YY Freelance Content Bar

YY Freelance Content Bar This is the digital marketing agency which will help your business grow.
(9)

04/03/2025

Boost လုပ်တာနဲ့ပတ်သက်ပြီး လက်ခံလိုက်ရတဲ့ အချက်တွေက

🖍️(ဟိုးအရင်) 2020 ရှေ့က results မပြောနဲ့ 2022 ကလောက် Results တောင် ရဖို့မလွယ်တော့ပါဘူး။

🖍️တစ်ခါတရံမှ Boost တဲ့သူနဲ့ ရေရှည် တစိုက်မက်မက် လုပ်တဲ့သူ Results သိသိသာသာ ကွာနေပါပြီ။

🖍️ တစ်နေ့ကို $ 50၊ တစ်လကို $ 1500 Boost တဲ့ ကလိုင်းရန့်တွေရဲ့ Results တောင် မှိန်းသွားရတာမျိုး ဖြစ်နေပါတယ်။

🖍️ (နောက်တစ်ချက်) Results အရမ်းကောင်းတဲ့ Post ကို ပြုံတိုး Boost တာအပြင် အခြား post လေးတွေပါ ခွဲ Boost တာ၊ စမ်းကြည့်တာ လေးတွေလည်း မဖြစ်မနေလုပ်ရပါတော့မယ်။

Results တွေကောင်းလွန်းလို့ ဖုန်းကာဗာတွေ အပျော်ရောင်းဖူးတယ်။ 10$ Boost, (၅)သိန်းလောက် အသားတင်မြတ်ဖူးတယ်။ Operation မနိုင်လို့သာ ဆက်မလုပ်တာ ၊ အခုထိကို လက်ကျန် Cover တွေရှိနေပါသေးတယ်။

(နောက်ပိုင်းကျရင်) ကျနော်တို့ Page မှာလည်း ကလိုင်းရန့်အဟောင်းမဟုတ်ဘဲ Boost သီးသန့် 10$ လောက် လာအပ်တာမျိုးတွေဆို အားနာစွာနဲ့ငြင်းဖို့ စဉ်းစားထားပါတယ်ဗျ။

Results တွေ မကောင်းဘဲနဲ့ ကလိုင်းရန့်တွေရဲ့ ပိုက်ဆံကို အလေအလွင့် မဖြစ်စေချင်တာရယ်

နောက်တစ်ချက်က 10$ boost လို့ 55,000 Ks ကျရင် အေဂျင်စီက တစ်သောင်းတောင်မမြတ်ပေမယ့်

Results မကောင်းတဲ့အခါ မျက်နှာပူရပြီး 10$ ဖိုးလေးစုပြီး မနည်း စလုပ်ကြည့်ရတဲ့ ကလိုင်းရန့်တွေကို ဇူဇူအားမနာပေမယ့် ကျနော်တို့အားနာလို့ပါခင်ဗျာ။

02/03/2025

Customers Service လို့ပြောလိုက်တာနဲ့
အများစုက စျေးဝယ်သူရဲ့
လိုအပ်ချက်မှန်သမျှကို
အကုန်ဖြည့်ဆည်းပေးနိုင်ခြင်းလို့ပဲ
ထင်ကြပါတယ်။

တကယ်တမ်း
Customer Service မှာ
အရေးကြီးဆုံးက

ကိုယ်လုပ်ပေးနိုင်တာနဲ့
မလုပ်ပေးနိုင်တာကို
ဝယ်သူကိုရှင်းရှင်းလင်းလင်း
ပြောပေးတာမျိုးပါ။

Customer တစ်လကို
1000ရှိတယ်ဆိုပါစို့။

1000လုံးကျေနပ်အောင်
လုပ်ပေးဖို့ဆိုတာမဖြစ်နိုင်ပါဘူး။

1000ထဲမှာ
ကိုယ့်ကိုတကယ်အားပေးချင်လို့
လာတဲ့သူရှိသလို

တချို့က တမင်ပွဲရှာချင်လို့လာတာ၊
ဟာကွက်လာနှိုက်တာမျိုးတွေလည်း
ရှိနိုင်ပါတယ်။

အဲ့လိုလာလုပ်တဲ့သူတွေရဲ့
ဆန္ဒကိုပါဖြည့်ဆည်းပေးနိုင်တယ်ဆိုရင်တော့

သေချာတယ်
အဲ့ Business
ကျရှုံးဖို့ ရာခိုင်နှုန်းများနေပါပြီ။

Customers Service ကို
သေချာထိန်းသိမ်းနိုင်ဖို့
အခြေခံလိုအပ်ချက်က
ကိုယ်ပေးနိုင်တဲ့ဝန်ဆောင်မှုကို
ပွင့်ပွင့်လင်းလင်းပြောခြင်းပါပဲ။

ဒီလိုပြောခြင်းကလည်း
Customers Service
ပေးနေတာ ဖြစ်ပါတယ်။

🚀 𝐇𝐞𝐥𝐥𝐨 𝐌𝐚𝐫𝐜𝐡 !📉 𝐌𝐚𝐫𝐜𝐡 လမှာလည်း ကလိုင်းရန့်တို့ရဲ့ 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 ကို 𝐋𝐞𝐯𝐞𝐥 𝐔𝐩 မြင့်အောင်လုပ်ပေးဖို့ ကျနော်တို့ 𝐓𝐞𝐚𝐦 အသင့်ရှိန...
01/03/2025

🚀 𝐇𝐞𝐥𝐥𝐨 𝐌𝐚𝐫𝐜𝐡 !

