Casa Mia II

Casa Mia II We provide the best service for your entertaining television.
(1)

The Hunger Games: The Ballad of Songbirds and Snakes (2023) -------------The Hunger Games ရုပ်ရှင်တွေကတော့ မြန်မာနိုင်ငံ...
28/01/2024

The Hunger Games: The Ballad of Songbirds and Snakes (2023)

-------------

The Hunger Games ရုပ်ရှင်တွေကတော့ မြန်မာနိုင်ငံက ပရိတ်သတ်တွေနဲ့ ရုပ်ရှင်ရေးရာမှာကော၊ အဖက်ဖက်ကနေပြီး မစိမ်းကားဘူးလို့ ထင်ပါတယ်။

Katniss အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Jennifer Lawrence ဟာလည်း The Hunger Games ရုပ်ရှင်နဲ့ အားပေးမှုများစွာကို ရရှိခဲ့ပါတယ်။ President Snow ဆိုတာလည်း လူတိုင်းနဲ့ မစိမ်းတဲ့ Character ပါ .. Main Villain တစ်ယောက်ဆိုလည်း မမှားပါဘူး။

ဒီလောက် လူအချင်းချင်းကို Game Arena တစ်ခုထဲထည့်ပြီး ရှင်သန်ဖို့ဆိုတဲ့ အကြောင်းပြချက်က လွဲပြီး အကြောင်းပြချက်မရှိဘဲ တိုက်ခိုက်ခိုင်းတဲ့ ရက်စက်တဲ့ President Snow ရဲ့ ငယ်ဘဝကို ဖော်ပြထားတဲ့ The Ballad of Songbirds and Snakes ကတော့ ကြည့်နေရင်းနဲ့ admin ရဲ့ စိတ်အာရုံကို အတော်လေးကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

The Hunger Games တောင် ကျင်းပတာ ၁၀ နှစ်မြောက်ပဲ ရှိနေသေးတဲ့အချိန်မှာ ခေတ်မမှီသေးတဲ့ Game Arena မှာ ရှင်သန်ဖို့ ကြိုးစားခဲ့ရတဲ့သူတွေဟာ အတော်ကို သနားဖို့ကောင်းလှပါတယ်။

ဒါပေမယ့် President Snow က မကောင်းတဲ့လူတစ်ယောက် အဖြစ်နဲ့ မွေးဖွားလာခဲ့တာ မဟုတ်ပါဘူး .. လူဆိုတာ ပြီးပြည့်စုံတယ်တော့ မရှိပေမယ့် စိတ်ကောင်းရှိတဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတာကို သိလိုက်ရတာက admin ကို အံ့ဩစေခဲ့ပါတယ်။

ဒီရုပ်ရှင်ရဲ့ အဆုံးသတ်မှာ Snow ရဲ့ လုပ်ရပ်တွေက မှန်လားမှားလားဆိုတာ တကယ်ကို တွေးစရာဖြစ်သွားပါပြီ။

Admin ရဲ့ Opinion ကတော့ တစ်ထောင့်တစ်နေရာကနေ Snow ကို နားလည်နိုင်တယ်ဆိုတာပါပဲ။

ဒီနေ့တော့ Disney+ ကနေပြီး Sky High ပြန်ကြည့်ဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းကတော့ ပေါတောတော ဆန်ပေမယ့် ငယ်ဘဝကို ပြန်လည် သတိရစေခဲ့လိ...
27/01/2024

ဒီနေ့တော့ Disney+ ကနေပြီး Sky High ပြန်ကြည့်ဖြစ်ခဲ့ပါတယ်။

ဇာတ်လမ်းကတော့ ပေါတောတော ဆန်ပေမယ့် ငယ်ဘဝကို ပြန်လည် သတိရစေခဲ့လို့ admin ကတော့ ပြန်ကြည့်ဖြစ်ခဲ့တာပါ ✨

