SOE MJ Vlogs

SOE MJ Vlogs အပင်လေးတွေပန်းလေးတွေကိုပြုံးပြပါစိတ်ကိုအေးချမ်းတယ် 🇲🇲🇯🇵ဂျပန်မှာပြုစုစောင့်ရှောက်ရေးအလုပ်လုပ်နေပါတယ်ဗျ သိချင်တာရှိရင်လာမေးလို့ရပါတယ်

နှစ်စဉ်နွေရာသီနေကြာပန်းပွင့်တဲ့အချိန်နဲ့ဒီအဝါရောင်ရထားလာတဲ့အချိန်ကို အချိန်ကိုက်ရိုက်ဖို့ဆိုတာတော်တော်လေးကိုခက်ခဲပါတယ် အ...
04/09/2024

နှစ်စဉ်နွေရာသီနေကြာပန်းပွင့်တဲ့အချိန်နဲ့ဒီအဝါရောင်ရထားလာတဲ့အချိန်ကို အချိန်ကိုက်ရိုက်ဖို့ဆိုတာတော်တော်လေးကိုခက်ခဲပါတယ် အရမ်းကိုလှတဲ့ရှုခင်းလေးပါ
နေရာကတော့岐阜。大垣(Gifu. Ōgaki)မှာပါ
ဓါတ်ပုံကတော့တိုကျိုဓါတ်ပုံပြပွဲတခုမှာပြသထားတဲ့ပုံပါ
ကျွန်တော်လည်းနောက်နှစ်တော့သွားဖြစ်အောင်သွားမယ်
#ဂျပန်ဗဟုသုတ
#ဂျပန်

ကဲဒါကတော့ဆောင်းဦးရာသီ東京ドイツ村(Tokyo German Village2024) တိုကျိုဂျာမန်ပန်းခြံမှာပွင့်မယ့်ပန်းတွေနဲ့ အချိန်ဖြစ်ပါတယ်ပုံအောက်...
31/08/2024

ကဲဒါကတော့ဆောင်းဦးရာသီ東京ドイツ村(Tokyo German Village2024) တိုကျိုဂျာမန်ပန်းခြံမှာပွင့်မယ့်ပန်းတွေနဲ့ အချိန်ဖြစ်ပါတယ်
ပုံအောက်မှာပွင့်မယ့်အချိန်နဲ့ပန်းအမျိုးစားကိုဖော်ပြပေးထားပါတယ်
နောက်ဆုံးပုံကပန်းခင်းအမည်နဲ့ပန်းပွင့်မယ်နေရာပြမြေပုံဖြစ်ပါတယ်ု
ပွင့်မယ့်အချိန်ကိုသေချာကြည့်ပြီးမှသွားဖို့အကြံပေးချင်ပါတယ်
ဝင်ကြေးကလူကြီး၁၀၀၀ယန်းပါ
အချိန်က ၉:၃၀~၁၇:၀၀(နောက်ဆုံးဝင်ချိန်က၄ခွဲ)
အားလုံးပဲဆောင်းဦးကိုလည်းစိတ်ချမ်းမြေ့စွာဖြတ်သန်းနိုင်ကြပါစေ.
#ဂျပန်ဗဟုသုတ

30/08/2024

မိုးရွာရင်ကလေးဘဝကိုလွမ်းတယ်
ကျောင်းမသွားကျူရှင်မသွားဘဲမိုးရေထဲခုန်ပေါက်ဆော့ကစားရတာကိုကြိုက်တယ်
အိမ်နားဟိုရိုက်ဒီရိုက်
အသဲကွဲရက်ရာဇာ

ဂျပန်နိုင်ငံရဲ့အကြီးဆုံးရေတံခွန်ကြီး富山県(တိုယမခရိုင်)မှာရှိတဲ့ 称名滝(Shōmyōdaki)ရေတံခွန်ကတော့ဂျပန်နိုင်ငံရဲ့အကြီးဆုံးဖြစ်ပါ...
27/08/2024

ဂျပန်နိုင်ငံရဲ့အကြီးဆုံးရေတံခွန်ကြီး
富山県(တိုယမခရိုင်)မှာရှိတဲ့ 称名滝(Shōmyōdaki)ရေတံခွန်ကတော့ဂျပန်နိုင်ငံရဲ့အကြီးဆုံးဖြစ်ပါတယ်
အမြင့်ပေ၃၅၀မီတာခန့်ရှိပြီးတိုကျိုတာဝါအမြင့်ပေ၃၃၃မီတာထက်မြင့်တဲ့နေရာကနေရေတွေစီးဆင်းနေပါတယ် ရာသီအလိုက်မြင်ကွင်းတွေကပြောင်းလဲပြီးအရမ်းကိုလှပြီးအေးချမ်းတဲ့နေရာလေးဖြစ်ပါတယ်
တခေါက်လောက်တော့ရောက်အောင်သွားကြပါ
#ဂျပန်ဗဟုသုတ

စကားပြောတဲ့အခါအရမ်းအရေးကြီးတဲ့ ありがとうございますとごめんなさいမြန်မာလိုဆိုရင်တော့ ကျေးဇူးတင်ပါတယ်နဲ့တောင်းပန်ပါတယ်ありがとうは感謝の言葉၊ごめんなさいは謝...
26/08/2024

