Mobile Guide Journal

Mobile Guide Journal Whatever you want to know about mobile phones, Mobile Guide Journal is just around you.

သူပြောသမျှတွေ သတင်းပေါက်ကြားနေလို့ နှုတ်ပိတ်နေရမလို ဖြစ်နေတဲ့ ဇူကာဘတ် ဇူကာဘတ်ဆိုတာ မြန်မာပြည်က ဖေ့ဘုတ် သုံးသူအများစုရဲ့ ...
02/02/2025

သူပြောသမျှတွေ သတင်းပေါက်ကြားနေလို့ နှုတ်ပိတ်နေရမလို ဖြစ်နေတဲ့ ဇူကာဘတ်

ဇူကာဘတ်ဆိုတာ မြန်မာပြည်က ဖေ့ဘုတ် သုံးသူအများစုရဲ့ အချစ်တော်ပါ။ အခုတော့ သူ့ခမျာ ဝဋ်လည်သလို ဖြစ်နေရပါတယ်။ ဖေ့ဘုတ်သုံးသူတွေ တစ်ခုခုကို စိတ်ဝင်စားလို့ ကြည့်မိရင် , စာရိုက်မိရင် (စကားပြောမိရင်) အဲဒီ အကြောင်းအရာ နဲ့ ပတ်သက်တာတွေ မိမိရဲ့ စာမျက်နှာမှာ မကြာခဏ ပေါ်လာတော့တာပါပဲ။ ဒါကြောင့် ဇူကာဘတ် ကုမ္ပဏီရဲ့ စောင့်ကြည့်မှုစကေးကို တချို့တွေ မေတ္တာ ပို့ကြပါတယ်။ အခုတော့ ဇူကာဘတ်ရဲ့ စကားတွေသတင်းတွေကို ပေါက်ကြားအောင် လုပ်နေသူတွေ လုပ်ငန်းရဲ့ အတွင်းစည်းထဲမှာ ရှိနေပါပြီ။ သူပြောသမျှတွေ ပေါက်ကြားနေတယ်လို့ ရေရွတ်မိတဲ့ စကားက အစ အခု အပြင်ဘက်ကို သတင်းအဖြစ်ပေါက်ကြားလာတာဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ လုပ်ငန်းသစ်များအရေး ဆွေးနွေးတာနှင့် ဖော်ဆောင်တာတို့အတွက် အခက်အခဲကြုံနေရပါပြီ။ Meta ရဲ့ သတင်းအချက်အလက်လုံခြုံရေးအရာရှိချုပ်ကလျှို့ဝှက်သတင်းအချက်အလက်များ ပေါက်ကြားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းတွေအနေနဲ့ ပြင်းထန်စွာ အရေးယူခံရမယ်လို့ သတိပေးထားပါပြီ။ ဇူကာဘတ်က “ပွင့်ပွင့်လင်းလင်း ပြောချင်ဆိုချင်ပေမယ့်အခုတော့ အဲ ဒီအတွက် ကြိုးစားနေရပါတယ်။ပြောဖို့ဆိုဖို့ အရေးတောင် ဖျက်ဆီးခံနေရတာတွေ ရှိနေတယ်။ ဒါကြောင့် နောက်ပိုင်း ကုမ္ပဏီရဲ့ လမ်းကြောင်းသစ်တွေအကြောင်း၊ တီထွင်ကြံဆမှုတွေအကြောင်း ကို ကျွန်တော်တော့ နှုတ်ပိတ်နေရတော့မယ်”လို့ ညည်းတွားထားပါတယ်။

ထရန့်ကြောင့် Google Maps မှာ နာမည် နှစ်မျိုး ဖြစ်သွားတဲ့ ပင်လယ်ကွေ့ သမ္မတ ထရန့်က မက္ကဆီကို ပင်လယ်ကွေ့ကို အမေရိကန် ပင်လယ်...
01/02/2025

ထရန့်ကြောင့် Google Maps မှာ နာမည် နှစ်မျိုး ဖြစ်သွားတဲ့ ပင်လယ်ကွေ့

သမ္မတ ထရန့်က မက္ကဆီကို ပင်လယ်ကွေ့ကို အမေရိကန် ပင်လယ်ကွေ့ အဖြစ်အမည်ပြောင်းလိုက်တာကြောင့် Google မြေပုံမှာ မက္ကဆီကို ပင်လယ်ကွေ့ ကို အမေရိကန် ပင်လယ်ကွေ့အဖြစ်အမည်ပြောင်းလိုက်ပါပြီ။ ဒီလို နာမည်ပြောင်းတာက အမေရိကန်နိုင်ငံက အသုံးပြုသူတွေအတွက် အမေရိကန်ပင်လယ်ကွေ့လို့ မြင်ရမှာဖြစ်ပြီး မက္ကဆီကိုနိုင်ငံက အသုံးပြုသူတွေအတွက် မက္ကဆီကို ပင်လယ်ကွေ့လို့ မြင်ရမှာပါ။နာမည်ပြောင်းတဲ့ ကိစ္စကို စဉ်းစားပေးဖို့အတွက်လည်း Google ကို မက္ကဆီကို သမ္မတ ကစာရေးတောင်းဆိုထားတာရှိပါတယ်။ လောင်စာစွမ်းအင် ထုတ်လုပ်တဲ့ Chevron ကတော့ အမေရိကန်ပင်လယ်ကွေ့လို့စတင် နာမည်ပြောင်း သုံးစွဲနေပြီဖြစ်ပါတယ်။

