ဘုရား၊စေတီ၊ပုထိုးသမိုင်းကြောင်းရာဇ၀င်ဖြစ်ရပ်မှန်များ

  • Home
  • Myanmar
  • Yangon
  • ဘုရား၊စေတီ၊ပုထိုးသမိုင်းကြောင်းရာဇ၀င်ဖြစ်ရပ်မှန်များ

ဘုရား၊စေတီ၊ပုထိုးသမိုင်းကြောင်းရာဇ၀င်ဖြစ်ရပ်မှန်များ စာအုပ်
(4)

25/11/2024

ကုန်စျေးနှုန်းပြန်မကျခြင်း
အကြောင်းအရင်း
သယ်ယူပို့ဆောင်ခ = စက်သုံးဆီစျေး
သိသိသာသာမကျခြင်း + လမ်းတံတားကြေး
မဟုတ်သော လမ်းကြေးများပြားခြင်း

Credit to Myanmar Business Eye

ရန်ကုန်မြစ်၊ မိုးယွန်းကြီးနဲ့ အင်းတော်ကြီးအိုင်ထဲက ငါးတွေမှာ ပြဒါးဆိပ်မြင့်မားရန်ကုန်မြစ်၊ မိုးယွန်းကြီးအင်းနဲ့ ကချင်ပြည...
09/11/2024

ရန်ကုန်မြစ်၊ မိုးယွန်းကြီးနဲ့ အင်းတော်ကြီးအိုင်ထဲက ငါးတွေမှာ ပြဒါးဆိပ်မြင့်မား

ရန်ကုန်မြစ်၊ မိုးယွန်းကြီးအင်းနဲ့ ကချင်ပြည်နယ် အင်းတော်ကြီးအိုင်တို့ အပါအဝင် နေရာ ၅ ခု ထက်မနည်းက ငါးတွေထဲမှာ မာကျူရီပြဒါးအဆိပ်ပါဝင်မှုမြင့်မားနေတယ်လို့ ငါးတွေကိုဓာတ်ခွဲကြည့်ခဲ့တဲ့ သုတေသနရလဒ်တွေကို ကိုးကားပြီး ပညာရှင်တစ်ဦး က ဘီဘီစီ ကို ပြောပါတယ်။

ရန်ကုန်နဲ့ဧရာဝတီအစပ်က ငါးအကောင်‌ရေ ၁၄၀ နီးပါးကို သုတေသနလုပ်ကြည့်တဲ့အခါ ငါး ၂၅ ရာခိုင်နှုန်း မှာ ပြဒါးဓာတ်အဆိပ်သင့်နေတာ တွေ့ရတယ် လို့ သူက ပြောပါတယ်။

‘’ဒါတော်တော်များတဲ့ ရာခိုင်နှုန်းလို့ပြောလို့ရတယ်။ မနှစ်က အဲလို ပြဒါးဓာတ်မြင့်နေတဲ့ ငါးက တစ်ကောင်မှာပဲ တွေ့တယ်။ ဒီနှစ်တော်တော်ဆိုးလာတာ’’ လို့ အမည်မဖော်လိုတဲ့ သုတေသနပညာရှင် တစ်ဦးက ဘီဘီစီ ကို ပြောပါတယ်။

ဧရာဝတီတိုင်း ဓနုဖြူ၊ ပန်းတနော် ဒေသတွေက ငါးရံ့၊ ငါးဘတ် စတဲ့ ငါးတွေထဲမှာလည်း ပြဒါးဓာတ်ပါဝင်မှုမြင့်မားနေတယ်လို့လည်း ရလဒ်တွေက ဖော်ပြပြပါတယ်။

ဒီငါးတွေကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထောက်ခံချက်အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ထောက်ခံချက်တွေရထားတဲ့ဓာတ်ခွဲခန်းမှာ စစ်ဆေးခဲ့တာ လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

သတင်းအပြည့်အစုံကို ဘီဘီစီရဲ့ နိုဝင်ဘာ ၉ ရက် နိုင်ငံတဝန်းသတင်း အနှစ်ချုပ်လင့်ခ် https://www.bbc.com/burmese/articles/cy0gqxw5l5ro ကနေ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
ဓာတ်ပုံ - Getty Images

Credit to BBC Myanmar

#ဘီဘီစီမြန်မာပိုင်း #ပြဒါးအဆိပ် #ငါးစျေး #ရန်ကုန်မြစ် #အင်းတော်ကြီး #မိုးယွန်းကြီးအင်း #မှတ်ဥာဏ်ချို့ယွင်း #လေဖြတ် #အော့အန် #စိတ်ကျရောဂါ

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်လုပ်ဒရုန်း ကုမ္ပဏီကိုသွားကြည့်တဲ့ သတင်းအပါအဝင် ဘီ....

BREAKING 🚨: Mount Fuji had its first snowless October in 130 years.The summit is completely dry
01/11/2024

BREAKING 🚨: Mount Fuji had its first snowless October in 130 years.

The summit is completely dry

01/11/2024

Tesla...ကားရှေ့ရပ်နေပေမဲ့...ကိုယ့်ကား
မဟုတ်ပါ..အိမ်က ကားတစင်းရှေ့ ရပ်နေမိတာပါ
မောင်းကြည့်ပါလားတဲ့...
မမောင်းရဲပါဖူး... Tesla ကဖုန်းနဲ့ချိတ်မောင်း
ရတာ..အခုတွေ့အခုတက်မောင်းလို့ရတာမ
ဟုတ်ဖူး.............
Moe.
New Jersey.......

တက်စ်လာလျှပ်စစ်ကားနဲ့ အင်ဂျင်ကား ကွာခြားမှုများ

တက်စ်လာလျှပ်စစ်ကားနဲ့ ပါတ်သက်ပြီး မြန်မာလို ရေးထားတာ မတွေ့သေးတဲ့အတွက် ပုံမှန်အင်ဂျင်ကားတွေနဲ့ ဘာကွာလဲသိချင်သူတွေ ရှိကြမယ်လို့ ထင်ပါတယ်။ ဆီဈေးတွေကြီးလို့ လျှပ်စစ်ကား ဝယ်ချင်သူများအတွက် စဥ်းစားလို့ ရအောင်ပါ။

ကွာတဲ့ အချက်တွေကတော့ တော်တော်များပါတယ်။ ကားထဲ ဝင်တာကစလို့ သော့/ရီမုတ်မလိုပဲ ဖုံးပါရုံနဲ့ ဝင်နိုင်မောင်းနိုင်ပါတယ်။ ဗဲလေးပါကင်(သို့) ကားဆေး/ ဘော်ဒီ/ဘီးဖာ စတာတွေအတွက်တော့ ခရက်ဒစ်ကဒ်အရွယ် ကီးကဒ်လေး ပေးထားလိုက်ပြီး ဘယ်လောက်အရှိန်ထက် ပိုမမောင်းရဆိုတာ ကိုယ့်ဖုံးထဲကနေ သတ်မှတ်ထားလို့ ရပါတယ်။ ကားသော့ချတာ၊ ဖွင့်တာ၊ အလိုအလျာက်ဝိုက်ပါ ချိန်တာ၊ အစရှိတဲ့ ကိစ္စအားလုံးကို ကားထဲက screen ပေါ်ကနေ လုပ်လို့ ရပါတယ်။ ဖုံးနဲ့ ဝင်လို့ရတော့ အပြင်ကို မိသားစု သွားကြရင် ကားဆီအရင် သွားချင်တဲ့လူက သော့ကိုင်ဆီက သော့တောင်းနေစရာ မလိုတော့ပဲ ကိုယ့်ဖုံးနဲ့ကိုယ် ဝင်သွားလို့ ရနေပါပြီ။

ကားစထွက်ရင်လည်း စက်နှိုးစရာ မလိုပါဘူး။ ဂီယာထိုးပြီး စထွက်ရုံပါပဲ။ လိုရာရောက်ပြီဆိုရင်လည်း စက်သတ်စရာ မလိုပါဘူး။ ပါခ့်နှိပ်လိုက်ပြီးရင် ရပါပြီ။ စက်သတ်စရာမလိုတဲ့အတွက် မှန်တင်/ချ/အေစီ/သီချင်း ဘာမှရပ်စရာ ပြန်စက်နှိုးစရာမလိုပဲ ဆက်ဖွင့်ထားလို့ ရပါတယ်။ တော်တော်ကို အသုံးဝင်ပါတယ်။ ကားပြင်ထွက်လို့ ဖုံံး/ကီးကဒ်က ကားနဲ့ နဲနဲလှမ်းသွားတာနဲ့ ကားက သော့ခတ်ပြီးသား ဖြစ်သွားပါတယ်။

ထိန်းသိမ်းတာနဲ့ ပါတ်သက်ပြီးတော့ အကောင်းဆုံးအချက်က ဆီလဲရတဲ့ ဒုက္ခ/စရိတ် မရှိတော့တာပါပဲ။ အပူ/ရေခဲထဲမှာ ကားရပ်ထားခဲ့လို့ ပြန်လာတဲ့အချိန် သိပ်ပူ/အေးနေမယ်ဆိုရင် မလာခင်ထဲက ဖုံးနဲ့ အပူ/အအေး လိုသလို ချိန်ထားလို့ရသလို မှန်ကိုလည်း လေပူထွက်အောင် နဲနဲလေး ချခိုင်းလို့ ရပါတယ်။ ကားထဲမှာ ခွေးထားခဲ့မယ်ဆိုရင်လည်း ခွေးထားခဲ့တယ်လို့သာ ရွေးလိုက်ပါ၊ လေအေး/လေပူ အဆင်ပြေအောင် ထားပေးပါလိမ့်မယ်။

အားသွင်းတာလည်း long range ယူထားရင် မိုင် ၃၀၀ လောက်ကို အေစီဖွင့်၊ သီချင်းနားထောင်၊ နေဗီဂေးရှင်းသုံး၊ ဖုံးတွေအားသွင်းပြီး သွားလို့ ရပါတယ်။ ခရီးသွားရင်တော့ ဘယ်နားက ဆူပါချာဂျာမှာ အားသွင်းသင့်တယ်၊ ဘယ်လောက်ကြာမယ်ဆိုတာပြောပြီး အဲဒီနား နီးလာရင် ဓါတ်ခဲကို efficiently အားသွင်းနိုင်အောင် ပြင်ဆင်ထားပေးပါတယ်။ ပုံမှန်အချိန် အိမ်မှာပဲ သွင်းမယ်ဆိုရင်တော့ ၁၁၀ ဗို့နဲ့ဆိုရင် တနာရီ ၅မိုင်လောက်ပဲရပြီး ၂၂၀-၂၄၀ ဗို့နဲ့ဆိုရင် တနာရီ မိုင် ၃၀လောက်အထိ သွင်းလို့ရပါတယ်။

သတိထားရမှာက လျှပ်စစ်ကားအားသွင်းဖို့က ကယ်လီဖိုးနီးယားမှာ ည၁၂နာရီက နောက်တနေ့ နေ့လည် ၃နာရီအထိက အသက်သာဆုံးနှုန်းပါ။ တနေ့ကို မိုင် ၃၀-၄၀လောက် ပုံမှန်မောင်းတယ်ဆိုရင် ကယ်လီဖိုးနီးယားမှာ တလကို $35 လောက် ကျပါတယ်။ ဆူပါချာဂျာတွေကလည်း နေရာတော်တော်များများမှာ ရှိနေပြီး ဘယ်နေရာမှာ ဘယ်နှစ်ခုလွတ်နေသေးတယ်ဆိုတာကို ပြတာကလည်း အလွန်အသုံးဝင်တဲ့အချက်ပါ။ အဲဒီမှာက တခါဖြည့် $7 လောက် ကျတတ်ပြီး မိနစ် ၂၀လောက် ကြာတတ်ပါတယ်။ ဆီတတိုင်ကီကို $100 လောက်ဖြစ်နေတာနဲ့ ယှဥ်ကြည့်ကြပေါ့။