စကားပြောတဲ့အခါအရမ်းအရေးကြီးတဲ့ ありがとうございますとごめんなさい
မြန်မာလိုဆိုရင်တော့ ကျေးဇူးတင်ပါတယ်နဲ့တောင်းပန်ပါတယ်
ありがとうは感謝の言葉၊ごめんなさいは謝罪の言葉
တဖက်လူရဲ့အကူညီ(နှုတ်၏ဖြစ်စေ၊ကိုယ်၏ဖြစ်စေ)လက်ခံရရှိတဲ့အခါမှာありがとうございます(ကျေးဇူးတင်ပါတယ်)ဆိုတဲ့စကားကိုပြောဖို့မမေ့ပါနဲ့ အဲလိုပဲကိုယ်ကတခုခုအမှားလုပ်မိလို့(နှုတ်နဲ့ဖြစ်စေ၊ကိုယ်နဲ့ဖြစ်စေ)ごめんなさい(တောင်းပန်ပါတယ်)ဆိုတဲ့စကားကိုပြောဖို့ဝန်မလေးပါနဲ့ အရမ်းအရေးကြီးပါတယ်။ ဒီလိုကိုပြောလိုက်လို့လက်ခံရရှိတဲ့သူကလည်းစိတ်ပိုပြေလျော့စေပြီး နှစ်ဦးနှစ်ဖက်လည်းဆက်ဆံရေးကိုအဆင်ပြေစေတယ်
ごめんなさい/すみません/申し訳ございません。

Kaigo(ဘိုးဘွားစောင့်ရှောက်ရေး)မိနစံတို့ဂျပန်မှာဘာအလုပ်တွေလုပ်နေကြလဲဟင် ဘာကြောင့်အခုလုပ်နေတဲ့အလုပ်ကိုလုပ်နေကြလဲ ကျွန်တော်...
24/08/2024

Kaigo(ဘိုးဘွားစောင့်ရှောက်ရေး)

မိနစံတို့ဂျပန်မှာဘာအလုပ်တွေလုပ်နေကြလဲဟင် ဘာကြောင့်အခုလုပ်နေတဲ့အလုပ်ကိုလုပ်နေကြလဲ
ကျွန်တော်ကတော့ဘိုးဘွားစောင့်ရှောက်နေအလုပ်ကိုလုပ်ကိုင်နေပါတယ် အခုဆိုရင်တော့၃နှစ်မြောက်ပေါ့
ရွေးချယ်ခဲ့တာကတော့ဝါသနာကြောင့်ရယ် ကိုယ့်နဲ့သင့်တော်မယ်ထင်တာရယ်ကြောင့်ပါ
ပြီးတော့ဒီအလုပ်ကအချိန်ပိုနည်းပြီးပိတ်ရက်များတာရယ်ကြောင့်ပါ(ညဆိုင်းလုပ်ရင်)
ကိုယ်ပိုင်အချိန်ပိုရတဲ့အတွက်ကြောင့််ကိုယ်လုပ်ချင်တာကိုလုပ်လို့ရပါတယ်
ဂျပန်ကိုလာတယ်ဆိုတာပိုက်ဆံရှာချင်လို့အလုပ်ကိုရသလောက်လုပ်ပြီးပိုက်ဆံရှာကြတယ်ဆိုပေမယ့် ဂျပန်မှာနေတာကြာလာတာနဲ့အမျှဘယ်ဟာကကိုယ့်အတွက်ပိုအရေးကြီးလည်းဆိုတာ ဒီကိုရောက်လာကြတဲ့သူတိုင်းခံစားမိမှာပါ
ကျွန်တော်လည်းအခုအလုပ်ကိုမလုပ်ခင် စက်ရုံအလုပ်ကို၄နှစ်လောက်လုပ်ခဲ့ဖူးပါတယ်
စက်ရုံအလုပ်ကအချိန်ပို (ကျွန်တော်ဆိုအချိန်ပိုကြီးပဲ၁လကိုနာရီ၈၀ထိ) များတဲ့အတွက်ကြောင့်ပိုက်ဆံပိုရတာမှန်ပေမယ့် အလုပ်ချိန်ကများလို့ပိတ်ရက်ဆိုရင်တောင်ပိတ်ရက်မှန်မသိဘဲကုန်ဆုံးသွားတယ် ကိုယ်ပိုင်အချိန်ကနည်းပြီး အချိန်ကြာလာတာနဲ့အများစိတ်ဖိစီးမှုတွေများလာပြီး ခန္ဓာကိုယ်ပင်ပန်းမှုတွေပဲပိုလာတယ်
အခုလက်ရှိအလုပ်ကတော့ဝါသနာကြောင့်နဲ့ကိုယ်နဲ့သင့်တော်တာကြောင့်ပျော်ရွင်ရပါတယ်
အာလုံးပဲဆန္ဒနဲ့ဘဝတထပ်တည်းကြတဲ့လုပ်ငန်းခွင်ကိုရွေးချယ်နိုင်ကြပါစေ
ကျွန်တော်တယောက်ရဲ့အမြင်တခုတည်းပါဗျ

ဘာပွဲမှမမှီလိုက်တဲ့သူတွေဒီပွဲတော့ရအောင်သွားကြ49ကြိမ်မြောက်東京江戸川区花火大会(TokyoEdogawa မီးပန်းပွဲ)ဒီအပတ်စနေနေ့  တော်တော်များမ...
22/08/2024

