It City

It City IT Solution

page အသုံးပြုသူတွေအနေနဲ့ မိမိ Page Link နဲ့ Page ID ကိုမှတ်ထားကြဖို့အထူးလိုအပ်လာပါပြီ...ဘာ့ကြောင့်လဲဆိုတော့ မိမ...
14/08/2022

page အသုံးပြုသူတွေအနေနဲ့ မိမိ Page Link နဲ့ Page ID ကိုမှတ်ထားကြဖို့အထူးလိုအပ်လာပါပြီ...
ဘာ့ကြောင့်လဲဆိုတော့ မိမိ Page Hack ခံရတာပဲဖြစ်ဖြစ် ပျက်သွားတာပဲဖြစ်ဖြစ် သူတို့အနေနဲ့စစ်ဆေးပေးဖို့က Page link တစ်ခုတည်းနဲ့စစ်လို့မရပါဘူး Page ID သိမှသာ သူတို့ Database ထဲမှာ ဒီ Page က ရှိမရှိ စစ်ဆေးပေးလို့ရမှာပါတဲ့။
ဒါက Page ပြန်ရဖို့မရဖို့ကိုပြောတာမဟုတ်ဘူးနော် ဒီ page နဲ့ပါတ်သက်တဲ့အချက်အလက်တွေ ကိုစစ်ဆေးဖို့လိုအပ်တာပါ ဒီနေရာမှာ သူတို့ Database ထဲမှာ ကိုယ့် page က ကျန်နေသေးရင်တော့ သူတို့တောင်းတဲ့စာရွက်စာတန်းတွေပေးပြီးပြန်ဆယ်ဖို့ အခွင့်အရေးရရှိမယ်။ Database ထဲမှာ ကိုယ့် page နဲ့ပါတ်သက်ပြီးဘာမှမရှိတော့ရင်တော့ မိမိ page ဟာ အပြီးပိုင်ဆုံးရှုံးသွားပါပြီ...

ဒီရက်ပိုင်း page တော်တော်များများ ခိုးခံနေရလို့ မေးကြည့်လိုက်ရင် အခုလို Phishing Link ထိတာကြည့်ပဲ...Phishing Link ဆိုတာက...
14/08/2022

ဒီရက်ပိုင်း page တော်တော်များများ ခိုးခံနေရလို့ မေးကြည့်လိုက်ရင် အခုလို Phishing Link ထိတာကြည့်ပဲ...
Phishing Link ဆိုတာကတော့ အလွယ်ပြောရ ရင် Hack link ပေါ့ အဲ့ link ကိုနှိပ်မိရင် အကောင့်ပါသွားတာများတယ်။ link တွေရဲ့အလုပ်လုပ်ပုံကတစ်ခုနဲ့တစ်ခုမတူပါဘူး။ တချို့ link တွေဟာ တော်တော်ကြီးကို ကောင်းတယ်။ ဟုတ်ပြီဒါကတော့ထားပါတော့ အခုပြောချင်တာက Security ပိုင်းကိုအဓိကပြောမှာမို့ link အကြောင်းဆက်မပြောတော့ဘူး။ facebook အကောင့် noti မှာ အောက်ကလိုပုံမျိုးတို့ တခြားပုံစံတူ တွေပို့လာရင်ဘာမှမဝင်ပဲမသိချင်ယောင်သာဆောင်နေလိုက်ပါ။ တစ်ချို့သူခိုးတွေဟာဆိုရင် Facebook team က ပို့သလိုမျိုးဟန်ဆောင်တတ်တယ် သူတို့ page နာမည်ကိုလဲ facebook security team တို့ဘာတို့ စသဖြင့် facebook team နာမည်တွေကိုသုံးပြီး ပို့ကြတာ။ သူခိုးတွေဘယ်လောက်တော်တော် သေချာကြည့်ရင်သိနိုင်တယ် သူတို့ ပို့တဲ့ noti ဟာ ကိုယ့် Page ကိုမန်းရှင်းခေါ်ထားတဲ့အဆင့်ပဲရှိတယ်။ သူတို့အသုံးများဆုံးစာကတော့ ကိုယ့် page ကိုမကြာချင်မှာ အပြီးဖျက်တော့မယ်ဘာညာပြောမယ် အဲ့လိုအဖျက်မခံချင်ရင်သူတို့ပေးတဲ့ link ကနေပြီး verify လုပ်ပါဘာညာဆိုပြီး ဖြဲခြောက်မှာပါ။ အဲ့မှာ ကြောက်ကြောက်နဲ့ သူတို့ပေးတဲ့ link ထဲဝင်မိသွားရင်တော့ page ပါသွားဖို့ ရာခိုင်နှုန်းအရမ်းကိုများသွားပါပြီ။ ဒါပေမယ့် သူတို့က ချက်ချင်းကြီးတော့ page ထဲက နေကိုယ့်ကို မထုတ်ဘူး အဲ့တော့ အဲ့လို link တွေနှိပ်မိသွားရင် အကောင့်တွေ Page တွေကို security check လုပ်ပါလို့ပြောချင်ပါတယ်။
Facebook team ဟာ ဘယ်သောအခါမှ အကောင့်တွေ page တွေကို မန်းရှင်းမခေါ်ပါဘူး။ သူတို့သတိပေးချင်တဲ့စာတွေကို support inbox ထဲကနေသတိပေးတာတို့ ကို wall ထဲဝင်လိုက်တာနဲ့ noti လေးပြနေတာတို့ကနေပဲပြပါတယ် ပြီးတော့ ဘယ် link ကနေမှ ဘာမှမလုပ်ခိုင်းပါဘူး။

လက်တလော ကိုယ်အဆင်ပြေနေတာလေးကိုမျှဝေပေးအုံးမယ်။Page မှာပဲဖြစ်ဖြစ် အကောင့်မှာပဲဖြစ်ဖြစ် video တင်တဲ့အခါတို့ Live လွှင့်တဲ့...
14/08/2022

လက်တလော ကိုယ်အဆင်ပြေနေတာလေးကိုမျှဝေပေးအုံးမယ်။
Page မှာပဲဖြစ်ဖြစ် အကောင့်မှာပဲဖြစ်ဖြစ် video တင်တဲ့အခါတို့ Live လွှင့်တဲ့အခါတို့မှာ Sound Copy Right ငြိတဲ့အခါ အခုလိုလေးရွေးပေးပြီး Additional details နေရာမှာ အောက်ကစာလေးကိုရေးပြီး ပို့လိုက်ပါ။
အသံပြန်ပွင့်လာပါလိမ့်မယ် ...
Disclaimer: I do not own the music in this video. It is for entertainment purposes. No copyright infringement intended.
So check carefully.

28/06/2022

Test broadcast

ဒီရက်ပိုင်းအမေးများနေတဲ့ Merge Pages ဘယ်လိုလုပ်ရမလဲဆိုတာလေးဒီနေ့အားတုန်းမို့တင်ပေးလိုက်ပါ့မယ်...Merge Pages ဆိုတာကတော့ မ...
17/06/2022

ဒီရက်ပိုင်းအမေးများနေတဲ့ Merge Pages ဘယ်လိုလုပ်ရမလဲဆိုတာလေး
ဒီနေ့အားတုန်းမို့တင်ပေးလိုက်ပါ့မယ်...
Merge Pages ဆိုတာကတော့ မိမိမှာ ရှိတဲ့ Page နှစ်ခုကို တစ်ခုတည်းဖြစ်အောင်ပေါင်းစည်းခြင်းပဲဖြစ်ပါတယ်။
(ဥပမာ အနေနဲ့ပြောရ ရင် မိမိမှာ Smile ဆိုတဲ့ Like 5000 Page ရယ်၊ Smile Lay ဆိုတဲ့ Like 10000 Page ရယ် နှစ်ခုရှိတယ်ဆိုပါတော့-
အဲ့ဒီလိုနှစ်ခုရှိတဲ့ထဲက မိမိက Smile ဆိုတဲ့ Like 5000 page ကိုမသုံးတော့ဘူး Smile Lay ဆိုတဲ့ Like 10000 page ပဲသုံးတော့မယ်ဆိုရင် Like 5000 ပါတဲ့ page ကိုဖျက်ပြီး ဒီဘက်က like 10000 ဆီကိုသွားပေါင်းမှာပဲဖြစ်ပါတယ်။ အဲ့လိုလုပ်လိုက်ရင် ဒီဘက်က Smile Lay က Like 15000 ဖြစ်သွားမှာပါ။)
ဒါကိုဘယ်လိုလူတွေလုပ်သင့်လဲဆိုတော့ Page Quality red ဖြစ်ပြီး Danger Zone ဖြစ်နေတဲ့ Page တွေကအခုလိုလုပ်သင့်ပါတယ်။
ဒီလို Merge Pages လုပ်မယ်ဆိုရင် လိုအပ်ချက်လေးတွေတော့ရှိပါတယ်။
1. Page နှစ်ခုလုံးဟာ နာမည်ဆင်နေရပါမယ်။
2. Page နှစ်ခုလုံးဟာ Business Owner တစ်ယောက်တည်းရဲ့လက်အောက်မှာပဲရှိရပါမယ်။
3. အောက်မှာပေးထားတဲ့ link ကိုနှိပ်ပါ။
4. "Source Page" နေရာမှာ မိမိဖျက်ပစ်တော့မည့် Page ကိုရွေးပါ။
5. "Destination Page" နေရာမှာ မိမိ သုံးမည့် Page ကိုရွေးပြီး Continue ကိုနှိပ်ပြီး page နှစ်ခုပေါင်းစည်းနိုင်ပါသည်။
https://www.facebook.com/pages/merge

