Shwe Myanmar

Shwe Myanmar Shwe Myanmar

18/10/2022
“ Covid ဆေးအတုမိသွားပါပြီ!ကိုယ်တိုင်ကိုမိသွားတာပါ။အိမ်တိုင်ရာရောက်ဆိုလို့ ကျွန်တော်အတွက်ရယ်၊ အဖိုးရယ်အဖွားအတွက်ရယ်မှာလို...
01/09/2021

“ Covid ဆေးအတုမိသွားပါပြီ!
ကိုယ်တိုင်ကိုမိသွားတာပါ။

အိမ်တိုင်ရာရောက်ဆိုလို့ ကျွန်တော်အတွက်ရယ်၊ အဖိုးရယ်အဖွားအတွက်ရယ်မှာလိုက်ပါတယ်။
စျေးကလည်းမသေးပါဘူး။

1st Dose က ၁၃၀၀၀၀
2nd dose အတွက် ဆို ၂၅၀၀၀၀ ပေးရပါမယ်တဲ့
မထိုးခင် Deposit တစ်ယောက် ၁ သိန်း ပေးရမယ်တဲ့
အဲဒါနဲ့ ၃ယောက်စာ ၃ သိန်းပေးခဲ့ပါတယ်

အဲ့ဒါနဲ့ အိမ်ရောက်လာပြီးထိုးပေးရော
မှားသွားတာက မထိုးခင်မှာ ဆေးပုလင်းကိုမစစ်လိုက်ဖြစ်ဘူး
ဆေးပုလင်းကိုပြဖို့ပြောတဲ့အခါ မကြားချင်ယောင်ဟန်ဆောင်နေတယ်
ပြီးတော့ အမြန်အမြန်နဲ့ပြန်သိမ်းဖို့လုပ်တယ်

ဘေးကသူငယ်ချင်းက ကားနားလိုက်ပြီးအတင်းပြခိုင်းတော့မှပြတယ်။
ပြတော့ ပုံမှာမြင်တဲ့အတိုင်းပဲ Covishield ဖြစ်ရမှာ Covisheld ဖြစ်နေပါတယ်။ i ကျန်နေခဲ့ပါတယ်။
ပြီးတော့လဲ Expiry Date က မြင်တဲ့အတိုင်းပဲ 11 က အကွာကြီးဖြစ်နေပါတယ်။

Batch number တွေကလည်း online မှာပြထားတဲ့အတုဘူးတွေနဲ့တူနေပါတယ်။(Batch No 4125Z079) အတုအားလုံးကဒီ Numbers ပါပဲ

သင်ခန်းစာကတော့

၁။အိမ်မှာလာထိုးပေးမယ်ဆို သတိထားပါ။ အလိမ်ဖြစ်ဖို့များပါတယ်

၂။ကိုယ်ထိုးမယ့်ဆေးရဲ့အတုရှိမရှိစစ်ပါ။ ပုံက်ို save လုပ်ပြီး အပြင်မှာထိုးခါနီးစစ်ပါ။

၃။ ဆေးပုလင်းမပြရင်၊ ဒါမှမဟုတ် ဆေးကိုဆေးထိုးအပ်ထဲ ကြိုပြီးထည့်ထားရင် လုံးဝမထိုးပါနဲ့။ တချို့က အတုဆေးကိုထည့်ထားပြီးဘူးအစစ်ကိုပြတတ်ပါတယ်။

အခုတော့ဆေးအတုလဲအထိုးခံရ၊ အချိန်ကုန်၊ ပိုက်ဆံကုန်ပါပဲ။
အားလုံးလိမ်ညာခံရခြင်းမှကင်းဝေးပါစေ။ “

Courtesy - Phone Yar Zar Soe
Credit

ရှမ်း​မြောက်က ယ​နေ့တိုက်ပွဲတွင် စစ်​ကောင်စီဘက်က တပ်ရင်းမှူးနှစ်ဦးနှင့် တပ်ရင်း တစ်ရင်းလုံးနီးပါးပြုတ် 28 August 2021 - ...
28/08/2021

ရှမ်း​မြောက်က ယ​နေ့တိုက်ပွဲတွင် စစ်​ကောင်စီဘက်က တပ်ရင်းမှူးနှစ်ဦးနှင့် တပ်ရင်း တစ်ရင်းလုံးနီးပါးပြုတ်

28 August 2021 - Kachinwaves

ရှမ်းပြည်နယ်မြောက်ပိုင် မုံးကိုးမြို့နယ်၊ မန်ခွမ်နှင့် မန်ပိန်းတို့ ကြားလှုပ်ရှား​နေသည့် စစ်​ကောင်စီစစ်​ကြောင်းတစ်ခုအား ယ​နေ့ည​နေပိုင်းတွင် ကေအိုင်အေ နှင့် ကိုးကန့်တပ် MNDAA တို့ ပူး​ပေါင်းတိုက်ခိုက်ရာ စစ်​ကောင်စီဘက်မှ တပ်ရင်းမှူးနှစ်ဦးအပါ တပ်ရင်းတစ်ခုလုံးနီးပါး ကျဆုံးသွား​ကြောင်း သတင်းရရှိသည်။

"တက်လာတဲ့ စစ်​ကောင်စီစစ်​ကြောင်းကို ဝိုင်းပြီးတိုက်တာတဲ့။ တပ်ရင်းမှူးက ၃ယောက်ပါတယ်​ပြောတယ်။ နှစ်​ယောက်က ​သေသွားတယ်၊ တစ်​ယောက်က ဒဏ်ရာပြင်းထန်လို့ မုံးကိုးဗျူဟာက ​လေယာဥ်နဲ့လာသယ်သွားတယ်တဲ့။ တပ်ရင်းတစ်ခုလုံးနီးပါး ကျသွားတယ်တဲ့။ ရာဂဏန်းရှိတယ်တဲ့"ဟု​ ဒေသခံတစ်ဦးကဆိုသည်။

အဆိုပါ ​နေရာတွင် ယ​နေ့နံနက် ၈ နာရီမှ ၁၀ နာရီထိတစ်ကြိမ်ယ​နေ့ည​နေ ၄ နာရီမှ ၇ နာရီထိတစ်ကြိမ် တိုက်ပွဲပြင်းထန်ခဲ့ပြီး ယ​နေ့ည​နေတိုက်ပွဲ၌ စစ်​ကောင်စီဘက်မှ အကျအဆုံးများကြောင်းသိရသည်။

အဆိုပါ​ဒေသဘက် တက်လာသည့် စစ်​ကောင်စီတပ်ရင်း ၃ ခုဖြစ်ပြီး ယ​နေ့ညကျသွားသည့် တပ်ရင်းမှာ အမှတ် (၅၂၅)ခမရ တပ်ရင်းဖြစ်​ကြောင်း သိရသည်။

17/08/2021

ကိုဗစ်လူနာ ရေချိုးလို့ရလား????

ဒီမေခွန်းက ဆရာဝန် တော်တော်များများ ဖြေပြီးသားလဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဆက်လဲ မေးနေကြတုန်းပဲ

လူက လန်းတယ်၊ အောက်ဆီဂျင် ကောင်းတယ် ဆိုရင် ရေချိုးပါ။ ဒါပေမယ့် အကြာကြီး မချိုးနဲ့၊ အချိန်မဟုတ် အခါမဟုတ် မချိုးနဲ့ပေါ့၊ ရေချိုးပြီးရင် ရေသေချာပြောင်အောင်သုတ်၊ ခေါင်းလျှော်ပြီးရင် ရေသေချာ ခြောက်အောင် သုတ်ဖို့ အရေးကြီးပါတယ်။ မဟုတ်ရင် နှာစေးလာပါမယ်။

အောက်ဆီဂျင် ကျ လို့ မှောက်နေရတဲ့ သူတွေ၊ အောက်ဆီဂျင် ရှူနေရတဲ့ သူတွေ ကတော့ ရေထချိုးတာထက်စာရင် အိပ်ယာပေါ်မှာပဲ ရေပတ်တိုက်ပေးတာ ပို အဆင်ပြေပါတယ်။ ရေချိုးတာမှ မဟုတ်ပါဘူး အပေါ့၊ အလေးသွားတာ က အစ အိုးနဲ့ပဲ အိပ်ယာဘေးသွားတာ၊ diaper ခံတာ လုပ်သင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ရုတ်တရက် လှုပ်ရှားမှု့မှာ အောက်ဆီဂျင် တဟုတ်ထိုး ကျသွားတတ်ပါတယ်။

ဒါကြောင့် ကိုဗစ်ဖြစ်ရင် ရေမချိုးရဘူးဆိုတာ မှားပါတယ်။ ချိုးလို့ရပါတယ်။ အောက်ဆီဂျင် ကျနေတဲ့ အချိန်မှာ တော့ အထက်က ပြောခဲ့သလိုသာ လုပ်ပါ။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

ရှမ်း​​မြောက်​နေရာ ၂နေရာတွင် တိုက်ပွဲဆက်လက်ဖြစ်ပွား 19 July 2021 - Kachinwaves ယ​​​နေ့ ရှမ်း​ပြည်နယ်မြောက်ပိုင်း ​နေရာနှ...
20/07/2021

ရှမ်း​​မြောက်​နေရာ ၂နေရာတွင် တိုက်ပွဲဆက်လက်ဖြစ်ပွား

19 July 2021 - Kachinwaves

ယ​​​နေ့ ရှမ်း​ပြည်နယ်မြောက်ပိုင်း ​နေရာနှစ်​နေရာတွင် စစ်​ကောင်စီတပ်နှင့် ကေအိုင်​အေတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့​ကြောင်း သတင်းရရှိသည်။

ကွတ်ခိုင်မြို့နယ် မုန်းဆီးကျေးရွာအုပ်စု တိန့်လုတ်ကျေးရွာနှင့် ကောင်းလင်ကျေးရွာကြား နန်ဆားချောင်းအနီးတွင် ယနေ့ နံနက် ၁၀နာရီခန့်မှ ၁၂နာရီခန့်အထိ ကေအိုင်​အေတပ်မဟာ(၁၀) တပ်ရင်း(၂) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားကြောင်း သိရသည်။