𝐇𝐮𝐧𝐠𝐞𝐫 (2023) [𝐨𝐧 𝐍𝐞𝐭𝐟𝐥𝐢𝐱]----------ဒီရုပ်ရှင်ကို အစက ဟင်းပဲ ချက်တဲ့ ရုပ်ရှင်ထင်ပြီး မကြည့်ဖြစ်ခဲ့ဘူး။ အရမ်း မထူးခြားလော...
27/01/2024

𝐇𝐮𝐧𝐠𝐞𝐫 (2023) [𝐨𝐧 𝐍𝐞𝐭𝐟𝐥𝐢𝐱]

----------

ဒီရုပ်ရှင်ကို အစက ဟင်းပဲ ချက်တဲ့ ရုပ်ရှင်ထင်ပြီး မကြည့်ဖြစ်ခဲ့ဘူး။ အရမ်း မထူးခြားလောက်ပါဘူး ဆိုပြီးပေါ့ .. ဒါပေမယ့် ပျင်းလို့ ကြည့်ဖြစ်ခဲ့ရာကနေ သိခဲ့ရတာတစ်ခုကတော့ ..

ထိုင်းနိုင်ငံရဲ့ ရုပ်ရှင်လောကက တော်တော်တိုးတက်လာပြီဆိုတာပါပဲ .. တခြား ပေါတောတော ကားတွေ ရှိတာလည်း ရှိနေသေးတာ ပေမယ့် Bad Genius, Happy Old Year, I'm Fine Thank You Love You, နောက်တစ်ခုကတော့ I Told Sunset About You စတာတွေကို ကြည့်ပြီး ကတည်းက နိုင်ငံတကာ အဆင့်ကို တက်လှမ်းနိုင်လာပြီဆိုတာကို သိခဲ့တာပါ

ဒီရုပ်ရှင် Hunger ဟာလည်း သာမာန်ရုပ်ရှင်တစ်ခုလို့ပဲ အပြင်ပန်းက ကြည့်ရင် ထင်ရေပမယ့် ထူးခြားတဲ့ ရှုထောင့်တွေ အများကြီးပါတယ်လို့တော့ admin ထင်မိပါတယ်။ Cinematograpy လည်း တော်တော်မိုက်ပါတယ်။
တချို့ scene တွေက video quality တော်တော်ကောင်းမှ အဆင်ပြေတာမို့လို့ Netflix မှာပဲ ကြည့်ဖို့အတွက် အကြံပေးချင်ပါတယ်။ ဒါကတော့ Honest opinion ပါ။

----------

အဲ့တော့ Hunger ရုပ်ရှင်ကို မကြည့်ရသေးရင် ကြည့်ဖြစ်အောင် ကြည့်ဖို့အတွက် Casa Mia မှာ Netflix ကို အချိန်မရွေး လာရောက်၀ယ်ယူနိုင်ပါပြီ။

Happy Mother’s Day 💕 (On Disney+)အမေများနေ့လို့ ပြောရင်တော့ အရင်က ခဏခဏကြည့်ဖူးခဲ့မှာဖြစ်တဲ့ Freaky Friday ရုပ်ရှင်လေးကို...
25/01/2024

Happy Mother’s Day 💕 (On Disney+)

အမေများနေ့လို့ ပြောရင်တော့ အရင်က ခဏခဏကြည့်ဖူးခဲ့မှာဖြစ်တဲ့ Freaky Friday ရုပ်ရှင်လေးကို သတိရမိမယ်လို့ ထင်ပါတယ် ✨

အမေများနေ့မှာ အမေနဲ့ သမီးနဲ့ နေရာလဲသွားတဲ့ ရုပ်ရှင်လေးကို ပေါ့ပေါ့ပါးပါးကြည့်ရင်း ဖြတ်သန်းချင်တယ်ဆိုရင်တော့ Casa Mia မှာ Disney+ လာဝယ်ပြီး Freaky Fridayကို ကြည့်ရှုနိုင်ပါပြီ 🥰

သင့်ဘဝရဲ့ နှစ် ၄၀ ကို များပြားလှတဲ့ ငွေပမာဏအတွက် ရောင်းစားရမယ်ဆိုရင်ကော .. ————————————Paradise (2023) [on Netflix] Aeon...
24/01/2024

သင့်ဘဝရဲ့ နှစ် ၄၀ ကို များပြားလှတဲ့ ငွေပမာဏအတွက် ရောင်းစားရမယ်ဆိုရင်ကော ..

