Cele Ma Ma Ma

Cele Ma Ma Ma အကုန်တင်မည်...🥰😍🤩

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရ...
24/04/2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ
နေပြည်တော်၊ ဧပြီ - ၂၄

ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့တွင် မြန်မာနိုင်ငံမှ နှစ်မြို့သာ ပါဝင်တော့ပြီး ချောက်မြို့နှင့် ညောင်ဦးမြို့များဖြစ်ကာ အဆင့် ...
24/04/2024

ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့တွင် မြန်မာနိုင်ငံမှ နှစ်မြို့သာ ပါဝင်တော့ပြီး ချောက်မြို့နှင့် ညောင်ဦးမြို့များဖြစ်ကာ အဆင့် ၃ နှင့် အဆင့် ၉ နေရာများတွင် ရပ်တည်

ဧပြီ ၂၄ ရက်တွင် ထုတ်ပြန်သည့် ကမ္ဘာ့ အပူဆုံးမြို့ ၁၅ မြို့တွင် မကွေးတိုင်းဒေသကြီး ချောက်မြို့မှာ အပူချိန် ၄၅ ဒသမ ၉ ဒီဂရီစင်တီ ဂရိတ်ဖြင့် အဆင့် ၃ နေရာတွင်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့မှာ ၄၄ ဒသမ ၇ ဒီဂရီစင်တီဂရိတ်ဖြင့် အဆင့် ၉ နေရာ တွင်လည်းကောင်း ရပ်တည်လျက်ရှိသည်။

ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေး ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ နော...
24/04/2024

ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေး ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ နောင်လှိုင်ကျေးရွာအုပ်စုသို့ ကွင်းဆင်း ဆောင်ရွက်

ပြင်ဦးလွင် ဧပြီ ၂၄

ကျေးရွာစာကြည့်တိုက်များရှင်သန်ခိုင်မာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးရွာစာကြည့်တိုက်များတွင် စာဖတ်ရှိန်မြှင့်တင်ရေး ရည်ရွယ်၍ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဝါဝါလွင် ဦးဆောင်သော တာဝန်ရှိသူများသည်ယနေ့မွန်းလွဲ ၁၃ နာရီက ပြင်ဦးလွင်မြို့နယ် ၊ နောင်လှိုင်ကျေးရွာအုပ်စု ၊ နောင်လှိုင်ကျေးရွာရှိ ရောင်ခြည်ဦးစာကြည့်တိုက်သို့ သွားရောက် နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က က ရပ်ကွက်စာကြည့်တိုက်များ ရှင်သန်ခိုင်မာရေး စာအုပ်စာစောင်များတိုးပွားရေး၊ ဒေသတွင်းရှိပြည်သူများမှ အားကိုးအားထားပြုသည့်ကျေးရွာစာကြည့်တိုက်များဖြစ်ပေါ်စေရေး၊ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားမှုများ၊ စာဖတ်ရှိန်မြှင့်တင်ရေးလလုပ်ငန်းများကို စိတ်ပါဝင်စားစွာဆောင်ရွက်ရေး၊ စာဖတ်သည့်ပြည်သူများတိုးပွားရေးတို့အတွက် ဆွေးနွေးဆောင်ရွက်ခဲ့ရာ နောင်လှိုင်ကျေးရွာ ရောင်ခြည်ဦးစာကြည့်တိုက်၏ စာကြည့်တိုက်မှူး ဦးမိုးလွင်ဦး က သိလိုသည်များကို ပြန်လည်ဆွေးနွေးမေးမြန်းသည်။

ထို့နောက် နောင်လှိုင်ကျေးရွာရှိ ရောင်ခြည်ဦးစာကြည့်တိုက်သို့ စာရေးဆရာ ကိုရွှေအောင်သင်း က မဂ္ဂဇင်းအုပ်ရေ (၅၀) ပေးအပ်လှူဒါန်းရာ ရောင်ခြည်ဦးစာကြည့်တိုက် နာယကဦးဌေးမောင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး တာဝန်ရှိသူများက စာကြည့်တိုက်အတွင်းနှင့် အပြင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဖြူလူသစ် (ခရိုင် ပြန်/ဆက်)

မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့(CNG) အရောင်းဆိုင်များအားလုံး ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ်ရောင်းချရန်ကုန်၊ ဧပြီ ၂၄ ရန်က...
24/04/2024

မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့(CNG) အရောင်းဆိုင်များအားလုံး ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ်ရောင်းချ

ရန်ကုန်၊ ဧပြီ ၂၄

ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ (CNG) အရောင်းဆိုင် ၄၁ ဆိုင်ရှိပြီး သင်္ကြန်ကာလအပြီး ဧပြီလ ၁၈ ရက်မှစ၍ CNG အရောင်းဆိုင်တစ်ဆိုင်မှအပ ကျန်ဆိုင် ၄၀ ကို ပုံမှန် အတိုင်းပြန်လည်ဖွင့်လှစ်ကာ CNG သုံး မော်တော်ယာဉ်များအတွက် သဘာဝဓာတ်ငွေ့များ ဖြည့်တင်း ရောင်းချပေးလျက်ရှိကြောင်း မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း မော်တော်ယာဉ်သုံး သဘာဝ ဓာတ်ငွေ့ဌာနမှ သိရသည်။

ပြီးခဲ့သည့် သင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့(CNG) အရောင်းဆိုင်ပေါင်း ၃၀ ကိုသာ ဧပြီလ ၈ ရက်မှ ၁၇ ရက်အထိ ပိတ်ရက်မရှိ ဖွင့်လှစ်ပေးထားပြီး ကျန် CNG အရောင်းဆိုင်များကို ယာယီပိတ်ထားခဲ့ရာမှ ယခုအခါ အားလုံးနီးပါး ပြန်လည် ဖွင့်လှစ် ရောင်းချ ပေးနေပြီဖြစ်သည်။

“ဧပြီလ ၁၈ ရက်ကစပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ CNG အရောင်းဆိုင်အားလုံးနီးပါးကို ပုံမှန်အတိုင်းပြန်လည် ဖွင့်လှစ်ရောင်းချပေးနေပါတယ်။ သင်္ကြန်ကာလမှာရော အခု သင်္ကြန်ပြီးကာလ မှာပါ သဘာဝဓာတ်ငွေ့ 1kg ကို ငွေကျပ်၂၇၃ ကျပ် ၂၅ ပြားနဲ့ ဈေးနှုန်းပြောင်းလဲခြင်းမရှိဘဲ ဖြန့်ဖြူး ရောင်းချပေးနေပါတယ်။ လက်ရှိမှာ ညောင်တုန်း၊ မအူပင် ရေနံနဲ့ သဘာဝဓာတ်ငွေ့မြေကထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့တွေနဲ့ အဖျောက်သဘာဝဓာတ်ငွေ့မြေကထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့တွေကို အဓိက ထားပြီး ဖြန့်ဖြူးရောင်းချပေးနေတာ ဖြစ်ပါတယ်။ အနည်းငယ်လိုအပ်လာရင် ဇောတိက ကမ်းလွန် သဘာဝဓာတ်ငွေ့စီမံကိန်းက ထွက်ရှိတဲ့သဘာဝဓာတ်ငွေ့တွေကို ဖြည့်တင်းရောင်းချပေးနေပါတယ်” ဟု မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာန အထွေထွေမန်နေဂျာ ဦးကျော်သူရဝင်းကပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင် (CNG) ၄၀ မှာ နေ့စဉ် နံနက် ၅ နာရီမှ ည ၁၀ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ရောင်းချပေးလျက်ရှိပြီး တစ်ရက်လျှင် CNG သုံး YBS ယာဉ်များ၊ တက္ကစီများနှင့် တခြား ဃြွ သုံးမော်တော်ယာဉ်များ အပါအဝင် စုစုပေါင်း မော်တော်ယာဉ်အစီးရေ ၂၈၀၀၀ ကျော်ကို သဘာဝဓာတ်ငွေ့ကုဗပေ ၁၉ သန်းနှင့် သန်း ၂၀ အကြား ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