IT City
IT Solution and Social Media Services

Facebook Live Sales လုပ်နေတဲ့သူအတွက် အင်တာနက်လိုင်းကောင်းနေဖို့ဟာ ဘာ့ကြောင့်အရေးပါသလဲ ?ဒါကတော့ လူတော်တော်များများသိချင်န...
28/03/2022

Facebook Live Sales လုပ်နေတဲ့သူအတွက် အင်တာနက်လိုင်းကောင်းနေဖို့ဟာ ဘာ့ကြောင့်အရေးပါသလဲ ?
ဒါကတော့ လူတော်တော်များများသိချင်နေကြတဲ့အဖြေတစ်ခုပါပဲ။
Live လွှင့်တဲ့အခါ အင်တာနက်လိုင်းကောင်းနေဖို့ကတော်တော်လိုအပ်ပါတယ် ဘာ့ကြောင့်လဲဆိုတော့ လွယ်လွယ်နဲ့မှတ်မိလွယ်အောင်ပြောရမယ်ဆိုရင်တော့
၁။ ကိုယ့်ဘက်မှာ လိုင်းကောင်းနေမှ ကြည့်ရှုသူအဖို့လဲ ကြည့်ရတာအဆင်ပြေမှာပါ။
၂။ ကိုယ်ပြချင်တဲ့ပစ္စည်းကိုလဲ ကြည့်ရှုတဲ့သူဘက်မှာ Video Quality 720 တို့ 1080 တို့ 2K, 4K စသဖြင့်ကြည့်ရှုလို့ရမှာလဲဖြစ်ပါတယ်။
၃။ ကိုယ့်ရဲ့ Live ဟာ တခါတလေ တစ်ခြားသူဘက်မှာ Sponsored နဲ့ပေါ်လာတက်ပါတယ် ဒီတော့သူတို့ကစိတ်ဝင်စားလို့ ကိုယ့်ရဲ့ Live ကိုကြည့်နေရင် ကိုယ့်ဘက်က လိုင်းကျသွားတဲ့အခါသူတို့ကဆက်မကြည့်ဖြစ်တော့ပဲ Newfeed ကိုဆက်သုံးတာမျိုးလဲဖြစ်သွားတတ်ပါတယ်။
ဒါကတော့ အကြမ်းဖျင်း ကြုံတွေ့ရတတ်တာလေးတွေကိုပြောသွားတာပါ
ဒါ့ကြောင့် Live sales သမားတွေအနေနဲ့ Internet Line ကိုကောင်းကောင်းဖြစ်အောင်သုံးဖို့လိုအပ်ပါတယ် ဥပမာ - Wifi mb မြင့်မြင့်နဲ့သုံးတာတို့၊ VPN ကို Premium Version ဝယ်သုံးတာမျိုးတို့၊ Live ကို Resolution မြင့်မြင့်နဲ့ လွှင့်တာမျိုးတို့ကို လုပ်ဆောင်ကြဖို့တိုက်တွန်းပါတယ်။

မိမိတို့လုပ်ငန်းနှင့်ပတ်သက်ပြီး Digital Marketing အကြောင်းအရာတွေကို ကျွန်တော်တို့ IT CITY ကုမ္ပဏီမှ အတွေ့အကြုံ (7) နှစ်သက်တမ်းရှိကျွမ်းကျင်ပညာရှင်များနဲ့ တိုက်ရိုက် (အခမဲ့) ဆွေးနွေးလိုပါက အောက်ပါ Form ကိုဖြည့်ပြီး ဆွေးနွေးနိုင်ပါသည်။
https://forms.gle/rPjZsptMjpGc3LHn6

ဒီ Post ကိုရေးမယ် ရေးမယ်နဲ့ မအားတာနဲ့ အခုမှပဲရေးနိုင်တော့တယ်ဒီရက်ပိုင်း Page တော်တော်များများ မှာ live လွှင့်တဲ့အခါ view...
19/03/2022

ဒီ Post ကိုရေးမယ် ရေးမယ်နဲ့ မအားတာနဲ့ အခုမှပဲရေးနိုင်တော့တယ်
ဒီရက်ပိုင်း Page တော်တော်များများ မှာ live လွှင့်တဲ့အခါ view ကျတာတွေ post မှာ like နဲ့ reach ကျတာတွေဟာ ဘာ့ကြောင့်ဖြစ်တာလဲဆိုပြီးလာလာမေးကြတယ်။
မိမိ Page မှာ အပေါ်ကပြောသလို view ကျတာ like ကျတာ reach ကျတာတွေဖြစ်လာပြီဆိုရင်တော့ အောက်မှာပြောမယ့်အကြောင်းအရာလေးတွေကိုစစ်ဆေးကြည့်ပါ....
1. Page Quality စစ်ပါ။
Page Quality နီနေရင်လဲ ကျတတ်ပါတယ်။
2. Reach Down နေလားစစ်ပါ။
Reach Down နေရင်လဲ ကျတတ်ပါတယ်။
(ဒီပြဿနာကို ကိုယ်တိုင်ဖြေရှင်းချင်ရင်တော့ https://www.facebook.com/SKK.Itcity/posts/126219386563454 Link က Post အတိုင်းလိုက်လုပ်ကြည့်ပါ)
3. Target Setting ကို မိမိ Page နဲ့သက်ဆိုင်တဲ့ဟာကိုသေချာချိန်ပါ။
4. မကြာမကြာ Boost လုပ်ပါ။
ဘာ့ကြောင့်လဲဆိုတော့ လက်တလောအနေအထားအရ Mobile data တွေက အရင်ကထက်အဆမတန်တက်သွားတာဖြစ်တဲ့အတွက် Viewer ကတော့ သေချာပေါက်ကျသွားမှာပါ
5. Live လွှင့်တဲ့အခါ အချိန်ကိုတစ်သတ်မှတ်တည်းမလွှင့်ပါနဲ့။
ဥပမာပြောရရင် ကိုယ်လွှင့်မည့် Live က ၄ နာရီကြာမယ်ဆိုရင် အပိုင်းနှစ်ပိုင်းလောက်ခွဲလွှင့်ပါ။ နောက်ပြီး ရက်ကို Saturday မှာ ဘယ်အချိန်လွှင့်မယ် Sunday မှာဘယ်အချိန်လွှင့်မယ်ဆိုပြီးလွှင့်ပါ။ ပြီးရင် ဘယ်နေ့ဘယ်အချိန်ကလူပိုတက်တယ်ဆိုတာကိုမှတ်ထားပြီး အဲ့ဒီအချိန်တွေကိုရွေးလွှင့်ပါ။
6. Page မှာ post တင်တဲ့အခါမှာလဲ အကောင့်တစ်ခုတည်းကနေမတင်ရဘူး တခြား admin တို့ editor တို့ကရော မျှတင်ပေးရပါမယ်။
အထက်ကပြောတာတွေကိုသေချာစစ်ဆေးလို့အားလုံးကောင်းပေမယ့် view ကျတာ like ကျတာ reach ကျတာ တွေဖြစ်နေသေးတယ်ဆိုရင်တော့ သင့်ရဲ့ Marketing level နဲ့ပဲသက်ဆိုင်သွားပါပြီ လူကြိုက်များပြီး trend ဖြစ်မယ့်အသုံးနှုန်းတွေကိုသုံးပါ။ ဈေးရောင်းနေတာကြည့်ပဲမဟုတ်ပဲ ဟာသ Post လေးတွေ၊ knowledge post လေးတွေကိုလဲတင်ပါ။ Reach အတက်မြန်တဲ့ poll post လေးတွေတင်တာမျိုးတွေ၊ Video တွေ Photo တွေကို Carousel နဲ့တင်တာမျိုးတွေ မကြာမကြာလုပ်ပါ။
page တစ်ခုအောင်မြင်ဖို့ဆိုတာက ရှုထောင့်ပေါင်းစုံကပြည့်စုံရပါတယ်။ နည်းပညာပိုင်းတစ်ခုတည်းနဲ့လဲမရသလို Marketing ပိုင်းတစ်ခုတည်းနဲ့လဲမရပါဘူး ဒီတော့ Page ကိုအသုံးပြုပြီးစီးပွားရှာမယ်ဆိုရင်တော့ အမြဲတမ်းစူးစမ်းလေ့လာပြီး လက်တွေ့အသုံးချကြည့်ပါ။
တစ်ခုသတိပြုထားရမှာက Mobile Data ဈေးတွေအဆမတန်တက်သွားတာကြောင့်ရယ် လက်တလော Facebook ရဲ့ပေါ်လစီအရ ကျန်းမာရေးနဲ့ပတ်သက်တဲ့သတင်းအချက်အလက်ကိုသာ ပထမဦးစားပေးအနေနဲ့ပြသနေတာဖြစ်လို့ Viewer က အကျဘက်မှာပဲရှိတယ်ဆိုတာလေးကို ကြိုတွေးထားပြီး ဖြေသိမ့်ကြပါလို့ပဲပြောပါရစေ....