ဘာပွဲမှမမှီလိုက်တဲ့သူတွေဒီပွဲတော့ရအောင်သွားကြ
49ကြိမ်မြောက်東京江戸川区花火大会(TokyoEdogawa မီးပန်းပွဲ)
ဒီအပတ်စနေနေ့ တော်တော်များများပိတ်ကြတယ်ဆိုတော့သွားကြ လူကတော့တော်တော်တိုးရမယ် အပြန်ဆိုပိုဆိုး
နေ့ရက်အချိန် : 2024年8月24日(土)
19時 15分~20時20分
နေရာ : 江戸川河川敷(都立篠崎公園先)
都営地下鉄篠崎駅ကနေလမ်းလျှောက်၁၅မိနစ်
JR小岩駅または京成電鉄京成江戸川駅ကနေလမ်းလျှောက်၂၅မိနစ်
都営地下鉄瑞江駅ကနေလမ်းလျှောက်၄၅မိနစ်
(အပြန်လူအရမ်းရှုပ်မယ်)
အရမ်းလှတဲ့အတွက်သွားကြပါ
အပြန်တော့ဂရုစိုက်ကြပါ

21/08/2024

ဂျပန်မှာနေရင်တော့ ဂျပန်စကားလောက်တော့ပြောနိုင်အောင်ကြိုးစားပါ
ဂျပန်စာlevelလိုတာကိုပြောတာမဟုတ်ဘူး စာကျက်ရုံနဲ့လည်းဂျပန်စကားမပြောတတ်ဘူး
စကားပြောတတ်ဖို့ကိုပြောတာ ဒီမှာကပြောနိုင်ဆိုနိုင်မှ မဟုတ်ရင်လူလိမ်ခံရနိုင်တယ်
ပြောနိုင်ဆိုနိုင်သူတို့ထက်သိတာတောင်မှလိမ်ချင်ကြတဲ့သူတွေကရှိသေးတယ် ဂျပန်မှာနေတာကြာလို့လည်းမပြောရင်ဂျပန်စကားမပြောတတ်ဘူး မှားမှာမကြောက်နဲ့ နားမလည်ပဲခေါင်းမညိတ်နဲ့ သေချာအောင်မေး
လေ့လာပါ ဘယ်မှမသွားရင်တောင်ကိုယ့်ပတ်ဝန်းကျင်လောက်ကိုတော့သေချာသိအောင်လေ့လာပါ

長岡花火(Nagaokaမီးပန်းပွဲ)တဲ့ လှလိုက်တာ နောက်နှစ်တော့ရအောင်သွားမယ်
20/08/2024

長岡花火(Nagaokaမီးပန်းပွဲ)တဲ့ လှလိုက်တာ နောက်နှစ်တော့ရအောင်သွားမယ်

19/08/2024

ဂျပန်ဘယ်မှာနေကြလည်း
ကျွန်တော်နေတဲ့မြို့ပြမြေပုံ
Yamanashi

TOKYO LIGHT 2024(၂၀၂၄တိုကျိုမီးအလှပြပွဲ)ကျင်းပမည့်ရက် ၉လပိုင်း14ရက်(စနေ)~၁၆ရက်ဝင်ကြေး ၁၄ရက်နဲ့၁၅ရက်က 2500円    16ရက်နေ့က3...
16/08/2024

TOKYO LIGHT 2024(၂၀၂၄တိုကျိုမီးအလှပြပွဲ)
ကျင်းပမည့်ရက် ၉လပိုင်း14ရက်(စနေ)~၁၆ရက်
ဝင်ကြေး ၁၄ရက်နဲ့၁၅ရက်က 2500円
    16ရက်နေ့က3000円
ကျင်းပမည့်အချိန်
၁၄ရက်(စနေ)

(1)国際大会(第1部)18時30分~19時20分
(2)国際大会(第2部)20時00分~20時50分

၁၅ရက်(တနင်္ဂနွေ)

(1)国際大会(第1部)18時30分~19時20分
(2)国際大会(第2部)20時00分~20時50分

၁၆ရက်နေ့(တနင်္လာနေ့)

国際大会+授賞式
19時00分~20時50分

ကျင်းပမည့်နေရာ

明治神宮外苑 聖徳記念絵画館 及び
明治神宮外苑 総合球技場軟式球場

https://tokyolights.jp/

茨城県牛久大仏花火大会🎆(အိဘရခိရပ်တော်မူဘုရားမီးပန်းပွဲတော်)လိုတိုင်းတရနိုင်ပါစေဗျာ
15/08/2024

茨城県牛久大仏花火大会🎆(အိဘရခိရပ်တော်မူဘုရားမီးပန်းပွဲတော်)
လိုတိုင်းတရနိုင်ပါစေဗျာ

ကိုယ်နဲ့အနီးစက်ဆုံးအရေးပေါ်ခုံလုံတဲ့နေရာ(避難場所)ကိုရှာထားကြပါဂျပန်လည်းမပျင်းရဘူး ငလျင်နဲ့မုန်တိုင်းတလှည့်စီပတ်နေတယ်😂အဆင့်၆...
14/08/2024