ကားကိုယ်နှိုက်က အင်တာနက်နဲ့ ချိတ်ထားတော့ စခရင်ပေါ်မှာ ကိုယ်ကြိုက်တဲ့ သီချင်း၊ podcast, စတာတွေအပြင် YouTube, Netflix, game, karaoke, Spotify, internet browser တွေ အကုန်သုံးလို့ ရပါတယ်။ ကားအားသွင်းနေတုန်း(သို့) ကလေး/ဈေးဝယ်စောင့်နေတုန်း သုံးလို့ အဆင်ပြေပါတယ်။ ပထမတနှစ်ကတော့ အခမဲ့ပါ။ နောက်နှစ်တွေကစလို့ လစဥ်ကြေး အနည်းငယ် ပေးရပါတယ်။ ဖုံးအားသွင်းတာကလည်း ကြိုးမဲ့ပါ။ သူ့နေရာလေးမှာ တင်ထားလိုက်ရုံပါပဲ။

ကားမောင်းနေရင်းလည်း စတီရာယင်ကိုင်တာ တခုခုမှားနေပြီလို့ထင်ရင် သတိပေးသံတွေထွက်လာပြီး ကားက ဝင်ထိန်းပါတယ်။ ရှေ့ကားနဲ့ သိပ်ကပ်သွားတာမျိုးကို အချက်ပေးစေချင်ရင်လည်း လိုသလို ချိန်ပေးထားလို့ ရပါတယ်။ မီးပွိုင့်စိမ်းသွားရင်လည်း အချက်ပေးဖို့ ချိန်ထားလို့ ရပါတယ်။ တခုပဲရှိတာက ကွေ့ကြောမှာဆိုရင်တော့ တချို့မီးပွိုင့်တွေမှာ အချက်ပေးတာ သိပ်မတိကျသေးပါဘူး။ နောက်တချက်အသုံးအဝင်ဆုံးက မီးပွိုင့်မှာဖြစ်ဖြစ် ကားရပ်ရင် (လိုအပ်လို့) ဘရိတ်တချက်နင်းပြီး လွှတ်လိုက်ရင်တောင် ကားက မရွေ့တော့ပါဘူး၊ ကုန်းစောင်းတွေမှာ ဘရိတ်နင်းမထားရင်တောင် ပြန်မလိမ့်တော့ပါဘူး။ အဲဒီအနေအထားနဲ့ ကြာသွားရင်တော့ သူ့အလိုလို ပါကင်ဖြစ်သွားပါတယ်။

နောက်အရမ်းအသုံးဝင်တဲ့ အချက်တခုကတော့ အင်ဂျင်ကားတွေလို အရှိန်တက်လာတာကို စောင့်စရာမလိုပဲ အချိန်တိုအတွင်းမှာ အရှိန်တင်နိုင်တော့ လိန်းချိန်းတာ၊ ကားကျော်တာတွေကို အန္တရာယ်ကင်းကင်း အဆင်ပြေပြေ လုပ်နိုင်ပါတယ်။

နောက်ပိုင်းကားတွေမှာ ပါတတ်တဲ့ blind spot အချက်ပြတာကိုတော့ ကားမှန်မှာမပြပဲ ကားထဲက screen မှာ ကြည့်နိုင်ပါတယ်။ တက်စ်လာကားတွေထဲက screen က တော်တော်ကြီးသလို သုံးရတာလည်း ရိုးရှင်းလွယ်ကူပါတယ်။

တခုခုအကြောင်းရှိလို့ ဆားဗစ်စ်ခေါ်ချင်ရင်လည်း ဖုံးထဲကနေ ချိန်းလိုက်လို့ရသလို အိမ်ကိုလာပြီး ကြည့်ပေးပါတယ်။ သူတို့ကြောင့်ဖြစ်တဲ့ အမှားဆိုရင် တပြားမှ ပေးစရာမလိုပဲ သူတို့အကုန်ပြင်ဆင်ပေးပါတယ်။

ထိုင်ခုံကတော့ မော်ဒယ် X နဲ့ Y မှာ ၇ဦးထိုင်လို့ရအောင် နောက်က တတန်းထည့်လို့ရပေမယ့် နေရာမကျယ်တော့ အရပ်ရှည်သူ ထွားကြိုင်းသူများအတွက်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။ နောက်ဆုံးတန်း ခုံထောင်လိုက်ရင် နောက်ခန်းက ပစ္စည်းတင်ဖို့ နေရာ နဲနဲပဲ ကျန်ပါမယ်။ ကြမ်းခင်းအောက်ထဲမှာနဲ့ အရှေ့ဖုံးထဲမှာတော့ ထည့်လို့ ရပါသေးတယ်။ ကားရှေ့ဖုံးထဲမှာ အင်ဂျင်မရှိတဲ့အတွက် ပစ္စည်းထားဖို့ နေရာ ထွက်လာတာပါ။

တက်စ်လာရဲ့ အော်တိုပိုင်းလော့ကလည်း ပုံမှန်ကားတွေနဲ့စာရင် တော်တော့ကို အဆင်ပြေပါတယ်။ ရှေ့ကားဘေးကားနဲ့ အရှိန် သူ့ဖာသူညှိသွားပေးပါတယ်။ တခုပဲရှိတာက မိနစ်အနည်းငယ်ကြာတိုင်း စတီယာရင်ကို တင်းတင်းကိုင်ဖို့ သတိပေးတတ်ပါတယ်။ ကားက အလိုအလျောက်မောင်းတဲ့စနစ် ယူထားရင်တော့ အော်တိုပိုင်းလော့အပြင် လိန်းချိန်းတာ၊ exit ထွက်တာကအစ သူ့ဖာသူလုပ်လို့ရတဲ့နေရာမှာ သူ့ဖာသူလုပ်ပါတယ်။ သူလိန်းချိန်းစေချင်တဲ့ဖက်ကို ပြရင် ကိုယ့်ဖက်က confirm လုပ်ပေးရုံပါပဲ၊ သူ့ဖာသူ ကားလွတ်တဲ့အချိန် ပြောင်းပါတယ်။ ကွန်ဖမ်းခိုင်းတာကလည်း လိုအပ်လို့ ဆိုတာထက် တခုခုဖြစ်ရင် တရားစွဲခံရမှာစိုးလို့ ထည့်ထားတဲ့ အဆင့်တခုလို့ပဲ ထင်ပါတယ်။

အလိုအလျောက် မောင်းတဲ့စံနစ်မှာတော့ ကားပါကင်ထိုးတာကအစ၊ ပါကင်ထဲကနေ ကားကို ဖုံးနဲ့ ခေါ်ယူတာ စတာတွေ လုပ်လို့ရပါတယ်။ ပါကင်နေရာ ကျပ်ကျပ်တည်းတည်းမှာ ထိုးချင်ရင် တော်တော်အဆင်ပြေပါတယ်။ ဒါပေမဲ့ ကားနှစ်စီးကြားမှာတော့ ဖြစ်ရပါတယ်။ ကင်မရာက ပါကင်လိုင်းတွေကို မဖတ်တတ်သေးသလို ဘေးက ကားမရှိရင်လည်း မမှန်းတတ်တော့ပါဘူး။

အမြန်လမ်းတွေရဲ့ လမ်းအကွေးတွေမှာ အရှိန်နဲ့သွားတာ စိတ်လှုပ်ရှားစရာဖြစ်ပေမယ့် စိတ်မချရင် ကိုယ်က ဝင်ထိန်းလို့လဲ ရတာကြောင့် သိပ်တော့ စိတ်ပူစရာ မလိုပါဘူး။ အမြန်လမ်းတခုကနေတခု (သို့) ရှုပ်ထွေးတဲ့ အမြန်လမ်းပေါ်အတက်မှာတော့ နဲနဲ သတိထားရပါတယ်။ ကားကင်မရာတွေမှာ အမှိုက်/ဖုံ/မိုးရေစက် တင်နေရင်တော့ အလိုအလျောက်မောင်းတဲ့စနစ် ရပ်ပြီး ကိုယ့်ဖာသာ မောင်းခိုင်းပါတယ်။ အလိုအလျောက်မောင်းတဲ့စနစ်က မောင်းပုံက လူကြီးတွေမောင်းသလို ညင်ညင်သာသာမဖြစ်ပဲ လူငယ်လေးတွေမောင်းသလို မြန်မြန် ဆတ်ဆတ်ဖြစ်နေတာ ပရိုဂရမ်လုပ်တဲ့ လူငယ်လေးတွေကြောင့်လားလို့ ထင်စရာပါ။

ကားပတ်ပတ်လည်မှာ ကင်မရာတွေရှိလို့ ကားကို တခုခုလာထိရင် record လုပ်ထားပြီးသားဖြစ်မှာပါ။ ကိုယ်က သူ overwrite မလုပ်ခင် ဦးအောင် ဒေါင်းထားဖို့ လိုပါတယ်။ အဲဒီကင်မရာတွေနဲ့ ဆင်ဆာတွေကြောင့် ရှေ့နောက်ဘေးဘီမှာ ထိဖို့နီးလာပြီဆိုရင် ဘယ်နားမှာ ဘယ်လောက်နီးနေကြောင်း သတိပေးအသံပြုသလို စခရင်မှာလည်း ပြသပါတယ်။

ကားရဲ့အမိုးကလည်း မှန်ဖြစ်တာကြောင့် ကောင်းကင်ရဲ့ အလှအပကို ခံစားနိုင်ပေမယ့် နွေရာသီမှာ အပူရှိန်နဲနဲတော့ ရှိပါမယ်။ သတ္တုလိုမျိုး ထိရင်ပူနေတာမဟုတ်ပေမယ့် အပူ sensitive ဖြစ်သူတွေအတွက် အပူရှိန်ကိုတော့ ခံစားရနိုင်ပါတယ်။ လိုအပ်မယ်ထင်ရင်တော့ အတွင်းကနေ ကလစ်လုပ်တပ်ထားလို့ရတဲ့ sunshade လေးတွေ ဝယ်လို့ရပါတယ်။

Safety နဲ့ပါတ်သက်ပြီးတော့ အသေးဆုံး စျေးအချိုဆုံး မော်ဒယ် 3 မှာတောင် မှန်အမိုးပေါ်ကို အရွယ်ရောက်ပြီး အာဖရိကဆင် ၂ကောင် တက်နင်းတာကို ခံနိုင်တယ်လို့ ဆိုပါတယ်။ ကိုယ်ထည်ကိုတော့ အလူမီနီယံနဲ့ စတီးလ်ရောလုပ်ထားတာဖြစ်လို့ မောင်းသူဖက်/ ရှေ့စီးသူ/ နောက်စီးသူ စတာတွေကို ဝင်တိုက်မိရင်(သို့) ကားလိမ့်သွားခဲ့ရင် အထဲကလူတွေရဲ့ လူခြုံမှုက National Highway Traffic Safety Administration ရဲ့ 5 star အဆင့်ရထားတာဖြစ်ပါတယ်။ ဘက်ထရီက ကားအောက်ခြေ တပြင်လုံးလိုလိုမှာ ထည့်သွင်းတည်ဆောက်ထားတာဖြစ်လို့ ကားလိမ့်သွားနိုင်ဖို့ကတော့ အခွင့်အရမ်းနည်းပါတယ်။ သိသမျှ တက်စ်လာကား ပိုင်ဆိုင်သူတွေအားလုံးကတော့ တက်စ်လာကားရဲ့ အသုံးဝင်မှုအပေါ် အရမ်းကို ကျေနပ်ကြတာ ဖြစ်ပါတယ

Credit to Daw Tin Omma Myo.