ကျပ် သိန်း ၅၀၀ ကျော်တန် iPhone 16 Pro seriesCaviar ကနေ ရောင်းချမယ့် အဆိုပါ တန်ဖိုးကြီး iPhone 16 Pro series ဟာ ဒေါ်လာ 11...
31/01/2025

ကျပ် သိန်း ၅၀၀ ကျော်တန် iPhone 16 Pro series

Caviar ကနေ ရောင်းချမယ့် အဆိုပါ တန်ဖိုးကြီး iPhone 16 Pro series ဟာ ဒေါ်လာ 11000 ကျော်တန်ကြေးရှိပါမယ်။ Bitcoin ဒီဇိုင်းကို ဖုန်းကျောဘက်မှာ မြင်ရမှာ ဖြစ်ကာ ရွှေ 24k လည်း အုပ်မိုးထားပါမယ်။ အမေရိကန်ရဲ့ ၄၇ ယောက်မြောက်သမ္မတ ထရန့် ကို ဂုဏ်ပြုတဲ့ အနေနဲ့ ဖုန်း ၄၇ လုံးပဲ ရောင်းချမှာ ဖြစ်ပါတယ်။ ထရန့်ကို အားပေးတဲ့အမာခံ ပရိသတ်တွေကို ပစ်မှတ်ထားရောင်းချတဲ့ အနေအထားမျိုးလည်း ဖြစ်ပါတယ်။

ထရမ့် အကောင့်များကို ပိတ်ခဲ့တဲ့ ဇူကာဘတ် ကုမ္ပဏီက အမှုကျေအေးငွေ ဒေါ်လာ ၂၅ သန်း ပေးရမယ် ၂၀၂၁ ခုနှစ် အမေရိကန်ကွန်ဂရက်အဆောက်...
30/01/2025

ထရမ့် အကောင့်များကို ပိတ်ခဲ့တဲ့ ဇူကာဘတ် ကုမ္ပဏီက အမှုကျေအေးငွေ ဒေါ်လာ ၂၅ သန်း ပေးရမယ်

၂၀၂၁ ခုနှစ် အမေရိကန်ကွန်ဂရက်အဆောက်အဦး မှာ ဆူပူသောင်းကျန်းမှုအပြီး Facebook နှင့် Instagram တို့က ထရမ့်ရဲ့ အကောင့်တွေကို ပိတ်ခဲ့ပါတယ်။ အဲဒီ ကိစ္စ နဲ့ ပတ်သက်ကာ အမှု ဖြစ်ခဲ့ပြီး အခုတော့ Meta ကုမ္ပဏီ နှင့်အမှု ကျေအေးဖို့ ဖြစ်လာကာအမှု ကျေအေးခြင်းသဘောတူညီမှုစာချုပ်အရMeta ကုမ္ပဏီက သမ္မတ ထရမ့်ကို ဒေါ်လာ ၂၅ သန်းခန့် ပေးရမှာ ဖြစ်ပါတယ်။ ဒေါ်လာ ၂၂ သန်းဝန်းကျင်ကတော့ ထရမ့်ရဲ့ သမ္မတစာကြည့်တိုက်အတွက် ရန်ပုံငွေဖြစ်လာဖွယ် ရှိပါတယ်။ကျန်တဲ့ ငွေတွေကတော့ အဆိုပါတရားစရိတ်ကုန်ကျမှုနဲ့ တခြား တရားစွဲတဲ့နေရာမှာ ကုန်ကျဖို့အတွက် ဖြစ်ပါတယ်။

Elon Musk ရဲ့ X Money ဒီနှစ်ထဲ သုံးနိုင်မယ်Elon Musk ရဲ့ X ဟာ အနောက်ကမ္ဘာမှာ အတော်အသုံးဝင်တဲ့ app တစ်ခုဖြစ်လာဖို့ရှိနေပါ...
29/01/2025

