Kyaw Nyo Thway

Kyaw Nyo Thway Essayist, Poet, Composer/Singer, Copywriter ခေတ်ပေါ်ကဗျာရေးသားခြင်း၊ စကားပြေရေးသားခြင်းနှင့်
ဖန်တီးမှုဇာတ်လမ်းများရေးသားခြင်းကို ခုံမင်နှစ်သက်သူ

24/01/2025

ငါလွမ်းမကလေး
_____________
ငါလွမ်းမကလေးတစ်ယောက်ဟာ
ဝေးကျင့်ဝေးကြံ* ကြံသွားပေါ့
ငါဆွေးရအောင်လေ။
ငါလွမ်းမကလေးရေ
နင့်ငါ့ကို လွမ်းစေချင်နေတာမဟုတ်လားကွယ်
ငါနင့်ကို အရမ်းလွမ်းတာ ခံချင်တာမဟုတ်လား
ငါနင့်ကို အရမ်းလွမ်းချင်တာပဲ
နင့်ကိုငါ လွမ်းချင်တယ်
နင်ကိုငါ အခုလို လွမ်းရတာဟာ အရသာပဲ
လွမ်းရတဲ့အရသာ..
နင်ငါ့ကို စွဲလမ်းအောင်လုပ်ခဲ့ပေါ့။
ငါ လွမ်းလို့ကောင်းလိုက်တာ ငါလွမ်းမ(ကလေး)ရေ
အရမ်းလွမ်းလို့ကောင်းတာပဲ ငါလွမ်းမကလေးရေ..
"အား..တိတ်ဆိတ်ကွဲကြေအခန်းထဲ..မင်းမြင်မလား
ငါတမ်းတတဲ့စိတ်နဲ့ ဆွံအ...
ဘယ်သူများ..ငါ့နံဘေးလာနေပေးမလဲ"
မျိုးကြီးသီချင်းကို ဘေးအိမ်ပါတွေကြားအောင်
အကျယ်ကြီးဖွင့်ပြီး..
နင့်မျက်နှာကို မှန်းဆမြင်ယောင်ပြီး လွမ်း
ငါ လွမ်းလို့အရမ်းကောင်းတာပဲ ငါလွမ်းမလေးရယ်
ငါ့စိတ်တွေမထိန်းနိုင်တော့ဘူးဟာ
နင့်ဆီကို Rocket ကြီးစီးပြီး ခုန်ဆင်းလာချင်လိုက်တာ
နင်ဟာ ဝေးစိတ်ရှိတယ်
ဝေးဖို့ပဲစဥ်းစားတယ်
ဝေးဖို့ပဲ ကြံစည်တယ်
ဝေးဖို့ပဲ လေ့ကျင့်တယ်
ဝေးကျင့်နဲ့ ဝေးကြံနဲ့
ဝေးကျင့်ဝေးကြံ ကြံခဲ့တယ်။
တဲရော့ဗေဒင်မှန်ခဲ့တယ်
နင်ဟာ သိပ်စွမ်းပါတယ်
ဘဲအုပ်တစ်ရာ နှစ်ရာကို
တစ်ပင်တည်းနဲ့ မဗေဒါကိုင်လှုပ်သလိုမျိုး
လုပ်နိုင်တယ်။
နင်ဟာ အမိုက်ဆုံးလေးပါပဲ။
အမိုက်ဆုံးမလေးရေ။
နင်ဟာ ဒီလိုအမိုက်ဆုံးလုပ်ရပ်နဲ့
ဝေးဖို့ ကျင့်ကြံခဲ့တယ်။
နင်ဟာ..
ကဗျာလမ်းမတွေကို ကြမ်းတမ်းလာအောင်
ထရော်မာတွေပေးခဲ့တဲ့..
ငါလွမ်းမလေး။
ကျော်ညိုသွေး
အောက်ခြေမှတ်စု
_______________
* ခွေးကျင့်ခွေးကြံ

24/01/2025

Edited - 25.1.2024 3.33AM မှာ မိုးလှိုင်ည ဘဝတပါးကို ကူးပြောင်းသွားပါပြီ။ လက်ရှိရောင်းချထားရသော ပိုက်ဆံများအား နာရေးစားရိတ် အဖြစ် အသုံးပြုသွားပါ့မယ် ။ စာအုပ်အရောင်း ခေတ္တရပ်နားထားလိုက်ပါတယ် ။

မိုးလှိုင်ည
ဘဝတံငါနှင့် အခြားကဗျာများ

၅၀၀၀ ကျပ်မှ စ၍ ဝယ်ယူနိုင်ပါပြီ။

မိုးလှိုင်ည ဆီကျိတ်ကင်ဆာ ခွဲစိတ်ပြီးတဲ့နောက်ပိုင်း လစဉ် ဆေးစစ်တာနဲ့ ဆေးဖိုး ဆီးအိတ်ဖိုး စားရိတ်ဟာ တစ်လ နှစ်သိန်းကနေ ငါးသိန်းကြားအထိ ရှိပါတယ် ။ ဆီးအိတ်တစ်ဖက် နဲ့ ကျန်းမာရေးကလည်း မကောင်းတော့ ဘာအလုပ်မှ မလုပ်နိုင်သေးပါဘူး ။ မိုးလှိုင်ည ကျန်းမာရေးစာရိတ်တွေကို အနီးအနားက လူရင်းတွေနဲ့ပဲ ဖြေရှင်းခဲ့ရပါတယ် ။ ဒါနဲ့ပဲ ကဗျာ Ebook လေးလုပ်ပြီး ရောင်းလိုက်ရင် သူ့ကျန်းမာရေးစာရိတ် အတိုင်းအတာတစ်ခု ပြေလည်သွားနိုင်တယ်ဆိုပြီး ဒီကဗျာစာအုပ်လေးကို စီစဉ်ဖြစ်ခဲ့ပါတယ် ။ မေတ္တာစာရေးပေးပါသော ဆရာသစ္စာနီ၊ မျက်နှာဖုံးဒီဇိုင်း နဲ့ Layout ဆွဲပေးခဲ့တဲ့ ကိုမြတ်မင်းခန့်ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ် ။