"သင့်လုပ်ငန်းကို အရင်းနှီး ၁၀၀,၀၀၀ ကျပ်တည်းနဲ့ ယခုပဲစတင်လိုက်ပါ..."တိုးတက်လာတဲ့ Digital ခေတ်ကြီးထဲမှာ သင့်လုပ်ငန်း သူမျာ...
05/02/2022

"သင့်လုပ်ငန်းကို အရင်းနှီး ၁၀၀,၀၀၀ ကျပ်တည်းနဲ့ ယခုပဲစတင်လိုက်ပါ..."

တိုးတက်လာတဲ့ Digital ခေတ်ကြီးထဲမှာ သင့်လုပ်ငန်း သူများထက်နောက်မကျစေဖို့ ယခုပဲ
IT City နှင့်လက်တွဲလိုက်ပါ။
တိုးတက်နေတဲ့ ယနေ့ခေတ်မှာ လူ ၁၀၀ မှာ ၉၀% လောက်က Social Media တစ်ခုဖြစ်တဲ့
Facebook ကိုအသုံးပြုလာကြတဲ့အချိန်မှာ သင့်လုပ်ငန်းဟာ အပြင်မှာပဲရပ်တည်နေတုန်းပဲလား ??
ရုံးခန်းထဲ၊ ဆိုင်ခန်းထဲ၊ အိမ်ထဲမှာနေပြီး သင့်လုပ်ငန်းကို တိုးချဲ့ကြည့်သင့်တယ်လို့ သင်မထင်မိဘူးလား ??
အလွှာအသီးသီးဟာ Social Media ပေါ်မှာ လုပ်ငန်းလုပ်နေချိန် သင်ဘာတွေ တွေဝေနေအုံးမှာလဲ ??
သင့်ရဲ့လုပ်ငန်းဟာ Social Platforms တစ်ခုဖြစ်တဲ့ Facebook ပေါ်မှာ အောင်မြင်ကျော်ကြားပြီး နေရာတစ်ခုကို
ရောက်ရှိနေစေဖို့....
လုပ်ငန်းသုံး Facebook Business Page တစ်ခုလိုအပ်နေပြီလား ??
ဒါဆိုရင်တော့ ခင်ဗျားတို့ရဲ့ လိုအပ်ချက်တွေကို အချိန်တိုအတွင်း ကျွန်တော်တို့ IT City ကဖြည့်ဆည်းပေးပါရစေ။
လူကြီးမင်းတို့ လိုချင်သော Facebook Business Page တစ်ခုကို (ယခင်ဈေး ၂၀၀,၀၀၀ ကျပ်) ကို ယခုဈေး မြန်မာငွေကျပ် ၁၀၀,၀၀၀ ကျပ်တည်းနဲ့ ကျွန်တော်တို့ IT City မှ ဖွင့်လှစ် ဝန်ဆောင်မှုပေးပါရစေ....
ဒီ Package မှာကလဲ ပေးရတဲ့ တန်ဖိုးထပ် ပိုမိုရနိုင်မည့် ဝန်ဆောင်မှုလေးတွေကိုလဲအောက်မှာကြည့်ရှုနိုင်ပါတယ်။

1. သင့်လုပ်ငန်းနှင့်ကိုက်ညီသော page အသစ်ဖွင့်ပေးခြင်း။
2. သင့်လုပ်ငန်းနှင့်ကိုက်ညီသော Page Setting များကို ချိန်ညှိပေးခြင်း။
3. Message Setting နှင့် ပတ်သက်သော Auto Reply စနစ်ထည့်သွင်းပေးခြင်း။
4. page မှာ Standard ရှိသော Shop Menu ထည့်သွင်းပေးခြင်း။
5. Facebook Business Page တစ်ခုမှာ ရှိသင့်သော Information Setting များကို ချိန်ညှိပေးခြင်း။
6. မိမိတင်သမျှ Post တိုင်းဟာ Target ထိစေဖို့ Setting ချိန်ညှိပေးခြင်း။
7. Facebook Business Page တစ်ခုမှာ ရှိသင့်သော Other Setting များကိုသေသပ်စွာ ချိန်ညှိပေးခြင်း။
8. မိမိ ဆိုင်လိပ်စာ၊ ရုံးလိပ်စာ၊ အိမ်လိပ်စာ များကို Google Map မှာ Create လုပ်ပေးခြင်း။
9. မိမိ Page နှင့်ကိုက်ညီပြီး လှပသော Profile Photo Design ရေးဆွဲပေးခြင်း။
10. မိမိ Page နှင့်ကိုက်ညီပြီး လှပသော Cover Photo Design ရေးဆွဲပေးခြင်း။
11. မိမိ Brand မိမိ Page အတွက်မရှိမဖြစ်လိုအပ်သော Logo Design (png) ကိုအကောင်းဆုံးရေးဆွဲပေးခြင်း။
12. မိမိ Post ကို Standard ရှိရှိ တင်နိုင်ဖို့ Post Photo Design ကို (၃) ပုံရေးဆွဲပေးခြင်း။
13. မိမိ Post ကို Standard ရှိရှိ တင်နိုင်ဖို့ Content Writing (၃) ပုဒ်ရေးသားပေးခြင်း။
14. မိမိ Page ကိုပဲ Promote လုပ်လုပ်၊ Post ကိုပဲ Boost လုပ်လုပ် 5$ စာပြုလုပ်ပေးခြင်း။
15. မိမိ Page ကို Full Control ပြုလုပ်နိုင်ဖို့ Business Manager Account Create ပြုလုပ်ပေးခြင်း။

ဒါ့အပြင် ကျွန်တော်တို့ IT City မှ ပြုလုပ်ပေးလိုက်တော့ Facebook Business Page ဟာ အသုံးပြုသူအမှားကြောင့်မဟုတ်ပဲ အလိုလျောက် Error ဖြစ်ပေါ်လာပါက ရာသက်ပန် (အခမဲ့) ပြန်လည်ပြုပြင်ပေးခြင်း၊ အသစ်ပြန်လည်ဖန်တီးပေးခြင်း များကိုပါ ဆောင်ရွက်ပေးမှာဖြစ်လို့ အခုပဲ ကျွန်တော်တို့ IT City နှင့်လက်တွဲလိုက်ပါ....

* page reach down solution *Reach Down တယ်ဆိုတာကတော့ ကိုယ့်ရဲ့ page မှာ Reach တွေကျသွားတာတို့ view တွေ...
17/01/2022

* page reach down solution *
Reach Down တယ်ဆိုတာကတော့ ကိုယ့်ရဲ့ page မှာ Reach တွေကျသွားတာတို့ view တွေကျသွားတာတို့ like တွေကျသွားတာတို့ကိုပြောတာပါ
ဒီလို Reach Down သွားရင်တော့ ကိုယ့် Page မှာ ပထမဆုံးပုံကလို ရာခိုင်နှုန်းအနီလေးနဲ့ပြနေမှာပါ ဒီလိုပြသနေပြီဆိုရင်တော့ Reach တွေ ကျလာပြီဖြစ်လို့ အခုနည်းလမ်းအတိုင်းလုပ်ဖို့လိုပါတယ်။
အောက်မှာ Link နှစ်ခုနဲ့ facebook team ကိုပို့ဖို့အတွက် စာစီပေးထားပါတယ်
Link (1) ကိုနှိပ်ရင် ပုံ (1) ကလိုပြသပါလိမ့်မယ်...
1. Web address (URL) of Page ဆိုတဲ့နေရာမှာ ကိုယ့် page ရဲ့ Link ကိုထည့်ပေးပါ>
2. Detailed description နေရာမှာ အောက်မှာပေးထားတဲ့ စာလေးကို Copy ယူပြီးထည့်ပါ။
3. Choose Files နေရာမှာ မိမိ Page မှာပြသနေတဲ့ Reach Down နေတဲ့ပုံလေးကို Screenshot လေးထည့်ပေးပြီး Send ကိုနှိပ်ပေးပါ။
ပြီးရင် Link (2) ကိုနှိပ်ပါ....
Link (1) ကိုနှိပ်ရင် ပုံ (2) ကလိုပြသပါလိမ့်မယ်...
1. I want to report an issue with Pages ဆိုတာကိုရွေးပါ။
2. Subject နေရာမှာ page reach down problem ဆိုပြီးထည့်ပါ။
3. Description of the issue နေရာမှာ အောက်မှာပေးထားတဲ့ စာလေးကို Copy ယူပြီးထည့်ပါ။
4. Choose Files နေရာမှာ မိမိ Page မှာပြသနေတဲ့ Reach Down နေတဲ့ပုံလေးကို Screenshot လေးထည့်ပေးပြီး Send ကိုနှိပ်ပေးပါ။
Links 👇👇
1. https://facebook.com/help/contact/164405897002583
2. https://facebook.com/help/contact/306836472662147
Text to send 👇👇
Dear Facebook Support Team,
For a few days my Official Page post have not been going to my Page Followers timeline so they are not getting any post again and I do not get any like comments & Share on my Official page posts. Do solved as quickly as possible.