Tin Omma Myo.
///////////

01/11/2024

လက်ရှိဓာတ်အားရရှိမှုအခြေအနေနှင့်ပတ်သတ်၍ ဝေဖန်သုံးသပ်ချက်တွေအများကြီး မြင်ရဖတ်ရပါတယ်။ အဓိက နှစ်ချက်ပြောရရင် မိုးရာသီမကုန်ခင် LDC များရခြင်းနဲ့ လာမည့်နွေအတွက် စိုးရိမ်သောကဖြစ်ကြရခြင်းဆိုပြီး နှစ်ချက် တွေ့ရပါတယ်။

(က)မိုးမကုန်ခင် LDCများနေရခြင်း

မှန်ပါတယ်။ Install Capacity အရဖြစ်စေ။ ရေအားကို အားထားရတယ်ဆိုပေမဲ့ လက်ရှိ Generation အချိုးအဆအရ သိပ်မကွာလှပါပု။ လက်ရှိထုတ်လုပ်မှု Update အရဆိုရင် ရေအား 54%နဲ့ GTက 43%‌နဲ့ အခြား (Solar+ Coal) 3%လောက်နဲ့ မောင်းနှင်နေပါတယ်။ ဒါကိုကြည့်ရင်ပဲ ရေအားသည် ဓာတ်အားစနစ်၏ တဝက်ကျော်ယုံပဲ အလုပ်လုပ်နေရတဲ့လဏ္ခာကို ရှင်းလင်းစွာ မြင်ရပါမယ်။ ရေတမံများ၏ ရေဝင်ရောက်မှု အခြေအနေများကို လေ့လာကြည့်တဲ့အခါမှာလည်း ရေပိုလွှဲမှ ရေကျော်နေတဲ့အခြေအ‌နေဟာ ယနေ့အထိရှိနေပြီး ရေအားစက်တွေ၏ သဘောသဘာဝအတိုင်း ထုတ်လုပ်နိုင်စွမ်းအပြည့် လိုက်ပြီး မောင်းနှင်ပေးထားပါတယ်။

နောက်အထူးဖော်ပြချင်တာက ရွှေလီကဲ့သို့ စက်ရုံကြီးအပါ အဝင် ရေအားစက်ရုံ (၇)ခု ဓာတ်အားစနစ်ကို မဝင်နိုင်ပါဘူး။ ပမာဏများပါတယ်။ ဓာတ်အားစနစ်၏ အခြေအနေက အရင်လို နွေမိုးဆိုတာထက် အဲ့သလိုမမျှော်လင့်နိုင်သော အခြေအနေမှာ မူတည်နေတယ်လို့ပဲ ပွင့်ပွင့်လင်းလင်းပြောရမှာပဲ။

ရာသီဥတုအပြောင်းအလဲသည် ဓာတ်အားရရှိမှုကို သိသာသော အပြောင်းအလဲကို ဖြစ်စေပါတယ်။ အထူးသဖြင့် လူနေထူထပ်၍ သုံးစွဲမှုများသော ရန်ကုန်ဟာ Load Flow အတက်အကျ အကြမ်းဆုံးဟုဆိုနိုင်ပါတယ်။ ၎င်းအတွက်ကြောင့် ဌာနအလိုက်ဓာတ်အားခွဲမှုအချိုးအစားထက်ကျော် လွန်သုံးစွဲသည်ပဲဖြစ်စေ၊ အရေးပေါ်အခြေအနေအရ ဝန်အား ထိန်းညှိချင်လို့ပဲဖြစ်စေ Loadဖြုတ်ချရတာ အလွယ်ဆုံးဖြစ်တဲ့ ရန်ကုန်က ပိုခံရတဲ့သဘောမှာ ရှိပါတယ်။

အချုပ်ပြောရရင် လက်ရှိဓာတ်အားစနစ်သည် ရေအားကို 100%မှီခိုနေရတာမျိုးမဟုတ်ပဲ Mix Generation ဟုခေါ်သော အချိုးကျ ရောနှောနေသော ဓာတ်အားစနစ်ပုံစံနဲ့ လည်ပတ်နေပါတယ်။ သဘာဝဘေးအပါ တခြားသောကိစ္စရပ်များနဲ့ စက်များကောင်းမွန်သည့်တိုင်အောင် မထုတ်လုပ်နိုင်တဲ့အနေအထားလည်းရှိပါတယ်။

(ခ) နွေရာသီအတွက် ဓာတ်အားအခြေအနေ

သိပ်အားရလှတာမရှိပါဘူး။ ဒီအနေအထားအတိုင်း မပြတ်ပေးနိုင်ဖို့ပဲ ရေအားစက်ရုံထိန်းမောင်း၊ GTတွေကို ထိန်းပြင်လုပ်နဲ့ပဲ မဖြစ်မညစ်လည်ပတ်နေဦးမှာပါ။ဒီနွေမတိုင်မှီ လက်တလောစီမံကိန်း ကြီးကြီးမားမား ဝင်ရောက်ဖို့ မကြားမိသေးပါဘူး။ ဆောက်ရွက်ဆဲ (30) MWဆိုလာစီမံကိန်း တချို့ပဲရှိနိုင်ပါမည်။ သတင်းကောင်းတခုတော့ ပျက်နေတဲ့ဟာတွေ မဖြစ်မနေ ကြိုးစားပြင်ဖို့ရှိတယ်ဆိုတာပါပဲ။

ဆိုလာဝယ်ဖို့၊ အင်ဗာတာတပ်ဖို့ တိုင်ပင်သူများ နှစ်ခါပြန်မစဉ်းစားပဲ ငွေကြေးတတ်နိုင်ရင်ဆောင်ရွက်ပါ။ အရင်တုန်းက သမားရိုးကျစဉ်းစားမှုမျိုးအတိုင်း နွေပိုပြတ်၊ မိုးမီးပိုလာမယ်ဆိုတာ 100%မမှန်တော့ပါဘူး။ ဓာတ်အားလိုင်းများ လုံခြုံဘေးကင်းရေးသည်သာ ဓာတ်အားရရှိရေးအတွက် ရာသီသုံးခွင်စလုံး မှီတည်နေရပါကြောင်း သိရှိရသမျှ သုံးသပ်လိုက်ရပါသည်။

Credit to KS

26/10/2024

ပြသနာရင်းမြစ်က
MGI org ရဲ့ လုပ်စားကွက် ကို သိရက်နဲ့ဖြစ်စေ မသိလို့ဖြစ်စေ လိုက်ရင်း လိုက်ရင်းနဲ့ ထဖြစ်ကြတာ

MGI က တကယ်တော့ Miss ဆိုတဲ့ value Crown ဆိုတာကို စီးပွါးရေး တွက်တွက်ပြီး
Income ရအောင်လုပ်တဲ့ Business ကြီး
Miss Grand International Public Company Limited .ဆိုတာ မြန်မာ တေ မသိတာ .. နားမလည်တာ

-ကိုယ့်မှာသက်သေအထောက်အထား ခိုင်လံုရင်Public Company Limited ရဲ့ လုပ်ထံုးလုပ်နည်းနဲ့ ကိုက်ညီမှုရှိမရှိရယ်

-ကမ္ဘာ တဝှန်းက ပြိုင်ပွဲဝင်အမျိုးသမီးတေနဲ့
ယံုကြည်မိတဲ့သူ တရပ်လံုး ကို အလွဲသံုးစားလုပ်ထားတာကို ကမ္ဘာသံုးမီဒီယာက ပြန်အောင် ဖြန့်ပေတော့

ဘာပဲဖြစ်ဖြစ်အတွေ့အကြံု ရလိုက်တာပေါ့
ဒါဟာ အမြတ်ပါပဲ .. နောင် တော်ရံု
Crown ဆိုတာနဲ့ တွက် ချက် ယံုစားဖို့ပဲပေါ့ ...

နောက်တခုက
နီနီ နဲ့ ထူးအံ့လွင်နဲ့သီးသန့်ရှင်းရမည့်ကိစ္စ( ဒဲ့မေး
ဒဲ့ရှင်း လိုင်းပေါ်မတင်နဲ့ မှားတဲ့လူတောင်းပန်
ကိုယ့်မြန်မာအချင်းချင်း ကို live မှာ ဘယ်သူက ဘသူ့ကို ဘာပြောတယ်ဆိုတဲ့ ကလေး အကွက်တေ ထဲ ၂ ဖက်လံုး ဝင်ကစားစရာမလိုဘူး

ဒါက ၂ ဖက်လံုး ပါးပါးနပ်နပ် နဲ့ ရှင်းလိုက်ရင်
ပြီးသွားမှာ

တဖက် က သူ့စီးပွါးရေးအတွက် ၂ ဖက်လံူးရန်တိုက်အမြတ်ထုတ်နေတာ အသိ ဝင်ကြဖို့ပါပဲ.

မြန်မာတေ ပိုပြီး ပါးနပ်ဖို့ သတိချပ်ပါလို့ပဲ ပြောပါရစေ

25/10/2024

MGI is In......
2nd MM .....

🥵

ကမ္ဘာကြီးမှာပင်လယ်ရေအတိုးအဆုတ်သီအိုရီရှိတယ်လူ့သက်တမ်းနှစ်တစ်ရာလောက်အတွင်းမျက်မြင်ဆိုသနပ္ပင်ခရိုင်မောက်မောက်ကျေးရွာအဖိုးတ...
22/10/2024

ကမ္ဘာကြီးမှာပင်လယ်ရေအတိုးအဆုတ်သီအိုရီရှိတယ်
လူ့သက်တမ်းနှစ်တစ်ရာလောက်အတွင်းမျက်မြင်ဆို
သနပ္ပင်ခရိုင်မောက်မောက်ကျေးရွာအဖိုးတို့နေခဲ့တာပင်လယ်ရေတိုးလို့ကမ်းပြို
ရွာလုံးကျွတ်ပြောင်းပြေးတာ
ရွာကရေအောက်ရောက်သွားတယ်
2020 လောက်ကအဲ့ရွာမှာတည်ထားတဲ့ဘုရားထီးတော်ပြန်ပေါ်လာတယ်
ကုန်းမြင့်တစ်ချို့ပြန်ပေါ်လာတယ်
နောက်တစ်ခုကငပလီကမ်းခြေကခရုနဲ့မေမြို့ဝက်ဝံကခရုတွေအမျိုးအစားအတူတူဘဲ
အဲ့တာကတော့ဘူမိသက်တမ်း
နှစ်ပေါင်းသန်းများစွာ....

