E.M.O - The Clicker

E.M.O - The Clicker ရိုက်သည် / ရေးသည် / မျှဝေသည်

17/08/2024

The Watchdog 💪

06/08/2024

A Story by The Watch dog Team 💪

01/08/2024
The WatchDog Team 🎥Coming soon 🔜 🎬
27/07/2024

The WatchDog Team 🎥
Coming soon 🔜 🎬

22/07/2024

အနုပညာဖြင့် တော်လှန်သူ

22/07/2024

ထိုင်း-မြန်မာနယ်စပ်ရှိ ရွှေ့ပြောင်းမြန်မာစာသင်ကျောင်းတွေမှာ ဘယ်လို စိန်ခေါ်မှုတွေ ကြုံနေရလဲ။

22/07/2024

လုပ်ခလစာအပြည့်ဝရရှိရေးခက်ခဲနေဆဲ ဖြစ်တဲ့ ‌မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ဘဝ

22/07/2024

စစ်တပ်ရှေ့တန်းစခန်းကနေအသက်လုပြေးCDMလုပ်ခဲ့တဲ့ တပ်သားဟိန်းဇော်ဦး

22/07/2024

“လက်နက်ယူပြီးထွက်ပြေးလာခဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ NUGဘက်က ငွေကြေးထောက်ပံ့တာတွေရှိတယ်။ အဲဒီတော့ ဒီဘက်မှာ ဘဝသစ်စမယ်ဆိုလည်း အဆင်ပြေတာပေါ့”

18/05/2024

The news from Myanmar in recent years has generally been very downbeat, with a whole range of human rights abuses being reported.

But amid the misery and suffering, there are also stories of people working to improve the lives of those around them.

In this video, the third in our Human Rights Defender series, we meet a former rebel who has established a school for migrant children near the Thai-Myanmar border.

15/05/2024

ရေးသည် ရိုက်သည် မျှဝေသည်။
😍

The Watchdog 💪
14/05/2024

The Watchdog 💪

14/05/2024

📸eunt

Kaung & Myat Wedding Event11.5.2024
11/05/2024

Kaung & Myat
Wedding Event
11.5.2024

11/05/2024
10/05/2024

"အခြေခံလုပ်ခလစာရဖို့ဟာ အခက်ဆုံး ဖြစ်နေတယ်"

06/05/2024
13/04/2024

သံချပ်က အမှန်တရားကို ပြောတယ် ( ဆောင်းပါး)

ရန်ကုန်၊ ဧပြီ ၁၄
လူငယ့်ခေတ်

“ပညာရေးအကြောင်းပြောဦးမယ်.... ချစ်လွန်းလို့ပါ စိတ်တော့မဆိုးနဲ့
ချစ်လွန်းလို့ပါ စိတ်တော့မနဲ့.... ပညာရေးအကြောင်းပြောဦးမယ်
အွန်လိုင်းကျောင်းတွေ ပေါ်လိုက်တာ …. ပညာရေးက စျေးကွက်ဖြစ်လို့
ပညာရေးက စျေးကွက်ဖြစ်လို့.... အွန်လိုင်းကျောင်းတွေပေါ်လိုက်တာ
ကျောင်းသား DATA ကျိုးပေါက်တာ …. တာဝန်ရှိတာ MOEပဲ
တာဝန်ရှိတာ MOEပဲ …. ကျောင်းသား DATA ကျိုးပေါက်တာ
ပညာဝန်ကြီး မောင်ဇော်ရေ … ကိုယ့်လူတွေကို ထိန်းဦး ကျောင်းဦး
ကိုယ့်လူတွေကို ထိန်းဦး ကျောင်းဦး.. ပညာဝန်ကြီးမောင်ဇော်ရေ “

တမာမိုး သံချပ်အဖွဲ့၏ ၂၀၂၃ ခုနှစ် သင်္ကြန် သံချပ်စာသားများအပင်ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ဖက်ဒရယ်အွန်လိုင်းစာသင်ကျောင်းနှစ်ကျောင်းမှာ ဝင်ရောက်လုပ်ကိုင်နေသည့် ဆရာဆရာမများ အပါအဝင် ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများ၏ ကိုယ်ရေးအချက်အလက်များ ပေါက်ကြားခဲ့ပြီးနောက် စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည့် ဖြစ်ရပ်များရှိခဲ့သည်။

ယင်းဖြစ်ရပ်ကို အခြေခံပြီး အမျိုးသားညီညွတ်ရေး အစိုးရ ဖော်ဆောင်နေသည့် ကြားကာလ ပညာရေးစနစ်ကို သံချပ်စာသားများဖြင့် ထောက်ပြ ဝေဖန်ထားခြင်းဖြစ်သည်။