Facebook အကောင့်တုတစ်ခုကို report တင်တော့မယ်ဆိုရင် အောက်က Link ကိုသုံးပါ အဲ့ဒီ link ကိုနှိပ်လိုက်တာနဲ့1. Someone is usin...
29/12/2021

Facebook အကောင့်တုတစ်ခုကို report တင်တော့မယ်ဆိုရင် အောက်က Link ကိုသုံးပါ အဲ့ဒီ link ကိုနှိပ်လိုက်တာနဲ့
1. Someone is using my email address on their account
2. Someone created an account for my business or organisation
3. Someone created an account pretending to be me or a friend
ဆိုပြီးစာသုံးကြောင်းပေါ်လာပါမယ် ဒီနေရာမှာ ကိုယ် rp မဲ့အကောင့်က ကိုယ့်ပုံကိုယူသုံးတာလား၊ ကိုယ့်သူငယ်ချင်းပုံကိုယူသုံးတာလား ဒါမှမဟုတ် အခြားသက်ဆိုင်ရာကိုရွေးပေးပါ။
ဒီနေရာမှာတော့ကျွန်တော်က ကိုယ့်သူငယ်ချင်းပုံကိုယူသုံးနေတဲ့အကောင့်တစ်ခုကို rp တင်နည်းပြောပြပေးပါ့မယ်။
၁။ အပေါ်ကပြောခဲ့တဲ့ စာသုံးကြောင်းမှာ နံပါတ်(၃) ကိုရွေးပေးပါ။
၂။ ပြီးသွားရင် No ကိုနှိပ်ပေးပါ။
၃။ ပြီးသွားရင် No, but I'm the authorised representative of the person being impersonated (e.g. parent or legal guardian) ဆိုတာလေးကိုနှိပ်ပေးပါ။
၎။ ပြီးရင် Your full name နေရာနဲ့ Your contact email address နေရာမှာ မိမိအကောင့်အချက်အလက်ထည့်ပါ။
၅။ ပြီးရင် Email address or mobile phone number listed on the impostor profile (if available) ဆိုတဲ့နေရာမှာ ကိုယ် rp တင်ချင်တဲ့အကောင့်ရဲ့ email သိရင်ထည့်ပေးပါ မသိရင်လဲမထည့်ပေးပါနဲ့။
၆။ ပြီးရင် Your ID(s) or the ID(s) of the person who you're authorised to represent နေရာမှာ အကောင့်အစစ်ဖြစ်သော မိမိသူငယ်ချင်းရဲ့ ID ကိုထည့်ပေးပါ။
၇။ ပြီးရင် Link (URL) to the impostor profile နေရာမှာ အကောင့်တုရဲ့ Profile link ကိုထည့်ပေးပါ။
၈။ Additional info နေရာမှာတော့ အကောင့်တုရဲ့ လုပ်ဆောင်ပုံတွေ နှောက်ယှက်ပုံတွေကိုထည့်သွင်းရေးသားပေးပါ။
၉။ ပြီးသွားရင် Send ကိုနှိပ်လိုက်ပါ။
ဒီနေရာမှာပြောချင်တာက facebook က တခါတလေမှာ အကောင့်တုရဲ့ကျူးလွန်တဲ့အပြစ်ကိုမတွေ့တာပဲဖြစ်ဖြစ် အကောင့်စစ်က ID မတင်ထားတာပဲဖြစ်ဖြစ် အကောင့်တုကိုချက်ချင်း Lock မချသေးပဲ မိမိဆီကို Email အနေအချက်အလက်ထပ်မေးတာမျိုးတွေရှိပါတယ်။
အကယ်၍ Email မှာ ထပ်မေးခဲ့ရင် အောက်ကစာသားလေးကို သက်ဆိုင်ရာ Link တွေထည့်ပြီး Reply တင်ပေးလိုက်ပါ။
(Dear Sir,
Let me report to you an account that repeatedly violates Facebook Community Standards.
The account is a picture and name of my friend of mine. Harassment by using picture and names.
Now my friend is under threat to deactivate his personal facebook account.
Now I will include my friend Facebook URL along with this email.
Please review my friend harassing account as soon as possible.
Here is a screenshot from his fake facebook account and some of his harassing posts.
My Friend real Facebook account URL -
Facebook Fake Account URL -
Personal Attack Post URL-)
https://www.facebook.com/help/contact/295309487309948

Facebook ရဲ့ ID Confirm ပြဿနာက တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ လူအများစုဖြစ်တာတဲ့။ဒီကိစ္စကို သူတို့ဘက်က သီးသန့်အဖွဲ့ဖွဲ့ ပြီး အေ...
02/12/2021

Facebook ရဲ့ ID Confirm ပြဿနာက တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ လူအများစုဖြစ်တာတဲ့။
ဒီကိစ္စကို သူတို့ဘက်က သီးသန့်အဖွဲ့ဖွဲ့ ပြီး အကောင်းဆုံးပြင်ဆင်နေတယ်တဲ့။
အကောင့်ထဲကသူတွေလဲ ကိုယ့်အကောင့်လေးတွေကိုယ်သေချာလေးစစ်ကြည့်ကြအုံးဟေ့ ID တွေပြန်ပြုတ်နေလားလို့

Facebook ရဲ့ ဝှက်ဖဲFacebook အကောင့်တစ်ခုဟာ သာမာန်အားဖြင့်တော့ရိုးရှင်းပေမယ့်၊ တကယ်တမ်းထဲထဲဝင်ဝင် ကြည့်မယ်ဆိုရင် သူ့မှာ ဝ...
01/12/2021

Facebook ရဲ့ ဝှက်ဖဲ
Facebook အကောင့်တစ်ခုဟာ သာမာန်အားဖြင့်တော့ရိုးရှင်းပေမယ့်၊ တကယ်တမ်းထဲထဲဝင်ဝင် ကြည့်မယ်ဆိုရင် သူ့မှာ ဝှက်ဖဲအချို့ရှိတယ် အဲ့ဒါကတော့ Ads Account နဲ့ Business Manager Account ဆိုပြီး နှစ်ခုရှိသေးတယ်။

ပထမဝှက်ဖဲကတော့ တော်တော်များများသိကြမှာပါ
Page တွေမှာ Promote လုပ်တာတွေ Boost တွေလုပ်တာတွေသုံးမယ်ဆိုရင်တော့ ID Confirm ဖြစ်အောင်လုပ်ပြီးမှ သုံးလို့ရမယ် အဲ့လိုမလုပ်ပဲသုံးမယ်ဆိုရင် Ads Account ဟာ Disabled ဖြစ်သွားမှာပါ။ Ads Account Disabled ကိုပြန်ဆယ်မယ်ဆိုရင် ရက် 30 အတွင်းပဲဆယ်လို့ရမယ်။ ရက် 30 ကျော်သွားရင်တော့ Advertising Access Permanently Restricted ဖြစ်သွားတော့မှာပါ။
(Facebook Account ID Confirm ဖြစ်နေရင်တောင်မှ ADS Account ဟာ Disabled ဖြစ်တတ်ပါသေးတယ်)

ဒုတိယဝှက်ဖဲကတော့ Business Manager Account ပဲဖြစ်ပါတယ်။
Business Manager Account တော့ သက်သက်ထပ်ဖွင့်ရတာပဲဖြစ်တယ်။
Business Manager Account ကဘာတွေအသုံးဝင်လဲဆိုရင်တော်တော်လေးကိုအသုံးဝင်တယ်။
Page ပေါင်းဆယ်ချီပြီးတော့ Full Control လုပ်နိုင်တယ်၊ ကိုယ့်ရဲ့ အကောင့်တွေကိုလဲ အခြားလူကို contorl လုပ်ခိုင်းလို့ရသလို ကိုယ်ကလဲ အခြားသူရဲ့ အကောင့်တွေကို control လုပ်နိုင်တယ်။
Page တွေ Hack ခံရတဲ့အခါမှာလဲ Business Manager Account ကနေပြန်ဆယ်လို့ရတယ်၊ ပြီးတော့ မြန်မာပြည်အနေနဲ့တော်တော်အသုံးဝင်တဲ့အချက်ကတော့ Page မှာ Shop Menu ထည့်တာတွေ ကြော်ငြာလုပ်တာတွေမှာ တော်တော်လေးကိုမိုက်ပါတယ်။
Page Quality ကိုလဲကောင်းကောင်းထိန်းချုပ်နိုင်တယ်။
ဒါပေမယ့် User အများစုက Business Manager Account ကိုဖွင့်တာလွယ်လွယ်ပဲဖွင့်တတ်ကြပြီး အထဲက Information ကိုသေချာမချိန်ထားရင်တော့ ကျွန်တော်စောစောကပြောသလို ကောင်းကောင်းကိုင်တွယ်နိုင်မှာမဟုတ်ပါဘူး။

Blue Badge / Blue Mark ဘယ်လိုလျှောက်မလဲ ?ဘလူးမတ်၊ ကိုယ့်နာမည်ဘေးမှာ အပြာခြစ်လေး လျှောက်မယ်ဆို လုပ်ရမယ့် အချက်လေးတွေပါ။==...
29/11/2021

Blue Badge / Blue Mark ဘယ်လိုလျှောက်မလဲ ?

