင်တောင် ပျော်ရွှင်မှုတွေနဲ့အတူ
တန်ဖိုးတွေ အများကြီး တက်လာတာမျိုး…

တန်ဖိုးမထားတတ်သူတွေ လက်ထဲမှာဆိုရင်တော့…
၁၀၀ ရှိရင်တောင် ထိခိုက်နာကျင်မှုတွေနဲ့အတူ
အနှုတ်လက္ခဏာ ပြသွားတတ်တာမျိုး…

တန်ဖိုးထားတတ်မှုနဲ့အတူ ကိုယ့်ကိုယ်ကိုယုံကြည်မှု
ရှိတတ်ဖို့ကလည်း သိပ်ကိုအရေးကြီးတာ မဟုတ်လား…

ဘဝမှာ ကြုံဖူးကြလား….ကိုယ်ချစ်ရခင်ရတဲ့သူကကိုယ်ကျင့်သိက္ခာနဲ့ပတ်သက်လို့ သားသမီးချင်း မစာမနာ ကိုယ့်အပေါ် စော်ကားပြောဆိုလိုက...
01/12/2023

ဘဝမှာ ကြုံဖူးကြလား….

ကိုယ်ချစ်ရခင်ရတဲ့သူက
ကိုယ်ကျင့်သိက္ခာနဲ့ပတ်သက်လို့
သားသမီးချင်း မစာမနာ
ကိုယ့်အပေါ် စော်ကားပြောဆိုလိုက်လို့….

အလိုလို ကျလာတဲ့ မျက်ရည်တွေကို ….
အံကြိတ်အားတင်းပြီး ထိန်းထားပေမယ့်
အမြင်တွေ ဝေဝါးလာတဲ့အထိ ပြည့်လျှံလာတာ…

အလုပ်ချိန်မို့ အလုပ်လုပ်နေရပေမယ့်…
စိတ်ထိခိုက်လွန်းလို့ ရင်ထဲမှာ တစ်ဆစ်ဆစ်
နာကျင်ခံစားနေရတာ….

ဘယ်လို စကားလုံးနဲ့ တုံ့ပြန်ရင် …
နာကျင်သွားမယ်ဆိုတာ သိပေမယ့်…
မတုံ့ပြန်ဖြစ်တော့တာ….

ပြုသူအသစ် .. ဖြစ်သူအဟောင်း ဆိုသလို…
ဝဋ်ကျွေးတွေ အမြန်ကျေလိုက်ချင်ပေမယ့်…

အကြိမ်ကြိမ် နာကျင်မှုတွေကိုတော့
ခံနိုင်ရည် မရှိသေးတာမို့…

ရှေ့ဆက်ပြီး ကြုံဆုံသမျှ လောကဒဏ်ကို
ရင်ဆိုင်နိုင်အောင် ကြိုးစားရမှာပေါ့….

မည်သို့ပင်ဆိုစေကာမူ….
ဘဝဆက်တိုင်း … ကိုယ့်အပေါ် Physical/Mental
ထိခိုက် နာကျင်စေသူတွေနဲ့ ကင်းဝေးပါရစေ…

1-12-2023

စိတ်ထဲမှာ နာကျင်နေတဲ့အရာကိုမျက်နှာမှာ လာမပေါ်အောင် ထိန်းထားဖို့…စိတ်ကူး တည်ဆောက်ထားတဲ့ အရာတွေပြိုလဲသွားခဲ့ရင်တောင် ခြေလှ...
01/12/2023

စိတ်ထဲမှာ နာကျင်နေတဲ့အရာကို
မျက်နှာမှာ လာမပေါ်အောင် ထိန်းထားဖို့…

စိတ်ကူး တည်ဆောက်ထားတဲ့ အရာတွေ
ပြိုလဲသွားခဲ့ရင်တောင် ခြေလှမ်းတွေ ချော်မသွားဖို့…

ကိုယ့်ပေါ် မကောင်းမှန်းသိတဲ့ ဆက်ဆံရေးတွေကို
အပြုံးမပျက် ခေါ်နေ ပြောနေနိုင်ဖို့…

ဘဝကြီးက ပြိုလဲခဲ့ဖူးတယ်ဆိုရင်တောင်
အဆင်ပြေနေတဲ့ ပုံစံမျိုးနဲ့နေတတ်ဖို့…

တစ်ခုခု ဖြစ်ခဲ့ဖူးတယ်ဆိုရင်တောင်…
ဘာမှမဖြစ်ခဲ့သလို နေတတ်ဖို့ဆိုတာ
ငါ့မှာ အများကြီးဖြတ်သန်းခဲ့ရတာ…