Elon Musk ရဲ့ X Money ဒီနှစ်ထဲ သုံးနိုင်မယ်

Elon Musk ရဲ့ X ဟာ အနောက်ကမ္ဘာမှာ အတော်အသုံးဝင်တဲ့ app တစ်ခုဖြစ်လာဖို့ရှိနေပါတယ်။ တ-ရုတ် က WeChat လိုမျိုး ဖြစ်လာဖို့ရှိနေတာပါ။ ငွေပေးချေမှုဆိုင်ရာ အတွက် X Money ကို ဒီနှစ်ထဲမှာ မိတ်ဆက်ပေးဖို့ရှိကာ Visa ဟာ X Money အကောင့်အတွက် ပထမဆုံး ပါတနာ ဖြစ်လာပါမယ်။ ဘဏ်အကောင့် , debit card တို့နဲ့ ချိတ်ဆက်ကာ X Money ကို သုံးလာနိုင်ပါမယ်။အမေရိကန် အတွက် X Money ဟာ နောက်ထပ် ငွေပေးချေမှု စနစ်တစ်မျိုး ဖြစ်လာပါတော့မယ်။

မြန်မာနိုင်ငံက အော်ပရေတာ လေးခုရဲ့သတင်းပူးတွဲထုတ်ပြန်ချက်  မြန်မာနိုင်ငံက အော်ပရေတာ လေးခုမှဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပည...
28/01/2025

မြန်မာနိုင်ငံက အော်ပရေတာ လေးခုရဲ့သတင်းပူးတွဲထုတ်ပြန်ချက်

မြန်မာနိုင်ငံက အော်ပရေတာ လေးခုမှ
ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာပေးမြှင့်တင်ခြင်းနှင့် ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှုများကို ကာကွယ်ရန် အကြံပြုချက်များကို ပူးတွဲထုတ်ပြန်လိုက်သည်။

သုံးစွဲသူများ၏ အွန်လိုင်းငွေကြေးဆိုင်ရာအကောင့်များ နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကို ကာကွယ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန် ဆိုက်ဘာလုံခြုံရေး အကြံပြုချက်များကို ထုတ်ပြန်ထားရာ အချို့ အချက်များကို ဖော်ပြပေးလိုက်ပါသည်။

- အဆင့်ဆင့်စစ်ဆေးသည့် စနစ် Multi-Factor Authentication (MFA) အသုံးပြုပါ - မိမိတို့၏ အကောင့်များကို ဟက်ကာများနှင့် ဆိုက်ဘာရာဇဝတ်မှုကျူးလွန်သူများက ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်း မှ ကာကွယ်နိုင်ရန် အဆင့်ဆင့်စစ်ဆေးသည့်စနစ် MFA ကို အသုံးပြုပါ။ MFA ဆိုသည်မှာ အကောင့် login ပြုလုပ်ပါက ကိုယ်ပိုင်စကားဝှက်အသုံးပြုခြင်းအပြင် သင့်ဖုန်း (သို့မဟုတ်) အီးမေးလ်တွင် တစ်ခါသုံး လျှို့ဝှက်ကုဒ်ကို လက်ခံရရှိစေရန် ဆောင်ရွက်ထားခြင်း (သို့မဟုတ်) သင့်လက်ဗွေကို Scan ဖတ်ရန် လိုအပ်ခြင်း (သို့မဟုတ်) လုံခြုံရေးဆိုင်ရာ မေးခွန်းများကို ဖြေဆိုရန်လိုအပ်ခြင်းတို့ဖြစ်ကြပါသည်။

- Phishing Scams များကို သတိပြုပါ - ဆိုက်ဘာချိုးဖောက်သူများသည် အီးမေးလ်များ၊ စာတိုပေးပို့ခြင်းများ သို့မဟုတ် ဆိုရှယ်မီဒီယာများမှ တစ်ဆင့် ယုံကြည်စိတ်ချရသော အရင်းအမြစ်များအဖြစ် ဟန်ဆောင်ကာ အရေးကြီးသော ကိုယ်ရေးကိုယ်တာအချက်အလက်များကို ပေးအပ်ရန် လိမ်လည်လှည့်စားလေ့ရှိပါသည်။ မည်သည့် လင့်ခ်ကိုမဆို မနှိပ်မီ (သို့မဟုတ်) ပူးတွဲပါဖိုင်များကို ဒေါင်းလုတ်မလုပ်မီ ပေးပို့သူ၏ အထောက်အထားကို အမြဲစစ်ဆေးပါ။

- သံသယဖြစ်ဖွယ် ဆက်သွယ်မှုများကို သတိရှိပါ - အရေးတကြီး သို့မဟုတ် ခြိမ်းခြောက်နေပုံရသည့် စာတိုများကို အမြဲတမ်း စိစစ်ပါ။ ဆိုက်ဘာကျူးလွန်သူများသည် လူတစ်ဦးချင်းစီကို ဆုံးဖြတ်ချက်များလျင်လျင်မြန်မြန် ချမှတ်ရန်အတွက် ဖိအားပေးရန် ခြိမ်း‌ခြောက်သည့် နည်းဗျူဟာများကို အသုံးပြုလေ့ရှိပါသည်။ မည်သည့်တုံ့ပြန်မှုကိုမှ မပြုလုပ်မီ ထိုဆက်သွယ်မှုသည် စစ်မှန်မှု ရှိ မရှိကို ဆန်းစစ်ပါ။