ဘလူးမတ်၊ ကိုယ့်နာမည်ဘေးမှာ အပြာခြစ်လေး လျှောက်မယ်ဆို လုပ်ရမယ့် အချက်လေးတွေပါ။
================

"ဘယ်လိုလူတွေ ရနိုင်သလဲ"

⚠️ သတင်းမီဒီယာ သမားတွေ
⚠️ အားကစား သမားတွေ
⚠️ အစိုးရလူကြီးပိုင်းနဲ့ နိုင်ငံရေးသမားတွေ
⚠️ ဂီတ အနုပညာရှင်
⚠️ ဖက်ရှင်နဲ့ သက်ဆိုင်သူတွေ
⚠️ ဖျော်ဖြေရေးသမားတွေ (မင်းသား၊ မင်းသမီး၊ မော်ဒယ် စတာတွေ အကျုံးဝင်ပါမယ်)
⚠️ blogger/influencer (နာမည်ကြီးပုဂ္ဂိုလ်တွေ၊ အွန်လိုင်းဆယ်လီတွေလည်း ပါပါလိမ့်မယ်)
⚠️ gamer
⚠️ global business/brand/organization (ဒါကတော့ page မှ ရမယ် ထင်တယ်)
================

"Follower အနည်းအများနဲ့ ဆိုင်လား"
ဘလူးမတ်ရဖို့ဆို follower နည်းတား၊ များတာတို့
နောက်ပြီး like, comment, share နည်းများ၊ များတာတွေကို မကြည့်ပါဘူး။
သို့ပေမဲ့ ကိုယ်ကတော့ well-known ဖြစ်ရပြီး ကိုယ့်နာမည်ကို သူများက search မှာ ခဏခဏ အရှာခံရဖို့တော့ လိုပါတယ်။
================

"ဘယ်လိုလျှောက်ရမလဲ"

အောက်မှာပေးထားတဲ့ link ထဲကနေ လျှောက်ရမှာပါ။
https://m.facebook.com/help/contact/342509036134712
===============

"လျှောက်ပုံ လျှောက်နည်း"

⚠️ page or profile ကို ရွေးပါ။ လူအကောင့်/ပါစင်နယ်အကောင့်ဆို ပရိုဖိုင်ကိုရွေးပါ။

⚠️ ကိုယ့် profile link ကို ထည့်ပေးပါ။ ဥပမာ ကျွန်တော်ဆိုရင် www.facebook.com/SKK.itcity

⚠️ အပေါ်မှာ ပြောဖူးတဲ့ category ကို ရွေးရပါမယ်။ ကိုယ်က ဘယ်ထဲ အကျုံးဝင်မလဲ ကိုယ့်ပါကိုယ် ဆုံးဖြတ်ပါ။

⚠️ Myanmar လို့ ဖြည့်ပါ

⚠️ ID ဓါတ်ပုံ ထည့်ပေးရပါမယ်။ အစိုးရက ထုတ်ပေးထားတဲ့ ကားလိုင်စင် or passport ပေါ့။

⚠️ နောက်ထပ် ထပ်ဖြည့်ရမှာက ဘာကြောင့် ဘလူးမတ်လိုချင်တာလဲ ဆိုတာပါ၊ (၃)ကွက် ဖြည့်ရပါတယ်။ အောက်(၂)ကွက်က ဖြည့်လည်းရတယ်၊ မဖြည့်လည်းရပါတယ်။ အဲဒီမှာ ကိုယ့်အကြောင်း အကျဉ်းကျုံး၊ ကိုယ်နဲ့သက်ဆိုင်တဲ့ သတင်း link တွေရှိလည်း တခါတည်း ဖြည့်ပေးလိုက်ပါ။
===============

"ဘာတွေပြင်ဆင်ထားသင့်လဲ"

⚠️ blue mark လျှောက်တာ reject ထိပြီးရင် ရက် (၃၀) နေမှ ပြန်လျှောက်လို့ရပါတယ်။ ခဏခဏ သွားဂျီကျနေလို့ မရပါဘူး။

⚠️ ကိုယ့်အကြောင်း သတင်းဆောင်းပါးတွေ ရှိဖူးရင်၊ လူသိများတဲ့ အစီအစဉ်တွေမှာ ပါဖူးရင် သိပ်ကောင်းပါတယ်။ အဲဒီအကြောင်းတွေပါ တွဲဖော်ပြသင့်ပါတယ်။

⚠️ ကိုယ်က printed media ဖြစ်တဲ့ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေထဲမှာ ပါဖူးရင်လည်း အများကြီးအသုံးတည့်ပါတယ်။

⚠️ အနုပညာရှင်တွေဆိုရင်တော့ wiki မှာသာ ကိုယ့်နာမည်၊ ကိုယ့်အကြောင်းရှိရင် အထောက်အကူပြုပါတယ်။

ဆယ်ရက်ကျော်ပြီ Facebook ဟာ Error တက်နေတာဘာပြစ်မှုမှမကျူးလွန်တဲ့အကောင့်တွေ၊ page တွေကို Disabled လုပ်တာတွေရှိသလို Ads တွေ...
25/11/2021

ဆယ်ရက်ကျော်ပြီ Facebook ဟာ Error တက်နေတာ
ဘာပြစ်မှုမှမကျူးလွန်တဲ့အကောင့်တွေ၊ page တွေကို Disabled လုပ်တာတွေရှိသလို Ads တွေကျတာတွေလဲရှိတယ်။
ဟော အခုဆို ID တင်တဲ့နေရာတွေမှာပါ Error ပါလာပါပြီ။
ID တင်တဲ့အခါမှာ အလွန်ဆုံးကြာရင် 48 နာရီပါ အဲ့အချိန်တွင်းမှာ ID Confirm ဖြစ် မဖြစ်ကိုအကြောင်းပြန်ရမှာပါ။
အောက်ကပုံမှာပဲကြည့်ပါ ဘယ်ဘက်အပေါ်မှာသူပြောထားတာ 48 နာရီစောင့်ပါတယ် In Review ပြနေပါတယ်။ ပြီးရင် ပုံရဲ့ ညာဘက်အောက်ခြေနားကိုကြည့်ပါ Date of Submission နေရာမှာကြည့်ပါ ID တင်ထားတာ 21 ရက်နေ့ကတည်းကပါ နာရီနဲ့တွက်မယ်ဆိုရင် 96 နာရီတောင်ရှိပါပြီ အခုထိ In Review ပြတုန်းပါ ဒါတွေကိုကြည့်မယ်ဆိုရင် Fb ဘက်မှာ error တွေရှိနေပြီဆိုတာတွေ့ပါလိမ့်မယ် ဒီတော့ အခုရက်ပိုင်းမှာ အကောင့်တွေကို မလိုအပ်ပဲ ဝင်လိုက်ထွက်လိုက်လုပ်တာတွေ ဟိုပြောင်းဒီပြောင်းလုပ်တာတွေကိုရှောင်ပါ ဂရုတစ်စိုက်နဲ့သုံးကြပါလို့ပြောပါရစေ။




လက်တလေ အကောင့်တော်တော်များများဟာ ဘာပေါ်လစီမှမငြိပဲ  Disabled တွေထိကြပါတယ်။ဒီလို Disabled ကျတဲ့အခါမှာ နှစ်မျိုးပြပါတယ် "Yo...
17/11/2021