လေးစားစွာဖြင့်
ကိုဇေ

K Pay , Wave Pay , AYA Pay
09795975099
သို့ 5000 မှစ၍ ငွေလွှဲပြီး SS ကို Messenger မှ ပြကာ စာအုပ်ကို ဝယ်ယူနိုင်ပါတယ် ။ Note မှာ MHN လို့ ရေးပေးပါခင်ဗျ ။

မိုးလှိုင်ည ကျန်းမာရေးအတွက် ကူညီခဲ့သူ တစ်ဦးတစ်ယောက်ခြင်းအား ကျေးဇူးအထူး တင်ရှိပါတယ် ။

24/01/2025

ဒီနေ့ဟာ..
သင့်အတွက်ကောင်းသောနေ့ကလေး
ဖြစ်လာမှာပါ။

Send a message to learn more

23/01/2025
22/01/2025

❝ဝေလမဆန်တဲ့အချစ် ဖူးပွင့်စေ❞
⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀
ဟိုး လွန်ခဲ့တဲ့ ၂ နှစ်ကျော်က စဥ်းစားခဲ့တယ်။
❝ငါ ဒီတခါရည်းစားရရင်တော့..
ငါ့ရည်းစားကောင်မလေးကို အများကြီးအလိုလိုက်မှာ..
သူ့ကိုအများကြီး Support ပေးမှာ..
သခင်မလေးလိုဆက်ဆံပြီး
သူတောင့်တလိုက်တာသမျှတွေကို တတ်နိုင်သလောက်ပေးမှာ..
သူ့ရည်မှန်းချက်တွေရှိရင် အဲဒီကို ငါက သူနဲ့အတူတူသွားမှာ..
သူနဲ့အတူ ခရီးတွေသွားမှာ..၊
အမှတ်တရကောင်းတွေကို ဖန်တီးပေးမှာ၊
လိုချင်တာတွေဝယ်ပေးမှာ၊ စားချင်တာတွေလိုက်ကျွေးမှာ။
အမှတ်တရနေ့တွေကိုလည်း သေချာမမေ့ဘဲ အမှတ်တရလက်ဆောင်တွေ၊
မုန့်ဖိုးတွေပေးဦးမှာ❞ ဆိုပြီး စိတ်ကူးတွေယဥ်ထားခဲ့တယ်။
မကြာခင်မှာပဲ အဲဒီစိတ်ကူးတွေ တကယ်မွေးဖွားလာခဲ့တယ်။
ကိုယ်စိတ်ကူးထားတဲ့ကိစ္စတွေကို တကယ်အကောင်အထည်ဖော်ခဲ့တယ်။
ကျန်းမာစွာမွေးဖွားလာတဲ့မွေးကင်းစကလေးလေး
ရုတ်တရက်ပျောက်သွားသလို
ကိုယ့်ရဲ့အချစ်ရေးဟာ "ဝေလ" ဆန်ခဲ့တယ်။
⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀
ကိုယ်အခုလည်း အဲဒီစိတ်ကူးကလေးကို
စတိုခန်းထဲကနေ အပြင်ကိုထုတ်၊
ဖုန်တွေ ဘာတွေခါ ပြီး ထပ်ယဥ်နေမိပြန်ပြီ။
သြော်..
အခုအရေးအသားကိုက "ဟိုကောင်ဆန်လိုက်တာ" ကွာ။
မမြင်မစမ်း မျက်မှန်တရမ်းရမ်းနဲ့..ဝေ့လည်ချောင်ပတ် နိုင်လိုက်တာ။
ဟုတ်တယ်..ကျနော့်အချစ်ရေးဟာ ခဏ ခဏ "ဝေလ" ဆန်နေတယ်။
ကျနော်က ပွင့်ပွင့်လင်းလင်းသမား။
ထရန်စပါရန်စီ ရှိရှိပဲ ဖြစ်စေချင်တယ်။
Soulmate ကလေး ဘယ်ကရောက်လာမလဲ။
Right Person ကလေး ဘယ်ကရောက်လာမလဲ။
Universe ကို ယုံရမလား၊ Manifastation လုပ်ရမလား။
အာရုံထဲမှာပေါ်နေပြီ။ အဖြူရောင်ကို သူကြိုက်သည်။
မျက်မှန်လေးကိုတပ်ထားသည်။ လေးလုံးမကလေးပေါ့။
ဟုတ်တယ် သူက နှစ်လုံး၊ ကိုယ်ကနှစ်လုံး၊
နှစ်လုံး(နှလုံး) ချင်းဆုံရင် ရင်ခုန်တာပေါ့။
ဇင်ယော်တောင် မျက်ခုံးထူထူကလေးတွေပေါ် တက်ခုန်။
နှာတံမြင့်မြင့်ကလေးပေါ်ကို တက်ခုန်။
နှုတ်ခမ်းထူထူကလေးတွေပေါ်ကို တက်ခုန်။
ရင်ညွန့်မို့မို့ကလေးတွေပေါ်ကို တက်ခုန်။
တင်ပါးမြင့်မြင့်ကလေးတွေပေါ် တက်ခုန်။
သူ့ပေါင်တံသွယ်သွယ်ကလေးတွေပေါ်တက်ခုန်။
စက်ဘီးသေချာနင်းထားတဲ့ သူ့ခြေသားလုံးသားတွေပေါ် တက်ခုန်။
နှလုံးခုန်သံကလေးကလေ..သူ့နားရွက်ရှည်ရှည်တွေပေါ်တက်ခုန်။
ကိုယ့်ရင်ခုန်သံကလေးဟာ..
ယောက်ျားတစ်ယောက်နဲ့ မ Flirt တတ်တဲ့ သူ့မာနကလေးပေါ်တက်ခုန်။
သူချုပ်တဲ့ အပ်ချုပ်စက်ကလေးပေါ်တက်ခုန်။
ချစ်ပေးရတာ ပျော်တယ်။ နောင်တနည်းတယ်။
အပြစ်ရှိစိတ်ခံစားနာကျင်ရတာပဲ ပိုများပါတယ်။
အချစ်ရယ်..ဝေလ မဆန်ပါနဲ့။
ဝေလဆန်ရင်..
ရိုးမြေကျကတိစကားနဲ့ စိုက်ပျိုးထားတဲ့ သစ်ပင်ကလေး
သေရပြန်လိမ့်မယ်။
နွေခဏ ခဏပြန် မပျိုးပါနဲ့၊ တိမ်တွေ ကြွေရသမျှ မိုးသံမစဲ။
ချစ်ပေးရတာ နဲ့တင် တန်ပါတယ်။
ငယ်ငယ်ကဆို..
ဒီတသက် ရည်းစားမှ ရပါ့မလားလို့တောင်
တွေးအားငယ်မိသေးတယ်လေ။
ဝေလမဆန်တဲ့ အချစ်ရယ်..
ကိုယ့်ဆီရင့်ကျက်တဲ့အမျိုးသမီးငယ်တစ်ယောက်အသွင်နဲ့ လာပါ။
ရင့်ကျက်နေပုံကလည်း..
ကိုယ့်ထက်တောင် အသက် တစ်ရက်ကြီးပြီးမွေးလာခဲ့သလို
လူကြီးဆန်ဆန်အမျိုးသမီးငယ်ကလေးပေါ့။
ဘာပဲဖြစ်ဖြစ် ဝေလမဆန်ပါနဲ့။
⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀
ကျော်ညိုသွေး
⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀
[အောက်ခြေမှတ်စု]
- ဝေလဆန်တယ်ဆိုတာဘာလဲ?
- ဝေလဆန်တယ်ဆိုတာ စာရေးဆရာမ ဂျူး ကြိုက်တဲ့
ဝေလသီချင်း တစ်ပုဒ်ထဲက အကြောင်းအရာ)

