RAVE Inform

RAVE Inform Rave and EDM information page.

Hardstyle ပွဲကြီးပြီးသွားတော့ Durm and Bass ပွဲကြီး ထပ်လာပါပြီ။မကြာခင်မှာ ကျင်းပတော့မယ့် Drum And Bass Festival တစ်ခုဖြစ...
01/07/2024

Hardstyle ပွဲကြီးပြီးသွားတော့ Durm and Bass ပွဲကြီး ထပ်လာပါပြီ။

မကြာခင်မှာ ကျင်းပတော့မယ့် Drum And Bass Festival တစ်ခုဖြစ်တဲ့ Rampage Music Festival 2024 ကို စတင်ပြင်ဆင်နေကြပြီးပဲဖြစ်ပါတယ်။

ပါးစပ်တွေထဲပါ ဝင်တယ် 🤮
01/07/2024

ပါးစပ်တွေထဲပါ ဝင်တယ် 🤮

ကျင်းပပြီးစီးခဲ့တဲ့ Electric Forest ရဲ့ မြင်ကွင်းတစ်ချို့။
25/06/2024

ကျင်းပပြီးစီးခဲ့တဲ့ Electric Forest ရဲ့ မြင်ကွင်းတစ်ချို့။

Defqon 2024: The Power Of The Tribe (Stage design). 😳
25/06/2024

Defqon 2024: The Power Of The Tribe (Stage design). 😳

Marauda တစ်ယောက် EDC ကရတဲ့ ပိုက်ဆံတွေကို အတုံးတန်းလိုက်ပါပြီ 🥹
01/06/2024

Marauda တစ်ယောက် EDC ကရတဲ့ ပိုက်ဆံတွေကို အတုံးတန်းလိုက်ပါပြီ 🥹

"armin van buuren နဲ့ Chef'Special band တို့ပူးပေါင်းပြီး Dutch Men's National Football Team အတွက် "Larger Than Life" အမ...
01/06/2024

"armin van buuren နဲ့ Chef'Special band တို့ပူးပေါင်းပြီး Dutch Men's National Football Team အတွက် "Larger Than Life" အမည်ရတဲ့ Official Anthem Track ဖန်တီးခဲ့

Armin Van Buuren နဲ့ Indie Pop Band ဖြစ်တဲ့ Chef'Special Band တို့ ပူးပေါင်းပြီး Dutch အမျိုးသား ဘောလုံးအသင်းရဲ့ Offical Anthem Track တစ်ပုဒ်ဖန်တီးခဲ့ပါတယ်။ "Larger Then Life" လို့ အမည်ရတဲ့ Anthem song tracks ကို အမျိုးသားဘောလုံးအသင်းသားများရဲ့ အသံတွေကိုပါ ထည့်သွင်း ဖန်တီးထားတာဖြစ်ပါတယ်။

ဇူလိုင်လအတွင်း ဂျာမနီ နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် EURO 2024 ဘောလုံးပြိုင်ပွဲအတွက် ဖန်တီးထားခြင်းဖြစ်ပြီးတော့ Dutch ဘောလုံး သမားများနှင့် ပရိတ်သတ်များ၏ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးနိုင်ဖို့ရာ ရည်ရွယ်ဖန်တီးခဲ့တခြင်းဖြစ်တယ်လို့လည်း ၎င်းတို့က ဆိုပါတယ်။

Chef'Special Band ကတော့ ယခုကို Official Anthem Song ကို ဖန်တီးရတဲ့အတွက် ဝမ်းသာမိကြောင်းနဲ့ ၎င်းတို့တွေအတွက် အကောင်းဆုံးနဲ့ အဓိပ္ပာယ်အရှိဆုံး သီချင်းအဖြစ် မျှော်လင့်မိကြောင်း ပြောဆိုထားပါတယ်။

နယ်သာလန်နိုင်ငံ ဘောလုံးအသင်းရဲ့ နည်းပြဖြစ်သူ "Ronald Koeman" က 1988 ခုနှစ် လက်ရွေးစင်ကစားသမားဘဝက André Hazes ဖန်တီးခဲ့တဲ့ ဂန္တဝင်တေးသီချင်းမှာလည်း ပါဝင်သီဆိုဖူးခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒီလို သီချင်းကို ဖန်တီးရတာဟာ ပျော်စရာလည်း ကောင်းပြီး၊ အသင်းသားတွေရဲ့ တစ်ဦးကို တစ်ဦီး ယုံကြည်တဲ့ ခံစားချက်ကို ပေးနိုင်မှာဖြစ်တယ်လို့လည်း ထပ်လောင်းပြောဆိုခဲ့ပါတယ်။