စစ်ကောင်စီတပ်တို့နှင့် ကေအိုင်အေ တပ်တို့ တိုက်ပွဲဖြစ်သည့် နေရာသို့ စစ်ကောင်စီတပ် မုန်းစီးဗျုဟာစခန်းမှ လက်နက်ကြီး ပစ်ကူကြောင်း သိရသည်။

ရှမ်းပြည်မြောက်ပိုင်းရှိ ကေအိုင်အေအမှတ်(၆)တပ်မဟာလက်​အောက် အမှတ်(၃၆)တပ်ရင်းနယ်မြေ၊ မုန်းကိုးဒေသ မန်ဂျန်ဘွမ်တွင်လည်း စစ်ကောင်စီတပ်တို့ စစ်အင်အား တိုးချဲ့လာသည့်အတွက် ယနေ့ ဇူလိုင်လ(၁၉)ရက်နေ့ နံနက်၉နာရီခွဲခန့်တွင် ကေအိုင်အေ နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲ ဖြစ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်တို့သည် မော်တောင်ကျေးရွာနှင့် ဒါလုံးကျေးရွာဘက်သို့လည်း စစ်အင်အား တိုးချဲ့လာသည့်အတွက် ဇူလိုင်(၁၈)ရက်နေ့တွင် ကေအိုင်အေနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖောင်းဆိုင်ကျေးရွာ၌ စခန်းချနေသည့် စစ်ကောင်စီတပ်တို့သည် ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုက်ပွဲ မကြာခဏဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်တို့သည် ကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ခြင်းကြောင့် ပြည်သူတစ်ချို့ လုံခြုံသည့်နေရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရ​ကြောင်း သိရသည်။

ဖားကန့်သို့ စစ်ရေးလှုပ်ရှားလာသည့် အာဏာသိမ်းစစ်တပ်ကို KIA က ကြားဖြတ်တိုက်ခိုက်July 14,2021/Kachin News Groupဖားကန့်သွားလမ...
14/07/2021

ဖားကန့်သို့ စစ်ရေးလှုပ်ရှားလာသည့် အာဏာသိမ်းစစ်တပ်ကို KIA က ကြားဖြတ်တိုက်ခိုက်
July 14,2021/Kachin News Group

ဖားကန့်သွားလမ်း တံတားညီနောင်အနီး ဂေါ့လိုယန်ကျေးရွာတွင် စစ်ရေးလှုပ်ရှားလာသည့် အာဏာသိမ်းစစ်တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIAက စောင့်ကာ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ယနေ့ ညနေပိုင်း ၃နာရီခွဲ ဝန်းကျင်တွင် ဖားကန့်ဘက်သို့တက်လာသည့် အာဏာသိမ်းစစ်တပ်အဖွဲ့ကို KIA တပ်မဟာ ၉လက်အောက်ရှိသော အမှတ် ၄၄ တပ်ရင်းအဖွဲ့က ဂေါ့လိုယန်ကျေးရွာအနီးရှိ ဖုန်းတာဝါတိုင် အနားတွင်ဝင်ရောက်ပစ်ခတ်ခဲ့သောကြောင့် အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA သတင်းအရင်းအမြစ်ထံမှသိရသည်။

၂ဖက်တပ် ထိခိုက်မှုအခြေအနေများမသိရသေးသည့်အတွက် ဆက်လက်ဖော်ပြပေးပါမည်။
Crt :kachin news group

 - ပြန်လည်ကူးယူတင်ပေးပါသည်မူရင်းပိုစ်- https://www.facebook.com/100000543557502/posts/4707226339305438/?d=nအောက်ဆီဂျင်အိ...
14/07/2021

- ပြန်လည်ကူးယူတင်ပေးပါသည်

မူရင်းပိုစ်- https://www.facebook.com/100000543557502/posts/4707226339305438/?d=n

အောက်ဆီဂျင်အိုးအားသန့်စင်ခြင်း
=======================
စက်မှုလုပ်ငန်းသုံးအောက်ဆီဂျင်ဂက်စ်ထဲ့ထားတဲ့အိုးတွေ၊ နိုက်ထရိုဂျင်န်ဂက်စ်ထည့်ထားတဲ့အိုးတွေ၊ ဂဟေဆော်တဲ့အာဂွန်ဂက်စ်ထည့်ထားတဲ့အိုးတွေ စတဲ့ gas cylinders တွေကို LMO ဆေးရုံသုံးအောက်ဆီဂျင်အရည်ထည့်မယ်ဆိုရင် ပြန်လည်သန့်စင်ရပါတယ်။

မသန့်စင်ခဲ့ရင် အိုးထဲမှာကပ်နေတဲ့ဘက်တီးရီးယားနဲ့ရောဂါပိုးမွှားတွေ၊ အညစ်အကြေးတွေ၊ ဆီကျန်တွေ၊ အမှုန်အမွှားတွေ၊ သံချေးတွေဟာ လူနာရှုသွင်းတဲ့အချိန်မှာ လူနာရဲ့အဆုတ်ထဲကိုပါသွားနိုင်ပါတယ်။

အခု post ကိုရေးဖြစ်တာဟာ လာမေးတဲ့ကျောင်းဆရာတစ်ယောက်ကြောင့်ဖြစ်ပါတယ်။

အဲ့ဒီ ဆလင်ဒါအိုးများကိုဆေးရင် ပုံထဲကလို အထက်အောက်ပြောင်းပြန်လှုပ်ပြီးဆေးရပါတယ်။ အောက်ပါ ဗီဒီယိုထဲမှာကြည့်ပါ။

https://www.youtube.com/watch?v=K122blZhla0&t=71s

​ဗီဒီယိုထဲမှာပါတဲ့စက်ဟာ လူကိုမထိခိုက်ရန် HSE နဲ့အညီ ဟိုက်ဒရောလစ်နဲ့လုပ်ထားတာပါ။ #ဘာမှအထွေအထူးမပါပါ။

အိုးထဲကို စတီးချောင်းတွေထည့်ကာ အဖုံးပိတ်ပြီး အပေါ်အောက်လှုပ်ခတ်ပေးတာပါ။ အတွင်းမှာသံချေးနဲ့ အမှုန်တွေ၊ ဂျီးတွေကပ်နေရင် စတီးချောင်းက ပွတ်တိုက်ခြစ်ချပါလိမ့်မယ်။

ဆလင်ဒါအိုးဟာလေးလို့ ခြေထောက်နဲ့လူကိုမထိခိုက်မိ၊ ခေါင်းကိုမရိုက်မိရန် သူတို့ကစက်နဲ့အဲ့လိုလှုပ်တာပါ။ 

ကျနော်တို့တိုင်နှစ်တိုင်ကြားမှာ အိုးချကာ ကြိုးပတ်ပြီးလှည့်ပေးလည်းအတူတူပါပဲ။
အထက်အောက်အိုးကို ဖင်ပြန်ခေါင်းပြန်လှည့်ပေးပါ။ (ရေဘူးထဲရေထည့်ပြီး ဖင်ပြန်ခေါင်းပြန်ထောင်လှုပ်ဆေးသလိုပါပဲ)

(လူမထိဖို့၊ မရိုက်မိဖို့သာအဓိကပါ)

အရင်ဆုံး သံချေးရှိမရှိကြည့်ပြီး ရှိရင်အရင်ဆေးသင့်ပါတယ်။

(၁) ကျနော့်အမြင်က sand blasting maching ရှိရင် သံချေးရှိရင် sand blasting နဲ့ ဖယ်ပစ်သင့်ပါတယ်။

သံချေးကိုအရင်ဖယ်ပြီးမှ ကျန်တဲ့ဆီနဲ့အမှုန်တွေကိုဖယ်ပစ်ပါ။

သံချေးကိစ္စက ရေငုပ်သမားတွေအတွက် အရေးကြီးတဲ့ကိစ္စပါ။ ရေအောက်ရေအနက်ကြီးမှာ ဂျီးအမှုန်ကကွာပြီး cylinder ရဲ့ valve ကိုပိတ်တာ ရှားရှားပါးပါးဖြစ်ဖူးပါတယ်။

နောက်တစ်နည်းက aluminum oxide အလုံးလေးများ ၃ ချိုးကို ၂ ချိုး နဲ့ရောပြီး ဆလင်ဒါတစ်ဝက်ပြည့်အောင်ထည့်ပါ။

(3000 psi 80 cu ft ဆလင်ဒါဆိုရင် aluminum oxide 17 cups နဲ့ ရေ 12 cups ရယ် ပန်းကန်ဆေးဆပ်ပြာရည် နည်းနည်းလေးရယ် ထည့်ကာ ၁၅ မိနစ်ကနေ မိနစ် ၃၀ အထိအထက်အောက်လှုပ်ခတ်ပေးပါ။)

အဲ့ဒီ sand blasting စက်ရော၊ aluminum oxide ရောမရှိရင် အထက်ကလို စတီးချောင်းလေးတွေထည့်ပြီး လုပ်ပါ။

(၂) Oil, Grease, Lubricants ဆီကျန်များဆေးခြင်း။

ပန်းကန်ဆေးဆပ်ပြာရည်ဇွန်းကြီးတစ်ဇွန်းကို ရေနွေးပူပူတစ်ဂါလံနဲ့ရောပြီး အိုးထဲထည့်ကာ အထက်အောက်အိုးကို ဖင်ပြန်ခေါင်းပြန်လှည့်ပေးပါ။

ပြီးရင်ဘုံဘိုင်ကရေထည့်ပြီး လေးငါးကြိမ်လောက်ဆေးပါ။ နောက်ဆုံးရေသွက်ထည့်ပြီး ဆပ်ပြာမြှုပ်ပျောက်သည်အထိနှစ်ကြိမ်လောက်ပြန်ဆေးပါ။

တတ်နိုင်ရင် ရေနွေးပူပူလောင်းထည့်ပြီးအဖုံးသန့်သန့်ပိတ်ကာ ဖင်ပြန်ခေါင်းပြန်လှုပ်ကာ နှစ်ကြိမ်ဆေးပြီး #ပြောင်းပြန်ရေစစ်ထားပါ။

ဆလင်ဒါထဲကို #ရေဘယ်တော့မှမကျန်ပါစေနဲ့။ ကားဘီးလေမှုတ်တဲ့ပိုက်နဲ့မှုတ်ရင် ရေခြောက်ပေမယ့် မသန့်ပဲဖြစ်သွားနိုင်ပါတယ်။