“ဝေဖန်တယ်ဆိုတာထက် ကျွန်တော်တို့က လမ်းကြောင်းတည့်ပေးတာပေါ့နော်။ ကျွန်တော်တို့အစိုးရရဲ့ လိုအပ်ချက်တွေ၊ ယိမ်းယိုင်နေမှုတွေ ၊ခြေလှမ်းမမှန်မှုတွေကို ကျွန်တော်တို့ကနေပြီးတော့ ထောက်ပြတယ်။ အနာဂတ်မှာ လုပ်သင့်တဲ့ အရာတွေအတွက် တွန်းအားပေးတာပေါ့နော်။ ပြည်သူလူထုကလည်း ထိန်းကြောင်းလို့ရအောင် အပြုသဘောဆောင် လမ်းကြောင်းတည့်မတ်စေချင်တာပါ ”ဟု တမာမိုးသံချပ်အဖွဲ့ ဝင် ကို နိုင်ခွန်းအားကဆိုသည်။

အာဏာသိမ်းပြီးနောက် စစ်တပ်ကျူးလွန်ထားသည့် လူ့အခွင့်အရေးချိုးဖောက်မှု၊ ယိုးယွင်းပျက်စီးလာသည့် အုပ်ချုပ်ရေး ယန္တရားများကို ဝေဖန်သကဲ့သို့ ပြည်သူလူထု ယုံကြည်တင်မြောက်ထားသည့် အမျိုးသားညီညွတ်ရေးအစိုးရကိုလည်း အပြုသဘောဆောင်သည့် စာသားများဖြင့် ထောက်ပြရန် ယခုနှစ်သင်္ကြန်အတွက် သံချပ်အဖွဲ့များက စီစဥ် တင်ဆက်နေပြီဖြစ်သည်။

သံချပ်များမှသည် ပြည်သူ့ဆီသို့

သင်္ကြန်ဆိုသည်မှာ သံချပ်ပါမှာ အသက်ဝင်သည်ဟု ဆိုကြသည်။

သင်္ကြန်ကာလအတွင်း သံချပ်အဖွဲ့များက နိုင်ငံအတွင်း နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေး စသည် ရှု့ထောင့်မျိုးစုံဖြင့် ထင်သာမြင်သာရှိအောင်
သံစဥ် ဒိုးပတ်များဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ပြည်သူထုထံ အသိပေးကြသည်။

လက်ရှိဖြစ်ပျက်နေသည့် မြန်မာနိုင်ငံရေးအခြေအနေများကို ပြည်သူလူထုထံ သံချပ်စာသားများဖြင့် အသိပေးနှိုးဆောင်ဖို့ သံချပ်အဖွဲ့များက စီစဥ်နေပြီဖြစ်သည်။

ကျောင်းသား သမဂ္ဂအဖွဲ့ဝင်များဖြင့် စတင် တည်ထောင်ခဲ့သည့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့သည်လည်း နှစ်စဉ်မပျက် သံချပ်ထွက်သည့်အားလျော်စွာ ယခုနှစ်တွင်လည်း နယ်စပ်ဒေသတစ်ခု၌ သံချပ်ထိုးကြသည် ။

အညာဒေသမှ လူထု ခံစားချက်များ ၊ အညာဒေသကို ကူဖို့အကြောင်းများ၊ စစ်တပ်ကို ပြောဆိုဝေဖန်မှု ၊ စစ်တပ်လုပ်မယ့် ရွေးကောက်ပွဲ အကြောင်းအရာများအပြင် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ကမောက်ကမ ဖြစ်စဉ်များ၊ တော်လှန်ရေး အင်အားစုများကို ထောက်ပြသွားမည် ဖြစ်ကြောင်း ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် တစ်ဦးက ဆိုသည်။

အာဏာသိမ်းပြီးနောက် တစ်ချို့သော ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များသည် စစ်တပ်၏ ဖမ်းဆီးထိန်းသိမ််းခြင်းကို ခံထားရပြီး တစ်ချို့သော
အဖွဲ့ဝင်များသည့် မြန်မာပြည်တစ်ဝှမ်းတွင် နည်းမျိုးစုံဖြင့် စစ်အာဏာရှင်ကို တော်လှန်ကြဆဲပင်ဖြစ်သည်။

“နှစ်တိုင်းမှာ ပါဝင်ခဲ့တဲ့ သံချပ်သူ သံချပ်သားတွေ၊ အခုနှစ်မှာပါမယ့် အသစ်တွေလည်းပါမယ်။ အဓိကက ကျောင်းသူကျောင်းသားတွေ သမဂ္ဂက အဖွဲ့ဝင်တွေအခြေခံတာပေါ့။ ဒါ့အပြင် လွတ်မြောက်ဒေသမှာမဟုတ်ဘဲနဲ့ တစ်ခြားသော တော်လှန်ရေးဒေသမှာပါဝင်နေတဲ့ ဒေါင်းတို့မျိုးဆက် အဖွဲ့ဝင်တွေက ဖျော်ဖြေကြပါလိမ့်မယ် “ဟု ၎င်းကဆိုသည်။