Credit to original writer

20/10/2024

ပန်ထွာဘုရင်မ

20/10/2024
ဆရာကြီး ဒေါက်တာဇော်မြင့်မောင်အား .နောက်ဆံုး နှုတ်ဆက်ဂါရဝပြုခြင်း။Credit to original uploader
08/10/2024

ဆရာကြီး ဒေါက်တာဇော်မြင့်မောင်အား .နောက်ဆံုး နှုတ်ဆက်ဂါရဝပြုခြင်း။

Credit to original uploader

08/10/2024

ဆရာကြီး ဒေါက်တာဇော်မြင့်မောင်အား .နောက်ဆံုး နှုတ်ဆက်ဂါရဝပြုခြင်း။

Credit to original uploader

ကျောက်ဖြူမှာ ရွှံ့မီးတောင်ပေါက်ကွဲ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ထဲမှာ စိုင်ခြုံကျေးဝရွာအနီးမှာ ရွှံ့မီးတောင်ပေါက်မှု အ...
07/10/2024

ကျောက်ဖြူမှာ ရွှံ့မီးတောင်ပေါက်ကွဲ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ထဲမှာ စိုင်ခြုံကျေးဝရွာအနီးမှာ ရွှံ့မီးတောင်ပေါက်မှု အောက်တိုဘာလ ၅ ရက်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပေါက်ကွဲခဲ့တဲ့မီးတောင်ဟာ ဝက်အင်းနဂါးနာမည်ရတဲ့ မီးတောင် ၄ ခုပါ မီးတောင်အုပ်စုထဲက မြောက်ဘက် အစွန်ဆုံးမီးတောင် ပေါက်ကွဲခဲ့တာလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

မီးတောင် ပေါက်ကွဲမှုကနေ ထွက်တဲ့ ရွှံ့ရည်ပူတွေဟာ ၁၀ ပေခန့်အထိ လွင့်စင်ပေါက်ကွဲခဲ့ပြီး ဘေးပတ်လည် ပေ ၃၀၀ ခန့်အထိ ရွှံ့ချော်ရည်တွေ ဖုံးခဲ့တယ်လို့ ဆိုပါတယ်။
Credit to BBC Myanmar

နိုင်ငံတော်ကို အကြည်ညိုပျက်စေမယ် ဆိုတဲ့ အချက်ကြောင့် Gangubai ကို Oscar မတင်ခဲ့တာ - အမည်ဖျောက် Insider Film Critic တစ်ဦး...
07/10/2024

နိုင်ငံတော်ကို အကြည်ညိုပျက်စေမယ် ဆိုတဲ့ အချက်ကြောင့် Gangubai ကို Oscar မတင်ခဲ့တာ - အမည်ဖျောက် Insider Film Critic တစ်ဦး

" US မှာ ရုံလာတင်တော့ ထုံးစံအတိုင်း ဆုပေးပွဲတွေအတွက်ရော ရုပ်ရှင် ဝေဖန်ရေးအတွက်ရော ဇာတ်ကားကို ကြည့်ခဲ့ရပါတယ် ။ ရုပ်ရှင်ဆုပေးပွဲရာသီနီးလာတော့ အထူးသဖြင့် အော်စကာ နဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲအတွက် English မဟုတ်သော အကောင်းဆုံး နိုင်ငံခြားဘာသာစကား ဇာတ်ကား ဆု အတွက် စရင်းတင်ကြတော့မယ့် ရာသီရောက်ခါနီးမှာ India ဟာ Gangubai ကို စရင်းတင်မယ်လို့ သတင်းကြိုကြားခဲ့ရပါတယ် ။ Critics တွေဆီကနေ မင်းသမီး နာမည်သေချာမမှတ်မိဘူး အာလီယာ ဘာဆိုလား ထင်တယ် အတွက် အပြင် Production Design , Make Up နဲ့ Cinematography တို့အတွက်ပါ အကောင်းပြောတာခံထားရတော့ India ရုပ်ရှင် အသိုင်းအဝိုင်း ကပါ ဒီကားကို မျက်စိကျကြပါတယ် ။ ဒါပေမယ့် တကယ် စရင်းတင်လာတော့ Gangubai မဟုတ်ပဲ RRR ဖြစ်နေပါတယိ ။ ကိုယ်ပဲ အသိမှားတာဖြစ်ပါမယ်လို့ ထင်ခဲ့ပေမယ့် နောက်မှ သိခဲ့ရတာက Gangubai က အဖြုတ်ချခံခဲ့ရတာပါ။ နိုင်ငံတွင်းမှာ ဆင်ဆာမထားသလို အနုပညာမှာ ကန့်သတ်မှုမလုပ်ပေမယ့် ဇာတ်ကားထဲမှာက မင်းသမီးက ပြည့်တန်ဆာ လုပ်ရုံ မက ပြည့်တန်ဆာရပ်ကွကါရှိကြောင်း ဘာသာရေးကျောင်းကို မထီမဲ့မြင်ပြုကြောင်း အစရှိသဖြင့် ဇာတ်ကွက်တွေကိုတော့ အော်စကာလို ပွဲမျိုးအထိ နိုင်ငံတကာတင်ပြပြီး ဆုရွေးခံရရင် နိုင်ငံတော် အကြည်ညိုပျက်စေမယ် ဆိုတဲ့ အစိုးရဘက်က ရုပ်ရှင်အသိုင်းဝိုင်းဘက်ကို ပြောလာတာကြောင့် ကားပြောင်းပြီး RRR ကို တင်လိုက်တာ လို့သိရပါတယ် ။ စိတ်တော့မကောင်းဘူးပေါ့ ။ ဒီကားက အတ္ထုပ္ပတ္တိကားဆိုတောါ အပြင်မှာရှိတဲ့ ဂန်ဂူးဘိုင်းကို အားနာစရာဖြစ်တယ် ။ ဒါပေမယ့်လည်း သူတို့အရှုံးမရှိပါဘူး RRR က Oscar တစ်ဆု India ကို ရအောင်ယူပေးခဲ့တာပါပဲ "
Credit to original uploader

06/10/2024

အခြားနိုင်ငံတခုက ရထားတေလဲ လှေကားခံု
အသံုးပြုရပါတယ် ..

ဘွဲ့နှင်းသဘင်နဲ့ တရုတ်နဂါး------ ------ ------ ----- -----မကြာခင် ရက်ပိုင်းအတွင်း 'ဖိုးလ' (ဆရာမြသန်းတင့်သား)က ည ၁၁ နာရီလ...
31/08/2024

ဘွဲ့နှင်းသဘင်နဲ့ တရုတ်နဂါး
------ ------ ------ ----- -----

မကြာခင် ရက်ပိုင်းအတွင်း 'ဖိုးလ' (ဆရာမြသန်းတင့်သား)က ည ၁၁ နာရီလောက် တယ်လီဖုန်းဆက်လို့ ဖုန်းကိုင်လိုက်တယ်။ ဘာကိစ္စလဲမေးတော့ ဦးလေး တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ နဖူးစည်းပေါ်က နဂါး နှစ်ကောင်နဲ့ပတ်သက်ပြီး ဘာဖြစ်လို့ တက္ကသိုလ်နဂါး ဖြစ်နေတာလဲလို့ အမေးရှိလာပါတယ်။ ပထမတော့ အတော် ကြောင်သွားတာကိုး။ ညကြီးအချိန်မတော် ဒီကောင်လေး ဘာတွေလာမေးနေသလဲပေါ့။ ဒီအချိန်ကြီးမေးရအောင် ပြဿနာမှလည်း မဟုတ်တာ။ စိတ်ထဲတမျိုးဖြစ်လို့ ပြန်မေးလိုက်တယ်။

''ဟေ့ကောင် ဖိုးလ ညကြီးအချိန်မတော် ဘာတွေစာရင်းရှုပ်နေတာလဲ''

''စာရင်းရှုပ်တာ မဟုတ်ဘူး ဦးလေးရေ။ ကျွန်တော်တို့ ရှင်းမရတဲ့ ပြဿနာတခုရှိလို့ ဦးလေးတော့သိမှာပဲဆိုပြီး လှမ်းမေးတာ။ ဘွဲ့နှင်းသဘင်ခန်းမ နဖူးစည်းမှာရှိတဲ့ နဂါးနှစ်ကောင် ဦးလေးသိပါတယ်။ အဲဒီနဂါးတွေဟာ ဗမာ နဂါးမဟုတ်ဘဲ ဘာဖြစ်လို့ တရုတ်နဂါး ဖြစ်နေရတာလဲဆိုတာ သိချင်လို့ပါ။ ပဟေဠိဖြစ်နေလို့ပါ''

''အေး မင်းမေးတဲ့မေးခွန်းက ငါ ငယ်ငယ်က သိချင်ခဲ့တဲ့ မေးခွန်းပဲ။ ငါ တက္ကသိုလ်ရောက်ပြီး ၃-၄ နှစ်အကြာမှ အဲဒီနဂါးကို စိတ်ဝင်စားလာတယ်။ ငါနဲ့ရင်းနှီးတဲ့မိတ်ဆွေတချို့၊ ဆရာတချို့ကို မေးမြန်းခဲ့ဖူးတယ်။ ကျေနပ်လောက်တဲ့အဖြေ ဘယ်သူ့ဆီကမှမရခဲ့ဘူး။ ၁၉၅၄ ခုနှစ်မှာ ငါသတင်းစာလောက ရောက်လာတယ်။ သတင်းစာဆရာကြီးတချို့နဲ့ သိခဲ့ကျွမ်းခဲ့တယ်။ ဦးညိုမြ၊ ဦးထင်ဖတ်၊ ဦးစိုးမောင်၊ ဦးတင်၊ ဦးစိန်၊ ဘကြီးဘဘေ၊ ယူပီအိုင်ဦးဘသန်း၊ ကြီးပွားရေး ဦးလှ၊ ဆရာကြီးရွှေဥဒေါင်း၊ ကြော်ငြာဦးစံတင်၊ ဦးလှ ထွန်းဖြူ၊ ဦးထွန်းဖေ၊ ဦးအုန်းခင် စသူတွေပေါ့''

''သူတို့တွေထဲမှာ သူရိယသတင်း စာတည်ထောင်သူ အယ်ဒီတာချုပ် ဘကြီးဘဘေနဲ့ အတော်ရင်းနှီးခဲ့တယ်။ ဦးဘဘေဆိုတာ ဝိုင်အမ်ဘီအေ တည်ထောင်သူ။ ဗမာပြည်အုပ်ချုပ်ရေးတိုးတက်ရရှိရေးအတွက် အိန္ဒိယနိုင်ငံသွားပြီး မွန်တေဂူ ချမ်းစ်ဖို့နဲ့တွေ့ခဲ့သူ။ အုပ်ချုပ်ရေးတိုးပေးခဲ့တဲ့ထဲမှာ ဗမာပြည်မပါတာကြောင့် အုပ်ချုပ်ရေးတိုးတက်ရရှိရေး အင်္ဂလန်သွားတဲ့ 'ဘေပုရှိန်'ကိုယ်စားလှယ်တော်ကြီး ၃ ဦးအနက်တဦးဖြစ်တယ်။ အဲဒါအပြင် ၁၉၂ဝ ပြည့်နှစ် ပထမကျောင်းသား သပိတ်ကာလအမျိုးသားပညာရေးအဖွဲ့ ထူထောင်ရာမှာ ပါဝင်ခဲ့သူဖြစ်သကိုး''

အမျိုးသားကျောင်းတချို့နဲ့ အမျိုးသားပညာရေး အဖွဲ့ပျက်သွားပြီးတဲ့နောက် ဒိုင်အာခီခေတ်မတိုင်မီနဲ့ ဒိုင်အာခီခေတ်ကာလအတွင်း ဘကြီးဘဘေဟာ ရန်ကုန်တက္ကသိုလ် ဆောက်လုပ်ရေးကော်မတီဝင်၊ ရန်ကုန်တက္ကသိုလ် အဆောက်အဦများထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်တဦးလည်း ဖြစ်သည်။

ဖိုးလမေးခွန်းကို စာရေးသူလည်း ဘကြီးဘဘေနဲ့အမျိုးသားတက္ကသိုလ်ကျောင်းအုပ်ကြီးဦးပုကို မေးခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ မင်းသိချင်သလို ငါသိချင်တဲ့ အဖြေမရသေးတဲ့အတွက် စိတ်ထဲမှာ မကျေမနပ်ဖြစ်ခဲ့တာ ကလား။