ရေနွေးပူပူနဲ့ဆေးချတဲ့အတွက် ရေခြောက်တာမြန်စေပါတယ်။ ရေနွေးမလောင်အောင်ဂရုစိုက်ပါ။

ထောင်ထားချိန်မှာလဲကျကာ ခြေထောက်ပေါ်ပြုတ်ကျတတ်ပါတယ်။ ဖြစ်နေကျမို့ သေသေချာချာသတိပေးပါတယ်။

ဂက်စ်ဆလင်ဒါခေါင်းကိုရိုက်မိခြင်းဟာ မကြာခဏဖြစ်လေ့ဖြစ်ထရှိတဲ့ လူကိုသေစေနိုင်တဲ့အထိအန္တရာယ်ရှိတဲ့ incident တစ်ခုပါ။

နေပူထဲမှာ အိုးပူလာသည်အထိ ထောင်ချထားလိုက်ရင် ရေငွေ့ရေကျန်ကုန်မှာသေချာပါတယ်။

(၃) အနံ့ရှိလို့ အနံ့ပျောက်စေချင်ရင် အောက်ပါအတိုင်း ရေနွေးပူနဲ့မဆေးခင်မှာလုပ်ပါ။

Baking soda မုန့်ဖုတ်ဆိုဒါ 1 cup ကို ရေတစ်ဂါလံနဲ့ရောပြီး အထက်အောက်လှုပ်ဆေးပါ။ အတွင်းမျက်နှာပြင်အားလုံးစိုသွားပါစေ။

ပြီးရင် 1/2 cup အိမ်သုံး vinegar အဖြူကို ရေတစ်ဂါလံနဲ့ရောပြီး အထက်အောက်လှုပ်ဆေးပါ။

အကယ်လို့အနံ့မပျောက်သေးရင် vinegar နဲ့ရေနဲ့ရောပြီး အထက်ပါအတိုင်းပြန်ဆေးပါ။

ရေနွေးပူမှုတ်စက်ရှိရင် ရေနွေးပူကို ဆလင်ဒါထဲမှုတ်ထည့်ပြီးပိုးသတ်နိုင်ပါတယ်။

အရေးကြီးတာက ဆလင်ဒါကိုမသုံးရင် ရေလုံးဝခြောက်သွေ့စေပြီးနောက် အဖုံးသန့်သန့်နဲ့ ပိတ်ထားပေးရပါတယ်။

ရေနွေးပူပူနဲ့ဆေးနိုင်လေ ပိုးသေလေပါပဲ။ လုံးဝခြောက်သွေ့အောင်ပြန်စောင့်ဖို့မမေ့ပါနဲ့။ မခြောက်သွေ့ပဲ ရေငွေ့ကျန်တာနဲ့ သံချေးလိုမျိုးတက်နိုင်ပါတယ်။

Richard Myo Thant
13-July-2021

COVID-19 Variants ကိုဗစ်-၁၉ မျိုးသစ်ကိုဗစ် ဗီဇပြောင်းတဲ့အတွက် ပိုးဝင်တိုင်းလည်း အသက်အန္တရာယ်မဖြစ်ပါ စသဖြင့် တင်နေကြတယ်။ ...
08/07/2021

COVID-19 Variants ကိုဗစ်-၁၉ မျိုးသစ်

ကိုဗစ် ဗီဇပြောင်းတဲ့အတွက် ပိုးဝင်တိုင်းလည်း အသက်အန္တရာယ်မဖြစ်ပါ စသဖြင့် တင်နေကြတယ်။ အဲလို မဟုတ်ပါ။

မျိုးသစ်ရဲ့ ထူးခြားမှုက နှာခေါင်းမှာ ဗိုင်းရပ်စ်ပိုးတွေပိုများတယ်။ ပိုပြီးကူးစက်နိုင်တယ်။ ကူးရင် ခံစားရတာတွေတော့ မထူးပါ။ ကာကွယ်နည်း၊ ကုသနည်းနဲ့ ကာကွယ်ဆေး အရင်အတိုင်း အားလုံး တူတယ်။ ဆေးရုံတက်ရနှုန်း၊ သေဆုံးနှုန်း သုတေသန ဆက်လုပ်နေဆဲဖြစ်တယ်။

ကိုဗစ်-၁၉ မျိုးသစ်ဟာ နှာခေါင်းနဲ့ လည်ချောင်းနေရာတွေမှာ ဗိုင်းရပ်အရေအတွက် ပိုများတာ တွေ့ရတယ်။ ပိုပြီးကူးစက်လွယ်တယ်။ ဒါပေမဲ့ ကူးစက်ခံရရင် မျိုးဆက်ဟောင်းထက် ပိုမဆိုးတာ တွေ့ရတယ်။

ရောဂါလက္ခဏာတွေ
• ဖျား၊ ချမ်း၊
• ချောင်းဆိုး၊
• အသက်ရှူမဝ၊
• အားနည်း၊
• လည်ချောင်းနာ၊
• နှာရည်ယို၊
• ကြွက်သား ကိုယ်လက် ကိုက်ခဲ၊
• ခေါင်းကိုက်၊
• အန် ဝမ်းပျက်။
• အနံနဲ့ အရသာပျက်ခြင်း ပျောက်ခြင်း။

COVID-19 Variants ကိုဗစ်-၁၉ မျိုးသစ်ကို 614G လို့ခေါ်တယ်။ အဲဒီအသစ်ဟာ နှာခေါင်းနဲ့ လည်ချောင်းနေရာတွေမှာ ဗိုင်းရပ်အရေအတွက် ပိုများတာ တွေ့ရတယ်။ higher viral loads လို့ ခေါ်တယ်။ ကူးစက်ခံရရင် မျိုးဆက်ဟောင်းထက် ပိုမဆိုးတာ တွေ့ရတယ်။ ဒါပေမဲ့ ပိုပြီးကူးစက်လွယ်တယ်။

Viruses ဗိုင်းရပ်စ်တွေဟာ အမြဲပဲ မျိုးဆက်သစ်ဖြစ်နေတယ်။ အဲဒွကြောင့် တုပ်ကွေးကာကွယ်ဆေးကို တနှစ်တခါ ဆေးသစ်ဖေါ်ရတယ်။ အဟောင်းတချို့က ပျောက်ကွယ်ကုန်ကြတယ်။

COVID-19 vaccine ကာကွယ်ဆေးတွေနဲ့ မျိုးဆက်သစ်များ
ဓါတ်ခွဲခန်းစမ်းသပ်မှုတွေအရ လက်ရှိသုံးနေတဲ့ ကာကွယ်ဆေးတွေက အသစ်တွေကိုပါ ကာကွယ်နိုင်မယ်လို့ ယုံကြည်ရတယ်။ အသစ်တွေကို အသက်ငယ်သူတွေမှာပါတွေ့လာရတယ်။ ဒါပေမဲ့ အသက်ကြီးသူတွေရော ငယ်သူတွေမှာပါ အဟောင်းရော အသစ်ပါကူးစက်နိုင်တယ်။ လက်ရှိသုံးနေတဲ့ ကာကွယ်နည်းတွေအတိုင်း လိုက်နာရပါမယ်။ အဆန်း မလိုပါ။ ပေါ့လျှော့တာ မလုပ်ရပါ။ ကာကွယ်ဆေးထိုးပါ။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နည်း
၁။ ဖြစ်နိုင်သလောက် အိမ်မှာသာနေပါ
၂။ တခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကို စက္ကန့် ၂၀ ကြာဆေးပါ (ဆပ်ပြာနဲ့ ရေသုံးပါ။ Sanitizer လက်ဆေးရည် သုံးပါ)
၃။ တံတောင်ဆစ်ထဲမှာ ချောင်းဆိုး နှာချေပါ (တသက်လုံး အဲဒီအကျင့် လုပ်ပါ)
၄။ မျက်စိ နှာခေါင်းပါးစပ်ကို လက်မဆေးပဲ မထိ မကိုင်ပါနဲ့။
၅။ နေမကောင်းသူတွေနဲ့ ထိကပ်မှု မလုပ်ပါနဲ့။
၆။ အိပ်ပြင်ထွက်ရတိုင်း နှာခေါင်းစည်းသုံးပါ။
၇။ လူတဦးနဲ့တဦး ၆ ပေအကွာမှာသာ စိတ်ချရတယ်။
၈။ အိမ် ရုံး အလုပ်နေရာတွေမှာရှိတဲ့ မျက်နှာပြင်တွေနဲ့ လက်ကိုင်တတ်တဲ့နေရာတွေကို Lyzol လိုက်ဇောဆေးရည်နဲ့ သန့်ရှင်းပေးနေပါ။

Flu and COVID-19 Symptoms တုပ်ကွေး နှင့် ကိုဗစ်-၁၉ ရောဂါလက္ခဏာများ https://dr-tint-swe.blogspot.com/2021/06/flu-and-covid-19-symptoms.html

COVID-19 Treatment ဘယ်လိုကုသမလဲ https://dr-tint-swe.blogspot.com/2021/01/covid-19-treatment_16.html

Covid-19 Vaccines ကိုဗစ်ကာကွယ်ဆေး https://dr-tint-swe.blogspot.com/.../covid-19-vaccines.html

COVID-19 and severe underlying medical conditions ကိုဗစ်နှင့် အခံရောဂါများ https://dr-tint-swe.blogspot.com/.../covid-19-and-severe...

Coronavirus Prevention ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နည်း https://dr-tint-swe.blogspot.com/.../coronavirus...

