Casa Mia - 808

Casa Mia - 808 You can buy premium accounts for streaming platforms and VPNs here !!!
(1)

VPN ဝယ်တဲ့အခါ ဝယ်ယူသူတွေအနေနဲ့ ကိုယ်သုံးမဲ့ VPN အကြောင်းကို သေချာလေးနားလည်ထားမှသာ သုံးရတာ အဆင်ပြေဆုံးဖြစ်မှာပါ၊ ဒါကြောင်...
18/12/2023

VPN ဝယ်တဲ့အခါ ဝယ်ယူသူတွေအနေနဲ့ ကိုယ်သုံးမဲ့ VPN အကြောင်းကို သေချာလေးနားလည်ထားမှသာ သုံးရတာ အဆင်ပြေဆုံးဖြစ်မှာပါ၊
ဒါကြောင့် ဒီ post လေးမှာ Casa Mia 808 မှာ ရရှိနိုင်တဲ့ VPN ၃ မျိုးအကြောင်းကို အသေးစိတ်ရှင်းပြသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။

🛑 Express VPN

Express VPN ကတော့ Casa Mia 808 မှာ အရောင်းရဆုံးနဲ့ Customer တွေ အမေးများဆုံး VPN ပဲဖြစ်ပါတယ်။
World’s 1st Premium VPN အနေနဲ့ သတ်မှတ်ခံထားရတဲ့ Express VPN က ချိတ်တာလည်း စက္ကန့်ပိုင်းပဲကြာတဲ့အပြင် လိုင်းဆွဲအားလည်း တော်တော်ကိုကောင်းပါတယ်။
Online Shop လုပ်တဲ့သူတွေ၊ Live Streaming ကြည့်တဲ့သူတွေအတွက် အင်မတန်မှ အဆင်ပြေတဲ့ VPN ပါပဲ။
နိုင်ငံပေါင်း ၁၀၅ နိုင်ငံ က server ပေါင်း ၃,၀၀၀ ကျော်တောင်ရှိတာမို့ ရွေးချယ်စရာ နိုင်ငံတွေလည်း အတော်စုံပြီး Myanmar Server ပါ ပါဝင်တဲ့ VPN ပဲဖြစ်ပါတယ်။
US VPN လိုအပ်တဲ့ Streaming Sites တွေဖြစ်တဲ့ HBO MAX, Disney+ တွေအတွက်လည်း VPN တွေအားလုံးထဲမှာ IP ကျော်တဲ့နေရာမှာ Express VPN က အဆင်ပြေဆုံးပါပဲ။
Netflix ရဲ့ Geolock ကိုလည်း အသာလေး ကျော်နိုင်တဲ့ Express ပါ။
ဒါ့အပြင် iOS, Android, Windows, Mac အပြင် Linux, Routers စတဲ့ Platforms တွေမှာပါ သုံးလို့ ရတဲ့ VPN ဖြစ်တာမို့ Express နဲ့ မကိုက်တဲ့ Device ဆိုတာ မရှိသလောက်ရှားပါတယ်။
Wifi / Sim လည်း မရွေးတာမို့ VPN ကြောင့်လိုင်းကျနေလို့ စိတ်ညစ်ရတာမျိုးမဖြစ်ချင်ဘဲ လိုင်းဆွဲအားကောင်းကောင်းနဲ့ Premium VPN သုံးချင်တဲ့ Customers တွေအနေနဲ့ အခုပဲ Casa Mia 808 မှာ Express VPN ကို လာရောက်ဝယ်ယူနိုင်ပါပြီခင်ဗျာ။

❇️ IPVanish VPN

နိုင်ငံပေါင်း ၇၅ နိုင်ငံကျော်က Server ပေါင်း ၂,၂၀၀ ကျော်ပါတဲ့ IPVanish VPN ကတော့ ချိတ်ရတာ လွယ်ကူမြန်ဆန်ပြီး စျေးသက်သာတဲ့ VPN လေး တစ်ခုပဲဖြစ်ပါတယ်။
သူ့ရဲ့ Server တွေအားလုံးထဲမှာမှ United States Server က တော်တော်ကောင်းတာမို့ US VPN လိုအပ်တဲ့သူတွေအနေနဲ့ အရမ်းအဆင်ပြေစေမဲ့ VPN ပဲဖြစ်ပါတယ်။
Netflix, HBOMAX, Disney+ တို့ရဲ့ geolock ကိုလည်း သေချာကျော်နိုင်တဲ့ VPN မို့လို့ admin တို့အ​နေနဲ့ Bundle တွေတွဲရောင်းပေးတဲ့အခါ IPVanish နဲ့ပဲ တွဲပေးတာပါ။
iOS, Android, Windows, Chrome platforms အကုန်မှာ အသုံးပြုနိုင်ပြီး Android TV တွေမှာလည်း အသုံးပြုနိုင်တဲ့ VPN ပဲဖြစ်ပါတယ်။
စျေးသက်သက်သာသာနဲ့ Casual ဖြစ်ဖြစ် အသုံးပြုချင်တဲ့ သူတွေအတွက်တော့ IPVanish ကို ရွေးချယ်တာမှားမှာ မဟုတ်ပါဘူး။
IPVanish VPN လေးကိုလည်း Casa Mia 808 မှာ ဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာ။