ကိုယ်နဲ့အနီးစက်ဆုံးအရေးပေါ်ခုံလုံတဲ့နေရာ(避難場所)ကိုရှာထားကြပါ
ဂျပန်လည်းမပျင်းရဘူး ငလျင်နဲ့မုန်တိုင်းတလှည့်စီပတ်နေတယ်😂
အဆင့်၆တိုင်ဖုန်းက၁၃ရက်နေ့မှာအပူပိုင်းဆိုင်ကလုန်းအဖြစ်ပြောင်းသွားတယ်
၁၄ရက်နေ့လည်သတင်းအချက်လက်အရအဆင့်၇နဲ့၈အဆင့်ကဂျပန်တောင်ဘက်ပင်လယ်မှာရှိတယ်တဲ့တယ်
၁၇ရက်(စနေ့)မှာတိုင်ဖုန်းအဆင့်၈ကအပူပိုင်းဆိုင်ကလုန်းအဖြစ်ပြောင်းပြီး 本州(ဟွန်းရှူးဒေသ)ကနေထွက်ခွါပြီးမြောက်ဘက်ကနေအရှေ့ဘက်ကိုဦးတည်မည်လို့ခန့်မှန်းရပါတယ်
အထူးသတိထားရမှာကအဆင့်၇ဆိုင်ကလုန်း
၁၆ရက်နေ့နဲ့၁၇ရက်နေ့မှာဖြစ်ပေါ်မယ့်အဆင့်၇ဆိုင်ကလုန်းကအရှေ့ဂျပန်(東日本)ချိဘဘက်ကိုဦးတည်ပြီးလာမှာဖြစ်တဲ့အတွက်ကြောင့်ချိဘ(千葉)ဘက်နေတဲ့သူတွေအထူးဂရုစိုက်ကြဖို့လိုပါတယ်
မှန်တံခါးတွေကိုတပ်နဲ့ကပ်ကြပါ(ကျွန်တော်တို့လည်းအရင်ကလုပ်ခဲ့ဖူးတယ်)
ကိုယ်နဲ့အနီးစက်ဆုံးအရေးပေါ်ခုံလုံတဲ့နေရာ(避難場所)ကိုရှာထားကြပါ
အရေးကြီးတာတွေကိုသေချာတစုတစီးတည်းသိမ်းထားပါ
အားလုံးပဲဘေးကင်းကြပါစေဗျာ

ဂျပန်စာလေ့လာနေသူတွေအတွက်感が付くの言葉感動 (かんどう)    စိတ်လှုပ်ရှားမှု感謝 (かんしゃ)    ကျေးဇူးတင်ခြင်း感激 (かんげき)    စိတ်လှုပ်ရှားခြင်း။...
13/08/2024

ဂျပန်စာလေ့လာနေသူတွေအတွက်

感が付くの言葉

感動 (かんどう) စိတ်လှုပ်ရှားမှု

感謝 (かんしゃ) ကျေးဇူးတင်ခြင်း

感激 (かんげき) စိတ်လှုပ်ရှားခြင်း။ပြင်းထန်စွာခံ စားရခြင်း

感覚 (かんかく) ထိတွေ့ခံစားမှု

感触 (かんしょく) ထိတွေ့ခံစားမှု

感受性 (かんじゅせい) ခံစားနိုင်သောစွမ်းရည်

感応 (かんのう) ထိလွယ်ရှလွယ်

感情 (かんじょう) အာရုံခံစားမှု

情感 (じょうかん) စိတ်ခံစားမှု

感服 (かんぷく) အထင်ကြီးမှု

感性 (かんせい) အာရုံခံအစွမ်း

感想 (かんそう) ခံစားချက်

感心 (かんしん) စိတ်ထဲမှချီးကျူးခြင်း

感傷 (かんしょう) စိတ်ဒဏ်ရာ

感通 (かんつう) အာရုံခံစားမှု

感染 (かんせん) ရောဂါကူးစက်ခြင်း

反感 (はんかん) မခံချင်စိတ်ဖြစ်နေခြင်း

快感 (かいかん) သက်တောင့်သက်သာ

悪感 (あっかん) မကောင်းတဲ့ခံစားချက်

直感 (ちょっかん) အလိုလျောက်သိရခြင်း

နားမလည်တာရှိရင်မေးလို့ရပါတယ်
ကြိုးစားနေဖို့ကလည်းအရေးကြီး
ဂျပန်လာမယ့်သူတွေအမြန်ဆုံးလာနိုင်ကြပါစေ❤️❤️

13/08/2024

ညဆိုင်းသွားတဲ့နေ့ကစိတ်ချမ်းသာစရာလေးတခု
လှရက်လွန်းတယ် အပြင်မှာပိုလှတယ်

တခုလောက်မေးချင်လို့ ဂျပန်စကားပြောရင်ဘာလိုညှောင်နာနာအသံနဲ့ပြောကြတာလည်းဟင် ဘာလဲဂျပန်တွေနဲ့တူအောင်လို့လား နေတဲ့၇နှစ်အတွင်းန...
11/08/2024

တခုလောက်မေးချင်လို့ ဂျပန်စကားပြောရင်ဘာလိုညှောင်နာနာအသံနဲ့ပြောကြတာလည်းဟင် ဘာလဲဂျပန်တွေနဲ့တူအောင်လို့လား နေတဲ့၇နှစ်အတွင်းနေ့စဉ်ဂျပန်လူမျိုးတွေနဲ့စကားပြောနေကြပါ သူတို့တွေလည်းပုံမှန်ပါပဲ Animationကာတွန်းကြိုက်လို့ကလေးတွေကကားတွန်းဇာတ်ကောင်လိုပြောကြတာကတော့ ဘာမှမပြောလိုပါဘူး
ပုံမှန်စကားပြောတဲ့အချိန်လေးတော့ပုံမှန်လေသံနဲ့ပြောကြပါ
ဂျပန်တွေထက်ပိုပြီးဂျပန်ချင်ကြသောလူတချို့
စတာနော်😁😁😁