တကယ်တော့…
ကိုယ်ဘယ်လောက် ရင့်ကျက်လာသလဲဆိုတာ
ပျော်ရွှင်ခြင်း၊ နာကျင်ခြင်းတွေကို
လူမြင်အောင် ထုတ်ခံစားမပြဘဲ
မင်းရင်ထဲမှာ ဘယ်လိုထားတတ်လာသလဲဆိုတာနဲ့ပဲ
ဆိုင်တယ် ။

ပျော့ကွက်ကို ချနင်းမယ့်သူရှေ့မှာ
အားနည်းချက်ကို ထုတ်မပြရဘူး…

ပြီးတော့...
ဒဏ်ရာအသစ်တွေ ထပ်ပေးမယ့်သူတွေကို…
ဒဏ်ရာအဟောင်းတွေအကြောင်း
ဘယ်တော့မှ မပြောပြရဘူးသိလား …

တကယ်တော့…
စိတ်သက်သာရာ သက်သာကြောင်းဆိုတာ
ငါတို့ကိုယ်တိုင်ဆီမှာကလွဲရင်
တစ်ခြား ဘယ်သူ့ဆီမှာမှ တကယ်မရှိဘူး ။ ။

#အရှင်ဇဝန

လူတစ်ယောက်ကို ….. ဘယ်သူ့ကိုမှမချစ်ဖူးတဲ့ ချစ်ခြင်းမျိုးနဲ့ .. ချစ်မိတဲ့အခါ.. #ကိုယ့်မှာ သူရှိတယ်ဆိုတဲ့ အတွေးလေး တွေးမိရု...
30/11/2023

လူတစ်ယောက်ကို …..
ဘယ်သူ့ကိုမှမချစ်ဖူးတဲ့ ချစ်ခြင်းမျိုးနဲ့ .. ချစ်မိတဲ့အခါ..

#ကိုယ့်မှာ သူရှိတယ်ဆိုတဲ့ အတွေးလေး တွေးမိရုံနဲ့ နွေးထွေးလုံခြုံသွားသလို ခံစားမှုမျိုး…

#သူကလွဲပြီး ကျန်တာတွေ ဖွဲ နဲ့ ဆန်ကွဲ….
နောက်ထပ် ဘယ်သူ့ကိုမှ မလိုအပ်တော့တဲ့ ခံစားမှုမျိုး…

#“ရည်းစားဦးကို မြေးဦးရတဲ့အထိ မမေ့ဘူး” ဆိုတာ
ကလည်း ဟာသတစ်ခုလို… ရယ်ရတာမျိုး…

#သူနဲ့တွေ့ရတဲ့အချိန်တိုင်း လှပတဲ့ ပန်းခင်းကြီးထဲ ရောက်သွားသလို…ကြည်နူးပြီး ပျော်ရွှင်နေမိတာမျိုး…

#တနေ့တာ ဖြစ်ပျက်သမျှကို သူ့ကိုပြောပြလိုက်ရမှ တစ်နေ့တာရဲ့ အဓိပ္ပါယ် ပြည့်စုံနေတာမျိုး…

#အစားစားရင် ဒါဆို သူသိပ်ကြိုက်တာဆိုပြီး ကျွေးချင်နေမိတာမျိုး…

#ညမအိပ်မချင်း သူနဲ့စကားတွေ ပြောချင်နေမိပြီး… မနက်အိပ်ယာနိုးတာနဲ့ သူ့ကိုအရင်ဆုံး သတိရတာမျိုး..

#သူမပါတဲ့ ခရီးသွားရရင်… သူသာပါလာရင် သိပ်ပျော်ဖို့ကောင်းမှာဆိုတဲ့ လွမ်းဆွတ်တမ်းတမှုမျိုး…

#တစ်သက်လုံး လုပ်ချင်ရာ လုပ်လာတဲ့ကိုယ်က ခုဆို သူနဲ့တိုင်ပင်ပြီးမှ ဆုံးဖြတ်တော့တာမျိုး….