လက်တလေ အကောင့်တော်တော်များများဟာ ဘာပေါ်လစီမှမငြိပဲ Disabled တွေထိကြပါတယ်။
ဒီလို Disabled ကျတဲ့အခါမှာ နှစ်မျိုးပြပါတယ် "Your account has been disabled" ဆိုတာရဲ့အောက်မှာ "Go to Help Center" လို့ပြန်နေရင်တော့ အကောင့်ဟာ ရက်(၃၀) အတွင်းပြန်လည်ဆယ်ယူလို့ရပါတယ်။
"Your account has been disabled" ဆိုတာရဲ့အောက်မှာ "Download your information" ဆိုပြီးပြနေရင်တော့ အကောင့်က ပြန်လည်ဆယ်ယူလို့မရတော့ပါဘူး။
ဒါပေမယ့် အခုလက်တလေ Facebook ရဲ့ Error တွေကြောင့် အကောင့်အများစုဟာ ဘယ်လို Disabled ကျနေပါစေ ပြန်ဆယ်လို့မရတာတွေဖြစ်ပါတယ်။ ဘယ်လို Error ဖြစ်နေသလဲဆိုရင် "Go to Help Center" ကိုနှိပ်ပြီး "use this form to request a review" မှာ မိမိ ID Card နဲ့ အချက်အလက်တွေကိုဖြည့်ပြီး "Send" ကိုနှိပ်တဲ့အခါ "We could not process your request. Please try again later" ဆိုပြီးပြလာပါတယ်။
ဒီ Error က Facebook ဘက်ကဖြစ်တာ ဖြစ်လို့ သူတို့ကိုတော့ ကျွန်တော်တို့ဘက်ကအကြောင်းကြားထားပါတယ်။
မိမိအကောင့်ဟာ ID တင်ထားသည်ဖြစ်စေ မတင်ထားသည်ဖြစ်စေ၊ ပေါ်လစီနဲ့ ငြိတာဖြစ်စေ မငြိတာဖြစ်စေ လက်တလောအခြေနေဟာ အကောင့်တွေ အချိန်မရွေး Disabled ကျသွားနိုင်တာမို့ မိမိအကောင့်တွေအပေါ်မှာ အရမ်းကြီး ယုံထားပြီး သတင်းအချက်အလက်တွေကို အကောင့်ထဲမှာ ထားတာမျိုးတွေမလုပ်ကြပါနဲ့လို့ သတိပေးပါရစေ...

Facebook ရဲ့ Error ကြောင့်လို့တော့ထင်တယ် ဘာပေါ်လစီမှ မငြိတဲ့ အကောင့်တွေလဲ Disabled ကျတာပါပဲ
15/11/2021

Facebook ရဲ့ Error ကြောင့်လို့တော့ထင်တယ် ဘာပေါ်လစီမှ မငြိတဲ့ အကောင့်တွေလဲ Disabled ကျတာပါပဲ

ရှယ်ပလန် နဲ့ ရှယ်တန်တာလေးကို လက်မလွတ်ရအောင် အခုပဲ လက်တွဲလိုက်တော့နော် ...
08/11/2021

ရှယ်ပလန် နဲ့ ရှယ်တန်တာလေးကို လက်မလွတ်ရအောင် အခုပဲ လက်တွဲလိုက်တော့နော် ...

page Post ကို Boost လုပ်တဲ့အခါ Rejection ဖြစ်မသွားအောင်၊ Ads Account ထိမသွားအောင် ကိုယ့်ရဲ့ပုံတွေကို အောက်က Lin...
06/11/2021

page Post ကို Boost လုပ်တဲ့အခါ Rejection ဖြစ်မသွားအောင်၊ Ads Account ထိမသွားအောင် ကိုယ့်ရဲ့ပုံတွေကို အောက်က Link မှာ အရင်စစ်ပါ။
Ads Policy အရ ပုံပေါ်မှာ စာရေးသားထားတာက ပုံတစ်ခုလုံးရဲ့ 20% အစိတ်အပိုင်းထိပဲခွင့်ပြုပါတယ်။
Link ထဲကိုဝင်တဲ့အခါ အောက်ကပုံလိုပြပါမယ်။
1. ဘယ်ဘက်အပေါ်က Choose File ဆိုတာကိုနှိပ်ပြီး မိမိ boost လုပ်မယ်ပုံကိုထည့်ပါ။
2. မိမိ ပုံပေါ်တွင်ပါသောစာနေရာလေးတွေကို လိုက်ထောက်ပါ။
3. ညာဘက်အပေါ်မှာ ".....% of your image contains text" ဆိုပြီး မိမိပုံရဲ့ စာသားရာခိုင်နှုန်းပေါ်လာပါမည်။ (အဖြေဟာ 20% ကျော်နေပါအဲ့ အဲ့ဒီပုံကို Boost မလုပ်သင့်ပါ)

http://www.social-contests.com/check-image/



ကျေးဇူးတင်လွှာ...ကျွန်တော်တို့ရဲ့ IT City (IT Solution and Social Media Services) ကိုယုံကြည်စွာ လက်တွဲလုပ်ကိုင်ပေးပါသော ...
04/11/2021

ကျေးဇူးတင်လွှာ...
ကျွန်တော်တို့ရဲ့ IT City (IT Solution and Social Media Services) ကိုယုံကြည်စွာ လက်တွဲလုပ်ကိုင်ပေးပါသော ကျေးဇူးရှင် Customer ကြီးများအား ကျေးဇူးအထူးတင်ရှိပါသည်။
လူကြီးမင်းတို့ရဲ့လုပ်ငန်းများလဲ အတိုင်းထက်အလွန်အောင်မြင်ကြပါစေကြောင်းဆုမွန်ကောင်းများတောင်းပေးလိုက်ပါတယ်ခင်ဗျာ...
လူကြီးမင်းများရဲ့ လုပ်ငန်းနှင့်ပတ်သက်သော Page များ၊ Website များ၊ Blogs များ၊ Mail များ တွင် Ads နှင့်ပတ်သက်သော ဝန်ဆောင်မှုများ၊ Error များကို ဖြေရှင်းလိုပါက ကျွန်တော်တို့ရဲ့ Page လေးကို ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ ချိုသာသောဈေးနှုန်း ကောင်းမွန်ပြီးပြည့်စုံသော ဝန်ဆောင်မှုများနဲ့ နွေးထွေးစွာကြိုဆိုပါတယ်...





Facebook အနေနဲ့ ယခုထပ်ပိုမိုတင်းကြပ်တဲ့ စည်းမျဉ်း၊ စည်းကမ်းတွေကို ထပ်မံချမှတ်အုံးမည်ဖြစ်သည်။ဘာ့ကြောင့်လဲဆိုတော့ Facebook...
03/11/2021

Facebook အနေနဲ့ ယခုထပ်ပိုမိုတင်းကြပ်တဲ့ စည်းမျဉ်း၊ စည်းကမ်းတွေကို ထပ်မံချမှတ်အုံးမည်ဖြစ်သည်။
ဘာ့ကြောင့်လဲဆိုတော့ Facebook ကုမ္ပဏီ ဝန်ထမ်းဟောင်းတဦးဖြစ်တဲ့ Frances Haugen က Facebook ကုမ္ပဏီဟာ အမုန်းတရား ပြန့်ပွားအောင် သတင်းအချက်အလက် ဖြန့်ဝေတာတွေကို မသိကျိုးကျွံပြုခဲ့ပြီး Facebook သုံးစွဲသူ လူငယ်တွေရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေသလို သတင်းမှားတွေကိုဖြန့်ဝေတဲ့ လူမှုကွန်ယက် ဖြစ်နေခဲ့တယ်ဆိုပြီး အမေရိကန်လွှတ်တော်မှာ အောက် တိုဘာလ ပထမပတ်အတွင်းက ထွက်ဆိုခဲ့တာပါ။
Meta လို့ နာမည်ပြောင်းလဲခဲ့တဲ့ Facebook ကုမ္ပဏီက သူတို့ကုမ္ပဏီနဲ့ ပတ်သက်လို့ ပေါက်ကြားခဲ့တဲ့ မူဝါဒပိုင်းဆိုင်ရာ အားနည်းချက်တွေ ရှိနေတယ်ဆိုတဲ့ အစွပ်စွဲခံရတဲ့ ကိစ္စတွေကို ပြန်လည် ပြင်ဆင် ပြီးပြီဖြစ်တဲ့အကြောင်းနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ သင်ခန်းစာယူခဲ့တဲ့အကြောင်း ပြန်လည် ရှင်လင်းပါတယ်။

" မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဖြစ်ပျက်ခဲ့တာတွေကို ကျနော်တို့ အပြင်းအထန် လေ့လာပြီး သင်ခန်းစာယူခဲ့ပါတယ်။ အဲဒီ မှာ ကျနော်တို့ ဘာမှားခဲ့သလဲ၊ သီးခြား လွတ်လပ်တဲ့ အစီရင်ခံစာတွေကို ကျနော်တို့ကိုယ်တိုင် မျက်စိဖွင့်ပြီး လေ့လာခဲ့တာပါ " လို့ ကယ်လီဖိုးနီးယား ပြည်နယ်ကနေ ဗွီဒီယို ကွန်ဖရန်စ်နဲ့ ကျင်းပတဲ့ Web Summit အစည်းအဝေးမှာ Meta ကုမ္ပဏီ ဒုဥက္ကဋ္ဌ Nick Clegg က ပြောဆိုသွားခဲ့ပါတယ်။

page Qualitay ဘာ့ကြောင့်နီသလဲ ??အခုရက်ပိုင်း User တော်တော်များများသိချင်နေတဲ့ မေးခွန်းလေးကို ဒီနေ့ အားတုန်းလေး ...
03/11/2021

page Qualitay ဘာ့ကြောင့်နီသလဲ ??
အခုရက်ပိုင်း User တော်တော်များများသိချင်နေတဲ့ မေးခွန်းလေးကို ဒီနေ့ အားတုန်းလေး တင်ပေးပါရစေ။
page Quality ရဲ့ အရောင် (၃) မျိုးအကြောင်းကိုတော့ ပြီးခဲ့တဲ့ Post မှာတင်ပေးခဲ့ပြီဖြစ်လို့ ထပ်ပြီးမရှင်းပြတော့ပါဘူး။

page Quality နီ သွားရင် ဘာတွေဖြစ်နိုင်လဲဆိုတော့ -
၁။ မိမိ page ဟာ အချိန်မရွေး Unpublished ဖြစ်သွားနိုင်ပါတယ်။
၂။ မိမိ page မှာ တင်သမျှအရာတွေမှာ Reached ကျသွားနိုင်ပါတယ်။

page Quality နီတဲ့နေရာမှာ နီတဲ့ပုံစံက (၂) မျိုးရှိပါတယ် အောက်ကပုံတွေမှာ ကြည့်ရှုနိုင်ပါတယ်။

ပုံ (၁) ကလိုနီတာကတော့ မိမိ page ရဲ့ Admin တစ်ယောက်ယောက်က Facebook Community Standards နဲ့ မကိုက်ညီတဲ့ အကြောင်းအရာ တစ်ခုခုကို တင်မိလို့ နီသွားခြင်းပဲဖြစ်ပါတယ်။ (အဲ့ဒီ Admin ရဲ့ အကောင့်ဟာလဲ ၃ရက်၊ ၇ရက်၊ ၁ လ ဘမ်းခံရမှာပါ)
ပုံ (၂) ကလိုနီတာကတော့ မိမိ page ရဲ့ Admin တစ်ယောက်ယောက်က Page ကို နာမည်ပြောင်းတာတွေ နဲ့ တခြားပြောင်းလဲတာတွေမှာ Facebook Community Standards အတိုင်း မပြောင်းလဲတာတွေကြောင့် နီသွားခြင်းပဲဖြစ်ပါတယ်။

ပုံ (၁) ကလို Page Quality နီ တာဆိုရင်တော့ ဖြေရှင်းချိန်ဟာ အချိန်ပိုကြာပါတယ်။ အဲ့ဒီအကြောင်းအရာကိုတင်တဲ့ Admin ရဲ့ အကောင့် ဘမ်းခံရတာ ပြန်ရပြီးမှ Page ကိုဖြေရှင်းလို့ရတာများပါတယ်။(ဒါကအများစုပေါ့နော်)
ပုံ (၂) ကလို Page Quality နီ တာဆိုရင်တော့ ဖြေရှင်းချိန်ဟာ ပိုမြန်ပါတယ်။ page Monetization Issues တွေကိုဖြေရှင်းပြီး ပြန်ရတာရှိသလို၊ Admin Access ယူပြီးလဲဖြေရှင်းလို့ရပါတယ်။

ဒါ့ကြောင့် မိမိ page Quality ဟာ ဘယ်လိုပုံစံမျိုးနဲ့ နီသွားတယ်၊ ဘာ့ကြောင့်နီသွားတယ်ဆိုတာကိုတော့ မိမိအနေနဲ့ သေချာသိဖို့တော့လိုပါတယ်။
အားလုံးအဆင်ပြေကြပါစေ။



* page Quality ကနေပြောတဲ့ သင့် Page အကြောင်း *page Quality မှာဆိုရင် အလွယ်ပြောရ ရင်တော့ အရောင် (၃) မျိ...
01/11/2021

* page Quality ကနေပြောတဲ့ သင့် Page အကြောင်း *

page Quality မှာဆိုရင် အလွယ်ပြောရ ရင်တော့ အရောင် (၃) မျိုးရှိပါတယ်။
၁။ အစိမ်း
(page Quality မှာ အစိမ်းရောင်ဖြစ်နေရင်တော့ ဒါဟာ ပုံမှန်ပါပဲ Page မှာ ဘာပြဿနာမှမရှိပါဘူး။)

၂။ အဝါ
(page Quality မှာ အဝါရောင်ဖြစ်နေရင်တော့ ပြဿနာနဲနဲရှိနေပါပြီး သဘောကတော့ Warning ဖြစ်နေတာပါ။)

၃။ အနီ ဆိုပြီးရှိပါတယ်။
(page Quality မှာ အနီရောင်ဖြစ်နေရင်တော့ မိမိ Page ဟာ ပြဿနာလုံးဝရှိနေပါပြီ။ အချိန်မရွေးပျက်သွားနိုင်ပါတယ်)

page Quality တွေ ဘာ့ကြောင့် ဝါရသလဲ၊ နီရသလိုဆိုတာကတော့အကြောင်းအရာအများကြီးရှိတာဖြစ်လို့ အောက်က Link မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://transparency.fb.com/my-mm/policies/community-standards/




အများပြောပြီး အပြောများနေတဲ့ Location Lock၊ တစ်နည်းအားဖြင့်ပြောရ ရင် Device မတူလို့ကျတဲ့ Lock.စောက်ကလေးတစ်သိုက် ဒီ Lock ...
30/10/2021

အများပြောပြီး အပြောများနေတဲ့ Location Lock၊ တစ်နည်းအားဖြင့်ပြောရ ရင် Device မတူလို့ကျတဲ့ Lock.
စောက်ကလေးတစ်သိုက် ဒီ Lock လေးကိုဆယ်နိုင်ပြီး ဂုဏ်ဆာပြနေလို့ ဆယ်နည်းပြောပြလိုက်ပြီနော်...
Facebook ရဲ့ Security တွေဟာကောင်းလာတာနဲ့အမျှ အသုံးပြုသူတွေရဲ့ လုံခြုံရေးကိုပါ ဦးစားပေးလာတာပဲဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ ဒီ Lock တွေဟာ ဘာ့ကြောင့်ကျရသလဲဆိုရင် -
1. VPN ပြောင်းလဲအသုံးပြုခြင်း။
2. ဖုန်းတစ်လုံးနှင့်တစ်လုံးပြောင်းလဲအသုံးပြုခြင်း။
3. အကောင့်ကို ဝင်လိုက်၊ ထွက်လိုက် ခနခနလုပ်ခြင်း။
4. အခြား Device တစ်ခုနဲ့ အကောင့်ဝင်လိုက်မိခြင်း။
ဒီ Lock ကျသွားပြီဆိုရင် ဘာမှမဆိုးရိမ်ပါနဲ့ သင်ကိုယ်တိုင်ပဲမျက်စိမှိတ်ပြီးဆယ်နိုင်ပါတယ်။
ဒီ Lock ကျသွားပြီဆိုရင် ပုံထဲကလိုပြပါတယ်။
1. အဲ့နေရာမှာ Continue ကိုနှိပ်လိုက်ပါ။
2. ပြီးသွားရင် Facebook ကသင့်ကိုမေးလာပါလိမ့်မယ်...
- Google Account နဲ့ ပြန်ဝင်မှာလား
- Gmail ထဲကို Code ပို့ပြီး အဲ့ Code ကိုဖြည့်ပြီးပြန်ဝင်မလား
- Phone Number ထဲကို Code ပို့ပြီး အဲ့ Code ကိုဖြည့်ပြီပြန်းဝင်မလား
- 3 လအတွင်း သင်မန့်ထားတဲ့ Comment 4 ခုကိုရွေးပေးပြီးပြန်ဝင်မလား
- သင့်အကောင့်မှာ ပေးထားတဲ့ မွေးနေ့ကိုရွေးပေးပြီးပြန်ဝင်မလား
- သင့်အကောင့် ဝင်ဖူးတဲ့ Device တစ်ခုနဲ့ ပြန်ဝင်မလား
- သင့်ရဲ့ ID ကို Upload ပြုလုပ်ပြီး ပြန်ဝင်မလား
- သင့်ရဲ့ Fri 5 ယောက်အကောင့်ကိုရွေးပေးပြီး ပြန်ဝင်မလား
အစသဖြင့် သူမေးချင်တာကိုမေးပါတယ် တစ်ကောင့်နဲ့ တစ်ကောင့် မေးတာချင်းမတူလို့ ပုံတော့မတင်ပေးတော့ဘူးနော်။
ဒီလိုမေးလာပြီဆိုရင် ကိုယ်မှတ်မိတာနဲ့ပြန်ဝင်ယုံပဲ။
ဖြစ်ဖြစ်ချင်းမှာ ဘယ်လိုမှဝင်မရဘူး သူမေးတာတွေလဲမဖြေနိုင်ဘူးဆိုရင်တော့ သုံးရက်လောက်နေမှ နဂိုဝင်သုံးနေကျ Device တစ်ခုနဲ့ ပြန်ဝင်ပေးလိုက်ပါ ဒါဆိုအဆင်ပြေသွားမှာပါ။