🟢 Tunnelbear VPN

နိုင်ငံပေါင်း ၄၇ နိုင်ငံက servers တွေ ရှိတဲ့ Tunnelbear က အခြား VPN တွေထက်စာရင် server နည်းပေမဲ့ အထင်မသေးသင့်တဲ့ VPN တွေထဲပါပါတယ်။
Freemium Budget VPN ဖြစ်တဲ့အတွက် လူကြိုက်အရမ်းများပြီး Free Version သုံးဖူးသွားရင်ကို Tunnelbear ရဲ့ Premium Version က ဘယ်လောက်တန်လဲကို သိရမှာဖြစ်ပါတယ်။
နိုင်ငံနည်းပေမဲ့ လူသုံးများတဲ့ အဓိက နိုင်ငံတွေ အကုန်ပါဝင်ပြီး လိုင်းဆွဲအားလည်း ကောင်းမွန်တဲ့အပြင် Split Tunneling ဆိုတဲ့ Feature လေးလည်း ပါဝင်ပါတယ်၊ Split Tunneling ဆိုတာကတော့ VPN ချိတ်ပြီး ဝင်လို့ အဆင်မပြေတဲ့ Application တွေ Website တွေအတွက် VPN ကို တကူးတက သွားဖြုတ်လိုက် ပြန်ချိတ်လိုက် လုပ်စရာမလိုဘဲ အဲ့ App တွေ ဝင်တဲ့အခါ Split Tunneling နဲ့ auto VPN ကို ပိတ်ထားလို့ရမှာပဲ ဖြစ်ပါတယ်။
VPN ချိတ်တဲ့အခါလည်း နာမည်နဲ့လိုက်အောင် ဝက်ဝံလေးက တွင်းတူးပြီး ချိတ်ပေးတဲ့ animation လေးမို့ တော်တော်လည်း ချစ်ဖို့ကောင်းတာပါ။
iOS, Android, Windows, Chrome စတဲ့ Platform အကုန်လုံးမှာ အသုံးပြုနိုင်ပါတယ်။
Budget VPN လေးမို့ စျေးသက်သက်သာသာနဲ့ အဆင်ဆင်ပြေပြေ အသုံးပြုလိုတဲ့ user တွေ အခုပဲ Casa Mia 808 မှာ Tunnelbear VPN လေးကို လာရောက်ဝယ်ယူနိုင်ပါပြီ ခင်ဗျာ။

Loki (Season 2) --------------Marvel က ထွက်တဲ့ series တိုင်းကို MCU ကို သဘောကျသည့်တိုင်အောင် မကြည့်ဖြစ်ခဲ့ပေမယ့် အရမ်းကြ...
08/10/2023

Loki (Season 2)

--------------

Marvel က ထွက်တဲ့ series တိုင်းကို MCU ကို သဘောကျသည့်တိုင်အောင် မကြည့်ဖြစ်ခဲ့ပေမယ့် အရမ်းကြိုက်တဲ့ series ကို ပြောပြပါဆိုရင်တော့ Loki ပါပဲ။ တော်တော်များများလည်း Loki ကို ကြိုက်ကြမယ်ထင်ပါတယ်။

Anti-hero ဖြစ်နေသည့်တိုင်အောင် ပရိတ်သတ်တွေရဲ့ အချစ်ခံရတဲ့ character တစ်ယောက်ရဲ့ တစ်ကိုယ်တော် series မှာလည်း ဇာတ်ညွှန်းပိုင်ဆိုင်ရာကော အဖက်ဖက်ကနေပြီး ပြီးပြည့်စုံလှတဲ့ series တစ်ခုလို့ မျှော်လင့်လို့ ရပါတယ်။

ဒီ season 2 မှာကော ထိန်းထားနိုင်ပါ့မလားဆိုတာတော့ မေးခွန်းထုတ်စရာတစ်ခုပဲ။ Season 1 မှာတော့ အလွန်အမင်းကို စိတ်၀င်စားဖို့ ကောင်းတဲ့ cliffhanger တစ်ခုနဲ့ ပြီးဆုံးခဲ့ပြီးတော့ ဒီ season 2 မှာကော season 1 ရဲ့ quality ကို ထိန်းထားရင်းနဲ့ ပိုကောင်းတဲ့ ဇာတ်လမ်းတစ်ခုဆီကို သွားနိုင်မလား မသွားနိုင်ဘူးလားဆိုတာတော့ ကိုယ်တိုင်ကြည့်မှ ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။

Loki series ကိုတော့ Disney+ မှာ ကြည့်ရှုနိုင်ပါတယ်။ Disney+ ရဲ့ quality ကတော့ admin အရမ်းကြိုက်တဲ့ streaming service တွေထဲမှာပါတာမို့လို့ Loki series ကို အကောင်းဆုံးပဲ ကြည့်ချင်ပါတယ်ဆိုတဲ့ သူတွေအတွက်တော့ Disney+ ကိုပဲ recommend ပေးပါတယ်နော် ..

Disney+ ကိုတော့ Casa Mia 808 မှာ စျေးတန်တန်နဲ့ ရရှိနိုင်နေပြီမို့ အချိန်မရွေးလာရောက်၀ယ်ယူနိုင်ပါပြီ။

ကိုယ်လိုချင်တဲ့ app မှာပဲ VPN connected ဖြစ်စေနိုင်တဲ့ feature (သို့) Split Tunneling ပါ၀င်တဲ့ IPVanish VPN-------------...
07/10/2023

ကိုယ်လိုချင်တဲ့ app မှာပဲ VPN connected ဖြစ်စေနိုင်တဲ့ feature (သို့) Split Tunneling ပါ၀င်တဲ့ IPVanish VPN

------------------

သူ့ရဲ့ US region က အရမ်းလိုင်းကောင်းပါတယ်လို့ နာမည်ရှိတဲ့ vpn တစ်ခုဖြစ်တဲ့ IPVanish VPN ဟာ ကိုယ်လိုချင်တဲ့ app မှာပဲ vpn connected ဖြစ်စေတဲ့ split tunneling feature တစ်ခုလည်း ပါ၀င်တာမို့ အလွန်အမင်းကို အဆင်ပြေပါတယ်။

အထူးသဖြင့် တချို့သူတွေရဲ့ device တွေမှာ KBZpay စသဖြင့် app တွေကို VPN ချိတ်နေတဲ့အခါမျိုးမှာ ၀င်မရတာမျိုးတွေ သုံးရတာအဆင်မပြေတာမျိုးတွေ ရှိတာကြောင့် ဒီလို split tunneling feature မှာ ကိုယ် vpn connected ဖြစ်ချင်တဲ့ facebook, instagram စတဲ့ app တွေကိုပဲ on ထားခြင်းဖြင့် vpn ကို သွားသွားပြီး တကူးတက ပိတ်စရာမလိုတော့ဘဲနဲ့ လွယ်ကူပြီး convenient ဖြစ်စေပါတယ်။

အဲ့တာကြောင့် admin ဆိုလည်း သုံးဖြစ်ပါတယ် .. ဒါ့အပြင် HBOMAX, Netflix, Disney+ အတွက်လည်း IPVanish က အသုံး၀င်ပါတယ်။ နောက်တစ်ခုကတော့ စျေးကလည်း အသင့်အတင့်ရှိတဲ့အတွက် အကုန်လုံးရဲ့ လက်စွဲဖြစ်နေပြန်ရောပေ့ါ။

လိုင်းဆွဲအားကလည်း အင်မတန်မှ ကောင်းမွန်တာမို့လို့ IPVanish နဲ့ ဆို အဆင်ကို ပြေနေရောပါပဲ ..