နယ်သာလန်နိုင်ငံဘောလုံးအသင်းတွက် 1988 ခုနှစ်က "André Hazes" ရဲ့ ဂန္တဝင်သီချင်းဖန်တီးမှုမှာ ကစားအများအနေနဲ့ Sound supporting ပြုလုပ်ခဲ့ရပြီး ယခု 2024 May 30 မှာ ထွက်ရှိခဲ့တဲ့ "Larger Than Life" Song မှာ ပထဦးဆုံးအကြိမ် ပြန်လည်၍ Football Players Sound Supporting ပါဝင်သော Anthem Track တစ်ပုဒ် ဖြစ်လာခဲ့ပါတယ်။

Music Link - https://avbcs.lnk.to/LargerThanLife

Album news: 9 နှစ် အတွင်း ပထမဦးဆုံး "TALOS" အမည်နဲ့ Album တစ်ခု ထုတ်ဖို့ရှိတဲ့ Zedd                  EDM ပရိတ်သတ်တော်တော...
31/05/2024

Album news: 9 နှစ် အတွင်း ပထမဦးဆုံး "TALOS" အမည်နဲ့ Album တစ်ခု ထုတ်ဖို့ရှိတဲ့ Zedd

EDM ပရိတ်သတ်တော်တော်များများ သိကြပြီး သူရဲ့ သီချင်းတွေကို ကြိုက်နှစ်သက်ကြလေ့ရှိတဲ့ Music Producer တစ်ဦီးလည်းဖြစ်တဲ့ "Zedd" ဟာ ယခုလာမယ့် August လ 30 ရက်နေ့မှာ "TALOS" လို့ အမည်ရတဲ့ Album အသစ်ကို Reselase မယ်လို့ ကြေငြာခဲ့ပါတယ်။ ထို album ဟာ 9 နှစ်တာကာလအတွင်း ပထမဦီးဆုံး release တဲ့ album တစ်ခု ဖြစ်ပြီး Zedd အနေနဲ့ album အတွင်းမှာ ပါဝင်တဲ့ Song Tracks တွေ အကောင်းမွန်းဆုံးနဲ့ အလေးနက်ဆုံး ဖန်တီးထားတယ်လို့လည်း ဆိုပါတယ်။

"TALOS" ဟာ ရှေးဂရိဘာသာစကား "τέλος" မှာ ဆင်းသက်လာတာဖြစ်ပြီး အဆုံး၊ ရည်ရွယ်ချက်၊ ပန်းတိုင် ဟူ၍ အဓိပ္ပာယ်သက်ရောက်ပါတယ်။ ဒဿနပညာရှင် Aristotle အသုံးပြုသည့် ဝေါဟာရသည် ၎င်းတို့၏ ရည်ရွယ်ချက်ထက် ဖြစ်ရပ်များနှင့် အခြေအနေများကို ရှင်းပြရန် ကြိုးပမ်းသည့် တယ်လီဗေဒအယူဝါဒနှင့် ဆက်စပ်လျက်ရှိသည်။

"Zedd" အနေနဲ့ ထို album tracks တွေကို Release date မတိုင်ခင် ချပြခြင်း ရှိ၊မရှိ ကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ 2022 ဝန်းကျင်ကာလက album အကြောင်းကို သူ့ရဲ့ New Chapter အနေနဲ့ ပြောဆိုခဲ့တာ ရှိခဲ့ပေမယ့် release ပြုလုပ်ခဲ့ခြင်း မရှိပဲ ယခုနှစ် May လမှာတော့ Release date ကို ကြေငြာခဲ့တာပဲဖြစ်ပါတယ်။

Zedd ရဲ့ "TALOS" album ကို Pre-save စတင် ပြုလုပ်နိုင်ပြီး လာမယ့် August လ 30 ရက်နေ့မှာ စတင်နားစင်နိုင်မှာ ဖြစ်ပါတယ်။