📉 𝐌𝐚𝐫𝐜𝐡 လမှာလည်း ကလိုင်းရန့်တို့ရဲ့ 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 ကို 𝐋𝐞𝐯𝐞𝐥 𝐔𝐩 မြင့်အောင်လုပ်ပေးဖို့ ကျနော်တို့ 𝐓𝐞𝐚𝐦 အသင့်ရှိနေပြီဗျာ။

📊 𝐅𝐞𝐛𝐫𝐮𝐚𝐫𝐲 မှာ အရောင်းသွက်ခဲ့တဲ့ 𝟑 𝐌𝐨𝐧𝐭𝐡𝐬 𝐏𝐚𝐜𝐤𝐚𝐠𝐞 (9) သိန်းတန်ကို အပ်ချင်ပေမယ့်

🗣️ စျေးမနိုင်ဘူးဆိုတဲ့ 𝐒𝐭𝐚𝐫𝐭 𝐔𝐩 𝐂𝐥𝐢𝐞𝐧𝐭 တွေအတွက် တစ်လစာ 3️⃣ သိန်းတန် 𝐏𝐚𝐜𝐤𝐚𝐠𝐞 လေး လုပ်ပေးထားပါတယ်။

✍️ 𝐂𝐨𝐧𝐭𝐞𝐧𝐭 & 𝐂𝐨𝐩𝐲 𝐖𝐫𝐢𝐭𝐢𝐧𝐠 - 𝟓 𝐏𝐨𝐬𝐭𝐬
🎨 𝐒𝐨𝐜𝐢𝐚𝐥 𝐀𝐝𝐬 𝐃𝐞𝐬𝐢𝐠𝐧 - 𝟓 𝐏𝐨𝐬𝐭𝐬
🚀 𝐁𝐨𝐨𝐬𝐭𝐢𝐧𝐠 - 𝟏𝟎$
🎬 𝐕𝐢𝐝𝐞𝐨 𝐄𝐝𝐢𝐭𝐢𝐧𝐠 - (𝟏) 𝐏𝐨𝐬𝐭
🎨 𝐒𝐞𝐚𝐬𝐨𝐧𝐚𝐥 𝐖𝐢𝐬𝐡 - (𝟏) 𝐏𝐨𝐬𝐭 ကို 𝟑𝟎𝟎,𝟎𝟎𝟎 𝐊𝐬 သာ ကျသင့်မှာပါ။

𝐓𝐡𝐞 𝐌𝐨𝐧𝐭𝐡 𝐨𝐟 𝐑𝐞𝐧𝐞𝐰𝐚𝐥 လို့ တင်စားကြတဲ့ 𝐌𝐚𝐫𝐜𝐡 လမှာ
🔥 𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 ဖြစ်တဲ့ 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 𝐓𝐫𝐞𝐧𝐝𝐬
⚡ အောင်မြင်မှုကို မြှင့်တင်မယ့် 𝗦𝘁𝗿𝗮𝘁𝗲𝗴𝗶𝗲𝘀 တွေနဲ့အတူ
𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 အတွက် 𝐒𝐮𝐜𝐜𝐞𝐬𝐬 𝐒𝐭𝐨𝐫𝐲 တစ်ခုဖြစ်အောင် ပြုလုပ်ချင်တယ်ဆိုရင်တော့ အခုပဲဆက်သွယ်လိုက်ပါ။💯🚀

☎️ 𝐇𝐨𝐭𝐥𝐢𝐧𝐞 +𝟔𝟔 𝟎𝟗𝟓-𝟎𝟔𝟖-𝟓𝟓𝟐𝟕
📱 𝐕𝐢𝐛𝐞𝐫 𝟎𝟗-𝟕𝟗𝟑𝟕𝟏𝟎𝟑𝟗𝟗
📧 𝐲𝐲𝐦𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠𝐚𝐠𝐞𝐧𝐜𝐲@𝐠𝐦𝐚𝐢𝐥.𝐜𝐨𝐦


28/02/2025

📮February လအတွင်းမှာ Social Ads Design, Motion Video, Video Editing , Content & Copy Writing, Boosting Service ,Sticker Design ,Campaign Planning စတဲ့ ဝန်ဆောင်မှုတွေကို ကလိုင်းရန့်များစွာအတွက် ဆောင်ရွက်ပေးခဲ့ပါတယ်။

🍂 မကြာခင်ကာလဟာ မြန်မာ့နှစ်သစ်အတာသင်္ကြန်ရောက်တော့မှာဖြစ်သလို ပွင့်လင်းရာသီလည်းရောက်ပြီဖြစ်တဲ့အတွက် မားကတ်တင်းကို သေချာလေး Runသင့်တဲ့ အချိန်ကောင်း ဖြစ်ကြောင်းလည်း တိုက်တွန်းပါရစေဗျာ။

📮 Business မျိုးစုံ မှိုလိုပေါနေတဲ့ခေတ်မှာ ကိုယ့်ရဲ့ Brand ကို လူသိဖို့ မားကတ်တင်းမဖြစ်မနေလုပ်ပါ။ ကိုယ်သုံးမယ့် Budget ကို ချပါ။ကိုယ်နဲ့ သင့်တော်တဲ့ အေဂျင်စီကိုရွေးပါ။

📮 ကျနော်တို့အေဂျင်စီကို စိတ်ကြိုက်တိုင်ပင်ပြီး သဘောကျလို့ ရွေးချယ်ပေးခဲ့တဲ့ Client အယောက်ချင်းစီတိုင်း ကျေးဇူးပါခင်ဗျာ။

#𝐒𝐨𝐜𝐢𝐚𝐥𝐌𝐞𝐝𝐢𝐚𝐀𝐠𝐞𝐧𝐜𝐲 #စိတ်ကြိုက်တိုင်ပင်သဘောကျမှရွေးချယ်

28/02/2025

တစ်ကမ္ဘာလုံးက အလုပ်ရှင်တွေက 𝐅𝐞𝐛𝐫𝐮𝐚𝐫𝐲 လ ကို
မကြိုက်ကြပါဘူး ။ 𝟐𝟖 ရက်တည်းနဲ့ လစာထုတ်ပေးရလို့ပါ။

LSM World Wide Cargo အတွက် ▫️𝐏𝐚𝐠𝐞  𝐒𝐞𝐭 𝐮𝐩▫️𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐖𝐫𝐢𝐭𝐢𝐧𝐠 ▫️𝐆𝐫𝐚𝐩𝐡𝐢𝐜 𝐃𝐞𝐬𝐢𝐠𝐧 ▫️𝐁𝐨𝐨𝐬𝐭𝐢𝐧𝐠 𝐒𝐞𝐫𝐯𝐢𝐜𝐞 တို့ကို ဆောင်ရွက်ပေးခဲ့ပါ...
27/02/2025

LSM World Wide Cargo အတွက်

▫️𝐏𝐚𝐠𝐞 𝐒𝐞𝐭 𝐮𝐩
▫️𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐖𝐫𝐢𝐭𝐢𝐧𝐠
▫️𝐆𝐫𝐚𝐩𝐡𝐢𝐜 𝐃𝐞𝐬𝐢𝐠𝐧
▫️𝐁𝐨𝐨𝐬𝐭𝐢𝐧𝐠 𝐒𝐞𝐫𝐯𝐢𝐜𝐞 တို့ကို ဆောင်ရွက်ပေးခဲ့ပါတယ်။