21/01/2025

higher self
___________
ကျနော့်အနေနဲ့..
higher self ဆိုတဲ့စာသားနဲ့
တီရှပ်ကလေးတွေရောင်းမယ်ဆို ဝယ်မလား။
higher self စာသားကို
ဘယ်သူမဆို..
သူတို့ဘာသာသူတို့ တံဆိပ်ရိုက်ပြီးတောင်
လုပ် ဝတ်လို့ရသေးတယ်။
ဒါပေမဲ့..
higher self စာလုံးရဲ့ Font ကတော့
တစ်ယောက်နဲ့တစ်ယောက်
တူမှာ မဟုတ်ဘူး။
ဆရာပြေခိုင် အထာနဲ့ဆိို..
"တစ်ယောက်နဲ့တစ်ယောက် တူမှာမဟုတ်..
(ပရိသတ်များ.......................................)ဘူး။
ကျနော်သုံးမယ့် font ကို ခင်ဗျားကိုပြောမှာ
မဟုတ်..
(ပရိသတ်များ.......................................)ဘူး။
ကျော်ညိုသွေး

ကျနော်ထင်တယ်..ကျနော်ဟာ အရေးအသားပိုင်းမှာ လိုအပ်ချက်တွေ အများကြီးရှိနေတယ်ထင်တယ်နော်။ အဲဒါကြောင့် ကျနော့်ကဗျာတွေက ဆွဲဆောင်...
21/01/2025

ကျနော်ထင်တယ်..
ကျနော်ဟာ အရေးအသားပိုင်းမှာ လိုအပ်ချက်တွေ အများကြီးရှိနေတယ်ထင်တယ်နော်။ အဲဒါကြောင့် ကျနော့်ကဗျာတွေက ဆွဲဆောင်မှုအားနည်းပြီး ဖတ်ချင့်စဖွယ်ဖြစ်မှု လျော့နည်းနေတာဖြစ်လိမ့်မယ်။ အခုနောက်ပိုင်းဆို ကျနော် အရေးအသားလုပ်တာတွေ ပိုပြီး လျော့တိလျော့ရဲဖြစ်လာတယ်လို့ ကိုယ့်ကိုယ်ကိုလည်း ခံစားမိတယ်။ အခုလောလောဆယ်မှာ ကိုယ့်ရဲ့အရေးအသားကို ကိုယ်တိုင်ပြန်ပြီး သုံးသပ်ကြည့်ရသလောက်တော့ ပုံထဲက စာသားလောက်ပဲ အဆင့်ရှိတယ်လို့ ခံစားနေရပါတယ်။
စာဖတ်သူ ညီအစ်ကိုမောင်နှမတွေ၊ မိတ်ဆွေတွေအနေနဲ့ ကျနော့်အရေးအသားနဲ့ ပတ်သက်ပြီး အားနည်းချက်တွေကို အားမနာတမ်း ထောက်ပြပေးမယ်ဆိုရင် ဝမ်းသာမိမှာပါ။