''ဘေပုရှိန်နဲ့ ၁၉၂ဝ ပထမသပိတ်အကြောင်း စာအုပ်ရေးဖိုးမေးတဲ့အခါ အဲဒီမေးခွန်း ဘကြီးဘဘေနဲ့ ဦးပုကို မေးဖြစ်ခဲ့တယ်။ ဒါပေမဲ့ အဲဒါကကြာပြီ။ ၁၉၆၅-၆၆ လောက်က မေးခဲ့တာ။ ကြာလှပြီ ခုဆို ၅၃ နှစ်ရှိပြီ။ ငါ့မှတ်စုတွေ ပြန်ရှာရင် တွေ့နိုင်မယ်ထင်တယ်။ မင်းမေးတာ ကျေးဇူးပဲ။ ပြန်ရှာဖြစ်တာပေါ့''

x x x

ဖိုးလအမေးကြောင့် မှတ်စုတွေပြန်ရှာတဲ့အခါ တော်တော်လေး ရှာလိုက်ရသပေါ့။ ၂၊ ၃ ရက်အချိန် ပေးရတယ်။ ရှာနေရင်း စိတ်ထဲမှာ စနိုးစနောင့်ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စာရေးသူ အဖမ်းခံရတဲ့အခါတိုင်း စစ်ထောက်လှမ်းရေးက စာအုပ်တွေသိမ်းသွားခဲ့လို့။ သိမ်းတဲ့အထဲ ပါသွားမလားလို့ပေါ့။ ဒါပေမဲ့ ကံအားလျော်စွာ ဖုံတွေအလိမ်းလိမ်းကပ်ငြိနေတဲ့ မှတ်စုစာအုပ်တွေကို တွေ့ပါတယ်။ ဖုံတွေရှင်းပြီး အထဲမှာ မသဲမကွဲ မှိန်နေတဲ့ မှတ်စုစာတချို့ကို တွေ့ရပါတယ်။ မှတ်စုစာအုပ်ရဲ့အလယ်လောက်မှာ မင်အနက်နဲ့ ရေးထားတဲ့ ခေါင်းစည်းတခုတွေ့ပါတယ်။ 'တရုတ်နဂါး'ဆိုတဲ့ ခေါင်းစဉ်ပါ။

ဘကြီး ရန်ကုန်တက္ကသိုလ် အဆောက်အဦတွေ ဆောက်စဉ်က ဘကြီးဟာ အဆောက်အဦတွေ ဆောက်လုပ်တဲ့ အဖွဲ့မှာပါတယ်လို့ သိရတယ်။ ဘွဲ့နှင်းသဘင်လောက်လုပ်တဲ့အကြောင်းတွေကို နည်းနည်းပြောပါဦး။ ဘွဲ့နှင်းသဘင်အပါအဝင် သထုံ၊ ပဲခူး၊ ပင်းယ၊ အင်းဝ စတဲ့ အဆောင်တွေဆောက်တဲ့ အကြောင်းပေါ့။

''ဟုတ်တယ်၊ ဆောက်လုပ်ရေး အဖွဲ့မှာပါတယ်။ တို့ပါတဲ့ အဆောက်အဦအဖွဲ့က တကောင်း၊ ပြည်၊ ပုဂံ အဆောင်တွေဆောက်တဲ့အဖွဲ့ မဟုတ်ဘူး။ တို့အဖွဲ့က ၁၉၂၆-၂၇ မှာ ဆောက်တဲ့အဖွဲ့ဖြစ်တယ်။ ဘွဲ့နှင်းသဘင်အဆောက်အဦကိုလည်း တို့အဖွဲ့က ဆောက်ခဲ့တာပါ။ ဒါပေမဲ့ တို့အဖွဲ့က ဆောက်တယ်ဆိုပေမဲ့ တို့က ဘာမှပြောပိုင်ဆိုပိုင်ခွင့်ရှိတာ မဟုတ်ဘူး။ နောက်ပြီးပြောရဦးမယ်။ နယ်ချဲ့အစိုးရဟာ ဒီတက္ကသိုလ်ကို သူတို့က အရင်းစိုက်ထုတ်ဆောက်လုပ်ပေးချင်တာမဟုတ်ဘူး။ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်ချင်တာ။ ပြောပြမယ်။ ပထမ အခု တက္ကသိုလ်မြေနေရာကို အစိုးရက သိမ်းလိုက်တယ်။ ဦးဘကျော်က မခံနိုင်လို့ အစိုးရကို တရားပြန်စွဲလို့ လျော်ကြေးငွေ ၈ သိန်းနဲ့ အဲဒီနေရာတွေမှာရှိတဲ့ အင်ယားရွာဟောင်း၊ ဘုန်းကြီးကျောင်း စတာတွေကို မြေနေရာအစားပေးခဲ့ရတယ်''

ရန်ကုန်တက္ကသိုလ်ကို စတင်တည်ထောင်တဲ့ အချိန်တက္ကသိုလ်အတွက် ဘဏ်မှာအပ်ထားတဲ့ငွေ ၁ သိန်း ၄ သောင်း ၂၇ ကျပ် ၂ ပဲ ၄ ပိုင် (၁၄ဝ,ဝ၂၇ိ/ - ၂ ပဲ- ၄ ပိုင်)နဲ့ အစိုးရငွေစုစာချုပ်က ၃ သိန်း ၄ သောင်း ၃ ထောင် ၂ ရာ (၃၄၃၂ဝဝိ/-)ရှိတယ်။ လက်ဝယ်ရှိငွေသား ၄၉ ကျပ် ၁၄ ပဲသာရှိပါသတဲ့။ တက္ကသိုလ်ဟာ အစိုးရကို အားမကိုးဘဲ အဆောက်အဦဆောက်ဖို့နဲ့ ကိုယ့်ငွေနဲ့ ကိုယ်ရပ်တည်နိုင်ဖို့ ရန်ပုံငွေအဖွဲ့။ (Rangoon University Endowment Fund) တည်ထောင်ရန် တက္ကသိုလ်အဓိပတိ ဗမာပြည် ဒုတိယဘုရင်ခံ ဆာဟာကုတ်ဘတ္တလာ (Sir Harcourt Butler)က ၁၉၂၇ ခုနှစ်က တည်ထောင်ခဲ့တယ်။ အဲဒီအဖွဲ့ရန်ပုံငွေရှာတာ ရိုးရိုးမဟုတ်ဘူး။ အာဝါဒေးဖွင့်ပြီး (ဗမာပြည်အနှံ့ လောင်းကစားဝိုင်းတွေလုပ် အကောက်အစားတွေ ယူတဲ့နည်း)။ ရတဲ့အကောက်အစားကို တက္ကသိုလ်ရန်ပုံငွေလုပ်တယ်။ တိုင်းသူပြည်သားက မွဲဆေးဖော်ပေးလိုက်တာပေါ့။

နောက်တနည်းက များများလှူသူကို ကေအက်စ်အမ် (K.S.M)ခေါ် ကျက်သရေဆောင် ရွှေစလွယ်ရ မင်းတံဆိပ်။ အေတီအမ် (A.T.M)ခေါ် အမှုထမ်းကောင်းမင်းတံဆိပ် ဘွဲ့ထူးဂုဏ်ထူးတွေပေးတယ်။ အလှူငွေ မတန်တဆလှူ သူကို အယ်လ်အယ်လ်ဘီ (L.L.B)ဂုဏ်ထူးဆောင်ဥပဒေပါရဂူဘွဲ့ ပေးအပ်တယ်။

တက္ကသိုလ်အားကစားရုံနဲ့ လဟာပြင်ကပွဲရုံ ဆောက်လုပ်ရန် သူဌေးမစ္စတာ ချန်ချောခိုင်က ငွေတသိန်း (၁ဝဝ,ဝဝဝ)နဲ့ ဘဏ်လုပ်ငန်းနဲ့ ဝါဏိဇ္ဇပညာရပ်များ သင်ကြားရန် ချစ်တီးအမျိုးသားသူဌေးက ငွေကျပ် ၁ သိန်း ၅ သောင်း ၂ ထောင် ကျပ် (၁၅၂ဝဝဝိ/)ကို လှူဒါန်းကြတယ်။ တက္ကသိုလ်စာကြည့်တိုက်ဆောက်ရန် ငွေ ၂ သိန်းလှူခဲ့တဲ့ သူဌေးရာဂျာ-ရာမာနသာ ရက်ဒီယားနဲ့ တက္ကသိုလ်ကျောင်းသား သမဂ္ဂအဆောက်အဦ ဆောက်လုပ်ရန်နဲ့ တက္ကသိုလ်လှေအသင်းအတွက် ၂ သိန်း (သမဂ္ဂအတွက် ၁ သိန်း ၇ သောင်း၊ လှေသင်းအတွက် ၃ သောင်း) လှူတဲ့ သူဌေးဦးညိုတို့ကို (L.L.😎 ဂုဏ်ထူးဆောင်ဥပဒေပါရဂူ ဒေါက်တာဘွဲ့ချီးမြှင့်ခဲ့တယ်။

ဘီအိုစီကုမ္ပဏီိမှ အင်ဂျင်နီယာနဲ့ သတ္တုတွင်းတူးဖော်တဲ့ ပညာသင်ကြားရန် ဆောက်လုပ်လှူဒါန်းတဲ့ စတာလင်ပေါင် ၁ သိန်းတန် အဆောက်အဦကို ဆောက်လုပ်လှူဒါန်းခဲ့တယ်။ ဘီအိုစီက အဲဒီအဆောက်အဦ လှူဒါန်းလိုက်တဲ့အတွက် လုပ်ပိုင်ခွင့်တွေ အများအပြားရခဲ့တယ်။ (ဘီအိုစီကောလိပ်ပါ)

နှစ်ပေါက်အကောက်အစားရတဲ့ငွေ အလှူခံရတဲ့ငွေက ၄၇ သိန်း ၇ သောင်း ၉ ထောင် ၉ ရာ ၃ ကျပ်၊ ၁ ပဲ ၅ ပိုင် (၄၇၇၉၉ဝ၃ိ- ၁ ပဲ- ၅ ပိုင်)ရခဲ့တယ်။ အဲဒီရန်ပုံငွေမှာ အများစုက အကောက်အစားက အများစုရတာဖြစ်တယ်။ ဒါ ကြောင့် ဒီးဒုတ်ဦးဘချိုတို့၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့က ''မင်းရို့ တက္ကသိုလ်ဆိုတာ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တဲ့ တက္ကသိုလ်ပါကွာ''လို့ မိန့်မြွက်ခဲ့ပါတယ်။

x x x

၁၈၈၂-၈၃ ခုနှစ်တွေမှာ အင်းယားကန်ကို စတင်ဆယ်တယ်။ ကန်ပေါင်တင်တယ်။ အဲဒီကတည်းက အင်းယားကန်ပတ်လည်က သစ်တော၊ တောင်ကုန်း၊ ချိုင့်ဝှမ်းတွေကို ခုတ်တန်ခုတ်၊ ဖြိုတန်ဖြို၊ ဖို့တန်ဖို့ လုပ်ထားပြီးပါပြီ။ ရန်ကုန်တက္ကသိုလ်ဥပဒေကို ပြဋ္ဌာန်းလိုက်တဲ့အချိန်မှာ ကျောင်းသားတွေရော၊ ပြည်သူတွေပါ တက္ကသိုလ်ဥပဒေကို မကျေနပ်လို့ ကန့်ကွက်သပိတ်မှောက်လိုက်ကြတယ်။ အဲဒါအပြင် တက္ကသိုလ်အဆောက် အဦများ ဆောက်လုပ်ရေးအတွက် ငွေ ကြေးမပြည့်စုံသေးလို့ စောင့်ဆိုင်းခဲ့ရတယ်။ အဆောက်အဦတွေ စတင်ဆောက်လုပ်ဖို့ ၁၉၂၁ ခုနှစ်လောက်က မြေပြင်ဆင်တယ်လို့သိရတယ်။ အဲဒီနေရာဟာ သစ်တောတွေ၊ တောင်ကုန်းတွေ၊ ချိုင့်ဝှမ်းတွေဖြစ်နေလို့ သစ်ပင်တွေ ခုတ်လှဲ၊ တောင်တွေဖြို၊ ချိုင့်တွေဖို့၊ လမ်းတွေ ဖောက်လုပ်ခဲ့တယ်။

