02 Football News

02 Football News ဘောလုံး သတင်းပေါင်းစုံ

Erik to Manchester United🟥သူရဲနီတို့ရဲ့ သဘောကရော?🤔
21/04/2022

Erik to Manchester United🟥
သူရဲနီတို့ရဲ့ သဘောကရော?🤔

ဒီနှစ်ယောက် က ဘယ်သူတွေတုန်း ? 🤔🤔
10/11/2021

ဒီနှစ်ယောက် က ဘယ်သူတွေတုန်း ? 🤔🤔

A League ကလပ်အသင်း တသင်းဖြစ်တဲ့Adelaide United ရဲ့ ကွင်းလယ်ကစားသမား Josh Cavallo ဟာ Gay အဖြစ် လူသိရှင်ကြားကြေညာ ပြီးသည်န...
28/10/2021

A League ကလပ်အသင်း တသင်းဖြစ်တဲ့
Adelaide United ရဲ့ ကွင်းလယ်ကစားသမား
Josh Cavallo ဟာ Gay အဖြစ် လူသိရှင်ကြားကြေညာ ပြီးသည်နောက် ဘောလုံးလောကတခုလုံးက၎င်းအား ထောက်ခံမှု ပြသခဲ့ကြပါတယ် ။

လာမယ့် နွေရာသီမှာ ဘာစီကွင်းလယ်ကစားသမား Frenkie De Jong ကို ခေါ်ယူရန် ဘိုင်ယန်မြူးနစ်အသင်း နဲ့ မန်းစီးတီးအသင်းတို့ အပြိုင...
27/10/2021

လာမယ့် နွေရာသီမှာ ဘာစီကွင်းလယ်ကစားသမား Frenkie De Jong ကို ခေါ်ယူရန် ဘိုင်ယန်မြူးနစ်အသင်း နဲ့ မန်းစီးတီးအသင်းတို့ အပြိုင် စိတ်ဝင်စား
လျှက် ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်လာနေပါတယ်။

ဒီလိုဆိုရင်ရော အဆင်ပြေလား ဂေါင်းကြီးတို့🤗
25/10/2021

ဒီလိုဆိုရင်ရော အဆင်ပြေလား ဂေါင်းကြီးတို့🤗

BREAKING!မန်ချက်စတာယူနိုက်တက်သည် နည်းပြအိုလေဂန်နာဆိုးလ်ရှားအားရာထူးမှထုတ်ပယ်ရန်စဥ်းစားနေပြီဖြစ်ကြောင်းသိရသည်။ လာမည့်စပါး...
25/10/2021

BREAKING!

မန်ချက်စတာယူနိုက်တက်သည် နည်းပြအိုလေဂန်နာဆိုးလ်ရှားအားရာထူးမှထုတ်ပယ်ရန်စဥ်းစားနေပြီဖြစ်ကြောင်းသိရသည်။ လာမည့်စပါးစ်နှင့်ပွဲမကန်မီ အိုလေအားရာထူးမှထုတ်ပယ်ရန် ယူနိုက်တက်တာဝန်ရှိသူများအတည်တကျစဥ်းစားဆုံးဖြတ်လျက်ရှိကြောင်းသိရသည်။

[M.E.N]

အသက် ခုနစ်နှစ်အရွယ် ယူနိုက်တက်ပရိတ်သတ် Isaac O'Connor ဟာ Merseyside မှာရှိတဲ့သူ့အိမ်မှ၂၄ မိုင်အကွာအဝေးရှိတဲ့ Old Traffor...
24/10/2021

အသက် ခုနစ်နှစ်အရွယ် ယူနိုက်တက်ပရိတ်သတ် Isaac O'Connor ဟာ Merseyside မှာရှိတဲ့သူ့အိမ်မှ၂၄ မိုင်အကွာအဝေးရှိတဲ့ Old Trafford
ကို လမ်းလျှောက်လာရောက်ခဲ့ပြီး Alder Hey ကလေးဆေးရုံ အတွက်ရန်ပုံငွေရှာဖွေခဲ့သည်။

Congratulations Myanmar Women Team !သုံးပွဲကစား သုံးပွဲနိူင် ရဂိုး 14 ဂိုး ​ပေးဂိုးမရှိ အုပ်စုဗိုလ်နဲ့ အာရှဖလား​ခြေစစ်ပွ...
24/10/2021

Congratulations Myanmar Women Team !