Covid-19 ကိုဗစ် ကုသဆေး အတိအကျ မရှိ https://dr-tint-swe.blogspot.com/2021/06/covid-19.html

ကပ်ရောဂါဘေးက ဝေးကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ

ဒီမနက် ကလေးမြို့ ကာယကံမေတ္တာပရဟိတအသင်းရှေ့မှာ အောက်ဆီဂျင်ဖြည့်ဖို့တန်းစီနေကြစဉ်မနေ့ ဇူလိုင် ၆ရက်နေ့ တစ်ရက်ထဲမှာ ကိုဗစ်နဲ...
07/07/2021

ဒီမနက် ကလေးမြို့ ကာယကံမေတ္တာပရဟိတအသင်းရှေ့မှာ အောက်ဆီဂျင်ဖြည့်ဖို့တန်းစီနေကြစဉ်

မနေ့ ဇူလိုင် ၆ရက်နေ့ တစ်ရက်ထဲမှာ ကိုဗစ်နဲ့သံသယလူနာ ၄၂ ယောက် သေဆုံးသွားတယ်။
Photo: CJ
CRT Zelan

ကလေးမြို့ ခရစ်ယာန်သချိုင်းမှာ ၁လအတွင်း အလောင်း ၂၇၀ မြေမြုပ်သဂြိုလ်=======ကလေးမြို့နယ်တွင် ကိုဗစ်ရောဂါဖြစ်ပြီးနောက်  ကလေး...
01/07/2021

ကလေးမြို့ ခရစ်ယာန်သချိုင်းမှာ ၁လအတွင်း အလောင်း ၂၇၀ မြေမြုပ်သဂြိုလ်
=======
ကလေးမြို့နယ်တွင် ကိုဗစ်ရောဂါဖြစ်ပြီးနောက် ကလေးမြို့ပေါ်ခရစ်ယာန်သချိုင်းတွင် ဇွန်လ ၁ ရက်ကနေ ၃၀ ရက်ထိ အလောင်း ၂၇၀ မြေမြုပ်သဂြိုလ်ထားတယ်လို့ ကလေးခရစ်ယာန်သချိုင်းကော်မတီ ဘဏ္ဍထိန်းက ထုတ်ပြန်ထားပါတယ်။

အများစုဟာ ကိုဗစ်အတည်ပြုလူနာနဲ့ သံသယလူနာတို့ဖြစ်ကြပါတယ်။

၎င်းတို့တွင် ခရစ်ယာန်အမှုတော်ဆောင် Rev. (၁၉) ပါး၊ RC Father (၃)ပါး စုစုပေါင်း (၂၂) ပါးလည်းပါဝင်ပါတယ်။

ဒိုးဝိုင်းချောင်း သချိုင်းမှာ ၂၄၈ လောင်း၊ မြို့လှသချိုင်းတွင် ၄ လောင်း၊ မွန်ထာသချိုင်းတွင် ၁၈ လောင်း မြုပ်နှံကြပါတယ်။ ဒါဟာ ပျမ်းမျှ တစ်ရက်မှာ ၉ ယောက်နှုန်းနဲ့ သေဆုံးတာဖြစ်တယ်။

အမျိုးသား ၁၆၈ ဦး၊ အမျိုးသမီး ၁၀၂ ဦးရှိပြီး ၎င်းတို့ထဲမှာ အသက်လူငယ်လောက် လူငယ် ၂၈ယောက်လည်းသေဆုံးတဲ့စာရင်းထဲမှာပါဝင်ပါတယ်။

အခုစာရင်းဟာ မြို့ပေါ်မှာသေဆုံးတဲ့စာရင်းတွေသာဖြစ်ပြီး ကျေးရွာဘက်က သေဆုံးတဲ့စာရင်းမပါဝင်သေးပါ။

ကလေးမြို့တွင် ကိုးကွယ်တဲ့ဘာသာအလိုက် သချိုင်းရှိကြပါတယ်။
Crt :Zalen

အင်းစိန်မြို့နယ်တွင် ဒလန်ဟုနာမည်ကြီးသူတစ်ဦး သေနတ်ဖြင့် အပစ်ခံရပြီး သေဆုံး*************************ယ​နေ့ ဇွန်လ၃၀ရက် မနက်ပ...
30/06/2021

အင်းစိန်မြို့နယ်တွင် ဒလန်ဟုနာမည်ကြီးသူ
တစ်ဦး သေနတ်ဖြင့် အပစ်ခံရပြီး သေဆုံး
*************************
ယ​နေ့ ဇွန်လ၃၀ရက် မနက်ပိုင်းမှာစစ်ကောင်စီအားသတင်းပေးနေသော ဒလန်မောင်မောင်မှာသူ့၏နေအိမ်၍ရှိနေစဉ်ဦးခေါင်းကိုသေနတ်ဖြင့်ပစ်ခံရပြီးနေရာမှာပင်သေဆုံးသွားတယ်လို့သိရပါတယ်။

သေဆုံးနေသောအလောင်းကို စကစ ကားများနဲ့လာသယ်သွားတယ်လို့ဒေသခံတွေထံမှသိရပါတယ်။

"အဲ့မောင်မောင်ဆိုတဲ့ကောင်ကြောင့်ရပ်ကွပ်ထဲကလေးတွေတစ်ယောက်မှမနေရဘူး အကုန်ရှောင်နေရတာ ဒီကောင်ကစစ်ကားခေါင်းခန်းကလိုက်စီးပြီးလက်ညိုးထိုးဖဖ်းခိုင်းပြီးဟိုကပေးသမျှကြွေးသမျှစားနေတဲ့ကောင် သေတာတောင်နောက်ကျသေးတယ်" လို့ရပ်ကွက်နေမိဘပြည်သူတစ်ဦးကပြောပါတယ်။

လက်ရှိမှာတော့မောင်မောင်သေဆုံးမှုကြောင့်ပိန္နဲကုန်းရပ်ကွက်အတွင်းနဲ့အင်းစိန်ဈေးရှေ့လမ်းမကြီးတွေပေါ်မှာလုံခြုံရေးတင်းကျပ်လျက်ရှိပြီးစစ်ဆေးမှုတစ်ချို့လည်းရှိနေတယ်လို့သူကဆက်ပြောပါတယ်။

ပုံစာ-ယနေ့မနက်ဒလန်မောင်မောင်အသတ်ခံရပြီးနောက် ပိန္နဲကုန်းရပ်ကွက်တွင်းကင်းလှည့်နေသော စကစ တပ်သားတစ်ဦး

Source -Insein News
Crd သံလွင်ခက်

ရုရှား ထုတ် ကိုဗစ်ကာကွယ်ဆေး ၉ သန်းဝယ်ယူမယ်ဟုဆို=====ရုရှားနိင်ငံက ထုတ်လုပ်တဲ့ Spunik ကိုဗစ်ကာကွယ်ဆေး ၉သန်းကို မြန်မာနိင်...
30/06/2021

ရုရှား ထုတ် ကိုဗစ်ကာကွယ်ဆေး ၉ သန်းဝယ်ယူမယ်ဟုဆို
=====
ရုရှားနိင်ငံက ထုတ်လုပ်တဲ့ Spunik ကိုဗစ်ကာကွယ်ဆေး ၉သန်းကို မြန်မာနိင်ငံကဝယ်ယူမယ်လို့ အားကာနဲ့ကျန်မာရေးဝန်ကြီးဌာန၊ အရေးပေါ်ကပ်ရောဂါကူးစက်မှုတုံ့ပြန်ရေး ဒါရိုက်တာ ဒေါက်တာ ခင်ခင်ကြီးက ၎င်းလူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။

ဒေါက်တာ ခင်ခင်ကြီးက "Spunik ကာကွယ်ဆေး၂သန်းဝယ်ပါ့မယ်။ နောက်ထပ် ၇ သန်းထပ်ဝယ်ပါ့မယ်။ တရုတ်နိုင်ငံနဲ့လည်းကာကွယ်ဆေးကိစ္စညှိနှိုင်းမှုတွေရှိပါတယ်။ မကြာခင်တော့ Sputnik V နဲ့ Sputnik light ရရှိနိုင်ဖွယ်ရှိပါတယ်။ဒါ့အပြင်တရုတ်နိုင်ငံနဲ့လည်း ကာကွယ်ဆေးကိစ္စ ဝယ်ယူဖို့ညှိနှိုင်းထားတာတွေ ရှိနေပါတယ် ဒါ့အပြင် ပုဂ္ဂလိကကဏ္ဍမှာလည်း တင်သွင်းဖြန့်ချိခွင့် ပြုထားပြီမို့ ပိုပြီးထိုးနှံနိုင်မှာဖြစ်ပါတယ်။ နဂိုကတည်းက ကာကွယ်ဆေးနဲ့ပတ်သက်ပြီး private sector ကိစ္စ ခွင့်ပြုထားတာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံက နဂိုကဝယ်ယူထားတဲ့ကာကွယ်ဆေးတွေကတော့ သူတို့နိုင်ငံအနေနဲ့ ရောဂါကိုထိန်းချုပ်နိုင်ပြီးရင် ရရှိနိုင်မှာဖြစ်ပါတယ်" လို့ရေးသားထားပါတယ်။

လက်ရှိမြန်မာနိင်ငံတွင် ကိုဗစ်လူနာကုသဆဲ ၁၉၀၀၀ ကျော်ရှိပြီး ၃၃၀၀ ကျော်သေဆုံးပြီလို့ အားကာနဲ့ကျန်မာရေးဝန်ကြီးဌာနက ကြေညာထားတယ်။

- မင်းတပ် မတူပီ လမ်း မိုင်တိုင် အမှတ် ၁၆ ဝန်းကျင်တွင် ယ​နေ့ မနက် အ​စောပိုင်း ​သေနတ်သံနှင့် ​မိုင်း​​ပေါက်ကွဲသံများ ကြားရ...
26/06/2021

- မင်းတပ် မတူပီ လမ်း မိုင်တိုင် အမှတ် ၁၆ ဝန်းကျင်တွင် ယ​နေ့ မနက် အ​စောပိုင်း ​သေနတ်သံနှင့် ​မိုင်း​​ပေါက်ကွဲသံများ ကြားရပြီး။
- ၁၄ ရက် အပစ်ရပ်​(ယာယီ) ဆွေး​နွေးမှုကို ချိုး​ဖောက်ပြီး စစ်​ကောင်စီ ဘက်မှ စတင် ပစ်ခတ် ခြင်းဖြစ်​ကြောင်း မင်းတပ် CDF တပ်ဖွဲ့ဝင်များမှ ​ပြော။
- အထိခိုက်ကျဆုံး စာရင်း ရှိမရှိ မသိရ​သော်လည်း ယ​နေ့ မနက်ပိုင်းတွင် မင်းတပ် CDF မှ နယ်​မြေရှင်းလင်း​ရေး လုပ်​ဆောင်​နေ​ကြောင်း ​ဒေသခံ အချို့ကလူမှုကွန်ယက်​တွင် တင်ထား။ (လတ်တ​လောတွင် ​ခွေး(တိရစ္ဆာန်) တစ်​ကောင် ​သေဆုံး​ကြောင်း သိရ။)
- မင်းတပ် CDF နှင့် စစ်​ကောင်စီတို့ ကြား ညှိနှိုင်းမှု ၃ ရက် အကြာတွင် ၊ စစ်​ကောင်စီဘက်မှ အပစ်ခတ် ပြန်လည် စတင်ခြင်းဖြစ်။