သန်လျင်-ကျောက်တန်း၊ တိုက်ကြီး၊ ဥက္ကံဘက်သို့ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းအချို့ကို ယာဉ်စီးခ ၅၀၀ ကျပ် အထိ ကောက်ခံရန်ခွင့်ပြ...
24/04/2024

သန်လျင်-ကျောက်တန်း၊ တိုက်ကြီး၊ ဥက္ကံဘက်သို့ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းအချို့ကို ယာဉ်စီးခ ၅၀၀ ကျပ် အထိ ကောက်ခံရန်ခွင့်ပြုထား

ရန်ကုန် ဧပြီ ၂၄

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သန်လျင်-ကျောက်တန်း၊ တိုက်ကြီး၊ ဥက္ကံဘက်သို့ ပြေးဆွဲနေသည့် YBS ယာဉ်အချို့ ကို ယာဉ်စီးခ ၅၀၀ ကျပ်အထိ ကောက်ခံခွင့်ပြုထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှ သိရသည်။

ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်လိုင်းအများစုမှာ ယာဉ်စီးခ ၄၀၀ ကျပ်ဖြစ်ပြီး ကတ်စနစ်ဖြင့် (သိုမဟုတ်) QR Code ဖြင့် YBS ယာဉ်စီးခငွေပေးချေပါက ၃၀၀ ကျပ်သာ ကုန်ကျမည်ဖြစ်ကြောင်း YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။

“ယာဉ်စီးခ ကျပ် ၅၀၀ သတ်မှတ်တာက တိုက်ကြီးကားတွေ၊ ကျောက်တန်းလိုင်းတွေ၊ ဥက္ကံဘက်လိုင်းတွေ ကောက်ခွင့်ပြုထားပါတယ်။ ကျန်တဲ့မြိုတွင်း အများစုကတော့ ၄၀၀ ပါ။ Card စနစ်နဲ့ QR Code စနစ်က ၃၀၀ ပါ”ဟု ၎င်းက ဆိုသည်။

ယင်းကဲ့သို့ ယာဉ်စီးခတိုးမြင့်လာသည့်အတွက် YBS ယာဉ်အသုံးပြုနေရသည့် အခြေခံလူတန်းစားများအနေဖြင့် အဆင်မပြေမှုများရှိလာကြောင်း ခရီးသွားပြည်သူတစ်ဦးက ဆိုသည်။

“ကျွန်တော်တို့ဆို သန်လျင်ဘက်ကနေ မြို့ထဲဘက်သွားပြီး အလုပ်လုပ်ရတာ။ YBS နှစ်ဆင့်လောက် စီးရတာဆိုတော့ YBS ယာဉ်စီးခ အသွားအပြန်တင် ကျပ် ၂၀၀၀ လောက်ရှိတော့ တစ်လဆိုရင် ခရီးစရိတ်တင် ကျပ် ၅၀၀၀၀၊ ၆၀၀၀၀ လောက်ကျနေပြီ။ အရင်ကတော့ ခရီးစဉ်လမ်းကြောင်းတစ်ခုကို ကျပ် ၂၀၀၊ ၃၀၀ ပဲကျတာ” ဟု YBS ကားကို အသုံးပြု၍ နေ့စဉ် အလုပ်သွားပြန်လုပ်နေရသူ ၎င်းက ဆိုသည်။

YBS ကုမ္ပဏီ(၂၁)ခုမှ YBS ယာဉ်လိုင်း(၁၃၁)လိုင်းက ယာဉ်အစီးရေ ၃၈၀၀ ခန့်ဖြင့် ခရီးသည် ၁၅ သိန်းခန့်ကို ပုံမှန် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်ထင်တာတော့ ကတ်စနစ်ကို ပိုအသုံးများလာစေဖို့အတွက် လုပ်လာတယ်လို့ ထင်ပါတယ်။ ကတ်ဖြစ်ဖြစ်၊ QR ဖြစ်ဖြစ် သုံးစေချင်တယ်။ ဒါဆိုရင်တော့ ယာဉ်လိုင်းခ စျေးမြင့်တက်တာကို ခံနိုင်တယ်။ အများစုကတော့ QR စနစ်နဲ့ ငွေချေတာထက် ကတ်စနစ်ကို ပိုသုံးလာတာတွေ့တယ်။ တော်တော်လည်း အရေအတွက်များလာတယ်။ တစ်ခုပဲ ကတ်ဖြတ်ဖို့ စက်ပိတ်ထားရင် ပြင်းပြင်းထန်ထန် အရေးယူစေချင်တယ်” ဟု YBS နေ့စဉ် အသုံးပြုသူ လူလတ်ပိုင်းအရွယ် ကုမ္ပဏီဝန်ထမ်း ကိုသန့်စင်က ဆိုသည်။

၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာ့စစ်အသုံးစရိတ်က သမိုင်းတစ်လျှောက် အမြင့်ဆုံးအဖြစ် ဒေါ်လာ ၂၄၄၃ ဘီလီယံ အထိရှိနိုင်ငံတကာ၊ ဧပြီ ၂၄   ...
24/04/2024

၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာ့စစ်အသုံးစရိတ်က သမိုင်းတစ်လျှောက် အမြင့်ဆုံးအဖြစ် ဒေါ်လာ ၂၄၄၃ ဘီလီယံ အထိရှိ

နိုင်ငံတကာ၊ ဧပြီ ၂၄

၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာ့စစ်အသုံးစရိတ်က သမိုင်းတစ်လျှောက် အမြင့်ဆုံးအဖြစ် ဒေါ်လာ ၂၄၄၃ ဘီလီယံအထိရှိကြောင်း စတော့ဟုမ်းနိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနဌာနက ထုတ်ပြန်သည်။

အဆိုပါစစ်အသုံးစရိတ်သည် ၂၀၂၂ ခုနှစ်ကထက် ၆ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း၊ စစ်အသုံးစရိတ်အမြင့်ဆုံး အသုံးပြုသည့်နိုင်ငံများမှာ အမေရိကန်၊ တရုတ်နှင့်ရုရှားတို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထား သည်။

“ကမ္ဘာ့စစ်အသုံးစရိတ်က ကိုးနှစ်ဆက် တိုက်မြင့်တက်လာပြီး ပြီးခဲ့တဲ့နှစ် အသုံးစရိတ်ကတော့ သမိုင်းတစ်လျှောက် စံချိန်တင်လောက်အောင်ကို အမေရိကန်ဒေါ်လာ ၂၄၄၃ ဘီလီယံအထိရှိပါတယ်” ဟု ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်ကိုတွေ့ရသည်။

ထိုစစ်အသုံးစရိတ်များအနက် အမေရိကန်နိုင်ငံက ၃၇ ရာခိုင်နှုန်းဖြစ်သော ဒေါ်လာ ၉၁၆ ဘီလီယံကို လည်းကောင်း၊ တရုတ်က ၁၂ ရာခိုင်နှုန်းအဖြစ် ဒေါ်လာ ၂၉၆ ဘီလီယံကို လည်းကောင်း၊ ရုရှားက ၄ ဒသမ ၅ ရာခိုင်နှုန်းအဖြစ် ဒေါ်လာ ၁၀၉ ဘီလီယံကို လည်းကောင်း အသုံးပြုထားခြင်းဖြစ်သည်။