သုံးပွဲကစား သုံးပွဲနိူင် ရဂိုး 14 ဂိုး ​ပေးဂိုးမရှိ အုပ်စုဗိုလ်နဲ့ အာရှဖလား​ခြေစစ်ပွဲ​အောင်မြင်သွားခဲ့ပါပြီ။
Lebanon (0-4) Myanmar
Guam (0-8) Myanmar
UAE (0-2) Myanmar

Happy birthday Wyne 🎉------------------------အိုမင်းရင့်ရော်မှုကို Unitedအောင်မြင်မှုနေ့ရက်တွေနဲ့အလဲအထပ်လုပ်ခဲ့တဲ့သူမျို...
24/10/2021

Happy birthday Wyne 🎉
------------------------
အိုမင်းရင့်ရော်မှုကို Unitedအောင်မြင်မှုနေ့ရက်တွေနဲ့အလဲအထပ်လုပ်ခဲ့တဲ့သူမျိုး Unitedအတွက်နေ့ရက်တိုင်းရေကုန်ရေခမ်းကစားခဲ့တဲ့ကစားသမားတစ်ယောက် လူစားလဲစရာမရှိတော့လို့ဒဏ်ရာရနေတာတောင် injury timeမှာ အသင်းရလဒ်ပြောင်းလဲသွားမှာဆိုးလို့ ကွင်းထဲပြန်၀င်ပြီးဒဏ်ရာတစ်ဖက်နဲ့ အသင်းခံစစ်ထိလိုက်ကူပေးခဲ့တဲ့ကစားသမားတစ်ယောက် တိုက်စစ်မှူးဖြစ်ပေမယ့် အသင်းလိုအပ်ချက်ရှိတိုင်း နည်းပြအလိုရှိတဲ့နေရာတ်ိုင်းမှာ အကောင်းဆုံးဖြည့်ဆည်းပေးခဲ့တဲ့ ကစားသမားတစ်ယောက် ဒီလိုတွေဖြည့်ဆည်းခဲ့တာတောင်Manchester Unitedလို အသင်းမျိုးအတွက်ထာ၀ရ ဂိုးသွင်းအများဆုံးဆိုတဲ့စံချိန်ကို သိမ်းပိုက်နိုင်ခဲ့တဲ့ ကစားသမားတစ်ယောက် အရာအားလုံးနဲ့အလဲအထပ်လုပ်ပြီး Manchester United အောင်မြင်မှူတွေအားလုံးနီးပါးကို ယူဆောင်ပေးခဲ့တဲ့ Legendကြီး Wayne Rooneyဟာ ယနေ့ဆို အသက် 36နှစ်ပြည့်မြောက်ခဲ့ပါပြီ။Happy Birthdayပါ Wayneရေ နည်းပြဘ၀မှာလည်း ကစားသမားဘ၀နည်းတူအောင်မြင်မှုပေါင်းစုံရရှိပါစေလို့ဆုတောင်းပေးရင်း။

Legend Forever🔥🔥🔥🔥🔥
Games: 559 🔴
Goals: 253 ⚽
Assists: 146 🔝
Premier League:🏆🏆🏆🏆🏆
FA Cup:🏆
UCL:🏆
League Cup: 🏆🏆🏆
Europa League:🏆
FIFA Club World Cup:🏆
Community Shield : 🏆🏆🏆🏆
Man Utd & England Top Scorer : ✅

Happy birthday  👑
23/10/2021

Happy birthday 👑

ဟာလန်းအကြောင်း နားစဉ်ရမဲ့ တေးသွားတပုဒ်။Erling Haaland ဟာ နွေရာသီတွင်ဒေါ့မွန်အသင်းမှထွက်ခွာပါကတစ်နှစ်လစာပေါင် ၃၀ သန်း (ဒေ...
22/10/2021

ဟာလန်းအကြောင်း နားစဉ်ရမဲ့ တေးသွားတပုဒ်။

Erling Haaland ဟာ နွေရာသီတွင်ဒေါ့မွန်အသင်းမှထွက်ခွာပါကတစ်နှစ်လစာပေါင် ၃၀ သန်း (ဒေါ်လာ ၄၁ သန်း) အလိုရှိတယ်ဟု ESPN ကဖော်ပြ‌နေတယ်

ဟာလန်းအနေနဲ့ မန်ချက်စတာယူနိုက်တက်၊
မန်စီးတီး၊ ချဲလ်ဆီးနှင့်ရီးရဲလ်မက်ဒရစ် စတဲ့ နာမည်ကြီး ကလပ်တွေနဲ့အဆက်အသွယ်ရှိနေပြီးတစ်ချိန်ချိန်တွင်ဒေါ့မွန်မှထွက်ခွာရန်မျှော်လင့်နေပါတယ်။ကလပ်အသင်းတသင်းသင်းကသာသူ့ကို ပေါင် ၇၅ သန်း (ဒေါ်လာ ၈၇ သန်း) ပေးချေခဲ့မယ်ဆိုရင် ဒီရာသီအကုန်မှာဒေါ့မွန်ကနေထွက်ခွာနိုင်ဖွယ်ရှိတယ်ဗျ ။ ကလပ်အသင်းတသင်းအနေနဲ့ ဟာလန်းကိုတလလုပ်ခ ပေါင်သန်း ၃၀ ပေးချေဖို့ တကယ်ရော တန်ရဲ့လား?ဟာလန်းကရော ထိုက်တန်တဲ့ကစားသမားတယောက် ဖြစ်ပြီးလားဆိုတာကိုတော့ စာဖတ်သူအနေနဲ့ Comment မှာ ဝေဘင်သုံးသပ်ပေးပါအုံးဗျာ