Martin Garrix အနေနဲ့ ကင်ဆာဝေဒနာ ခံစားနေရသော ကလေးသူငယ်များကို DJ သင်တန်းပို့ချ          ပြီးခဲ့တဲ့ တနင်္လာနေ့က Netherland...
30/05/2024

Martin Garrix အနေနဲ့ ကင်ဆာဝေဒနာ ခံစားနေရသော ကလေးသူငယ်များကို DJ သင်တန်းပို့ချ

ပြီးခဲ့တဲ့ တနင်္လာနေ့က Netherlands နိုင်ငံရဲ့ ကလေးသူငယ်များအတွက် ကင်ဆာရောဂါ ကုသရေး center တစ်ခုဖြစ်တဲ့ "Prinses Máxima" ကင်ဆာကုသရေး ဌာနမှ EDM industry ရဲ့ နာမည်ကြီး Artist တစ်ဦးဖြစ်တဲ့ "Martin Garrix" ကို ၎င်းတို့ center ရဲ့ အထူးသံတမန်အသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။

"Prinses Máxima" သည် Netherlands နိုင်ငံရဲ့ ထိပ်တန်းကလေးကင်ဆာရောဂါကုသမှုဆိုင်ရာ ဌာနတစ်ခုဖြစ်ပြီး၊ ဌာန၏ စစ်တမ်းများအရ တစ်နှစ်လျှင် နိုင်ငံ၏ ကလေးသူငယ် 600 ဦး ခန့်ဟာ ကင်ဆာရောဂါဝေဒနာကို ရင်ဆိုင်နေရကြောင်း တွေ့ရှိခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့အနေနဲ့ ဖြင့် ကင်ဆာရောဂါခံစားနေရသော ကလေးသူငယ်များကို တတ်နိုင်သမျှ အကောင်းဆုံးကုသမှုပေးနိုင်ရန်မှာ ဌာန၏ ရည်မှန်းချက် တစ်ခုဖြစ်သည်။

ယခုအခါ Martin Garrix အနေနဲ့ ကင်ဆာဌာန၏ ပိုမိုကောင်းမွန်သော ကင်ဆာ သုတေသနများနဲ့ အကောင်းဆုံး ကုသနည်းများကို ပူးပေါင်းပါဝင်လျက်ရှိသည်။ Martin Garrix အနေနဲ့ ကင်ဆာရောဂါဝေဒနာ ခံစားနေရသော ကလေးသူငယ်များကို DJ class တစ်ခု ပိုချမှုကို ကင်ဆာရောဂါ ဌာနနှင့် ပူပေါင်းပြုလုပ်ခဲ့သည်။

ထို Event အတွက် Martin Garrix က "ယခုလို တရားဝင်သံတမန်အနေဖြင့် ပါဝင်ရသည်မှာ ဝမ်းမြောက်ကြောင်းနှင့် အခုလိုပြုလုပ်ခြင်းတို့အတွက် ကျေးဇူးတင်ကြောင်း" သူ၏ လူမှုကွန်ရက်မှာ ပြောကြားထားခဲ့ပါတယ်။ Prinses Máxima ရဲ့ ဆေးဘက်ဆိုင်ရာအရာရှိတစ်ဦးဖြစ်တဲ့ Rob Pieters ကလည်း ယခုလို Martin Garrix ကို တရားဝင်သံတမန်သစ်အနေနဲ့ ကြိုဆိုရသည်မှာ အလွန်ဝမ်းမြောက်မိကြောင်း ပြန်လည်ပြောကြားထားလဍခဲ့သည်။

Martin Garrix ရဲ့ ကူညီပံပိုးမှုဟာ ကမ္ဘာတစ်ဝှမ်းလုံးကို သက်ရောက်စေပြီး ကင်ဆရာရောဂါခံစားနေရသော ကလေးသူငယ်များအားလုံးအတွက် အပြောင်းအလဲတစ်ခုဖြစ်လာနိုင်အောင် ကူညီနိုင်လိမ့်မည်ဖြစ်ကြောင် နဲ့ ကလေးသူငယ်တွေ အနေနဲ့ ကင်ဆာရောဂါကြောင့် သေဆုံးနေရပြီး ထိုအရာများကို ကာကွယ်ကုသနိုင်ရန် ပိုမိုကောင်းမွန်သော ကုသမှု နည်းလမ်းကောင်းများကို အတူတူသိရှိနိုင်အောင် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။

Alien တော့ Alien ပဲ။ ဒါပေမယ့် ကိုယ်တွေကတော့ ATLiens
25/05/2024

Alien တော့ Alien ပဲ။

ဒါပေမယ့် ကိုယ်တွေကတော့ ATLiens

Happy and Safety Eid Mubarak 2024 to all who love music and all muslim people.
10/04/2024

Happy and Safety Eid Mubarak 2024 to all who love music and all muslim people.

