20/09/2023
Jupiter Retrograde ( Sept4, 2023 မှ Dec 30,2023 ထိ)
Jupiter Retrograde က Sun sign (သို့) Rising Sign အရ ရာသီခွင်တွေအပေါ် ဘယ်လိုသက်ေရောက် မှုရှိနိုင်မလဲ?
Aries ♈♈♈♈♈
စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပြီး အသက် ဝဝပြန်ရှု ရမယ့်ကာလပါ။ အရာရာကို စိတ်လိုက် မာန်ပါမလုပ်သင့်ပါဘူး ။ လုပ်လက်စ အလုပ်တွေ၊တာဝန်တွေ မပြီးမြောက်ပဲ တိုးလိုးတန်းလန်းဖြစ်နေတတ်ပါတယ်။
Ta**us ♉♉♉♉♉
မလိုအပ်တာတွေမဝယ်မိအောင်ဆင်ခြင်သင့်ပါတယ်။ Jupiter Retrograde က Ta**us တွေရဲ့ ငွေကြေးပိုင်းကို စမ်းသပ်မယ့်ကာလပါပဲ။
Gemini ♊♊♊♊♊
စကားပြောဆိုဆက်သွယ်ရတဲ့ ကိစ္စတွေမှာ ပွင့်ပွင့်လင်းလင်းရှိရမယ့်ကာလပါ။ Jupiter Retrograde အတွင်း Gemini လေးတွေ စိတ်အပြောင်းအလဲ ပိုများလာတာမျိုး ၊အသစ်အဆန်းတွေကို သင်ယူလေ့လာချင်စိတ် ထက်သန်နေတာမျိုးရှိပါတယ်။
Cancer ♋♋♋♋♋
Cancerလေးတွေ ကိုယ့်နှလုံးသားထဲက စစ်မှန်တဲ့အသံကို နားထောင်ဖို့လိုပါတယ်။ ဒီကာလအတွင်း စိတ်ပိုင်းဆိုင်ရာ ပိုထိရှလွယ်တာ၊ ဆတ်ဆတ်ထိမခံတာဖြစ်နေတတ်ပါတယ်။ ကိုယ့်ကိုကိုယ် အမြဲသတိကပ်ပြီး ဆင်ခြင်သုံးသပ်နေရမယ့် ကာလပါ။
Leo ♌♌♌♌♌
Leo တွေရဲ့ လူမှုဆက်ဆံရေးပိုင်းမှာ နည်းနည်းရှုပ်ထွေးနေရတတ်ပါတယ်။ လောဘမကြီးပဲ ကိုယ့်မှာရှိတဲ့ အရာတွေအပေါ်ကို အကောင်းမြင်ပေးဖို့၊ ကျေးဇူးတင်ပေးဖို့ လိုအပ်တဲ့ကာလပါ။ တခြားသူတွေအပေါ်လည်း သည်းခံပေးဖို့လိုပါတယ်။
Virgo ♍♍♍♍♍
အလုပ်ကြိုးစားသလို ကိုယ်ပိုင်ပျော်ရွှင်မှုလေးတွေအတွက်လည်း အချိန်ပေးသင့်ပါတယ်။ Jupiter Retrograde အတွင်း Virgo လေးတွေရဲ့ အလုပ်အပေါ်၊ careerအပေါ်ထားတဲ့ အတွေးအမြင်သဘောထားတွေကို ပြောင်းလဲပြင်ဆင်ထားဖို့လိုပါတယ်။ ဆုံးဖြတ်ချက်ပြတ်သားပါ။ ရည်မှန်းချက်ကြီးကြီးထားပါ။ အရင်ကထက်ပိုပြီး လက်တွေ့ကျပါလို့ အကြံပေးချင်ပါတယ်နော။
Libra ♎♎♎♎♎
Libra တွေ ဒီကာလမှာ အသစ်အဆန်းတစ်ခုခု လုပ်ချင်တတ်ပါတယ်။အရင်ကထက်ပိုပြီးတော့ လေ့လာသင်ယူစိတ်ထက်သန်ဖို့၊ စွန့်စားလုပ်ဆောင်ချင်စိတ်ရှိဖို့လိုပါတယ်။ ဘယ်အရာမဆို သတိလက်လွတ်မလုပ်မိဖို့နဲ့ တာဝန်ကျေဖို့ လိုအပ်တဲ့ကာလပါ။
Scorpio ♏♏♏♏♏
Jupiter Retrograde အတွင်း scor တွေ အပြောင်းအလဲဖြစ်မယ့်ကာလပါ။ တစ်စုံတစ်ခုက ကင်းမြီးကောက်လေးတွေကို ပြောင်းလဲသွားစေပါလိမ့်မယ်။ ရင်ဘတ်ထဲက ခံစားချက်အစစ်အမှန်တွေနဲ့ အချိတ်အဆက်ပြန်မိလာမယ့်ကာလပါ။ ကိုယ့် ခံစားချက်တွေကို ကိုယ်တိုင် လေးစားပေးပြီး ကိုယ့်ကိုကိုယ်ခွန်အားပြန်ပေး ဖို့အကြံပြုပါတယ်နော။
Sagittarius ♐♐♐♐♐
Sagi တွေ relationship မှာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဆုံးဖြတ်ချက်ချရခက်ခဲရတတ်ပါတယ်။လက်တွဲဖော်ကြောင့် surprise ဖြစ်ရတာမျိုးတွေရှိနိုင်ပါတယ်။
Capricorn ♑♑♑♑♑
Capri 🐐လေးတွေ စိတ်ကျန်းမာရေးရော ကိုယ်ကျန်းမာရေးပါ ဂရုစိုက်ဖို့လိုပါတယ်။ Jupiter Retrograde အတွင်း ရုပ်ပိုင်းဆိုင်ရာ အရ ရော စိတ်ပိုင်းဆိုင်ရာအရပါ ပြသနာလေးတွေ ရှိတတ်ပါတယ်။
Aquarius ♒♒♒♒♒
Aqua 🏺တွေ အနုပညာပိုင်း၊ တီထွင်ဖန်တီးမှုပိုင်းနဲ့ပက်သက်ပြီး လုပ်ချင်တာတွေရှိရင်ရဲရဲသာလုပ်ပါနော။ ဒါပေမယ့် ကိုယ့်အဖွဲ့အစည်း၊အသင်းအဖွဲ့ တွေကို လျစ်လျူမရှုမိဖို့တော့ သတိထားသင့်ပါတယ်။
Pisces ♓♓♓♓♓
piscesလေးတွေ ကိုယ့်ရဲ့ မိသားစု၊အသိုက်အမြုံ၊ ကိုယ့်အပေါ် နွေးထွေးမှုပေနိုင်တဲ့ရပ်ဝန်းတွေအပေါ် ဂရုမစိုက် ပစ်ထားမိတာတွေရှိရင် ပြန် ပြီးတော့ ဂရုစိုက်ပေးအလေးထားပေးသင့်ပါတယ်။ အတိတ်က အမှတ်တရတွေရှိရင် အဲဒီအရာတွေထဲကနေ ပြန်ရုန်းထွက်လာနိုင်မယ့်ကာလပါ။