❤️ ယုံကြည်ပေးတဲ့အတွက် ကျေးဇူးပါ။

#𝐒𝐨𝐜𝐢𝐚𝐥𝐌𝐞𝐝𝐢𝐚𝐀𝐠𝐞𝐧𝐜𝐲 #စိတ်ကြိုက်တိုင်ပင်သဘောကျမှရွေးချယ် #𝐃𝐢𝐠𝐢𝐭𝐚𝐥𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠

26/02/2025

Content Writing နဲ့
ပတ်သက်ရင်

အိမ်ခြံမြေအရောင်းPage
Hotel Page လေးတွေ
အသစ် လာအပ်တာတွေ့ရပါတယ်။

မြေကွက်ရောင်းတာတို့
ကံစမ်းမဲဖောက်တာတို့က
Content ကောင်းရင် ကောင်းသလိုရှယ်ပဲဗျ။

Graphic Design နဲ့
စိတ်ဝင်စားဖွယ် Headlines ပါလို့ကတော့
တော်တော့်ကို အဆင်ပြေပြီ။

ပုံမှန်ရေးပေးနေကြ Business တွေလည်း
သူ့အရှိန်လေးနဲ့သူသွားတော့
Flow မှန်မှန်လေးနဲ့
အိုခေနေဆဲပါပဲ။

Content ကောင်းတဲ့ Post ကို Boost တာနဲ့
Content မကောင်းတဲ့ Post ကို Boost တာရဲ့
Results က

PUMA နဲ့ PAMU လို
Adidas နဲ့ Abidas လို ကွာတယ်ဗျ။

ဘာလဲဟ PAMU
ဘာလဲဟ Abidas လို့မေးရင်တော့

ဒီဇိုင်းမျိုးစုံလျှောက်လုပ်
တွေ့ရာတံဆိပ်
ကောက်တတ်ထားတဲ့ ပစ္စည်းမျိုးကို
ပြောတာပါ။

သိတဲ့သူတွေ သိပါလိမ့်မယ်။ 🤫

#𝐘𝐘𝐅𝐫𝐞𝐞𝐥𝐚𝐧𝐜𝐞𝐂𝐨𝐧𝐭𝐞𝐧𝐭𝐁𝐚𝐫 #စိတ်ကြိုက်တိုင်ပင်သဘောကျမှရွေးချယ် #𝐒𝐨𝐜𝐢𝐚𝐥𝐌𝐞𝐝𝐢𝐚𝐀𝐠𝐞𝐧𝐜𝐲 #𝐃𝐢𝐠𝐢𝐭𝐚𝐥𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠

25/02/2025

Page Like များတိုင်း
ယုံလို့မရဘူးဆိုတာ
အလကားပြောတာမဟုတ်

Page Like 777K
Page name နာမည်ကြီး ဖုန်းဆိုင်နာမည်
Website နဲ့ အမှန်အကန်

ဖုန်းတွေ နာရီတွေ
ပရိုမိုးရှင်းချထားတယ်။
ချတာကလည်း
အရမ်းအများကြီးမဟုတ်ဘူးနော်။

Baht 12000 လောက်ရှိတဲ့ i watch ကို
Baht 9000 လောက်နဲ့ ရတာမျိုး

ကြော်ငြာထားတဲ့ပုံစံက
website ကနေလည်း ဝယ်လို့ရတယ်
ဆိုင်သွားဝယ်လည်းရတယ်ပေါ့။

ဆိုင်ရဲ့လိပ်စာကိုကျ
တကယ်အမှန်အကန်ရောင်းနေတဲ့
ဆိုင်လိပ်စာထည့်ပေးထားတယ်။

အဲ့ဆိုင်ကိုသွားပြီး မေးလို့ရှိရင်
ပရိုမိုးရှင်းမရှိပါဘူးဆိုပြီးဖြစ်ရော။

သူတို့ရဲ့ရည်ရွယ်ချက်က
အဝေးရောက်နေလို့
အွန်လိုင်းကနေပဲမှာမယ်ဆိုတဲ့
သူတွေကို Target ထားတာမျိုးဖြစ်တယ်။

တခါတလေကျ ငွေလွှဲဝင် Block မဟုတ်
အွန်လိုင်းကနေမှာရင် ပို့ပေးသေးတယ်
ရောက်လာရင်အတုတွေ

Website တွေနဲ့ အမှန်အကန် Page
Like ကလည်းရှယ်များ ဘယ်သူထင်မှာလဲ
လူလိမ်တွေလို့

ဒါက
အိမ်နီးချင်းနိုင်ငံတွေမှာ
ကြုံရတဲ့အထာ

မြန်မာမှာကျ ကားတစ်စီးသိန်းတရာ
လိပ်စာက အမှန်အကန်ပေးထားတယ်။
(အဲ့နေရာမှာ) အဲ့ဆိုင်မရှိဘူး။

နောက်တစ်မျိုး
ရတနာဆိုင် Page အတုတွေဖွင့်
ဘယ်သူ့ မွေးနေ့မို့ ဒီစျေးနဲ့ရောင်းပေးမယ်။

ကေပေးလွှဲတဲ့ကောင်
ခံပေရော့ပေါ။

အခြားနည်းတွေလည်း
အများကြီးရှိပါသေးတယ်။

ဘာပဲဖြစ်ဖြစ်
ဖုန်းပွတ်ရင်း ငွေမကုန်ဖို့
ဂရုစိုက်ကြပါ။

#𝐘𝐘𝐅𝐫𝐞𝐞𝐥𝐚𝐧𝐜𝐞𝐂𝐨𝐧𝐭𝐞𝐧𝐭𝐁𝐚𝐫 #𝐒𝐨𝐜𝐢𝐚𝐥𝐌𝐞𝐝𝐢𝐚𝐀𝐠𝐞𝐧𝐜𝐲 #စိတ်ကြိုက်တိုင်ပင်သဘောကျမှရွေးချယ်

𝐂𝐥𝐢𝐞𝐧𝐭 တွေ ရင်ထဲထိ နေရာယူထားနိုင်ရခြင်းရဲ့ နောက်ကွယ်မှာ သူ မချစ်လည်း ရပါတယ် 𝐂𝐥𝐢𝐞𝐧𝐭 တွေဝိုင်းချစ်တာ ခံရရင် တော်ပြီဆိုတဲ့စ...
23/02/2025