EDM News: Kickstarter campaign မှာ ကလေးတွေအတွက် Device တစ်ခုမိတ်ဆက်မယ့် Blipblox                     Blipblox ကုမ္ပဏီ အန...
05/04/2024

EDM News: Kickstarter campaign မှာ ကလေးတွေအတွက် Device တစ်ခုမိတ်ဆက်မယ့် Blipblox

Blipblox ကုမ္ပဏီ အနေနဲ့ Kickstarter Campaign မှာ အသစ်မိတ်ဆက်ဖို့အတွက် Device တစ်ခုကို ထုတ်လုပ်ခဲ့ပါတယ်။ အဲ့တာကတော့ "My Tracks" ဆိုတဲ့ Kids Device တစ်မျိုးပဲဖြစ်ပါတယ်။
ကလေးတွေအတွက် အရုပ်သဘောထုတ်လုပ်ထားပေမယ့် ၎င်းကိရိယာထဲမှာ Music Instrument အမျိုးအစားပေါင်း အခု 50 ပါဝင်မှာဖြစ်တာကြောင့် မိမိတို့ ကလေးတွေရဲ့ Music လေ့လာမှုကို အထောက်အကူဖြစ်နိုင်မှာဖြစ်ကြောင်း Blipblox က ပြောဆိုထားပါတယ်။
polychromatic backlit hit pads, built-in microphone,Speaker နဲ့ Midi Out port တို့ပါရှိသေးတာကြောင့် ကလေးကစားစရာထပ် ပိုနိုင်ကြောင်း သုံးသပ်သူများလည်းရှိကြပါတယ်။ ဒါ့အပြင် မိမိတို့ ဖန်တီးလိုက်တဲ့ Sound Tracks တွေကိုလည်း Edit, Recording, Mix ပြုလုပ်နိုင်ဦးမှာလည်းဖြစ်ပါတယ်။
Battery နဲ့လည်း အသုံးပြုနိုင်သေးတာကြောင့် မိမိတို့ ကလေးများအနေနဲ့ မိမိတို့ ကြိုက်နှစ်သက်ရာသို့ သယ်ဆောင်အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။

Kickstarter Campaign ကို လာမယ့် April လ 9 ရက်နေ့မှာ တိုက်ရိုက် Live ထုတ်လွှင့်သွားမှာ ဖြစ်ပြီး Mytracks ကို Detail ကျကျ မိတ်ဆက်ဆွေးနွေးမှုများပြုလုပ်သွားမှာ ဖြစ်ပါတယ်။

လူကြီးမင်းတို့ကတော့ Music Production မလုပ်တတ်သေးရင် ဒါလေးဝယ် ကလိနေလိုက်ပါ။

Music News: Kasablanca နဲ့ Lane 8 တို့ရဲ့ Collab လုပ်ထားတဲ့ "Remission" ID တစ်ပုဒ်ကို Ultra Miami 2024 မှာ မိတ်ဆက်ခဲ့။  ...
05/04/2024

Music News: Kasablanca နဲ့ Lane 8 တို့ရဲ့ Collab လုပ်ထားတဲ့ "Remission" ID တစ်ပုဒ်ကို Ultra Miami 2024 မှာ မိတ်ဆက်ခဲ့။

Kasablance နဲ့ Lane 8 တို့ Collaboration ဖြစ်တဲ့ ID (Remission) ကို ပြီးခဲ့တဲ့ Ultra Miami 2024 မှာ မိတ်ဆက်ခဲ့ပါတယ်

