Dilo Digital Marketing

Dilo Digital Marketing ဒီလို Service ပေးတဲ့ Digital Marketing Agency
" No Profit, No Service Charge "
(3)

1 လပိုင်း 1 ရက်နေ့ဟာ Dilo Digital Marketing အတွက် ထူးခြားတဲ့နေ့ပါ 🌟လွန်ခဲ့တဲ့သုံးနှစ် ဒီလိုရက်မျိုးမှာ ‘ Dilo ‘ ဆိုတဲ့ န...
01/01/2025

1 လပိုင်း 1 ရက်နေ့ဟာ Dilo Digital Marketing အတွက် ထူးခြားတဲ့နေ့ပါ 🌟

လွန်ခဲ့တဲ့သုံးနှစ် ဒီလိုရက်မျိုးမှာ ‘ Dilo ‘ ဆိုတဲ့ နာမည်
ခပ်ဆန်းဆန်းနဲ့ Marketing Agency တစ်ခုဟာ Facebook Platform ပေါ်မှာ ရုတ်တရက်ပေါက်ဖွားလာခဲ့ပါတယ်။

လူငယ်တွေဦးစီးတဲ့ Agency ပေါက်စဆိုပြီး
အကောင်းမြင်စိတ်တွေနဲ့
- ကောင်းတာတွေဆို ပိုပြော
- လိုအပ်ချက်တွေ့ရင် ထောက်ပြ
အဆင်ပြေတဲ့အချိန်တွေ ပြန်ညွှန်းပေးပြီး
အဆင်မပြေတဲ့အချိန် ခပ်တိုးတိုးကြိတ်ဆုံးမခဲ့ကြတဲ့
Client တွေရဲ့ကျေးဇူးကို အမြဲအောက်မေ့မိပါတယ်။
Dilo Digital Marketing ရယ်လို့ ပီပီပြင်ပြင်ဖြစ်လာအောင် နိုင်တဲ့ဝန်ကို ဝိုင်းထမ်းပေးခဲ့ကြတဲ့ ထမ်းပေးနေဆဲဖြစ်တဲ့ ဝန်ထမ်းများအားလုံးကိုလည်း အခွင့်ကြုံတိုင်း ကျေးဇူးတင် ချီးကျူးမိမြဲပါ။

တန်ဖိုးထားချစ်ခင်ရတဲ့ အသိမိတ်ဆွေတွေကနေတစ်ဆင့် Dilo Digital Marketing နဲ့သင့်မြတ်ပေါင်းဖက်တဲ့ Client တွေတဖွဲဖွဲရလာပြီး

လူလေးငါးယောက်နဲ့ စတင်ခဲ့တဲ့
Agency ပေါက်စကနေ - >
လူဆယ့်လေးငါးယောက်ကို
လစာကောင်းကောင်းပေးနိုင်တဲ့
Agency အတိုင်းအတာထိ ဖြစ်ထွန်းလာခဲ့ပါတယ်။

Online ကနေ - >မန္တလေးရုံး
မန္တလေးရုံးကနေ - > ရန်ကုန်ထိပါရုံးတွေ တိုးချဲ့ service ပေးနိုင်ခဲ့ပါတယ်။

လူကြီးမင်းတို့ လုပ်ငန်းတွေကို service ပေးရတာ ဂုဏ်ယူသလို ဂုဏ်ယူရတဲ့ စီးပွါးရေးလုပ်ငန်းတွေကို service ပေးနိုင်ခဲ့တဲ့အတွက်လည်း တကယ်ကျေနပ်ပိတီဖြစ်ရပါတယ်။
ဒီသုံးနှစ်တာခရီးမှာ Client အများစုအတွက်အကျိုးအမြတ်များစွာ ရှာပေးနိုင်ခဲ့သလို
အမှားများစွာလည်း ကျွန်တော်တို့လုပ်မိခဲ့ပါတယ်။

Dilo ရဲ့ “ No Profit , No Service Charge “ ကတိစကားအတိုင်း အမြတ်မရရင် Service Charge မပေးပဲ
ပြုပြင်သင့်တာတွေဆက်လမ်းညွှန်ပေးပါလို့ ပန်ကြားရင်း
သုံးနှစ်မှစ နောက်နှစ်ပေါင်းသုံးဆယ်တိုင်အောင် လူကြီးမင်းတို့အတွက် အကျိုးအမြတ်များစွာရှာပေးချင်ပါသေးတယ်ဗျ။