အာဏာရှင်ကို တော်လှန်ရင်း ထွက်ပြေးတိမ်းရှောင်နေရသည့် အလုပ်သမားများ စုဖွဲ့ထားသည့် ဒို့လုပ်သား သံချပ်အဖွဲ့လည်း မြန်မာနိုင်ငံအတွင်း
အလုပ်သမားများ ဖိနှိပ်ခံရမှုများ နှင့် ခေါင်းပုံဖြတ်ခံနေရသည့် အလုပ်သမားများကိုယ်စား မားမားမတ်မတ်ရပ်တည်က သံချပ်စာသားများဖြင့် ပြည်သူထုထံ အသိပေးကြသည်။

မြန်မာနိုင်ငံအထွေထွေ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် FGWM ဦးဆောင်ပြီး ဒို့လုပ်သား သံချပ်အဖွဲ့ကို ယခုနှစ်မှာ စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယခုနှစ်သင်္ကြန်မဏ္ဍပ် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဥ်ပြိုင်မည်ဖြစ်သည်။

စစ်အာဏာသိမ်းမှုကို အလုပ်သမားလူတန်းစားများက ဆန့်ကျင်ခဲ့ကြရာ စစ်တပ်ဖမ်းဆီးခြင်းများကနေ လွတ်မြောက်လာခဲ့သည့် အလုပ်သမား
လူတန်းစားများအပေါ် အမျိုးသားညီညွတ်ရေးအစိုးရက လစ်လျူရှုထားပြီး ထောက်ပံ့မှုတစ်စုံတစ်ရာမရှိသေးကြောင်း နှင့် စစ်အာဏာရှင် စနစ်လက်အောက်လုပ်ငန်းခွင်များအတွင်း အလုပ်သမားအခွင့်အရေးများနှင့် လူ့အခွင့်အရေးများ ချိုးဖောက်ခံနေရကာ ဆိုးဝါးနေသည့် လုပ်ငန်းခွင်အခြေအနေများအကြောင်းကို သံချပ်စာသားများဖြင့် ပြည်သူလူထုထံ တင်ပြသွားမည်ဖြစ်ကြောင်း ဒို့လုပ်သား သံချပ်အဖွဲ့ ခေါင်းဆောင် မမိုးက ပြောသည်။

နယ်စပ်ဒေသများတွင် သာမက သံချပ်ဖျော်ဖြေမှုများကို တောတွင်းလက်နက်ကိုင် ဒေသများတွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကိုယ်ပိုင်သံချပ်များဖြင့် ပြည်သူလူထုကို ဖျော်ဖြေကြသည်။

တိုက်ပွဲများကြားက ခက်ခဲသည့်အချိန်များတွင် ပြည်သူလူထုထံ တင်ပြချင်သည့် အကြောင်းအရာများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သံချပ်စာသားများဖြင့် ပြောပြကြသည်။

“တပ်ထဲမှာရှိတဲ့ လူငယ်တွေမှာ သင်္ကြန်ပိုးလေးတွေ ရှိတယ်။ အဲ့ဒါကြောင့် သူတို့စိတ်ခွန်အားဖြစ်စေဖို့နဲ့ ၊ ကျွန်တော်တို့မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ လိုအပ်ချက်တွေ လက်ရှိမြေပြင်အခြေအနေတွေကို ကျွန်တော်တို့ ပြည်သူလူထုသိအောင် လို့ ဒီလိုသံချပ်လုပ်ဖြစ်တာပါ ”ဟု မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Chindwin Attack Force တာဝန်ရှိသူတစ်ဦးကပြောသည်။

ကျောင်းသားအဖွဲ့အစည်းများ၊ အလုပ်သမားအဖွဲ့စည်းများနှင့်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပါဝင်သည့် သံချပ်အဖွဲ့များအပြင် အာဏာသိမ်း
ခြင်းကို ဆန့်ကျင်ပြီး CDM ပြုလုပ်ထားသည့် တပ်မတော်သားများသည်လည်း ယခုနှစ် သံချပ်အဖွဲ့များတွင် ပါဝင်လာသည်။

“၂၀၂၃ တော်လှန်ရေးအောင်မြင်ဖို့အတွက် ရည်ရွယ်ချက်နဲ့ ခွပ်ဒေါင်းအားမာန်တော်လှန်သံချပ်ကို လွတ်မြောက်နယ်မြေရောက်ရှိသူတွေဖြစ်တဲ့
အလွှာပေါင်းစုံပူးပေါင်းပီး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ CDM တပ်မတော်သားတွေလည်းပါဝင်ပါတယ်”ဟု ခွပ်ဒေါင်းအားမာန်တော်လှန်သံချပ်အဖွဲ့
ဝင်တစ်ဦးကပြောသည်။