အစောဆုံးဆောက်လုပ်တဲ့ အဆောင်တွေက တကောင်း၊ ပြည်၊ ပုဂံဆောင်တွေပါ။ အဲဒီအဆောင်တွေက ကတိုက်ကရိုက်ဆောက်ရတာလို့ ဆိုတယ်။ လက်ရှိ ရန်ကုန်ကောလိပ်မှာ အိပ်ဆောင်မရှိလို့ ငှားရမ်းပြီး အဆောင်လုပ်ရတယ်။ ဒါလည်း ကျောင်းသားနဲ့မဆံ့ တကောင်း၊ ပြည်ဆောင်တို့ကို သစ်နဲ့ဆောက်ရတယ်တဲ့။ အဆောက်အဦတွေဆောက်လုပ်ဖို့ သစ်၊ သံ၊ အုတ်၊ ဘိလပ်မြေ စတာတွေ စုဆောင်းရတယ်။ တပြိုင်နက်ထဲမှာ အဆောက်အဦအတွက် နိုင်ငံခြား(ဥရောပ)က ဗိသုကာပညာရှင်တွေကို အဆောင်ပုံစံတွေနဲ့ ဘွဲ့နှင်းသဘင်ခန်းမပုံစံတွေ ရေးဆွဲစေခဲ့တယ်။

အစောဆုံးပြီးတဲ့အဆောင် ၂ ဆောင်က တကောင်း၊ ပြည်ကျောင်းဆောင်များဖြစ်တယ်။ ၁၉၂၃ ခုနှစ်စမှာ ပြီးသတဲ့။ ပုဂံဆောင်ကတော့ ၁၉၂၅ ခုနှစ်ထိ ဆောက်ဆဲပါ။ အဲဒီအဆောင်တွေက ဗမာ့သမိုင်းထဲမှာ အစီအရီဖြစ်တည်လာခဲ့တဲ့ သမိုင်းစဉ်ကို လေးစားဂုဏ်ပြုတဲ့အနေနဲ့ အမည်ပေးခေါ်ဝေါ်တာလို့ သိရပါတယ်။

ကျန်တဲ့အဆောက်အဦတွေဆောက်ဖို့ ဥရောပက ဗိသုကာပညာရှင်တွေနဲ့ ပုံစံရေးဆွဲတာ။ အုတ်၊ သံ၊ သွပ်၊ သစ်၊ ဘိလပ်မြေ စတာတွေ စုဆောင်းဝယ်ယူရတာ။ ကျန်တဲ့ ပင်းယ၊ စစ်ကိုင်း၊ ပဲခူး၊ သထုံဆောင်တွေကို ၁၉၂၆ ခုနှစ်လောက်မှာ စတင်ဆောက်လုပ်ပြီး ၁၉၂၇ အကုန် ၁၉၂၈ စလောက်မှာ လက်စသတ်သတဲ့။

၁၉၂၆-၂၇ ခုနှစ်မှာ ဘွဲ့နှင်းသဘင်ခန်းမကို စတင်ပါသတဲ့။ ဥရောပဗိသုကာတွေက ပုံစံရေးဆွဲပြီး တရုတ်ပန်းရန်ဆရာတွေ၊ လက်သမားတွေကို စင်ကာပူကခေါ်ပါသတဲ့။ စင်ကာပူကလာတဲ့ ပန်းရန်ခေါင်း ဆောင်၊ လက်သမားတွေအားလုံး တရုတ်တွေပါ။ အင်ဂျင်နီယာတွေက ဥရောပတိုက်သားတွေ။

စင်ကာပူတရုတ်ပန်းရန်ဆရာတွေဟာ အဆောက်အဦပန္နက်ရိုက်တဲ့အချိန်ကစပြီး ဗမာတွေလိုပဲ ဆိုင်ရာ ပိုင်ရာကိုတင်မြှောက်တာပွဲပေးတာလုပ်ပြီးမှ စဆောက်တာ။ အဲဒါကနေ့ထိပဲ။ စင်ကာပူတရုတ်တွေတင်လား ဆိုတော့ မဟုတ်သေးဘူး။ ဗမာပြည်ကိုအုပ်ချုပ်နေတဲ့ ဘုရင်ခံကိုယ်တိုင်နဲ့ အာဏာပိုင်တွေအားလုံးနီးပါးဟာ ဗေဒင်တို့၊ စုန်း၊ နတ်၊ ကဝေတွေနဲ့ အစီအရင်တွေကို ယုံကြည်ဆိုကိုး။

ဗမာပြည်ဒုတိယဘုရင်ခံ ဆာရက်ဂျီနယ် ဟင်နရီကရက်ဒေါက် (Sir Reginald Henry Creddock)နဲ့ အာဏာပိုင်တို့က တက္ကသိုလ်တည်ဆောက်ရေးအတွက် မင်းတိုင်ပင်အမတ်အချို့၊ နယ်ချဲ့အလိုတော်ရိ တချို့မှတဆင့် မန္တလေးမှ ပုဏ္ဏားပညာရှိတချို့ကို ပင့်ဖိတ်ပြီး တွက်ချက်စေပါသတဲ့။

မင်းဆရာပုဏ္ဏားတော်များက အသေအချာတွက်ချက်စစ်ဆေးပြီး ယတြာချေတာ၊ အဆောင်လုပ်တာ၊ အစီအရင်လုပ်တာကို လုပ်စေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နယ်ချဲ့အစိုးရဟာ ဗမာပြည်ကို သိမ်းပိုက်စကတည်းက လက်နက်ကိုင်တော်လှန်ရေးတွေ နဲ့ကြုံကြိုက်ခဲ့ရတယ်။ ၁၉၁၇ ခုနှစ်မှာ အုပ်ချုပ်ရေး တိုးပေးဖို့ တောင်းဆိုခဲ့တယ်။ ၁၉၁၉ ခုနှစ်မှာ အင်္ဂလန်ထိသွားပြီး အုပ်ချုပ်ရေးတိုးပေးဖို့ ထပ်မံတောင်းဆို ပြန်တယ်။ ၁၉၂ဝ ဒီဇင်ဘာ ၅ ရက်နေ့မှာ ရန်ကုန် တက္ကသိုလ်ဥပဒေကို ကန့်ကွက်တဲ့အနေနဲ့ ကောလိပ် ကျောင်းသားတွေ သပိတ်မှောက်ရာက တနိုင်ငံလုံး သပိတ်မှောက်ခဲ့တဲ့အပြင် အမျိုးသားကျောင်းတွေ၊ အမျိုးသားပညာရေး၊ အမျိုးသားကောလိပ်တွေ ထူထောင်တဲ့အထိ နယ်ချဲ့အစိုးရကို ဆန့်ကျင်တိုက် ခိုက်ခဲ့တယ်။

ဒီလိုဆန့်ကျင်တိုက်ခိုက်မှုမျိုးဟာ ဗမာပြည်မှာသာရှိတယ်။ ဒီလို ပြင်းထန်တဲ့တိုက်ခိုက်မှုမျိုး တခြားကိုလိုနီိနိုင်ငံတွေမှာ မရှိခဲ့ဖူးဘူး။ ဗမာပြည်ရဲ့ ၁၉၂ဝ သပိတ်ဟာ အင်မတန်စူးရှထက်မြက်တဲ့ သပိတ်ဖြစ်လို့ နောင် ဒီလိုတိုက်ခိုက်မှုမျိုးမဖြစ်ရလေအောင် ယတြာနဲ့ အစီအရင်ထဲမှာ နဂါး ၂ ကောင်လည်း ပါတယ်။

ပုဏ္ဏားတော်တွေက တက္ကသိုလ်ရဲ့ အဓိကအဆောက်အဦဆောက်လုပ်ရာမှာ ယတြာအစီအရင်အနေနဲ့ အဓိကအဆောက်အဦရဲ့ အမိုး၊ နဖူးစည်း စတဲ့ အမြင့်ဆုံးနေရာမှာ တက္ကသိုလ်ကို အင်္ဂလိပ်က ထိန်းသိမ်းအုပ်ချုပ်မှုအောက်မှာရှိရမယ်ဆိုတဲ့ အဓိပ္ပာယ်သဘောပါတဲ့ အစီအရင်တခုပြုလုပ်စေပါသတဲ့။ အဲဒီအစီအရင်ဟာ တခြားမဟုတ်ဘူး၊ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမဆိုတာ ရန်ကုန်တက္ကသိုလ်ရဲ့ အဓိက အဆောက်အဦမဟုတ်လား။ ဒါကြောင့် ဘွဲ့နှင်းသဘင်အဆောက်အဦနဖူးစည်းမှာ တက္ကသိုလ်အမှတ် အသားတံဆိပ်ကို နဂါးနှစ်ကောင်ကစောင့်ကြပ်နေတဲ့ သဘောဖြစ်ပါသတဲ့။

ဒီနေရာမှာ နဂါးကို ဘာကြောင့်သုံးသလဲဆိုတာ နည်းနည်းရှင်းဖို့ လိုမယ်ထင်တယ်။

နဂါးဆိုတာကို နေ့သင့်နံသင့်ယူမယ်ဆိုရင် နဂါးဟာ 'စနေ'နံပါ။ ဗြိတိသျှဆိုတဲ့ အင်္ဂလိပ်ကလည်း စနေနံပါ။ ဗြိတိသျှဆိုတာရဲ့ အလယ်စာလုံး 'တိ'ဆိုတာကိုယူလို့ စနေဖြစ်တယ်။ ဗြိတိသျှဟာ စနေဖြစ်တယ်ဆိုတဲ့ အကြောင်း အောက်မှာဖော်ပြခဲ့တဲ့ စာချိုးလား၊ တဘောင်လား စနည်းလား မသိပါဘူး။ ဖတ်ကြည့်ပါ။

''အင်း- ကို- ဟင်္သာ- ဆင်းမည်။ ဆင်းရင်- လေး-နဲ့ခွင်းမည်။ ထို- မုဆိုး-ကို- ထီးရိုး-ရိုက်လိမ့်မည် ထီးရိုး-ကို- မိုးကြိုး-ပစ်မတဲ့ စာရှိပါသည်။

ဒီတဘောင်စာချိုးက ဘာကိုပြနေသလဲဆိုရင်

အင်း- ဆိုတာက အင်းဝ- ဟင်္သာ-ဆိုတာက ဟံသာဝတီပဲခူးမွန်တို့ကိုပြောတာ။ လေးမြားကိုင်တာက မုဆိုး-မုဆိုးဆိုတာ ရန်ကြီးအောင်၊ ကုန်းဘောင်၊ ရွှေဘို၊ မုဆိုးဘို၊ ရတနာသိင်္ဃဆိုတဲ့ ကုန်းဘောင်ဆက်။ ထီးရိုးဆိုတာ ဗြိတိသျှအင်္ဂလိပ်။ မိုးကြိုးက မီနာမီကီကန်း (အာရှတောင်ပိုင်းသိမ်းပိုက်ရေးအဖွဲ့ခေါင်းဆောင် ကာနယ်ဆူဇူကီးခေါ် ဗိုလ်မိုးကြိုး။)

ဒါကိုဆက်စပ်ကြည့်တဲ့အခါ အင်းဝကို မွန်တို့ တိုက်ခိုက်တယ်။ မွန်ကို အလောင်းဘုရားက တိုက်ခိုက် အောင်မြင်တယ်။ ကုန်းဘောင်ဆက်ကို ဗြိတိသျှနယ်ချဲ့က သိမ်းပိုက်တယ်။ ဗြိတိသျှကို ဂျပန် ဗိုလ်မိုးကြိုးက တိုက်ခိုက်အောင်မြင်တယ်။ ဒါကြောင့် ဗြိတိသျှကို စနေနံလို့ ကောက်ယူတာဖြစ်တယ်။