山の日8လပိုင်း၁၁ရက်နေ့ကိုဂျပန်မှာ山の日(တောင်တွေကိုချစ်မြတ်နိုးပြီး တောင်တွေရဲ့အကျိုးကျေးဇူးကိုကျေးဇူးတင်တဲ့နေ့)ဒါကတော့၃၇၇၆မီတ...
10/08/2024

山の日
8လပိုင်း၁၁ရက်နေ့ကိုဂျပန်မှာ山の日(တောင်တွေကိုချစ်မြတ်နိုးပြီး တောင်တွေရဲ့အကျိုးကျေးဇူးကိုကျေးဇူးတင်တဲ့နေ့)
ဒါကတော့၃၇၇၆မီတာအမြင့်ရှိတဲ့ဖူဂျီတောင်ဖြစ်ပါတယ်
ဓါတ်ပုံကတော့ဆောင်းတုန်းကရိုက်ထားတာပါ
ဖူဂျီတောင်တက်ကာလကတော့၉လပိုင်း၁၀ရက်နေ့ထိဖြစ်ပါတယ်
ကျွန်တော်လည်းနောက်နှစ်တော့တက်ဖြစ်အောင်တက်မယ်

၃၇ကြိမ်မြောက်ဂျပန်နိုင်ငံရဲအကြီးဆုံးမီးပန်းပွဲတော်၃၇ကြိမ်မြောက် (第37回利根川大花火大会)၉လပိုင်း茨城(အိဘရခိ)မှာကျင်းပမယ့်မီးပန်းပွဲတ...
10/08/2024

၃၇ကြိမ်မြောက်ဂျပန်နိုင်ငံရဲအကြီးဆုံးမီးပန်းပွဲတော်

၃၇ကြိမ်မြောက် (第37回利根川大花火大会)
၉လပိုင်း茨城(အိဘရခိ)မှာကျင်းပမယ့်မီးပန်းပွဲတော်ဟာဂျပန်နိုင်ငံရဲ့အကြီးဆုံးမီးပန်းပွဲတော်တွေထဲက၁ခုဖြစ်ပါတယ် မီးပန်းအရေတွက်ကလည်း၃သောင်းခန့်ပစ်ဖေါက်မှာဖြစ်ပါတယ်
သတ်မှတ်ထားထိုင်ခုံတော့ဝယ်လို့ရပါတယ်
လက်မှတ်မဝယ်ထားတဲ့သူတွေကတော့အနီးနားကနေကြည့်လို့ရပါတယ်
ဇိမ်ခံ၂ယောက်ထိုင်ခုံ - 80000円
ပရီမီယံစားပွဲ၄ယောက်ခုံ - 60000円
ရိုးရိုးစားပွဲ၄ယောက်ခုံ - 40000円
၁ယောက်ထိုင်ခုံ - 8000円
အပန်းဖြေအနီးဧရိယာ၁ယောက် - 5000円

ကျင်းပမည့်ရက် - ၉လပိုင်း၁၄ရက်(စနေ)
ဖေါက်မည့်အချိန် - 18:30~2030
(13:00~18:00ထိကအစီစဉ်အမျိုးမျိုးကျင်းပမှာဖြစ်ပါတယ်)
နေရာ - 茨城県五霞町山王地先
လက်မှတ်ကိုဒီlinkမှာဝယ်လို့ရပါတယ်
https://www.sakai-hanabi.com/ticket/

08/08/2024

လူရှုပ်တဲ့နေရာတွေလဲ့မကြိုက်ဘူး စိတ်ရှုပ်တဲ့အရာတွေလည်းမကြိုက်ဘူး
ဖူဂျီတောင်ကိုလှမ်းကြည့်ပြီးမနက်စာစားရတဲ့အရသာ
followလုပ်ထားပေးတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ဗျ
တချို့အရာတွေကဗဟုတုတရချင်မှရမယ် အဲအတွက်လည်းတောင်းပန်ပါတယ်ဗျ
၁လပိုင်းစာမေးပွဲအတွက်စာကျက်နေရသေးလို့ခရီးမထွက်နိုင်သေးဘူး

8လပိုင်းYamanashi(山梨県)မှာကျင်းပမယ့်花火大会(မီးပန်းပွဲတော်)များ ပုံအောက်မှာအသေးစိပ်ရေးထားပေးပါတယ်ဗျ နေရာကိုတော့အသေးစိပ်googl...
06/08/2024

8လပိုင်းYamanashi(山梨県)မှာကျင်းပမယ့်花火大会(မီးပန်းပွဲတော်)များ ပုံအောက်မှာအသေးစိပ်ရေးထားပေးပါတယ်ဗျ နေရာကိုတော့အသေးစိပ်googleမှာရိုက်ရှာကြည့်ကြပါ
၂၄ရက်နေ့မှာကျင်းပမယ့်石和温泉(isawaonsen)ရဲ့မီးပန်းပွဲတော်ကိုတော့おすすめပါ။
ဒီနေ့ကျင်းပမယ့်ဟာလည်းおすすめလုပ်ပါတယ်
ကိုယ်နဲ့အဆင်ပြေမယ့်နေရာတွေကိုရှာကြည့်ပြီးသွားလို့ရပါတယ်ရ