ယူကရိန်းနိုင်ငံကမူ ကမ္ဘာပေါ်တွင် ရှစ်နိုင်ငံမြောက် စစ်အသုံးစရိတ် အမြင့်ဆုံး အသုံးပြုသူဖြစ်ပြီး ၂၀၂၂ ခုနှစ်ကထက် ၅၁ ရာခိုင်နှုန်းတိုးမြှင့်ကာ ဒေါ်လာ ၆၄ ဒသမ ၈ ဘီလီယံ အသုံးပြုထားသည်။ အဆိုပါပမာဏသည် အစိုးရအသုံးစရိတ် စုစုပေါင်း၏ ၅၈ ရာခိုင်နှုန်းရှိသည်။

အလားတူ အရှေ့အလယ်ပိုင်းဒေသကလည်း စစ်အသုံးစရိတ် ၉ ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲလာသည်။ ၎င်းတို့အနက် အစ္စရေးနိုင်ငံ၏ အသုံးစရိတ်မှာ ဒေါ်လာ ၂၇ ဒသမ ၅ ဘီလီယံရှိသည့်အတွက် ၂၀၂၂ ခုနှစ်ကထက် ၂၄ ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲလာကြောင်း တွေ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ ကော်ဖီတန်ချိန် ၂၀၀၀ ခန့်တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရန်ကုန်၊ ဧပြီ ၂၄ ယခုဘဏ္ဍာနှစ်တွင...
24/04/2024

ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ ကော်ဖီတန်ချိန် ၂၀၀၀ ခန့်တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ

ရန်ကုန်၊ ဧပြီ ၂၄

ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ ကော်ဖီတန်ချိန် ၂၀၀၀ ခန့်ကို နယ်စပ်ကုန်သွယ်ရေးနှင့် ပုံမှန်ကုန် သွယ်ရေးလမ်းကြောင်းတို့မှ တစ်ဆင့် တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ကော်ဖီ အသင်းမှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ် ဧပြီလ၊ မေလနှင့်ဇွန်လတို့တွင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တစ်ဆင့်တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သို့ ကော်ဖီတန်ချိန် ၁၀၀၀ နှင့် ၁၅၀၀ ကြား တင်ပို့နိုင်ခဲ့သည့်အပြင် ဥရောပနိုင်ငံများ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် တခြားအာရှနိုင်ငံများသို့ ပုံမှန်ကုန်သွယ်ရေး လမ်းကြောင်း မှ တစ်ဆင့် ကော်ဖီတန်ချိန် ၅၀၀ နှင့် ၈၀၀ ကြား တင်ပို့နိုင်ခဲ့ရာ ယခုနှစ်တွင်လည်း အလားတူ တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်နေခြင်း ဖြစ်သည်။

“ပြည်တွင်းမှာ အခုက ကော်ဖီဆွတ်ခူးတဲ့ရာသီပါ။ ဒေသအများစုမှာတော့ ဆွတ်ခူးပြီးပါပြီ။ ပြည်ပကို ကော်ဖီတင်ပို့တာက ဧပြီလ၊ မေလနဲ့ ဇွန်လတွေမှာ အများဆုံးတင်ပို့ကြတယ်။ အဲဒီနောက်ပိုင်းမှာလည်း တင်ပို့ကြပါတယ်။ ပြည်တွင်းကထွက်ရှိတဲ့ ကော်ဖီတွေကို နယ်စပ်ကုန်သွယ်ရေးကနေ တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံကို အများဆုံးတင်ပို့ကြတယ်။ ပုံမှန်ကုန်သွယ်ရေးကနေလည်း တခြားအာရှနိုင်ငံတွေနဲ့ ဥရောပ နိုင်ငံတွေဆီ တင်ပို့တယ်။ ပြီးခဲ့တဲ့နှစ်က နယ်စပ်ကုန်သွယ်ရေးကနေ တန်ချိန် ၁၀၀၀ နဲ့ ၁၅၀၀ ကြား၊ ပုံမှန်ကုန်သွယ်ရေးကနေ တန်ချိန် ၅၀၀ နဲ့ ၈၀၀ ကြား တင်ပို့နိုင်ခဲ့တယ်။ ဒီနှစ်မှာလည်း အဲဒီလောက် တင်ပို့နိုင်အောင် စီစဉ်ဆောင်ရွက်နေပါတယ်” ဟု မြန်မာနိုင်ငံကော်ဖီအသင်းဥက္ကဋ္ဌ ဦးမျိုးအေးက ပြောသည်။

လက်ရှိတွင် ပြည်တွင်း၌ စုစုပေါင်းကော်ဖီစိုက်ဧက ၄၀၀၀၀ ခန့်ရှိပြီး တစ်နှစ်လျှင် ကော်ဖီတန်ချိန် ၈၀၀၀ မှ ၁၀၀၀၀ ကြား ထွက်ရှိကြောင်း၊ ကော်ဖီပင်များကို ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့၌ အများဆုံးစိုက်ပျိုးကြပြီး ရှမ်းပြည်နယ်မှ စိုက်ပျိုးထွက်ရှိသော အာရေဗီးကားကော်ဖီ(ခေါ်) ကုန်းမြင့် ကော်ဖီသည် နိုင်ငံတကာဈေးကွက်၌ နေရာရရှိထားကာ နှစ်စဉ်တင်ပို့နေရကြောင်း သိရသည်။

ရိုဘတ်စတာကော်ဖီ(ခေါ်) မြေပြန့်ကော်ဖီမျိုးကို ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီ တိုင်းဒေသကြီးတို့၌ အများဆုံး စိုက်ပျိုးကြပြီး ထွက်ရှိလာသောကော်ဖီများကို ပြည်တွင်း၌ အများဆုံး အသုံးပြုကာ ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်အတွက်လည်း အလားအလာရှိသော ကော်ဖီ မျိုးဖြစ်ကြောင်း၊ ယခုအခါ မြန်မာနိုင်ငံကော်ဖီအသင်းအနေဖြင့် ပြည်တွင်း၌ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်လာစေရန် နည်းပညာပေးသင်တန်းများ ဖွင့်လှစ်ပို့ချခြင်း၊ ကော်ဖီမျိုးကောင်း မျိုးသန့်များ ရရှိစေရန် အကူအညီပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယခုနှစ် မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကာလအတွင်း အနယ်နယ်အရပ်ရပ်မှ လာရောက်သူဦးရေ လေးသိန်းကျော်ရှိမင်းဘူး၊ ဧပြီ ၂၄ မကွေးတို...
24/04/2024

ယခုနှစ် မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကာလအတွင်း အနယ်နယ်အရပ်ရပ်မှ လာရောက်သူဦးရေ လေးသိန်းကျော်ရှိ

မင်းဘူး၊ ဧပြီ ၂၄

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ် မန်းရွှေ စက်တော်ရာ ဘုရားပွဲတော်ကို တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း တစ်ရက်နေ့အထိ ကျင်းပခဲ့ရာ ဘုရားပွဲတော်ကာလအတွင်း အနယ်နယ်အရပ်ရပ်မှ လာရောက်သူဦးရေ လေးသိန်းကျော်ရှိကြောင်း မန်းရွှေစက်တော်ရာ ဘုရားဂေါပကအဖွဲ့မှ သိရသည်။