22/06/2021

MDY Ambulance လိုအပ်လျှင်ဆက်သွယ်လို့ရပါတယ်။

ထွက်ပေးနိုင်တဲ့ Ambulance တွေပါ

09259115843/
09427053786/
09954537866/
09974100838(အားမာန်လူငယ်)
092039152(နန်းရှေ့)

🟢 ကုန်းဆာရွာအနီးမှာ KIA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ် ရွှေဖီမြေ၊ ဇွန်လ ၁၆ ရက်၊ ကွတ်ခိုင်ဒီနေ့ ဇွန်လ ၁၆ ရက် မနက် ၈ နာရီ...
16/06/2021

🟢 ကုန်းဆာရွာအနီးမှာ KIA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်

ရွှေဖီမြေ၊ ဇွန်လ ၁၆ ရက်၊ ကွတ်ခိုင်

ဒီနေ့ ဇွန်လ ၁၆ ရက် မနက် ၈ နာရီဝန်းကျင်က ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကုန်းဆာကျေးရွာအနီးမှာ ကချင်တပ်မတော် (KIA)နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တိုက်ပွဲဟာ (၁၀)မိနစ်လောက် ဖြစ်ပွားခဲ့ကြပြီး လက်နက်ကြီးတွေကတော့ ၉ နာရီခွဲအထိ ပစ်ခတ်တာတွေ ရှိတယ်လို့ ရွာခံတစ်ဦးက ပြောပါတယ်။

“တိုက်ပွဲကတော့ ခဏလေးပါပဲ။ ဖြစ်တာတော့ ရွာဘေးမှာဖြစ်တာ။ သူတို့(စစ်ကောင်စီ)သွားလမ်းမှာ ဟိုအဖွဲ့တွေက မိုင်းတွေဘာညာ ထောင်ထားတာဖြစ်မယ်။ သူတို့ကြောက်ပြီး ပစ်တာလား ဘာလားတော့ သေချာမသိဘူး”

ကောင်းခမ်ရွာခံတစ်ဦးကလည်း စစ်ကောင်စီက ၎င်းတို့ရဲ့စခန်းရှိရာ မန်ပြိန်းကျေးရွာကနေ လက်နက်ကြီး ၈ လုံးထက်မနည်း ပစ်ခတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အလားတူ ကွတ်ခိုင်မြို့နယ် လွယ်ကန်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပူးတွဲတပ်ဖွဲ့ဖြစ်တဲ့ တအာင်း (TNLA)၊ ကိုးကန့် (MNDAA)တို့ မနေ့ ဇွန်လ ၁၅ ရက် ညနေပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြပါတယ်။

#တိုက်ပွဲဖြစ် #ကုန်းဆာရွာ #စစ်ကောင်စီ #ကွတ်ခိုင်
https://www.facebook.com/451214215694715/posts/974073956742069/

CDF မင်းတပ်အဖွဲ့မှ စစ်​ကောင်စီတပ်ဖွဲ့မှတပ်ပြေး များကို ကူညီ​စောင့်​ရှောက်ထား CDF အဖွဲ့ မှ စစ်​ကောင်စီတပ်ဖွဲ့ကတပ်ပြေး မျာ...
12/06/2021

CDF မင်းတပ်အဖွဲ့မှ စစ်​ကောင်စီတပ်ဖွဲ့မှတပ်ပြေး များကို ကူညီ​စောင့်​ရှောက်ထား

CDF အဖွဲ့ မှ စစ်​ကောင်စီတပ်ဖွဲ့ကတပ်ပြေး များကို ကူညီ​စောင့်​ရှောက်ထားကြောင်း Chinland Defense Force မင်းတပ်အဖွဲ့၀င်တစ်ဦးက လူမှုကွန်ရက်တွင်ဖော်ပြထားသည်။

CDF Mindat အဖွဲ့ဝင်တစ်ဦးက "စစ်တပ်ကထွက်ပြေးလာတယ်လို့ယူဆရတဲ့ စစ်သားတချို့ကိုမိတာ ၁လလောက်ရှိပီသူတို့ကို မရိုက်နှက်ခဲ့ဘူး
ကြိုးနဲ့ မချည်ထားဘူး နေချင်သလို နေခွင့်ပေးပြီး ထမင်းကျွေးထားခဲ့တယ်
အစောင့်နဲ့တော့ထားရတယ်ဆေးလိပ်နဲ့ခေါင်ရည်ကို တတ်နိုင်သလောက်စီစဉ်ပေးခဲ့တယ်

ဒီလိုနဲ့ သူတို့ရောက်ပြီး၂ပါတ်ကျော်အကြာမှာ ကျနော်တို့ ချီချောင်းဖက်က CDF တွေက ကန်ပက်လက်ဖက်မှာတပ်ကျွံနေတုန်း စစ်မျက်နှာ ၃ဖက်အညှပ်ခံရပြီး တပ်ဆုတ်ရဖို့အခြေနေဖြစ်လာခဲ့တယ်အဲ့မှာ ရွာသူရွာသားတွေ၊ သက်ကြီးရွယ်အိုတွေ ၊ကလေးသူငယ်တွေအားလုံး စစ်သားတွေရန်ကကြောက်ပြီးရွာ​တွေကနေဝရုန်းသုန်းကားထွက်ပြေးကြရတော့တယ်

တပ်ပြေးတွေကိုလဲ ဆက်လက်ထိမ်းသိမ်းထားဖို့မဖြစ်နိုင်တော့လို့ သူတို့ကိုမရှိရှိတဲ့ကြားထဲကနေ လမ်းစရိတ်၅သောင်းစီပေးပြီး ထွက်ပြေးခိုင်းတော့ သူတို့မျက်နှာတွေ မကောင်းတာပဲသတိထားမိခဲ့တယ်

ဒီလိုနဲ့ တပ်ဆုတ်နေရင်း ရွာတစ်ရွာနားမှာ ကျနော်တို့CDF တွေတပ်စွဲထားတဲ့ချိန် အဲ့စစ်ပြေးတွေကိုတစ်ခါထပ်တွေ့တော့ သူတို့ခမျာ ခလေးပိုးတဲ့သူကပိုး၊ အထုပ်ထမ်းတဲ့သူကထမ်း၊ တူမီးကိုင်တဲ့သူကကိုင်နဲ့ စစ်ဘေးရှောင်အုပ်စုကို ဦးဆောင်လာတာဗျတကယ်အံသြမိသွားတယ်
"နင်တို့မပြန်သေးဘူးလား"လို့ ကျနော်မေးတော့ "ကျနော်တို့ကိုထမင်းကျွေးခဲ့တဲ့ရွာကိုပစ်ပီး ဒီတိုင်းထွက်မသွားနိုင်သေးဘူး၊ သူတို့ဘေးကင်းရာရောက်ပြီးမှပြန်မယ်" ဆိုတော့
ငယ်ငယ်တုန်းကကြည့်ဖူးတဲ့ ဗီယက်နမ်စစ်ကားလေးကို မျက်စိထဲတန်းမြင်ယောင်မိလာတော့တယ်မင်းသားက အာနိုးထင်တယ် ဗီယက်နမ်ကိုစစ်တိုက်သွားတဲ့ အမေရိကန်မရိန်းစစ်သားက သူ့ကိုကာကွယ်ပေးခဲ့တဲ့ဗီယက်ကောင်းရွာလေးကို ပြန်ကာကွယ်ပေးခဲ့တဲ့ စစ်ကားလေး 😧

အဲ့လိုနဲ့ နောက်နေ့တွေမှာ ကျနော့ဘေးနားမှာသူတို့ကို နေခွင့်ပေးလိုက်တော့တယ် တူမီးလေးတွေကိုယ်စီကိုင်လို့
(အစကတော့ သူတို့ကို မယုံသေးပါဘူး)

ကျနော်ယုံကြည်ပါတယ်
မေတ္တာဆိုတာ ရောင်ပြန်ဟပ်ပါတယ် 😍
နောက်နေ့ကျရင် သူတို့နဲ့မိတ်ဆက်ပေးမယ်နော
သူတို့လက်ထဲကို သူတို့ရဲ့သေနတ်အစစ်တွေပြန်ထည့်ပေးနိုင်ဖို့အချိန်မဝေးတော့ပါဘူး "ဟုသူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်။

🟢 တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံး ကျည်အတွဲလိုက် ပစ်ခတ်ခံရပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဇွန်လ ၉ ရက်၊ တာချီလိတ်ရှမ်းပြည်နယ်အရ...
09/06/2021

🟢 တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံး ကျည်အတွဲလိုက် ပစ်ခတ်ခံရပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦး သေ

ဇွန်လ ၉ ရက်၊ တာချီလိတ်

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှေ့မှာ ဒီနေ့ည ၇ နာရီခွဲကျော်က ပေါက်ကွဲမှုနဲ့အတူ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦး ထိမှန်သေဆုံးသွားကြောင်း သိရပါတယ်။

ပစ်ခတ်မှုကြောင့် ရဲတပ်ကြပ်တစ်ဦး သေဆုံးသွားတယ်လို့ ဒေသအခြေစိုက် မဲခေါင်သတင်းဌာနက ရေးသားထားပါတယ်။

ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ ရဲတပ်ဖွဲ့မှူးရုံးရှေ့မှာ မီးတချို့ပိတ်ထားပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးကိုလည်း ပိတ်ထားလိုက်ပြီး စစ်ဆေးမှုတွေ ပြုလုပ်နေ​ကြောင်း တာချီလိတ် သတင်းအေဂျင်စီကလည်း ရေးသားထားပါတယ်။