Dilo Digital Marketing ရဲ့ မိတ်ဟောင်း မိတ်သစ်
Dilo Digital Marketing ရဲ့ ဝန်ထမ်းဟောင်း ဝန်ထမ်းသစ်များအားလုံး 2025 မှာ စိတ်ရောကိုယ်ပါ ရွှင်လန်းချမ်းမြေ့ကြပါစေ…။


ဒီနှစ်ရဲ့ New Year ကတော့ CEO သဘောကောင်းလို့ ပိတ်ရက် 3 ရက်တောင် ရထားပါတယ်ဗျ 🙂‍↕️ဒါကြောင့် Client လေးတို့လည်း Dilo နဲ့ အတူ...
28/12/2024

ဒီနှစ်ရဲ့ New Year ကတော့ CEO သဘောကောင်းလို့ ပိတ်ရက် 3 ရက်တောင် ရထားပါတယ်ဗျ 🙂‍↕️

ဒါကြောင့် Client လေးတို့လည်း Dilo နဲ့ အတူတူ ခဏတာ အနားယူရင်း 2025 ကို တူတူကြိုကြရအောင်နော် ✨

2024 တစ်နှစ်တာလုံး Dilo နဲ့လက်တွဲရင်း ငွေတွေသိမ်းခဲ့ရတာ ပင်ပန်းပြီဆိုတော့ ခု 3 ရက်လောက် Me Time ပေးပြီး နှစ်သစ်မှာ အလှပဆုံး ပွဲဦးပြန်ထွက်ကြမယ်ဗျို့ 🫶🏻

Happy New Year to you All 🤍


🎅🏻 Santa ဘိုးဘိုးဆီ လိုရာဆုတောင်းတဲ့ Christmas အချိန်ကောင်းလေး ရောက်လို့လာပြီနော် ✨နားရက်မက်တဲ့ Dilo Staff လေးတွေကတော့ C...
24/12/2024

🎅🏻 Santa ဘိုးဘိုးဆီ လိုရာဆုတောင်းတဲ့ Christmas အချိန်ကောင်းလေး ရောက်လို့လာပြီနော် ✨

နားရက်မက်တဲ့ Dilo Staff လေးတွေကတော့ Christmas နေ့လေးမှာ Do Not Disturb Mode နှိပ်ပြီး အပီအိပ်တော့မှာပါဗျို့ 🤓

ဒါမှ အိပ်မက်ထဲမှာ Santa နဲ့တွေ့ပြီး “ Dilo Client ကြီးတို့ စီးပွါးလာဘ်လာဘများ ဒီရေအလားတိုးပွါးကာ Service တွေ ပိုပိုအပ်နိုင်ပါစေ” လို့ ဆုတောင်းလို့ရမှာပေါ့ ဟုတ်ဘူးလား… 😉


👨🏻‍💻မနက်ခင်းဆို ဒိုးဒိုးဒေါက်ဒေါက် Reply ရောက်သလောက် … ၅ နာရီကျော်ရင် ပျောက်ခြင်းမလှ ပျောက်ကုန်ကြတာ ဘာကြောင့်ပါလိမ့် 💬နဂ...
10/12/2024

👨🏻‍💻မနက်ခင်းဆို ဒိုးဒိုးဒေါက်ဒေါက် Reply ရောက်သလောက် … ၅ နာရီကျော်ရင် ပျောက်ခြင်းမလှ ပျောက်ကုန်ကြတာ ဘာကြောင့်ပါလိမ့် 💬

နဂိုက ညဘက်ထိ Standby ရှိနေခဲ့တဲ့ Dilo Team က ခုတော့ Work-Life Balance ကိုရှာဖွေဖို့ Office Hour ကို 9 to 5 သတ်မှတ်လိုက်လို့ပါဗျိုး 🌟