“ဒီနှစ် မန်းရွှေစက်တော်ရာ ဘုရားပွဲတော် ကာလအတွင်းမှာ အနယ်နယ်အရပ်ရပ်က ဘုရားဖူးလာရောက်သူ ဦးရေ လေးသိန်းကျော်ရှိပါတယ်။ အလှူခံရရှိမှု အနေနဲ့ကတော့ ဘက်စုံအလှူတော်ငွေ ငွေကျပ်သိန်းပေါင်း ၃၇၀၀ ကျော်နဲ့ ရွှေဆိုင်းရောင်းချရငွေ ငွေကျပ်သိန်းပေါင်း ၄၉၀၀ ကျော်အပါအဝင် စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၉၀၀၀ ကျော်ရရှိခဲ့ပါတယ်” ဟု မန်းရွှေစက်တော်ရာ ဘုရားဂေါပကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးသိန်းလှိုင် ကပြောသည်။

ယခုနှစ် မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကာလအတွင်း စုစုပေါင်းတည်းခိုဆောင် ၆၀ နီးပါး၌ အခန်းပေါင်း ၁၀၀၀ ကျော်နှင့် ဈေးဆိုင်ခန်းပေါင်း ၈၀၀ ကျော်ဖွင့်လှစ်ခဲ့ပြီး ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်နိုင်စေရန် တည်းခိုဆောင်များ၌ ညအိပ်တည်းခိုခွင့်ပြုကာ အခန်းငှားရမ်းခများကိုလည်း သတ်မှတ်ဈေးနှုန်းထက် ပိုမိုကောက်ခံခြင်း မပြုရန် မန်းရွှေစက်တော်ရာ ဘုရားဂေါပကအဖွဲ့မှ ကြပ်မတ်ဆောင်ရွက်ခဲ့သည်။

ထို့ပြင် ဘုရားဖူးပြည်သူများ စိတ်ချမ်းမြေ့ပျော်ရွှင်စေရန် မန်းရွှေစက်တော်ရာဘုရား အဝင်သုံးမိုင်မုခ်ဦးမှ စတင်ပြီး လယ်လယ်ကျွန်းတစ်လျှောက် ပန်းအလှပင် မျိုးစုံစိုက်ပျိုးခြင်း၊ အထက်စက်တော်ရာ အတက်လမ်း၊ လမ်းဘေးဝဲ^ယာနှင့် ဓာတ်လှေကား ပတ်ဝန်းကျင်တို့၌ ပန်းအလှပင်မျိုးစုံ စိုက်ပျိုးခြင်းများအပြင် တခြား ပြုပြင်မွမ်းမံမှုများကိုလည်း ယခုနှစ် ဘုရား ပွဲတော်မတိုင်မီ ကြိုတင်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ရှေးဟောင်းရေကန် ၄ ကန်ကို စမ်းသပ်တူးဖော်သုတေသနပြုနေပြီး ထိန်းသိမ်းရေးလုပ်ငန်းများလုပ်ဆောင်ကာ မူလအတိုင်း အများပြည်သူလေ့လာန...
24/04/2024

ရှေးဟောင်းရေကန် ၄ ကန်ကို စမ်းသပ်တူးဖော်သုတေသနပြုနေပြီး ထိန်းသိမ်းရေးလုပ်ငန်းများလုပ်ဆောင်ကာ မူလအတိုင်း အများပြည်သူလေ့လာနိုင်ရန် ဆောင်ရွက်သွားမည်

ရန်ကုန် ဧပြီ ၂၄

ရှေးဟောင်းရေကန် ၄ ကန်ကို စမ်းသပ်တူးဖော်သုတေသနပြုနေပြီး ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်ကာ မူလအတိုင်း အများပြည်သူလေ့လာနိုင်ရန် ဆောင်ရွက်မည်သွားဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ပြောသည်။

ပုဂံခေတ်ကပင် အသုံးပြုခဲ့ပြီး ရှေးဟောင်းအုတ်များဖြင့် ဖန်တီးထားသည့် ရှေးဟောင်း လေးကန်ကို တွေ့ရှိထားရာ လက်ရှိတွင် ရေကန်၏ မူလအကျယ်၊ ကန်အနက် စသည်တို့ကို စမ်းသပ်တူးဖော်သုတေသန လုပ်ဆောင်နေပြီး ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

“ရှေးဟောင်းရေကန်ပုံစံတွေ ထွက်လာတဲ့ အဟောင်း ၄ ခုလောက်ရှိတယ်။ အခုကတော့ ရေကန်အကျယ်အဝန်း ဘယ်လောက်ရှိလဲ၊ ရေကန်အနက်က ဘယ်လောက်ရှိလဲ အဲဒါတွေကို ပမာဏစမ်းသပ်ချက်တူးဖော်မှုတွေ လုပ်နေတာပေါ့နော်။ အဲဒါတွေသိရပြီးတော့မှ ရေကန်တွေဆက်ပြီးတော့ ဖြည်းဖြည်းချင်းဆယ်ပြီး သုတေသန လုပ်နေတာပေါ့။ ပြီးရင်ဆက်တူးမှာပေါ့။ ဖြည်းဖြည်းချင်း သုတေသနသဘောအတိုင်းတူးပြီး ထိန်းသိမ်းရေးလုပ်ငန်း လုပ်သွားမှာပေါ့။ ကျွန်တော်တို့ အခုလုပ်နေတာက အုတ်ကန်၊ ရွာဟောင်းကြီးကန်၊ ဖွားစော ဆုတောင်းပြည့်ကန်၊ ရေတောင်မုနိကန်တွေ ဖြစ်တယ်။ ရှေးဟောင်းရေကန်တွေကို တူးဖော်သုတေသနပြုပြီး နဂိုအတိုင်းပြန်ရရင်တော့ ကျွန်နော်တို့က ထိန်းသိမ်းရေးလုပ်ငန်းတွေလုပ်ပြီး သူရဲ့ မူလ Function အတိုင်း အများပြည်သူလေ့လာလိုရတဲ့ နေရာမျိုး ဖန်တီးသွားမယ်” ဟုလည်း ၎င်းက ပြောကြားသည်။

လက်ရှိဆောင်ရွက်နေသည့် ရေကန်အကျယ်အဝန်းနှင့် ရေကန်အနက်တို့ကိုသိရှိပြီးမှ ဆက်လက်တူးဖော် သုတေသန ပြုရမည်ဖြစ်ပြီး ပြီးစီးမည့်အချိန် ကြိုတင်တွက်ချက်၍မရကြောင်းနှင့် အဆိုပါရေကန်များမှာလည်း ပုဂံခေတ် ရှေးဟောင်းအုတ်များဖြင့် တည်ဆောက်ထားသည့် ရှေးဟောင်းရေကန်များဖြစ်သည့်အတွက် လုပ်ငန်းစဉ်ကို အလျင်စလိုဆောင်ရွက်၍ မရကြောင်းလည်း ဦးကျော်မျိုးဝင်းက ပြောသည်။

သင်္ကြန်ကာလအပြီးတွင် ရှေးဟောင်းရေကန်များ ပြန်လည်တူးဖော်ခြင်း ဆယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက် နေသည့်အပြင် ပုဂံဒေသ၏ သန့်ရှင်းရေးပိုင်းနှင့် ဘုရားထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း အဓိကထား ဆောင်ရွက် နေကြောင်းလည်း သိရသည်။

ဖတ်ပြီရင်​တော့ ဘယ်လိုရီလည်း ​ပြောခဲ့ဦးအမျိုးစုံပီ တစ်​ယောက်တည်းမရီနိုင်တော့လို့ 😂😂Photo crd
24/04/2024

ဖတ်ပြီရင်​တော့ ဘယ်လိုရီလည်း ​ပြောခဲ့ဦး

အမျိုးစုံပီ တစ်​ယောက်တည်းမရီနိုင်တော့လို့ 😂😂
Photo crd

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကို ကျန်းမာရေးအရ တာဝန်မှ အနားယူခွင့်ပြုဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူကို ကျန်းမာရေးအရ တာဝန်ကနေ အန...
23/04/2024