အဲ့တော့ IPVanish လေးကို လိုချင်ရင် Casa Mia 808 မှာ အချိန်မရွေးလာရောက်၀ယ်ယူနိုင်ပါပြီ။

Movie Recommendation: Time to Hunt -------------------ဒီနေ့မှာတော့ Underrated ဖြစ်နေသေးတဲ့ ရုပ်ရှင်လေးတစ်ခုကို recommend...
27/09/2023

Movie Recommendation: Time to Hunt

-------------------

ဒီနေ့မှာတော့ Underrated ဖြစ်နေသေးတဲ့ ရုပ်ရှင်လေးတစ်ခုကို recommend လေး ပေးချင်ပါတယ်။ Underrated သာ ဖြစ်နေတာ ပါ၀င်တဲ့ cast တွေကတော့ နာမည်ကြီးတွေထဲက ပါပဲ။

Tomorrow With You series နဲ့ သိကြမယ်လို့ ထင်ပြီး နာမည်ကြီး series တစ်ခုဖြစ်တဲ့ Taxi Driver series ထဲမှာပါ၀င်တဲ့ Lee Je Hoon က ဒီထဲမှာ main character အကျဆုံးလို့ ပြောလို့ရပါတယ်။ ဒီမင်းသားကလည်း မြန်မာနိုင်ငံမှာဆိုရင်တော့ အရမ်း hype ဖြစ်တဲ့ထဲ မပါပေမယ့် သရုပ်ဆောင်ကောင်းတဲ့ မင်းသားတစ်လက်ပါပဲ။ သူပါ၀င်တဲ့ project တိုင်းက fail တယ်လို့ကို မရှိပါဘူး။

နောက်တစ်ယောက်အနေနဲ့ကတော့ အကုန်လုံးလည်း သိကြပြီး ချစ်ကြတဲ့ Choi Woo Shik လည်း ဒီထဲမှာ main character တစ်ယောက်အနေနဲ့ ပါ၀င်ထားပါတယ်။

Main character တွေဘက်က point of view နဲ့ ကြည့်မယ်ဆိုရင်တော့ villain လို့ သတ်မှတ်လို့ရတဲ့ character နေရာမှာတော့ Squid Game ထဲမှာပါ၀င်တဲ့ Park Hae Soo က ပါ၀င်သရုပ်ဆောင်ထားပါတယ်။

---------------

ဇာတ်လမ်းကတော့ dystopian မြို့ဆန်ဆန်တစ်ခုခုမှာ အခြေခံပြီး ရိုက်ကူးထားပါတယ်။ မြို့ကြီးပေမယ့် အကျင့်ပျက်ခြစားတာတွေ ဒုနဲ့ဒေးဖြစ်နေတဲ့ မြို့တစ်မြို့ပေ့ါ ..

သူငယ်ချင်းလေးယောက်ရဲ့ အသက်ငယ်ငယ်ရွယ်ရွယ်မှာ အေးအေးချမ်းချမ်းနဲ့ အပူအပင်မရှိဘဲ ကျွန်းလေးတစ်ကျွန်းမှာ အခြေချဖို့အတွက် တရားမ၀င် Casino ၀ိုင်းတစ်ခုကို heist လုပ်ဖို့ အကြံကို အကောင်အထည်ဖော်ရင်း ဖြစ်လာတဲ့ နောက်ဆက်တွဲပြဿနာတွေကို thrilling ဖြစ်ဖြစ် ရိုက်ကူးထားတာပါ။

ငယ်လည်း ငယ်သေးကြတဲ့အပြင် heist ကိုလည်း အခုမှ စလုပ်တာဆိုတော့ ကလေးသာသာအရွယ်လေးတွေအနေနဲ့ မီးနဲ့ ကစားနေသလို ဖြစ်သွားပါတော့တယ်။ Casino ပိုင်ရှင်ကလည်း Casino အကြီးတစ်ခု ဖြစ်တာမို့လို့ သေချာပေါက် ဒီလိုမျိုးတွေ ဖြစ်လာရင် ဘယ်သူ့ကို ခေါ်ပြီး ဖြေရှင်းရမလဲဆိုတာကို အဆက်အသွယ် ရှိထားပြီးသားပါပဲ။

ကံဆိုးချင်တော့ Casino ပိုင်ရှင်ဘက်က ဆက်သွယ်လိုက်တဲ့ လူက Serial Killer ဖြစ်တဲ့အပြင် ၀ါရင့်နေပြီးသား သေနတ်သမားတစ်ယောက်ပဲ ဖြစ်ပါတယ်။​ Heist လုပ်သွားတဲ့ ကလေးသာသာလေးတွေကိုနောက်ကို သူ့အရည်အချင်းနဲ့ဆို တစ်ခါလောက်နဲ့ ဖမ်းနိုင်ပေမယ့် လျော့ပေးလိုက် တင်းပေးလိုက် ကစားစရာလိုမျိုး သတ်မှတ်ပြီး ခြောက်ခြားစရာကောင်းလောက်အောင် အနောက်က လိုက်နေပုံက unique ဖြစ်လွန်းလှပါတယ်။