- ဖုန်းခေါ်ဆိုမှုများကို သတိပြုပါ - အမည်မသိ အဝင်ခေါ်ဆိုမှုများကို မကိုင်ပါနှင့်။ လိမ်လည် လှည့်ဖြားသူများသည် ဖုန်းဖြင့် မကြာခဏ ဆက်သွယ်လေ့ရှိကြပါသည်။ အကယ်၍ အမည်မသိ အဝင် ခေါ်ဆိုမှုများ အများအပြားကို ရရှိနေပါက လိမ်လည်လှည့်စားသူများ၏ ခေါ်ဆိုခြင်းများ သို့မဟုတ် အလိုအလျောက်ခေါ်ယူရန် ပြုလုပ်ထားသည့် Robocall ခေါ်ဆိုမှုများ ဖြစ်နေနိုင်ပြီး ယင်းတို့ကို သင့်ဖုန်းတွင် ပါရှိသော Spam ကို တားမြစ်နိုင်သည့် Features များကို အသုံးပြု၍ တားမြစ်နိုင်ပါသည်။

အထက်ပါ အကြံပြုချက်များသည် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာပေးမြှင့်တင်ရန် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးအော်ပရေတာများ၏ ကြိုးပမ်းအားထုတ်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။

ခွင့်ပြုချက် မရှိသော လုပ်ဆောင်မှုများကို သံသယရှိပါက သို့မဟုတ် အကူအညီလိုအပ်ပါက အောက်ပါ Hotline များကိုသတ်မှတ်အချိန်များ အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ATOM : 979 or 09790097900 (အခြားသောအော်ပရေတာများမှခေါ်ဆိုခြင်း) (နေ့စဉ် 7:00 – 23:00)

Ooredoo : 09970000234 (နေ့စဉ် 08:00 – 20:00)

MPT : 106 or 012399106 (အခြားသောအော်ပရေတာများမှခေါ်ဆိုခြင်း) (နေ့စဉ် 8:00 – 20:00)

Mytel : 09690000966 (နေ့စဉ် 08:00 – 17:30)

တရုတ် AI DeepSeek အောင်မြင်လာမှု အပေါ် သမ္မတ ထရန့် ရဲ့ သတိပေးစကားတရုတ် AI အောင်မြင်လာမှုကြောင့် အမေရိကန် နည်းပညာ လုပ်ငန်...
28/01/2025

တရုတ် AI DeepSeek အောင်မြင်လာမှု အပေါ် သမ္မတ ထရန့် ရဲ့ သတိပေးစကား

တရုတ် AI အောင်မြင်လာမှုကြောင့် အမေရိကန် နည်းပညာ လုပ်ငန်းစုကြီးတွေ ရှယ်ယာဈေးကွက်မှာ အထိနာကုန်ကြပါတယ်။ Nvidiaလို နည်းပညာ ကုမ္ပဏီကြီးတွေဟာ တရုတ် AI DeepSeekကြောင့် ရှယ်ယာတန်ဖိုး ဒေါ်လာ ဘီလီယံနဲ့ချီ ကျဆင်းသွားတာမျိုးဖြစ်ခဲ့ရပါတယ်။DeepSeekဟာ စတင်မိတ်ဆက်ပြီး တစ်ပတ်အတွင်းမှာပဲအမေရိကန်မှာ အခမဲ့ ရရှိနိုင်တဲ့ appတွေထဲမှာ downloadရယူမှု အများဆုံးအဖြစ် ရပ်တည်လာခဲ့ပါတယ်။ သမ္မတထရမ့်ကတော့ ကောင်းမွန်တဲ့ AI ဝန်ဆောင်မှုကို အမေရိကန် နိုင်ငံသားတွေ ဈေးသက်သာစွာနဲ့ အသုံးပြုနိုင်မယ်ဆိုရင် အဲဒါဟာ ကြိုဆိုရမယ့် ကိစ္စဖြစ်ကြောင်း ဒါပေမယ့် DeepSeekဟာ အမေရိကန် နည်းပညာ လုပ်ငန်းစုတွေအတွက် အချက်ပေး ခေါင်းလောင်းသံ ဖြစ်လာတယ် ဆိုတာကိုတော့ မမေ့ဖို့လိုကြောင်း , အမေရိကန် လုပ်ငန်းကြီးတွေ အနေနဲ့ ယှဉ်ပြိုင်မှု ကဏ္ဍမှာ အပြည့်အ၀ အာရုံစိုက်ထားဖို့လိုကြောင်းသတိပေး ပြောဆိုပါတယ်။ DeepSeek ဟာဆိုက်ဘာတိုက်ခိုက်ခံရမှုတွေကြုံထားရတာမျိုးလည်းရှိပါတယ်။