#ရဲတပ်ဖွဲ့မှူးရုံး #ပစ်ခတ်ခံရ #သေဆုံး ! #တာချီလိတ်
#ဓာတ်ပုံ- Tachileik News Agency
https://www.facebook.com/451214215694715/posts/969967653819366/

ဖိလစ်ပိုင်လက်ဝှေ့အကျော်အမော် Manny Pacquiao က မြန်မာပြည်ငြိမ်းချမ်းရေးအတွက်ဆုတောင်း======ဖိလစ်ပိုင်လက်ဝှေ့အကျော်အမော် Ma...
08/06/2021

ဖိလစ်ပိုင်လက်ဝှေ့အကျော်အမော် Manny Pacquiao က မြန်မာပြည်ငြိမ်းချမ်းရေးအတွက်ဆုတောင်း
======
ဖိလစ်ပိုင်လက်ဝှေ့အကျော်အမော် Manny Pacquiao က မြန်မာပြည်နဲ့ ကမ္ဘာငြိမ်းချမ်းရေးအတွက် ၎င်းတို့ မိသားစုက အမြဲဆုတောင်းပေးနေတယ်လို့ ၎င်းလူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။

ပြည်တွင်းစစ်ဖြစ်‌ေနတဲ့ မြန်မာပြည်မှာ မရေတွက်နိင်လောက်အောင်သေကျေတဲ့ ပြည်သူအတွက် ဆုတောင်းပါတယ်။

ဒီနေ့မှာ ငြိမ်းချမ်းရေးအတွက်ဆုတောင်းကြဖို့ အားလုံးကိုဖိတ်ခေါ်ဗျစေ၊ ဖိလစ်ပိုင်နိင်ငံ၊ မြန်မာနိင်ငံနဲ့ ကမ္ဘာတဝှမ်းလုံးမှာ ငြိမ်းချမ်းရေးရှိဖို့ ဆုတောင်းကြအောင်လို့ရေးသားထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့နှင့်CDFမင်းတပ်အဖွဲ့အကြားတိုက်ပွဲများတွင် CDFမင်းတပ်တပ်ဖွဲ့၀င် ၂၁ ဦး ကျဆုံးပြီဖြစ်ကြောင်းထုတ်ပြန်မတရား...
08/06/2021

စစ်ကောင်စီတပ်ဖွဲ့နှင့်CDFမင်းတပ်အဖွဲ့အကြားတိုက်ပွဲများတွင် CDFမင်းတပ်တပ်ဖွဲ့၀င် ၂၁ ဦး ကျဆုံးပြီဖြစ်ကြောင်းထုတ်ပြန်

မတရားစစ်အာဏာရှင် ဖြုတ်ချရေး၊ *ဖက်ဒရယ်ဒီမိုကရေစီ​ပြည်ထောင်စုပေါ်ပေါက်ရေး၊ *ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ပေါ်ပေါက်ရေး၊*ချင်းပြည်နယ်နှင့် ချင်းပြည်သူလူထု အသက်အိုးအိမ်လုံခြုံရေး၊ တို့ကိုရည်သန်၍ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင်စစ်ကောင်စီတပ်များနှင့် ဒေသခံ Chinland Defense Force CDF (Mindat) တပ်ဖွဲ့ဝင်တို့ အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် ကျဆုံးခဲ့သော CDF- Mindat အာဇာနည် တော်လှန်ရေးရဲဘော်များမှာ

၁။ ဆလိုင်း ထန်းဟုန်းထန်း (မေ ၁၃၊ဂေါက်ကွင်းတိုက်ပွဲ)
၂။ ဆလိုင်း မာန်ကီးထန်း (ဂေါက်ကွင်းတိုက်ပွဲ)
၃။ ဆလိုင်း ဟုန်းအွမ်ဟုန်း (ဂေါက်ကွင်းတိုက်ပွဲ)
၄။ ဆလိုင်း ထန်းပက် (ဂေါက်ကွင်းတိုက်ပွဲ)
၅။ ဆလိုင်း ခွီရှိန်းနင် (မေ ၁၄၊ ဂေါက်ကွင်းတိုက်ပွဲ)
၆။ ဆလိုင်း ဟာခွီရှိန်း (ဂေါက်ကွင်းတိုက်ပွဲ)
၇။ ဆလိုင်း ကီးတမ် (မေ ၁၃၊ ၃၅ မိုင် တိုက်ပွဲ)
၈။ ဆလိုင်း ကီးရှိန်း (အနောက် ၃၈ မိုင်တိုက်ပွဲ၊ မေ ၁၇)
၉။ ဆလိုင်း လိန်းကီး (အနောက်တိုက်ပွဲ)
၁၀။ ဆလိုင်း လိန်းရွှီ (အနောက်တိုက်ပွဲ)
၁၁။ ဆလိုင်း ထန်းနိုင်း (ပူကွန်းတိုက်ပွဲ ၂၁.၅.၂၀၂၁)
၁၂။ ဆလိုင်း တမ်လိန်း (ပူကွန်းတိုက်ပွဲ ဗုံးထိ - ၂၆.၅.၂၁)
၁၃။ ဆလိုင်း ဒါဝိတ် (ပူကွန်းတိုက်ပွဲ ဗုံးထိ - ၂၆.၅.၂၁)
၁၄။ ဆလိုင်းထန်းလိန်း (ခွဲလုံသာတိုက်ပွဲ - ၃၀.၅.၂၁)
၁၅။ ဆလိုင်း ချွဲလိန်း (ခ) ရှောင်လင် (ဇွန် ၄၊ ရွှေအောင်သာတိုက်ပွဲ)
၁၆။ ဆလိုင်း ရှိန်းအောင်ထန်း (ဇွန် ၄၊ မယ်လယ်ကုန်းတိုက်ပွဲ)
၁၇။ ဆလိုင်း ထန်းလိန်း (ဇွန် ၄၊ မယ်လယ်ကုန်းတိုက်ပွဲ)
၁၈။ ဆလိုင်းငိုင်းရှိန်းမာန် (ဇွန် ၆၊ ယှက်တိုက်ပွဲ)
၁၉။ ဆလိုင်းထန်းမာန် (ဇွန် ၆ ချောင်းဆုံတိုက်ပွဲ)
၂၀။ ဆလိုင်းဟာဖေ (ဇွန် ၆၊ ချောင်းဆုံတိုက်ပွဲ)
၂၁။ ဆလိုင်းလင်နိုင်း (ဇွန် ၇၊ ယှက်တိုက်ပွဲ - ရွာထဲတွင် ထမင်းစားနားစဥ် လက်နက်ကြီးထိမှန်ကျဆုံး)

တို့ဖြစ်ကြောင်း မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေး - သတင်းအဖွဲ့ ကယနေ့ဇွန်လ ၈ ရက်မနက်တွင်ထုတ်ပြန်လိုက်သည်။

Captain America မဟုတ်ဘူးနော်၊ သရက်သီးထုပ်ကြီး စစ်ကားထဲပစ်သွင်းလိုက်လို့ ဝရုန်းသုန်းကားခုန်ဆင်းနေတဲ့ Burma မာလကီးယား😁😁Cre...
31/05/2021

Captain America မဟုတ်ဘူးနော်၊
သရက်သီးထုပ်ကြီး စစ်ကားထဲပစ်သွင်းလိုက်လို့
ဝရုန်းသုန်းကားခုန်ဆင်းနေတဲ့ Burma မာလကီးယား😁😁
Credit Tun Wai Tun

🟢 နမ့်ဖတ်ကာရှိ စစ်ကောင်စီစခန်းကို ညီနောင်မဟာမိတ် ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူးတစ်ဦးအပါအဝင် (၁၁)ဦး သ...
31/05/2021

🟢 နမ့်ဖတ်ကာရှိ စစ်ကောင်စီစခန်းကို ညီနောင်မဟာမိတ် ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူးတစ်ဦးအပါအဝင် (၁၁)ဦး သေဆုံး

ရွှေဖီမြေ၊ မေလ ၃၁ ရက်၊ ကွတ်ခိုင်

ဲီဒီနေ့ မေလ ‌၃၁ ရက် မနက် ၁ နာရီဝန်းကျင်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာမှာရှိတဲ့ စစ်ကောင်စီရဲ့ ခလရ(၁၂၃) တပ်စခန်းအပါအဝင် နေရာ ၃ ခုကို ညီနောင် မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ AA၊ TNLA၊ MNDAA တို့က တစ်ပြိုင်နက် လာရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အကျအဆုံး များပြားခဲ့သလို ပျောက်ဆုံးနေသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

မနက် ၁ နာရီဝန်းကျင်ကျန ၄ နာရီကျော်အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၁၁)ယောက်သေဆုံးပြီး (၁၅)ယောက်နီးပါး ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲအတွင်း ပါဝင်တဲ့ ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်တစ်ဦးက “လက်နက်တွေကတော့ ၅ ယောက်စာတော့ ရသွားတယ်။ တစ်နေရာက မြေပြိုသွားလို့ အဲနေရာက လက်နက်တွေ မရလိုက်ဘူး။ အကျကတော့ ဒုတပ်ရင်းမှူးတစ်ယောက် ပါတယ်။ ကျန်တာက (၁၀)ယောက်ကျတယ်” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း နေအိမ်တစ်လုံးထဲကို လက်နက်ကြီး ၂ လုံး ကျရောက်ခဲ့ပြီး ၁ လုံး ပေါက်ကွဲခဲ့လို့ နေအိမ် ထိခိုက်ခဲ့ပေမဲ့ ဒေသခံတွေတော့ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။

နမ့်ဖတ်ကာ ဒေသခံတစ်ဦးက “သူတို့ ခလရ(၁၂၃) တပ်စခန်းကို လာပစ်တာ။ ပြီးတော့ မြို့ပြင် ခွဲရုံမှာစောင့်တဲ့ဟာရယ်၊ ရန်အောင်မြင်‌ေတာင်ကုန်းမှာစောင့်တဲ့ဟာရယ် ပစ်တာ။ ရင်ခွဲရုံမှာစောင့်တဲ့ စကစအရာရှိတစ်ဦးနဲ့ တပ်သား ၉ ဦး ကျဆုံးတယ်လို့ပဲ ကျွန်တော်တို့ ကြားတယ်။ အိမ်တစ်အိမ်ကို လက်နက်ကြီး ၂ လုံးကျတယ်။ တစ်လုံးပေါက်ကွဲလို့ အိမ်ကတော့ ထိသွားတယ်” လို့ ​ဆိုပါတယ်။