ဒီရုပ်ရှင်ဟာ action genre တစ်ခုဆိုတာထက်ကို ပိုပြီး background music, cinematography က အစ dystopian vibes ကို အပြည့်ပေးနေတာပါ။ ကိုရီးယားတွေက thriller ရိုက်တဲ့နေရာမှာတော့ လျော့တွက်လို့ မရဘူးဆိုတာကိုလည်း ဒီရုပ်ရှင်ကို ကြည့်ရင်း လက်ခံရပါတယ်။

ခြောက်ခြားစရာကောင်းတဲ့ vibes လေးကို ရချင်ရင် ဒီရုပ်ရှင်လေးကို ကြည့်ဖို့အတွက် recommend ပေးလိုက်ရပါတယ်။

Netflix Original Film ဖြစ်တာမို့ Casa Mia 808 မှာ Netflix လာ၀ယ်ရင်း Time To Hunt ကို ကြည့်လို့ရပါပြီ။

ကိုယ် သဘောကျရသူ, ချစ်သူရည်းစားကို story က တစ်ဆင့် aesthetic ဆန်ဆန် ခံစားချက်လေးတွေကို ပြောပြချင်ပါသလား ?-----------Apple...
25/09/2023

ကိုယ် သဘောကျရသူ, ချစ်သူရည်းစားကို story က တစ်ဆင့် aesthetic ဆန်ဆန် ခံစားချက်လေးတွေကို ပြောပြချင်ပါသလား ?

-----------

Apple Music လေးကို စျေးတန်တန်နဲ့ September 30 ရက်နေ့ထိ sale ချမယ့် Casa Mia 808 က အသင့်ရှိနေပါပြီ။

------------

Dolby Atmos Sound Quality နဲ့ ကိုယ်ခေါင်းလှည့်တိုင်း လှည့်တဲ့ဘက်ကနေကို သီချင်းကို realistic ဆန်ဆန်ကြားနေစေရမယ့် Spatial audio feature ကလည်း Apple Music က support ထားတာပါ။

AirPods ရဲ့ feature လေးတွေနဲ့ဆိုရင်တော့ ပိုမိုက်မှာပေါ့နော် ..

သို့သော်လည်း Apple Music ရဲ့ အကျိုးကျေးဇူးကိုက AirPods ရှိတဲ့သူတင်မဟုတ်ဘဲ iOS/Android သုံးစွဲသူ ဘယ်သူမဆို ရရှိနိုင်ပါတယ်။

အခုဆိုရင်တော့ iOS 17 မှာ iOS device တွေ အတွက် Apple Music ရဲ့ UI က ပိုမိုက်လာပြီး social media မှာ aesthetic ဆန်ဆန်လေးတောင် ဖြစ်လာလို့ နေပါပြီ။

ကဲ .. အဲ့တော့ အခု dollar စျေးနဲ့ဆို gift code ၀ယ်ရတာလည်း မလွယ်တော့တော့ official လည်း official ရနေတဲ့ Apple Music ကို Casa Mia မှာ စျေးသက်သက်သာသာနဲ့ September 30 ရက်နေ့ထိ လာ၀ယ်နိုင်ပါပြီနော်

တစ်ယောက်တည်း နေရတဲ့ အချိန်ကစပြီး အရမ်းတိတ်ဆိတ်နေရင် ကြောက်ပြီး အိပ်မပျော်လို့ဆိုတဲ့ အကြောင်းတစ်ခုနဲ့.. Spotify ကနေပြီး a...
25/09/2023

တစ်ယောက်တည်း နေရတဲ့ အချိန်ကစပြီး အရမ်းတိတ်ဆိတ်နေရင် ကြောက်ပြီး အိပ်မပျော်လို့ဆိုတဲ့ အကြောင်းတစ်ခုနဲ့..

Spotify ကနေပြီး admin အရမ်းကြိုက်တဲ့ sitcom series လေးရဲ့ audio only podcasts တွေကို နားထောင်ရင်း ညညဆို အိပ်ဖြစ်ပါတယ်။

Podcast တွေ နားထောင်ရင် Timer Option လေးလည်းပါတော့ ၃၀ မိနစ်လောက်ထားပြီး ညညဆို အိပ်ဖြစ်တယ်။မိနစ်၃၀လောက် နေတော့ သူ့အလိုလို အသံလေးပိတ်သွားတော့ အဆင်ပြေတာပေါ့။

admin လို လူမျိုးတွေများရှိရင် Spotify လေးကို Casa Mia 808 page မှာ စျေးသက်သက်သာသာနဲ့ လာဝယ်လို့ရပါတယ်။

Friends series ကိုလည်း Netflix, HBOMAX streaming platform တွေမှာ ဝယ်ယူကြည့်ရှုနိုင်ပါပြီ ✨

"ဘာလို့ Express VPN ဟာ လူကြိုက်များနေရတာလဲ။"---------------1. အဝိုင်းလည်ခြင်းမရှိဘဲ လိုင်းဆွဲအားကောင်းခြင်းလူကြိုက်များန...
19/09/2023

"ဘာလို့ Express VPN ဟာ လူကြိုက်များနေရတာလဲ။"

---------------

1. အဝိုင်းလည်ခြင်းမရှိဘဲ လိုင်းဆွဲအားကောင်းခြင်း

လူကြိုက်များနေခြင်း အဓိက အကြောင်းကတော့ ဒါပါပဲ။ Region တစ်ခုကို Connect လုပ်တာ အရမ်းမြန်ပါတယ်။ မျက်စိတစ်မှိတ်အတွင်းပါပဲ။

2. Server Network စုံခြင်း

နိုင်ငံပေါင်း 90 က Server အခု 3000 ကို connect လို့ ရပါတယ်။

3. Security

Premium VPN တစ်ခုဖြစ်တဲ့အတွက်ကြောင့် Security ကတော့ စိတ်ချပါ။ IP Address ကြီး တကယ် Change တဲ့ အတွက် ကိုယ့် Acc အ hack ခံရမှာတွေ ဘာတွေ စိတ်ပူစရာ မလိုပါဘူး။