FC Barcelona's Feature
11/10/2021

FC Barcelona's Feature

Congratulations France 🇫🇷 နေးရှင်းလိဂ် ချန်ပီယံပြင်သစ်ရဲ့ အောင်ပွဲခံမှုများ ပြင်သစ် 🇫🇷ဟာ ကမ္ဘာ ့ဖလား၊ယူရိုဖလား ၊နေးရှင်း...
11/10/2021

Congratulations France 🇫🇷

နေးရှင်းလိဂ် ချန်ပီယံပြင်သစ်ရဲ့ အောင်ပွဲခံမှုများ

ပြင်သစ် 🇫🇷ဟာ ကမ္ဘာ ့ဖလား၊ယူရိုဖလား ၊နေးရှင်းလိဂ် ဆုဖလား တွေ ရရှိဖူးသည့် ပထမဆုံးအသင်းဖြစ်လာသည်။

Credit Photo

တူရင် မှာ အင်အားနည်းနေတဲ့ဘယ်လ်ဂျီယံကို အနိုင်ရပြီး တတိယနေရာ ရယူခဲ့တဲ့ အီတလီ Italy 2-1 Belgium (FT)⚽️Barella 47’⚽️Berardi...
10/10/2021

တူရင် မှာ အင်အားနည်းနေတဲ့ဘယ်လ်ဂျီယံကို
အနိုင်ရပြီး တတိယနေရာ ရယူခဲ့တဲ့ အီတလီ

Italy 2-1 Belgium (FT)

⚽️Barella 47’
⚽️Berardi 65’(Pen)
⚽️De Ketelaere 86’

Credit Photo

Official!!!နယူးကာဆယ်အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အသင်းထံ အငှားနဲ့ လာရောက် ကစားကာ ခြေစွမ်းပြနိုင်ခဲ့တဲ့ အာဆင်နယ်အသင်...
13/08/2021

Official!!!

နယူးကာဆယ်အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အသင်းထံ အငှားနဲ့ လာရောက် ကစားကာ ခြေစွမ်းပြနိုင်ခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ လူငယ် ကစားသမား ဖြစ်သူ ဂျိုလ်ဝီးလော့ခ်ကို ပြောင်းရွှေ့ကြေး ပေါင် ၂၅သန်းနဲ့ ခေါ်ယူနိုင်ခဲ့ကြောင်း တရားဝင် ထုတ်ပြန် ကြေညာသွားပါတယ်။

နယူးကာဆယ်အသင်းဟာ ဝီးလော့ခ်ကို ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး အာဆင်နယ်အသင်း ကတော့ ဝီးလော့ခ်ကို ရောင်းချရာ ကနေ ရလာတဲ့ ပြောင်းရွှေ့ကြေးတွေကို ကွင်းလယ်လူသစ် ခေါ်ယူရာမှာ အသုံးပြုသွားမယ်လို့ သိရပါတယ်။

Update News!!!လိဒ်ယူနိုက်တက်အသင်းဟာ အသင်းရဲ့ နည်းပြကြီး ဘီယဲလ်ဆာကို ၂၀၂၂ခုနှစ် ဇွန်လအထိ စာချုပ်သက်တမ်း တိုးနိုင်ခဲ့ကြောင...
12/08/2021

Update News!!!

လိဒ်ယူနိုက်တက်အသင်းဟာ အသင်းရဲ့ နည်းပြကြီး
ဘီယဲလ်ဆာကို ၂၀၂၂ခုနှစ် ဇွန်လအထိ စာချုပ်သက်တမ်း တိုးနိုင်ခဲ့ကြောင်း တရားဝင် ထုတ်ပြန် ကြေညာသွားပါတယ်။

ဂုရုကြီး ဘီယဲလ်ဆာ ဒီရာသီမှာ အဆင့်ဘယ်လောက်နဲ့ ရာသီသိမ်းနိုင်မယ်လို့ ထင်ကြလားဗျ...?

၁၈နှစ် ကြာပြီးနောက် သူချစ်ရတဲ့အသင်းမှ ပြန်လည် တွေ့ရတဲ့ တိဗက်ခ်
11/08/2021

၁၈နှစ် ကြာပြီးနောက် သူချစ်ရတဲ့အသင်းမှ ပြန်လည် တွေ့ရတဲ့ တိဗက်ခ်

Super Cup Champions Chelsea!
11/08/2021

Super Cup Champions Chelsea!