ခွပ်ဒေါင်းအားမာန်တော်လှန်သံချပ်အဖွဲ့တွင် CDM တပ်မတော်သားများပါဝင်ပြီး တော်လှန်သင်္ကြန်၌ ပြည်သူများ ပူးပေါင်းပါဝင်ပေးရန်နှင့်
တပ်တွင်း CDM များ ယခုထက်ပိုပြီး ပူးပေါင်းပေးရန် ရည်ရွယ်ထည့်သွင်းထားကြောင်း ၎င်းကဆိုသည် ။

သံချပ်ထဲတွင် “တပေါင်းတခူးဒေါင်းမြူးနေလို့ သင်္ကြန်ရေလည်း မစိုစေချင်ဘူး” ဆိုသည့် စာသား ထည့်သွင်းထားပြီး ပြည်သူများကို တောင်းဆိုထားသည်။

ထို့အပြင် ယခုအချိန် စစ်ရေးတင်းမာနေသည့်အတွက် ပြည်သူတွေ အသွားအလာဆင်ခြင်ကြကိုလည်း တိုက်တွန်းထားသည်။

စစ်အာဏာရှင်ကို တော်လှန်ရာတွင် ပြည်သူများ အရှိန်မပြတ်ပဲ တော်လှန်ရေးကို အားစိုက်ကြရန် ၊ အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့်
တော်လှန်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် အကောင်အထည်ဖော်ရန်နှင့် စစ်တပ် ကျူးလွန်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို
၂၀၂၃ခုနှစ် သင်္ကြန်သံချပ်အဖွဲ့ဝင်များက ထောက်ပြပြောဆိုကြသည်။

အာဏာရှင်တွေ ကြောက်တဲ့ သံချပ်

အာဏာရှင် အဆက်ဆက်က သင်္ကြန်ကာလများတွင် သံချပ်ထိုးခြင်း အလေ့အထကို ဖျောက်ဖျက်ရန် ကြံစည်ကြသည်။
သင်္ကြန်သည် နှစ်ဟောင်းက အညစ်အကြေးများကို နှစ်သစ်မပါအောင် ဆေးကြောသည်ဟုဆိုနိုင်သည်။

သံချပ်များသည်လည်း နှစ်ဟောင်းက နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေး လူနေမှုဘဝ အလွှာမျိုးစုံက မှားယွင်းမှုများကို
နှစ်သစ်မှာ ထပ်မံ မဖြစ်အောင် သံချပ်စာသားများဖြင့် တောင်းဆိုသံများလည်းဖြစ်သည်။

သံချပ်ထိုးသံများကို နားဆင်သူများ အတွက် ရယ်စရာများဖြစ်နိုင်သော်လည်း ထောက်ပြခံရသူများအတွက်တော့ အရှိုက်ကိုထိစေသည်။

ထို့ကြောင့် ခေတ်အဆက်ဆက်က အာဏာရှင်များသည် သံချပ်ထိုးမှုကို ကြောက်ရွံကြသည်။

သံချပ်စာသားများကို တင်းကျပ်ခြင်း၊ သံချပ်ပြုလုပ်သည့် ခေါင်းဆောင်များကို ဖမ်းဆီးခြင်း ပြင် သံချပ်ထိုးသည့် အလေ့အထကိုပါ
ပိတ်ပင်ခဲ့ကြသည်။

“နိုင်ငံတော်အာဏာကို ကိုင်တွယ်ထားသူတွေရဲ့ လုပ်ဆောင်ချက်တွေအပေါ် အားနည်းချက်တွေ၊ လိုအပ်ချက်တွေကို တိတိကျကျ ထောက်ပြဝေဖန်တာ ဖြစ်တယ်။ ကာယကံရှင်တွေကတော့ ကိုယ်ဘာလုပ်နေလဲဆိုတာကို ကိုယ်တိုင်ထက် ဘေးလူတွေကတော့ မြင်တာပေါ့နော် ၊ ခေတ်အဆက်ဆက် အစိုးရတွေရဲ့ ပြည်သူလူထု အပေါ်မှာရော အဖွဲ့အစည်းတွေအပေါ်မှာရော သူတို့ရဲ့ လျစ်လျူရှုမှုတွေ လိုအပ်ချက်တွေ ၊ မပြည့်စုံမှုတွေကို ထောက်ပြမှုအပေါ်မှာ သူတို့ကတော့ မကြိုက်ကြဘူးပေါ့နော်”ဟု ဒို့လုပ်သား သံချပ်အဖွဲ့ ခေါင်းဆောင် မမိုးက ပြောသည်။