ရေအောက်မှာ ရက် ၁၂၀ ကြာနေထိုင်ခဲ့တဲ့ ဂျာမန်လေကြောင်းအင်ဂျင်နီယာဂျာမန်လေကြောင်းအင်ဂျင်နီယာတစ်ဦး ဖြစ်သူ Rudiger Koch ဟာ ရေအ...
27/01/2025

ရေအောက်မှာ ရက် ၁၂၀ ကြာနေထိုင်ခဲ့တဲ့ ဂျာမန်လေကြောင်းအင်ဂျင်နီယာ

ဂျာမန်လေကြောင်းအင်ဂျင်နီယာတစ်ဦး ဖြစ်သူ Rudiger Koch ဟာ ရေအောက်မှာ ရက် ၁၂၀ ကြာနေထိုင်ခဲ့ပြီးတော့ ကမ္ဘာ့စံချိန်မှတ်တမ်းသစ်တစ်ခုကို ရယူခဲ့ပါတယ်။ သူဟာ ပနားမားနိုင်ငံကမ်းရိုးတန်းအနီးအနား တစ်နေရာမှာ ရေအောက်လှောင်အိမ်ထဲ နေထိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီရေအောက်လှောင်အိမ်ဟာ ပြူတင်းပေါက် အဝိုင်းပုံစံတွေလည်းရှိကာ Rudiger Koch အနေနဲ့ ရေအောက်ရှုခင်းတွေကိုလည်း ကြည့်နိုင်ပါတယ်။ ရေအောက်အိမ်ထဲမှာ အိပ်ရာ၊ အိမ်သာ၊ တီဗွီ၊ ကွန်ပြူတာ၊ အင်တာနက်၊ လေ့ကျင့်ခန်းစက်ဘီးနဲ့ အခြားလိုအပ်တဲ့အရာတွေလည်းရှိပါတယ်။ ရေအောက်အိမ်ဟာ
ရေပေါ်က Tube တစ်ခုနဲ့ဆက်သွယ်ထားတာဖြစ်ကာ အစားအသောက်နဲ့ ဆေးဝါးတွေကို အဲဒီ Tube ကနေတစ်ဆင့်ပို့လို့ရပါတယ်။ ဆရာဝန်နဲ့ အခြားဧည့်သည်တွေလည်း ဝင်ထွက်လို့ရတဲ့ ရေအောက်အိမ်ထဲမှာ လျှပ်စစ်ဓာတ်အား ပံ့ပိုးပေးမှုလည်းရှိပါတယ်။ ရေအောက်အိမ်ထဲကလှုပ်ရှားမှုတွေကိုမြင်နိုင်အောင် ကင်မရာတွေတပ်ဆင်ထားတဲ့အတွက် ရေအောက်ထဲမှာ အချိန်အကြာကြီး နေတယ်ဆိုတာကို သက်သေပြလို့ရပါမယ်။

အလုပ်ချိန်အတွင်း အိပ်နေလို့ နှစ်ကုန် bonus မရတဲ့ တ-ရုတ် ရဲ ခွေးလေး တ-ရုတ် ရဲ့ ပထမဆုံး Corgi အမျိုးအစား ရဲခွေးလေးဟာ အလုပ်...
26/01/2025

အလုပ်ချိန်အတွင်း အိပ်နေလို့ နှစ်ကုန် bonus မရတဲ့ တ-ရုတ် ရဲ ခွေးလေး

တ-ရုတ် ရဲ့ ပထမဆုံး Corgi အမျိုးအစား ရဲခွေးလေးဟာ အလုပ်ချိန်အတွင်း အိပ်ပျော်နေတာရယ် ပြီးတော့ ကိုယ်ပိုင်အစာခွက်ထဲကို ေ-သး ပေါက်ထည့်တာရယ်ကြောင့် နှစ်ကုန် bonus မရဘူးလို့သိရပါတယ်။ 2023 သြဂုတ်လ ၂၈ ရက် မှာ မွေးဖွားခဲ့တဲ့ အဲဒီ ခွေးလေးဟာ 2024 ဇန်နဝါရီလ မှာ ရဲတပ်ဖွဲ့မှာ စတင် တာဝန်ထမ်းဆောင်တာဖြစ်ပါတယ်။ အနံ့ခံစုံစမ်းနိုင်တဲ့အစွမ်း , ချစ်စဖွယ် ခြေတိုလေးများနဲ့ အပြုံးတွေကြောင့် ပြည်သူလူထုရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ ခွေးလေးဖြစ်ပါတယ်။