တစ်နေ့တာလုံး စက္ကန့်မနား အကြားမလပ် တဖြတ်ဖြတ်ဝင်လာတဲ့ Dilo Client တို့ရဲ့ Message တွေကို မငြိုမငြင် တိုတိုထွာထွာကအစ ဖြေကြားပေးလိုက်တာ Lunch Break ဆိုတာ လက်ဖျောက်တစ်ခေါက်တီးသလောက်ပဲလို့ မှတ်ရတယ် 🕰️

📝 Content လား
📈 Graphics လား
📲 Media Buying လား
📹 Video Creation လား
⚡️Monthly Social Media Package လား

ဘယ် Service အပ်အပ် သဘောကောင်းလွန်းတဲ့ AE တွေကနေ Internal Team နဲ့ မြန်မြန်ဆန်ဆန် ဆက်သွယ်ပြီး ဝန်ဆောင်မှုပေးရင်း နာရီမှာ 5 ဆိုတာနဲ့ အိမ်ကိုသာ အပြေးပြန်ချင်တော့တာပါပဲဗျာ 🤦🏻

ဒါ့ကြောင့် Dilo Client လေးတို့ ဘာပဲလိုလို Dilo ကို ဆက်သွယ်ချင်တယ်ဆို ရုံးချိန် 9:00 am to 5:00 pm အတွင်းသာ ဆက်သွယ်ကြပါလို့ မေတ္တာရပ်ခံပါတယ်နော် 🙏🏻

ညဘက်မှာ ခဏပျောက်ပေမဲ့ နောက်တစ်ရက် မိုးလင်းလို့ မနက် “၉” နာရီထိုးတာနဲ့ အတက်ကြွဆုံးခွန်အားတွေနဲ့ ရာနှုန်းပြည့် ဂရုစိုက်ပေးပါမယ်လို့ ပြောကြားရင်း …. ✨

“ No Profit, No Service Charge
Service အပ်လို့ အမြတ်မထွက်ရင်
Service Charge မပေးပါနဲ့ ”



ဒါနကုသိုလ်အရောင်ရှိန်နဲ့ ထိန်လင်းဖြာတဲ့ လတန်ဆောင်တိုင်လေး ရောက်လို့လာပါပြီဗျို့🪔Dilo Team လည်း 🌕 လပြည့်နေ့မနက်ပိုင်းကို ...
14/11/2024

ဒါနကုသိုလ်အရောင်ရှိန်နဲ့ ထိန်လင်းဖြာတဲ့ လတန်ဆောင်တိုင်လေး ရောက်လို့လာပါပြီဗျို့🪔

Dilo Team လည်း 🌕 လပြည့်နေ့မနက်ပိုင်းကို ဓမ္မမိတ်ဆွေလေးအဖြစ်တစ်ဖြတ်၊ ညနေပိုင်းကို ပံ့သကူလေးပစ်ရင်း၊ နိဗ္ဗာန်ဈေးတိုးရင်း ဖြတ်သန်းဖြစ်မယ်ထင်ပါတယ်ခင်ဗျာ 🥰

🩵 မိသားစုနဲ့ သူငယ်ချင်းတွေကိုပါအချိန်တွေပေးရင်း အေးအေးနွေးထွေးနေချင်တဲ့ ဓာတ်ခံလေးက ❄️ ဆောင်းနဲ့အတူ ပါလာပြီနော်

ဒါကြောင့် နိုဝင်ဘာ ၁၅ ရက်ကနေ ၁၇ ရက်နေ့အထိ ပိတ်ရက်အတွင်းမှာ Dilo လေးတို့ ခဏဆောင်းခိုပါရစေခင်ဗျာ။

🩵 ချစ်ရတဲ့ Client တွေလည်း 💫 အလှဆောင်တဲ့ လတန်ဆောင်မှာ ကြံတိုင်းအောင်လို့ ဆောင်တိုင်းမြောက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 🙏🕯️

ဒီလိုဟိုလို ဘာလိုလိုနဲ့ နှစ်တစ်နှစ်ရဲ့ ဝါလကင်းလွတ် သီတင်းကျွတ်တောင်ရောက်ရှိလို့လာပြီဗျာ 🕯️ဆိုတော့ကား Dilo Team ရဲ့သီတင်း...
14/10/2024