၁၉၈၈ ခုနှစ်ကနေ စစ်တပ်အာဏာသိမ်းခြင်းခံထားရသည့် အချိန်ကာလများမှ ၂၀၁၂ခုနှစ် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ သမ္မတ ဦးသိန်းစိန်လက်ထက်ရောက်မှသာ သင်္ကြန်ဖျော်ဖြေရေးမဏ္ဏပ်များတွင် သံချပ်အဖွဲ့များ သံချပ်ထိုးခွင့်ပြန်လည်ခွင့်ပြုခဲ့သည်။

ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ ၂၀၁၂ခုနှစ်မှ ၂၀၂၁ခုနှစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာမသိမ်းခင် အချိန်ထိ သံချပ်များ ဖျော်ဖြေမှုပြန်လည်ခေတ်စားလာခဲ့သည်။

လူငယ်များ ကျောင်းသားကျောင်သူများ အပြင် အလွှာအသီးသီးက အတတ်ပညာရှင်များသည် သံချပ်အဖွဲ့များ တည်ထောင်ပြီး မြိုင်မြိုင်ဆိုင်ဆိုင် သံချပ်ထိုးခဲ့ကြသည်။

ယင်းနှစ်ကာလများတွင် ပြည်သူလူထုကလည်း သံချပ်ထိုးခြင်းကို စိတ်ပါဝင်စားကြပြီး ဖျော်ဖြေရေးမဏ္ဏပ်များနှင့် ပြိုင်ပွဲများတွင် လိုက်လံ အားပေးခဲ့ကြသည်။
သို့သော်လည်း သံချပ်အဖွဲ့များ သံချပ်စာသားများကို ဆင်ဆာတင်ပြီးမှသာ ဖျော်ဖြေခွင့်ရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်တွင်သံချပ်အဖွဲ့များ ပိုမိုများပြားလားပြီး ဆင်ဆာ မတင်သည့် သံချပ်အဖွဲ့များသည်လည်း ဖျော်ဖြေခဲ့ကြသည်။
သံချပ်အဖွဲ့များ ပိတ်ပင်ခံရမှုများ ဖြစ်စဥ်များလည်းရှိခဲ့သည်။

၂၀၁၉ခုနှစ် သင်္ကြန်ကာလအတွင်း ဒေါင်းဒို့မျိုးဆက် သံချပ်အဖွဲ့ ခေါင်းဆောင်အပါအဝင် အဖွဲ့ဝင်များကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် ထောင်ဒဏ်အသီးသီးချမှတ်ခဲ့သည်။

“သံချပ်က အမှန်တရားကို ပြောတယ်။ ပြည်သူတွေဆီ တိုက်ရိုက် ရောက်တယ်။ အာဏာရှင်တွေရဲ့ အရှိုက်ကို တိုက်ရိုက်ထိတယ်ပေါ့နော်။ အဲဒီတော့ သံချပ်ကိုပိတ်ပင်တယ်၊ ငြင်းဆန်တယ်။ ဆင်ဆာတင်ပြီး သူတို့ပြောချင်တာ ဆိုရင်တော့ သံချပ်က အနှစ်သာရမရှိဘူးပေါ့ဗျာ။ ကျွန်တော်တို့ ပြည်သူ့ဆန္ဒပါပြီးတော့ လိုအပ်ချက်တွေကို ထောက်ပြတဲ့ သံချပ်တွေက အားကောင်းတယ်ပေါ့။ အာဏာရှင်တွေကတော့ အမှန်တရားကို အမြဲတမ်းကြောက်နေဦးမှာပဲ ၊ အမှန်တရားကို အမြဲတမ်းကြောက်နေဦးမှာပဲ ”ဟု ဒေါင်းတို့မျိုးဆက် အဖွဲ့ဝင်တစ်ဦးကဆိုသည်။

စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်သူများကို စစ်တပ်က အကြမ်းဖက်ဖြိုခွင် ဖမ်းဆီးခြင်း နှင့် သတ်ဖြတ်မှုများစွာကို ဆက်တိုက် ကျူးလွန်နေသည်မှာ
၂နှစ်ကျော်ကာလကို ရောက်ရှိနေပြီဖြစ်သည်။

စစ်တပ်လက်အောက်တွင် လူ့အခွင့်အရေး ဆုံးရှုံးမှုများ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုများ ကို ပျောက်ဆုံးနေသည်။

ယင်းကဲ့သို့ လူ့အခွင့်အရေးများ ချိုးဖောက်ကျူးလွန်ထားသည့် အမှန်တရားကို ထုတ်ဖော်ပြောဆိုလေ့ရှိသည့် သံချပ်ထိုးခြင်း အလေ့အထကို ပိတ်ပင်ခဲ့သည်မှာလည်း ၂နှစ်ရှိပြီဖြစ်သည်။