19/01/2025

ကိုယ်တကယ်အပျော်ဆုံးပါပဲ
_________________________
ကိုယ့်ကိုမင်း မုန်းသွားပြီဆိုလို့
ကိုယ်တကယ်အပျော်ဆုံးပါပဲ
မှတ်တမ်းမှတ်ရာမကျန်
အမှတ်တရစာရွက်ကလေးတွေဖျောက်ဖျက်
ဓါတ်ပုံကလေးတွေပစ်ပယ်
ကိုယ်တကယ်ပျော်ရပါတယ်
ကိုယ်တကယ်မထမ်းနိုင်တဲ့တာဝန်တွေ
ပခုံးထက်က ပေါ့စေခဲ့လို့
ကိုယ့်အနားလာရမယ့်လမ်းဟာ ကြမ်းလို့
မင်းမျက်နှာလေးနွမ်းလို့
မင်းမျက်နှာလေးလန်းဖို့ ကိုယ်မောပန်းရမယ့်
တာဝန်တွေအေးစေခဲ့လို့
မင်းခြေထောက်တွေညောင်းညာ
မင်းနှလုံးသားလေးနာကျင်နေတဲ့ကြားက
ကိုယ်မနာကျင်ရစေဖို့ ထွက်သွားပေးပေါ့။
ကိုယ်တကယ်ပျော်ရတယ်
ဒီလိုဆိုပျော်မယ်ထင်သတဲ့အပြောကလေးကြားတော့
ကိုယ့်မှာ နာနာကျင်ကျင်ပျော်ရွှင်ရ
တခါတလေတော့ လွမ်းမိမှာပေါ့ဆိုတော့
ပျော်ရွှင်မှုကော်ဖီခါးခါးလေးတစ်ခွက်ပေါ့။
အတူမရှိလည်း လွမ်းနေကြမယ်နော်
ခရီးသွားတုန်းက ဟိုတယ်ကယူခဲ့တဲ့
ရှန်ပူလေးနဲ့ခေါင်းလျှော်ဖြစ်တယ်။
အရာရာဟာ အရင်အတိုင်းပါပဲ
ညဘက်ဆိုစောစောမအိပ်ဘူး
နေ့ခင်းဘက်ဆို ဖုန်းဆက်တယ်
မလွမ်းဘူးလား၊ နေကောင်းရဲ့လား
ဒီလိုမျိုးအမေးစကားများနဲ့စတင်တဲ့
ညဥ့်နက်နက်တွေ။
ကိုယ်တကယ်ပျော်ပါတယ်
ကိုယ့်ကိုတာဝန်တွေမပိစေချင်တဲ့ စေတနာတွေ
ကိုယ့်ကို သောကမများစေချင်တဲ့ မေတ္တာတွေ
ကိုယ့်ကို စိတ်ဖိစီးမှုပြေပျောက်စေချင်တဲ့ စာနာမှုတွေ
အိပ်မက်ကလေးထဲမှာ..
သူ လှေကလေးစီးသွားတော့
ကမ်းစပ်မှာ ပြုံးပြီးကျန်နေခဲ့မိသူက ကိုယ်။
ကျော်ညိုသွေး

19/01/2025

❝Everyone has a right to makes friend with whomever they wish. However, someone who is your friend but makes friend with your enemy is your closest and dangerous friend.❞

Send a message to learn more

17/01/2025

ချိုအေးမွှေး - ၃
________________
အေးချမ်းရာအရပ်မှာနေချင်တယ်
ပန်းပွင့်ကလေးတွေနဲ့စကားပြောမယ်
သစ်ရွက်ကလေးတွေပေါ်မှာ
အချစ်ရဲ့နာမည်ကိုရေးထားမယ်။
သံသယတွေကို မြစ်ထဲမျှောမယ်
ကမ်းပါးမှာထိုင်ပြီး စိတ်အညစ်အကြေးကို
လေပြေတွေနဲ့ လျှော်ဖွပ်မယ်
ပင့်သက်ကိုဖွဖွရှူမယ်
အဝေးကြီးက တေးသံကို နားစွင့်ရင်း ငြိမ်သက်မယ်
"မနက်ဖြန်" ကို စာရေးမယ်
"ဒီနေ့" ကို ပွေ့ဖက်မယ်
"မနေ့က" ကို ကျေးဇူးတင်ကြောင်းပြောမယ်။
ကိုယ့်ကိုယ်ကိုယ်လေးစားစိတ်အား
စိုက်ပျိုးခြင်းအဖြစ်..
"သိပ်ချစ်ကြတဲ့ စုံတွဲများ" နဲ့
"မလွတ်လပ်သောနှလုံးသားများ" အပေါ်
သိတတ်စွာ စောင့်ထိန်းမယ်။
ကျော်ညိုသွေး

17/01/2025

ချိုအေးမွှေး - ၂
_______________________________
တစ်စုံတစ်ယောက်ကို
စိတ်ထဲနက်နက်နဲနဲထည့်ထားဖြစ်တယ်။
တယ်လီပသီ ဆိုတဲ့ စိတ်စွမ်းအားကို
ကိုယ်ကယုံကြည်ပါတယ်။
ကိုယ့်ကိုကြည်ကြည်လင်လင်သတိရမိပါစေ
ပန်းတွေပွင့်သလိုမျိုး..
သူ့အနားမှာ..
သာယာချမ်းမြေ့ခြင်း အခြေအနေတွေ ဖွံ့ဖြိုးပါစေ
စမ်းရေအေးသလိုမျိုး သူ့ရဲ့အနားမှာ
အကြည်ဓါတ်တွေရှင်သန်ပါစေ
ရောက်လေရာအရပ်မှာ
သွေးရင်းပမာချစ်သောသူများပေါများပါစေ
မသွားဘဲရောက်ရှိတဲ့ ခရီးမျိုးကို
ချစ်ခြင်းမေတ္တာဟာ ဖန်ဆင်းပေးတဲ့အခါ
စာရွက်ဖြူဖြူပေါ်မှာ မရေးဖြစ်သော
အကြောင်းအရာများ
သူမသိလည်း ဖြစ်ပါတယ်။
ကျော်ညိုသွေး