————————————

Paradise (2023) [on Netflix]

Aeon လို့ ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုက လူ့ဘဝတွေရဲ့ အချိန်တွေကို ရောင်းစားပြီး ဂုတ်သွေးစုပ်နေတဲ့ အဖွဲ့အစည်းတစ်ခုပါ ..

ငွေမရှိလို့ ဆင်းဆင်းရဲရဲနေနေရတဲ့ သူတွေဆီကနေ အချိန်တွေကို အလှူခံပြီး ငွေနဲ့လဲလှယ်ပြီး ပြန်ပြီးငယ်ရွယ်ချင်တဲ့သူတွေဆီကို ပြန်လည် ရောင်းစားနေတာပေါ့

Max ကတော့ Aeon မှာ Donation Manager လုပ်ပြီး လူတွေကို အချိန်တွေရောင်းစားဖို့အတွက် မဲလိုက်ဆွယ်နေတဲ့ သူတစ်ယောက်ပေါ့ .. တစ်နှစ်အတွင်း မဲအဆွယ်အများဆုံး (ခ) Employee of The Year ဆုကိုပါ ဆွတ်ခူးထားသူတစ်ယောက်ပါ

Max နဲ့ သူ့ရဲ့ဇနီး Elena တို့ဟာ အစစအရာရာ ငွေရေးကြေးရေးစိတ်ပူစရာမရှိဘဲနေနေရာကနေ တစ်နေ့ သူတို့ရဲ့ အိမ်ဟာ မီးလောင်ပြီး ပျက်စီးသွားတဲ့အချိန်မှာ တစ်ချိန်က အိမ်ဝယ်ဖို့အတွက် Bank မှာ ချေးထားတဲ့ ငွေပမာဏတွေနဲ့ နေချင်းညချင်းပဲ ဘဝတွေက စောက်ထိုးပြောင်းပြန် ဖြစ်သွားရပါတော့တယ်။

အဲ့နောက်မှာတော့ Elena ဟာ သူ့ရဲ့ဘဝထဲက နှစ် ၄၀ကို ရောင်းစားမယ်ဆို အကြွေးတွေ အကုန်ဆပ်ပြီးသားဖြစ်သွားမယ်ဆိုတဲ့ ဖိအားနဲ့ Aeon မှာ သူ့ရဲ့ ကိုယ်ခန္ဓာကို စတေးဖို့ ဖြစ်လာပါတော့တယ်

Max တစ်ယောက် သူ့တစ်ဘဝလုံး လုပ်လာသမျှအလုပ်တွေက အဲ့အချိန်မှ သူ့ကို ခြောက်လှန့်လာတဲ့အခါ ..

--------------

Admin က Sci-Fi, Thriller ရုပ်ရှင်တွေဆို ကြိုက်တတ်တာမို့လို့ တိုက်တိုက်ဆိုင်ဆိုင် အလုပ်အားရက်မှာ ဒီရုပ်ရှင်ကို ကြည့်ဖြစ်ခဲ့ပါတယ်။ အချိန်ပေးရတာ တန်တဲ့ ရုပ်ရှင်တစ်ခုလို့တော့ မြင်ပါတယ်။ အထူးသဖြင့်တော့ ဇာတ်လမ်းက ထူးခြားတာပေါ့ .. သာမာန်ရုပ်ရှင်တွေနဲ့ ကွဲထွက်နေတဲ့ ဇာတ်လမ်းတစ်ခုမို့ အချိန်ပေးပြီး ကြည့်ဖြစ်ခဲ့တာပါ