4. Key to Premium Subscriptions

Netflix ကို ပိုတန်အောင်လို့ VPN ကျော်ပြီး ကြည့်ချင်တဲ့သူတွေ၊ Disney+ တို့ HBOMAX တို့ HULU တို့ကို ကြည့်ချင်တဲ့ သူတွေအတွက်လည်း Express VPN က ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုပဲ ဖြစ်မှာပါ။

ဒီလို အရည်အသွေးပြည့်စုံတဲ့ VPN ကို cracked မဟုတ်ဘဲ official plan နဲ့ Casa Mia 808 မှာ ရောင်းချပေးနေပါပြီ။

❌ No Connection Limit error ❌
Full Warranty ☑️ ဖြစ်တာမို့ စိတ်ချလက်ချနဲ့ ၀ယ်ယူနိုင်ပါပြီ။

TV Show Recommendation: Young Sheldon -------------------The Big Bang Theory ရဲ့ star character တစ်ယောက်ဖြစ်တဲ့ “Sheldon...
15/09/2023

TV Show Recommendation: Young Sheldon

-------------------

The Big Bang Theory ရဲ့ star character တစ်ယောက်ဖြစ်တဲ့ “Sheldon Cooper” ရဲ့ ငယ်ဘ၀ကို ပုံဖော်ထားတဲ့ Spin-off series တစ်ခုဖြစ်တဲ့ Young Sheldon ဟာ အခုဆိုရင်တော့ on going ဖြစ်နေတုန်း series တစ်ခုပဲ ဖြစ်ပါတယ်။

The Big Bang Theory ရဲ့ ပရိတ်သတ်တွေဆိုရင်တော့ ရင်းနှီးပြီးသားဖြစ်နေမယ့် Sheldon ရဲ့ ဘာသာရေးကိုင်းရှိုင်းလွန်းလှတဲ့ အမေ Mary, Sheldon ပြောပြောနေကျဖြစ်တဲ့ သူ့ရဲ့ အဖွား Meemaw, Sheldon နဲ့ ဆန့်ကျင်ဘက်ပုံစံဖြစ်တဲ့ Sheldon ရဲ့ အမြွှာညီမ Missy, အကိုဖြစ်တဲ့ Georgie စတဲ့ character တွေနဲ့ Young Sheldon series ကို သရုပ်ဖော်ထားတာပဲ ဖြစ်ပါတယ်။

The Big Bang Theory မှာတော့ နည်းနည်းစီပဲ ပါတာမို့လို့ သိပ်ပြီး မသိသာပေမယ့် Young Sheldon series မှာတော့ character တွေ အကုန်လုံးက ချစ်ဖို့ကောင်းလှပါတယ်။ The Big Bang Theory မှာ မပါခဲ့တဲ့ Sheldon အဖေဖြစ်သူ George ဟာလည်း Young Sheldon မှာ ချစ်ဖို့ကောင်းတဲ့ character တစ်ခုအနေနဲ့ ပါ၀င်လာပါတယ်။ Admin ရဲ့ အကြုက်ဆုံး character တစ်ယောက်ဆိုလည်း မမှားပါဘူး။

Meemaw ကလည်း sarcastic ဖြစ်ပြီး ရယ်ရတဲ့ character တစ်ခုအနေနဲ့ show ရဲ့ main attraction ထဲမှာ ပါနေပါတယ်။

The Big Bang Theory, Young Sheldon စတဲ့ sitcom series တွေကို admin ကြိုက်တဲ့ အချက်တစ်ခုကတော့ knowledge အရမ်းရလို့ပါပဲ။ ကြည့်ရင်းရတဲ့ ရသ၊ အိမ်လိုမျိုး ကိုယ့်မိသားစုလိုမျိုး ခံစားရတဲ့ ခံစားမှုတွေက sitcom ကောင်းကောင်းတိုင်းမှာ ရတတ်ပေမယ့် The Big Bang Theory ကြည့်ရင်းနဲ့ admin သိသွားရတဲ့ အသိပညာတွေ အနည်းအကျဉ်းစီ ရှိပါတယ်။

English language ကို လေ့ကျင့်နေသူတွေအတွက် တချို့စကားလုံးတွေက upper intermediate level မှာ ရှိတာမို့ Essay ရေးတဲ့အခါမှာ တော်တော်ကို အထောက်အကူဖြစ်ပါလိမ့်မယ်။

Young Sheldon series ကို Netflix, HBOMAX မှာ ကြည့်နိုင်ပြီမို့လို့ Casa Mia 808 မှာ စျေးသက်သက်သာသာနဲ့ လာရောက်၀ယ်ယူနိုင်ပါပြီ။

K rapper တွေထဲမှာ အရည်အချင်းပြည့်ပြီး production ပိုင်းပိုင်တဲ့ rapper ကတော်တော်ကိုနည်းမယ်ထင်ပါတယ်။ သီချင်းအကုန်လုံးနီးပ...
13/09/2023