ပိုက်ဆံတွေအများကြီး မချမ်းသာချင်ဘူးဗျာ၊ သိပ်ပြီး လျှမ်းလျှမ်းတောက်လည်း မအောင်မြင်ချင်ဘူးဗျာ။ နေ့စဉ်ဘဝမှာ သာမန်ဝင်ငွေလေးတ...
16/01/2025

ပိုက်ဆံတွေအများကြီး မချမ်းသာချင်ဘူးဗျာ၊ သိပ်ပြီး လျှမ်းလျှမ်းတောက်လည်း မအောင်မြင်ချင်ဘူးဗျာ။ နေ့စဉ်ဘဝမှာ သာမန်ဝင်ငွေလေးတစ်ခုရှိနေပြီး မိသားစုနဲ့အတူ ပန်းပင်လေးတွေစိုက်လိုက်၊ ညနေခင်းဆို စက်ဘီးလေးစီးလိုက်၊ အားကစားလေးဘာလေးလုပ်ရင်း၊ စာလေးနည်းနည်းပါးပါးဖတ်၊ ရုပ်ရှင်လေး နည်းနည်းပါးပါးကြည့်၊ သီချင်းလေးတွေရေးလိုက်၊ ကိုယ်ကချစ်ခင်တဲ့သူ၊ ကိုယ့်ကိုချစ်ခင်တဲ့သူတွေကို ဆိုပြရင်း၊ တခါတရံ ခရီးလေးဘာလေးထွက်ရင်း ဘဝကို အလိုက်သင့်ကလေး ဖြတ်သန်းသွားချင်တာ။ မက်ဇူကာဘတ်စ်လိုမျိုး တီရှပ်လေး လေးငါးထည်ရယ်၊ မိုးပြာဂျင်းလေး ၅ ထည်ရယ်၊ Bugatti Shoes လေး ၁ ရံ၊ Under Amour လေး တစ်ရံရယ် အဝတ်အစားအတွက်ကလည်း ဒီလောက်ပဲ ရှိထားချင်တယ်။ Ukulele လေးတီးမယ်။ စန္ဒရားလေး တီးမယ်။ အိမ်ရှေ့မြက်ခင်းပေါ်မှာ ညနေတိုင်း ဒေသထွက်ဝိုင်နဲ့ အကင်ပါတီကျင်းပမယ်။ 🍷
[ပုံလေးက ကျနော်ကိုယ်တိုင် ရိုက်ထားတာ..
ချစ်ခင်ရသူများအတွက် မေတ္တာလက်ဆောင်ပါ ]