𝐂𝐥𝐢𝐞𝐧𝐭 တွေ ရင်ထဲထိ နေရာယူထားနိုင်ရခြင်းရဲ့ နောက်ကွယ်မှာ သူ မချစ်လည်း ရပါတယ် 𝐂𝐥𝐢𝐞𝐧𝐭 တွေဝိုင်းချစ်တာ ခံရရင် တော်ပြီဆိုတဲ့စိတ်နဲ့

❕𝐂𝐥𝐢𝐞𝐧𝐭 စိတ်ကြိုက် တိုင်ပင်ဆွေးနွေးပေးပြီး
❕သဘောကျမှ ရွေးချယ်ခွင့်အပြည့်အဝပေးထားလို့လည်း ပါတာပေါ့ဗျာ။

ဒါကြောင့်လည်း စိတ်ကြိုက် လာတိုင်ပင်ပြီး သဘောကျလို့ ရွေးချယ်သွားတဲ့အခါ

𝐑𝐢𝐠𝐡𝐭 𝐏𝐞𝐫𝐬𝐨𝐧 ကို တွေ့ရှိသွားသလိုမျိုး ကျေနပ်ပီတိ ဂွမ်းဆီထိခဲ့တဲ့ 𝐂𝐥𝐢𝐞𝐧𝐭 တွေ အများကြီးပေါ်ခဲ့တာပါ။

" စိတ်ကြိုက်တိုင်ပင် သဘောကျမှ ရွေးချယ် " ကို အမြဲ
လက်ကိုင်ထားတဲ့ 𝐘𝐘 𝐅𝐫𝐞𝐞𝐥𝐚𝐧𝐜𝐞 𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐁𝐚𝐫 အဖြစ် ရှေ့ဆက်ပြီးလည်း 𝐂𝐥𝐢𝐞𝐧𝐭 တွေရဲ့ အချစ်တွေနဲ့ ဆက်လက်ကြိုးစားသွားပါဦးမယ် ခင်ဗျာ 🎉

#𝐘𝐘𝐅𝐫𝐞𝐞𝐥𝐚𝐧𝐜𝐞𝐂𝐨𝐧𝐭𝐞𝐧𝐭𝐁𝐚𝐫 #𝐒𝐨𝐜𝐢𝐚𝐥𝐌𝐞𝐝𝐢𝐚𝐀𝐠𝐞𝐧𝐜𝐲 #စိတ်ကြိုက်တိုင်ပင်သဘောကျမှရွေးချယ်

22/02/2025

ဒီတစ်ပတ်
𝐁𝐨𝐨𝐬𝐭𝐢𝐧𝐠 𝐑𝐞𝐬𝐮𝐥𝐭𝐬 တွေကတော့
အမာခံ 𝐂𝐥𝐢𝐞𝐧𝐭 တွေရဲ့
ဆားဗစ်တွေဖြစ်တဲ့

𝐂𝐚𝐫𝐠𝐨
𝐕𝐢𝐬𝐚 𝐒𝐞𝐫𝐯𝐢𝐜𝐞
ကုန်မျိုးစုံရောင်းဝယ်ရေး
အကုန်ကောင်းနေပါတယ်။

ပုံမှန်လေး လုပ်တဲ့သူနဲ့
စိတ်ကူးပေါက်မှ လုပ်တဲ့သူတော့
𝐑𝐞𝐬𝐮𝐥𝐭 ကကွာတယ်ဗျ။

ဘုရားပလ္လင်တွေရောင်းတဲ့
𝐏𝐚𝐠𝐞 အတွက် 𝐁𝐨𝐨𝐬𝐭 ပေးတာ
စာတော့သိပ်မဝင်ဘူး
𝐒𝐚𝐥𝐞 တော့ဖြစ်သွားတယ်။

ဒါမျိုးကျ
တန်တယ်ပြောရမှာပေါ့။

𝐑𝐞𝐬𝐮𝐥𝐭 အရမ်းကောင်းတဲ့
နည်းတစ်ခုပြောပြမယ်။

ကိုယ့်ရဲ့ဝန်ဆောင်မှုကိုရှင်းပြနေတဲ့
𝐕𝐢𝐝𝐞𝐨 အတိုလေးရိုက်
𝐕𝐢𝐝𝐞𝐨 𝐄𝐝𝐢𝐭 လုပ်
အဲ့ 𝐏𝐨𝐬𝐭 ကို 𝐏𝐫𝐨𝐦𝐨𝐭𝐞 အတွက်ပဲသုံးသုံး
𝐌𝐞𝐬𝐬𝐚𝐠𝐞 ဝင်အောင်ပဲလုပ်လုပ်
အဆင်ပြေတယ်။

𝐑𝐞𝐬𝐮𝐥𝐭 ကောင်းဖို့မလွယ်တဲ့
𝐂𝐨𝐚𝐜𝐡𝐢𝐧𝐠 𝐒𝐞𝐫𝐯𝐢𝐜𝐞 ကို
အဲ့နည်းနဲ့ စာဝင်အောင်လုပ်ပေးထားတဲ့
ကိုယ်ပိုင် အတွေ့အကြုံစစ်စစ်တွေပါ။

𝐁𝐨𝐨𝐬𝐭𝐢𝐧𝐠 လုပ်လို့
အဆင်မပြေတော့တဲ့ခေတ်က
ရောက်လာဦးမှာ။

အခု လက်ခံလို့ရတဲ့
𝐑𝐞𝐬𝐮𝐥𝐭𝐬 လေးတွေရတုန်း
လုပ်ထားတာ မမှားဘူးဗျာ။

#𝐘𝐘𝐅𝐫𝐞𝐞𝐥𝐚𝐧𝐜𝐞𝐂𝐨𝐧𝐭𝐞𝐧𝐭𝐁𝐚𝐫 #𝐒𝐨𝐜𝐢𝐚𝐥𝐌𝐞𝐝𝐢𝐚𝐀𝐠𝐞𝐧𝐜𝐲 #𝐃𝐢𝐠𝐢𝐭𝐚𝐥𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 #စိတ်ကြိုက်တိုင်ပင်သဘောကျမှရွေးချယ်