ကွတ်ခိုင်မြို့နယ်မှာ ညီနောင်မဟာမိတ်အပြင် KIA နဲ့ စစ်ကောင်စီတို့ကြား ဆက်တိုက်ဆိုသလို တိုက်ပွဲပြင်းထန်နေပြီး မနေ့ မနက်ပိုင်းမှာလည်း ကွတ်ခိုင်နဲ့ သိန္နီကြားမှာ TNLA၊ MNDAA တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား နာရီဝက်နီးပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

#စစ်ကောင်စီတပ်စခန်း #ဝင်ရောက်တိုက်ခိုက် #ညီနောင်မဟာမိတ် #နမ့်ဖတ်ကာ #ကွတ်ခိုင်
#ဓာတ်ပုံ- Northern Alliance(Burma)https://www.facebook.com/451214215694715/posts/963991574416974/

၃၀/၅/၂၀၂၁ဗန်မော်ခရိုင် ဒေါ့ဖုန်ယန်မြို့နယ်ခွဲအထက်ညာဘက်ခြမ်းရှိ့ ပန်စွန်ပိုစ်သို့အင်အားဖြည့်တင်းလာသော တပ်မ(၈၈)စခက(၁၀)ပူးပ...
30/05/2021

၃၀/၅/၂၀၂၁
ဗန်မော်ခရိုင် ဒေါ့ဖုန်ယန်မြို့နယ်ခွဲအထက်ညာဘက်ခြမ်းရှိ့ ပန်စွန်ပိုစ်သို့
အင်အားဖြည့်တင်းလာသော တပ်မ(၈၈)စခက(၁၀)ပူးပေါင်းစစ်ကြောင်းနဲ့KIAတပ်ဖွဲ့တို့ ယနေ့၂နာရီမှ
ယခုသတင်းရေးနေချိန်ထိတိုက်ပွဲပြင်းထန်လျှက်ရှိ့နေပါသည်။အင်အားဖြည့်တင်းလာသောစစ်ကြောင်းကိုKIAမှ့
အသင့်စောင့်ကြိုတိုက်ခိုက်သောကြောင့်
မအလ တပ်မ(၈၈)ပူးပေါင်းတပ်များ
အထိနာလျှက်ရှိ့နေကြောင်းကိုသိရှိ့ရပါသည်။အသေ‌အပျောက်စရင်းကိုစုံစမ်းနေဆဲဖြစ်ပါသည်။သတင်းရရင်
ဆက်လက်တင်ပြသွားပါမည်။

နန့်မွန်း ပြည်သူ့စစ် စခန်းကို KIA ဝင်ပစ် 30 May 2021- Kachinwavesယ​နေ့မနက် အ​စောပိုင်းက ကချင်ပြည်နယ်အင်းတော်ကြီးဒေသ နန့်...
30/05/2021

နန့်မွန်း ပြည်သူ့စစ် စခန်းကို KIA ဝင်ပစ်

30 May 2021- Kachinwaves

ယ​နေ့မနက် အ​စောပိုင်းက ကချင်ပြည်နယ်
အင်းတော်ကြီးဒေသ နန့်မွန်းမြို့ရှိ ပြည်သူ့စစ်စခန်းကိုKIA ဝင်တိုက်ကာ တိုက်ပွဲပြင်းထန်ခဲ့​ကြောင်း သတင်းရရှိသည်။

"​မ​နေ့ ​နေ့လည်မှာ စာသင်​ကျောင်းကို စစ်​ကောင်​ကောင်စီ စစ်သားတွေရောက်လာတယ်။ အဲ့စစ်သား​တွေကပြည်သူ့စစ်မှာအိပ်တယ်ထင်တယ်။အဲ​​တာ​တွေ​ကြောင့် ပစ်တာ​နေမယ်။မနက် အ​စောပိုင်း ၁၂ ​ကျော်က​နေစပစ်တာ ၃ နာရီ​လောက်ထိ ပစ်​နေကြတာ။ လက်နက်​ကြီး​​တွေပါ ပါတယ် အိမ်​​တွေတောင်တုန်တယ်။" ဟု​ဒေသခံတစ်ဦးက​ပြောသည်။

မ​နေ့ကပူတာအိုကမှာလည်း စစ်​ကောင်စီ လက်နက်ကိုင်​တွေရဲ့ ယာဥ်တန်းကို ​ကေအိုင်​အေ ပစ်ခတ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့သည်။

ကချင် နှင့် ရှမ်း​မြောက်မှာ ယ​နေ့တိုက်ပွဲပြင်းထန်26 May 2021 - Kachinwavesကချင်ပြည်နယ် မိုး​မောက်မြို့နယ်ရှိ စ​လောင်းကုန...
26/05/2021

ကချင် နှင့် ရှမ်း​မြောက်မှာ ယ​နေ့တိုက်ပွဲပြင်းထန်
26 May 2021 - Kachinwaves
ကချင်ပြည်နယ် မိုး​မောက်မြို့နယ်ရှိ စ​လောင်းကုန်းပေါ်သို့ စစ်ကောင်စီလက်နက်ကိုင်တပ်များ တက်လာသည့်အတွက် မေ ၂၆ရက် နံနက်ပိုင်းမှစတင်ပြီး ကေအိုင်အေနှင့် အေအေ ပူးပေါင်းတပ်တို့နှင့် စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သတင်းရရှိသည်။
​ကေအိုင်အေ တပ်မဟာ(၅) တပ်ရင်း(၂၅)နယ်​မြေတွင် ဖြစ်ပွား​နေခြင်းဖြစ်ပြီး ယ​နေ့ မွန်းလွဲ ၁နာရီခန့်တွင်တစ်ကြိမ် ၃နာရီခန့်တွင်တစ်ကြိမ် ည​နေ ၅နာရီခန့်တွင်တစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းတွင် အလောဘွမ်တောင်ခြေရှိ ရှမ်တွမ်တောင် တစ်လျောက်မှ တက်လာသည့် စစ်ကောင်စီလက်နက်ကိုင်များကိုလည်း ကေအိုင်အေမှ ပစ်ခတ်ခဲ့သည်။
ကေအိုင်အေနှင့် စစ်ကောင်စီလက်နက်ကိုင်တို့အကြား တိုက်ပွဲ အဆက်မပြတ် ဖြစ်နေပြီး စစ်ကောင်စီလက်နက်ကိုင်များ စခန်းချထားသည့်နေရာအနီးရှိ စစ်​ကောင်စီတပ်များသည် ရွာထဲသ်ို့ လက်နက်ကြီးများ လက်လွတ်စပယ်ပစ်ခတ်သောကြောင့် ရွာသူရွာသားများ စိုးရိမ်နေကြရကြောင်း သိရသည်။
စစ်ကောင်စီလက်နက်ကိုင်များက ကချင်ပြည်နယ်သာမက ရှမ်းမြောက် နေရာ​တော်​​တော်များများတွင်လည်း နေ့တိုင်းနီးပါး စစ်အင်အား လက်နက်ကြီးများဖြင့် စစ်ကြောင်းအင်းအားများ ထိုးလာသည့်အတွက် တိုက်ပွဲဆက်တိုက်ဖြစ်နေဆဲ ဖြစ်​​ကြောင်း သိရသည်။
ရှမ်းပြည်နယ်ရှိ ကေအိုင်အေ တပ်မဟာ(၄)တပ်ရင်း(၉) နေရာဘက်ရှိ နန်းဖာလုံတွင် မေ ၂၆နံနက်ပိုင်း ကေအိုင်အေနှင့် စစ်ကောင်စီလက်နက်ကိုင်များတိုက်ပွဲဖြစ်ကြောင်း သိရသည်။
Source-Kachinnet
#နစက

.       ပုဂံရာဇဝင်မှာ ပျူစောထီး ဆိုတာက အမိမဲ့ အဖမဲ့ မွေးလာတာ ။ ပြောရရင် ဝရမ်းပြေး ကျော်ကြီးနဲ့ တစ်ထောင်တန် ဖာတို့ ချစ်ကြ...
14/05/2021