25/01/2025

Samsung ကို troll ပြီး ကြော်ငြာသလို ဖြစ်ခဲ့တဲ့ HONOR Magic7 Pro ဗီဒီယို

နောက်ဆုံးပေါ် iPad Pro ထက် ပိုပါးကြောင်း ယှဉ်ပြ ပြန်တဲ့ OPPO Find N5
24/01/2025

နောက်ဆုံးပေါ် iPad Pro ထက် ပိုပါးကြောင်း ယှဉ်ပြ ပြန်တဲ့ OPPO Find N5

ခွေးကိုက်မခံရဖို့ ဆိုင်ကယ်ကို သံဇကာတပ်စီးတဲ့ ထိုင်းကအဘွားထိုင်းကအဘွားတစ်ယောက်ဟာ ခွေးကိုက်ခံရဖူးပြီး ခွေးပိုင်ရှင်က လျော်...
24/01/2025

ခွေးကိုက်မခံရဖို့ ဆိုင်ကယ်ကို သံဇကာတပ်စီးတဲ့ ထိုင်းကအဘွား

ထိုင်းကအဘွားတစ်ယောက်ဟာ ခွေးကိုက်ခံရဖူးပြီး ခွေးပိုင်ရှင်က လျော်ကြေးပေးခဲ့ပါတယ်။ နောက်တစ်ခါ ခွေးကိုက်မခံရဖို့ ကာကွယ်တဲ့အနေနဲ့
အဲဒီလျော်ကြေး ပိုက်ဆံနဲ့ဆိုင်ကယ်ကို သံဇကာတပ်လိုက်တာဖြစ်ပါတယ်။

စက်ရုပ်နဲ့လူ အပြေးပြိုင်ပွဲကို တ-ရုတ်မှာ ဧပြီလတွင် ကျင်းပမယ်တ-ရုတ်နိုင်ငံမှာ လူနဲ့ စက်ရုပ်တို့ရဲ့ ကမ္ဘာ့ပထမဆုံးမာရသွန်ပြ...
23/01/2025

စက်ရုပ်နဲ့လူ အပြေးပြိုင်ပွဲကို တ-ရုတ်မှာ ဧပြီလတွင် ကျင်းပမယ်

တ-ရုတ်နိုင်ငံမှာ လူနဲ့ စက်ရုပ်တို့ရဲ့ ကမ္ဘာ့ပထမဆုံးမာရသွန်ပြိုင်ပွဲကို ကျင်းပဖို့ရှိ ပါတယ်။ အဲဒီမာရသွန်ပြိုင်ပွဲကို ဧပြီလတွင် ဘေဂျင်းမြို့မှာ ကျင်းပမှာ ဖြစ်ပြီး အားကစားသမားပေါင်း ၁၂၀၀၀လောက် ပါဝင်ယှဉ်ပြိုင်မှာဖြစ်ကာ စက်ရုပ်အရေအတွက်ကတော့ ဒါဇင်ချီရှိပါမယ်။ အပြေးပြိုင်ရမယ့် အကွာအဝေးကတော့ ၁၃ မိုင်ရှိပါမယ်။ ပြိုင်ပွဲမှာ ပါဝင်မယ့်စက်ရုပ်တွေဟာ လူပုံစံမျိုး ခြေထောက်နှစ်ချောင်းရှိတဲ့ အနေအထားမျိုးနဲ့ ပါဝင်ရမှာ ဖြစ်ကာ စက်ရုပ်ရဲ့ သတ်မှတ် အမြင့်အတိုင်းအတာကတော့ ဝ.၅ မီတာကနေ ၂ မီတာအကြား ရှိရပါမယ်။ အဝေးထိန်းစနစ်သုံးစက်ရုပ်တွေနဲ့ အလိုအလျောက်စနစ်သုံးတဲ့ စက်ရုပ်တွေပါဝင်ယှဉ်ပြိုင်နိုင်ကာ ပြိုင်ပွဲမှာ စက်ရုပ်ရဲ့ ဘက်ထရီကုန်သွားရင်လည်း ဘက်ထရီလဲလှယ်ခွင့်ရှိပါမယ်။

အီလွန်မက်စ်က TikTok ကို ဝယ်ယူနိုင်အောင် လမ်းကြောင်းဖွင့်ပေးနိုင်တဲ့ သမ္မတ ထရန့် အမေရိကန်သမ္မတထရန့်က အီလွန်မက်စ်ဘက်က TikT...
23/01/2025