📆 ငယ်ဘဝတုန်းကဆိုရင် သင်္ကြန်ရောက်ဖို့ ဘယ်နှရက် လိုသေးလဲဆိုတာ နံရံက ရွက်စုပ်ပြက္ခဒိန်လေးဖြဲရင်း လက်ချိုးရေခဲ့ရတာ အမော 💦(အ...
19/02/2025

📆 ငယ်ဘဝတုန်းကဆိုရင် သင်္ကြန်ရောက်ဖို့ ဘယ်နှရက် လိုသေးလဲဆိုတာ နံရံက ရွက်စုပ်ပြက္ခဒိန်လေးဖြဲရင်း လက်ချိုးရေခဲ့ရတာ အမော 💦

(အခုလည်း) ဘာလိုလိုနဲ့ သင်္ကြန်ရောက်ဖို့ တစ်လခွဲလောက်ပဲ လိုတော့တယ်ဗျာ။

💦 ငယ်ငယ်ကတော့ ရေကစားမယ်ဆိုတာပဲ ခေါင်းထဲရှိတာ။

👨‍💻 အေဂျင်စီ 𝐋𝐢𝐟𝐞 ထဲရောက်လာတော့ ကလိုင်းရန့်တွေအတွက် 𝐂𝐚𝐦𝐩𝐚𝐢𝐠𝐧 တွေ အောင်မြင်အောင်လုပ်ပေးရမယ်ဆိုတဲ့ အတွေးတွေပါရှိလာရပါပြီ။

ကိုယ်ရဲ့စီးပွါးရေးကို အထင်ကရပွဲတော်ရက်တွေ နီးတဲ့အချိန် ဒီဂျစ်တယ်မားကတ်တင်းလုပ်သင့်တဲ့အကြောင်းအရင်းက

🍂 စျေးဝယ်သူတွေအနေနဲ့ သုံးစွဲလိုစိတ်ပိုများတယ်။

🍂 ပွဲတော်နဲ့လိုက်ပြီးကြေငြာမယ်ဆိုရင် လူစိတ်ဝင်စားမှုများလာတယ်။

🍂 အပြိုင်အဆိုင်ကြော်ငြာတွေတင်ကြမှာဖြစ်လို့ စျေးကွက်တစ်ခုလုံး လှုပ်ခတ်လာမယ်။

🍂 𝐒𝐞𝐬𝐨𝐧𝐚𝐥 𝐓𝐫𝐞𝐧𝐝 တွေကို လိုက်ထားတဲ့ကြေငြာက အလွယ်တကူ 𝐕𝐢𝐫𝐚𝐥 ဖြစ်နိုင်တယ်။

(ဒါကြောင့်) ဒီလိုအချိန်ဟာ အွန်လိုင်းပေါ်မှာ အရှိန်မြင့်တင်ဖို့ အကောင်းဆုံးကာလဖြစ်ပါတယ်။

သင်္ကြန်ရောက်ဖို့ တစ်လခွဲပဲ လိုတာဖြစ်လို့ အခုကတည်းက ဒီဂျစ်တယ်မားကတ်တင်းလုပ်ပါ။

☎️ 𝐇𝐨𝐭𝐥𝐢𝐧𝐞 +𝟔𝟔 𝟎𝟗𝟓-𝟎𝟔𝟖-𝟓𝟓𝟐𝟕
📱 𝐕𝐢𝐛𝐞𝐫 𝟎𝟗-𝟕𝟗𝟑𝟕𝟏𝟎𝟑𝟗𝟗
📧 𝐲𝐲𝐦𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠𝐚𝐠𝐞𝐧𝐜𝐲@𝐠𝐦𝐚𝐢𝐥.𝐜𝐨𝐦

#𝐘𝐘𝐅𝐫𝐞𝐞𝐥𝐚𝐧𝐜𝐞𝐂𝐨𝐧𝐭𝐞𝐧𝐭𝐁𝐚𝐫 #𝐃𝐢𝐠𝐢𝐭𝐚𝐥𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 #𝐒𝐨𝐜𝐢𝐚𝐥𝐌𝐞𝐝𝐢𝐚𝐀𝐠𝐞𝐧𝐜𝐲

16/02/2025

ဒီရက်ပိုင်း
ကျနော်တို့ 𝐏𝐚𝐠𝐞 ကို
𝐓𝐢𝐤𝐓𝐨𝐤 𝐁𝐨𝐨𝐬𝐭 ပေးလား
ပိုက်ဆံရတဲ့ 𝐌𝐨𝐧𝐞𝐭𝐢𝐳𝐚𝐭𝐢𝐨𝐧
အကောင့်တွေဖွင့်ပေးလားဆိုပြီး
လာမေးတဲ့သူတွေများပါတယ်။

လက်ရှိအချိန်ထိ 𝐓𝐢𝐤𝐓𝐨𝐤
မ 𝐁𝐨𝐨𝐬𝐭 ပေးသေးသလို
𝐌𝐨𝐧𝐞𝐭𝐢𝐳𝐚𝐭𝐢𝐨𝐧 ဆားဗစ်လည်း
မရသေးပါဘူး။

ဘာလို့လည်းဆိုရင်
𝐓𝐢𝐤𝐓𝐨𝐤 မှာ 𝐁𝐨𝐨𝐬𝐭 တာက

(လက်ရှိအချိန်ထိ)

𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 လိုမျိုး
𝐃𝐢𝐫𝐞𝐜𝐭 𝐒𝐚𝐥𝐞 ဖြစ်ဖို့ မလွယ်ကူပါဘူး။

𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 လိုမျိုး
𝐀𝐮𝐝𝐢𝐞𝐧𝐜𝐞 မျိုးစုံ
လက်ရှိအချိန်မှာ မရှိသေးပါဘူး။

နောက်တစ်ခု
𝐑𝐞𝐬𝐮𝐥𝐭 ကောင်းရဖို့က
𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 ထက်ပိုပြီး
ကိုယ်တင်တဲ့ 𝐂𝐨𝐧𝐭𝐞𝐧𝐭 ပေါ်
အများကြီးမူတည်ပါသေးတယ်။