04/08/2024

ဂျပန်မှာအခုလိုနွေရာသီရောက်ပြီဆိုရင်နေရာတိုင်းမှာနွေရာသီပွဲတော်အနေနဲ့မီးပန်းပွဲတော်ကိုကျင်းပကြပါတယ်
မီးပန်းပွဲတော်ကိုအဓိပ္ပါယ်အမျိုးမျိုးနဲ့ကျင်းပကြပါတယ်
မီးပန်းမှာဆိုရင်ပို့ဆောင်တဲ့မီးနဲ့ကြိုဆိုတဲ့မီးဆိုပြီးရည်ရွယ်ချက်နဲ့ဖေါက်ကြပါတယ်(မကောင်းတာတွေထွက်သွားပြီးကောင်းတာတွေကိုကြိုးဆိုခြင်း)
စစ်ပွဲအတွင်းနဲ့သဘာဝဘေးအန္တာရာယ်ကြောင့်အသက်ဆုံးရှုံးသွားရတဲ့သူတွေကိုရည်စူးပြီး အောက်မေ့ဖွယ်အခမ်းအနားနဲ့ဆုတောင်မေတ္တာပို့သခြင်းအနေနဲ့ကျင်းပကြပါတယ်
၈လပိုင်းကဂျပန်မှာအိုဘွန်းပိတ်ရက်(お盆休み)အနေနဲ့ပိတ်ရက်ရှည်ပိတ်ကြပါတယ်။
အဲဒီရက်တွေမှာဆိုဂျပန်လူမျိုးတော်တော်များများကမွေးရပ်မြေပြန်ကြပြီး ကွယ်လွန်သွားကြတဲ့ဆွေမျိုးမိဘတွေရဲ့အုတ်ဂူကိုသွားကြပြီးကန်တော့တာတွေ သန့်ရှင်းရေးလုပ်တာတွေပြုလုပ်ကြပါတယ်(ကျွန်တော်သိသလောက်ပါ)
ရွာတွေရပ်ကွက်တွေမှာလည်းအိုဘွန်းပွဲတွေကျင်းပကြပါတယ် အဲဒီနေ့မှာဆိုရင်အစားသောက်တွေရောင်းချစားသောက်ကြပြီး ရိုးရာအကကိုလည်းလူတွေဝိုင်းဖွဲ့ပြီးကကြပါတယ်(လွန်ခဲ့တဲ့၅နှစ်ကျော်လောက်ကတော့ကျွန်တော်လည်းပါဝင်ဆင်နွဲ့ဖူးပါတယ်) ပျော်ဖို့ကောင်းပါတယ်

8လပိုင်းနေကြာပန်းကြည့်ဖို့အတွက်おすすめ(မိတ်ဆက်ပေးခြင်တဲ့)နေရာလေးတခုရှိပါတယ် အဲဒါကတော့ဖူဂျီတောင်နားက Yamanakako Hana no Miya...
03/08/2024

8လပိုင်းနေကြာပန်းကြည့်ဖို့အတွက်おすすめ(မိတ်ဆက်ပေးခြင်တဲ့)နေရာလေးတခုရှိပါတယ်
အဲဒါကတော့ဖူဂျီတောင်နားက Yamanakako Hana no Miyako Parkဖြစ်ပါတယ် ဖူဂျီတောင်နောက်ခံနဲ့ဓါတ်ပုံရိုက်လို့အရမ်းကောင်းမယ့်နေရာပါ။ နေကြာပင်ပေါင်း၁သိန်း၃သောင်းခန့်ရှိပါတယ်။၈လပိုင်းလလယ်လောက်ကနေ့လကုန်ထိကြည့်ရှုနိုင်ပါတယ်။
အဲဒီပန်းခြံကရာသီအလိုက်ရာသီအလိုက်ပန်းတွေကိုစိုက်ပါတယိဗျ။

ရာသီပန်း- နေကြာပန်း
အချိန် - ၈လပိုင်းလလယ်ကနေလကုန်ထိ
အပင်အရေတွက် - ၁သိန်း၃သောင်းခန့်
နေရာ - 花の都公園屋外無料エリア(Yamanakako
Hana no Miyako Park)
向日葵🌻
見ごろ 8月中旬~下旬ごろ
場所 花の都公園屋外無料エリア
約13万本
#ဂျပန်ခရီးသွားလမ်းညွှန်

02/08/2024

ကမ္ဘာ့အမြန်ဆုံးရထားရှိရာသို့အလည်တခေါက်
ဂျပန်နိုင်ငံYamanashiမြို့မှာရှိတဲ့1နာရီကီလိုမီတာ500(500km/h)အမြန်နှုန်းနဲ့မောင်းတဲ့ရထားကတော့ကမ္ဘာ့အမြန်ဆုံးရထားဖြစ်ပါတယ်
အရင်ကတော့၂၀၂၇စီမံကိန်းနဲ့ဆောက်လုပ်ခဲ့ပေမယ့် ဆောက်လုပ်ရေးကန့်ကွက်မှုကြောင့်၂၀၃၄နောက်ပိုင်းကိုဖွင့်လှစ်နိုင်မယ်လို့ခန့်မှန်းထားပါတယ်
ရပ်နားမယ့်ဘူတာတွေကတော့品川駅、神奈川県駅(橋本駅)、山梨県駅、長野県駅、岐阜県駅、名古屋駅တွေပဲဖြစ်ပါတယ်
တိုကျိုနဲ့အိုဆာကာကိုတောင်၁နာရီလောက်ပဲကြာမှာဖြစ်ပါတယ်
အခုလောလောဆယ်တော့Yamanashiမြို့မှာအတွေ့ကြုံအနေနဲ့ (起点:山梨県笛吹市境川町から、終点:山梨県上野原市秋山まで)စီးလို့ရပါတယ်
စီမယ်ဆိုရင်တော့ကြိုတင်ပြီးဘိုကင်ယူမှရပါမယ်
https://www.linear-museum.pref.yamanashi.jp/
အဲဒီlinkမှာအသေးစိပ်လေ့လာလို့ရပါတယ်
(မြန်ချက်ကတော့မျက်မိတမှိတ်ပါပဲ)