ဒီလိုဟိုလို ဘာလိုလိုနဲ့ နှစ်တစ်နှစ်ရဲ့ ဝါလကင်းလွတ် သီတင်းကျွတ်တောင်ရောက်ရှိလို့လာပြီဗျာ 🕯️

ဆိုတော့ကား Dilo Team ရဲ့
သီတင်းကျွတ်ပလန် အခြေအနေကတော့ …

သီတင်းကျွတ်ပိတ်ရက်ရှည်မှာ မျက်စိမှိတ်နားပိတ် အေးဆေးနားကြမှာပါတဲ့။ 🥳

ဒါကြောင့် သီတင်းကျွတ်ပိတ်ရက်တွေဖြစ်တဲ့ အောက်တိုဘာ ၁၆၊ ၁၇၊ ၁၈ ဒီသုံးရက်မှာ Dilo Page Messenger တေမိဖြစ်မည်ဆိုကြောင်း ကြိုတင်အသိပေးအပ်ပါတယ်ခင်ဗျာ။

Dilo Client တွေအားလုံးလည်း ဒီသီတင်းကျွတ်မှာ
နွေးထွေးမှုအပြည့်နဲ့ မိသားစုစုံညီစွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 🙏🏻

ပိတ်ရက်တွေမှာ Recharge 🔋 လုပ်ပြီး
အားအင်အပြည့်နဲ့ ပြန်လာခဲ့ပါ့မယ်နော်… ✨


နာမည်မှားမှားခေါ်လို့ Client တွေကို စိတ်ကောက် 🙂‍↔️အလွဲလေးတွေ တွေ့တော့ ကိုယ်တောင် လိုက်လွဲချင်သလိုလိုဖြစ်နေလို့ Dilo ရဲ့ ...
11/10/2024

နာမည်မှားမှားခေါ်လို့ Client တွေကို စိတ်ကောက် 🙂‍↔️

အလွဲလေးတွေ တွေ့တော့ ကိုယ်တောင် လိုက်လွဲချင်သလိုလိုဖြစ်နေလို့ Dilo ရဲ့ အသံထွက်အမှန်လေးကို ရွေးပေးခဲ့ပါဦး… 🥲

အသံထွက်မှန်တဲ့ Client တွေထဲက ၁၀ ယောက်ကို သီတင်းကျွတ်လက်ဆောင်အနေနဲ့ Service Fees 10% Off (Except Social Media Package) လက်ဆောင်ပေးမှာမလို့ အမှန်သိရင် လျှိုမထားဘဲ Comment မှာ ပြောခဲ့လိုက်တော့နော်။ 😙


Dilo နဲ့အတူ အပီကြုံးဖို့ Yangon နဲ့ Mandalay က Team Member အသစ်တွေ ခေါ်နေပါပြီဗျ ! Dilo ကသာခေါ်ရင် ဘယ်အချိန်မဆို လျှောက်...
03/10/2024

Dilo နဲ့အတူ အပီကြုံးဖို့ Yangon နဲ့ Mandalay က Team Member အသစ်တွေ ခေါ်နေပါပြီဗျ !

Dilo ကသာခေါ်ရင် ဘယ်အချိန်မဆို လျှောက်ဖို့ Ready ပဲဆိုတဲ့သူတွေအတွက် ဒီ Position ၃ ခုကို လက်ခံနေပြီဗျာ။ 🥳

✔️ Digital Marketing ကို ထုံးလိုချေ ရေလိုနှောက် စွယ်စုံသုပ်အကုန်ရတဲ့ Digital Marketing Executive

✔️ Video နဲ့ပတ်သက်သမျှ အကုန်ဒေါင်းနိုင်ပြီး Camera Angel, Color Grading & Color Theory တွေနဲ့ရင်းနှီးကျွမ်းဝင်တဲ့ Senior Videographer ( Osmo Pocket သေချာသုံးတတ်တဲ့သူ preferred )

✔️ Social Media Trend မှန်သမျှ ထိပ်ဆုံးကသိပြီး TikTok Short Video တွေကို ဖုန်းနဲ့ရိုက် CapCut နဲ့ edit တတ်တဲ့ TikTok Marketing Intern