15/01/2025

❝Crush ကို ဖွင့်မပြောရဲသူများသို့❞
⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀
လှတဲ့မိန်းကလေးတစ်ယောက်ဟာ သူ့အလှအပေါ်မှာ သာယာတာချည်းပဲ။ သူ့အလှကို လာပြီး သာယာတဲ့ ယောက်ျားလေးတွေရှိရင်လည်း အဲဒီအောင်မြင်မှုအပေါ်သာယာတတ်ကြသေးတယ်။ သူကလှလို့ သူ့ကို ယောက်ျားလေးတွေက လာကြိုက်/ချစ်ကြတဲ့ဖြစ်တည်မှုအပေါ်လည်း သာယာတတ်ကြတယ်။ သူ့ကိုချစ်တဲ့ ယောက်ျားလေးတစ်ယောက်ရှိတယ်ဆိုရင် အဲဒီယောက်ျားလေးကို သူက ပြန်မကြိုက်ဘူးဆိုရင်တောင် အဲဒီယောက်ျားလေးက သူ့ကို ကြိုက်နေတဲ့အပေါ်ကိုလည်း သာယာတတ်ကြတယ်။ ကျနော့် Crush ကိုကျတော့ သူ့အလှကို ဒီလောက်စိတ်ဝင်စားမနေဘူး။ ကျနော်စိတ်ဝင်စားတာ သူ့မျက်နှာပဲ။ သူ့မျက်နှာကိုပဲကျနော်က ရင်ခုန်တာ။ သူ့မျက်နှာစတွေ့တုန်းက ကျနော့်စိတ်တွေ ညွှတ်ကျသွားတယ်။ ဒီမိန်းကလေးကို ပါဝါချင်း မယှဥ်နိုင်ဘူးလို့ ကိုယ့်ကိုယ်ကို ဝန်ခံမိတယ်။ သူ့ကြောင့် ကျနော်ငြိမ်သက်သွားရတယ်။ ကိုင်ဇာသီချင်းထဲက စာသားလိုဆို ❝မမရဲ့အရှေ့မှာ ခေါင်းငုံ့ခြေစုံရပ်ကာ❞ ဆိုတာမျိုးပေါ့။ သူကတော့ မမ အရွယ်မဟုတ်ပါဘူး။ ညီမလေးအရွယ်ပေါ့။ ဒါပေမဲ့ မမခေါ်ရလောက်တယ်။ စိတ်ထဲ ကိုယ့်မမ လို့ တောင်ထင်မိတယ်။ ဟုတ်ကဲ့လို့ နာခံချင်မိတယ်။ ဆူတာလည်းခံချင်မိတယ်။ ကြင်နာစွာပြောဆိုဆုံးမတာလည်း ခံချင်မိတယ်။ အဲဒီလို စိတ်တွေဖြစ်နေမိမှတော့ သူ့အလှကို အာရုံကျနိုင်ပါတော့မလားဗျာ။ ဒါပေမဲ့ တခါတလေတော့ သူကလှပါလားလို့ တွေးမိပါတယ်။ ဒါပေမဲ့ အရေးမှမပါတာ။ လှတာကို အသိအမှတ်ပြုတယ်။ ဒါပေမဲ့ သူ့အလှကြောင့် သူ့အပေါ် ညွတ်ကိုင်းသွားမိတာမဟုတ်ဘူးလေ။ သူဟာ ကျနော့်အတွက်တော့ မာရဇ္ဇသီချင်းပဲ။ ဘယ်သီချင်းလဲ ဆိုတာတော့ ခင်ဗျားဘာသာပဲ လိုက်ရှာနားထောင်ကြည့်လိုက်ပါတော့။ ဒါပေမဲ့ သူ့အလှက တနေရာမှာတော့ အရေးပါတယ်။ ခင်ဗျားမဟုတ်တာ မတွေးစေချင်ဘူး။ သူ့ရဲ့ လှတဲ့ နဖူး၊ နှာခေါင်း၊ နှုတ်ခမ်း၊ လည်တိုင်၊ ရင်၊ ခါး၊ တင်ပါး၊ ပေါင်တံ၊ ခြေသားလုံး၊ ခြေဖျား၊ ခြေဖဝါးတွေဖွဲ့စည်းထားတဲ့ လှပတဲ့ ခန္ဓာကိုယ်ကို မြင်ရင်.. စက်ဘီးစီးချင်စိတ်ဖြစ်လာတယ်၊ ဝိတ်ချချင်စိတ်ဖြစ်လာတယ်၊ အစားလျှော့စားချင်စိတ်ဖြစ်လာတယ်၊ ဘဝကို Plan ရှိရှိနေတဲ့သူဖြစ်ချင်လာတယ်။ ကိုယ့်စကားကို ကိုယ်တိုင်လေးစား လိုက်နာတဲ့သူဖြစ်ချင်လာတယ်။ မိန်းကလေးတစ်ယောက်ကို ချစ်မိရင် အားကစားလုပ်ချင်လာတာ ပုံမှန်ပဲလား။ သူ့အလှဟာ ကျနော့်အတွက်တော့ အဖွဲ့အနွဲ့တွေအတွက် Inspiration ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ အဲဒီထက် သူ့အလှက ကျနော့် အတွက် တွေးတွေးပြီးရတဲ့ Motivation ပါပဲ။ Crush ကိုဆိုတော့ ခင်ဗျားတို့လိုပဲ စကားသွားမပြောရဲဘူး။ Crush ဆိုတာ ငေးကြည့်ရတဲ့ပတ်သက်မှုပဲ။ အဆင့်အတန်းချင်း မိုးနဲ့မြေလို ကွာခြားလွန်းပါတယ်ဗျာ။ သူက အချစ်ခံရတဲ့လူတန်းစား၊ ကိုယ်က ချစ်ပါရစေလို့တောင် မပြောရဲတဲ့လူတန်းစား။ တိမ်ပင်လယ်ကိုလာကြည့်ဖို့ တကူးတက ခရီးသွားရတဲ့သူတွေလိုမျိုးပဲ။ ဘာလို့ တကူးတက လာကြည့်ရတာလဲဆို လွမ်းလို့ပေါ့။
⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀
ကျော်ညိုသွေး