ကျနော်တို့ 𝐀𝐠𝐞𝐧𝐜𝐲 ကိုယ်တိုင်
𝐓𝐢𝐤𝐓𝐨𝐤 မှာ 𝐁𝐨𝐨𝐬𝐭 ကြည့်တဲ့အခါ
ရလာတဲ့ 𝐑𝐞𝐬𝐮𝐥𝐭𝐬 မကြိုက်သလို

𝐂𝐥𝐢𝐞𝐧𝐭 တွေကို 𝐁𝐨𝐨𝐬𝐭 ပေးမယ်ဆိုရင်
အများကြီးရှင်းပြရမယ်ဆိုတာကို
သိလိုက်ပါတယ်။

𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 မှာ 𝐁𝐨𝐨𝐬𝐭 လို့
စာမဝင်ရင်ရပ်ပြီး
𝐀𝐮𝐝𝐢𝐞𝐧𝐜𝐞 ပြန်ချိန်ပေးရင်တောင်

ဘာလို့ချိန်တာလဲကွာဆိုပြီး
အပြစ်တင်လေ့ရှိကြသေးတာ

𝐓𝐢𝐤𝐓𝐨𝐤 မှာပါ 𝐁𝐨𝐨𝐬𝐭 လက်ခံလိုက်ရင်
ဘာမှလည်းမထူးဘူးကွာဆိုတဲ့
စကားသံ ထွက်လာမှာ အမှန်ပါ။

𝐌𝐨𝐧𝐞𝐭𝐢𝐳𝐚𝐭𝐢𝐨𝐧 အကြောင်းပြောရရင်

ရေရှည်မှာ
ပိုက်ဆံဝင်နိုင်တဲ့𝐀𝐜𝐜𝐨𝐮𝐧𝐭 တွေကို
ရောင်းပေးလိုက်ပြီဆိုပါစို့

𝐌𝐨𝐧𝐞𝐭𝐢𝐳𝐚𝐭𝐢𝐨𝐧 အောင်ထားပြီးသား
𝐀𝐜𝐜𝐨𝐮𝐧𝐭 ဆိုတာ
𝐏𝐨𝐥𝐢𝐜𝐲 တစ်ခုခုနဲ့ညှိပြီး
အချိန်မရွေး မအောင်တော့တာမျိုး
ဖြစ်နိုင်ပါတယ်။

အဲ့ချိန်ကျ ငါတို့ဝယ်တုန်းက
အောင်ပြီးသား
အခုကျမအောင်တော့ဘူး
ဂျင်းခံရပြီဆိုတာမျိုးတွေ
ပြောခံရနိုင်ပါတယ်။

ဒီလို 𝐑𝐢𝐬𝐤 တွေ
မယူချင်သေးတဲ့အတွက်
ဒီ ဆားဗစ်လေးတွေကို
လတ်တလောမပေးသေးတာဖြစ်ပြီး

𝐓𝐢𝐤𝐓𝐨𝐤 ကို အကျိုးရှိစွာသုံးချင်ရင်
ကိုယ်ပိုင် 𝐢𝐝𝐞𝐚 နဲ့
𝐕𝐢𝐝𝐞𝐨 𝐂𝐨𝐧𝐭𝐞𝐧𝐭 များများတင်
𝐀𝐜𝐜 𝐑𝐞𝐠𝐢𝐨𝐧 က 𝐉𝐚𝐩𝐚𝐧 ဆိုပိုကောင်း

𝐓𝐫𝐞𝐧𝐝 ဖြစ်တာလေးတွေ လိုက်ဆော့

ဒီ (၃) ချက်သာ သေချာလုပ်ထားဖို့
တိုက်တွန်းပါရစေ ခင်ဗျာ။

#𝐘𝐘𝐅𝐫𝐞𝐞𝐥𝐚𝐧𝐜𝐞𝐂𝐨𝐧𝐭𝐞𝐧𝐭𝐁𝐚𝐫 #𝐒𝐨𝐜𝐢𝐚𝐥𝐌𝐞𝐝𝐢𝐚𝐀𝐠𝐞𝐧𝐜𝐲 #စိတ်ကြိုက်တိုင်ပင်သဘောကျမှရွေးချယ် #𝐛𝐚𝐧𝐠𝐤𝐨𝐤

🚨 𝐁𝐫𝐞𝐚𝐤𝐢𝐧𝐠 𝐍𝐞𝐰𝐬 🚨မနေ့က 𝐕𝐚𝐥𝐞𝐧𝐭𝐢𝐧𝐞'𝐬 𝐃𝐚𝐲 မှာ တစ်ရုံးလုံး ချောကလက်တွေအများကြီး စားရပြီး ချောင်းဆိုး၊ချွဲကြပ်နေကြလို့  𝐑𝐞𝐩𝐥𝐲...
15/02/2025

🚨 𝐁𝐫𝐞𝐚𝐤𝐢𝐧𝐠 𝐍𝐞𝐰𝐬 🚨

မနေ့က 𝐕𝐚𝐥𝐞𝐧𝐭𝐢𝐧𝐞'𝐬 𝐃𝐚𝐲 မှာ တစ်ရုံးလုံး ချောကလက်တွေ
အများကြီး စားရပြီး ချောင်းဆိုး၊ချွဲကြပ်နေကြလို့ 𝐑𝐞𝐩𝐥𝐲
လေးတွေ ကြာနေရင် 𝐒𝐨𝐫𝐫𝐲 ပါနော်။😐

ဒီစာရိုက်နေရင်းကို ချောင်းတအားဆိုးလာလို့ဆက်မရိုက် ...see more

🎁 𝐕𝐚𝐥𝐞𝐧𝐭𝐢𝐧𝐞𝐬 𝐆𝐢𝐯𝐞𝐚𝐰𝐚𝐲 𝐖𝐢𝐧𝐧𝐞𝐫 လေးဖြစ်ပါတယ်။ 𝐓𝐞𝐚𝐦 ဘက်ကနေ ဆက်သွယ်ပြီး ကိတ်မုန့်လေးပို့ပေးချင်လို့ သိတဲ့သူရှိရင် 𝐌𝐞𝐧𝐭𝐢𝐨𝐧𝐞𝐝 လ...
14/02/2025