အာဆင်နယ်အသင်းက မန်စီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားကို ခေါ်ဖို့ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမဲ့ ဘာနာဒိုဆေးလ်ဗားက ချန်ပီယံလိဂ်ဝင...
11/08/2021

အာဆင်နယ်အသင်းက မန်စီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားကို ခေါ်ဖို့ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမဲ့ ဘာနာဒိုဆေးလ်ဗားက ချန်ပီယံလိဂ်ဝင်ခွင့်ရတဲ့အသင်းကိုပဲ ပြောင်းရွှေ့ဖို့ဆန္ဒရှိတာကြောင့် အာဆင်နယ်ကိုမပြောင်းချင်ဘူးလို့ တုန့်ပြန်လိုက်ပါတယ်။

By order of 👁️
11/08/2021

By order of 👁️

Update News!Lionel Messiဟာ အခုအချိန်မှာပဲ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကိုရောက်ရှိသွားပါပြီ ။အသင်းသစ်မှာ အောင်မြင်မှုတွေရရှိ...
10/08/2021

Update News!

Lionel Messiဟာ အခုအချိန်မှာပဲ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကိုရောက်ရှိသွားပါပြီ ။

အသင်းသစ်မှာ အောင်မြင်မှုတွေရရှိပါစေ Messi

🇦🇷🗼PSGနဲ့မက်ဆီတို့ သဘောတူညီမှုရခဲ့ပြီလို့ နာမည်ကျော်သတင်းထောက် Fabrizio Romanoက ဖော်ပြသွားပါတယ်။စာချုပ်ကတော့ နှစ်နှစ်စာခ...
10/08/2021

🇦🇷🗼PSGနဲ့မက်ဆီတို့ သဘောတူညီမှုရခဲ့ပြီလို့ နာမည်ကျော်သတင်းထောက် Fabrizio Romanoက ဖော်ပြသွားပါတယ်။စာချုပ်ကတော့ နှစ်နှစ်စာချုပ်ဖြစ်ပြီး 2024အထိ သက်တမ်းတစ်နှစ်ထပ်တိုးခွင့်ပါရှိပါတယ်။မက်ဆီဟာ PSGမှာ အသားတင်လစာ တစ်နှစ်ယူရို35သန်းရရှိမှာဖြစ်ပါတယ်။

နောက်ထပ်နာရီပိုင်းအတွင်းမှာပဲ ပါရီကိုရောက်ပါတော့မယ်
လက်မှတ်ထိုး​ကြေး = ​ယူရိူ ၂၅ သန်း
အသားတင်လစာ = တစ်နှစ် ယူရို ၂၅ သန်း ( 2+1 YEAR )

 စပိန်ကလာတဲ့ နောက်ဆုံးသတင်းတွေအရ ..ဘာစီလိုနာအသင်းဟာ မက်ဆီကို နောက်ဆုံးအကြိမ်အဖြစ် ပြန်ကမ်းလှမ်းထားပြီး မက်ဆီဟာလဲ PSG အသင...
10/08/2021



စပိန်ကလာတဲ့ နောက်ဆုံးသတင်းတွေအရ ..

ဘာစီလိုနာအသင်းဟာ မက်ဆီကို နောက်ဆုံးအကြိမ်အဖြစ် ပြန်ကမ်းလှမ်းထားပြီး မက်ဆီဟာလဲ PSG အသင်းရဲ့စာချုပ်ကို ယ္ခုအချိန်ထိ လက်မခံရသေးကြောင်း သိရသည်။

နူတ်ဆက်ပွဲပြုလုပ်ပြီးမှ ပြန်ကမ်းလှမ်းလိုက်ခြင်းဖြစ်ပြီး လာလီဂါအဖွဲ့ချုပ်ကလဲ ဖြေလျော့မူတချို့ လုပ်ပေးလိုက်ဟန်ရှိကြောင်း စပိန်သတင်းထောက်တွေက သုံးသပ်နေကြပါတယ်။

နူတ်ဆက်ပွဲပြုလုပ်ပြီးမှ ပြန်ကမ်းလှမ်းလိုက်ခြင်းဟာ ဘာစီလိုနာအသင်းရဲ့သမိုင်းတလျှောက် ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

၁၉၆၇ ဇန်နဝါရီ ၂၆ နေ့တုန်းက နိုင်ဂျီးရီးယားပြည်တွင်းစစ်အတွင်းက လက်နက်ကိုင်အဖွဲ့ ၃၀၀ ကျော်ဟာ ၂ ရက်တိတိ အပစ်အခတ် ရပ်စဲခဲ့ပါ...
09/08/2021

၁၉၆၇ ဇန်နဝါရီ ၂၆ နေ့တုန်းက နိုင်ဂျီးရီးယားပြည်တွင်းစစ်အတွင်းက လက်နက်ကိုင်အဖွဲ့ ၃၀၀ ကျော်ဟာ ၂ ရက်တိတိ အပစ်အခတ် ရပ်စဲခဲ့ပါတယ်။ အကြောင်းက "ပီလီ" ဘောလုံးကန်တာကို ကြည့်ချင်လို့ပါတဲ့။