K rapper တွေထဲမှာ အရည်အချင်းပြည့်ပြီး production ပိုင်းပိုင်တဲ့ rapper ကတော်တော်ကိုနည်းမယ်ထင်ပါတယ်။ သီချင်းအကုန်လုံးနီးပါးကို ကိုယ်တိုင်ရေး ကိုယ်တိုင်ဆို ကိုယ်တိုင် mix ပြီး တမူထူးခြားတဲ့ flowနဲ့ဆိုလေ့ရှိတဲ့ rapper Ku Chang-mo (Stage name- Changmo) ကတော့ ချီးကျူးစရာ artist တစ်ယောက်လို့ပဲဆိုပါရစေ။ Changmo ဟာ အသက် ၁၈/၁၉ အရွယ်တုန်းက USA Boston က တက္ကသိုလ် Berklee College of Music ကို ၂ကြိမ်တိုင်တိုင် တက်ရောက်ခွင့်ရရှိခဲ့ပေမယ့် scholarship ကိုတော့မရယူနိုင်ခဲ့တာကြောင့် ကျောင်းသွားမတက်ဖို့ပဲ ရွေးချယ်ခဲ့တယ်လို့သိရပါတယ်။ Stage စင်မြင့်တွေပေါ်ကို 2013 မှာစတင်ရောက်ရှိလာခဲ့ပြီး သိပ်မကြာခင် 2014ခုနှစ်အတွင်းမှာပဲ Time to get money နဲ့ Ready to be a star ဆိုတဲ့ mixtape ၂ခု ထုတ်ခဲ့သလို Debut album "M O T O W N" ကိုတော့ 2016 မှာ ထုတ်ခဲ့ပြီး အဲ့ဒီနှစ်မှာပဲ Dok2 နဲ့ The Quiett's တို့ရဲ့ Label အခွဲ Ambition Musik ကို join ခဲ့ပါတယ်။ (P.s. 2016 ထဲမှာပဲ နောက်ထပ် Time to earn money 2 နဲ့ Time to earn money 3 ဆိုတဲ့ album ၂ခုထပ်ထုတ်ခဲ့ပါသေးတယ်။ 2 က Ambition ကို မjoinခင်ကဖြစ်ပြီး 3 ကတော့ joinအပြီးမှဖြစ်ပါတယ်)
ဆက်လက်ပြီး 2017 နဲ့ 2018 မှာ Getting money moment နဲ့ Reached moment (DNSG) တို့ကို ဆက်တိုက် release ခဲ့ကာ 2019မှာတော့ အအောင်မြင်ဆုံး album လို့ပြောလို့ရတဲ့ Boyhood ကို Ambition musik label နဲ့အတူ အကောင်းဆုံးဖန်တီးခဲ့ပါတယ်။ လက်ရှိအထိထွက်ထားသမျှထဲမှာမှနောက်ဆုံးကတော့ 2021မှာ Genie music, Stone music entertainment တို့နဲ့အတူလက်တွဲပြီးထုတ်ထားတဲ့ Underground Rockstar album ပါ။ 👊

Changmo ရဲ့ masterpiece တွေထဲကမှ Reached Moment DNSG ထဲက "Selfmade Orange" ဆိုတဲ့ တစ်ပုဒ်ကို ညွှန်းပေးချင်ပါတယ်ခင်ဗျ။
Selfmade orange ကလူတွေအကြောင်းဆိုထားတာလို့ပြောမယ်ဆိုပြောလို့ရတဲ့သီချင်းတစ်ပုဒ်ပါ။ သူကဝေးလံပြီးခေါင်ပါတယ်ဆိုနေရာကလာခဲ့တဲ့လူဖြစ်ပြီး တစ်ဆင့်ချင်းတက်လာခဲ့ရာမှ ခုလိုအောင်မြင်လာတယ်လို့ဆိုထားပါတယ်။အောင်မြင်လာမှ အရင်တုန်းကကိုယ်ကစပြောမှ စကားပြန်ပြောတဲ့ရည်းစားဟောင်းတွေရော ဘယ်ကမှန်းမသိတဲ့လူတွေကရော မရပ်မနား လာtextပြီး အနားလာကပ်ကြတယ်လို့ သူဆိုထားတာကိုကြည့်ပြီး လူတွေရဲ့ စိတ်ဟာ ဘယ်လောက်တောင် စိတ်ပျက်စရာကောင်းလဲဆိုတာ တွေးကြည့်လို့ရပါတယ်။ ဒီလိုနတ်သမီးအိပ်မက်ဆန်တဲ့အောင်မြင်မှုမျိုးရဖို့သူကိုယ်တိုင်ပဲကြိုးစားခဲ့ရတဲ့အကြောင်း၊ ရုန်းကန်ခဲ့ရတဲ့အကြောင်း၊ လူတွေက အတုအယောင်တွေပဲ လိုချင်ကြောင်း၊ ကြိုးစားလို့ရတာတွေနဲ့ အသက် ၂၅မှာဝယ်ခဲ့တဲ့ Porsche ကား စသဖြင့် အောက်ခြေကတက်လာတဲ့အကြောင်းတွေကို သီချင်းထဲထည့်ရေးခဲ့ပြီး ဒီလို အခြေအနေမျိုးကိုလဲ Selfmade orange ဆိုပြီး တင်စားထားပါသေးတယ်။ ဒီသီချင်းထဲမှာ Featuring အနေနဲ့ပါတဲ့ SUPERBEE ကလဲ တစ်မျိုးတစ်ဖုံ မတူညီတဲ့ရသတွေ flowတွေနဲ့ Changmo နဲ့အပြိုင်ကိုယ်စီ အသုံးတော်ခံထားပါတယ်။
ဒီသီချင်းက အမြည်းပဲဖြစ်တာမလို့ တခြားalbumတွေထဲက Track တွေကော Single တွေကောနားထောင်ကြည့်ကြပါလို့အကြံပြုပါရစေခင်ဗျာ။

Selfmade orange - https://m.youtube.com/watch?v=s6bx7MCEZ6Y

Ref. Wikipedia and Youtube

Our services - https://www.facebook.com/100092476732261/posts/pfbid02oLSc9sM8JQkraeyfsoR5sbnFSAbES4ipMyoEv9AT8nd1sPZFdA6D1h7eTbs7BBYnl/?mibextid=cr9u03

Windscribe VPN ကို စျေးအသင့်အတင့်နဲ့ စိတ်ချလက်ချ ၀ယ်ယူချင်ရင် ..------------------Windscribe ဆိုတာနဲ့ device တိုင်းနဲ့ အ...
01/09/2023

Windscribe VPN ကို စျေးအသင့်အတင့်နဲ့ စိတ်ချလက်ချ ၀ယ်ယူချင်ရင် ..

------------------

Windscribe ဆိုတာနဲ့ device တိုင်းနဲ့ အဆင်ပြေပြီး sim မရွေးတဲ့ vpn ကို တွေးမိကြမယ်ထင်ပါတယ်။

Windscribe ပိုင်ရှင်ပြောင်းသွားပြီးနောက်ပိုင်းကတည်းက မြန်မာနိုင်ငံမှာ အရမ်းမပေါများတော့တဲ့ Windscribe VPN ကို Casa Mia 808 မှာ စျေးသက်သက်သာသာနဲ့ ရယူနိုင်ပါပြီ။

iOS users တွေ အရမ်းကို သဘောကျကြတဲ့ vpn ဖြစ်တာမို့လို့ လိုင်းမကောင်းမှာလည်း စိတ်ပူစရာမလိုပါဘူး။ အဲ့လို ပြောတာကြောင့် iOS နဲ့ပဲ အဆင်ပြေတာလားဆိုတော့လည်း မဟုတ်ပါဘူး။ မနှစ်က update ပြီးကတည်းက Android user တွေနဲ့ အရမ်းကို ကိုက်လာတာကိုလည်း တွေ့ရှိရပါတယ်။

Error တွေကော ဖြစ်မှာလား?