ယခုနှစ် ၂၀၂၃ သင်္ကြန်ကာလများတွင် စစ်တပ်က သံချပ်ထိုးခွင့် သံချပ်အဖွဲ့များထွက်ခွင့်ကို ပိတ်ပင်ကြောင်း ကြေညာထားသည်။

စစ်တပ်စီစဥ်နေသည့် သရုပ်ပြသင်္ကြန်

အာဏာသိမ်းစစ်တပ်က သူတို့ နိုင်ငံတော်အာဏာကို အပြည့်အဝရရှိနေပြီး နိုင်ငံတော် အေးချမ်းနေသည်ဟု ထင်ယောင်ထင်မှား ဖြစ်အောင်
မြို့ကြီးများတွင် ပွဲလမ်းသဘင်များ ပြုလုပ်ရန် ငွေကုန်ကြေးကျ ခံပြီး သရုပ်ပြလေ့ရှိသည်။

ပြီးခဲ့သည့် နှစ်ကလည်း မအောင်မြင်ခဲ့သည့် သရုပ်ပြ သင်္ကြန်ကို ဒီနှစ်တွင် အောင်မြင်အောင် နည်းမျိုးစုံဖြင့် ကြိုးပမ်းလာသည်။

“စစ်တပ်ကတော့ နိုင်ငံရေးကလွဲရင် ကျန်တာအကုန်လုပ်ပေါ့နော်။ ပြည်သူတွေ မျက်စိဖွင့်၊ နားဖွင့်မဖြစ်သွားအောင် လုပ်ချင်နေတာ
စစ်ရေးဘက်မှာဆိုရင်လည်း သူတို့တွေ လွှမ်းမိုးထားတဲ့ ပုံစံမျိုးကို ပြည်သူကို ဝါဒဖြန့်ချင်တာပေါ့နော်။ ဒါကြောင့်မို့
ဘုရားပွဲတွေ၊ ဒီလို သင်္ကြနါပွဲတွေမှာ ဝါဒဖြန့်လိုက် ကြံဖန်ပြီးလုပ်နေကြတာပဲ”ဟု ရန်ကုန်မြို့နေ ထိုင်သူတစ်ဦးကဆိုသည်။

စစ်တပ်လက်အောက်ခံ ဌာနဆိုင်ရာမဏ္ဏပ်များထိုးပြီး ဝန်ထမ်းများကို အတင်းအကြပ်ဖိအားပေး လာကြရန်လည်း အဓမ္မနည်းများဖြင့်
စည်းရုံးနေသည်။

မြို့ကြီးများရှိ လူစည်းကားရာနေရာများတွင် ရေကစား မဏ္ဏပ်များ တည်ဆောင်နေပြီး နိုင်ငံတကာ DJ သမားများကို ငှားရမ်းကာ
လူငယ်များအကြား ခေတ်စားသည့် EDM festival များ စီစဥ်ထားသည်။

စီးပွားဖြစ်ရေကစား မဏ္ဏပ်များ ၊စတုဓီတာ များ၊ ဌာနဆိုင်ရာ ရေကစား မဏ္ဏပ်များထိုးပြီး အနုပညာရှင်များကို အတင်းအကျပ်ခေါ်ကာ ဖျော်ဖြေခိုင်းသည်။

လူထု စိတ်ပါသည် ဖြစ်စေ စိတ်မပါသည်ဖြစ်စေ စစ်တပ်က ငွေကုန်ကြေးကျခံပြီး သရုပ်ပြရန်စီစဥ်နေခြင်းဖြစ်သည်။

“တိုင်းပြည်က အေးချမ်းနေပါပြီ ငြိမ်းချမ်းနေပါပြီ နိုင်ငံတကာကိုပြမယ်။ စစ်တပ်လက်အောက်ခံ မီဒီယာတွေမှာ ဖော်ပြမယ်။ အဆင်ပြေနေပြီ ပေါ့ဗျာ။ အဲဒီလိုပြရုပ်တွေကို ပြချင်လို့ စစ်တပ်က သင်္ကြန် အစီအစဉ်တွေကို လုပ်တယ်လို့မြင်တယ်”ဟု ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် တစ်ဦးကဆိုသည်။

တော်လှန်သင်္ကြန် ဆော်သြသံ

စစ်ကောင်စီ သရုပ်ပြ ကျင်းပသည့် သင်္ကြန်ပွဲတော်ကို ပြည်သူလူထုအနေဖြင့် သွားရောက် မပူးပေါင်းရန် ဒီမိုကရေစီအရေးလှုပ်ရှားသူများက
မေတ္တာရပ်ခံထားသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် လူပေါင်းများစွာ သတ်ဖြတ်ခံခဲ့ရပြီး အကျဥ်းထောင်အသီးသီးတွင်လည်း ဒီမိုကရေစီအရေးလှုပ်ရှားသူများကို
ပုဒ်မများစွာဖြင့် တရားစွဲဆိုပြီး ဖမ်းဆီးထိန်းသိမ်းထာသည်။