နှစ်စဉ်ဖူဂျီတောင်နောက်ခံနဲ့ကျင်းပနေကြဖြစ်တဲ့Yamanashiရဲ့နာမည်ကြီးတဲ့မီးပန်းပွဲတော် ဒီနှစ်မှာလည်းကျင်းပမှာဖြစ်ပါတယ် အရမ်း...
31/07/2024

နှစ်စဉ်ဖူဂျီတောင်နောက်ခံနဲ့ကျင်းပနေကြဖြစ်တဲ့Yamanashiရဲ့နာမည်ကြီးတဲ့မီးပန်းပွဲတော် ဒီနှစ်မှာလည်းကျင်းပမှာဖြစ်ပါတယ် အရမ်းကိုလှပြီးလူသိများတဲ့အတွက်ကြောင့် အဲနေ့ကလူအရမ်းများပါတယ် အဝေးကနေလာမယ်ဆိုရင်ဟော်တယ်ကိုအခုကတည်းကဘိုကင်လုပ်ပြီးသွားတာကပိုကောင်းပါတယ်

ကျင်းပမည့်ရက် - ၂၀၂၄.၈.၅(တနင်္လာနေ့)
ကျင်းပမည့်အချိန် - ၁၉:၄၅~၂၀:၄၀
နေရာ - 山梨県南都留郡富士河口湖町 / 河口湖畔
船津浜
ပစ်ဖျောက်မည့်အရေတွက် - ၁သောင်းခန့်

နှစ်စဉ်လူ၁သိန်း၂သောင့်ခန့်လာကြပါတယ်

မှတ်ချက် - ရာသီဥတုပေါ်မူတည်းပြီးရပ်နားပါမည်

大会名 - 河口湖湖上祭
打ち上げ数 - 約1万発(合計)
打ち上げ時間 - 55分
例年の人出 - 12万人
開催期間 - 2024年8月5日(月)
開催時間 - 19:45~20:40
閲覧履歴
荒天の場合 - 中止
有料席 - なし
#ဂျပန်ခရီးသွားလမ်းညွှန်

ဒီနေ့ကမ္ဘာ့အမြန်ဆုံး၁နာရီကီလိုမီတာ၅၀၀နှုန်းနဲ့မောင်းနှင်တဲ့ရထားသွားကြည့်ခဲ့ပါတယ်မြန်ချက်ကမျက်စိတမှိန်အတွင်းကိုဖြတ်သန်းသွ...
30/07/2024

ဒီနေ့ကမ္ဘာ့အမြန်ဆုံး၁နာရီကီလိုမီတာ၅၀၀နှုန်းနဲ့မောင်းနှင်တဲ့ရထားသွားကြည့်ခဲ့ပါတယ်
မြန်ချက်ကမျက်စိတမှိန်အတွင်းကိုဖြတ်သန်းသွားတာ
ဒါကတော့ကျွန်တော်နေတဲ့Yamanashiခရိုင်မှာရှိတာပါ
နောက်တော့videoတင်ပေးပါ့မယ်ဗျ

28/07/2024

ဂျပန်နွေအရမ်းပူတယ်
လူတချို့ကပြောကြတယ် မင်းတို့ကနိုင်ငံခြားမှာနေပြီးရာသီဥတုပူတာလောက်ကိုစကားကြီးစကားကျယ်လုပ်ပြီးပြောနေသေးတယ် ငါတို့ကအပြင်ပူတာထက် ရင်ထဲမှာပူလောင်နေတာကပိုဆိုးတယ်တဲ့
ပြောရက်ပါ့ဗျာ ကျွန်တော်တို့လည်းအတူတူပူလောင်ရပါတယ်ဗျ
ဒီမြေမှာမွေး ဒီရေကိုသောက် ဒီနိုင်ငံကထွက်တဲ့ဆန်ကိုစားပြီးနှစ်၂၀ကျော်ကြီးပြင်ခဲ့တာ ဘယ်မပူလောင်ဘဲနေမလဲဗျ
မိသားစုနဲ့ဝေးနေလို့မိသားစုအတွက်လည်းစိတ်ပူရ စားဝတ်နေရေးအတွက်ကြိုးစားရနဲ့
ကျွန်တော်တို့မှာလည်းတာဝန်ကိုယ်စီနဲ့ပါဗျာ
အဲဒါကိုအရေးလုပ်ပြီးငြီးနေလို့လည်းဘာမှဖြစ်လာမှာမဟုတ်ဘူး
လုပ်သင့်တာကိုလုပ်ပြီးရှေ့ဆက်ရမှာပဲဗျ
ကောင်းသောစိတ်ထားနိုင်ကြပါစေ