Send a message to learn more

15/01/2025

❝ဒီနေ့ဟာ..
သင့်အတွက်ကောင်းသောနေ့ကလေး
ဖြစ်လာမှာပါ❞

Send a message to learn more

14/01/2025

သမ္မာအာဇီဝအိုင်ဖုန်း
__________________
အိုင်ဖုန်းက မိုက်တယ်နော်
အိုင်ဖုန်းက ဘယ်လောက်မိုက်သလဲမေး
ကြိုက်စျေးပေးပြီးတွဲလို့ရတဲ့
စော်ကလေးတစ်ယောက်ဖြစ်သွားစေတဲ့အထိ
မိုက်တယ်။
သိပ်မိုက်တယ် ကလေးရယ်
အရမ်းမိုက်တယ် ကလေးရယ်
ပလ္လင်ပေါ်က မျောက်ကလေး
ဆင်းတယ်လို့ပြေး ဂျအေး။
အေးတာပဲ..
အိုင်ဖုန်းက အရမ်းမိုက်တယ်နော်
သူနဲ့အတူတူ ဗီဒီယိုတွေပါ ရိုက်လို့ရတယ်
ဘာသူငယ်ချင်းလဲ..
နင်သူ့လက်မောင်းပေါ်အိပ်ခဲ့
သူငယ်ချင်းတွေပါ..
ပိုက်ဆံလိုတိုင်း နှစ်ယောက်တည်းတစ်ခန်း
Stay Action နေပြီး ရင်ဖွင့်လို့ရတဲ့
သူငယ်ချင်းပေါ့။
ဂေါ်တာပေါ့
အိုင်ဖုန်းတွေဘာတွေနဲ့
အိုင်ဖုန်းက ဘာတွေနဲ့လုပ်တာလဲ
ဘာနဲ့မှ မလုပ်ဘူး
ဘာ ဘာ ဘားမှ မဘာဘူး။
ဘာမှ မလုပ်ရင်..ဘာမှ မဖြစ်ဘူး
လုပ်တယ်လေ..
ဘာလုပ်လဲ
အလုပ်လုပ်တယ်လေ..
ဘာအလုပ်တာလဲ
သမ္မာအာဇီဝနဲ့ လုပ်စားတာလေ
သမ္မာအာဇီဝ? ဟုတ်လို့လား
သမ္မာအာဇီဝမဟုတ်လို့
ကျမက ဘယ်သူ့ကိုများ မသမာလို့လဲ
သူတို့လိုချင်တာပေးလိုက်ပြီး
ကျမလိုချင်တာ ယူတာပဲလေ။
အပေးအယူမျှတယ်။
တစ်ယောက်အကြိုက်ကို တစ်ယောက်သိတယ်
တစ်ယောက်စကားမှာ တစ်ယောက်က ငြိတွယ်
တစ်ယောက်ခါးပေါ် တစ်ယောက်က
ရင်ခုန်သံ အပ်ချည်ကြိုးတွေချည်တယ်။
ဇာတ်နာတဲ့ ကတ်ကိုဘိန်းသီချင်းထဲက
အကြောင်းအရာလို
တစ်ယောက်ကိုတစ်ယောက်
မြေပုံတစ်ခုလို ကြည့်ရှုရင်း
တောင်တန်းတွေပေါ်ပြေးလွှားရင်း
မိုးမမြင်လေမမြင် ဖြစ်သွားကြတယ်။
အိုင်ဖုန်းကမိုက်တယ်နော်..
အိုင်ဖုန်းကင်မရာနဲ့ ရိုက်ရင်
အရှိကို အရှိအတိုင်းမြင်ရတယ်။
ငါ့အချစ်ကို ပြက်ရယ်ရင်
နောက်ထပ် ငါ မင်းကို ဘယ်တော့မှ
ဆက်သွယ်မှာ မဟုတ်တော့ဘူးနော် သက်လှယ်
ဒိုင်ယာရီစာအုပ်ထဲမှာ..
ငါဘာတွေလျှောက်ရေးထားမိခဲ့တာလဲ
အချိန်တွေက ကြာပြီပဲ
အိုင်ဖုန်းကလေးလည်း ဟောင်းရောပေါ့
တပတ်ရစ်စျေးလေးနဲ့ ရောင်းရောပေါ့
အိုင်ဖုန်းအသစ်ဝယ်ဖို့..
နောက်ထပ် သမ္မာအာဇီဝအသစ်လည်း
ပြောင်းရောပေါ့။
ကျော်ညိုသွေး

This is an announcement for my core fans and recent followers of my page.I have created a Messenger channel named ❝Kyaw ...
14/01/2025

This is an announcement for my core fans and recent followers of my page.
I have created a Messenger channel named ❝Kyaw Nyo Thway's Updates❞ to represent my official page. Please join my Messenger channel to stay updated with my latest posts.

If you enjoy songs and poetry podcasts, you can also subscribe to my official YouTube channel, ❝Kyaw Nyo Thway Official.❞ The direct links to my channels are provided below:

[Messenger Channel]
https://www.facebook.com/messages/t/7142556749096090

[YouTube Channel]
https://www.youtube.com/

You can currently enjoy my original songs:

❝လွမ်းနေတဲ့အဝါ,❞ released on January 1, 2025.
❝ဟိုကောင်မလေးအတွက်,❞ released on June 5, 2025.
⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀⠀
Mention to