🎁 𝐕𝐚𝐥𝐞𝐧𝐭𝐢𝐧𝐞𝐬 𝐆𝐢𝐯𝐞𝐚𝐰𝐚𝐲 𝐖𝐢𝐧𝐧𝐞𝐫 လေးဖြစ်ပါတယ်။

𝐓𝐞𝐚𝐦 ဘက်ကနေ ဆက်သွယ်ပြီး ကိတ်မုန့်လေးပို့ပေးချင်လို့ သိတဲ့သူရှိရင် 𝐌𝐞𝐧𝐭𝐢𝐨𝐧𝐞𝐝 လေး ခေါ်သွားလိုက်ပါဦးနော်။

ပါဝင်ပေးတဲ့တစ်ယောက်ချင်းစီတိုင်း ကျေးဇူးအထူးပါခင်ဗျ။ 💖

#𝐘𝐘𝐅𝐫𝐞𝐞𝐥𝐚𝐧𝐜𝐞𝐂𝐨𝐧𝐭𝐞𝐧𝐭𝐁𝐚𝐫 #𝐒𝐨𝐜𝐢𝐚𝐥𝐌𝐞𝐝𝐢𝐚𝐀𝐠𝐞𝐧𝐜𝐲 #စိတ်ကြိုက်တိုင်ပင်သဘောကျမှရွေးချယ်

14/02/2025

ဒီနေ့ကတော့ မိုးမမြင် လေမမြင် ပျော်ကြပါးကြ
လည်နေကြပြီဆိုတာ သိပါတယ်။

နောက် (၅)လလောက်နေမှ
ပြတ်ကြလို့

အလုပ်ကြိုးစားမယ်
စီးပွါးရေးသေချာလုပ်တော့မယ်
ကြည့်ထား သူ့ထက်သာအောင် တောက်ပပြမယ် ဆိုတဲ့
ဆန္ဒရှိလာပြီဆိုရင်တော့

ဒီဂျစ်တယ်မားကတ်တင်းအတွက်
𝐘𝐘 𝐅𝐫𝐞𝐞𝐥𝐚𝐧𝐜𝐞 𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐁𝐚𝐫 ကို
ဆက်သွယ်နိုင်ပါတယ်နော်။ 🙂‍↔️

#𝐘𝐘𝐅𝐫𝐞𝐞𝐥𝐚𝐧𝐜𝐞𝐂𝐨𝐧𝐭𝐞𝐧𝐭𝐁𝐚𝐫 #𝐒𝐨𝐜𝐢𝐚𝐥𝐌𝐞𝐝𝐢𝐚𝐀𝐠𝐞𝐧𝐜𝐲 #စိတ်ကြိုက်တိုင်ပင်သဘောကျမှရွေးချယ် #𝐛𝐚𝐧𝐠𝐤𝐨𝐤 #2025

💔 𝐕𝐚𝐥𝐞𝐧𝐭𝐢𝐧𝐞’𝐬 𝐃𝐚𝐲 မှာ လက်ဆောင်မရနိုင်တော့ဘူးဆိုပြီး ဝမ်းနည်းနေမယ့်သူတွေအတွက်ကျနော်တို့ 𝐓𝐞𝐚𝐦 က 𝐕𝐚𝐥𝐞𝐧𝐭𝐢𝐧𝐞’𝐬 ကိတ်လေးတစ်လုံး...
12/02/2025

💔 𝐕𝐚𝐥𝐞𝐧𝐭𝐢𝐧𝐞’𝐬 𝐃𝐚𝐲 မှာ လက်ဆောင်မရနိုင်တော့ဘူးဆိုပြီး ဝမ်းနည်းနေမယ့်သူတွေအတွက်

ကျနော်တို့ 𝐓𝐞𝐚𝐦 က 𝐕𝐚𝐥𝐞𝐧𝐭𝐢𝐧𝐞’𝐬 ကိတ်လေးတစ်လုံး အမှတ်တရလက်ဆောင် 𝐆𝐢𝐯𝐞𝐚𝐰𝐚𝐲 လေး စီစဉ်ထားပါတယ်။

စည်းကမ်းချက်တွေကတော့

💖 𝐏𝐚𝐠𝐞 ကို 𝐋𝐢𝐤𝐞 လုပ်

💖 𝐏𝐨𝐬𝐭 ကို “စိတ်ကြိုက်တိုင်ပင် သဘောကျမှ ရွေးချယ်” ဆိုတဲ့ 𝐂𝐚𝐩𝐭𝐢𝐨𝐧 နဲ့ 𝐒𝐡𝐚𝐫𝐞

💖 𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာ 𝐒𝐡𝐚𝐫𝐞 ထားတဲ့ 𝐒𝐜𝐫𝐞𝐞𝐧𝐬𝐡𝐨𝐭 လေးပြပေးရုံနဲ့ 𝐕𝐚𝐥𝐞𝐧𝐭𝐢𝐧𝐞’𝐬 အမှတ်တရကိတ်လေး လက်ဆောင်ရနိုင်တဲ့
အခွင့်အရေးလေးကို ပိုင်ဆိုင်နိုင်မှာပါ။

🍃 𝐅𝐚𝐤𝐞 𝐀𝐜𝐜𝐨𝐮𝐧𝐭 မဟုတ်ဘဲ 𝐑𝐞𝐚𝐥 𝐀𝐜𝐜𝐨𝐮𝐧𝐭 ဖြစ်ဖို့တော့ လိုပါတယ်နော်။

ကံစမ်းမဲပေါက်တဲ့သူလေးကို 𝐓𝐞𝐚𝐦 ဘက်က
(၁၄) ရက်နေ့မနက်မှာ ဆက်သွယ်ပေးသွားပါ့မယ်ခင်ဗျ။

ကိတ်မုန့်ပို့ပေးမှာဖြစ်လို့ ရန်ကုန်၊ မန္တလေး၊ ဘန်ကောက်မှာနေတဲ့သူတွေပဲ အဆင်ပြေမယ်ခင်ဗျာ။

နယ်ဝေးဆို 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 အခက်အခဲဖြစ်လို့ပါ။

𝐕𝐚𝐥𝐞𝐧𝐭𝐢𝐧𝐞’𝐬 𝐃𝐚𝐲 ဆိုတဲ့စာသားလေးနဲ့ ကိတ်လှလှလေးပိုင်ဆိုင်ဖို့ အခုပဲ ပါဝင်လိုက်တော့နော်။