ချစ်စရာကောင်းတဲ့ဂျပန်ထမင်းဆုပ်おにぎり🍙🍙おにぎり大好き❤ဂျပန်လို့おにぎり(ထမင်းဆုပ်)ကိုရှေးတုန်းKamisamaလို့ခေါ်တဲ့နတ်တွေးကိုဆက်ကပ်ပူဇော...
26/07/2024

ချစ်စရာကောင်းတဲ့ဂျပန်ထမင်းဆုပ်
おにぎり🍙🍙
おにぎり大好き❤
ဂျပန်လို့おにぎり(ထမင်းဆုပ်)ကိုရှေးတုန်းKamisamaလို့ခေါ်တဲ့နတ်တွေးကိုဆက်ကပ်ပူဇော်တဲ့အခါမှာအသုံးပြုခဲ့ကြပြီး အဲဒီနတ်မင်းရဲ့နာမည်ကလည်းむすびのかみ(မုစုဘိခမိ)လို့ခေါ်တဲ့အတွက်ကြောင့်ထမင်းကိုရေညှိနဲ့လိပ်ထားခြင်းဖြစ်ပါတယ်
むすび(မုစုဘိ)ဆိုတာကတော့ချည်နှောင်ခြင်းလို့အဓိပ္ပါယ်ပါ
အခုနောက်ပိုင်းကြတော့ပုံစံအမျိုးမျိုးအထဲမှာထည့်တဲ့အရသားလည်းအမျိုးမျိုးနဲ့ပြုလုပ်လာကြပါတယ်
အိုနိဂိရိတခုနဲ့ရေတဗူးရှိရင်တောင်နေ့လည်စာလုံလောက်ပါတယ်(ကျွန်တော့အတွက်မဟုတ်ဘူး)😁😁😁😂

25/07/2024

ရှင်းဂျုးခုဘူတာကနေထွက်လိုက်ရင်မြင်ရတဲ့ နာမည်ကြီးပြီးလူသိများတဲ့ချစ်စရာ3Dကြောင်လေး ရှင်းဂျုးခုရဲ့လူသိများတဲ့နေရာလေးတခုဖြစ်ပါတယ် ၁၅မိနစ်တကြိမ်ကြောင်းလေးကထွက်လာပါတယ်
ရှင်းဂျုးခုမှာနေတဲ့သူတွေသိကြမှာပါ

8လပိုင်းမှာကျင်းပမယ့်အားကစားကွင်းနှစ်၆၀ပြည့်ပွဲတော်Yamanashiမြို့မှာရှိတဲ့ဂျပန်နိုင်ငံရဲ့နာမည်ကြီးအားကစားကွင်းဖြစ်တဲ့Fuj...
22/07/2024

8လပိုင်းမှာကျင်းပမယ့်အားကစားကွင်းနှစ်၆၀ပြည့်ပွဲတော်
Yamanashiမြို့မှာရှိတဲ့ဂျပန်နိုင်ငံရဲ့နာမည်ကြီးအားကစားကွင်းဖြစ်တဲ့Fuji-Q Higlandဟာဆိုရင်နှစ်၆၀ပြည့်သွားပါပြီး ဒါကြောင့်မို့လို့၂၀၂၄-8လပိုင်း၁၀ရက်နေ့ကနေ၁၅ရက်နေ့ထိနှစ်၆၀ပြည့်အထိမ်းမှတ်ပွဲတော်ကျင်းပပါမယ်
ကျင်းပမှာကတော့ညဘက်မီးရှူးမီးပန်းဖောက်ခြင်းနဲ့ဒရုန်းပေါင်း၅၀၀နဲ့လည်းအလှပြမှာဖြစ်ပါတယ် ပွဲကျင်းပတဲ့ညမှာလည်းပဲ အားကစားကွင်းရဲ့မူရင်းတေးဂီတကိုလည်းနားဆင်ရမှာဖြစ်ပါတယ်
အားလုံးပဲအခမဲ့ပါဝင်ဆင်နွဲနိုင်ပါတယ်

ပွဲကျင်းပမယ့်ရက် - ၂၀၂၄.၈.၁၀~၂၀၂၄.၈.၁၅
ကျင်းပမယ့်အချိန် - ညစဉ် ၈:၃၀~၈:၄၅
ဝင်ကြေး - အခမဲ့
နေရာ - Fuji-Q Higland
မှတ်ချက် - ရာသီဥတုအခြေနေပေါ်မူတည်ပြီးရပ်နားတဲ့နေ့လည်းရှိပါမယ်
#ဂျပန်ခရီးသွားလမ်းညွှန်

22/07/2024

ခရီးမထွက်တာလည်းကြာပြီ
ဂျပန်ကိုလာမယ့်မိတ်ဆွေများအမြန်ဆုံးလာနိုင်ကြပါစေ
ဒါက၅လပိုင်းကမွေးရပ်မြေလိုဖြစ်နေတဲ့မြို့လေးကိုအလည်သွားတုန်းကစီးခဲ့တဲ့ကျည်ဆံရထား

住所

Kofu-shi, Yamanashi
400-0004

電話番号

+819057856533

ウェブサイト

アラート

SOE MJ Vlogsがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

SOE MJ Vlogsにメッセージを送信:

ビデオ

共有する

メディア会社付近


その他 Kofu-shi メディア会社

すべて表示

あなたも好きかも