လက်နက်ကိုင်အဖွဲ့ ၃၀၀ လုံးရဲ့ ဘုံသဘောတူညီချက်က "နိုင်ဂျီရီးယားနိုင်ငံအတွင်းမှာ ပီလီ ရှိနေစဥ် ၂ ရက်အတွင်း ဘယ်သူမှ သေနတ်တစ်ချက် မပစ်ရ" ဆိုတဲ့ သဘောတူညီချက် ဖြစ်ပါတယ်။

နောက် ၂ ရက်ကြာပြီးနောက် နိုင်ငံအတွင်းက ပီလီ ထွက်သွားပြီး ၂ မီးနစ်အကြာမှာပဲ နိုင်ဂျီးရီးယားပြည်တွင်းစစ်ကြီး ပြန်စခဲ့ပါတယ်။

မက်စီဟာ မနက်ဖြန် PSG မှာ ဆေးစစ်ချက်ခံယူတော့မှာဖြစ်ပါတယ်
09/08/2021

မက်စီဟာ မနက်ဖြန် PSG မှာ ဆေးစစ်ချက်ခံယူတော့မှာဖြစ်ပါတယ်

🎙️လီယိုမက်ဆီ"ဘာပြောရမှန်းတောင်မသိပါဘူး။ဒီအချိန်တွေက ကျနော့်အတွက် အလွန်ခက်ခဲပါတယ်။ကျနော်အဆင်သင့်မဖြစ်သေးပါဘူး။ကျနော်ရော၊က...
08/08/2021

🎙️လီယိုမက်ဆီ

"ဘာပြောရမှန်းတောင်မသိပါဘူး။ဒီအချိန်တွေက ကျနော့်အတွက် အလွန်ခက်ခဲပါတယ်။ကျနော်အဆင်သင့်မဖြစ်သေးပါဘူး။ကျနော်ရော၊ကျနော့်မိသားစုရော ဒီမှာပဲဆက်နေရလိမ့်မယ်လို့ ထင်ထားခဲ့တာပါ။ကျ‌နော့်အသက်13နှစ်ကတည်းက 21နှစ်ကြာ ဒီမှာနေလာခဲ့တာပါ။ကျနော်ဒီမှာပဲ ဆက်နေချင်ခဲ့ပါတယ်။ကျနော်တို့ဒီမှာဆက်နေရဖို့ တတ်နိုင်သမျှ အားလုံးလုပ်ခဲ့ပါတယ်။ဒီနေ့တော့ အားလုံးကိုနှုတ်ဆက်ချိန်ရောက်လာပါပြီ။နှစ်အနည်းငယ်ကြာပြီးရင်တော့ ကျနော်ဒီကိုပြန်လာအုံးမှာပါ။သေချာပါတယ်။ဒါက ကျနော့်အိမ်ပဲလေ။

ကျနော့်အပေါ်ချစ်မြတ်နိုးကြောင်း ပြသခဲ့ကြတဲ့ ပရိသတ်တွေကို အလွန်ကျေးဇူးတင်ပါတယ်။ပရိသတ်‌တွေရှေ့မှာ ကစားခဲ့ရတဲ့ အချိန်တွေကို လွမ်းမိပါတယ်။ပရိသတ်တွေနဲ့အတူ အောင်ပွဲခံတာတွေ၊သူတို့က ကျနော့်နာမည်ကို အော်ဟစ်အားပေးကြတာတွေပေါ့။ကပ်ရောဂါကြောင့် မနှစ်ကတည်းက ပရိသတ်တွေရှေ့မှာ ကျနော်တို့မကစားခဲ့ရပါဘူး။တစ်နှစ်ခွဲလောက် ပရိသတ်တွေကို မတွေ့ရပဲ ကျနော်ဒီကစွန့်ခွာရ‌ပါတော့မယ်။ပရိသတ်အပြည့်ရှိတဲ့ကွင်းထဲမှာပဲ ကျနော့်ပရိသတ်တွေကို နှုတ်ဆက်စကားပြောချင်ခဲ့တာပါ။"

-အမေးအဖြေကဏ္ဍ

"ဒီမှာရှိခဲ့တဲ့ အကောင်းဆုံးအခိုက်အတန့်လား?ဒါကဖြေရခက်ပါတယ်။ဒီမှာရှိခဲ့တဲ့အချိန်တွေတော်တော်များများက အကောင်းဆုံးအခိုက်အတန့်တွေပါပဲ။တစ်ခုကိုဖြေရမယ်ဆိုရင်တော့ ကျနော့်ရဲ့ပွဲဦးထွက်ပေါ့။ကျနော့်ရဲ့ အိပ်မက်တွေ အမှန်တစ်ကယ်ဖြစ်လာတဲ့နေ့။ကျနော်ဒီနေ့ကို အမြဲအမှတ်ရနေမှာပါ။

