San Francisco for Freedom in Burma

San Francisco for Freedom in Burma Media outlet for Burmese people in San Francisco Bay Area supporting democracy in Burma

ရာသီဉတုအခြေအနေအရလာမယ့်စနေနေ့(၁၁-၂၃-၂၀၂၄)စဉ်ဆက်မပြတ်ဆန်ဖရန်စစ္စကိုလူထုသပိတ်တိုက်ပွဲ တစ်ပတ်နားရပါမယ်၊ဒါပေမယ့်အဲဒိနေ့ညရှစ်န...
11/23/2024

ရာသီဉတုအခြေအနေအရလာမယ့်စနေနေ့(၁၁-၂၃-၂၀၂၄)စဉ်ဆက်မပြတ်
ဆန်ဖရန်စစ္စကိုလူထုသပိတ်တိုက်ပွဲ တစ်ပတ်နားရပါမယ်၊ဒါပေမယ့်အဲဒိနေ့
ညရှစ်နာရီမှာ FBAC နဲ့ ဒီမိုကရေစီမိတ်ဆွေများစကားဝိုင်းကို Zoom ကနေ
တစ်ဆင့်ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်၊။

FBAC Northern California နှင့် တော်လှန်ရေးမိတ်ဆွေများ စကားဝိုင်း (MOD ဒုတိယစစ်ရေးချုပ်၊ PDF ဆေးတပ်မှုး ဆရာမ ယင်းမာ) Topic to Discuss : အိမ်နီးခြင်း နိုင်ငံများ၏ ဖိအားပေးမှုများနှင့်နွေဉီးတော်လှန်ရေး စစ်ရေးအခြေအနေများ

Time: Nov 23, 2024 08:00 PM Pacific Time (US and Canada) NOv 24 2024 10:30 AM Yangon Time

Join Zoom Meeting
https://us06web.zoom.us/j/84634680807?pwd=iBRjpk2rkttnZBKRVHhPKljgvYj1br.1

Meeting ID: 846 3468 0807
Passcode: 555555

---

One tap mobile
+16694449171,,84634680807 #,,,,*555555 # US
+17193594580,,84634680807 #,,,,*555555 # US

https://youtu.be/4xyFpQZ59M0?si=iX57UzFnaXp7nBOj
11/20/2024

https://youtu.be/4xyFpQZ59M0?si=iX57UzFnaXp7nBOj

အရှေ့အလယ်ပိုင်းမှာ ဖြစ်နေတဲ့ စစ်ပွဲတွေက ဘယ်ကစတာလဲ၊ အီရန်က ဘာကြောင့် နိုင်ငံတိုင်းနဲ့ကိစ္စတွေမှာ ပါဝင်နေရ.....

https://youtu.be/q-5A2J0DPHA?si=nyuoYWI4pZSukBLo
11/20/2024

https://youtu.be/q-5A2J0DPHA?si=nyuoYWI4pZSukBLo

BPLA သည် ဗမာတပ်ဖြစ်တဲ့အတွက် ဗမာဒေသမှာ အခြေချရမယ် (ရုပ်/သံ)ဧရာဝတီ၊ နိုဝင်ဘာ ၁၈၊ ၂၀၂၄ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်.....

https://youtu.be/su0OlSg-__A?si=votylX6uDioepLFi
11/20/2024

https://youtu.be/su0OlSg-__A?si=votylX6uDioepLFi

RFA စကားဝိုင်းရွေးကောက်ပွဲအပြီး အမေရိကန်အစိုးရသစ်နဲ့ မြန်မာ့အရေး အလားအလာ~~~■ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး...

11/17/2024
■  ဗမာယူနစ် ဘယ်လို - ဘယ်ကဲ့သို့၁။ နွေဦးတော်လှန်ရေးအတွင်းမှာ - ဒီမိုကရေစီအတွေးအခေါ်ကနေ နောက်ကွယ်က အားကြီးကြီး မောင်းနှင်န...
11/16/2024

■ ဗမာယူနစ် ဘယ်လို - ဘယ်ကဲ့သို့

၁။ နွေဦးတော်လှန်ရေးအတွင်းမှာ - ဒီမိုကရေစီအတွေးအခေါ်ကနေ နောက်ကွယ်က အားကြီးကြီး မောင်းနှင်နေတယ်ဆိုတာထက် လက်နက်ကိုင်တော်လှန်ရေးနောက်ကွယ်မှာ အမျိုးသားရေးဝါဒရဲ့ တွန်းအားပေး ကျေးဇူးပြုမှုက ပိုပြီး ကြီးထွားပါတယ်။ အထူးသဖြင့် လက်နက်ကိုင်တော်လှန်ရေးကို နှစ်ပေါင်းများစွာ လျှောက်လှမ်းလာတဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းကြီးတွေရဲ့ နောက်ကွယ်မှာ အဓိက မောင်းနှင်နေတဲ့ ဒဿနကတော့ ဒီမိုကရေစီဆိုတာထက် အမျိုးသားရေးဝါဒက ပိုလွန်ပါတယ်။ Generation - Z လို့ခေါ်တဲ့ လူငယ်လူရွယ်တွေရဲ့ နှလုံးသားထဲမှာတော့ လွတ်လပ်မှုနဲ့ တရားမျှတမှုအတွက် ဦးစားပေး လျှောက်လှမ်းချက်တွေဖြစ်ပေမယ့် လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းကြီးတွေကတော့ အမျိုးသားရေးဝါဒနောက်ခံနဲ့ ကိုယ့်မင်းကိုယ့်ချင်း အုပ်ချုပ်နိုင်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာတွေက လက်တွေ့ကျစွာ မောင်းနှင်နေပါတယ်။ ရက္ခိုင်၊ ချင်း၊ ကချင်၊ ရှမ်း၊ တအာင်း၊ ကိုးကန့်၊ ဝ၊ ကရင်နီ၊ ကရင်၊ ပအိုဝ်းနဲ့ မွန်တို့ဟာ လူမျိုးစုကိုယ်စားပြုနယ်တွေ ကိုယ်စီ ရှိနေပေမယ့် ဗမာတို့အတွက်ကတော့ သီးခြားသတ်မှတ်ထားတဲ့ နယ်မြေဧရိယာ ရှိမထားပါဘူး။ ဗမာတို့ဟာ ပြည်နယ်နှင့် တိုင်းဒေသကြီး (၁၄) ခုမှာ၊ ပြည်နယ်မဟုတ်သော တိုင်းဒေသကြီးနေရာတွေအားလုံးကို မိမိတို့ ကိုယ်စားပြုမှုရယ်လို့ ပေါ်ပေါ်ထင်ထင် မပြောပါဘူး။ အဲသည့်လို ပြောလို့လည်း မရတဲ့ အကန့်အသတ်တွေ ၊ အကြောင်းတရားတွေ ရှိနေပါတယ်။ ဒါဆိုရင် ဗမာအများစု ခြေခြေမြစ်မြစ် ရှိနေတဲ့ မန္တလေး၊ စစ်ကိုင်းနဲ့ မကွေး တိုင်း (၃) တိုင်းကို ဗမာယူနစ်အဖြစ် နိုင်ငံရေးအရ စုဖွဲ့ဖို့ ဆိုတာကိုရော ဘယ်သူ တစ်ဦးတစ်ယောက်ကမှ၊ Initiative လုပ်ပြီး မပြောကြပါဘူး။ ဗမာတို့ရဲ့ ပြန့်နှံ့တည်ရှိမှုကလည်း မြန်မာနိုင်ငံအနှံ့အပြားမှာ ရှိနေတာကြောင့်၊ ဗမာယူနစ်ရယ်လို့ တစ်သီးတစ်သန့် လုပ်ဖို့ ခက်ခဲနေဟန်တူပါတယ်။ ဖက်ဒရယ်ကို တည်ဆောက်မယ်ဆိုရင် ဗမာယူနစ်လိုသလားလို့ မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်။