Page အသစ်ဖွင့်တဲ့အနေနဲ့ 30% Off*** မိမိရဲ့ page ကိုစိတ်ချမ်းချမ်းသာသာနဲ့သုံးစွဲချင်သူတွေအတွက် ****** မိမိရဲ့ Fa...
25/10/2021

Page အသစ်ဖွင့်တဲ့အနေနဲ့ 30% Off
*** မိမိရဲ့ page ကိုစိတ်ချမ်းချမ်းသာသာနဲ့သုံးစွဲချင်သူတွေအတွက် ***
*** မိမိရဲ့ page ဟာ ခနခန Error တက်နေသူတွေအတွက် ***
*** Online Shop ကိုအခက်အခဲမရှိလုပ်ကိုင်လိုသူတွေအတွက် ***
ကျွန်တော်တို့ IT City ရဲ့ * Digital Marketing & Facebook Services * မှာ ပက်ကေ့ချ်တစ်ခုချင်းစီထက် အများကြီးပိုတန်တဲ့
Maintaining a page (1 Month Plan) ကို ပုံမှန်ဈေး (100000Ks) ကို 30%Off ဈေး (70000Ks) တည်းနဲ့ဝယ်ယူလို့ရပါပြီနော်...
ဒီ Plan မှာဘာတွေပါလဲဆိုရင် -
(1). Page Setting
- Message Setting
- Shop Menu
- Info Setting
- Target Setting
- Other Setting
(2). Google Map
(3). Profile Photo
(4). Cover Photo
(5). Logo (png)
(6). Live Logo Frame
(7). Boost Service ($ Not included)
(8). Messenger Bot
(9). Any Error Maintaining (1 Month)
(10). Business Manager Account Create
စတာတွေပါဝင်တဲ့အပြင် Online နဲ့ပတ်သက်သောမည်သည့်အခက်ခဲကိုမဆို ကျွန်တော်တို့ကုမ္ပဏီမှဝန်ထမ်းများနှင့် ဆွေးနွေးတိုင်ပင်နိုင်မှာပါ။ ဒီထဲက အချက် ( 3 )
လောက်နဲ့တင် တန်နေပါပြီနော်။
မေတ္တာလက်ဆောင်အနေနဲ့ Blogs Site တစ်ခုကိုလဲ ပြုလုပ်ပေးသွားပါအုံးမယ်နော်...
အသေစိတ်သိချင်တာရှိရင် Page Messenger ကိုလာရောက်မေးမြန်းနိုင်ပါတယ်နော်...

အခုရက်ပိုင်း အကျများနေတဲ့ Facebook Security Lock တစ်မျိုး " Your Account Has Been Locked" ဆိုတာ-ဒီ Lock တွေဘာ့ကြောင့်ကျရ...
24/10/2021

အခုရက်ပိုင်း အကျများနေတဲ့ Facebook Security Lock တစ်မျိုး " Your Account Has Been Locked" ဆိုတာ-
ဒီ Lock တွေဘာ့ကြောင့်ကျရသလဲ ??
ဒီလော့တွေဘာ့ကြောင့်ကျရသလဲဆိုရင် အရင်ကကျွန်တော်တို့နိုင်ငံဟာ Facebook ကို VPN မလိုပဲသုံးနိုင်တယ် အခုတော့ VPN တွေနဲ့မှသုံးလို့ရတယ် ဒီလို VPN သုံးလိုက်ပြီဆိုရင် Location ကအရင်ကလိုမတူတော့တဲ့အတွက် Facebook က စသတိထားမိပါပြီ ဒီအကောင့်ဟာ အရင်လူပဲသုံးနေတာလားဒါမှမဟုတ်တစ်ခြားနိုင်ငံကလူကဝင်သုံးနေတာလားဆိုပြီး။ ဒီလို VPN ချိတ်ထားတဲ့အချိန်မှာ နာမည်ပြောင်းတာ၊မွေးနေ့ပြောင်းတာ၊ ဖုန်းနံပါတ်ပြောင်းတာ၊ အီးမေးလ်ပြောင်းတာတွေရှိလာခဲ့ရင်တော့ ဒီလော့အမျိုးအစားကိုချပါတယ်။ ပြီးတော့ VPN Location မတူခဲ့ရင်လဲ ဒီလော့ကိုချတတ်သေးတယ်။ ဥပမာ - အစက Turbo VPN ကို Location က စင်္ကာပူနဲ့သုံးနေရာကနေ တခြား VPN ပြောင်းသုံးတာ နိုင်ငံပြောင်းသုံးတာမျိုးပေါ့။
ဒီ Lock ကိုဘယ်လိုဖြည်မလဲ ??
ဒါကတော့လွယ်ပါတယ် ဒီလော့တွေစကျတဲ့အချိန်မှာ ပုံ (A) ကလိုပြပါမယ် အဲ့အချိန်မှာ အရင်စဉ်းစားရမှာက အကောင့်ကိုဖွင့်ထားတာ Email လားဖုန်းနံပါတ်နဲ့လား စဉ်းစားပါ ပြီးရင် မွေးနေ့ကိုစဉ်းစားပါ အားလုံးစဉ်းစားပြီး အဲ့ဖုန်းကဒ်တွေ အီးမေးလ်တွေ ကိုယ့်ဆီမှာရှိတယ်မှတ်မိတယ်ဆိုမှဖြည်ပါ။ စဖြည်မယ်ဆိုရင် Get Started ကိုနှိပ်ပါ။ ဒီနေရာမှာပြောချင်တာက အကောင့်တစ်ခုနဲ့နစ်ခုကဖြည်ရပုံချင်းမတူနိုင်ပါဘူး ဖုန်းနံပါတ်နဲ့ဖွင့်ထးတဲ့အကောင့်ဆိုရင် ဖုန်းနံပါတ်မေးမယ်ပြီးရင်အဲ့ဖုန်းထဲကို SMS ကနေကုတ်ပို့မယ် အီးမေးလ်နဲ့ဖွင့်ထားတဲ့အကောင့်ဆိုရင် အဲ့အီးမေးလ်ကို ကုတ်ပို့မယ် အဲ့ကုတ်ကိုဖြည့်ပေးရမယ် မွေးနေ့လဲမေးတတ်တယ် ကိုယ့်အကောင့်မှာပေးထားတဲ့ မွေးနေ့ကိုထည့်ပေးရမယ်၊ တခါတလေ ကိုယ့်အကောင့်ဟာ TC ခံထားတယ်ဆိုရင် အဲ့ TC ခံထားတဲ့သူငယ်ချင်းတွေဆီကို ကုတ်ပို့တတ်ပါတယ် သူပို့လာတဲ့ကုတ်ကိုဖြည့်ပေးပြီး ပါတ်ဝက်ချိန်းခိုင်းတတ်ပါတယ် အဲ့အချိန်ပါတ်ဝက်ချိန်းပေးပြီးရင် Go to Newfeed ကိုနှိပ်တာနဲ့ အကောင့်ထဲရောက်ပါမယ်။ ကိုယ့်အကောင့်ရဲ့ ဘာ Information မှမစုံပဲ လော့ဖြည်မိရင်တော့ ပုံ (😎 ကလိုပြောင်းသွားတတ်တယ် အဲ့ဒါဆိုရင်တော့ အကောင့်မှာ ပေးထားတဲ့ မွေးနေ့နာမည်တူတဲ့ ID Card လိုသွားပါပြီ။ တခါတလေ ပုံ (😎 ကလိုပြနေလို့ဖြည်ရခက်သွားရင် ကိုယ့်အကောင့်မှာ Admin ယူထားတဲ့ Page ကနေလဲပြန်ဖြည်လို့ရပါတယ်။
ဒီ Lock တွေမကျအောင်ဘယ်လိုဂရုစိုက်မလဲ ??
ကိုယ့်အကောင့်ကို ကိုယ်သုံးနေကြဖုန်းမှာပဲသုံးပါ
ကိုယ်သုံးနေကြ VPN ကိုပဲသုံးပါ
မလိုအပ်ပဲ နာမည်ပြောင်းတာ၊ မွေးနေ့ပြောင်းတာ၊ အီးမေးလ်ပြောင်းတာ၊
ဖုန်းနံပါတ်ပြောင်းတာတွေမလုပ်ပါနဲ့။
အားလုံးအစဉ်ပြေကြပါစေနားမလည်တာရှိရင်လဲ ဘာမှမလုပ်ရသေးခင်လာရောက်မေးမြန်းနိုင်ပါတယ်။

23/10/2021

Address

Mandalay

Telephone

+959777660555

Website

Alerts

Be the first to know and let us send you an email when It City posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to It City:

Share


Other Social Media Agencies in Mandalay

Show All

You may also like