ဘယ် Position ပဲလျှောက်လျှောက် လိုချင်တာ ဒီလေးချက်ပဲ ‼️
💥 တကယ်ကျွမ်းလား
💥 တကယ်လုပ်ရဲလား
💥 ကိုယ့်ကိုယ်ကိုယ် ယုံကြည်လား
💥 Responsibility အပြည့်ပေးနိုင်လား

ဒီ (၄) ချက်ရှိကိုပဲ တကယ်လုပ်ပေးနိုင်တာ အဟုတ်သေချာရင် CV တွေ၊ Portfolio တွေ အပြည့်အစုံထည့်ပြီး Google Form ပို့လိုက်နော် 😉

Apply Here - https://forms.gle/vbsRMhQrxXjTUu9v5

Dilo မှာက အလုပ်မလုပ်ဘဲ အသုပ်သုပ်နေတဲ့သူတွေ လုံးဝမရှိတာမို့ တကယ်ကြုံးမှာသေချာရင် Dilo ရုံးမှာ အတူဆုံကြစို့နော်….. 🫵🏻

ရန်ကုန် မန္တလေး နှစ်သက်ရာမြို့မှာ ရုံးတက်နိုင်ပါသည်။

Yangon Office Address - No.51, Inya Myaing Road, Golden Valley, Bahan Township. ( ကမ္ဘောဇလမ်းက ဝင်လာရင် King Yangon တစ်ခြံကျော် List Luxury ခြံဝင်းအတွင်း )

Mandalay Office Address - 28 လမ်း 72 * 73 ကြား Bagan King Hotel ဘေး ။

Phone - 09775655609

Office Hours - 9:00 am to 5:00 pm ( Mon-Sat )




03/10/2024

Boost Service Update Price 🤩

Boost Service က 1$ 5,900 ပါ။
10$ ကစပြီး Service လက်ခံပေးပါတယ်နော်။
✅ငွေလွှဲဝင်ပြီးမှ Service Confirm ပါဗျ
✅ Service အပ်ပြီး 24 နာရီအတွင်း Active ဖြစ်အောင်လုပ်ပေးပါတယ်

ရန်ကုန်က Client တွေနဲ့ မျက်မြင်ကံဆုံချင်လို့ Dilo Digital Marketing မြို့တော်ရန်ကုန်သို့ ရောက်ရှိလာပါပြီအဝေးကနေ ကူညီဆောင...
01/10/2024

ရန်ကုန်က Client တွေနဲ့ မျက်မြင်ကံဆုံချင်လို့
Dilo Digital Marketing မြို့တော်ရန်ကုန်သို့ ရောက်ရှိလာပါပြီ

အဝေးကနေ ကူညီဆောင်မရတာ အားမရတော့လို့
ပိုနီးအောင်လာခဲ့ကြတယ်ဆိုလည်း မမှားပါဘူး

ဖြတ်သွားဖြတ်လာကြုံရင်ဆုံရင် Dilo Digital Marketing Yangon Office ကို တစ်ခေါက်တစ်ခါဝင်လည်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျ

နဂိုမူလလက်ဟောင်း Dilo ကနေ ပိုကောင်းမွန်သာလွန်တဲ့ Dilo ဖြစ်လာဖို့ Dilo ဝိုင်းတော်သားများ အစဉ်ကြိုးစားလျက်…

Yangon Office Address - No.51, Inya Myaing Road, Golden Valley, Bahan Township.
( ကမ္ဘောဇလမ်းက ဝင်လာရင် King Yangon တစ်ခြံကျော် List Luxury Beauty ခြံဝင်းအတွင်း )

Mandalay Office Address - 28 လမ်း 72 * 73 ကြား Bagan King Hotel ဘေး ။

Phone - 09775655609
Office Hours - 9:00 am to 5:00 pm ( Mon-Sat )



16/08/2024

မနေ့ကထက် ဒီနေ့ $ Rate နည်းနည်းကျလို့
Boost Service အပ်မယ်ဆို Services Fees လေးလျှော့ပေးထားပါတယ်ဗျ။

10$ ကစပြီး Service လက်ခံပေးပါတယ်နော်။
✅ငွေလွှဲဝင်ပြီးမှ Service Confirm ပါဗျ
✅ Service အပ်ပြီး 24 နာရီအတွင်း
Active ဖြစ်အောင်လုပ်ပေးပါတယ်။