Device တွေကို Casa Mia 808 မှာ စည်းစနစ်တကျနဲ့ quantity ထက် quality ကို ဉီးစားပေးပြီး ရောင်းချပေးနေတာဖြစ်တာကြောင့် Full warranty နဲ့ အပြည့်အ၀ တာ၀န်ယူပါတယ်။

ဒါ့အပြင် Locations တွေလည်း အများကြီး ရှိတာမို့ Netflix, HBOMAX, Disney+, Hulu စတဲ့ streaming service တွေကို VPN ကျော်ချင်တဲ့ အချိန်မျိုးမှာလည်း Windscribe က reliable အရမ်းဖြစ်ပါတယ်။

ဒါကြောင့်လည်း လူတွေနဲ့ အသည်းစွဲ vpn ဖြစ်ပြီး မြန်မြန်နဲ့ out of stock ဖြစ်တဲ့အထိ ရောင်းထွက်နေတာပဲ ဖြစ်ပါတယ်။

အဲ့တော့ out of stock မဖြစ်ခင် quality ကောင်းမွန်တဲ့ vpn လေးကို စျေးသက်သက်သာသာနဲ့ ရနိုင်ဖို့ Casa Mia 808 ကို လာရောက်၀ယ်ယူနိုင်ပါပြီ။

Admin က ဘယ် device က ဘယ် location နဲ့ အဆင်ပြေတာကအစ အချိန်မရွေး free consult လုပ်ပေးမယ့် service လည်း ပေးနေမှာမလို့ အပြည့်အ၀ စိတ်ချနိုင်ပါတယ်။

Casa Mia 808 မှာ Streaming Platform မျိုးစုံကိုလည်း စျေးသက်သက်သာသာ၊ Warranty အပြည့်နဲ့ ရနိုင်နေပါပြီ 🤩—————//—————Custom...
17/07/2023

Casa Mia 808 မှာ Streaming Platform မျိုးစုံကိုလည်း စျေးသက်သက်သာသာ၊ Warranty အပြည့်နဲ့ ရနိုင်နေပါပြီ 🤩
—————//—————
Customers တွေအတွက် အဆင်ပြေဆုံးဖြစ်မဲ့
Top Tier VPN တွေ ဖြစ်တဲ့
Express, Tunnelbear, IPVanish
တို့ကို ရောင်းချပေးနေတဲ့ Casa Mia 808 မှာ
လူကြိုက်များ နာမည်ကြီးတဲ့
Movie Streaming Platform တွေနဲ့ Music Streaming Platform တွေကိုလည်း စျေးသက်သက်သာသာနဲ့ ရောင်းချပေးနေတာရော သိပြီးကြပြီလား။

ဟုတ်ပါတယ်၊ Casa Mia 808 မှာ
Top Movie Streaming Platforms တွေ ဖြစ်တဲ့ Netflix, HBO MAX, Disney+, Apple TV တို့အပြင်
Music အတွက်လည်း Spotify, Apple Music တို့ကိုပါ တစ်နေရာတည်းမှာ အစုံအလင် ဝယ်ယူရရှိနိုင်ပါတယ်။

HBO MAX, Disney+ တို့လို VPN ကျော်ပြီးမှ ကြည့်လို့ရမဲ့ဟာတွေအတွက်လည်း admin က တစ်ခါတည်း အဆင်ပြေမဲ့ VPN လေးနဲ့တွဲပြီး Bundle လေးကို စျေးသက်သက်သာသာနဲ့ ဖန်တီးပေးထားလို့ ကိုယ်ကြိုက်တဲ့ Series/Movie တွေကို ဘာ VPN သုံးပြီး ကြည့်ရပါ့မလဲ ခေါင်းစားစရာ မလိုဘဲ အေးဆေးလေး ကြည့်ရုံပဲနော်။

စျေးသက်သာလို့ Warranty မရှိမှာလည်း လုံးဝ စိတ်မပူရပါဘူး၊ Casa Mia 808 မှာ အချိန်ပြည့် သိလိုသမျှတွေကို ဖြေကြားပေးမဲ့ admin လည်းရှိပြီး အကယ်၍ error တက်ခဲ့ရင်လည်း အဆင်ပြေတဲ့အထိ အပြည့်အဝတာဝန်ယူ ဖြေရှင်းပေးမှာမို့ စိတ်ချလက်ချ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။

အသေးစိတ်မေးမြန်းသိရှိလိုပါက အချိန်မရွေး Page Messenger မှာ လာရောက်မေးမြန်းနိုင်ပါတယ် 🥳

Casa Mia 808 မှာ ဘာ VPN တွေ ရနိုင်လဲ?--------------------VPN ထဲက Top 5 list ထဲမှာပဲ ရှိပြီး မြန်မာနိုင်ငံက sim တွေ အကုန်...
16/06/2023