Netflix ကိုလည်း Casa Mia မှာ စျေးသက်သက်သာသာနဲ့ ရရှိနိုင်နေပြီမို့လို့ Paradise ကို ကြည့်ချင်တယ်ဆို Casa Mia မှာ လာရောက်ဝယ်နိုင်ပါပြီ ✨

Spotify လေးတွေကို စျေးသက်သက်သာသာနဲ့ ၀ယ်ချင်ရင်/ extend ချင်ရင် 💕အရမ်းချစ်ဖို့ကောင််းတဲ့ woof woof လေး ရောင်းနေတာမို့လို့...
13/01/2024

Spotify လေးတွေကို စျေးသက်သက်သာသာနဲ့ ၀ယ်ချင်ရင်/ extend ချင်ရင် 💕

အရမ်းချစ်ဖို့ကောင််းတဲ့ woof woof လေး ရောင်းနေတာမို့လို့ အချိန်မရွေးလာ၀ယ်နိုင်ပါပြီ 🥰

စျေးလေးတွေကလည်း
1 Month - 3500 Kyats
2 Months - 6500 Kyats
3 Months - 9500 Kyats ပါပဲ

Extend စျေးလေးတွေက အခြေအနေပေါ်မူတည်ပြီး အစားစား ရှိတာမို့လို့ admin နဲ့ လာရောက်ဆွေးနွေးပြီး ၀ယ်ယူနိုင်ပါပြီနော် 💕

VPN တွေကို Safe ဖြစ်ဖို့ ဘယ်နေရာကို ရောက်နေပါစေ သုံးဖို့ အကြံပြုပါရစေ———————————Admin Oversea ကို ရောက်သွားတာတောင် လိုအပ...
08/01/2024

VPN တွေကို Safe ဖြစ်ဖို့ ဘယ်နေရာကို ရောက်နေပါစေ သုံးဖို့ အကြံပြုပါရစေ

———————————

Admin Oversea ကို ရောက်သွားတာတောင် လိုအပ်တဲ့ နေရာတွေမှာ သုံးဖြစ်တဲ့ VPN တွေ ရှိပါသေးတယ်

အများဆုံး သုံးဖြစ်တာကတော့ IPVanish ပါ
Customer များအနေနဲ့ဆိုလည်း စျေးနှုန်းအရ သက်သာပြီး ချိတ်တာလည်း မြန်၊ ရုပ်ရှင်ကြည့်ရင်လည်း သုံးလို့ရ (HBOMAX, Netflix, Disney+)၊ လိုင်းလည်းကောင်းတော့ အဆင်ပြေပါတယ် အရမ်းကို ✨

Tunnelbear ကိုတော့ Canada Region (Movie Streaming Sites များရဲ့ ကောင်းမွန်သော ရုပ်ရှင်များ စုစည်းရာ Region) ကို VPN ကျော်ဖို့ လိုတဲ့အခါမှာ သုံးဖြစ်ပါတယ် .. Tunnelbear က Canada အခြေစိုက်ဆိုတော့ Canada Region မှာ လိုင်းတော်တော်ကို ကောင်းပါတယ် ✨

Express ကတော့ ပြောဖို့ကိုမလို .. စွယ်စုံရ၊ လိုင်းကောင်း၊ စျေးလေးလည်း အနည်းငယ်များ 😂 ဒါပေမယ့် Express သုံးပြီးရင် တခြားဟာ မသုံးချင်တော့လောက်အောင်ကို ဖြစ်သွားတဲ့အထိ အစွမ်းထက်ပါတယ်။ ပေးရတဲ့စျေးနဲ့လည်း တန်ပါတယ်။ admin ကတော့ ရန်ကုန်မှာ ရှိနေတုန်းက Express ပဲ သုံးဖြစ်ပါတယ် ✨ Windscribe က ရတချက် မရတစ်ချက်ဆိုတော့ Express နဲ့ပဲ အဆင်ပြေနေတော့ Express ပါပဲ