ထို့အပြင် စစ်တပ်က ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ချင်း၊ ၊စစ်ကိုင်း၊ မကွေးတိုင်း စသည့် တော်လှန်ရေးတပ်ဖွဲ့များအားကောင်း
သည့်နေရာများကို လေကြောင်းတိုက်ခိုက်မှုများ၊ စစ်ကြောင်းထိုး တိုက်ခိုက်မှုများ နေ့စဥ်ပြုလုပ်နေသည်။

ယင်းကဲ့သို့ စစ်ကြောင်းထိုးမှုများကြောင့် ဒေသခံ သိန်းနှင့်ချီ စစ်ဘေးရှောင်နေရပြီး မီးရှို့ဖျက်ဆီးမှု့များကြောင့် ဒေသခံပြည်သူပိုင်
အိုးအိမ် ပျက်စီးမှုများလည်း အများအပြားရှိနေသည်။

“ ပျော်ရွှင်စရာသင်္ကြန်မဟုတ်ဘူး။ ခေတ်ကောင်းရင်တော့ပျော်ပေါ့နော်။ အတူတူပျော်ကြမယ်ဗျာ၊ အခုချိန်မှာကျတော့ ပြည်သူတွေအားလုံးက
တော်လှန်ရေးကိုပဲ အားစိုက်ပေးစေချင်တယ်။ စားလည်းတော်လှန်ရေး၊ သွားလည်းတော်လှန်ရေး ပေါ့ဗျာ။ ကိုယ်နိုင်ရာ ဝန်ထမ်းပြီးတော့
တိုက်ရင်အတူတိုက်မယ်ဗျာ။ သေရင်အတူသေမယ်ဗျာ၊ တော်လှန်ရေးကို အားလုံးအားထုတ်ပြီးတော့ ဆက်လုပ်စေချင်တယ်”ဟု
တမာမိုးသံချပ်အဖွဲ့ ဝင် ကို နိုင်ခွန်းအားကဆိုသည်။

နိုင်ငံတဝှမ်းက တော်လှန်ရေးအင်အားစုတွေကလည်း မြို့ပေါ်များတွင် ကွက်ကြားမိုး ပြုလုပ်သည့် စစ်တပ်သင်္ကြန်ကို တော်လှန်ရန် “တော်လှန်သင်္ကြန်”ပြုလုပ်ရန် ဆန္ဒဖော်ထုတ်နေကြသည်။

''ဖက်ဆစ်တန်ခူး တို့မမြူး'' ၊ ''ပျော်ရန်သင်္ကြန်မဟုတ်၊တော်လှန်သင်္ကြန်”၊ ''သင်္ကြန်ရေနဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ သွေးများစွာကို မဆေးကြောကြရန်၊ ပျော်စရာသင်္ကြန်မဟုတ်တဲ့ တော်လှန်သင်္ကြန် ‘’၊ တိုင်းရင်းသားတွေရဲ့ မျက်ရည်တွေနဲ့ သင်္ကြန်မဆင်နွှဲနဲ့ ဆိုသည့် စာသားပါ ပိုစတာများကို မြို့ပြပျောက်ကြားသပိတ်ဆောင်ရွက်နေသည့် ကျောင်းသားလူငယ်များက ချိတ်ဆွဲ အသိပေးခဲ့ကြသည်။

သင်္ကြန်ကာလအတွင်း စစ်တပ် ပြုလုပ်နေသည့် ဖျော်ဖြေပွဲများကို ပြည်သူများ မသွားရန် ရန်ကုန်ပျောက်ကြား တပ်ဖွဲ့များက အသီးသီးထုတ်ပြန်ထားသည်။

“ ကျွန်မတို့ ပြည်သူလူထုအကုန်လုံးကို စစ်အာဏာရှင်က လက်နက်အားကိုး အာဏာအားကိုးနဲ့ ပြည်သူတွေကို နေ့စဥဉ်နဲ့အမျှတစ်ဦးချင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်တာတွေ၊ ရွာတွေမီးရှို့တာတွေ နေ့စဉ်ကြုံနေရတဲ့နိုင်ငံမှာ သင်္ကြန်ဆိုတာ လုံးဝပျော်ဖို့မသင့်တဲ့
သင်္ကြန်ဖြစ်တယ်”ဟု ဒို့လုပ်သား သံချပ်အဖွဲ့ခေါင်းဆောင် မမိုးကဆိုသည်။

သင်္ကြန် မကျမီ ရက်ပိုင်းအလို ဧပြီလ ၁၁ရက်နေ့ မနက်ပိုင်းက စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီးပင်ကျေးရွာတွင် ကလေးသူငယ်များ အပါအဝင် ဒေသခံများ စုရုန်းနေသည့် ပြည်သူ့လုံခြုံရေးအဖွဲ့ ရုံးခန်းဖွင့်ပွဲ နေရာကို စစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည်။

