01/10/2024
#ထိုင်းတွင်SchoolBusတစ်စီးမီးလောင်ခဲ့ရာကလေးများနဲ့ဆရာမများအသက်ဆုံးရှုံး
ယနေ့ အောက်တိုဘာ ၁ ရက်နေ့ နေ့လည် ၁၂ နာရီခွဲဝန်းကျင်ခန့်က Pathum Thani ပြည်နယ်ရှိ Khukot ရဲစခန်း၏ အုပ်ချုပ်နယ်မြေ၊ Zeer Rangsit Mall ရှေ့မှာ ကျောင်းကား School Bus တစ်စီး အရှိန်အဟုန်ပြင်းတဲ့မီးလောင်မှု ဖြစ်ပွါးခဲ့ပါတယ်။
အဆိုပါကျောင်းကားပေါ်မှာ Primary (KG) ကျောင်းသား/ သူ (၃၈) ဦးနှင့် ဆရာ/ဆရာမ (၆) ဦး စုစုပေါင်း ၄၄ ဦးတို့ စီနင်းလိုက်ပါလာပြီး Uthai Thani ပြည်နယ်မှ အယုဒ္ဓယ မြို့ဟောင်းသို့ ကျောင်းလေ့လာရေးလေ့လာရေးခရီးထွက်လာခဲ့တာဖြစ်ပါတယ်။ အခင်းဖြစ်ပွားတဲ့အချိန်မှာတော့ Nonthaburi ခရိုင်မှာရှိတဲ့ ထိုင်းနိုင်ငံ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး ရုံးသို့ သွားရောက်နေတဲ့ လမ်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အခင်းဖြစ်ပွားမှုကို မျက်မြင်တွေ့ခဲ့ရသူကတော့ "ကျောင်းကား (၃) စီးလုံးက သူ့ကားဘေးမှာ ဖြတ်သွားနေရင်း တစ်စီးရဲ့ ခေါင်မိုးကနေ မီးခိုးတွေ ထွက်လာခဲ့တာမြင်ရလို့ ကားကိုရပ်ပြီး သူ့ကားပေါ်က မီးသတ်ဆေးဗူးကို ရှာနေခဲ့ကြောင်း၊ အဲ့နောက်လမ်းမှာ ဖြတ်သွားတဲ့ ဘတ်စ်စကား ကို တားပြီး မီးသတ်ဆေးဘူးကိုတောင်းခဲ့ကြောင်း၊ အနားမှာရှိတဲ့ သူအားလုံးဟာ ကလေးတွေကို ကယ်ဖို့ အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် မီးလောင်ကျွမ်းမှုက အရမ်းပြင်းတာကြောင့် ကယ်လို့မရခဲ့ဘူးလို့" ဆိုပါတယ်။
နောက်ဆုံးသူမြင်လိုက်ရတာကတော့ "ကလေး (၂)ဉီးနဲ့ ဆရာတစ်ဉီးဟာ မီးတောက်တွေနဲ့ ပြေးထွက်လာကြောင်း ဒီအတွက် စိတ်နှလုံးကြေကွဲရကြောင်း" ထပ်မံပြောပြခဲ့ပါတယ်။
ထိုင်း၀န်ကြီးချုပ် Paetongtarn Shinawatra ဟာ လူကြီး အကူအညီမပါဘဲ ရပ်တည်လို့မရတဲ့ ကလေးငယ်တွေ ခုလို ဖြစ်ရတာကြောင့် စိတ်နှလုံး ကွဲကြေရကြောင်း၊ အစိုးရမှ ကုသမှုစရိတ်အပြင် ကျန်ရစ်သူ မိသားစုအတွက် ငွေကြေးနစ်နာကြေးပေးအပ်သွားမည်ဖြစ်ကြောင်း X မှာ တရား၀င်ပို့စ်တင်ခဲ့ပါတယ်။
အဆိုပါကျောင်းကားဟာ Isuzu Truck ကို ဘော်ဒီပြောင်းထားပြီး Mercedes-Benz လိုဂို တပ်ထားတဲ့ကားဖြစ်ပြီး ကားအာမခံ တစ်ယောက်ကို ဘတ် ၅ သိန်း ထားရှိထားတယ်လို့သိရပါတယ်
နောက်ဆုံး သတင်းအရ ကလေး (၂၂) ဦး နဲ့ ဆရာ/ ဆရာမ (၃)ဦး အသက် ဆုံးရှုံးခဲ့ရပြီး (၁၉) ဦး ဒဏ်ရာရရှိခဲ့ကာ ကားမောင်းသမားကတော့ ဖုန်းပိတ်ပြီး ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရပါတယ်။
+ #ထိုင်းသတင်း
Ref: Khaosod English
Photo: Khaosod English