၂။ ဖက်ဒရယ်စနစ်ကို အကောင်အထည်ဖော်တဲ့အခါမှာ၊ လူမျိုးစုကို အခြေမပြုဘဲ ပထဝီဒေသကို အခြေပြုပြီး ပြည်နယ်နယ်နိမိတ်တွေကို ဖွဲ့စည်းလို့ ရနိုင်ပါတယ်။ ဒါဟာ ဘေးထွက်ဆိုးကျိုးလည်း ပိုနည်းသလို၊ ရေရှည်အတွက်လည်း ပိုပြီး ကောင်းမွန်နိုင်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ identity politics လို့ခေါ်တဲ့ အမှတ်သရုပ်နိုင်ငံရေး အင်မတန် အားကြီးပါတယ်။ နွေဦးတော်လှန်ရေးမှာ ဦးဆောင်ပါဝင်နေတဲ့ တိုင်းရင်းသားမဟာမိတ်လက်နက်ကိုင်အဖွဲ့ကြီးတွေ ကိုယ်တိုင်ကလည်း လူမျိုးစုအမှတ်သရုပ်နောက်ခံ အားကြီးစွာ တည်ဆောက်ထားတာဖြစ်ပါတယ်။ ဖက်ဒရယ်ကိစ္စကို စဉ်းစား ဆောင်ရွက်ကြတဲ့အခါမှာ၊ ဖြစ်သင့်တယ်ဆိုတာထက် ဖြစ်နေတာနဲ့ ဖြစ်နိုင်တာကို ပိုမိုစဉ်းစားကြရမယ် ထင်ပါတယ်။ သေချာတာတစ်ခုကတော့ မြန်မာနိုင်ငံမှာ ဖက်ဒရယ်စနစ်ကို အကောင်အထည်ဖော်တည်ဆောက်တဲ့အခါမှာ၊ အမှတ်သရုပ်နိုင်ငံရေးကို ဖယ်ရှားလို့ မရပါဘူး။ ဒါ့အပြင် လစ်ဘရယ်ဒီမိုကရေစီကို ဖက်ဒရယ်စနစ်နဲ့ ပေါင်းစပ်တည်ဆောက်တဲ့အခါမှာ၊ အမျိုးသားရေးဝါဒကိုလည်း ဖယ်ရှားလို့ မရပါဘူး။ ရက္ခိုင်တွေဟာ ရက္ခိုင်နေရှင်နယ်လစ်တွေဖြစ်သလို၊ ချင်းတွေကလည်း ချင်းနေရှင်နယ်လစ်တွေဖြစ်ပါတယ်။ ကချင်တွေ၊ ရှမ်းတွေ၊ ပအိုဝ်းတွေ၊ ကိုးကန့်တွေ၊ ဝတွေ၊ ကရင်၊ ကရင်နီ၊ မွန်တွေဟာလည်း သက်ဆိုင်ရာလူမျိုးအလိုက် အမျိုးသားရေးဝါဒကို ကိုင်စွဲတာတွေ့ရပါတယ်။ ဒါ့ကြောင့် ဖက်ဒရယ်စနစ်ကို တည်ဆောက်တဲ့အခါမှာ အမျိုးသားရေးဝါဒကို ဘယ်လို နေရာချထားမလဲဆိုတာ အရေးတကြီးလိုအပ်ပါတယ်။

၃။ ဗမာနဲ့ ဗမာမဟုတ်သော တိုင်းရင်းသားတွေအကြားမှာ၊ နိုင်ငံရေးအရ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရမယ့်ကိစ္စတွေ အမြောက်အမြား ရှိနေပါတယ်။ အဲသည့်ထဲမှာ ဗမာယူနစ် သတ်မှတ်ရေးကို စောလျင်စွာ ကြေလည်အောင် ဆွေးနွေးကြဖို့ လိုနေပါပြီ။ နွေဦးတော်လှန်ရေးဟာ (၄) နှစ်ပြည့်ပါတော့မယ်။ စစ်ရေးအရ အားရကျေနပ်မှုတွေ အမြောက်အမြား တွေ့ရပါပေမယ့်၊ နိုင်ငံရေးအရ သဘောတူ ညှိနှိုင်းမှုတွေဟာ အားရစရာ မရှိဘူး...လို့ နားလည်သဘောပေါက်ထားပါတယ်။ NUCC လို့ခေါ်တဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ပြဋ္ဌာန်းသတ်မှတ်ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အပိုင်း (၁) နဲ့ (၂) ဟာ သက်ဆိုင်ရာ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းကြီးတွေရဲ့ Political commitment ကို ရမထားပါဘူး။ ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီကို လက်တွေ့ အကောင်အထည်ဖော်ဖို့အတွက် လက်တွေ့ကျတဲ့ နိုင်ငံရေးပဋိညာဉ် မဟုတ်နေပါဘူး။ ကောင်းနိုးရာရာ နှုန်းစံတွေကို ရေးထည့်ထားတဲ့ တော်လှန်ရေးပဋိညာဉ်မျှသာဖြစ်နေပါတယ်။ လက်တွေ့ လုပ်ငန်းစဉ် မပါသလို၊ ထည့်ထားတဲ့ လုပ်ငန်းစဉ်ကလည်း ယေဘုယျ သိပ်ဆန်နေပါတယ်။ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းကြီးတွေအတွက် စစ်ရေးနိုင်ငံရေးမှာ တိုက်ရိုက် ကိုင်ပြီး သုံးနိုင်မယ့် လက်တွေ့ကျတဲ့ ပဋိညာဉ် ဖြစ်မနေပါဘူး။ ဒါ့ကြောင့် တည်ဆဲအခင်းအကျင်းမှာတွေ့ရတဲ့ နိုင်ငံရေးပဋိညာဉ်ဆိုတာလည်း အကန့်အသတ်ရယ်၊ အားနည်းချက်ရယ် ရောပြွမ်းနေတာကို တွေ့နိုင်ပါတယ်။

၄။ လက်တွေ့ကျသော ဖက်ဒရယ်ယူနစ်ဖွဲ့စည်းရေးဟာ - စစ်အစိုးရခေတ်အဆက်ဆက် သတ်မှတ်ရေးဆွဲထားတဲ့ ပြည်နယ်နှင့်တိုင်း (၁၄) ခုကို နာမည်ပြောင်းပြီး ဖလှယ်သုံးစွဲဖို့ မဟုတ်ပါဘူး။ နွေဦးတော်လှန်ရေးဆိုတာ အလုံးစုံတော်လှန်ရေးဖြစ်ပါတယ်။ ဒါပေမယ့် ပြည်မက တော်လှန်ရေးအင်အားစုတွေဟာ ယခင်ရှိခဲ့ဖူးပြီးသား အဟောင်းကို တံဆိပ်သစ်တပ်ပြီး ပြန်သုံးဖို့ပဲ ကြိုးစားတာတွေ့ရပါတယ်။ ဥပမာအားဖြင့် - မန္တလေး ဖက်ဒရယ်ယူနစ်၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်... အစရှိသဖြင့် အဟောင်းကို တံဆိပ်သစ်တပ်ဖို့ ကြိုးစားနေတာတွေ့ရပါတယ်။ တကယ်တော့ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ လိုချင်တာက ဗမာယူနစ်ဖြစ်မြောက်ရေးပါ။ ဗမာယူနစ်ဖြစ်မြောက်ရေးအတွက် ဘယ်သူက ownership ယူပြီး လုပ်မှာလဲ၊ ဘယ်သူကရော ownership ယူပြီး လုပ်နိုင်သလဲ။

၅။ ဒီနေရာမှာ ယေဘုယျ သိပ်ကျလွန်းတဲ့ စကားလုံးတွေ ပြောလို့ မရပါဘူး။ ဗမာ ဖက်ဒရယ်ယူနစ် လုပ်ရေးဆိုတာကို ဗမာပြည်သူတွေကပဲ လုပ်ရမယ်လို့ ယေဘုယျ ရောချလို့ မရပါဘူး။ အင်အားစုတစ်ခုခု ရှိရပါလိမ့်မယ်။ ဗမာဖက်ဒရယ်ယူနစ်ကို ဘယ်ဒေသတွေကို ထည့်သွင်းမလဲ။ ဗမာအပူပိုင်းဒေသတွေကို ညွှန်းဆိုတဲ့ ဧရိယာတွေကို ထည့်မှာလား။ သို့တည်းမဟုတ် မြစ်ဝကျွန်းပေါ်ဒေသနဲ့ ရန်ကုန်အထိ ချဲ့ထွင်မှာလား။ သေချာတာတစ်ခုကတော့ စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးဒေသတွေဟာ ဗမာဌာနေစစ်စစ်တွေဖြစ်တယ်လို့ နားလည်လက်ခံထားကြတာပါ။ ပဲခူးကလည်း ဗမာတို့ရဲ့ နယ်မြေအမြောက်အမြားပါတယ်လို့ ယူဆချက်တွေ ရှိပါတယ်။ ဗမာ ဖက်ဒရယ်ယူနစ်ဖြစ်မြောက်ရေးကို လက်တွေ့ကျကျ - ကျယ်ကျယ်လောင်လောင် ပြောမှ၊ လူမျိုးစု အခြေခံဖက်ဒရယ်တည်ဆောက်ရေးတွေဟာ ပိုပြီး ပီပြင်လာမယ်လို့ ပြောနိုင်ပါတယ်။ ဗမာမဟုတ်သော တိုင်းရင်းသားတွေအားလုံးက လူမျိုးစုဖက်ဒရယ်ယူနစ်တွေ ကိုယ်စီ ရှိနေပါလျက်နဲ့၊ ဗမာတို့ကျမှ ခွဲခြားခွဲခြားနဲ့ ဗမာဖက်ဒရယ်ယူနစ်ရယ်လို့ မလုပ်ဘူးဆိုရင်၊ ဒါဟာ ဖက်ဒရယ်ကို တကယ်မယုံကြည်တာပဲလို့ ဝေဖန်နိုင်ပါတယ်။ လူမျိုးစုနိုင်ငံရေးဟာ မြန်မာနိုင်ငံမှာ အလွန်အားကြီးပါတယ်။ ဒါ့ကြောင့် ဗမာတို့ကပဲ၊ လူမျိုးစုနိုင်ငံရေးကို မလိုအပ်တော့သလိုလို ရွှီရှောင်လုပ်လို့ မရပါဘူး။ တကယ်တော့ ဗမာတွေမှာလည်း အမျိုးသားရေးစိတ် ထက်သန်ပြင်းပြစွာ ရှိနေပါတယ်။ အဲဒါကို မရှိသလိုလိုနဲ့ ဟန်ဆောင်နေတာဟာ နိုင်ငံရေးအရ မရိုးသားတာပဲဖြစ်ပါတယ်။