(အငြင်းပွါးဖွယ် ဆုံးဖြတ်ချက်များပေါ်လာပါက 𝐀𝐝𝐦𝐢𝐧 𝐓𝐞𝐚𝐦 ရဲ့ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါတယ်)

#𝐘𝐘𝐅𝐫𝐞𝐞𝐥𝐚𝐧𝐜𝐞𝐂𝐨𝐧𝐭𝐞𝐧𝐭𝐁𝐚𝐫 #𝐒𝐨𝐜𝐢𝐚𝐥𝐌𝐞𝐝𝐢𝐚𝐀𝐠𝐞𝐧𝐜𝐲 #စိတ်ကြိုက်တိုင်ပင်သဘောကျမှရွေးချယ် #𝐛𝐚𝐧𝐠𝐤𝐨𝐤

11/02/2025

𝐕𝐚𝐥𝐞𝐧𝐭𝐢𝐧𝐞𝐬’𝐬 𝐃𝐚𝐲 အမီ လာအပ်တဲ့
𝐒𝐨𝐜𝐢𝐚𝐥 𝐀𝐝𝐬 𝐃𝐞𝐬𝐢𝐠𝐧 များ လက်ခံခြင်းကို
နားထားလိုက်ပြီခင်ဗျ။

လက်ခံထားတာတွေကိုတော့
(၁၃) ရက်နေ့ည နောက်ဆုံး
အကုန်ပို့ပေးပါ့မယ်နော်။

တစ်နှစ်ကို
𝐕𝐚𝐥𝐞𝐧𝐭𝐢𝐧𝐞𝐬’𝐬 𝐃𝐚𝐲 (𝟮𝟲)ခေါက်လောက်ရှိရင်
ကောင်းမယ်လို့ တွေးမိတဲ့အထိ

𝐏𝐚𝐜𝐤𝐚𝐠𝐞 တွေ လာအပ်ကြတာ
ကျေးဇူးပါဗျာ။ 💖

#𝐘𝐘𝐅𝐫𝐞𝐞𝐥𝐚𝐧𝐜𝐞𝐂𝐨𝐧𝐭𝐞𝐧𝐭𝐁𝐚𝐫 #𝐒𝐨𝐜𝐢𝐚𝐥𝐌𝐞𝐝𝐢𝐚𝐀𝐠𝐞𝐧𝐜𝐲 #စိတ်ကြိုက်တိုင်ပင်သဘောကျမှရွေးချယ်

08/02/2025

မနက်ဖြန်ကတော့ ထုံးစံအတိုင်း
𝐒𝐮𝐧𝐝𝐚𝐲 ပိတ်ရက်လေးဖြစ်လို့
အလုပ်လက်ခံတာလေးတွေ
နားပါတယ်ဗျ။

𝐁𝐨𝐨𝐬𝐭 𝐑𝐞𝐬𝐮𝐥𝐭𝐬 လေးတွေ
ဒီရက်ပိုင်းပြန်အဆင်ပြေလာပါတယ်။

အမျိုးသမီးဖက်ရှင်
ဖုန်းဆိုင်
ကာဂို
𝐕𝐢𝐬𝐚 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 တွေဆို ပိုကောင်းပြီး

သင်တန်းကျောင်း
𝐌𝐚𝐤𝐞 𝐮𝐩 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
𝐅𝐥𝐨𝐫𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
𝐁𝐞𝐚𝐮𝐭𝐲 𝐂𝐥𝐢𝐧𝐢𝐜 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 လေးတွေကတော့
𝐄𝐧𝐠𝐚𝐠𝐞𝐦𝐞𝐧𝐭 သီးသန့် 𝐁𝐨𝐨𝐬𝐭 တာက
အသင့်တော်ဆုံးပါ။

𝐏𝐚𝐠𝐞 𝐏𝐫𝐨𝐦𝐨𝐭𝐞 လုပ်တာလေးကတော့
ဒီရက်ပိုင်းနားသင့်တယ်ဗျ။

𝗣𝗼𝘀𝘁 လေးတွေကို ဒီရက်ပိုင်း 𝐁𝐨𝐨𝐬𝐭 မယ်ဆိုရင်
𝐒𝐄𝐎 လေးလုပ်ကြည့်ဗျ။

𝐂𝐨𝐧𝐭𝐞𝐧𝐭 မှာ လက်ရှိခေတ်စားနေတဲ့
စကားလုံးသုံးပြီး ကြော်ငြာတာမျိုးပေါ့။

ဉပမာ- 𝐕𝐚𝐥𝐞𝐧𝐭𝐢𝐧𝐞’𝐬 𝐃𝐚𝐲 နီးလာပြီဆို
ဒီစကားလုံးပါတဲ့ 𝐂𝐨𝐧𝐭𝐞𝐧𝐭 & 𝐃𝐞𝐬𝐢𝐠𝐧တွေ
ဖန်တီးပြီး 𝐁𝐨𝐨𝐬𝐭 တာမျိုးပါ။

𝐑𝐞𝐞𝐥𝐬 𝐕𝐢𝐝𝐞𝐨 ပါ လုပ်ပြီး
𝐁𝐨𝐨𝐬𝐭 နိုင်ရင်တော့
ရှယ်ပဲဗျို့။

ဖေဖော်ဝါရီလအစမှာတင်
𝐂𝐨𝐧𝐭𝐞𝐧𝐭 & 𝐃𝐞𝐬𝐢𝐠𝐧 တွေ
ရှယ်လုပ်နေရတဲ့အတွက်
ကျေးဇူးကမ္ဘာပါဗျာ။

#𝐘𝐘𝐅𝐫𝐞𝐞𝐥𝐚𝐧𝐜𝐞𝐂𝐨𝐧𝐭𝐞𝐧𝐭𝐁𝐚𝐫 #𝐒𝐨𝐜𝐢𝐚𝐥𝐌𝐞𝐝𝐢𝐚𝐀𝐠𝐞𝐧𝐜𝐲 #စိတ်ကြိုက်တိုင်ပင်သဘောကျမှရွေးချယ်

ที่อยู่

D Condo Ram Inthra 47 Street
Bangkok

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00
เสาร์ 09:00 - 17:00

เบอร์โทรศัพท์

+959793710399

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ YY Freelance Content Barผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง YY Freelance Content Bar:

วิดีโอทั้งหมด

แชร์