$ rate ကျတုန်းလေး boost လုပ်ချင်တယ်ဆိုရင် အခုပဲ Page Messenger ကို လာခဲ့လိုက်ပါနော် ✨

15/08/2024

Boost Service 1$ 6,500 rate နဲ့လည်း
Service အပ်ပေးကြတဲ့ Client တစ်ယောက်ချင်းစီတိုင်းကို
ကျေးဇူးအများကြီးတင်ပါတယ်နော် 🙏🏻

Bank $ rate လေးကျသွားတာနဲ့
Boost Service စျေးချက်ချင်းပြန်ချပေးပါ့မယ်ဗျ ✨🤍

12/08/2024

Boost Service က 1$ 5,800 kyats ပါ။
10$ ကစပြီး Service လက်ခံပေးပါတယ်နော်။
✅ငွေလွှဲဝင်ပြီးမှ Service Confirm ပါဗျ
✅ Service အပ်ပြီး 24 နာရီအတွင်း
Active ဖြစ်အောင်လုပ်ပေးပါတယ်

မကိုက်ဘူးထင်ရင် Value Added Service အနေနဲ့
ရုံးလာ
☕️ ကော်ဖီသောက်
🛜 Wi-Fi
❄️AirCon လေးနဲ့ လာနှပ်နေလို့ရပါတယ်ဗျ

ငွေစျေးတက်မှ အလုအယက်ပြေးဝယ်ကြတဲ့ လူတစ်စုနဲ့
ခုထက်ပိုစျေးတက်သွားရင် မဝယ်လိုက်ရမှာစိုးလို့
ဒီနေ့ရှာ ဒီနေ့သုံး လူတစ်စုကြောင့်
CPM လေးတွေကောင်း၍ ရောင်းရှုံး OS Admin များ
ပေါများလျက်ရှိကြောင်း ခိုင်လုံတဲ့ သတင်းရပ်ကွက်မှ
ကြားသိရပါတယ်

များများရောင်း၍ များများရှုံးနိုင်စေရန်
သင့်အား Dilo Digital Marketing မှ
ကူညီဖို့စောင့်နေပါပြီ 🥰

Mandalay Office Address -
28 လမ်း 72 * 73 ကြား Bagan King Hotel ဘေး ။
Phone - 09775655609
Office Hours - 9:00 am to 5:00 pm ( Mon-Sat )

Content “တို” ရင် ပေးရတာမတန်ဘူးလား။💁🏻‍♂️ဒီအတွေးဝင်မိရင် တစ်ချက်ပဲ ပြန်တွေးပါ။ ကျွန်တော်တို့ကိုယ်တိုင် Facebook မှာ စာအရှ...
30/07/2024

Content “တို” ရင် ပေးရတာမတန်ဘူးလား။💁🏻‍♂️

ဒီအတွေးဝင်မိရင် တစ်ချက်ပဲ ပြန်တွေးပါ။

ကျွန်တော်တို့ကိုယ်တိုင် Facebook မှာ စာအရှည်ကြီးတက်လာရင် ဖတ်ဖြစ်ရဲ့လား ❗️

အကြောင်းအရာအများကြီးကို Post တစ်ခုတည်းမှာ စုပြီးရှင်းပြထားရင်ရော စိတ်ဝင်စားကြရဲ့လား❗️

အဖြေက “No” ပါ 🚫

ဒါဆို ဘယ်လို Post တွေကို သေချာ မှတ်မိတတ်ကြလဲ❗️

✅ “လိုတိုရှင်း ထိမိတဲ့ Post“ တွေပဲပေါ့

ဒါ့ကြောင့် မဖြစ်မနေ ရှည်ကိုရှည်ရမယ့်

✍🏻 ကျန်းမာရေးဆောင်းပါးတွေ
🏀 အားကစားသုံးသပ်ချက်တွေ
✅ ကိုယ့် Product နဲ့ Services အကြောင်းသေချာရှင်းပြရတဲ့
Knowledge Sharing တွေလို Information Content တွေကလွဲလို့