၆။ ဗမာအမျိုးသားရေးကို ခေါင်းစဉ်တပ်ပြီး ပေါ်ထွက်လာတဲ့ နိုင်ငံရေးနဲ့ တော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေဟာ နွေဦးတော်လှန်ရေးအတွင်းမှာ ပေါ်လာပါတယ်။ ဒီလို အင်အားစုတွေဟာ ဗမာဖက်ဒရယ်ယူနစ်အဖြစ် နယ်မြေသီးသီးသန့်သန့် သတ်မှတ် ကိုယ်စားပြုရေးအတွက် လူမျိုးစုခေါင်းဆောင်တွေက အလိုရှိပါတယ်။ တကယ်တော့ ဒါဟာ အခုမှ၊ ပြောနေတဲ့ကိစ္စ မဟုတ်ပါဘူး။ လွတ်လပ်ပြီးခေတ်ကာလမှာကတည်းက ရှမ်းနိုင်ငံရေးခေါင်းဆောင်တွေက ရှစ်ပြည်နယ်မူ ရယ်လို့ တွင်တွင်ကျယ်ကျယ် ပြောဆိုခဲ့ကြတာ ကြပါပြီ။ ဒါဟာ ဗမာပြည်နယ်ဖွဲ့စည်းရေးအတွက် အိုင်ဒီယာသစ် မဟုတ်ပါဘူး။ ယခင်ကတည်းက ရှိထားပြီးသား နိုင်ငံရေးဆွေးနွေးချက်ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးဟာ အိုင်ဒီယော်လိုဂျီ ပေါင်းစုံ နောက်ခံ ရှိထားသလို၊ လူမျိုးစုအမှတ်သရုပ်ကိုင်စွဲမှုတွေလည်း ကိုယ်စီ ရှိထားပြီး ထက်သန်တဲ့ အမျိုးသားရေးဝါဒ မောင်းနှင်အားနဲ့ လည်ပတ်နေတဲ့ လက်နက်ကိုင်တော်လှန်ရေးဖြစ်ပါတယ်။ ဒါ့ကြောင့် ဗမာတို့ဟာ ဗမာလူမျိုးအမှတ်သရုပ်ကို ပေါ်ပေါ်ထင်ထင် ကိုင်စွဲရေးကို ထင်ထင်ပါ်ပေါ် လုပ်ရမှာဖြစ်ပါတယ်။ အဲသည့်နောက်မှာတော့ ဗမာအင်အားစုတွေကိုယ်တိုင် ကိုယ်စားပြု တည်ဆောက်ထားတဲ့ ဗမာဖက်ဒရယ်ယူနစ် သတ်မှတ်ပြဋ္ဌာန်းရေးကို လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ ဒါမှသာလျှင်၊ လူမျိုးစုတွေနဲ့ တော်လှန်ရေးမဟာမိတ်စုဖွဲ့မှုမှာ လက်တွေ့ကျတဲ့ နိုင်ငံရေးသဘောတူညီမှုတွေကို ဆက်လက်ရယူနိုင်မှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။ ဗမာအင်အားစုတွေ ကိုယ်တိုင်က ဗမာအဖြစ် ပေါ်ပေါ်ထင်ထင် မခံယူဘဲ၊ ဗမာယူနစ်ဖြစ်မြောက်ရေးကို တရှောင်ရှောင်လုပ်နေတယ်ဆိုရင်တော့ - ဖက်ဒရယ်တည်ဆောက်ရေးဟာ လက်တွေ့ကျတဲ့ နိုင်ငံရေးကတိကဝတ်တွေနဲ့ တိကျပြီး အလုပ်ဖြစ်တဲ့ နိုင်ငံရေးပဋိညာဉ် ပေါ်ပေါက်လာဖို့လည်း မမျှော်လင့်နိုင်ကြောင်း တင်ပြလိုက်ရပါတယ်။

မင်းသေ့
၁၄ နိုဝင်ဘာ ၂၀၂၄

■ တရုတ်ကုန်သည်များ၊ ထို့နောက် တရုတ်စစ်သားများ[ မြန်မာ့မြေမှာ လက်နက်ကိုင်တပ်ချထားဖို့ ပြင်ဆင်လာသည့် တရုတ် ]ဤဆောင်းပါးသည် ...
11/16/2024

■ တရုတ်ကုန်သည်များ၊ ထို့နောက် တရုတ်စစ်သားများ

[ မြန်မာ့မြေမှာ လက်နက်ကိုင်တပ်ချထားဖို့ ပြင်ဆင်လာသည့် တရုတ် ]

ဤဆောင်းပါးသည် - မြန်မာ့မြေပေါ်က တရုတ်စီးပွားရေးစီမံကိန်းများနှင့် တရုတ်နိုင်ငံသားပိုင် စီးပွားရေးရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်စောင့်ရှောက်ရန်ဆိုသည့် အကြောင်းပြချက်ဖြင့်၊ တရုတ်ဘေဂျင်းအစိုးရက အာဏာသိမ်းစစ်ကောင်စီနှင့် အပေးအယူလုပ်၍ လက်နက်ကိုင်တပ်ဖွဲ့များ ချထားပြင်ဆင်ဖို့ ကြိုးစားအားထုတ်နေသည့် ခြေလှမ်းစများ ရှိနေကြောင်း ရေးသားဖော်ပြထားသည့် ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။ သို့သော်လည်း တရုတ်သည် ဒေသတွင်းနိုင်ငံများ၏ အချုပ်အခြာအာဏာကို လေးစားသည့် သင်္ကေတကို ပြသည့်အနေဖြင့်၊ တရုတ်စစ်သားများဆိုသည်ထက် လက်နက်ကိုင်လုံခြုံရေးကုမ္ပဏီဆိုသည့် အမည်ခံဖြင့် တရုတ်အကျိုးစီးပွားများကို လက်နက်ဖြင့် စောင့်ရှောက်မည့်အစီအစဉ်ကို ဤဆောင်းပါးတွင် ဖတ်ရှုရမည်ဖြစ်သည်။

❐ သရီးအမ်

၁။ ကိုလိုနီတွေ ဘယ်လို ဝင်လာသလဲ လို့၊ ပညာရှင်တွေက အကြမ်းဖျင်း စစ်ထုတ်ထားတယ်။ သရီး-အမ် [3M] ဆိုတာကို ဖတ်ဖူး၊ ကြားဖူးကြမှာပါ။ ပထမတော့ မစ်ရှင်နရီ [Missionary] လို့ ခေါ်တဲ့ သာသနာပြုတွေ ဝင်လာတယ်။ နောက်တော့ Merchant လို့ခေါ်တဲ့ ကုန်သည်တွေ ဝင်လာတယ်။ နောက်ဆုံးမှာတော့ - Military လို့ခေါ်တဲ့ စစ်တပ်ဝင်လာတော့တာပဲ။ တကယ်တော့ တရုတ်က မြန်မာကို ကိုလိုနီပြုဖို့အတွက်၊ မစ်ရှင်နရီတွေကို တကူးတက စေလွှတ်စရာ မလိုပါဘူး။ တရုတ်ကုန်သည်တွေကလည်း ပဒေသရာဇ်ဘုရင်တွေ လက်ထက်ကတည်းက မြန်မာနဲ့ ကုန်သွယ်ကူးလူးနေတဲ့ သမိုင်းမှတ်တမ်းတွေ ရှိပြီးသားဖြစ်ပါတယ်။ ဒါ့အပြင် ကိုလိုနီခေတ်မှာတော့ - တရုတ်နဲ့ ကုလားတွေ တိုးဝင်မှုဟာ ပိုပြီး ကြီးထွားလာတယ်။ ၂၀ ရာစု မြန်မာ့သမိုင်းမှာ တရုတ် - ဗမာ အဓိကရုဏ်းတွေ၊ ကုလား - ဗမာ အဓိကရုဏ်းတွေ ရှိခဲ့ဖူးတာဟာ သက်သေပါပဲ။ ဒါတွေဟာ လူမျိုးရေးအသွင်ဆောင်တယ်ဆိုပေမယ့် နောက်ကွယ်မှာ အကျိုးစီးပွားပဋိပက္ခနဲ့ နိုင်ငံရေးပယောဂတွေ ရှိတယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။