ယင်းတိုက်ခိုက်မှု ဖြစ်စဥ်ကြောင့် ကျောင်းသားကျောင်းသူ ၃၀ကျော်အပါဝင် ဒေသခံ ၁၀၀ ကျော် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည်။

07/04/2024

Summer Mood !!🥵

420
26/03/2024

420

26/02/2024

နွေဦးမှတ်တမ်း-(မနိုဘယ်အေး)

ခေတ်ကြီးကပေးတဲ့ တာဝန်ကျေခဲ့ပြီမို့
ငြိမ်းချမ်းပါစေ မနိုဘယ်အေး.....

K&A PreWedding Kiss Me Quick 📸EuntMawOo
14/01/2024

K&A PreWedding
Kiss Me Quick
📸EuntMawOo

04/01/2024

Cooking 🧑‍🍳


04/01/2024

Coffee 📸


04/01/2024

Mini Stream Sound

04/01/2024

Something is coming 📸

22/12/2023

2023 DVB Short Doc Contest People’s Choice Award Winner ဆုကို “The WatchDog “က ရရှိသွားပါတယ်

Director And DOP - EuntMawOo
Cinematographer - Kaung Myat
Editor And Colorist - Kaung Wai Yan
Crew - Htet Wai And Maung Thar Lay
we are keep going

Pictures of the Year Asia(POY Asia) is pleased to announce our 2024 competition.POY Asia 2024 will accept submissions vi...
18/12/2023

Pictures of the Year Asia(POY Asia) is pleased to announce our 2024 competition.

POY Asia 2024 will accept submissions via Picter from Jan 15 to Feb 19, 2024. The ‘live’ online judging will be held April 5 – 7, 2024 and live-streamed on Facebook.

Modelled after the prestigious Pictures of the Year International (POYi), POY Asia was created in 2020 by and for photographers from Asia.

POY Asia is an official member of POYi, a program of the Reynolds Journalism Institute at the Missouri School of Journalism in Columbia, Missouri. The POY family also includes College Photographer of the Year and POY Latin America.

The 12 categories for POY Asia 2024 are:

1. Spot News
2. Portraits
3. Nature & Environment
4. Recreational & Traditional Sports
5. Sports Action
6. General News
7. Daily Life
8. Daily Life Picture Story
9. Portrait Series
10. Issue Reporting Picture Story
11. Cultural Practices
12. Photographer of the Year, Asia

To serve the community even better, we have also tweaked some of the rules in this year’s competition.

The premier category in this competition is still the Photographer of the Year, Asia award.

As per our last three competitions, we have a panel of 10 esteemed judges from the region. The judges for POY Asia 2024 are from Pakistan, Turkey, Thailand, Indonesia, Malaysia/UK, Hong Kong, Iran, India, Singapore/Cambodia and Japan. We will introduce them one by one from mid-January.

Picture Credit:

Elham Abbasloo
Finalist / Portraits / POY Asia 2023
Independent
Iran

https://poy.asia

Well Done “ The Watchdog “Team 🎉"ဒီခေတ်ကြီးထဲမှာ အဖမ်းခံရရင် မလွယ်ဘူးလေ။ အသက်အန္တရာယ်လည်း စိုးရိမ်ရတဲ့အနေအထားတခု ရှိတယ်။...
14/11/2023

Well Done “ The Watchdog “Team 🎉

"ဒီခေတ်ကြီးထဲမှာ အဖမ်းခံရရင် မလွယ်ဘူးလေ။ အသက်အန္တရာယ်လည်း စိုးရိမ်ရတဲ့အနေအထားတခု ရှိတယ်။ သူတို့ အန္တရာယ်ကင်းအောင် ကျနော်တို့ လှမ်းပြီး အသိပေးရတာပေါ့။"

စစ်တပ်လော်ဘီချန်နယ်တွေကို စောင့်ကြည့်ပြီး ဖမ်းဆီးဖို့ လှုံ့ဆော်ခံရတဲ့သူတွေကို ဆက်သွယ်ကာ လွတ်မြောက်သွားအောင် ကူညီပေးနေကြတဲ့ အဖွဲ့အကြောင်း ရိုက်ကူးထားတဲ့ "The Watchdog" ၂၀၂၃ ခုနှစ် ဒီဗွီဘီရုပ်သံမှတ်တမ်းပြိုင်ပွဲဝင် ဇာတ်ကား DVB မှာ ကြည့်ရှုနိုင်ပြီ။



Link : https://youtu.be/3Koi2m_iVYw?si=1SViKqAoln9fTMvz

ที่อยู่

Mae Sot

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ E.M.O - The Clickerผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง E.M.O - The Clicker:

วิดีโอทั้งหมด

แชร์