အီလွန်မက်စ်က TikTok ကို ဝယ်ယူနိုင်အောင် လမ်းကြောင်းဖွင့်ပေးနိုင်တဲ့
သမ္မတ ထရန့်

အမေရိကန်သမ္မတထရန့်က အီလွန်မက်စ်ဘက်က TikTok ကို ဝယ်မယ်ဆိုပါက သူ့အနေနဲ့ လမ်းဖွင့်ပေးထားမှာ ဖြစ်ကြောင်း ပြောထားပါတယ်။ သမ္မတ ထရန့်ရဲ့ TikTok နဲ့ ပတ်သက်တဲ့ မူဝါဒကတော့ အနာဂတ်မှာ TikTok ရဲ့ရှယ်ယာတစ်ဝက်ဟာ
အမေရိကန်ပြည်ထောင်စုနဲ့ သက်ဆိုင်သူတွေ ပိုင်ဆိုင်ရဖို့ ဖြစ်ပါတယ်။
ခုလောလောဆယ်မှာတော့ TikTokကို အမေရိကန်မှာ ဆက်လက်သုံးခွင့်ရအောင် ခွင့်ပြုပေးထားပါတယ်။

ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်ဇန်နဝါရီ ၂...
23/01/2025

ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ဇန်နဝါရီ ၂၂ ရက်နေ့ က Official Launch ကနေ မြန်မာနိုင်ငံ ဈေးကွက်အတွင်းသို့ OPPO Reno13 5G ကို ၂,၂၉၉,၉၀၀ ကျပ် ဖြင့်လည်းကောင်း ၊ OPPO Reno13 F ကို ၁,၃၉၉,၉၀၀ ကျပ် ဖြင့်လည်းကောင်း တရားဝင် စတင်မိတ်ဆက်ခဲ့ပါတယ်။ IP69 Water and Dust Resistance ရဲ့ ပံ့ပိုးမှု ပါရှိတဲ့ Underwater Photography (ရေအောက်ဓာတ်ပုံရိုက်ခြင်း) ကို တပ်ဆင်ထားပါတယ်။ ဈေးတန်းတူ စမတ်ဖုန်းထုတ်ကုန်တွေမှာဆိုရင် IP69 Water and Dust Resistance ဆိုပြီး အသီးသီး ပါရှိကြပေမဲ့ OPPO ရဲ့ Underwater Photography mode ဟာဆိုရင် ဈေးတန်းစမတ်ဖုန်းထုတ်ကုန်တွေအကြား ပထမဦးဆုံး ပါဝင်လာတဲ့ ဓာတ်ပုံရိုက်ကူးခြင်းနည်းပညာဖြစ်ပါတယ်။ OPPO Reno13 Series ဟာ IP66 ၊ IP68 ၊ IP69 Water and Dust Resistance အဆင့်သတ်မှတ်ချက် တစ်ဆင့်ချင်းစီ ပါဝင်ပံ့ပိုးမှုနဲ့အတူ ပိုပြီးဆန်းသစ်တဲ့ ရေအောက်ဓာတ်ပုံရိုက်ကူးခြင်းနည်းပညာကို ပြင်ပက အသုံးပြုရတဲ့ ရေစိုခံအိတ်တွေ သို့မဟုတ် ဆက်စပ်ပစ္စည်းများ မလိုအပ်ဘဲ ဓာတ်ပုံ နဲ့ ဗီဒီယိုပါ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ColorOS 15 ဟာဆိုရင် သာမန်ထက်ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံတွေကို ခံစားရရှိနိုင်ရုံသာမက iPhone နဲ့ Android တွေရဲ့ ချိတ်ဆက်နိုင်မှုအတွက်ပါ အထောက်အကူပြုလာပြီဖြစ်ပါတယ်။ OPPO အနေနဲ့ ဒီနှစ်မှာ ပထမဦးဆုံးအနေနဲ့ OPPO Pad Neo ကို ၉၉၉,၉၀၀ ကျပ်ဖြင့် မြန်မာနိုင်ငံဈေးကွက်အတွင်းသို့ ပထမဦးဆုံး တရားဝင်တင်သွင်းလာနိုင်ခဲ့ပြီဖြစ်ပါတယ်။ OPPO Reno13 Series ရဲ့ ထုတ်ကုန်တွေကို ဇန်နဝါရီ ၂၃ ရက်နေ့မှ မြန်မာနိုင်ငံတစ်ဝန်းမှာ တရားဝင် စတင်ဝယ်ယူနိုင်ပြီဖြစ်ပြီး ဇန်နဝါရီ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ OPPO Reno13 F ကို ဝယ်ယူမဲ့ customer တွေအနေနဲ့ကတော့ အားလုံး စုစုပေါင်း ၆သိန်းကျပ် တန်ဖိုးရှိတဲ့ လက်ဆောင်တွေရရှိမှာဖြစ်ပြီး OPPO Reno13 ကို ဝယ်ယူတဲ့ သုံးစွဲသူတွေအနေနဲ့‌ After Sales Service (VIP Card)၊ Karaoke Set နဲ့အတူ ATOM Package စုစုပေါင်း ၈သိန်းခွဲကျပ် တန်ဖိုးရှိ လက်ဆောင်တွေကို ရရှိမှာဖြစ်ပါတယ်။