စာချုပ်သစ်လား?ဒါကအားလုံးပြီးဆုံးသွားပါပြီ။လာပေါ်တာပြောခဲ့သလိုပါပဲ။ကျနော်တို့ နောက်ဆုံးအချိန်ထိကြိုးစားခဲ့ပါတယ်။လာလီဂါရဲ့စည်းမျဥ်းနဲ့ တားမြစ်ချက်တွေကြောင့် အားလုံးပျက်ပြယ်ခဲ့ပါပြီ။

ဒါက ကျနော့်ဘဝရဲ့ အခက်အခဲဆုံးအခိုက်အတန့်တစ်ခုပါ။ထွက်ရမယ်လို့ မထင်ထားခဲ့တဲ့အချိန်မှာ ဒီကထွက်ရတာမို့ ပိုပြီးဝမ်းနည်းရပါတယ်။

PSGလား?ဒါကဖြစ်နိုင်ခြေတွေထဲကတစ်ခုပါ။ဒါပေမဲ့ ဘာကိုမှ အတည်ပြုလို့မရသေးပါဘူး။ဆွေးနွေးနေတာတွေဝောာ့ အများကြီးရှိပါတယ်။

IbizaမှာPSGကစားသမားတွေနဲ့ အတူတွဲရိုက်ခဲ့တဲ့ဓာတ်ပုံလား?ဒါက တိုက်ဆိုင်မှုတစ်ခုပါ။သူတို့Ibizaကိုရောက်နေတယ်ဆိုပြီး ကျနော့်ကို ဖုန်းဆက်တယ်။ဒါနဲ့ ကျနော်တို့ဆုံခဲ့ကြတယ်။သူတို့က ကျနော့်ကို PSGကိုလာခဲ့ပါဆိုပြီးတောင် နောက်သွားပါသေးတယ်။

ကလပ်ကဘာမှမတောင်းဆိုခင်ကတည်းက ကျနော့်ဘက်က လစာ50%လျော့ယူမယ်ဆိုပြီး ပြောခဲ့တာပါ။လူတွေပြောနေတဲ့ လာပေါ်တာက ကျနော့်ကိုနောက်ထပ် 30%လျော့ယူခိုင်းတယ်ဆိုတာ အလိမ်အညာတွေပါ။

ကျနော်ချစ်တဲ့ဒီကလပ်ကို ခွဲခွာချိန်ရောက်လာပါပြီ။ဂျာစီစဝတ်တဲ့အချိန်ကစလို့ နောက်ဆုံးအချိန်ထိ ကျနော်တတ်နိုင်သမျှ ပေးဆပ်ခဲ့ပြီးပါပြီ။ဒီလိုမျိုးနှုတ်ဆက်ရလိမ့်မယ်လို့ ဘယ်သူမှထင်မထားပါဘူး။တစ်နေ့ဒီကို ပြန်လာပြီး ကမ္ဘာ့အကောင်းဆုံးကလပ်အဖြစ်ဆက်ရှိအောင် ကူညီနိုင်မယ်လို့‌ မျှော်လင့်မိပါတယ်။"

"Transfer Update" ပြောင်းရွေ့ကြေး (၁၁၅) သန်းနဲ့အတူ သဘောတူညီမှု ရသွားပြီဖြစ်တဲ့ ချယ်ဆီးရဲ့ ငယ်မွေးခဲ့ပေါက် လူကာကူ"
07/08/2021

"Transfer Update"
ပြောင်းရွေ့ကြေး (၁၁၅) သန်းနဲ့အတူ သဘောတူညီမှု
ရသွားပြီဖြစ်တဲ့ ချယ်ဆီးရဲ့ ငယ်မွေးခဲ့ပေါက် လူကာကူ"

It's start Now ... ရာသီကြိုပွဲဖြစ်တဲ့ Community Shield ပွဲစဉ်မှာ ပရီးမီးယားလိဂ် ချံပီယံ မန်ချက်စတာစီးတီးအသင်း ဗိုလ်ဆွဲမလ...
07/08/2021

It's start Now ...
ရာသီကြိုပွဲဖြစ်တဲ့ Community Shield ပွဲစဉ်မှာ
ပရီးမီးယားလိဂ် ချံပီယံ မန်ချက်စတာစီးတီးအသင်း
ဗိုလ်ဆွဲမလား FA cup ချံပီယံ လက်စတာအသင်း ဗိုလ်ဆွဲမလားဆိုတာကိုတော့ ရင်ခုန်စွာကြည့်လိုက်ကြပါစို့

"PSG အသင်းနှင့် သဘောတူညီမှု ရရှိသွားပြီဖြစ်တဲ့ MESSI "နာမည်ကြီး ပြင်သစ်မီဒီယာတခုရဲ့ ဖော်ပြချက်အရ လက်တလောမှာပဲ ဘာစီလိုနာအ...
07/08/2021

"PSG အသင်းနှင့် သဘောတူညီမှု ရရှိသွားပြီဖြစ်တဲ့ MESSI "