စနေနံဟာ နဂါးဆိုတာရှင်းပြီ။ ဒါကြောင့် ဗမာပြည်ရဲ့အခေါင်အထွတ်ဖြစ်တဲ့ တက္ကသိုလ်ရဲ့ အခေါင်အချုပ် ဘွဲ့နှင်းသဘင်ခန်းမရဲ့ ဦးကင်အထွတ်မှာ တက္ကသိုလ်အမှတ်တံဆိပ်ကို နဂါးနှစ်ကောင် စောင့်ကြပ်နေဟန် ဖြစ်တယ်။ ဒါပေမဲ့ ပန်းရန်ဆရာက တရုတ်ဖြစ်တော့ ဗမာနဂါးမဟုတ်ဘဲ တရုတ်နဂါးဖြစ်သွားသတဲ့။ ဆိုလိုရင်းအဓိပ္ပာယ်က နယ်ချဲ့ဗြိတိသျှအစိုးရရဲ့လက်အောက်မှာ ဗမာပြည်နဲ့ ဗမာလူမျိုး၊ ဗမာ့ပညာ ရေးစနစ်ဟာ ဗြိတိသျှတို့ ခြယ်လှယ်အုပ်ချုပ်မှုအောက်မှာ အမြဲဦးကျိုးနေအောင်စီရင်တဲ့ အစီအရင်နဲ့ ယတြာ ဖြစ်တယ်လို့ ဘကြီးဘဘေက ပြောပြပါတယ်။

ကိုယ်တိုင်သိတာ မဟုတ်ပါ။ ဘကြီးဘဘေလို ပုဂ္ဂိုလ်ပြောပြတာ မှတ်သားပြီး ပြန်လည်ရေးပြတာပါ။ ဟုတ်၊ မဟုတ် မသေချာ။ ဟုတ်လောက်ဖို့များပါတယ်။ ဒီလိုပုဂ္ဂိုလ်တွေက လှည့်ဖြားပြောဆိုရမယ့်အကြောင်း တရားမဟုတ်ဘူးလို့ ဆိုချင်ပါတယ်။ အတိအကျသိသူရှိရင် ရေးကြစေချင်ပါတယ်။

x x x

နာနတ်တော ရွာမမှာနေတဲ့ စာရေးသူရဲ့သူငယ်ချင်း ကိုမြင့်ဆွေ ဖခင်ဦးဘအုန်းက သူတို့ငယ်ငယ်က အကြောင်းတွေပြောပြလေ့ရှိတယ်။ သူတို့ငယ်ငယ်ငယ်က လှည်းတန်းမှာ လှည်းတိုက်တယ်။ တက္ကသိုလ် ကြီးဆောက်တော့ အုတ်သဲကျောက် သူတို့နွားလှည်းနဲ့ သယ်ပေးရသတဲ့။ သဲနဲ့ကျောက်ကို ကမာရွတ် ချောင်းဝက သယ်ရတယ်။ အုတ်ကို အခု ခုနစ်မိုင် ၆ ရပ်ကွက် အုတ်ကျင်းနဲ့ အင်းစိန်လမ်းအုတ်ကျင်းက သယ်ရတယ်။ လှည်းမတိုက်ရတဲ့နေ့မှာ အုတ်သယ်၊ ကျောက်သယ်ပန်းရန်နောက်လိုက်လုပ်တယ်။ နေ့စားခရတယ်။ လှည်းမရှိတဲ့သူက အလုပ်ကြမ်းဝင်လုပ်ကြသတဲ့။ တချို့က လက်သမား၊ တချို့က ပန်းရန်နောက်လိုက် လိုက်လုပ်ကြတယ်။ ပန်းရန်၊ လက်သမားခေါင်းဆောင်တွေအားလုံး တရုတ်တွေ။ မိန်းမတွေလည်း အုတ်သယ်၊ သဲသယ်၊ မဆလာရွက်လုပ်ကြတယ်။

အဲဒီမှာ အလုပ်လုပ်ရတာက နှစ်နဲ့ချီလုပ်ရတာ။ ကြာတော့ တရုတ်ပန်းရန်ဆရာတွေ၊ လက်သမားတွေနဲ့ အုတ်၊ သဲသယ် မိန်းမတွေနဲ့ညားကြပါလေရောလား။ တို့ရွာထဲက မယ်အေး အဲဒီမှာအကြော်ရောင်းတယ်။ တို့နဲ့ မောင်နှမဝမ်းကွဲတော်တယ်။ သူနဲ့ ဘွဲ့နှင်းသဘင်ဆောက်တဲ့ တရုတ်ပန်းရန်ဆရာနဲ့ညားတယ်။ တရုတ် စင်ကာပူပြန်တော့ မယ်အေးလည်းပါသွားတယ်။ ခုထိ မယ်အေး သားသမီးတွေ စင်ကာပူမှာရှိသေးတယ်။ ၂ဝဝရ-၂ဝဝ၈ ခုနှစ်က စာရေးသူစင်ကာပူမှာ ၂ နှစ်နီးပါးနေခဲ့တယ်။ ဒေါ်အေးတို့မိသားစုကိုရှာဖို့ ကိုမြင့်ဆွေက မှာလို့ရှာပါတယ်။ စင်ကာပူနဲ့ အရှေ့ဘက်ရထားလမ်းဆုံး 'ပါဆာရစ်'မှာနေတယ်။

ဒေါ်အေးတို့လင်မယားလည်း မရှိတော့ဘူး။ သားသမီးတွေ ကျန်ခဲ့တယ်။ သူတို့မိဘဓာတ်ပုံတွေ ပြတယ်။ ဗမာပြည်မှာမွေးခဲ့တဲ့ မမြဦးဆိုတာရှိသေးတယ်။ သူ့အဖေ ဗမာပြည်တက္ကသိုလ်ဆောက်စဉ်ကအကြောင်းတွေ၊ သူ့မိဘတွေ ပြောပြတာကြားဖူးတယ်တဲ့။ ဘွဲ့နှင်းသဘင်နဲ့ နဂါးနှစ်ကောင်အကြောင်းလည်းပါသတဲ့။ ဘွဲ့နှင်းသဘင်ခန်းမနဖူးစည်းမှာ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် တရုတ်ပန်းရန်ဆရာက တရုတ်နဂါး ရုပ်ထည့်သွင်းဆောက်လုပ်ခဲ့တယ်ဆိုတာကတော့ အသေအချာပါပဲ။ ပြီးတော့ ဗမာပြည်က တရုတ်မဟုတ်ဘူးလေ။ စင်ကာပူတရုတ်ကိုး။ ဗမာနဂါးရုပ် ဘယ်သိပါ့မလဲ။

မူရင်းရေးသူ credit ပေးပါတယ်

30/08/2024

ဧရာဝတီတိုင်းအတွက် မိုးလေဝသခန့်မှန်းချက်နှင့် ဖြုတ်၊ဘက်တီးရီးယားအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် အကြံပြုချက်

၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက် မှ စက်တင်ဘာလ ၅ ရက် အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အောက်ဖော်ပြပါမြို့နယ် ၂ဝ တွင် မိုးရွာရန် (၄၄)ရာခိုင်နှုန်းမှ (၁၀၀)အထိရှိနိုင်ပါတယ်။ ခန့်မှန်းချက်များအရ မြို့နယ်အများစုမှာ မိုးလက်ဆက်ရွာနိုင်ခြေရှိပါတယ်။ ဒီလိုရာသီဥတုမှာ ဖြုတ်၊ဘက်တီးရီးယားအန္တရာယ် ကျရောက်ဖျက်ဆီးမှုကို ကြုံတွေ့နိုင်တဲ့ အတွက် သတိပြုကြဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။

၁။ ဟင်္သာတမြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက် မှ စက်တင်ဘာလ ၅ ရက် အထိ ဟင်္သာတမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၇၅)ရာခိုင်နှုန်းမှ (၉၆) ရာခိုင်နှုန်းအထိရှိပါသည်။ သြဂုတ်လ ၃၀ ရက် နှင့် စက်တင်ဘာလ ၁ ရက်နေ့ တွေမှာ မိုးရွာရန် ၉၀_၉၆ ရာခိုင်နှုန်းမှာရှိနိုင်ပြီး ကျန်သောရက်များတွင် မိုးရွာရန် ၇၅ မှ ၇၉ ရာခိုင်နှုန်း အတွင်းရှိနိုင်ပါတယ်။

၂။ ညောင်တုန်းမြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက် မှ စက်တင်ဘာလ ၅ ရက် အထိ ညောင်တုန်းမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၄)ရာခိုင်နှုန်းမှ (၉၇) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ အပူချိန်အနေဖြင့် ပျမ်းမျှအမြင့်ဆုံးအပူချိန်မှာ ၃၃°C မှ ပျမ်းမျှအနိမ့်ဆုံးအပူချိန်မှာ ၂၃.၇°C ရှိနိုင်ပါတယ်။

၃။ မအူပင်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက် မှ စက်တင်ဘာလ ၅ ရက် အထိ မအူပင်မြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၀)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိနိုင်ပါတယ်။ သြဂုတ်လ ၃၁ ရက်နေ့တွင် မိုးရွာရန် ရာနှုန်း ပြည့် ဖြစ်နိုင်ပြီး သြဂုတ်လ ၃၀၊ စက်တင်ဘာလ ၁၊ ၂ ရက်မှာ မိုးရွာရန် ၉၀-၉၂ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။ ကျန်ရက်တွေမှာ မိုးရွာရန်ရာခိုင်နှုန်းမှာ ၆၀ မှ ၈၀ ရာခိုင်နှုန်းအတွင်းမှာ ရှိနိုင်ပါတယ်ခင်ဗျ။

၄။ မြောင်းမြမြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက် မှ စက်တင်ဘာလ ၅ ရက် အထိ မြောင်းမြမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၂)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ သြဂုတ်လ ၃၀ ရက်နေ့တွင် မိုးရွာရန်ရာနှုန်း ပြည့် ရှိနိုင်ပြီး သြဂုတ်လ ၃၁ နှင့် စက်တင်ဘာလ ၁၊ ၃ရက်နေ့များမှာ မိုးရွာရန် ရာနှုန်း ၉၀-၉၆ အတွင်းရှိနိုင်ပါတယ်။ ကျန်သောရက်များတွင် ၆၂ မှ ၈၃ ရာခိုင်နှုန်း အတွင်းမှာပဲရှိနိုင်ပါတယ်ခင်ဗျာ။

၅။ ဓနုဖြူမြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက် မှ စက်တင်ဘာလ ၅ ရက် အထိ ဓနုဖြူမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၄)ရာခိုင်နှုန်းမှ (၉၇) ရာခိုင်နှုန်းအထိရှိနိုင်ပြီး ပျမ်းမျှအပူချိန်တွေကတော့ စက်တင်ဘာလ ၂ ရက်နေ့မှာ အမြင့်ဆုံး အပူချိန် ၃၃ °C နှင့် အနိမ့်ဆုံးအပူချိန် ၂၅.၁°C ရှိနိုင်ပါတယ် ခင်ဗျာ။