#သူသာလျှင် ကိုယ့်အတွက် ဆုလာဘ်…
ကိုယ့်ရဲ့ ပျော်ရွှင်မှု… ကိုယ့်ရဲ့အရာရာ … ဆိုတဲ့ စိတ်ကူးယဉ်ဆန်ဆန် စကားလုံးတွေက .. ကိုယ့်အတွက် ပိုပြီး လက်တွေ့ဆန်နေတတ်တာမျိုး…

#ဘဝမှာ သူ့အပေါ် ဘယ်သူနဲ့မှ မတူတဲ့ ချစ်ခြင်းနဲ့
ချစ်ဖူးခြင်းပေါ့…

#🥰🥰🥰

ဒီလို စိမ်းစိမ်းစိုစိုမြင်ကွင်းလေးနဲ့….အိမ်လေး 🍀🍀🍀CreditOriginal Design
29/11/2023

ဒီလို စိမ်းစိမ်းစိုစိုမြင်ကွင်းလေးနဲ့….အိမ်လေး 🍀🍀🍀

Credit
Original Design

06/11/2023

🍀 ကိုယ့်အတွက် ကိုယ်သာရှိတယ်🍀

#တစ်ပါးသူထံက အားပေးစကားကို မျှော်လင့်ရင်း ကိုယ့်ကိုယ်ကို အားပေးတတ်သူ ဖြစ်ပါစေ..
#ကျရှုံးပြိုလဲတဲ့အခါ တစ်ပါးသူရဲ့ ဆွဲထူပေးမှုကို မျှော်လင့်ရင်း ကိုယ့်ကိုယ်ကို ထူမတ်နိုင်သူ ဖြစ်ပါစေ..
#တစ်ပါးသူထံက ချစ်ခြင်းမေတ္တာကို မျှော်လင့်ရင်း ကိုယ့်ကိုယ်ကို ချစ်မြတ်နိုး တန်ဖိုးထားတတ်သူ ဖြစ်ပါစေ..
#ဘဝထဲမှာ လမ်းလျှောက်ရင်း လမ်းပျောက်တဲ့အခါ လမ်းစဖော်ပေးနိုင်သူကို မျှော်လင့်ရင်း ကိုယ်တိုင်လမ်းစ ရှာတွေ့အောင် ကြိုးစားတတ်သူ ဖြစ်ပါစေ…
#ကိုယ့်အတွက် ကိုယ်သာ အမြဲရှိနေနိုင်တာ မဟုတ်လား..

တစ်နေ့က ကျွန်မတို့ မောင်နှမတတွေ ငယ်ငယ်ကအကြောင်းလေးတွေ ပြောပြီး ရယ်ကြ လွမ်းကြတယ်..ငယ်ငယ်တုန်းက အိမ် ၉ အိမ်ပဲရှိတဲ့ ခေတ်ဦး...
22/10/2023

တစ်နေ့က ကျွန်မတို့ မောင်နှမတတွေ ငယ်ငယ်ကအကြောင်းလေးတွေ ပြောပြီး ရယ်ကြ လွမ်းကြတယ်..
ငယ်ငယ်တုန်းက အိမ် ၉ အိမ်ပဲရှိတဲ့ ခေတ်ဦးအိမ်ယာလေးမှာ စားစရာသရေစာဆိုင် မရှိတော့ ကိုယ်ပထမဆုံး စားဖူးတဲ့ အစားအစာအကြောင်းတွေ ပြောဖြစ်ကြတယ်။

ကျွန်မတို့ ငယ်ငယ်တုန်းက ဥစ္စာပစ္စည်း မပြည့်စုံ၊ ရုပ်ဝတ္ထု၊ စားစရာတွေကလည်း ခုခေတ်လို မတိုးတက် မများတော့ အခါကြီးရက်ကြီးတွေမှာ အမေလုပ်ကျွေးတဲ့ ဗမာမုန့်လေးတွေ(မုန့်ပြားသလက်၊ ငှက်ပျောသီးမုန့်၊ ပဲမုန့်)တစ်ခုခုလောက် စားရရင်ပဲ သိပ်ပျော်စရာ ကောင်းခဲ့ကြတယ်…

ကျွန်မဆို ရှမ်းခေါက်ဆွဲကို မန္တလေးမှာ ပထမနှစ်တက္ကသိုလ်တက်တဲ့အရွယ်လောက်မှ စားဖူးတယ်။
ကိုယ့်ဒေသမှာ ရှမ်းခေါက်ဆွဲဆိုင်မရှိတာက တစ်ကြောင်း၊ ထမင်းကိုပဲ အားပြုစားကြတာက တစ်ကြောင်း... အကြောင်း အမျိုးမျိုးကြောင့်ပေါ့လေ..