နာမည်ကြီး ပြင်သစ်မီဒီယာတခုရဲ့ ဖော်ပြချက်အရ

လက်တလောမှာပဲ ဘာစီလိုနာအသင်းနှင့် လမ်းခွဲခဲ့တဲ့

Messi ဟာ PSG အသင်းနှင့် သဘောတူညီမှု ရရှိခဲ့ပါပြီ။

Messi အနေနဲ့ Europe Champion ချယ်ဆီးအသင်း

ထံမှ PSG ထပ်ပိုပြီး အကျိုးခံစားခွင့်လမ်းလှမ်းများစွာ

ပိုမိုရရှိခဲ့ပေမဲ့ အသင်းဖော်ဟောင်း နေမာ ၊

အာဂျင်တီးနား အသင်းဖော် ဒီမာရီယာ တို့အပြင်

နည်းပြ ပိုချက်တီနို ရဲ့

ပင်နယ်တီ ကန်သွင်းယူခွင့်နှင့်အတူ အခြားအခွင့်ထူး

များ မျက်နာသာပေးမှု‌ကြောင့် PSG နှင့်သဘောတူညီမှု

ရရှိခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပြီး။ Messi ဟာ PSG

အသင်းထံမှ တနှစ်လုပ်ခအနေဖြင့် အခွန်ဆောင်ပြီး

ပေါင်သန်း ၄၀ + Bonus ရရှိမာ ဖြစ်ပြီး လက်မှတ်ထိုး

ကြေးအနေနဲ့ သန်း ၅၀ လို့ဖော်ပြထားပါတယ်။

PSG အသင်းအနေနဲ့ လာမည့် ဩဂုတ်လ ၁၀ ရက်နေ့မှာ

အီဗယ်မျှော်စင်ကို Booking လုပ်ထားတယ်လို့ သတင်း

များထွက်ပေါ်နေပြီး ၎င်းတို့ နောက်ဆုံးအကြိမ်

Bookingလုပ်တာဟာ နေမာရဲ့ အပြောင်းအရွေ့သတင်း

ထုတ်ပြန်တဲ့ နေ့ကဖြစ်ပါတယ်။

Transfer Update News!!!မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြ ဂွာဒီယိုလာကတော့ အသင်းရဲ့ ကွင်းလယ် ဘာနာဒို ဆေးလ်ဗားဟာ အသင်းကနေ ထွ...
07/08/2021

Transfer Update News!!!

မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြ ဂွာဒီယိုလာကတော့ အသင်းရဲ့ ကွင်းလယ် ဘာနာဒို ဆေးလ်ဗားဟာ အသင်းကနေ ထွက်ခွာခွင့် တောင်းခံထားကြောင်း တရားဝင် ပြောကြားသွားပါတယ်။

ဂွာဒီယိုလာရဲ့ ပြောကြားချက်အရ ဘာနာဒို ဆေးလ်ဗားအပြင် နောက်ထပ် ကစားသမား ၂ဦး (သို့) ၃ဦးကလည်း အသင်းကနေ ထွက်ခွာခွင့် တောင်းခံထားကြောင်းနဲ့အဆိုပါ ကစားသမားတွေကို သင့်တော်တဲ့ ကမ်းလှမ်းမှု ရရှိပါက ရောင်းချသွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် ဂွာဒီယိုလာက ဘာစီလိုနာအသင်း ကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာလာတဲ့ မက်ဆီကို ခေါ်ယူမှာ မဟုတ်ကြောင်းလည်း အတည်ပြုသွားပါတယ်

ပေါင်သန်း ၁၀၀ လူသား🔥
06/08/2021

ပေါင်သန်း ၁၀၀ လူသား🔥

🔴 မက်ဆီရဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး Esports RAC 1 & Sport ရဲ့ အကျဉ်းချုပ်ဖော်ပြမှု🔺 မက်ဆီဟာ ဒီနေ့မှာ ဘာစီလိုနာနဲ့ ၂၀၂၆၊ ဇွန်လ...
06/08/2021

🔴 မက်ဆီရဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး Esports RAC 1 & Sport ရဲ့ အကျဉ်းချုပ်ဖော်ပြမှု

🔺 မက်ဆီဟာ ဒီနေ့မှာ ဘာစီလိုနာနဲ့ ၂၀၂၆၊ ဇွန်လအထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုမယ်၊ သက်တမ်းတိုးလိုက်ပြီဆိုတာကို ဘာစီလိုနာက တရားဝင်ကြေညာမယ်လို့ အစောပိုင်းမှာ သဘောတူညီမှုရယူခဲ့ပြီး စီစဉ်ထားပြီးသားဖြစ်တယ်။ ဒါပေမဲ့ မက်ဆီနဲ့ အရင်းနှီးဆုံးရှိနေသူတွေရဲ့အဆိုအရ မက်ဆီဟာ သတင်းတစ်ခုကိုကြားသိလိုက်ရချိန်မှာ ရှော့ခ်ရသွားပြီး တော်တော်လေးနာကျင်ခံစားသွားခဲ့ရပါတယ်။