၆။ ပန်းတနော်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက် မှ စက်တင်ဘာလ ၅ ရက် အထိ ပန်းတနော်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၄) ရာခိုင်နှုန်းမှ (၉၇) ရာခိုင်နှုန်းအထိရှိနိုင်ပါတယ်။ သြဂုတ်လ ၃၀၊ ၃၁ နှင့် စက်တင်ဘာလ ၁ ရက်နေ့တွင် မိုးရွာရန် ရာနှုန်း ရာနှုန်း ၉၀ မှ ၉၇ အတွင်း တွင်ရှိနိုင်ပြီး ကျန်သောရက်များတွင် မိုးရွာရန် (၆၄ မှ ၇၈) ရာနှုန်း အတွင်းမှာ ရှိနိုင်ပါတယ်ခင်ဗျာ။

၇။ ကျိုက်လတ်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက် မှ စက်တင်ဘာလ ၅ ရက် အထိ ကျိုက်လက်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၇)ရာခိုင်နှုန်းမှ (၉၂) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ သြဂုတ်လ ၃၀၊ ၃၁ ရက်နေ့မှာ မိုးရွာရန်ရာနှုန်း ၉၁_၉၂ တွင် ရှိနိုင်ပြီး စက်တင်ဘာလ ၁ ရက်နေ့မှာ ရွာရွန်ရာနှုန်း ပြည့်ရှိနိုင်ပါတယ်။ ကျန်ရက်များတွင် မိုးရွာရန် (၆၇ မှ ၈၇) ရာခိုင်နှုန်း အတွင်းမှာ ရှိနိုင်ပါတယ်ခင်ဗျာ။

၈။ ဝါးခယ်မမြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက် မှ စက်တင်ဘာလ ၅ ရက် အထိ ဝါးခယ်မမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၄)ရာခိုင်နှုန်းမှ (၉၉) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ သြဂုတ်လ ၃၀၊ ၃၁ ရက်နှင့် စက်တင်ဘာလ ၁ ရက် နေ့များတွင် မိုးရွာရန်ရာနှုန်း ၉၀-၉၉ အတွင်း ရှိနိုင်ပြီး အမြင့်ဆုံးပျှမ်းမျှအပူချိန် ၃၂ °C မှ အနိမ့်ဆုံးပျမ်းမျှအပူချိန် ၂၄.၃ °C ရှိနိုင်ပါတယ်ခင်ဗျာ။

၉။ ကျုံပျော်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက် မှ စက်တင်ဘာလ ၅ ရက် အထိ ကျုံပျော်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၇၂)ရာခိုင်နှုန်းမှ (၉၇) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ သြဂုတ်လ ၃၀၊ ၃၁ ရက်န နှင့် စက်တင်ဘာလ ၁၊ ၃ရက် နေ့များတွင် မိုးရွာရန် ရာနှုန်း ၉၀-၉၇ အတွင်း ရှိနိုင်ပြီး ကျန်ရက်များတွင် မိုးရွာရန် ၇၂ မှ ၈၉ ရာနှုန်း အတွင်း မှာ ရှိနိုင်ပါတယ်။

၁ဝ။ ဇလွန်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက် မှ စက်တင်ဘာလ ၅ ရက် အထိ ဇလွန်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၇၅)ရာခိုင်နှုန်းမှ (၉၆) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။

၁၁။ လပွတ္တာမြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက် မှ စက်တင်ဘာလ ၅ ရက် အထိ လပွတ္တာမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၄)ရာခိုင်နှုန်းမှ (၉၉) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ သြဂုတ်လ ၃၀၊ ၃၁ရက်နှင့် စက်တင်ဘာလ ၁၊ ၂၊ ၃ ရက်နေ့တွေမှာ မိုးရွာရွန်ရာနှုန်း ၉၀-၉၉ အတွင်း ရှိနိုင်ပါတယ်။

၁၂။ ပုသိမ်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက် မှ စက်တင်ဘာလ ၅ ရက် အထိ ပုသိမ်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၂)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ အမြင့်ဆုံးအပူချိန်မှာ ၃၂°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၄.၄°C အထိရှိနိုင်ကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။

၁၃။ ဖျာပုံမြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက် မှ စက်တင်ဘာလ ၅ ရက် အထိ ဖျာပုံမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၇)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါတယ်။ သြဂုတ်လ ၃၀၊ ၃၁ရက်တွေမှာ မိုးရွာရန် ရာနှုန်း ၉၁-၉၂ ရှိနိုင်ပါတယ်ခင်ဗျာ။ စက်တင်ဘာလ ၁ ရက်နေ့မှာ မိုးရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်။ အမြင့်ဆုံးအပူချိန်မှာ ၃၂.၄°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၄.၁°C အထိရှိနိုင်ကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။

၁၄။ အင်္ဂပူမြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက် မှ စက်တင်ဘာလ ၅ ရက် အထိ အင်္ဂပူမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၇)ရာခိုင်နှုန်းမှ (၉၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။

၁၅။ ကြံခင်းမြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက် မှ စက်တင်ဘာလ ၅ ရက် အထိ ကြံခင်းမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၅)ရာခိုင်နှုန်းမှ (၉၁) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ သြဂုတ်လ ၃၀၊ ၃၁ ရက် နှင့် စက်တင်ဘာလ ၁ ရက်နေ့များ တွင် မိုးရွာရန် ရာနှုန်း ၉၀၊ ၉၁ အတွင်း ရှိနိုင်ပါတယ်။ ကျန်ရက်များမှာ (၆၅ မှ ၈၀) ရာခိုင်နှုန်းအတွင်းတွင်ရှိနိုင်ပါတယ်ခင်ဗျာ။

၁၆။ လေးမျက်နှာမြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက် မှ စက်တင်ဘာလ ၅ ရက် အထိ လေးမျက်နှာမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၇၂) ရာခိုင်နှုန်းမှ (၉၇) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ သြဂုတ်လ ၃၀ရက်နှင့် စက်တင်ဘာလ ၁၊ ၂၊ ၃ ရက်နေ့တွင် မိုးရွာရာနှုန်း ၉၀-၉၇ အတွင်းရှိနိုင်ပြီး ကျန်သောရက်များတွင် မိုးရွာရန် ၇၂-၈၉ ရာခိုင်နှုန်း အတွင်း တွင်ရှိနိုင်ပါတယ်။

၁၇။ ဒေးဒရဲမြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက် မှ စက်တင်ဘာလ ၅ ရက် အထိ ဒေးဒရဲမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၇)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။

၁၈။ မော်လမြိုင်ကျွန်းမြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက် မှ စက်တင်ဘာလ ၅ ရက် အထိ မော်လမြိုင်ကျွန်းမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၄)ရာခိုင်နှုန်းမှ (၉၉) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်။ သြဂုတ်လ ၃၀၊ ၃၁ ရက်နေ့ နှင့် စက်တင်ဘာလ ၁ ရက်နေ့တွင် မိုးရွာရန် ရာခိုင်နှုန်း ၉၀-၉၉ အတွင်း ရှိနိုင်ပြီး ကျန်ရက်များတွင် (၆၄-၈၉)ရာခိုင်နှုန်း အတွင်း တွင်ရှိနိုင်ပါတယ်ခင်ဗျာ။

၁၉။ ကန်ကြီးထောင့်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက် မှ စက်တင်ဘာလ ၅ ရက် အထိ ကန်ကြီးထောင့်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၄)ရာခိုင်နှုန်းမှ (၉၈) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်း ပါးလိုပါ တယ်ခင်ဗျာ။

၂ဝ။ ငပုတောမြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက် မှ စက်တင်ဘာလ ၅ ရက် အထိ ငပုတောမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၂)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်။ သြဂုတ်လ ၃၀ ရက်နေ့တွင် မိုးရွာရန် ရာနှုန်းပြည့် ရှိနိုင်ပြီး သြဂုတ်လ ၃၁ရက်၊ စက်တင်ဘာလ ၁၊ ၃ ရက်နေ့တွေမှာ မိုးရွာရန် ရာနှုန်း ၉၀-၉၆ မှာ ရှိနိုင်ပါတယ်ခင်ဗျာ။ ကျန်ရက်တွေမှာတော့မိုးရွာရန် ၆၂ မှ ၈၃ ရာခိုင်နှုန်း အတွင်း တွင်ရှိ နိုင်ပါတယ်ခင်ဗျာ။

ဧရာဝတီတိုင်းထဲကစပါးစိုက် တောင်သူများသို့ အကြံပြုချက်
အပင်ခြေမှာဖြုတ် ၊ အရွက်ဖျားမှာ ဘက်တီးရီးယား

ဖြုတ်
-အပင်ခြေမှာ ဖြုတ်ရှိနေမလားစစ်ဆေးပါ
-ကန်သင်းကနေလှမ်းကြည့်ရင် အကွက်လိုက်၊ဟိုတစ်ကွက်ဒီတစ်ကွက်စဝါပါတယ်
-အချိန်မဆွဲပဲ ပိုးသတ်ဆေးစဖျန်းပါ
-ဆေးဖျန်းပြီး ၂-၄ နာရီအတွင်း မိုးမမိအောင် ချိန်ကိုက်ဖျန်းပါ
-ဒိုင်နိုတီဖျူရန်၊နိုင်တမ်ပိုင်ရမ်+ပိုင်မီထရိုဇင်း ပိုးသတ်ဆေးများအလှည့်ကျပက်ဖျန်းပါ။(စွဲကပ်ပျံ့နှံ့ဆေးထည့်ဖျန်းပါ)

ဘက်တီးရီးယား
-တစ်ခင်းလုံးနီးပါးအရွက်ဖျားတွေခြောက်နေပါမယ် -အရွက်ဖျားကနေ ရွက်လယ်ကြောထိ V- shape ပုံသဏ္ဍာန် လှိုင်းတွန့်များဖြစ်ကာ ကောက်ရိုးခြောက်ရောင် ဝါခြောက်သွားပါတယ်
- အပေါ်ရွက်များတွင်သာ ရောဂါလက္ခဏာတွေ့ရ။
-ပုလဲကျွေးခြင်းရပ်ထားပါ
-စပါးခင်းကြီး စိမ်းမှောင်နေချိန်ကတည်းကကြိုတင်ကာကွယ်နိုင်ရင်အကောင်းဆုံးပါ
-ကော့ပါးဆေးများ သို့မဟုတ် ဘစ်စမာသီယာဇော ဆေးများပက်ဖျန်းပါ
-အာဟာရချို့တဲ့ရင်လည်း ဖြစ်တတ်တာကြောင့် အာဟာရစုံမြေဩဇာများလည်းကျွေးပါ

ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်

ငါး/ပုဇွန် တောင်သူဦးကြီးများအနေဖြင့် ယခုလို မိုးရွာသွန်းချိန်တွင် ရေချဉ်ဖန်နှုန်းကျတက်သဖြင့် ရေချဉ် ဖန်နှုန်းကို အထူးဂရုစိုက်စေလိုပါတယ်။ သားပေါက်ထည့် ထားတဲ့ ကန်တွေမှာ ပို၍ ဂရုစိုက်ရပါမယ်။ အကယ်၍ ရေချဉ်နှုန်းဟာ ၆ အောက်ရောက်နေလျှင် တစ်ဧကလျှင် ထုံး ၁၅ ပိဿာထည့်ပေးဖို့ အကြံပြုလိုပါတယ် ခင်ဗျာ။ တစ်ဆည်တည်းမှာဘဲ မိုးအုံ့၊ မိုးရွာနေလျှင် အစာကျွေး ခြင်းကို ရှောင်ရှားဖို့ အထူးအသိပေးလိုပါတယ် ခင်ဗျာ။
Weather Source: CIAT
---------483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။

Address

Yangon

Alerts

Be the first to know and let us send you an email when ဘုရား၊စေတီ၊ပုထိုးသမိုင်းကြောင်းရာဇ၀င်ဖြစ်ရပ်မှန်များ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Nearby media companies

  • M-POP

    M-POP

    ရတနာလမ်း

Other News & Media Websites in Yangon

Show All