Share your videos with friends, family, and the world

12/01/2025

အလုပ်ဆိုတဲ့ကမ္ဘာကြီးထဲပြန်ဝင်ရဦးမယ်
အဲဒီလိုပြောလိုက်တော့..
တစ်ခုခုဟာ ခမ်းနားသွားတယ်။
ဘာက ခမ်းနားသွားတာလဲမေးရင်..
ရေရေရာရာအဖြေဟာတော့..မရှိ
ရှင်သန်ချင်စိတ်တွေက ခမ်းနားသွားတာလား
မျှော်လင့်ချက်တွေက ခမ်းနားသွားတာလား
တာဝန်ယူချင်စိတ်တွေက ခမ်းနားသွားတာလား
တစ်စုံတစ်ယောက်အပေါ်တာဝန်ယူချင်စိတ်က
ဘယ်လိုမျိုးလဲ..
ဝေးနေတဲ့အခါ သူအဆင်မှပြေပါမလား
အမြဲစိတ်ပူတာမျိုးလား
သူက မာကျောချင်ယောင်ဆောင်ထားပေမဲ့
တကိုယ်ရေအခန်းထဲက မွေ့ရာပေါ်မှာ
Facebook Video လေးတွေ လျှောက် share ရင်း
အထီးကျန်မှုနဲ့ အသားကျအောင် နေ နေတဲ့သူလား။
တစ်စုံတစ်ယောက်က သူ့ကိုလာချစ်ရင်
အချစ်စစ်နဲ့ချစ်တာလို့ကိုမယုံလို့
နှလုံးသားလေးကို မာနစက္ကူကြိုးကလေးနဲ့
သော့ခတ်ထားတာလေ။
ငါးကလေးနာမည်က ဇီးကွက်တဲ့
ညဘက်ဆို မအိပ်လို့ပေါ့။
ဒါနဲ့စကားမစပ် ငါးတွေက
အိပ်စက်တယ်ဆိုတာရော ရှိလို့လား။
Ai ကပြောတယ်..
"ငါးတွေလည်းအိပ်ပါတယ်
လူတွေလို မျက်လုံးမဖွင့်ဘဲ
လဲလျောင်းနေတာမျိုးတော့ မဟုတ်ပါဘူး
ဒါပေမဲ့ လှုပ်ရှားမှုနည်ပြီး ဇီဝက​​မ္မနှေးကွေးသွားတဲ့
အနားယူမှုအခြေအနေကိုရောက်ပါတယ်
ဒီအနားယူမှုဟာ..
သူတို့ရဲ့ကျန်းမာရေးနဲ့ ကောင်းကျိုးအတွက်
အရေးကြီးပါတယ်
ဒါဟာ လူသားတွေရဲ့အိပ်စက်ခြင်းနဲ့တူပါတယ်"
ငါးတွေက အနားယူရုံလောက်ပဲ အိပ်တယ်
ဒါပေမဲ့ ငါးမလေးတစ်ကောင်ကတော့..
မနက် ၁၁ နာရီမှ အိပ်ရာနိုးတယ်။
ငါးစားရင် အသားအရည်လှတယ်တဲ့
ငါးမလေးကတော့..
ငါးစားဖို့မလိုဘဲ အသားအရေလှတယ်။
ညကမ္ဘာထဲ..
ငါးကလေးဟာ ဒစ်ဂျစ်တယ်မြစ်ထဲမှာ
ကူးခတ်နေရှာတယ်။
ယောက်ျားမယူသေးဘူးလားလို့
မိတ်ဆွေတွေကမေးရင်
"မလိုဘူး ကျမမှာလက်တွေပါတယ်..
အဲဒီလက်တွေနဲ့လုပ်စားနိုင်တယ်"
အဲဒါကြောင့်..
သူလည်း အလုပ်ဆိုတဲ့ကမ္ဘာထဲ ပြန်ဝင်ရဦးမယ်
ဘာတွေရောင်းပြီး ဘာတွေဝယ်မလဲ
ဆားဗစ်တွေရောင်းပြီး မနက်ဖြန်တွေဝယ်မယ်
လုပ်အားတွေရောင်းပြီး..
Proposal Ring ကလေးဝယ်မယ်
အချိန်တွေရောင်းပြီး..
မျှော်လင့်ချက်တွေဝယ်မယ်
အပ်မှိုလေးလို ပိန်ပိန်ကလေးတုန်းကလည်း
ချစ်တာပဲ။
ငှက်ပျောဖူးသွယ်သွယ်လေးလို မင်းပြည့်လာတော့လည်း
ရင်ထဲမှာ ခန့်တယ်။
အလုပ်ဆိုတဲ့ကမ္ဘာကြီးထဲ ပြန်ဝင်ရဦးမယ်
အဲဒါကြောင့်လည်း..
အလုပ်ထဲကနေ နေ့လယ်ဆိုဖုန်းဆက်မယ်
ရုံးဆင်းပြီဆို ဖုန်းဆက်မယ်
အိမ်ပြန်ရောက်ပြီဆိုညဖုန်းဆက်မယ်
စိတ်ကူး အားကစားကွင်းလေးထဲမှာ
ညနေခင်းဆို စက်ဘီအတူတူနင်းမယ်
ကိုယ့်ထက်မင်းက ပိုသာပါတယ်။
တစ်ယောက်တည်းတော့မနေပါနဲ..
ကိုယ်လည်း အလုပ်ဆိုတဲ့ကမ္ဘာကြီးထဲ ပြန်ဝင်ရဦးမယ်
မင်းရှိတော့..
အလုပ်သွားရတာ ရင်ထဲမှာခမ်းနားတာပေါ့ကွယ်။
ဟုတ်တယ်နော်..
စိတ်အနှောင့်အယှက်ဖြစ်မှာ စိုးတယ်
"အစ်ကိုကြီးတစ်ယောက်လို
အရင်ဆုံးသဘောထားပေးပါ"
ဆိုတဲ့ ခပ်ကြောင်ကြောင်စကားမျိုးတွေနဲ့လည်း
အင်ထရိုမဝင်ချင်..
မဝင်ချင်ပေမဲ့လည်း အဲဒီအတိုင်းပါပဲကွယ်
တစ်ခုခုတော့..
ရန်တွေ့သလိုလိုလေး လုပ်ပြီး မက်ဆေ့ပို့ပေးပါဦး
ဒီကကြောက်နေလို့..
သိတယ်မလား စကားစပြောဖို့ မရဲတော့ဘူးလေ
ဒီည သူငယ်ချင်းဖြစ်ချင်တယ်။
မနက်ဖြန်ဆို..
အလုပ်ဆိုတဲ့ကမ္ဘာကြီးထဲ ပြန်ဝင်ရဦးမယ်လေ
"ဇီးကွက်ကလေးဟာ..
လူတိုင်းမျှော်လင့်နေရတဲ့ သောကြာနေ့လေးလိုပါပဲ"
ဘဝထဲသူရှိတဲ့အခါ..
အလုပ်ကမ္ဘာကြီးမှာ ကျနော့်အတွက်တော့
နေ့တိုင်းဟာ သောကြာနေ့ပါပဲ" တဲ့။
ကျော်ညိုသွေး

Address

Yangon

Alerts

Be the first to know and let us send you an email when Kyaw Nyo Thway posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Our Story

ခေတ်ပေါ်ကဗျာရေးသားခြင်း၊ စကားပြေရေးသားခြင်းနှင့်

ဖန်တီးမှုဇာတ်လမ်းများရေးသားခြင်းကို ခုံမင်နှစ်သက်သူ