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကို ကျန်းမာရေးအရ တာဝန်မှ အနားယူခွင့်ပြု

ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူကို ကျန်းမာရေးအရ တာဝန်ကနေ အနားယူခွင့်ပြုလိုက်တယ်လို့ ဧပြီ၂၂ရက်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်လိုက်ပါတယ်။

ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ ဦးဆောင်၍ အာဆီယံ-ကိုရီးယားဗဟိုဌာန၏ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်...
23/04/2024

ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ ဦးဆောင်၍ အာဆီယံ-ကိုရီးယားဗဟိုဌာန၏ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော H.E. Kim Hae-yong အား နှုတ်ဆက်သည့် အခမ်းအနားကျင်းပ

ဆိုးလ်၊ ဧပြီ ၂၃

အာဆီယံကော်မတီ (ဆိုးလ်) ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် ကိုရီးယားသမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်က ဦးဆောင်၍ အာဆီယံ-ကိုရီးယားဗဟိုဌာန (ASEAN-Korea Centre- AKC) ၏ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော H.E. Kim Hae-yong အား နှုတ်ဆက်သည့် အခမ်းအနားကို ဆိုးလ်မြို့အခြေစိုက် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ သံအမတ်ကြီးများနှင့်အတူ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့တွင် ကျင်းပခဲ့သည်။

🇲🇲 ၂၇၅ မှာ နိုင်ငံတော်အလံကို ပြန်လည်လွှင့်တင် 🇲🇲🇲🇲🇲🇲ဒီနေ့မှာပဲ ၂၇၅ က KNU အလံကို ဖြုတ်ချပြီး နိုင်ငံတော်အလံကို ပြန်လည် လွ...
23/04/2024

🇲🇲 ၂၇၅ မှာ နိုင်ငံတော်အလံကို ပြန်လည်လွှင့်တင် 🇲🇲🇲🇲🇲🇲

ဒီနေ့မှာပဲ ၂၇၅ က KNU အလံကို ဖြုတ်ချပြီး နိုင်ငံတော်အလံကို ပြန်လည် လွှင့်တင်လိုက်ပြီလို့ သိရပါသည်။
-
လွှင့်တင်တဲ့အလံက ဗမာအလံမဟုတ်ဘူး.. တိုင်းရင်းသားညီအစ်ကိုပေါင်းစုံကို ကိုယ်စားပြုတဲ့အလံ.. နိုင်ငံသားအားလုံးကို ကိုယ်စားပြုတဲ့ အလံ.. မြန်မာနိုင်ငံတော် အလံပါ။
-
တပ်မတော်သားများနှင့် BGF အားလုံးကို လေးစားပါတယ်။

KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများ၊ KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားပူးပေါင်းအဖွဲ့တို့က ထိုင်း-မြန်...
20/04/2024

KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများ၊ KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားပူးပေါင်းအဖွဲ့တို့က ထိုင်း-မြန်မာ အမှတ်(၂) ချစ်ကြည်ရေးတံတားအနီး လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တပ်ဖွဲ့ဝင်များအား လာရောက်ပစ်ခတ်တိုက်ခိုက်

နေပြည်တော်၊ ဧပြီ - ၂၀

KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများ၊ KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားပူးပေါင်းအဖွဲ့တို့သည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ထိုင်း-မြန်မာ အမှတ်(၂) ချစ်ကြည်ရေးတံတားအနီး လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တပ်ဖွဲ့ဝင်များအား လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ နှစ်နိုင်ငံချစ်ကြည်ရေးတံတားအနီး လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများ၊ KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမား ပူးပေါင်းအဖွဲ့တို့က နှစ်နိုင်ငံ နယ်စပ်နယ်နိမိတ်အနီး တည်ငြိမ်အေးချမ်းမှုကိုပျက်ပြားစေရန်၊ နယ်စပ်ဒေသရှိ နှစ်နိုင်ငံ ပြည်သူလူထုတို့အား ကြောက်ရွံ့ထိတ်လန့်စေရန်စသည့်ရည်ရွယ်ချက်များဖြင့် လက်နက် ကြီးများဖြင့်အဝေးမှပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop ဗုံးများဖြင့် ပစ်ချတိုက်ခိုက်ခြင်း တို့ ကို သာလွန်အင်အား အသုံးပြု၍ တိုက်ပွဲဖော်ဆောင်လာခဲ့ကြောင်း သိရှိရသည်။

ထိုကဲ့သို့ နှစ်နိုင်ငံနယ်စပ်နယ်နိမိတ်အနီး ဆင်ခြင်တုံတရားမဲ့စွာဖြင့် လက်နက် ကြီးများပစ်ခတ်ခြင်း၊ Drop ဗုံးများပစ်ချတိုက်ခိုက်ခြင်းတို့ဖြင့် တိုက်ပွဲဖော်ဆောင်လာမှု အပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ မလိုလားအပ်သော လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လာမှုမရှိစေရေးတို့အတွက် ထိန်းထိန်းသိမ်းသိမ်းဖြင့် ပြန်လည်တုန့်ပြန်ဆောင်ရွက်လျက်ရှိပြီး လေကြောင်းပစ်ကူ ပစ်အားရယူ၍ အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သူပူးပေါင်းအဖွဲ့သည် ယနေ့ ညနေ ၅ နာရီခန့်တွင် အကျအဆုံးများစွာဖြင့် အနောက်ဖက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သတင်းရရှိသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အကျဉ်းထောင်တွင် ဆူပူအကြမ်းဖက်မှု နှင့် ပတ်သက်ပြီး နိုင်ငံတော်၏ သတင်းထုတ်ပြန်ချက်။(ဧပြီလ ၁...
20/04/2024

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အကျဉ်းထောင်တွင် ဆူပူအကြမ်းဖက်မှု နှင့် ပတ်သက်ပြီး နိုင်ငံတော်၏ သတင်းထုတ်ပြန်ချက်။
(ဧပြီလ ၁၉)

AA အကြမ်းဖက်အားပေး မီဒီညာ Narinjara က စစ်တွေမြို့ရှိ ပြည်သူများ ထိတ်လန့်မှုဖြစ်စေရန် စစ်တွေမြို့ထဲသို့ လက်နက်ကိုင်အဖွဲ့မ...
20/04/2024

AA အကြမ်းဖက်အားပေး မီဒီညာ Narinjara က စစ်တွေမြို့ရှိ ပြည်သူများ ထိတ်လန့်မှုဖြစ်စေရန် စစ်တွေမြို့ထဲသို့ လက်နက်ကိုင်အဖွဲ့များ ဝင်လာမည်ဟု သို့လောသို့လော သတင်းအမှားဖြန့်ချိနေသည်ကို တွေ့ရသည်။

ယနေ့ မနက် ၉ နာရီချိန်ခန့်က ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် တိုက်ပွဲများဖော်ဆောင်နေတဲ့ AA အကြမ်းဖက်အဖွဲ့အား မွတ်ဆလင်များက အလိုမရှိကြောင်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြသည်။

၎င်းအခြေအနေကို အကြောင်းပြပြီး ​စစ်တွေမြို့ရှိ ပြည်သူများ ထိတ်လန့်စေရန် သတင်းမှားဖြန့်ချိနေခြင်းသာဖြစ်ပြီး စစ်တွေမြို့မှာ ထူးခြားမှုမရှိပဲ အေးချမ်းလျက်ရှိပါတယ်။