🔺 သူ့အနေနဲ့လည်း အခုလိုလူသိရှင်ကြားဖြစ်အောင်လုပ်ဖို့စီစဉ်မထားခဲ့သလို၊ အသင်းပရိသတ်ကိုနှုတ်ဆက်ပြီး အသင်းကနေထွက်ခွါဖို့လည်း ဆန္ဒမရှိပါဘူး။

🔺 လာလီဂါရဲ့ဘဏ္ဏာရေးစည်းမျဉ်းအရ မက်ဆီကို Registrar လုပ်ခွင့်မရှိဘူးလို့ ဘာစီလိုနာအသင်းက မက်ဆီရဲ့ အေးဂျင့်လည်းဖြစ်၊ ဖခင်လည်းဖြစ်တဲ့ ဂျော့ချ်မက်ဆီကို အသိပေးခဲ့ပြီး အသင်းကလည်း မက်ဆီကိုစာချုပ်ချုပ်မရအောင် လာလီဂါရဲ့ဘဏ္ဏာရေးစည်းမျဉ်းတစ်ခုက တားဆီးနေတာကြောင့် စာချုပ်မချုပ်နိုင်အောင်ဖြစ်နေတယ်လို့ ဆိုပါတယ်။

🔺 မက်ဆီကတော့ လာပေါ်တာရဲ့ ပွင့်လင်းမှုကို အသိအမှတ်ပြုခဲ့ပါတယ်။ ဒါပေမယ့် စာချုပ်မချုပ်ဖို့ဆုံးဖြတ်လိုက်တဲ့ ဘာစီလိုနာရဲ့ဆုံးဖြတ်ချက်အပေါ်မှာ ရှော့ခ်ရသွားခဲ့ပါတယ်။

🔺 ပီအက်စ်ဂျီအသင်းရဲ့ ဒါရိုက်တာကတော့ မက်ဆီကိုစတင်ဆက်သွယ်နေပြီဖြစ်ပါတယ်။

🔺 မက်ဆီကတော့ အခူချိန်မှာ ဘယ်အသင်းကိုမှ လက်ခံဆွေးနွေးတာမျိုးမရှိသေးပါဘူး။

Breaking news :MESSI CONTRACT UPDATE🔴🔵Leo Messi အနေဖြင့် Barcelona နှင့် စာချုပ်သစ်ချုပ်မည်မဟုတ်ကြောင်း အသင်းတာဝန်ရှိသူမ...
05/08/2021

Breaking news :

MESSI CONTRACT UPDATE🔴🔵

Leo Messi အနေဖြင့် Barcelona နှင့် စာချုပ်သစ်ချုပ်မည်မဟုတ်ကြောင်း အသင်းတာဝန်ရှိသူများအား အသိပေးထားပြီးဖြစ်ကြောင်း သိရှိရသည်။ Messi အနေဖြင့် Barca ၏ အားကစား ပရောဂျက်အပေါ် မသေချာဖြစ်နေပြီး အသင်း၏ ဘဏ္ဍာရေးအခြေအနေကိုလည်း အခြေအနေကောင်းသည်ဟု မယူဆပေ။

[rac1]

Christian Eriksen ကို Inter အသင်းသားတွေကြိုဆို နေတဲ့မြင်ကွင်းဖြစ်ပါတယ်
04/08/2021

Christian Eriksen ကို Inter အသင်းသားတွေကြိုဆို နေတဲ့မြင်ကွင်းဖြစ်ပါတယ်

Official!!!နာမည်ကျော် နယ်သာလန် ဝါရင့်နည်းပြကြီး ဗန်ဟားကတော့ နယ်သာလန်လက်ရွေးစင်အသင်းကို ကိုင်တွယ်ဖို့ နည်းပြလောကထဲကို တကျ...
04/08/2021

Official!!!

နာမည်ကျော် နယ်သာလန် ဝါရင့်နည်းပြကြီး ဗန်ဟားကတော့ နယ်သာလန်လက်ရွေးစင်အသင်းကို ကိုင်တွယ်ဖို့ နည်းပြလောကထဲကို တကျော့ပြန် ဝင်ရောက်လာပြီပဲ ဖြစ်ပါတယ်။

ဗန်ဟားဟာ နယ်သာလန်အသင်းကို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးတဲ့အချိန် အထိ ကိုင်တွယ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

ဗန်ဟားရဲ့ လက်အောက်မှာ လိမ္မော်ရောင်တပ်သားတို့
အရင်လို အောင်မြင်မှုတွေ ရယူနိုင်မလား ဒါမှမဟုတ် ဗန်ဟားတစ်ယောက် တပ်ခေါက်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်သွားရမှာပါ။

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when 02 Football News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 02 Football News:

Share


Other Media/News Companies in Mandalay

Show All