တခြား “လိုတိုရှင်း” Content တွေဆိုရင်

>> ကိုယ်ပေးချင်တဲ့ Message ပါရဲ့လား၊
>> Audience က ကြိုက်ရဲ့လား၊
>> ကိုယ်လိုချင်တဲ့ Target ရောက်ရဲ့လား
ဆိုတာကိုပဲ အကဲခတ်ရင်း ရွှေစိတ်တော်မညှိုးနွမ်းဘဲ ယုံကြည်ပေးဖို့ အကြံပေးလိုက်ပါတယ်ဗျ။

“No Profit, No Service Charge“

“ ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့ “ ✨ ကျက်သရေ မင်္ဂလာ အပေါင်း နဲ့ ခညောင်းပြည့်စုံလှတဲ့ ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့လေးမှာ...
20/07/2024

“ ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့ “

✨ ကျက်သရေ မင်္ဂလာ အပေါင်း နဲ့ ခညောင်းပြည့်စုံလှတဲ့ ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့လေးမှာ Dilo ရဲ့ မိတ်ဟောင်းမိတ်သစ် Customer များနဲ့မိဘပြည်သူများအားလုံး ကျန်းမာချမ်းသာစွာနဲ့ ကောင်းမှုကုသိုလ်တွေ ပွားများနိုင်ကြပါစေလို့ Dilo Digital Marketing မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဗျာ။ 🙏🏻

#ဝါဆိုလပြည့်နေ့

Hello hello 👋 ကျွန်တော်တို့ရဲ့ Dilo Team က မနက်ဖြန်မှာ ပိတ်ရက်လေးယူမှာဖြစ်ပါတယ်ဗျ။ မနက်ဖြန်မှာ Dilo Teamနဲ့အတူ Service တ...
18/07/2024

Hello hello 👋 ကျွန်တော်တို့ရဲ့ Dilo Team က မနက်ဖြန်မှာ ပိတ်ရက်လေးယူမှာဖြစ်ပါတယ်ဗျ။

မနက်ဖြန်မှာ Dilo Teamနဲ့အတူ Service တွေလည်း အနားယူမှာဖြစ်လို့ Reply လေးတွေ တစ်ရက်နောက်ကျမယ့်အကြောင်း ကြိုတင်အသိပေးထားတာပါခင်ဗျာ။ 🫶

❤️ ဒါပေမဲ့ ဝါဆိုလပြည့်နေ့ဖြစ်တဲ့ ၂၀ ရက်နေ့မှာတော့ ရုံးပြန်ဖွင့်ပြီမို့ Dilo ကို မှာချင်တာလေးတွေရှိရင် စာပို့ပြီး အားမနာတမ်းမေးမြန်းထားလို့ရပါတယ်ဗျ။

အကောင်းဆုံး Service ပေးဖို့ ပိတ်ရက်မှာ Recharge လုပ်ပြီး အားအင်အပြည့်နဲ့ ပြန်လာခဲ့ပါ့မယ်။

အတက်ကြမ်းနေတဲ့ Exchange Rate တွေကြားမှာ Boosting တစ်မျိုးတည်းကိုပဲ အချိန်အကြာကြီး အားကိုးမနေစေချင်တော့ဘူးဗျ။ လုပ်ငန်းရှင...
08/07/2024

အတက်ကြမ်းနေတဲ့ Exchange Rate တွေကြားမှာ Boosting တစ်မျိုးတည်းကိုပဲ အချိန်အကြာကြီး အားကိုးမနေစေချင်တော့ဘူးဗျ။

လုပ်ငန်းရှင် စီးပွားရေးသမားပဲဗျာ။ အမြတ်ရတာတော့ ပိုကြိုက်တာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ Dilo ရဲ့ ဆောင်ပုဒ်ကိုက “No Profit, No Service Charge” မလား?