❐ တရုတ် - မြန်မာ ကျောချင်းကပ်နှစ်များ

၂။ ၁၉၈၈ ခုနှစ်တုန်းက မြန်မာနိုင်ငံမှာ ဒီမိုကရေစီလူထုအုံကြွမှုဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်မှာ တရုတ်မှာ တီယံမင်အရေးအခင်းလို့ လူသိများတဲ့ ကျောင်းသားဒီမိုကရေစီအရေး လှုပ်ရှားမှုကြီးဖြစ်ပါတယ်။ အဲသည့်အချိန်က ကမ္ဘာကြီးမှာလည်း ဘာလင်တံတိုင်းပြိုတဲ့ကာလ၊ ဆိုဗီယက်ယူနီယံ ပြိုကွဲတဲ့ ကာလတွေနဲ့ ဆက်စပ်နေတာတွေ့ရပါတယ်။ အနောက်နိုင်ငံတွေကတော့ လစ်ဘရယ်ဒီမိုကရေစီဟာ ကွန်မြူနစ်ဝါဒကို အပြီးတိုင် နိဂုံးချုပ်နိုင်လိုက်ပြီလို့ ကြွေးကြော်ကြတယ်။ ဒီဖြစ်စဉ်ထဲမှာ တရုတ်နဲ့ မြန်မာဟာ နိုင်ငံတကာရဲ့ ဖိအားဒဏ်ကို တိုးပြီး ခံလာရပါတယ်။ အဲသည့်နောက် တရုတ်နဲ့ မြန်မာဟာ ကျောချင်းကပ်သွားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်သွားပါတယ်။ ၁၉၉၀ - ၉၁ နောက်ပိုင်းမှာ၊ တရုတ်နဲ့ မြန်မာဟာ နိုင်ငံရေးအရ - စီးပွားရေးအရ - စစ်ရေးအရ ပူးပေါင်းမှုတွေ ခပ်စိပ်စိပ်ဖြစ်လာခဲ့တယ်။ ဒါ့အပြင် တရုတ် - မြန်မာနှစ်နိုင်ငံဆက်ဆံရေးဟာ အနီးကပ်ဆုံးအထိ ဖက်လှဲတကင်းဖြစ်လာခဲ့တယ်။ နဝတခေတ်နဲ့ နအဖခေတ် လို့ခေါ်တဲ့ စစ်အစိုးခေတ် တစ်လျှောက်လုံးမှာ၊ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် မြန်မာစစ်အစိုးရဟာ အသက်ရှုပေါက်ချောင်လာပါတယ်။ ဒါ့အပြင် အနောက်နိုင်ငံတွေက ဘယ်လောက်ပဲ ပိတ်ဆို့အရေးယူတယ်လို့ ပြောပြော၊ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေက မြန်မာစစ်အစိုးရကို သက်ဆိုးရှည်‌အောင် ကျေးဇူးပြုနိုင်ခဲ့တာတွေ့ရပါတယ်။ အဲသည့်အချိန်ကတည်း တရုတ်နဲ့ မြန်မာဟာ အချင်းချင်း အညမည ကျေးဇူးပြုမှုတွေနဲ့ အပြန်အလှန် အမှီသဟဲ ဖြစ်လာတာပါ။

❐ အပြန်အလှန် အညမည

၃။ မြန်မာစစ်အစိုးရအဖို့ကတော့ တရုတ်အပေါ် မှီခိုမှုဟာ အလုံးစုံဖြစ်လာပြီး၊ တရုတ်အဖို့ကတော့ မြန်မာဟာ တရုတ်နိုင်ငံရဲ့ ယူနန်ပြည်နယ်တစ်ခုစာမျှသာ မှီခိုမှု ရှိလာတယ်လို့ ပြောနိုင်ပါတယ်။ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ တရုတ်နဲ့ မြန်မာအကြား ပူးပေါင်းဆောင်ရွက်မှုတွေ ပိုပြီး ကျယ်ပြန့်လာပါတယ်။ အထူးသဖြင့် ဘေဂျင်းအစိုးရက မြန်မာစစ်အစိုးရနဲ့ ရန်တုဖက်ပြိုင်နေတဲ့ အပစ်ရပ် လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပါ မျဉ်းပြိုင်သဖွယ် စီးပွားကုန်သွယ် ရင်းနှီးမြှုပ်နှံ့ဖို့ ကြိုးစားလာခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် တရုတ်နဲ့ မြန်မာအကြား အပြန်အလှန် အညမည ဆက်ဆံရေးဟာ မြန်မာစစ်အစိုးရတွေနဲ့တင် ရှိတာ မဟုတ်ဘဲ၊ မြန်မာစစ်အစိုးရကို တော်လှန်ပုန်ကန်နေတဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပါ ရှိနေတာဖြစ်ပါတယ်။ အထူးသဖြင့် တရုတ် - မြန်မာနယ်စပ်မျဉ်းပေါ်မှာ ထိုင်ထားတဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေဟာ တရုတ်ရဲ့ ချည်းနင်းဝင်ရောက်မှုကို မဟန့်တားနိုင်ပါဘူး။ အကြောင်းကတော့ နိုင်ငံရေးအရ၊ စစ်ရေးအရ၊ စီးပွားရေးအရ တရုတ်အပေါ် အမှီအခို ပြုထားရတာကြောင့် ဖြစ်ပါတယ်။ အဲသည့်ရဲ့ အကျိုးဆက်က - တရုတ်အနေနဲ့ မြန်မာထဲကို ပိုပြီး ခြယ်လှယ်စိုးမိုးဖို့ တံခါးပေါက်တွေ အမြောက်အမြားကို ပိုင်ဆိုင်ထားနိုင်သလို ဖြစ်ခဲ့တာတွေ့ရပါတယ်။

❐ ဦးသိန်းစိန် အစိုးရ နှင့် ဒီ/ချုပ်အစိုးရလက်ထက်

၄။ ၂၀၁၁ ခုနှစ်မှာ မြန်မာနိုင်ငံက အသွင်ကူးပြောင်းရေးကို ခပ်စိပ်စိပ်လုပ်လာပါတယ်။ အသွင်ကူးပြောင်းရေးကို ဦးဆောင်တဲ့ အစိုးရအဖွဲ့ကတော့ ဦးသိန်းစိန်အစိုးရဖြစ်ပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ တရုတ် - မြန်မာဆက်ဆံရေးက အနည်းငယ် ကျဲသွားတယ်လို့ ပြောနိုင်ပေမယ့် အလွန် ဝေးကွာသွားတာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် တရုတ်စီမံကိန်းတွေဖြစ်တဲ့ လက်ပံတောင်းကြေးနီစီမံကိန်းနဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းတွေအပေါ် လူထုရဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်မှုအပေါ်မှာ ဦးသိန်းစိန်အစိုးရက လူထုဘက် ဝင်ရပ်ပြီးတော့ တရုတ်ကို တန်ပြန် ငြင်းဆန်ဖို့ ကြိုးစားခဲ့တဲ့ အပြုအမူဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၂၀၁၅ အထွေထွေရွေးကောက်ပွဲနဲ့ အစိုးရဖြစ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်အစိုးရအဖွဲ့ဟာ လူအများမျှော်လင့်မထားတဲ့ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးပြီး၊ တရုတ်နဲ့ မြန်မာဆက်ဆံရေးကို အနီးကပ်ဆုံးအထိ ထပ်မံ တည်ဆောက်ခဲ့တာတွေ့ရပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံကို လာရောက်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်အစိုးရအဖွဲ့နဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှု နားလည်မှုစာချွန်လွှာ (MOU) ၃၃ ခု ရေးထိုးပြီး သဘောတူညီနိုင်ခဲ့ပါတယ်။ ၎င်းနားလည်မှု စာချွန်လွှာထဲမှာ စီးပွားရေးကဏ္ဍပေါင်းစုံ ပါဝင်ရင်းနှီးမြှုပ်နှံဖို့ အထိ သဘောတူညီနိုင်ခဲ့တာတွေ့ရပါတယ်။ စစ်အစိုးရခေတ်တွေလို အကြီးစားဓာတ်သတ္တုတူးဖော်ရေး၊ စွမ်းအင်၊ ကျောက်မျက်နဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေထက် ပိုမိုကျယ်ပြန့်တဲ့ စီးပွားရေးပူးပေါင်းမှုတွေကို ပြုလုပ်ဖို့ သဘောတူညီနိုင်ခဲ့တာတွေ့ရပါတယ်။ ဒါဟာ ဒီမိုကရေစီကို လိုလားထောက်ခံတဲ့ ပေါ်ပြူလာထောက်ခံမှုကို ရထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်မှာတောင် ဒီမိုကရေစီစနစ် မကျင့်သုံးတဲ့ တရုတ်က ဘေဂျင်းအစိုးရနဲ့ မြန်မာဟာ အနီးကပ်ဆုံး ဆက်ဆံရေးတည်ဆောက်နိုင်ခဲ့တာကို တွေ့ရပါတယ်။