Kasablanca အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ "Micky" ဟာ ပြီးခဲ့တဲ့ January လ 22 ရက်နေ့မှာ ၎င်းအနေနဲ့ ကင်ဆာရောဂါကို ခံစားနေရပီ ဆေးကုသမှုများ ခံယူလျှက်ရှိကြောင်း "X" လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။ သူရဲ့ ကင်ဆာရောဂါကြောင့် Kasablanca ရဲ့ Tour plan တွေကို ပြောင်းလဲခဲ့းပါတယ်။
ယခု February လ မှာတော့ ဓာတုကုထုံးနဲ့ ဆေးကုသမှု ခံယူနေပြီး ပြန်လည်ကောင်းမွန်လျက်ရှိကြောင်းနဲ့ ကုသမှုရဲ့ ရလဒ်စာရွက်စာတမ်း တွေကိုတော့ ရရှိဖို့ အချိန် နှစ်ပတ်လိုအပ်ကြောင်း သိရှိရပါတယ်။ ၎င်းတို့အဖွဲ့ဟာ Ultra Miami 2024 မှာ ID တစ်ပုဒ်ကို ချပြခဲ့ပါတယ်။
သူရဲ့ကုသမှု ပြန်လည်ကောင်းမွန်မှုကြောင့် Ultra Miami မှာ ပြန်လည်ဖျော်ဖြေမှုများ ပြုလုပ်နိုင်နေပြီး ယခု ID ကို "remission" လို့ အမည်ပေးမည်ဖြစ်ကြောင်းလည်း Micky က ပြောဆိုခဲ့ပါတယ်။ ပရိတ်သတ်တွေကတော့ ပွဲထဲမှာတင် "F*** Cancer" လို အော်ဟစ် သောင်းကြမ်းခဲ့ပါတယ်။

Event News: TML အနေနဲ့  Thai နိုင်ငံတွင် Festival ကျင်းပရန် စိတ်ဝင်စားမှု ရှိသော်လည်း စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် လို...
04/04/2024

Event News: TML အနေနဲ့ Thai နိုင်ငံတွင် Festival ကျင်းပရန် စိတ်ဝင်စားမှု ရှိသော်လည်း စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် လိုအပ်နေသေးကြောင်း ထုတ်ပြန်

ကမ္ဘာ့အကြီးကျယ် အခမ်းနားဆုံး Event ဖြစ်တဲ့ Tomorrowland ကို ကျင်းပနေတဲ့ Orgnization အနေနဲ့ အရှေ့တောင် အာရှနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ Tomorrowland ပွဲတော်ကို ကျင်းပနိုင်ရန်စိတ်ဝင်စားမှု ရှိသော်လည်း ဒေသတွင်း ဆွေးနွေးညှိနှိုင်းမှုများနဲ့ နယ်မြေလေ့လာမှုများ ပြုလုပ်ရန် လိုအပ်နေသေးကြောင်း Orgnization ၏ ပြောရေးဆိုခွင့်ရှိသူ Debby Wilmsen က ပြောဆိုခဲ့သည်။

ထိုင်းနိုင်ငံ အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ Chai Wacharonke ၏ ပြောဆိုချက်များကို ထိုင်း Media များက ကိုးကားပြီး Belgium အခြေစိုက် EDM Orgnization တစ်ခုအနေနဲ့ 2026 ခုနှစ်မှာ ထိုင်းနိုင်ငံကို လာရောက်၍ Event ပြုလုပ်ဖွယ်ရှိကြောင်း ရေးသားခဲ့ကြပါတာလည်းဖြစ်ပါတယ်။

သို့သော် Tomorrowland Team အနေနဲ့ Event ပြုလုပ်ခြင်းအတွက် အခြားသောနိုင်ငံများတွင် တိုးချဲ့ပြုလုပ်ရန် အစီအစဉ်ရှိသော်လည်း ဆွေးနွေးတိုင်ပင်ခြင်း အဆင့်သာရှိသေးပြီး တိကျသေချာသော ထုတ်ပြန်မှုမျိုး မပြုလုပ်နိုင်သေးကြောင်း ၎င်းတို့ကပြန်လည်းပြောကြားထားပါတယ်။

