29/11/2021
Page Promote နှင့် Page like ပြဿနာ
ဒီအကြောင်းအရာကတော့ Page မှာလူတော်တော်များများမေးကြတဲ့အကြောင်းအရာလေးပါ။
ဒီအကြောင်းအရာလေးကိုအားလုံးသိအောင်ပြောပြပေးလိုက်ပါတယ်။
ပထမဆုံးအနေနဲ့ Boost ရဲ့သဘောတရားကိုနားလည်ထားရပါမယ်။
Fb team အနေနဲ့ သူတို့ကိုပိုက်ဆံပေးပြီးကြော်ငြာခိုင်းတဲ့အခါ Fb သုံးစွဲနေသူတွေရဲ့
Nf မှာ sponsored ဆိုတဲ့ စာသားလေးနဲ့သွားပြပေးမှာပါ။
Boost နည်းတွေအများကြီးရှိပေမဲ့ အခြေခံအားဖြင့်တော့
Page ကို boost တာ (Page promote)
Post ကို Boost တာ (post boost) ဆိုပြီး ၂မျိုးရှိပါတယ်။
Post မှာလဲ
Engagement နဲ့
Get message ဆိုပြီးနှစ်မျိုးထပ်ကွဲပါသေးတယ်။
ကိုယ့် post ကိုလူများများမြင်စေချင်တယ်ဆိုရင် Engagement နဲ့ boost သင့်ပြီး
Post အကြောင်းလာမေးတဲ့သူများစေချင်ရင်တော့ Get message နဲ့ boost သင့်ပါတယ်။ Get message နဲ့ boost ဖို့အတွက် post မှာ send message button လေးထည့်ဖို့လဲမမေ့ကြပါနဲ့။ အဲ့တာလေးမပါရင် message နဲ့ တစ်ချို့ post တွေမှာboost လို့မရလို့ပါ။
လူကြီးမင်းတို့အနေနဲ့ Page ကို boost သည်ဖြစ်စေ၊ Post ကို Engagement ၊ message တက်စေရန် boost သည်ဖြစ်စေ Boost ရဲ့သဘောတရားအရ တက်လာမဲ့ Like အရေအတွက်၊ စာအရေအတွက်ကို အတိအကျ ပြောလို့မရပါဘူး။
ဒါပေမဲ့သုံးထားတဲ့ $ amount အရလူဘယ်နယောက်စီရောက် လောက်တယ်ဆိုတာတော့ ခန့်မှန်းလို့ရပါတယ်။
ဒါပေမဲ့ တက်လာမဲ့ Like အရေအတွက်၊ စာအရေအတွက်က ကိုယ့် post ရဲ့
products အမျိုးအစား
ဝယ်လိုအား
စျေးကွက်အခြေအနေ
post ရဲ့ဆွဲဆောင်နိုင်အား( content, graphic design... etc)
ဒါမျိုးတွေနဲ့လဲသက်ဆိုင်ပါတယ်။ ဒီအခြေအနေတွေအကုန်လုံး ကောင်းတယ်ဆိုရင် ခန့်မှန်းတာထက်တောင်ပိုတဲ့ ရလဒ်ကိုရနိုင်သလို၊ အခြေအနေမကောင်းတဲ့အခါ ခါတိုင်းထက်အနည်းငယ်ပဲ ပိုရောင်းရတာမျိုးလဲ ဖြစ်တတ်ပါတယ်။
Boost လုပ်တိုင်းရောင်းအားကောင်းမှာမဟုတ်ပေမဲ့ ရောင်းအားကောင်းဖို့တော့ Boost လုပ်ပေးဖို့လိုပါတယ်။ Boost လုပ်တာနဲ့ Result ကောင်းလာမှာမဟုတ်ပဲ ကိုယ့် products, post ရဲ့အနေအထားနဲ့လဲသက်ဆိုင်ပါတယ်ဆိုတာလေး sharing လုပ်ပေးလိုက်ရပါတယ်။
အားလုံးပဲ စီးပွားရေးတွေကောင်းမွန်ကြပါစေ။