❐ ၂၀၂၁ စစ်အာဏာသိမ်းမှု နောက်ပိုင်း

၅။ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအပြီးမှာ၊ မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနဲ့ ကြုံခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်တာက တရုတ်က ဘေဂျင်းအစိုးရအတွက် စိတ်ကသိကအောင့်ဖြစ်စေခဲ့တာတွေ့ရပါတယ်။ အာဏာသိမ်းမှုနောက်ဆက်တွဲအခြေအနေတွေက မြန်မာပြည်တွင်းမှာ အင်မတန် ကျယ်ပြန့်လာပါတယ်။ အာဏာသိမ်းမှုဟာ အထွေထွေလက်နက်ကိုင်တော်လှန်ရေးနဲ့ ကြုံတွေ့ရပြီး၊ မြန်မာနိုင်ငံမှာ အကျယ်ပြန့်ဆုံးသော ပြည်တွင်းစစ်အထိ ထိုးကျသွားပါတယ်။ ပြည်တွင်းက လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ပါဝါဒိုင်းနမစ် အလှည့်အပြောင်း - အတိမ်းအစောင်းတွေဖြစ်ခြင်းဟာ ဘေဂျင်းအစိုးရအတွက် ကိုင်တွယ်ရ ခက်သလို၊ ‌တရုတ်ရဲ့ ပြည်နယ်အစိုးရဖြစ်တဲ့ ယူနန်အာဏာပိုင်တွေအတွက်လည်း လုပ်ရကိုင်ရ ခက်ခဲစေခဲ့ပါတယ်။ သို့သော်လည်း တရုတ်အနေနဲ့ မြန်မာ့အရေးပေါ်မှာ နေ့တိုင်း အချိန်တိုင်း အမြဲမပြတ် အကဲခတ်ပြီး၊ ပြောင်းလဲလာတဲ့ အာဏာချိန်ခွင်လျှာမြေပုံကို ကောင်းစွာနားလည်‌‌အောင် ကြိုးစားခဲ့ပါတယ်။ ၂၀၂၁ အာဏာသိမ်းမှုဖြစ်ပြီး (၄) နှစ်မပြည့်သေးတဲ့ ၂၀၂၄ နိုဝင်ဘာလမှာပဲ ၊ တရုတ် ဘေဂျင်းအစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ ဘယ်ဘက်ကို ပြတ်ပြတ်သားသားရပ်ပြီး ဆက်လက် လျှောက်လှမ်းရမလဲဆိုတာ သိသာထင်ရှားလာပါတယ်။ တရုတ်ဟာ သူနဲ့ ဆက်ဆံရင်းစွဲ ရှိတဲ့ မိတ်ဆွေရင်းတွေကိုသာ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးနဲ့ ဆက်လက် ထိန်းထားဖို့ ကြိုးစားတာတွေ့ရပါတယ်။ တရုတ်ဟာ မြန်မာစစ်တပ်အပေါ် အင်စတီကျူးရှင်းအရ ဖယ်ရှားဖို့ လက်ခံစဉ်းစားတာမျိုး မလုပ်ခဲ့ပါဘူး။ အကယ်၍ မြန်မာစစ်တပ် အင်စတီကျူးရှင်းသာ မရှိရင်၊ မြန်မာ့အရေးအပေါ်မှာ တရုတ်ရဲ့ လက်ဝေခံ အင်အားစု ပျောက်ဆုံးပြီး ပါဝါလေဟာနယ်ဖြစ်မှာကို မလိုလားပါဘူး။ အဲသည့်လို ပါဝါလေဟာနယ်ဖြစ်လာတယ်ဆိုရင်၊ တရုတ်ဆန့်ကျင်ရေးအနောက်အင်အားစုတွေက ဝင်ဖြည့်သွားမှာကိုလည်း စိုးရိမ်ပါတယ်။ ဒါ့ကြောင့် ဘေဂျင်းအစိုးရဟာ အာဏာသိမ်းအစိုးရနဲ့ပဲ ဆက်လက် အလုပ်လုပ်ဖို့ မီးစိမ်းပြလိုက်ပါတယ်။ တရုတ်ဟာ မြန်မာနိုင်ငံမှာ စစ်အစိုးရသက်ဆိုးရှည်အောင် ထပ်မံကျေးဇူးပြုလိုက်တဲ့ အပြုအမူကို ပေါ်ပေါ်ထင်ထင် ပြုလုပ်ခဲ့တာတွေ့ရပါတယ်။ တစ်ဖက်မှာလည်း တရုတ်ဟာ မြန်မာနိုင်ငံအတွင်းကို စီးပွားရေးအရ ထပ်မံတိုးဝင်ဖို့အတွက် ခြေလှမ်းတွေ ပြင်လာခဲ့ပါတယ်။

❐ ရုရှားတပ် ခြေချနိုင်မှု သတိချပ်ဖွယ်

၆။ BRI လို့ခေါ်တဲ့ ပိုးလမ်းမသစ်စီမံကိန်းဟာ တရုတ်အတွက် ကမ္ဘာပတ်ရင်းနှီးမြှုပ်နှံမှုကွင်းဆက်ကြီးဖြစ်တပါတယ်။ အဲသည့်ထဲမှာ မြန်မာနိုင်ငံကလည်း အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်ပါတယ်။ ဒါ့အပြင် ၂၀၂၁ ခုနှစ်နောက်ပိုင်း ပြောင်းလဲလာတဲ့ စစ်ရေး- နိုင်ငံရေးအခင်းအကျင်းတွေဟာ တရုတ်အဖို့ မြန်မာနိုင်ငံကို သမားရိုးကျချည်းကပ်မှုပုံစံနဲ့ မဟုတ်ဘဲ အဆင့် သုံးလေးငါးဆင့် ကျော်စဉ်းစားပြီး၊ ဆက်လက်ကိုင်တွယ်ဖို့အတွက် စဉ်းစားလာဟန်တူပါတယ်။ မြန်မာစစ်တပ်ဟာ တရုတ်ကို ကျော်ပြီး ရုရှားနဲ့ စစ်ဘက်ဆက်ဆံရေးကို ဇောင်းပေးလုပ်ဆောင်လာတာ နှစ်အတော်ကြာပါပြီ။ ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပြီး မြန်မာစစ်တပ်ဟာ ရုရှားနဲ့ စစ်ဘက်ရေးရာ ပူးပေါင်းမှု တိုးချဲ့ဖို့အတွက် ထပ်မံ ကြိုးစားလာခဲ့ပါတယ်။ ဒါကို တရုတ်ဘေဂျင်းအစိုးရက သဘောမတွေ့ပါဘူး။ မြန်မာ့အရေးကို တရုတ်က ကြားဝင်စေ့စပ်ညှိနှိုင်းဖို့ ကြိုးစားတဲ့နေရာမှာ - မြန်မာနိုင်ငံ နယ်နိမိတ်ထဲကို နိုင်ငံခြားစစ်တပ်တစ်ခုခု ခြေချ ဝင်ရောက်မလာရေးကို အတန်တန် သတိပေးခဲ့တယ်ဆိုတာတွေ့ရပါတယ်။ မြန်မာပြည်သူအများစုကတော့ တရုတ်ဆိုလိုတဲ့ နိုင်ငံခြားစစ်တပ်ဆိုတာဟာ အမေရိကန်စစ်တပ်ဖြစ်တယ်လို့ ထင်ကြပေမယ့်၊ တကယ်တမ်း တရုတ်အစိုးရရဲ့ ဆိုလိုချက်ကတော့ ရုရှားစစ်တပ်ကို ညွှန်းဆိုတာဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