. ပုဂံရာဇဝင်မှာ ပျူစောထီး ဆိုတာက အမိမဲ့ အဖမဲ့ မွေးလာတာ ။ ပြောရရင် ဝရမ်းပြေး ကျော်ကြီးနဲ့ တစ်ထောင်တန် ဖာတို့ ချစ်ကြိုက်ပြီး မွေးလာတဲ့ ကလေး။ ကျော်ကြီးက ထုံးစံအတိုင်း တာဝန်မယူတော့ အမှိုက်ပုံမှာ စွန့်ပစ်ခံခဲ့ရတဲ့ ကလေး။
ဒါကို ဘရသေ့က ကောက်ယူမွေးစားတာ။ sorry ဘရသေ့ မဟုတ်ဘူးး အရည်းကြီးး။ အဲ့တုန်းက အရည်းကြီးပဲ ရှိသေးတာ။ ဗုဒ္ဓဘာသာက အနော်ရထာ လက်ထပ်မှ သထုံက ရတာ။ မွေးစား အရွယ်ရောက်တော့ အရည်ကြီးက ဒီကောင် ငါ့ ပန်းဦးလွှတ်မယ့် ဆော်လေးတွေ မျက်စောင်းထိုးလာပြီ ဆိုပြီး မင်း ရှင်ဘုရင် ဖြစ်ကိန်းရှိတယ်ဆိုပြီး နှင်ချလိုက်တာ။
နှင်ချတော့ စားရမဲ့ သောက်ရမဲ့ ဘဝနဲ့ သွားရင်း ယာခင်းတစ်ခုရဲ့ တွင်းကြီးထဲမှာ အကောင်သုံးကောင် သေနေတာ တွေ့တာ။ အဲ့အကောင် သုံးကောင်ကတော့ ဝက်ကြီး၊ကျားကြီး၊ရူးပျံကြီး လို့တော့ သင်ရတာပဲ။ အမှန်က ကလေးတွေ စိတ်ဝင်စားအောင် အကောင်တွေ ကြီးပေးလိုက်တာ။ ဝက်ကြီး ဆိုတာက ခု CP ဝက်တွေ လောက်တောင် မကြီးဘူး၊ သေးသေးပုပု မဲမဲလုံးလုံးလေး ။ သူ့ကို ဝက်မဲလုံးလို့ ခေါ်ကြတာ။ ကျားကြီးဆိုတာက ရွာထဲ ပတ်ဟောင်နေတဲ့ ဂုတ်ကျားကို ပြောတာ၊ ရူးပျံကြီး ဆိုတာက ရူးရူးနဲ့ပျံနေတဲ့ မန်ဒါလီကြီးး။ တစ်နေ့ ဝက်နဲ့ခွေး ရန်ဖြစ်လုံးထွေးရင်း မုဆိုးထောင်ထားတဲ့ ကျင်းထဲကျပြီး ညောင့်စူးပြီးသေတာ။ မန်ဒါလီကလဲ အဲ့ကျင်းထဲ အတောင်းညောင်းကျပြီး သေတာ။ ဘာမှ ပျူစောထီး သက်ခဲ့တာ မဟုတ်ဘူး။
အဲ့ အသေကောင်တွေ ချက်ပြုတ် စားသောက်နေတုန်း သူကြီးသမီး ရွှေရူပါဦးနဲ့ ညှိတာ။ ရွှေရူပါဦး ဆိုတာကလဲ ရွာထဲမှာ ကက။ ကက ဆိုတာ ကြိုက်ကုန်းဗျာ ။ ရွာထဲမှာ ကုန်းတာ အားမရလို့ ရွာပြင်ထွက်ကုန်းရင်းနဲ့ ပျူစောထီးနဲ့ တွေ့တာ ။ ကိုယ်ဝန်ရလာတော့ ပျူစောထီးက သူ့အဖေ ကျော်ကြီးအတိုင်း တာဝန်မယူချင်ဘူး။ အဲ့တော့ ကြိုက်ကုန်းမ အဖေ ရွာသူကြီးက သမက်ပျူစောထီး ကို သူရာထူးဆင်းပေး သူကြီးရာထူး ပေးလိုက်တာ။ ရှင်းရှင်း ပြောရရင် သူကြီးရာထူးပေးပြီး သမီးကို ထိုးကြွေးလိုက်တာပေါ့ဗျာ။ ဘာရှင်ဘုရင်မှ မဖြစ်ခဲ့ဘူး။ ဘာသူရဲကောင်းမှလဲ မဟုတ်ဘူးး။
အာ့ကို ဟိုဘက်ရပ်ကွက်ကကောင်တွေက ပျူစောထီးကို သူရဲကောင်းမှတ်ပြီး ပျုစောထီး အဖွဲ့တွေ ဘာတွေ ဖွဲ့လို့ 😂။ မမစပ သူရဲကောင်းလားး၊ ပျုစောထီး ကောင်းကွက်လေးတွေရှိရင် တစ်ကွက်လောက် ထောက်ပြစမ်း ငါ့ကို။

( ပုံက ပျူစောထီးပုံ ရှာမရလို့ ဝက်မဲလုံးပုံ တင်လိုက်တာ 🤣🤣🤣)

14/05/2021

ရက်ရက်ရောရောကိုလှူပေးတာ
#မင်းတပ်

Breaking!!!မိုးမောက်မြို့နယ် ကုန်းလောကျေးရွာတွင် ရဟတ်ယာဉ်တစ်စီးပျက်ကျ၊ ကေအိုင်အေပစ်ချခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများပြောမိုး...
03/05/2021

Breaking!!!

မိုးမောက်မြို့နယ် ကုန်းလောကျေးရွာတွင် ရဟတ်ယာဉ်တစ်စီးပျက်ကျ၊ ကေအိုင်အေပစ်ချခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများပြော

မိုးမောက် - မေ ၃၊ ၂၀၂၁။

မိုးမောက်မြို့နယ် ကုန်းလောကျေးရွာတွင် ယနေ့နံနက် ၁၀ နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့များ၏ ရဟတ်ယာဉ်တစ်စီးပျက်ကျခဲ့သည်ဟု သိရသည်။

ပျက်ကျခဲ့သည့်ရဟတ်ယာဉ်သည် ကုန်းလောကျေးရွာဘုန်းကြီးကျောင်းနား ပျက်ကျခဲ့ခြင်းဖြစ်ပြီး ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကုန်းလောကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

"ရဟတ်ယာဉ်ပျက်ကျလို့ အသက် ၂၀ ကျော်လောက်ရှိမယ်ထင်တယ်၊ မိန်းကလေးတစ်ယောက် ထိသွားတာ" ဟု ပြောသည်။

စစ်ရဟတ်ယာဉ်ကို ကေအိုင်အေက ပစ်ချခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုကြသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

ဆက်လက်ဖော်ပြပါမည်။

Credit

03/05/2021

Breaking!!!

မိုးမောက်မြို့နယ် ကုန်းလောကျေးရွာတွင် ရဟတ်ယာဉ်တစ်စီးပျက်ကျ၊ ကေအိုင်အေပစ်ချခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများပြော

မိုးမောက် - မေ ၃၊ ၂၀၂၁။

မိုးမောက်မြို့နယ် ကုန်းလောကျေးရွာတွင် ယနေ့နံနက် ၁၀ နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့များ၏ ရဟတ်ယာဉ်တစ်စီးပျက်ကျခဲ့သည်ဟု သိရသည်။

ပျက်ကျခဲ့သည့်ရဟတ်ယာဉ်သည် ကုန်းလောကျေးရွာဘုန်းကြီးကျောင်းနား ပျက်ကျခဲ့ခြင်းဖြစ်ပြီး ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကုန်းလောကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

"ရဟတ်ယာဉ်ပျက်ကျလို့ အသက် ၂၀ ကျော်လောက်ရှိမယ်ထင်တယ်၊ မိန်းကလေးတစ်ယောက် ထိသွားတာ" ဟု ပြောသည်။

စစ်ရဟတ်ယာဉ်ကို ကေအိုင်အေက ပစ်ချခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုကြသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

ဆက်လက်ဖော်ပြပါမည်။

Credit

လှိုင်သာယာ ၁၃ ရပ်ကွက်အုပ်ကြီးအိမ်ထဲကိုဗုံးတလုံး လှိမ့်ကာ လှိမ့်ကာ လှိမ့်ကာနဲ့ဝင်ရောက်ပေါက်ကွဲသွားမေ ၊ ၂ ရက်ရန်ကုန်  လှို...
02/05/2021

လှိုင်သာယာ ၁၃ ရပ်ကွက်အုပ်ကြီးအိမ်ထဲကိုဗုံးတလုံး လှိမ့်ကာ လှိမ့်ကာ လှိမ့်ကာနဲ့ဝင်ရောက်ပေါက်ကွဲသွား

မေ ၊ ၂ ရက်

ရန်ကုန် လှိုင်သာယာ အမှတ် (၁၃) ရပ်ကွက် ပင်လုံဈေးအနီးမှာရှိတဲ့ ၁၃ ရပ်ကွက်၊ရပ်ကွက်အုပ်ချုပ်ရေးမှုနေအိမ်၌ ယနေ့ နေလည်ပိုင်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နေအိမ်အရှေ့ပိုင်းနှင့်အိမ်ရှေ့တွင်ရပ်ထားသော ကားတစ်စီး ထိခိုက်ပျက်ဆီးမှုရှိခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေကပြောပါတယ်။

ဗုံးပေါက်ကွဲပြီး မိနစ်ပိုင်းအတွင်းစစ်ကောင်စီတပ်တွေ တပ်ဖွဲ့ဝင်များရောက်ရှိလာပြီး စစ်ဆေးမူများပြုလုပ်နေပြီးအခုလက်ရှိအချိန်မှာတော့ ဖြတ်သွားဖြတ်လာဆိုင်ကယ်တွေကိုစစ်ဆေးဖမ်းဆီးနေတယ်လို့သိရပါတယ်။

Photo -CJ

30/04/2021

မိုး​မောက်တွင် အကြမ်းဖက်စစ်​ကောင်စီဘက်မှ စစ်သား ၂၀ ​ကျော် ​သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းမိဟု KIA သတင်းရင်းမြစ်များက ထုတ်ပြန်

ရန်ကုန်၊ ဧပြီ ၃၀

ကချင်ပြည်နယ်၊ ဗန်း​မော်ခရိုင်၊ မိုး​မောက်မြိုနယ်၊ မြို့သစ် အ​ရှေ့ဘက် ​တောင်​ကြောဆစ်​လျှောက်တွင် ဧပြီလ ၂၉ ရက်​နေ့ အကြမ်းဖက် စစ်​ကောင်စီ တပ်များနှင့် ကချင်လွတ်လပ်​ရေး တပ်မ​တော် KIAတို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်​ကောင်စီဘက်မှ ၂၀ ဦး​ကျော် ​သေဆုံးကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းမိ​ကြောင်း KIA သတင်းရင်းမြစ်များက ထုတ်ပြန်သည်။

ဧပြီလ ၂၉ ရင်​နေ့ နံနက်ပိုင်း မိုး​မောက်မြို့နယ်တွင် ထိုးစစ်ဆင်လာသော စစ်ကောင်စီစစ်၏ တပ်မ ၈၈ စစ်ကြောင်းနှင့် KIA တပ်ဖွဲ့ဝင်များတိုက်ပွဲပြင်းထန်ခဲ့​ကြောင်း၊ တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဘက်မှ စစ်သား (၂၀) ကျော်​သေဆုံးကာ လက်နက်ခဲယမ်းအမြောက်အများကို KIA တပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့​ကြောင်း သတင်း​ဖော်ပြထားသည်။

မိုး​မောက်မြို့နယ်တွင် ဧပြီလ ၂၉ ရက်​နေ့ စစ်ကောင်စီတပ်မှ တိုက်လေယာဉ်များဖြင့် ၆ ကြိမ်လာရောက်ပစ်ခတ် ဗုံးကျဲခဲ့​ကြောင်း သိရှိရသည်။
Crd Khit Thit

Address

Mandalay

Telephone

+601116177339

Website

Alerts

Be the first to know and let us send you an email when Shwe Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Myanmar:

Videos

Share


Other Media/News Companies in Mandalay

Show All