တစ်ဖက်တည်း အကျိုးအမြတ်ရှိနေတာထက် နှစ်ဦးနှစ်ဖက် သင့်တင့်မျှတတဲ့အကျိုးအမြတ်လေး ရစေချင်တာပါ။

အပြောင်းအလဲတွေကြားမှာ ရှင်သန်ကျန်ခဲ့တဲ့ လုပ်ငန်းတစ်ခုဖြစ်ဖို့ Boosting တစ်ခုတည်းကိုပဲ အားကိုးနေတာထက် ကိုယ့် Page ကို Social Media မှာ နေရာတစ်ခုရအောင်၊ Branding လေးကောင်းနေအောင် ကြိုးစားဖို့ကိုပဲ အကြံပေးချင်ပါတယ်။ 📈

ဘယ်လိုတွေလုပ်ရမလဲဆိုရင်တော့ ကိုယ့်ဝယ်သူတွေနဲ့ ထိမိကိုက်ညီတဲ့ Social Post လေးတွေကို ထိထိမိမိ Video ၊ စာကောင်းကောင်း၊ ဒီဇိုင်းမိုက်မိုက်နဲ့ ဆွဲဆောင်ပြီး သင့်တင့်လျောက်ပတ်တဲ့ Post လေးတွေကို အချိန်မှန်တင်ပေးနေတာမျိုးပေါ့။​ 💡

Page Branding ကောင်းကောင်းလေးလုပ်ဖို့ အရှိန်တစ်ခုနဲ့စကြည့်ချင်ပြီဆိုရင် Dilo မှာ လာပြီးတိုင်ပင်နိုင်ပါတယ်။

Dilo Creative Team ရဲ့လုပ်ဆောင်ချက်တွေပေါင်းပြီး အကောင်းဆုံးရလဒ်တွေကို အတူယူပေးဖို့ အသင့်ရှိနေပါတယ်ဗျ။ 🤗


ရိုးသားစွာစီးပွါးရှာနေတဲ့ ရွာသားလေးမင်းခန့်ရဲ့ Dilo Digital Marketing Agency မှာမပူရတာတစ်ခုရှိပါတယ် ...🎯 စိတ်ကြိုက် Targ...
05/07/2024

ရိုးသားစွာစီးပွါးရှာနေတဲ့ ရွာသားလေးမင်းခန့်ရဲ့ Dilo Digital Marketing Agency မှာမပူရတာတစ်ခုရှိပါတယ် ...

🎯 စိတ်ကြိုက် Target ကို လုံးဝထိစေမယ့် Boosting/ Media Buying Services

📝 တစ်ခါဖတ်တစ်သက်စွဲစေမယ့် Content Writing & Copywriting

👀 မြင်လိုက်တာနဲ့ ကိုယ့် Products ရဲ့ ပေးချင်တဲ့ Messages တွေကို ထိထိမိမိသိသွားစေမယ့် Visual Designs တွေလည်း အကောင်းဆုံးဖန်တီးပေးနေတာမို့ …

Dilo နဲ့သာလက်တွဲမယ်ဆို
❗️မရောင်းရမှာ လုံးဝမပူရပါဘူးဗျို့။

📢 Content နဲ့ Design ကို တစ်ခုချင်း Services လည်းယူနိုင်သလို Social Media Monthly Packages တွေနဲ့လည်း ရယူနိုင်ပါတယ်။

✨ မိတ်ဆွေတို့ အားလုံးစိတ်ချမ်းသာဖို့၊ စိတ်တိုင်းကျဖို့ကသာ အဓိကမို့ Digital marketing အတွက် ဘာတွေပဲလိုချင်လိုချင် Dilo မှာသာ စိတ်ကြိုက်အပူကပ်ပြီး အရောင်းတက်ဖို့သာလုပ်လိုက်တော့ဗျာ။

Dilo ရဲ့ Service တွေနဲ့ပတ်သက်ပြီးသိချင်ရင်တော့ Page Messenger မှာ အသေးစိတ် လာရောက်မေးမြန်းနိုင်ပါတယ်ဗျ။

Address

28 လမ်း 72 * 73 ကြား Bagan King Hotel ဘေး
Mandalay

Opening Hours

Monday 09:00 - 16:00
18:30 - 19:00
Tuesday 09:00 - 16:00
18:30 - 19:00
Wednesday 09:00 - 16:00
18:30 - 19:00
Thursday 09:00 - 16:00
18:30 - 19:00
Friday 09:00 - 16:00
18:30 - 19:00
Saturday 09:00 - 16:00
18:30 - 19:00

Telephone

+959775655609

Website

Alerts

Be the first to know and let us send you an email when Dilo Digital Marketing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Dilo Digital Marketing:

Videos

Share