❐ ပဋိပက္ခတွင်း စီးပွားရေးလုပ်ခြင်း

၇။ လက်ရှိ တည်ဆဲအခြေအနေမှာ၊ မြန်မာနိုင်ငံဟာ အကျယ်ပြန့်ဆုံးပြည်တွင်းစစ်ဖြစ်နေပေမယ့် တရုတ်ဘေဂျင်းအစိုးရဟာ မြန်မာအာဏာပိုင်အဖွဲ့တွေနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လက်တိုးချဲ့နေတာတွေ့ရပါတယ်။ တစ်ဖက်မှာလည်း နိုင်ငံရေးအရ ပဋိပက္ခကို ကြားဝင် စေ့စပ်ပေးတဲ့ အခန်းကဏ္ဍမှာ တရုတ်က ပေါ်ပေါ်ထင်ထင် ဝင်ရောက် လုပ်ဆောင်နေတာတွေ့ရပါတယ်။ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာပဲ - နိုင်ငံတော်ဝန်ကြီးချုပ်ရာထူးနဲ့ ပထမဆုံးအကြိမ် တရုတ်ကို သွားခဲ့ပါတယ်။ အဲသည့်မှာလည်း တရုတ်နဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ အမြောက်အမြားလုပ်ဖို့ တရုတ်ဝန်ကြီးချုပ်နဲ့ လက်ဆွဲနှုတ်ဆက်ပါတယ်။ မြန်မာ့ပဋိပက္ခတွေ အရှိန်အဟုန်နဲ့ အထွဋ်အထိပ်ကို ရောက်နေတဲ့ အချိန်မှာပဲ၊ တရုတ်ဟာ မြန်မာနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေကို တိုးချဲ့ဖို့ အရှိန်တင်နေတာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ယခင် ရှိထားပြီးတဲ့ တရုတ် - မြန်မာစီးပွားရေးစင်္ကြံန်စီမံကိန်းကို ပီပီပြင်ပြင်နဲ့ ရှေ့တိုး အကောင်အထည်ဖော်လာတာတွေ့ရပါတယ်။

❐ ပဋိပက္ခတွင်း တရုတ်ဩဇာ

၈။ သမားရိုးကျ စီးပွားရေး အမြင်အယူအဆမှာတော့ - တိုင်းပြည်မတည်ငြိမ်ဘူးဆိုရင် ပြင်ပစီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေက ဝင်မလာတတ်ပါဘူး။ ဒါပေမယ့် တရုတ်ကတော့ ပဋိပက္ခထဲမှာ - စီးပွားရေးတွေကို တွန်းပြီး လုပ်ပါတယ်။ တည်ငြိမ်မှု မရှိဘဲ၊ ပြည်တွင်းစစ်ဖြစ်နေတဲ့ တတိယနိုင်ငံတွေမှာ စီးပွားရေးချိတ်ဆက်မှုတွေကို တိုးပြီး လုပ်တာတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း ထိုနည်းလည်းကောင်း ပြုမူပါတယ်။ မြန်မာနိုင်ငံမှာ အကျယ်ပြန့်ဆုံးသော လက်နက်ကိုင်ပဋိပက္ခ့ဖြစ်ထွန်းတာကြောင့်၊ လက်နက်ကိုင်အင်အားစုအသီးသီးမှာလည်း စစ်စရိတ်လိုအပ်ချက်မြင့်တက်လာပါတယ်။ ဒါ့အပြင် တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် တိုက်ခိုက်ဖို့အတွက် စစ်လက်နက်လိုအပ်ချက်မြင့်တက်လာပါတယ်။ တရုတ်ဟာ မြန်မာစစ်တပ်ကို လက်နက်ရောင်းသလို၊ မြန်မာစစ်တပ်ကို တော်လှန်နေတဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေကိုလည်း ဝတပ် - UWSA ကနေ တစ်ဆင့်ခံပြီး လက်နက်ရောင်းပါတယ်။ မြန်မာနိုင်ငံအတွင်းက လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးကို ကိုင်ဆွဲထားတဲ့ လက်နက်အများစုဟာ တရုတ်ထုတ်လက်နက်တွေဖြစ်ပါတယ်။ တရုတ်အတွက် မြန်မာနိုင်ငံအတွင်းမှာ လက်နက်ဝယ်လိုအား အမြင့်မားဆုံး ရှိနေတဲ့ အချိန်ဖြစ်နေပါတယ်။ ဒါ့ကြောင့် တရုတ်ဩဇာဟာ မြန်မာစစ်တပ်အပါအဝင် မြန်မာနိုင်ငံအတွင်းက လက်နက်ကိုင်အဖွဲ့အစည်းတွေအပေါ်မှာ လွှမ်းမိုးနိုင်တာပါ။ နွေဦးတော်လှန်ရေးအတွင်းမှာ ဖက်ဒရယ်ဒီမိုကရေစီကို ကြွေးကြော်ပြီး တော်လှန်ရေးလုပ်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ - NUG ကိုယ်တိုင်ကတောင် တရုတ်က - ၎င်းတို့ကို ဝယ်ချင်လာအောင် အမျိုးမျိုး မြူဆွယ်နေတာတွေ့ရပါတယ်။ အထူးသဖြင့် မြောက်ပိုင်းမဟာမိတ် (၇) ဖွဲ့ဟာ တရုတ်ရဲ့ မျက်နှာရိပ် မျက်နှာကဲကို ကြည့်ပြီး လှုပ်ရှားရတဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေဖြစ်ပါတယ်။ အဲသည့်ထဲက ဂါးဒီးယန်းကတော့ ဝတပ် - UWSA ဖြစ်ပါတယ်။

❐ တရုတ် အမှီအခို

၉။ တရုတ်အနေနဲ့ မြန်မာစစ်တပ်၊ မြန်မာအစိုးရတွေနဲ့ စီးပွားရေး - စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေကို လုပ်ဆောင်သလို၊ ယူနန်အစိုးရကို buffer ထားပြီး UWSA က - ကမကထလုပ်ပြီး လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့လည်း စီးပွားရေး - စစ်ရေး ဆက်ဆံမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ချဲ့ထွင်ပါတယ်။ တရုတ်ဟာ နှစ်ဖက်ခွပေါ်လစီနဲ့ မြန်မာ့အရေးမှာ ဝင်ရောက် ခြယ်လှယ်နေတာဖြစ်ပါတယ်။ အဲသည့်လို တရုတ်က တွင်တွင်ကျယ်ကျယ် ခြယ်လှယ်ခွင့်ရအောင်လည်း အခြေအနေအားလုံးက ခွင့်ပြုထားပါတယ်။ တရုတ်ရဲ့ လက်တံခြေတံဟာ ထိုင်း - မြန်မာနယ်စပ်မျဉ်းမှာ ရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေအပေါ်မှာပဲ တိုက်ရိုက် ဩဇာသက်ရောက်မှု မရှိတာဖြစ်ပါတယ်။ တရုတ် - မြန်မာနယ်စပ်မျဉ်းပေါ်မှာ ထိုင်ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေအပေါ် တရုတ်ဩဇာညောင်းတာတွေ့ရပါတယ်။ ဒါ့အပြင် အိန္ဒိယ - ဘင်္ဂလားဒေ့ရှ်နဲ့ နီးကပ်တဲ့ တရုတ်နယ်စပ်နဲ့ မသက်ဆိုင်တဲ့ ရက္ခိုင်တပ်ကိုတောင် တရုတ်ဟာ အနီးကပ်ဆုံး ဆက်ဆံရေးတည်ဆောက်ထားနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။