၁၃၈၅ ခုနှစ် မန္တလေးတိုင်းဒေသကြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ ပြင်ဦးလွင်မြို့  ချယ်ရီအားမာန်နှစ်ဦးမဟာသင်္ကြန် မဏ္ဍပ...
13/04/2024

၁၃၈၅ ခုနှစ် မန္တလေးတိုင်းဒေသကြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ ပြင်ဦးလွင်မြို့ ချယ်ရီအားမာန်နှစ်ဦးမဟာသင်္ကြန် မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကျင်းပ

ပြင်ဦးလွင်မြို့ ချယ်ရီအားမာန်နှစ်ဦးမဟာသင်္ကြန် မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကိုမြန်မာ့ရိုးရာယဉ်ကျေးမှုအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ယနေ့ ဧပြီလ (၁၃)ရက်နေ့တွင် ခမ်းနားစွာပြုလုပ်ခဲ့ကြသည်။

ပြင်ဦးလွင်မြို့ ချယ်ရီအားမာန်နှစ်ဦးမဟာသင်္ကြန် မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ပြင်ဦးလွင်တပ်နယ်မှူး ဗိုလ်ချုပ်စိုးမြတ်ထွဋ်မှ အဖွင့်အမှာစကားပြောကြားပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်းသိရှိရပါသည်။

ပြင်ဦးလွင်မြို့ ချယ်ရီအားမာန်နှစ်ဦးမဟာသင်္ကြန် မဏ္ဍပ်တွင် အနုပညာရှင်များ၊ ယိမ်းအကအလှပျိုဖြူများဖြင့် ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။

ပြင်ဦးလွင်မြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနား ကျင်းပ   ပြင်ဦးလွင် ၊   ဧပြီ ၁၃  ...
13/04/2024

ပြင်ဦးလွင်မြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပြင်ဦးလွင် ၊ ဧပြီ ၁၃

သင်္ကြန်ဆိုသည်မှာ “သင်္ကန္တ” ဆိုသောပါဠိပုဒ်မှ ဆင်းသက်လာပြီး “ကူးပြောင်းခြင်း”ဟု အဓိပ္ပာယ်ရသည်။ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသောအဓိပ္ပာယ်ဖြစ်သည်။ သင်္ကြန်ကို အတာသင်္ကြန်ဟုလည်းခေါ်သည်။ အတာသည်လည်း နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းခြင်းဟူ၍ပင် အဓိပ္ပာယ်ရသည်။ နှစ်ဟောင်းမှအညစ်အကြေးများကို ရေစင်ရေသန့်တို့နှင့်ပက်ဖျန်းခြင်းကြောင့် စိတ်ကိုကြည်လင်အေးမြစေပြီး ငြိမ်းအေးပါစေကြောင်း ဆန္ဒပြုကြလျက် နွေရာသီအပူများကိုအေးမြစေကြောင်း ရေပက်ဖြန်း၍ သင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝှမ်းလုံးတွင် ခြိမ့်ခြိမ့်သဲသဲဖြင့် ပျော်ရွှင်စွာဆင်နွှဲလေ့ရှိကြသည်။

ထို့သို့ပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိရာ မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ခရစ်နှစ် ၂၀၂၄ ခုနှစ် ပြင်ဦးလွင်မြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် အမျိုးသားကန်တော်ကြီးဥယျာဉ်လမ်းပေါ်ရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်သည်။

ဖွင့်ပွဲအခမ်းအနားသို့ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဌ ဦးသန့်ဇော်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးတင်အောင်လွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အခြားဖိတ်ကြားထားသောဧည့်သည်တော်များ၊ ဆရာ ဆရာမများ၊ ယိမ်းအဖွဲ့များနှင့် သင်္ကြန်ပွဲတော်လာပြည်သူများ တက်ရောက်ကြသည်။

ဦးစွာပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးသန့်ဇော်ဦး မှ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားပြီး ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးသန့်ဇော်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃) ဦးကျော်လွင်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ဝဏ္ဏစိုးအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်လွင်၊ မြို့မိမြို့ဖ ဦးစိုင်းအောင်ကြည်၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ခိုင်တို့မှ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။

ထို့နောက် “မန်းတောင်ရိပ်ခို” သီချင်းနှင့် “ထာဝရမြန်မာ” သီချင်းတို့ဖြင့် သီဆို၍ ယိမ်းအကအဖွဲ့များမှ စုပေါင်းဖျော်ဖြေကာ ဧည့်သည်တော်များအား အတာရေဖြင့် ပက်ဖြန်းခြင်းနှင့် ဖွင့်ပွဲအခမ်းအနား တက်ရောက်လာကြသူများက ယိမ်းအဖွဲ့များနှင့် ဧည့်ပရိတ်သတ်များအား အောင်သပြေခက်ဖြင့် အတာရေပက်ဖျန်းပေးကြသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများအား သင်္ကြန်စတုဒိသာအစားအစာ များဖြင့် တည့်ခင်းဧည့်ခံ၍ ယိမ်းအဖွဲ့များက တေးသီချင်းများ၊ ယိမ်းအကအလှများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။

အဆိုပါ ဗဟိုမဏ္ဍပ်တွင် မဟာသင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ စည်ကားသိုက်မြိုက်စွာဖြင့် သင်္ကြန်ယိမ်းအကအဖွဲ့များနှင့် တေးသံရှင်များက ယိမ်းအကများ၊ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေသွားမည်ဖြစ်သည်။

၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ထုံးတမ်းအစဉ် အလာများနှင့် အညီရိုးရာမပျက် ဆက်လက်ထိန်းသိမ်းရန်၊ ပြည်သူများကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့စွာ ရေသဘင်ပွဲတော်တွင် ယဉ်ကျေးသိမ်မွေ့စွာပါဝင်ဆင်နွှဲနိုင်ရန်၊ ပြည်သူများသည် မိမိတို့ပင်ပန်းနွမ်းနွယ်သမျှကို အတာရေပက်ဖျန်းလန်းဆန်းစေခြင်းဖြင့် နှစ်သစ်တွင် နိုင်ငံတော်၏တာဝန်များကို စွမ်းအားပြည့်ဆောင်ရွက်နိုင်ကြစေရန်၊ မြန်မာမှု၊ မြန်မာ့ဟန်များ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအနှစ်သာရများ၊ အမျိုးသားရေးစရိုက်လက္ခဏာ များကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်တတ်ကြစေရန်စသည့် ရည်ရွယ်ချက်များဖြင့် နိုင်ငံတစ်ဝန်းတွင် စည်ကားသိုက်မြိုက်စွာကျင်းပခြင်းဖြစ်သည်။

ဖြူလူသစ် [ခရိုင်(ပြန်/ဆက်)]
သတင်းဓာတ်ပုံ - ပြင်ဦးလွင်ခရိုင် (ပြန်/ဆက်)

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ၊ ရွှေနေကြာသင်္ကြန်မဏ္ဍပ်၌ ကျင်းပပြုလုပ်သော မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား...
13/04/2024

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ၊ ရွှေနေကြာသင်္ကြန်မဏ္ဍပ်၌ ကျင်းပပြုလုပ်သော မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား ပြုလုပ်
=================================
ဧပြီ ၁၃

မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ် သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်း အနား ကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရွှေနေကြာသင်္ကြန်မဏ္ဍပ်၌ ယနေ့ညနေပိုင်းတွင် ကျင်းပပြု လုပ်ခဲ့ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ တပ်ရင်း/တပ်ဖွဲ့မှူး များ၊ ယိမ်းအကအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး တိုင်းမှူးက မဟာသင်္ကြန် ပွဲတော်ဖွင့်ပွဲ အဖွင့်အမှာစကားပြောကြားပြီး တိုင်းမှူးနှင့် တာဝန်ရှိသူများက ရွှေနေကြာသင်္ကြန်မဏ္ဍပ် အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီးမဟာသင်္ကြန် ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ယိမ်းအကအလှအဖွဲ့များက မန်းတောင်ရိပ်ခိုသီချင်းဖြင့် စုပေါင်းကပြဖျော်ဖြေပြီး စတုဒီတာကျွေးမွေးခြင်းနှင့် ပျော်ရွှင်စွာရေပက်ကစားခြင်းတို့ဖြင့် အတာရေသဘင် ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲခဲ့ကြောင်း သိရသည်။

ရွှေနေကြာ

ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးမြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(က...
13/04/2024

ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးမြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မိသားစု ရေကစားမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် ဖွင့်လှစ်

နေပြည်တော်၊ အေပြီ - ၁၃

သင်္ကြန်ဟူသည်မှာ “သင်္ကန္တ” ဆိုသောပါဠိပုဒ်မှ ဆင်းသက်လာပြီး “ ပြောင်းရွှေ့ခြင်း၊ ကူးပြောင်းခြင်း” ဟုအနက်အဓိပ္ပါယ်ရကာ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းခြင်းပင် ဖြစ်သည်။ ထိုကဲ့သို့သော နှစ်ကူးချိန်ခါမင်္ဂလာအခါသမယတွင် နှစ်ဟောင်းမှ အညစ်အကြေး များ ကင်းပျောက်၍ ကောင်းခြင်းမင်္ဂလာတို့ရောက်ရှိလာစေရန်ရည်သန်၍ ရေစင်ရေသန့်တို့ဖြင့် ပက်ဖျန်းဆေးကြောလေ့ရှိကြပြီး ရေသည် အကြားအလပ်မရှိ ပြင်ညီတစ်သားတည်း သဘောရှိသည့်အလျောက် လူတစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ စည်းလုံးညီညွတ်ချစ်ခင်စွာ နေထိုင်ဆက်ဆံစေလိုခြင်းဟူသော သဘောဆောင်သည့်အတွက် နွေရာသီအပူများကို အေးမြစေကြောင်း ရေပက်ဖြန်း၍ မြန်မာ့ရိုးရာအတာရေသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝှမ်းလုံးတွင် ခြိမ့်ခြိမ့်သဲသဲဖြင့် ပျော်ရွှင်စွာဆင်နွှဲလေ့ရှိကြပါသည်။

❝ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တရုတ်သံအမတ်ကြီးတို့နေပြည်တော်၌တွေ့ဆုံ❞ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ...
11/04/2024

❝ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တရုတ်သံအမတ်ကြီးတို့နေပြည်တော်၌တွေ့ဆုံ❞

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai တို့သည် ယနေ့ ဧပြီ ၁၁ ရက်တွင် နေပြည်တော်၌ တွေ့ဆုံခဲ့ကြသည်ဟု မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ထုတ်ပြန်ထားသည်။

ထိုသို့တွေ့ဆုံစဥ် တရုတ်-မြန်မာနှစ်နိုင်ငံက အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစား ပူးတွဲတိုက်ဖျက်ရေးလှုပ်ရှားမှုတွင် အရေးပါတိုးတက်မှုများရရှိခြင်းအပေါ် ဆွေးနွေးခဲ့ကြသည်ဟုဆိုသည်။

ထို့အပြင် အွန်လိုင်းလိမ်လည်မှု စသည့် တရားဥပဒေစိုးမိုးရေး လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနှင့် သီးသန့်လှုပ်ရှားမှုကို ဆက်လက်နက်ရှိင်းစွာဖော်ဆောင်၍ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများအကျိုးစီးပွားကို ပိုမိုကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

❝ယာယီရပ်နားထားသည့် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်များ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲမည်❞အကြမ်းဖက်သမားများကြောင့် ယာယီရပ်...
11/04/2024

❝ယာယီရပ်နားထားသည့် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်များ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲမည်❞

အကြမ်းဖက်သမားများကြောင့် ယာယီရပ်နားထားသည့် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်များကို မနက်ဖြန် ဧပြီ ၁၂ ရက်မှစတင်ကာ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲတော့မည်ဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးက အသိပေးထားသည်။

မော်လမြိုင်ဘူတာကြီးမှ ဧပြီ ၁၂ရက်နေ့၊ နံနက် ၈နာရီခွဲအချိန်တွင် ထွက်ခွာမည့် အမှတ် ၈၂အစုန် မော်လမြိုင်-ရန်ကုန် ရိုးရိုး AAR တွဲဆိုင်း ရထားနှင့် နံနက် ၉နာရီ ၁၅မိနစ်အချိန်၌ ထွက်ခွာမည့် သင်္ကြန်အစုန် လေအိတ်အထူး ရထားတိုကို ပြေးဆွဲပေးသွားမည်ဖြစ်သည်။

မနက်ဖြန်အတွက် ရထားလက်မှတ်များကို မော်လမြိုင်ဘူတာကြီး နေ့ချင်း လက်မှတ်ရုံတွင် နံနက် ၆နာရီမှ ရထားမထွက်ခွာမီ နာရီဝက် အလိုအထိ ရောင်းချပေးသွားမည်ဖြစ်ပြီး အထက်တန်း ၃ ရက်ကြို၊ ရိုးရိုးတန်း ၁ရက်ကြို လက်မှတ်များကို မော်လမြိုင်ဘူတာကြီး ရက်ကြိုလက်မှတ်ရုံတွင် နံနက် ၆ နာရီမှ နေ့လည် ၃ နာရီ အထိ ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

သထုံမြို့နယ်၊ သိမ်ဆိပ်နှင့် ဒုံဝန်း ဘူတာအကြား ကျောက်ရထားဖြတ်သန်းစဉ် မိုင်းပေါက်ကွဲခြင်းကြောင့် ရထားလမ်းချော်ကျမှုဖြစ်ပွာ...
11/04/2024

သထုံမြို့နယ်၊ သိမ်ဆိပ်နှင့် ဒုံဝန်း ဘူတာအကြား ကျောက်ရထားဖြတ်သန်းစဉ် မိုင်းပေါက်ကွဲခြင်းကြောင့် ရထားလမ်းချော်ကျမှုဖြစ်ပွားပြီး ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း အုတ်တွင်းမြို့နယ် တောင်ငူနှင့် သောင်းတိုင်ကုန်းအကြား မိုင်းပေါက်ကွဲ