OPPO Reno 13 Series နဲ့ OPPO Pad Neo ရဲ့ ဈေးနှုန်းများ
22/01/2025

OPPO Reno 13 Series နဲ့ OPPO Pad Neo ရဲ့ ဈေးနှုန်းများ

အက်တမ်စတားသုံးစွဲသူများအနေဖြင့် အက်တမ်စတားပွိုင့် (၁၀)ပွိုင့်နှင့် လျှော့ဈေးများ ရယူခံစားနိုင်အက်တမ်စတားပွိုင့်(၁၀) ပွို...
21/01/2025

အက်တမ်စတားသုံးစွဲသူများအနေဖြင့် အက်တမ်စတားပွိုင့် (၁၀)ပွိုင့်နှင့် လျှော့ဈေးများ ရယူခံစားနိုင်

အက်တမ်စတားပွိုင့်(၁၀) ပွိုင့်တည်းဖြင့် မိတ်ဖက်ဆိုင်များအားလုံး၌ (၃၀) ရာခိုင်နှုန်းအထိ လျှော့ဈေးများအား ရရှိနိုင်ပြီဖြစ်ပါသည်။အဆိုပါ လျှော့ဈေးအစီအစဉ်အား ဇန်နဝါရီလကုန်အထိ ခံစားရရှိနိုင်ခြင်းကြောင့် အက်တမ်သုံးစွဲသူများသည် မိမိတို့စိတ်ကြိုက် အစားအသောက်၊ လျှပ်စစ်ပစ္စည်း၊ အလှကုန်၊ ကျန်းမားရေး စသည်တို့တွင် အကျိုးခံစားခွင့်များ ရယူနိုင်မည် ဖြစ်ပါသည်။

အက်တမ်သုံးစွဲသူများအနေဖြင့် ATOM Store App တွင်ရှိနေသော မိတ်ဖက်ဆိုင်ပေါင်း (၁၇၀) တို့တွင် အကျိုးခံစားခွင့်များ ရယူခံစားနိုင်ပြီး၊ အထူးသဖြင့် ယခုနှစ်သစ်ပရိုမိုးရှင်းမှတစ်ဆင့် Noodle Bowl၊ Oni by Kitchen Project နှင့် Hok Hok Thai Mookata တို့တွင် အရသာရှိသော စားသောက်ဖွယ်ရာများ မှာယူစားသုံးခြင်း၊ ELIZA တွင် အလှအပရေးရာပြုလုပ်ခြင်းနှင့် MGOU တွင် ဒီဇိုင်းဆန်းအသုံးအဆောင်များ ဝယ်ယူခြင်းတို့ လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။ ထို့အပြင် ချင်းတွင်းနည်းပညာကောလိပ် (CTU)ရှိ သတ်မှတ်ဘာသာရပ်များကို ရွေးချယ်တက်ရောက်နိုင်ပြီးEMPOWER (MDY)တွင် Fitness အထူးပရိုမိုးရှင်းများ နှင့် နည်းပညာပိုင်းစိတ်ပါဝင်စားသူများအတွက် XtraSure တွင် အထူးလျော့ဈေးများ ခံစားရရှိနိုင်မည်ဖြစ်ပါသည်။ အက်တမ်သုံးစွဲသူများအနေဖြင့် ကြိုက်နှစ်သက်ရာ package များအား အက်တမ်ဝန်ဆောင်မှုပေးနေသော channel များမှတစ်ဆင့် ဝယ်ယူလိုက်ရုံဖြင့် စတားပွိုင့်များရရှိပြီး အက်တမ်စတားတစ်ဦးအဖြစ် Welcome၊ Bronze၊ Silver၊ Gold၊ Platinum၊ Titanium အစရှိသော အက်တမ်စတားအဆင့်များကို တိုးမြှင့်ကာ ပိုင်ဆိုင်ထားသောပွိုင့်များနှင့် အက်တမ်၏အထူးအကျိူးခံစားခွင့်များကို အပြည့်အ၀ ရယူနိုင်မည်ဖြစ်ပါသည်။

ထရန့် သမ္မတ ပြန်ဖြစ်တဲ့ပွဲမှာ ရန်ပုံငွေ ပိုက်ဆံလည်းထည့် , ပွဲလည်းတက်ခဲ့ကြတဲ့ ကမ္ဘာ့ အချမ်းသာဆုံး နည်းပညာဆိုင်ရာ သူဌေးမျာ...
21/01/2025

ထရန့် သမ္မတ ပြန်ဖြစ်တဲ့ပွဲမှာ ရန်ပုံငွေ ပိုက်ဆံလည်းထည့် , ပွဲလည်းတက်ခဲ့ကြတဲ့ ကမ္ဘာ့ အချမ်းသာဆုံး နည်းပညာဆိုင်ရာ သူဌေးများ

Address

Yangon

Alerts

Be the first to know and let us send you an email when Mobile Guide Journal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mobile Guide Journal:

Videos

Share