ဒီဇင်ဘာလမှာTomorrowland Team အနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းပြီး ထိုင်းနိုင်ငံတွင်း TML festival ကျင်းပရန် သင့်တော်သော Event Venue ကို လာရောက် လေ့လာခဲ့သော်လည်း တိကျသေချာတဲ့ ဆုံးဖြတ်ချက် နဲ့ လက်မှတ်ရေးထိုးမှုများ မပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။ Orgnization အနေနဲ့ ဒီထပ် လိုအပ်တဲ့ သုတေသန ပြုချက်များပြုလုပ်ရန် လိုအပ်နေသေးပြီး ထိုင်းနိုင်ငံ အစိုးရအဖွဲ့အစည်းများ နှင့် ပိုမိုကောင်းမွန်တဲ့ ညှိနှိုင်းမှူမျိုး ပြုလုပ်ရန် လိုအပ်နေသေးကြောင်းလည်း Wilmsen ဆက်လက်ပြောဆိုခဲ့ပါတယ်။

Event News: June လ အတွင်း ကျင်းပတော့မယ့် "Electric Forest Carnival"       Heaven Music တို့ရဲ့ နေထိုင်ရာ သစ်တောလေးထြစ်တဲ...
04/04/2024

Event News: June လ အတွင်း ကျင်းပတော့မယ့် "Electric Forest Carnival"

Heaven Music တို့ရဲ့ နေထိုင်ရာ သစ်တောလေးထြစ်တဲ့ Electric Forest ကို လာမယ့် June လ 20 ရက်နေ့ကနေ 23 ရက်နေ့အထိ သုံးရက်တာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
Mental Healing ဖြစ်စေမယ် Melody ဦးစားပေး Music အမျိုးအစားတွေနဲ့ စီးမျောရမယ့် ဒီနေရာလေးဟာ မကြာခင် အသက်ဝင်လာတော့မှာပဲဖြစ်ပါတယ်။

Music News: EDM Superstar တစ်ဦးဖြစ်တဲ့ Anyma အနေနဲ့ Genesys Part II album ကို စတင်ထုတ်ဝေ       Melodic Techno Producer တ...
04/04/2024

Music News: EDM Superstar တစ်ဦးဖြစ်တဲ့ Anyma အနေနဲ့ Genesys Part II album ကို စတင်ထုတ်ဝေ

Melodic Techno Producer တစ်ဦးဖြစ်တဲ့ "Anyma" က ပြီးခဲ့တဲ့ March လ 29 ရက် နေ့မှာ Genesys Part 2 album ကို စတင် Release လုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ 2023 ခုနှစ်မှာ ပြုလုပ်ခဒ့တဒ့ Afterlife Festival မှာ ကြေငြာခဲ့တာဖြစ်ပြီး ပရိတ်သတ်တစ်ဦးရဲ့ Video clip ကနေ သိရှိခဲ့ရတာဖြစ်ပါတယ်။ Genesys part 1 ကို August လပိုင်း 11 ရက် 2023 မှာ Release ခဲ့ပြီး မကြာခင်မှာပဲ "Genesys Album Part II" ကို ကြေငြာခဲ့တာပဲ ဖြစ်ပါတယ်။

Album မှာ Disc 1 နဲ့ Disc 2 ဆိုပြီး နှစ်ခုပါဝင်ပြီး Album tracks စုစုပေါင်း 21 ပုဒ်ပါဝင်တာလည်း ဖြစ်ပါတယ်။ Album မှာ Parisi, Rebūke နဲ့ Chris Avantgrade တို့နဲ့ Collab ပြုလုပ်ထားတဲ့ "Picture of you" နဲ့ "Higher Power" တို့လို Single released tracks တွေလည်း ပါဝင်ခဲ့ပါတယ်။

Eric Prydz, Adriatique, Cassianတိုအပြင် အခြားသော Music Producer ပေါင်းများစွာနဲ့လည်း Collaboration ပြုလုပ်ထားသော Track တွေလည်း ပါဝင်ခဲ့ပါတယ်။

Track link - Anyma.lnk.to/Genesys-II

EDM News: "TOMORROWLAND" ရဲ့ "DJ and Producing Academy Online Class" စတင်ဖွင့်လှစ်           ကမ္ဘာ့ အအောင်မြင်ဆုံး EDM f...
03/04/2024

EDM News: "TOMORROWLAND" ရဲ့ "DJ and Producing Academy Online Class" စတင်ဖွင့်လှစ်