❐ ဝတပ် - UWSA ဟာ တရုတ်ရဲ့ Proxy Actor လား

၁၀။ တရုတ်အနေနဲ့ မြန်မာနိုင်ငံအတွင်းက တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက် တရုတ်တပ်ကို သုံးဖို့လည်း ဝန်မလေးတာတွေ့ရပါတယ်။ နိုင်ငံရေးအကဲခတ်တွေကတော့ - မြန်မာ့အရေးမှာ တရုတ်တပ်ကိုတောင် တိုက်ရိုက်သုံးစရာ မလိုဘဲ၊ ဝတပ်- UWSA ထဲမှာ တရုတ်တပ်တွေကို မွေးထားလိုက်ပြီး သွယ်ဝိုက်ထိန်းချုပ်တယ်ဆိုရင်တောင် လက်တွေ့ဖြစ်နိုင်တဲ့ကိစ္စဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။ တရုတ်ဟာ - ဝတပ် ထိန်းချုပ်ထားတဲ့ ဝပြည်နယ် - ဝဒေသကို တရုတ်ရဲ့ proxy actor တစ်ခုလို သဘောထားပြီး မြန်မာ့လက်နက်ကိုင်အရေးမှာ ဝင်ပါနိုင်ဖို့ ကြိုးစားပါတယ်။ ဝပြည်နယ်ဟာ တရုတ်ကို ၉၅ %‌ လောက်အထိ မှီခိုထားတာတွေ့ပါတယ်။ စစ်ရေးအရ၊ စီးပွားရေးအရ၊ နိုင်ငံရေးအရ၊ လူမှုရေးအရ - ဝပြည်နယ်ဟာ တရုတ်ကို ၉၅ % လောက် မှီခိုနေရတာဖြစ်ပါတယ်။ မြန်မာ့လက်နက်ကိုင်ပဋိပက္ခမှာ - ဝတပ်က တိုက်ရိုက်ဝင်မပါပေမယ့် ဝတပ်ရဲ့ ဩဇာကြီးထွားတာဟာ တရုတ်ဩဇာကြီးထွားမှုကို အရိပ်ထိုးပြနေသလိုဖြစ်နေပါတယ်။ တရုတ်ဟာ မြန်မာနိုင်ငံအတွင်းက တရုတ်စီးပွားရေးစီမံကိန်းတွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက် တရုတ်တပ်ကို စေလွှတ်ဖို့ အဆင်သင့်ဖြစ်ထားတဲ့ အခြေအနေပါ။ ဒါ့အပြင် ဝတပ်အယောင်ဆောင်ပြီး တရုတ်တပ်တွေ ချည်းနင်းဝင်ရောက်ဖို့လည်း တရုတ်ထိန်းချုပ် ဖောက်လုပ်ထားတဲ့ လမ်းတွေက အမြောက်အမြားရှိပါတယ်။ သေချာတာတစ်ခုကတော့ သံလွင်မြစ် အရှေ့တစ်ခြမ်းလုံးဟာ မြန်မာ့မြေထဲကနေ သိသိသာသာ ပဲ့ထွက်သွားပါပြီ။ ဒါ့အပြင် စစ်ရေးနဲ့ နိုင်ငံရေးအရ အသက်ရှုပေါက်ချောင်စေဖို့ အာဏာသိမ်းစစ်ကောင်စီဟာ တရုတ်အပေါ် မချစ်သော်လည်း အောင့်ခါနမ်းရတဲ့ အဖြစ်ကို ရောက်လာတဲ့အခါ မြန်မာ့မြေက စီးပွားရေးလုပ်ပိုင်ခွင့်တွေကို တရုတ်ဆီကို ထိုးအပ်လိုက်ရတဲ့ အနေအထားမှာ ရှိပါတယ်။ တရုတ်ကလည်း ပဋိပက္ခတွင်းစီးပွားရေးကို အကြီးအကျယ် တိုးချဲ့နေပါတယ်။ မြန်မာဟာ တရုတ်အတွက် စီးပွားရေးလုပ်ခွင် တစ်ခုသာမက - လက်နက်ရောင်းချရာ ဝယ်လိုအား မြင့်မားတဲ့ စျေးကွက်ကြီးလည်းဖြစ်နေပါတယ်။ တရုတ်ဟာ မြန်မာစစ်တပ်ကိုရော၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကိုပါ လက်နက်အပြိုင် ရောင်းချဖို့ အစဉ်တစိုက် ကြိုးစားအားထုတ်နေပါတယ်။ အကယ်၍ အခြေအနေ မဟန်ရင် - မြန်မာနိုင်ငံထဲကို တရုတ်စစ်တပ်ဝင်လာဖို့လည်း အဆင်သင့်အနေအထားမှာ ရှိနေပါတယ်။

❐ လက်နက်ကိုင်လုံခြုံရေးကုမ္ပဏီ အရေခြုံ၍

၁၁။ တရုတ်ရဲ့ လက်တံခြေတံ ကျယ်ပြန့်မှုဟာ မြန်မာပြည်သူလူထုရဲ့ နေ့စဉ် လူမှုစီးပွားဘဝ လုံခြုံရေးအထိပါ ဝင်ရောက် ခြယ်လှယ်နိုင်မယ့်အနေအထားမှာ ရှိလာပါတယ်။ အကြောင်းကတော့ ၂၀၂၄ နိုဝင်ဘာလက စစ်ကောင်စီခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တရုတ်နိုင်ငံခရီးစဉ်အပြီးမှာ - တရုတ်နဲ့ မြန်မာအကြား ပူးပေါင်းဆောင်ရွက်မယ့် လုပ်ငန်းတွေ ခပ်များများရှိလာပါတယ်။ အဲသည့်ထဲမှာ တရုတ်အနေနဲ့ မြန်မာနိုင်ငံအတွင်းက ၎င်းရဲ့ စီမံကိန်းတွေနဲ့ တရုတ်နိုင်ငံသားများပိုင် လုပ်ငန်းတွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက် မြန်မာနဲ့ပူးပေါင်းပြီး လက်နက်ကိုင် လုံခြုံရေးကုမ္ပဏီ (Joint Venture Security Company)ဖွဲ့စည်းဖို့ ဆွေးနွေး ညှိနှိုင်းလာတဲ့ အခြေအနေအထိ ရှိလာပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဧရာဝတီသတင်းဌာနက ၂၀၂၄ နိုဝင်ဘာလ ၁၄ ရက်နေ့က သတင်းဆောင်းပါးတစ်ပုဒ်မှာ အခုလို ဖော်ပြပါတယ်။

■ တရုတ်က မြန်မာနိုင်ငံအတွင်းရှိ ၎င်း၏ စီမံကိန်းများနှင့် တရုတ်နိုင်ငံသားများပိုင် လုပ်ငန်းများကို ကာကွယ်စောင့်ရှောက်ရန် မြန်မာနှင့် ပူးပေါင်း၍ လက်နက်ကိုင် လုံခြုံရေးကုမ္ပဏီ (Joint Venture Security Company) ဖွဲ့စည်းဖို့ ကမ်းလှမ်းလာရာ စစ်ကောင်စီက နားလည်မှု စာချွန်လွှာရေးထိုးနိုင်ရန် လုပ်ငန်းကော်မတီကို ဖွဲ့စည်းကာ လေ့လာနေသည်။ လုပ်ငန်းကော်မတီကို စစ်ကောင်စီ ပြည်ထဲရေး ဒုဝန်ကြီးက ဥက္ကဋ္ဌ တာဝန်ယူကာ အမြဲတမ်း အတွင်းဝန်၊ ဒုရဲချုပ်၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန ဒု ညွှန်ကြားရေးမှူးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဥပဒေရုံးမှ အရာရှိကြီး တဦးနှင့် မှုခင်းနှင့် ဥပဒေဌာနမှ ရဲအရာရှိများဖြင့် ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက်က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ထိုသို့ လက်နက်ကိုင် လုံခြုံရေးကုမ္ပဏီ (Joint Venture Security Company) ဖွဲ့ရန် ကမ်းလှမ်းမှုမှာ သြဂုတ်လ အတွင်းက နေပြည်တော်သို့ လာရောက်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ ခရီးစဉ်အပြီး ကမ်းလှမ်းခြင်းဖြစ်ကြောင်း ယူဆ ရပြီး၊ ထိုခရီးစဉ်တွင် မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်းနှင့် စီမံကိန်းဘေးကင်းလုံခြုံမှုအား လက်တွေ့ကျကျ ကာကွယ်ပေးရန် စစ်ခေါင်းဆောင်အား ပြောခဲ့သည်။ [ဧရာဝတီ၊ ၂၀၂၄ နိုဝင်ဘာ ၁၄]