Casa Mia 808 မှာ ဘာ VPN တွေ ရနိုင်လဲ?
--------------------
VPN ထဲက Top 5 list ထဲမှာပဲ ရှိပြီး မြန်မာနိုင်ငံက sim တွေ အကုန်လုံးနဲ့ အဆင်ပြေတဲ့ VPN တွေကိုပဲ ရောင်းချပေးနေပါပြီ။ Error နည်းပြီး device တိုင်းနီးပါးနဲ့ ကိုက်ညီတဲ့ VPN တွေ ဖြစ်တဲ့အပြင် တစ်ခုခုဆိုတောင် ကူညီပြောပြပေးမယ့် admin က Casa Mia 808 မှာ ရှိနေပါတယ်။
အဲ့တော့ ပုံထဲမှာ ပြပေးထားတဲ့ VPN တွေထဲက တစ်ခုစီရဲ့ အကြောင်းတွေကို ရှင်းပြပေးပါမယ်။
-
Express VPN
အဝိုင်းလည်ခြင်းမရှိဘဲ လိုင်းဆွဲအားကောင်းပြီး Region တစ်ခုကို Connect လုပ်တာ အရမ်းမြန်ပါတယ်။ မျက်စိတစ်မှိတ်အတွင်းပါပဲ။
Server Network ပိုင်းဆိုင်ရာမှာလည်း နိုင်ငံပေါင်း 90 က Server အခု 3000 ကို connect လို့ ရပါတယ်။
Security ပိုင်းမှာလည်း Premium VPN တစ်ခုဖြစ်တဲ့အတွက်ကြောင့် 100% စိတ်ချပါ။ IP Address ကြီး တကယ် Change တဲ့ အတွက် ကိုယ့် Acc အ hack ခံရမှာတွေ ဘာတွေ စိတ်ပူစရာ မလိုပါဘူး။
Netflix ကို ပိုတန်အောင်လို့ VPN ကျော်ပြီး ကြည့်ချင်တဲ့သူတွေ၊ Disney+ တို့ HBOMAX တို့ HULU တို့ကို ကြည့်ချင်တဲ့ သူတွေအတွက်လည်း Express VPN က ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုပဲ ဖြစ်မှာပါ။
-
IPVanish VPN
စျေးလည်းသက်သာ၊ ချိတ်တာမြန်ဆန်ပြီး လိုင်းဆွဲအား ကောင်းမွန်တဲ့ vpn ကို ရှာနေတယ်ဆိုရင် IPVanish က မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်မှာပါ။ အခုနောက်ပိုင်း update မှာလည်း all sim နဲ့ အဆင်ပြေတယ်ဆိုတဲ့ထိကို အဆင်ပြေလာပြီမို့ နှစ်ခါပြန်မတွေးဘဲ ၀ယ်ယူနိုင်ပါပြီ။
IPVanish ရဲ့ US Server ကလည်း လိုင်းဆွဲအားကောင်းတယ်လို့ တော်တော်များများကြားမှာ ပြောကြတာပါ။ နိုင်ငံတိုင်းမှာလည်း မြို့တွေ စုံစုံလင်လင် ပါ၀င်တာမို့လို့ သဘောကျကြတာပေါ့။ admin ရဲ့ အကြိုက်ဆုံးအချက်တစ်ခုကတော့ connect ဆိုတာနဲ့ကို ချက်ချင်းတန်းချိတ်သွားတဲ့ အချက်ပါပဲ။
-
Tunnelbear VPN
၀က်၀ံလေးမြေတူးပြီး တစ်နိုင်ငံပြီး တစ်နိုင်ငံကို ချစ်စရာကောင်းတဲ့ပုံစံလေးနဲ့ ကူးသွားတာလေးကို နေ့တိုင်းမြင်ချင်ရင်တော့ Tunnelbear VPN လေးက စျေးသက်သက်သာသာနဲ့ ရှိနေမှာပါ။
ဒါတင်ပဲတော့ မဟုတ်ပါဘူး။
Canada-based VPN ဖြစ်တဲ့အတွက် fair price နဲ့ great quality ဆိုတာကိုလည်း keep up လုပ်နေတဲ့ vpn တစ်ခုပါပဲ။ စျေးဆိုလည်း အသက်သာဆုံးဖြစ်ပေမယ့် လျော့တွက်လို့တော့ လုံး၀မရတာပါ။
ချိတ်တာလည်း မြန်ပြီး server ကတော့ အပေါ်နှစ်ခုလောက် မစုံပေမယ့် တချို့ဆို ရေရှည်သုံးနေကြတာပါ။ Windscribe တွေက အရင်လောက် ရဖို့ မလွယ်တော့တာမို့ Windscribe ချစ်သူတစ်ယောက်အနေနဲ့ အစားသုံးဖို့ VPN ကို ရှာနေတယ်ဆိုရင်တော့ Tunnelbear VPN က အသင့်တော်ဆုံးဖြစ်မှာပါ။
လိုင်းဆွဲအားလည်း ကောင်းပြီး all sims, all device နဲ့ သင့်တော်တဲ့ vpn ပဲ ဖြစ်ပါတယ်။
-
ဒီ vpn တွေ အကုန်လုံးကို Casa Mia 808 မှာ ရနိုင်ပြီမို့ အခုပဲ အမြန်ဆုံး လာ၀ယ်လို့ ရပါပြီ။

ဈေးနှုန်းလေးတွေသိချင်ရင် Page cb မှာလာရောက်မေးမြန်းပေးပါနော်🤩🤩🤩

27/05/2023

Casa Mia franchise alert!!!!
ခုလက်ရှိ Page Casa Mia-808 ဟာ မူရင်း Casa Mia ရဲ့ franchise ဖြစ်ပါတယ်။ Netflix, Sportify, apple music, Disney+ စတာတွေအပြင် premium VPN တွေကိုလဲ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူရရှိနိုင်မှာပဲဖြစ်ပါတယ်။ Movies and songs တွေအတွက် recommendation တွေ review တွေလဲ အလျင်းသင့်သလို ရေးသွားဦးမှာ ဖြစ်တာမလို့ Like and follow လေးလုပ်ပြီး အမြဲစောင့်ကြည့်နေဖို့ အကြံပြုပါတယ်ခင်ဗျ🤩 လစဉ် လတိုင်းလဲ promotion တွေ Giveaway တွေ ပေးဖို့အစီအစဉ်ရှိပါတယ်။ Stay tuned!!!🫵🫵🫵

Address

Yangon

Opening Hours

09:00 - 17:00

Telephone

+66839423504

Website

Alerts

Be the first to know and let us send you an email when Casa Mia - 808 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Casa Mia - 808:

Share


Other Television Service Providers in Yangon

Show All