Angelo Banks -Sofe

Angelo Banks -Sofe Digital Marketing Executive

သူများထက်ခြေတလှမ်းပိုသာချင်တယ်ဆိုရင်============================သူများအိပ်တဲ့အခါကိုယ်က လေ့လာပါ ~~~သူများ တွေဝေနေတဲ့အခါကိ...
11/11/2023

သူများထက်ခြေတလှမ်းပိုသာချင်တယ်ဆိုရင်
============================

သူများအိပ်တဲ့အခါ
ကိုယ်က လေ့လာပါ ~~~

သူများ တွေဝေနေတဲ့အခါ
ကိုယ်က ဆုံးဖြတ်ပါ ~~~

သူများ လေထဲ တိုက်ဆောက်နေတဲ့အခါ
ကိုယ်က ပြင်ဆင်ပါ ~~~

သူများ အချိန်ဆွဲနေတဲ့အခါ
ကိုယ်က စတင်ပါ ~~~

သူများ ဆုတောင်းနေတဲ့အခါ
ကိုယ်က လက်တွေ့လုပ်ပါ ~~~

သူများ ဖြုန်းနေတဲ့အခါ
ကိုယ်က စုပါ ~~~

သူများပြောနေတဲ့အခါ
ကိုယ်က နားထောင်ပါ ~~~

သူများမျက်နှာကြောတင်းနေတဲ့အခါ
ကိုယ်က ပြုံးပါ ~~~

သူများရပ်လိုက်တဲ့အခါ
ကိုယ်က ဇွဲရှိပါ ~~~
. မဖြုန်းသင့်သည့်အရာ ( ၃ )ခု. ငွေကို ဖြုန်းလျှင် ...... ဥစ္စာကို ဆုံးရှုံးရတတ်သည် ....''
. စကားကို ဖြုန်းလျှင်. သိက္ခာကို ဆုံးရှုံးရတတ်သည် .... ''
. အချိန်ကို ဖြုန်းလျှင်. ဘဝကို ဆုံးရှုံးရတတ်သည် .......

02/10/2023
28/09/2023

To All .........

🔥 Stop working for money, make it works for you 🔥

12/09/2023

~~~~/// ထိတိုင်းနာ \\\ ~~~~

လောကကြီးမှာ ကောင်းကောင်းရှင်သန်ရပ်တည်နိုင်ဖို့ဆိုရင်
"ထိတိုင်းနာ" ဖြစ်နေလို့မရပါဘူး။ အရည်ထူနေဖို့ လိုပါတယ်။

သူများ ထိလိုက်တိုင်း နာ သူများ ဘာပြောပြော လိုက်ခံစား၊ တိုက်ခိုက်ခံလိုက်ရတိုင်းမှာ နာကျင်ကြေကွဲလို့ မပြီးနိုင်၊ ခံစားလို့မပြီးနိုင်၊ ထိတိုင်းနာ ဖြစ်နေသမျှ ကိုယ့်ဘ၀က ဘယ်တော့မှ အရှေ့ကိုရောက်မှာမဟုတ်တော့ပါဘူး။

နာကျင်ကြေကွဲခံစားရင်းနဲ့ပဲ အချိန်တွေကုန်၊ ဘ၀တွေကုန်၊ အဲ့ဒီအခါမှသာ ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ထပ်ဖြစ်လာရတော့တာပဲ။

ဘ၀မှာ ခရီးပေါက်ချင်ရင် ထမင်း မဖြစ် ဟင်းမဖြစ်မယ့် ခံစားချက်တွေ နာကျင်မှုတွေနဲ့ သိပ်အချိန်ကုန်နေလို့မရပါဘူး။

ပြိုလဲခွင့်ရှိတယ်၊ ပြန်မထလို့မရဘူး။
နာကျင်မှုတွေကို မြန်မြန် ကုစားပြီီးရှေ့ကိုဆက်လျှောက်နေရမှာပဲ။

ထိတိုင်းနာဖြစ်နေသမျှ ကိုယ်ဟာ
အခြေအနေနဲ့ လူတွေရဲ့ သားကောင်ဖြစ်နေမှာပဲ။

ဘ၀ကို ဘယ်လောက်နာကျင်ရပါတယ် ဆိုပြီး Drama ပေါင်းစုံနဲ့ ဖြတ်သန်းရတာ အရသာရှိသလိုထင်ပေမယ့် အလုပ်တော့ဖြစ်မှာမဟုတ်ပါဘူး။

ကိုယ့်စိတ်ကိုယ် စောင့်ရှောက်ရင်း ကိုယ်လိုရာပန်းတိုင်ကို တစိုက်မတ်မတ်သွားဖို့အရေးကြီးပါတယ်။ တခါတရံ လမ်းခရီးမှာ ခလုတ်တိုက် တာလောက်နဲ့ နာကျင်လို့မပြီးနိုင် ဖြစ်နေလို့မရပါဘူး။

ဘ၀ရဲ့အချိန်ဆိုတာ အကန့်အသတ်ရှိပါတယ်။ ပစ္စုပ္ပန်တွေအရည်ပျော်တဲ့အခါ အနာဂတ်ကိုရောက်လာပြီး
အတိတ်ဖြစ်သွားပါလိမ့်မယ်။ တချို့ဒဏ်ရာတွေဟာလဲ အချိန်ရဲ့ကုစားမှုနဲ့အတူ ပျောက်ကင်းသက်သာသွားပါလိမ့်မယ်။ ဆက်လျှောက်နေဖို့ပဲလိုပါတယ်။

Ma Wyutyee
22 Mar 2023

27/08/2023

Good morning 😘

26/08/2023

အမြဲတမ်းလုပ်နေကျ
အလုပ်တွေက လူတွေကို ပုံဖော်ပါတယ်။
အဲ့ဒီတော့ ထူးချွန်မှုဆိုတာ လုပ်ရပ်မဟုတ်
အမူအကျင့်ဖြစ်ပါတယ်။
We are what we
repeatedly do.
Excellence then,
is not an act, but a habit.
#

03/08/2023

မျက်လုံးတစ်ဖက်က
မျက်ရည်ကျရင်
ကျန်တစ်ဖက်က
ပြုံးတတ်အောင်သင်ရတယ်
အဆင်မ​ပြေဘူးဆိုတိုင်း
လဲကျလို့မရဘူး
ဘဝမှာ
ဆက်လျှေက်ရမယ်
ခရီးတွေက ရှည်သေးတယ်။

#ပုရစ် #

Address

Naypyidaw

Telephone

+959794907172

Website

Alerts

Be the first to know and let us send you an email when Angelo Banks -Sofe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share