နေပြည်တော် ဧပြီ ၁၁

ပဲခူး-မော်လမြိုင်လမ်းပိုင်း၌ သဲဖြူးကုန်းမှ ကလိ ခရီးစဉ်အဖြစ် ထွက်ခွာလာသည့် အမှတ်(၆၈၆)အစုန်ကျောက်ရထားသည် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာမှ ဧပြီ ၁၀ ရက်၊ နံနက် ၆ နာရီ ၅၇ မိနစ်တွင် ထွက်ခွာပြီး သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာအကြား မိုင်တိုင်အမှတ်၊ ၁၂၅/၉-၁၀ အရောက် ရထားခုတ်မောင်းဖြတ်သန်းစဉ် နံနက် ၇ နာရီ ၅ မိနစ်အချိန်၌ သောင်းကျန်းသူအဖွဲ့က ထောင်ထားသည့် မိုင်းပေါက်ကွဲခဲ့သဖြင့် ရထားတွဲဆိုင်းတွင်ပါရှိသော စက်ခေါင်းနှင့်အတူ စက်ခေါင်းရှေ့ မိုင်းကာတွဲ၊ စက်ခေါင်းနောက်ကပ်လျက် စက်ခေါင်းမောင်း နားနေတွဲနှင့် ကျောက်တွဲ(၂)တွဲတို့ လမ်းချော်ကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ရန်ကုန်မှ ပုံမှန်ထွက်ခွာလာသော အမှတ်(၈၁)အဆန် လူစီးရထားသည် နေ့လည် ၁၂ နာရီ ၁၀ မိနစ်အချိန်တွင် ကျိုက်ထိုဘူတာ၌ ခေတ္တရပ်နားခဲ့ရပြီး မြန်မာ့မီးရထားက အဆိုပါ ရထားဖြင့် လိုက်ပါလာသော ခရီးသည် (၇၄၁)ဦးအား မော်တော်ယာဉ်(၈)စီးဖြင့် နေ့လည် ၁ နာရီ ၁၀ မိနစ်မှစတင်၍ သထုံဘူတာသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် မော်လမြိုင်မှ ထွက်ခွာလာသည့် အမှတ်(၈၂) အစုန်ရထားသည် နေ့လည် ၁၂ နာရီ ၅၀ မိနစ်အချိန်တွင် သထုံဘူတာသို့ ရောက်ရှိခဲ့ရာ ကျိုက်ထိုမှ မော်တော်ယာဉ်ဖြင့် လိုက်ပါလာသည့် ခရီးသည်များအား တင်ဆောင်၍ မော်လမြိုင်ဘက်သို့ အမှတ်(၈၁)အဆန်ရထားအဖြစ် ပြန်လည်ထွက်ခွာ ပို့ဆောင်ပေးခဲ့ပါသည်။ သထုံဘူတာတွင် ရောက်ရှိနေသည့် အမှတ်(၈၂)အစုန်ရထားဖြင့်လိုက်ပါလာသည့် ခရီးသည်(၂၉၈)ဦးအား ကျိုက်ထိုမှ ရောက်ရှိလာသည့် မော်တော်ယာဉ်များဖြင့် ကျိုက်ထိုဘူတာသို့ ပို့ဆောင်ပေးပြီး ရန်ကုန်သို့ အမှတ်(၈၂)အစုန် ရထားအဖြစ် ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်တို့က အချိန်နှင့်တပြေးညီ နယ်မြေရှင်းလင်းစစ်ဆေးခြင်း၊ မြန်မာ့မီးရထား ဝန်ထမ်းများကလည်း လမ်းချော်ကျသော စက်ခေါင်းနှင့်တွဲများအား မတင်၍ လမ်းပိုင်းအား အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ရထားလမ်း ပြန်လည်ပြုပြင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ ဧပြီ ၁၀ ရက်၊ နံနက် ၆ နာရီ ၄၀ မိနစ် အချိန်တွင် ရန်ကုန်-မန္တလေးရထားလမ်းပိုင်း အတွင်း ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ တောင်ငူဘူတာနှင့် သောင်းတိုင်ကုန်းဘူတာ အကြား စီမံကိန်းလုပ်ငန်းဆောင်ရွက်နေသော ရထားပြေးဆွဲမှုမရှိသည့် အစုန်လမ်းပေါ်၌ မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှ စ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း(၁၃၀)ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီး ခြင်း (၅၃)ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၁၂)ကြိမ် ကျူးလွန်ခဲ့ကြပြီးဖြစ်ကြောင်း သိရသည်။

န.စ.က ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဥရောပအာရှစီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဝင် ၊ အ...
11/04/2024

န.စ.က ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဥရောပအာရှစီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဝင် ၊ အကြီးစားစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ

နေပြည်တော်၊ ဧပြီ ၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဥရောပအာရှစီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဝင်၊ အကြီးစားစီးပွားရေးနှင့် ပေါင်း စည်းရေးဝန်ကြီး H.E. Mr. Sergei GLAZEV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ဧပြီ ၁၀ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လာရောက်ဂါရဝပြု တွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် တို့တက်ရောက်ကြပြီး ဥရောပအာရှစီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဝင်၊ အကြီးစား စီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီးနှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ဆိုင်ရာရုရှားဖက်ဒရေးရှင်း နိုင်ငံသံရုံးမှတာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ဥရောပအာရှ စီးပွားရေးကော်မရှင်တို့ အကြား ကုန်ပစ္စည်းများ အပြန်အလှန်တင်ပို့ရေးဆိုင်ရာကိစ္စရပ်များနှင့် တိုက်ရိုက် ငွေပေးချေမှုဆိုင်ရာ ကိစ္စရပ်များ၊ စိုက်ပျိုးရေးထုတ်ကုန်များ နှင့်ပတ်သက်၍ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုက်ရိုက် လေကြောင်းပျံသန်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ရေနံထွက်ပစ္စည်းများ ထုတ်လုပ်ခြင်းနှင့် တွင်းထွက်သယံဇာတပစ္စည်းများအား အဆင့်မီကုန်ချောများအဖြစ် ထုတ်လုပ်နိုင်သည့် အခြေအနေများ၊ အထည်အလိပ်လုပ်ငန်းများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက် နိုင်သည့် အခြေအနေများနှင့် မြန်မာနိုင်ငံနှင့် ဥရောပအာရှ စီးပွားရေးကော်မရှင်တို့ အကြားအခြားနယ်ပယ်ပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

လမ်းလျှောက်သင်္ကြန် ဖျော်ဖြေဖို့ ကိုရီးယား K-pop အဖွဲ့ နေပြည်တော်ရောက်လာရန်ကုန် ၊ ဧပြီ၁၁ ၊ ၂၀၂၄နေပြည်တော် လမ်းလျှောက်သင်...
11/04/2024

လမ်းလျှောက်သင်္ကြန် ဖျော်ဖြေဖို့ ကိုရီးယား K-pop အဖွဲ့ နေပြည်တော်ရောက်လာ

ရန်ကုန် ၊ ဧပြီ၁၁ ၊ ၂၀၂၄

နေပြည်တော် လမ်းလျှောက်သင်္ကြန်မှာ ပါဝင်ဖျော်ဖြေကြမယ့် ကိုရီးယား K-pop အနုပညာရှင်တွေ ဧပြီ ၉ ရက် ညပိုင်းက ရန်ကုန်မြို့ကို ရောက်ရှိပြီးနောက် ဧပြီ ၁၀ ရက်မှာ နေပြည်တော်ကို ​ရောက်ရှိလာခဲ့ပြီလို့ သိရပါတယ်။

ကိုရီးယား K-pop အနုပညာရှင်တွေပထမအဖွဲ့မှာ ရုပ်ရှင်/ ရုပ်သံဇာတ်လမ်းတွဲပေါင်း များစွာ ရိုက်ကူးထားတဲ့ သရုပ်ဆောင် ဘတ်အွန်းဟီး၊ K-pop အဆိုတော်များ ဖြစ်ကြတဲ့ Rejen၊ Henny ၊ 7 Kids Doll Group၊ Astel Dance Group နဲ့ DJ-Saemi တို့ အပါအဝင် အနုပညာရှင် ၂၄ ဦးပါဝင်ပါတယ်။

K-pop အဖွဲ့ရဲ့ အနုပညာရှင်တွေဟာ ဧပြီ ၁၁ ရက်မှာ ဒုတိယအသုတ်၊ ဧပြီ ၁၄ မှာ တတိယအသုတ်အဖြစ် အသီးသီးထပ်မံရောက်ရှိကြဦးမယ်လို့ သိရပါတယ်။

Address

Mandalay

Alerts

Be the first to know and let us send you an email when Cele Ma Ma Ma posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share


Other Media/News Companies in Mandalay

Show All

You may also like