ကမ္ဘာ့ အအောင်မြင်ဆုံး EDM festival တစ်ခုဖြစ်တဲ့ Tomorrowland ကနေ Music Theory နဲ့ Djing Talent ရှိတဲ့ လူငယ်တွေ မွေးထုတ်ပေးနိုင်ဖို့အတွက် DJ and producing Online Academy ကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။
သင်တန်းရဲ့ အကြောင်းအရာ အစုံအလင်ကို TML ရဲ့ Official Website မှာ အသေးစိတ် ဝင်ရောက် လေ့လာနိုင်ပြီးတော့ သင်တန်းတက်ရောက်မယ်ဆိုရင်တော့ အနည်းဆုံး (3)လ စတင် စရင်းပေးသွင်းရမှာ ဖြစ်ပြီး၊ တစ်လလျှင် 15€ ( 70K MMK) ဝန်းကျင် ကျသင့်မှာ ဖြစ်ပြီး တစ်နှစ်လျှင် 165€ (750K MMK) ဝန်းကျင် ကျသင့်မှာ ဖြစ်ကာ 1 month free ရရှိမှာလည်း ဖြစ်ပါတယ်။
သင်တန်းတက်ရောက်သူတွေ အနေနဲ့ နောက်ထပ် Master Class ကိုပါ Join လို့ရမည့်အပြင် မိမိ နှစ်သက်တဲ့ Artist ရဲ့ Courses တွေကို ဝင်ရောက် သင်ကြားခွင့်ရရှိမှာ ဖြစ်ပါတယ်။
Academy ကို Camp အနေနဲ့ ခေါ်ယူဖို့ရှိပြီး Camp Package များကို စတင်ရောင်းချပေးခဲ့ပြီးလည်း ဖြစ်ပါတယ်။

TML Academy Offical Website - www.academy.tomorrowland.com

Music News:       အမေရိကန်နိုင်ငံ ရဲ့ Internet သုံးစွဲသူထပ်ဝက်ကျော်ဟာ Music Platform Service ကို အသုံးပြုနေ။           အ...
03/04/2024

Music News: အမေရိကန်နိုင်ငံ ရဲ့ Internet သုံးစွဲသူထပ်ဝက်ကျော်ဟာ Music Platform Service ကို အသုံးပြုနေ။

အမေရိကန်နိုင်ငံရဲ့ 2023 ခုနှစ် စစ်တမ်းများအရ Internet Users ထပ်ဝက်ကျော်ဟာ Music Platform Service တွေကို အသုံးပြုနေကြတယ်လို့ သိရှိရပါတယ်။
Spotify လို Music Platform Service အနေနဲ့ စတင် တည်ထောင်ချိန်မှ စပြီးတော့ သုံးစွဲသူများ သိသိသာသာ တိုးတက်လာခဲ့ပြီး ဆယ်စုနှစ် တစ်ခု အကြာရပ်တည်လာခဲ့ပါတယ်။ လူတစ်ဦးရဲ့ တစ်နေ့တာ လုပ်ငန်းဆောင်တာများမှာလည်း တေးသီချင်း နားထောင်ခြင်းက နေ့စဉ်လုပ်ဆောင်မှု တစ်ခုအနေနဲ့ ပါဝင်လာခဲ့ပါတယ်။
Music Watch ရဲ့ 22 ကြိမ်မြောက်ထုတ်ဝေခဲ့တဲ့ U.S. Annual Music Study စစ်တမ်းအရ ပြီးခဲ့တဲ့ နှစ်အတွင်း အမေရိကန်နိုင်ငံရဲ့ Internet သုံးစွဲသူရဲ့ 91 ရာခိုင်နှုန်းဟာ Music Platform Service ကို အသုံးပြုနေကြောင်း လေ့လာသိရှိခဲ့သည်။ အသက် 13 နှစ် နှင့် အထက်ရှိသော လူကြီး၊ လူငယ်များဟာ Spotify, Apple Music နှင့် Amazon Music Unlimited တို့ကဲ့သို့သော Music Platform Service များကို အသုံးပြုနေကြကြောင်းသိရှိရသည်။
Music Watch အနေနဲ့ အဆိုပါ စစ်တမ်းများ ကောက်ယူရာမှာ Tiktok, Instagram Reels နှင့် အခြားသော Short video clip များကို ထည့်သွင်းတွက်ချက်ထားခြင်းမရှိပဲ Pandora နှင့် Youtube တို့လို Video Service ပေးသည့် Platform များကိုသာ ထည့်သွင်းတွက်ချက်ထားခြင်းဖြစ်သည်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when RAVE Inform posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to RAVE Inform:

Videos

Share