❐ ရထားလမ်းကနေ လူသွင်းမည့် အာဂျင်ဒါ

၁၂။ တရုတ်စီးပွားရေးစီမံကိန်းအမြောက်အမြားဟာ မြန်မာ့မြေပေါ်မှာ နေရာအနှံ့အပြား ရှိနေပါတယ်။ အထူးသဖြင့် တောင်းတန်းနယ်မြေတွေမှာ တရုတ်ရဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ရက္ခိုင်ကမ်းရိုးတမ်းဒေသနဲ့ မြန်မာ့မြေကို ဖြတ်သန်းတည်ဆောက်ထားတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း။ ထို့နောက် တရုတ် - မြန်မာစီးပွားရေး စင်္ကြံန်စီမံကိန်းမှာ ပါဝင်တဲ့ ကျောက်ဖြူ - ကူမင်း - ရန်ကုန် - မန္တလေး ရထားလမ်းစီမံကိန်း။ တရုတ်ဟာ သူ့ရဲ့ ရထားလမ်းစီမံကိန်းရဲ့ ဘေးတစ်ဖက်တစ်ချက်စီမှာ တစ်ဖက် တစ်မိုင်စီ အုတ်တံတိုင်းကာရံဖို့ အားထုတ်နေတယ်လို့ ခိုင်လုံတဲ့သတင်းရင်းမြစ်တွေကနေ တစ်ဆင့် သိရပါတယ်။ ရထားလမ်းရဲ့ ဘယ်ဘက်က တစ်မိုင်၊ ရထားလမ်းရဲ့ ညာဘက်မှာ တစ်မိုင် - တံတိုင်းကာပြီး တရုတ်ရဲ့ မြေပိုင်အဖြစ် လုပ်ဖို့ ကြံရွယ်နေပါတယ်။ ဒါ့အပြင် တရုတ် - မြန်မာပူးပေါင်းထားတဲ့ လက်နက်ကိုင်လုံခြုံရေးကုမ္ပဏီ (ကြေးစားလက်နက်ကိုင်လုံခြုံရေးအဖွဲ့) ဖွဲ့စည်းပြီး၊ မြန်မာ့အချုပ်အခြာအာဏာကို ခြယ်လှယ်ဖို့ အစဉ်တစိုက်အားထုတ်နေပါတယ်။ မြန်မာပြည်သူလူထုဟာ တရုတ်စီးပွားရေးသမားတွေကို ကြိမ်ဖန်များစွာ မြင်ရပြီးချိန်မှာတော့ တရုတ်စစ်သားတွေကို ထပ်မံ မြင်တွေ့လာရမယ့် အခြေအနေဖြစ်ပါတယ်။ မြန်မာစစ်တပ်ခေါင်းဆောင်တွေဟာ သူတို့ရဲ့ စစ်ရေးအရှုံးကို တရုတ်လက်နက်ကိုင်လုံခြုံရေးကုမ္ပဏီအမည်ခံ (တပ်ဖွဲ့) တွေနဲ့ မြန်မာ့မြေမှာ တန်ပြန် ကုလားဖန်ထိုးမယ့် ကစားကွက်ဖြစ်ပါတယ်။ ဒီလိုနဲ့ မြန်မာတို့ဟာ တရုတ်ကုန်သည်တွေကနေ တစ်ဆင့် တရုတ်စစ်သားတွေကို ဝင်ရာက်လာမှုကို စိတ်ပျက်စွာ ထိုင်ကြည့်နေကြရမယ့်အဖြစ်ပါ။ မြန်မာဟာ တဖြည်းဖြည်းနဲ့ တရုတ်နဂါးရဲ့ လည်မြိုထဲကို ဆင်းသက်နေရတဲ့ အခြေအနေပါ။ ဒါ့အပြင် တရုတ်လူဦးရေ စိမ့်ဝင်ပျံ့နှံ့မှုနှုန်းဟာ တရုတ် - မြန်မာနယ်စပ်တွေတင်မက၊ မြန်မာ့မြေထဲမှာ ဗီဇာအကန့်အသတ်မရှိ ချည်းနင်းဝင်ရောက်လာမယ့် အခြေအနေဖြစ်ပါတယ်။ ဝပြည်နယ်နဲ့ ကပ်လျက် မြန်မာ့မြေတွေမှာ တရုတ်ဟာ လူဦးရေ သိန်းနဲ့ချီ ပို့လွှတ်ပြီး ဒီမိုဂရပ်ဖီ အပြောင်းအလဲကို ချဲ့ထွင်ဖို့ ကြိုးစားနေတာတွေ့ရပါတယ်။ တရုတ်ရဲ့ နယ်ချဲ့လာတဲ့ economic imperialism ဟာ အင်မတန် စိုးရိမ်စရာ ကောင်းပါတယ်။ ဒါပေမယ့် ဒါတွေကို မြန်မာပြည်သူလူထုကတော့ စိုးရိမ်ရကောင်းမှန်းတောင် မသိနိုင်လောက်အောင် ဆင်းရဲဒုက္ခနဲ့ နပန်းလုံးနေကြရပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်တွေကလည်း မိမိတို့ အာဏာစက်ချဲ့ထွင်ရေးနဲ့ ခိုင်မာကျစ်လစ်ရေးအတွက် - တရုတ်ကို ထိုးအပ်လိုက်ရလည်း ၊ ကျေကျေနပ်နပ်ကြီး လုပ်ဝံ့ကြတဲ့ အခြေအနေမှာ ရှိနေကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား.....

မင်းသေ့
၁၆ ၊ နိုဝင်ဘာ ၂၀၂၄

https://youtu.be/0Dk6ucnpcm4?si=2flLmBpTekuCuiA7
11/15/2024

https://youtu.be/0Dk6ucnpcm4?si=2flLmBpTekuCuiA7

အမေရိကန် ရွေးကောက်ပွဲ သတင်းစုစည်းမှု - ၃ What Happens Now – 10 – Cထရမ့် ခန့်ထားဖို့ စီစဥ်နေတဲ့ အစိုးရအဖွဲ့သစ်ရဲ့ ဝန်ကြီးတွ...

https://youtu.be/U82VCHFHuAk?si=q4t-RZkLeKYe_2KI
11/13/2024

https://youtu.be/U82VCHFHuAk?si=q4t-RZkLeKYe_2KI

ဒေါ်နယ်ထရမ့်၊ တရုတ်နဲ့ မြန်မာ အရွေ့ (ရုပ်/သံ)ဧရာဝတီ၊ နိုဝင်ဘာ ၉၊ ၂၀၂၄ #မြန်မာ #ဧရာဝတီ #တရုတ် #ဒေါ်နယ်ထရမ့် #မင်းအ.....

https://youtu.be/ihg6mujZdJo?si=4tNVPcjVmYl_QBTj
11/13/2024

https://youtu.be/ihg6mujZdJo?si=4tNVPcjVmYl_QBTj

"ရခိုင့်တပ်တော် ( AA) ဟာ တရုတ်လက်လှမ်းမမှီတဲ့ မြန်မာပြည်အနောက်ပိုင်းမှာ ရှိနေတာပါ။ သူ့ဘာသာသူ ဖြတ်ငါးဖြတ်မကလိ.....

https://youtu.be/NcJnWTXGri0?si=5FJDiorEMNZklba7
11/13/2024

https://youtu.be/NcJnWTXGri0?si=5FJDiorEMNZklba7

**🌟တော်လှန်ရေး သမိုင်းတရားခံမှတ်စု FV🌟**🎥 **နေ့စဉ် စစ်ရေး နိုင်ငံရေး စစ်မှန်အချက်အလက်များနှင့် အတွေးအခေါ်များ...

https://youtu.be/Zpnksak5okY?si=G_kW9oGku3QmcEMx
11/13/2024

https://youtu.be/Zpnksak5okY?si=G_kW9oGku3QmcEMx

A promised land by barack obama book summary in myanmar, burmese.-----------------------------------မြန်မာအသံသွင်းစာအုပ်များ စိတ်ဝင်စားလျှင်ဒေါင်းလိုက်ပါ၊📱A...

https://youtu.be/IZu0KeKdsBQ?si=3zn7Ub_zzOJOi9Zt
11/13/2024

https://youtu.be/IZu0KeKdsBQ?si=3zn7Ub_zzOJOi9Zt

-လူကြီးမင်းတို့အတွက်အချိန်ကုန်၊ ဘေလ်ကုန်ရကျိုးနပ်စေမည့်အကြောင်းအရာများကိုသာတစ်ပတ်လျှင်နှစ်ပုဒ်နူန်းဖြ....

https://youtu.be/CAhW_l3BzVk?si=HZVP3ASsTxPRIZLF
11/13/2024

https://youtu.be/CAhW_l3BzVk?si=HZVP3ASsTxPRIZLF

Trump ပူတင်ဆီ ဖုန်းဆက်ပြီး ဆုံးမပြီဒီကနေ့ ရရှိထားတဲ့ နိုင်ငံတကာ သတင်းတွေကို တင်ဆက်ပေးပါ့မယ်။ရွေးကောက်ပွဲမှာ .....

Address

San Francisco, CA

Website

Alerts

Be the first to know and let us send you an email when San Francisco for Freedom in Burma posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to San Francisco for Freedom in Burma:

Videos

Share


Other Media/News Companies in San Francisco

Show All