အဲဒီမှာ ညီမလေးက သူ ပထမဆုံး ထိုးမုန့် စားဖူးတဲ့အကြောင်း ပြောပြတယ်။ အဖေ မန္တလေးက ပြန်လာတော့ အိမ်အတွက် ထိုးမုန့်ဝယ်လာတာ.. အမေက မောင်နှမတစ်တွေအတွက် ညီတူညီမျှလှီးပြီး တစ်တုံးစီ ကျွေးတယ်။ ပထမဆုံးအကြိမ် စားဖူးတာဆိုတော့ ဘယ်လို ဘယ်လို စားကောင်းမှန်း မသိဘူးတဲ့။ ချိုပြီး အရမ်းစားကောင်းတာ... ညတောင် အိပ်မက်ထဲ ထည့်မက်တယ်တဲ့။ ကြီးလာရင် ပိုက်ဆံတွေရှာပြီး ထိုးမုန့်တွေ အဝစားပစ်မယ်လို့တောင် တွေးခဲ့တယ်လို့ဆိုတယ်။

သူပြောပြတာကို နားထောင်ပြီး ရယ်လည်း ရယ်ချင် စိတ်မကောင်းလည်း ဖြစ်မိတယ်။ ဒါဟာ ကျွန်မတို့ဖြတ်သန်းခဲ့တဲ့ ငယ်ဘဝပေါ့။ ရုပ်ဝတ္ထုတွေ မတိုးတက်သေးတော့ သာမန်ကိစ္စရပ်လေးတစ်ခုတောင် ပျော်စရာကောင်းခဲ့တယ်။ ပြန်ပြောင်း အောက်မေ့စရာ အမှတ်တရအဖြစ် ဘဝမှာ ကျန်ရစ်ခဲ့တယ်။

ခုခေတ်က ရွေးချယ်စရာတွေများတယ်။ ဒီဟာရွေးပြီး ဟိုဟာပဲ ကောင်းသလို .. ဟိုဟာရွေးပြီး ဒီဟာပဲ ဝယ်လိုက်ရမှာနဲ့။ လိုချင်တာတွေကိုလည်း ပိုက်ဆံရှိရင်ပဲ လွယ်လွယ်ကူကူ ဝယ်လို့ရနေတယ်…အရင်ခေတ်က ပိုက်ဆံရှိရင်တောင် ဝယ်ဖို့ ခက်ခဲခဲ့တယ်… အဲဒီအခါ ဘာမဖြစ်စလောက်လေးနဲ့လည်း ပျော်ရွှင် ကျေနပ်ခဲ့ကြတယ်၊ တန်ဖိုးထားခဲ့ကြတယ်…

ခုချိန်မှာ စားဖူးသမျှထဲက အမှတ်တရအဖြစ်ဆုံးက ဘာလဲမေးရင် မန္တလေးထိုးမုန့်ပဲလို့ သူဖြေလိမ့်မယ် ထင်ပါတယ်… မပြည့်စုံတဲ့အချိန်မှာ စားခဲ့ရတဲ့အစားအစာက အရသာ အရှိဆုံးမို့လေ..

ကိုယ်တိုင်ကသာ လဲကျနေတာ…သူတပါးလဲနေတာ တွေ့ရင် ထူမပေးတတ်တဲ့ လူတန်းစားတစ်ချို့…..🥰🥰
22/10/2023

ကိုယ်တိုင်ကသာ လဲကျနေတာ…
သူတပါးလဲနေတာ တွေ့ရင် ထူမပေးတတ်တဲ့
လူတန်းစားတစ်ချို့…..🥰🥰

Fighting..
19/10/2023

Fighting..

တစ်ခါတစ်ရံ .. အခွင့်အရေးဟာ အခက်အခဲတစ်ခုအဖြစ် ဟန်ဆောင်ပြီး ရောက်လာတတ်တယ်….. ဒါ့ကြောင့် အခက်အခဲတစ်ခုခု ကြုံလာရင် ………….စိတ်...
19/10/2023

တစ်ခါတစ်ရံ .. အခွင့်အရေးဟာ
အခက်အခဲတစ်ခုအဖြစ် ဟန်ဆောင်ပြီး ရောက်လာတတ်တယ်…..
ဒါ့ကြောင့် အခက်အခဲတစ်ခုခု ကြုံလာရင် ………….
စိတ်ဓာတ်မကျဘဲ နည်းလမ်းရှာ … ကြိုးစားပြီး
ကျော်လွှားကြမယ်နော်… 💪🏿💪🏿

မုန်တိုင်းတွေ တိုက်ခတ်ပြီးရင် လေပြေအေးလေး
တိုက်ခတ်လာသလိုပဲ….
အခက်အခဲတွေ ကျော်လွှားပြီးရင်… အခွင့်အရေးတွေ
ရောက်လာမှာပါ….

ချစ်တဲ့

Address

Naypyidaw

Website

Alerts

Be the first to know and let us send you an email when Myat Chel Chel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share


Other Digital creator in Naypyidaw

Show All