နောက်ထပ်အသစ်ကတော့ Outline ပေါ့နော်
Express တွေ error တက်သွားတုန်းက admin တို့ Outline ကို အစားထိုးပေးရင် စမ်းကြည့်ခဲ့ပါတယ် .. တချို့ customer တွေဆို “Outline ရှိရင် Outline ပဲ ယူပါတော့မယ်” ဆိုပြီးတောင် ပြောတဲ့ထိဆိုတော့ သူ့ရဲ့ လိုင်းဆွဲအားကတော့ Express နဲ့ တူတူပါပဲ .. သူကတော့ GB နဲ့ဆိုတော့ ရုပ်ရှင်တော့ VPN connected ဖြစ်ရက်နဲ့ ကြည့်မရပေမယ့် personal use အတွက်ပဲ ဆိုရင်တော့ 100GB ကတော့ တစ်လစာ အေးဆေး .. ပိုတောင် ပိုနေသေးပါဦးမယ် 🤍

Admin ရဲ့ Apple Music Library လေးရဲ့ တစ်စိတ်တစ်ပိုင်း Apple Music ကို ကြိုက်တဲ့ထဲမှာ ဒီလို feature လေးလည်းပါတယ်။ ဘာမှတော...
07/01/2024

Admin ရဲ့ Apple Music Library လေးရဲ့ တစ်စိတ်တစ်ပိုင်း

Apple Music ကို ကြိုက်တဲ့ထဲမှာ ဒီလို feature လေးလည်းပါတယ်။ ဘာမှတော့ မဟုတ်ပေမယ့် သူ့ရဲ့ ပုံစံလေးပေါ့နော်

တခြား streaming sites တွေနဲ့ မတူဘဲနဲ့ ကွဲထွက်နေတာလို့ ထင်မိတယ်။ Playlist လုပ်တာလည်း လုပ်လို့ရပေမယ့် “Add to Library” ဆိုတဲ့ feature လေးလည်းပါတော့ ဒီလို aesthetic ဆန်ဆန်လေး မြင်လို့ ရတာပေါ့ 🍂

ဒီရက်ပိုင်းမှာ Harry Styles သီချင်းတွေရယ် The Japanese House ရဲ့ သီချင်းတစ်ပုဒ်နှစ်ပုဒ်ရယ် နားထောင်ဖြစ်တယ်

မနက်အစောကြီးထရတဲ့မနက်တွေဆိုရင်တော့ Wonka ရုပ်ရှင်ထဲမှာ ပါဝင်တဲ့ soundtrack တစ်ခုဖြစ်တဲ့ “For A Moment” နဲ့ မနက်ခင်းတစ်ခုကို အစပြုဖြစ်ပါတယ် ✨

Casa Mia မှာလည်း Apple Music ကို New Subscribers, Old Subscribers တွေ အကုန် စိတ်ကြိုက်လာဝယ်လို့ ရပါပြီ ❄️

Saltburn ရုပ်ရှင်မှ ‘Jacob Elordi’ ရဲ့ ပုံရိပ်တချို့ကို ပြန်လည်မြင်ယောင်ရင်း တွေးမိတွေးရာ .. ———————————Netflix ရဲ့ Rom-...
05/01/2024

Saltburn ရုပ်ရှင်မှ ‘Jacob Elordi’ ရဲ့ ပုံရိပ်တချို့ကို ပြန်လည်မြင်ယောင်ရင်း တွေးမိတွေးရာ ..

———————————

Netflix ရဲ့ Rom-com တွေကိုဆို လူတော်တော်များများ အထင်မကြီးကြတော့တာ ခုဆို ပုံမှန်လိုတောင် ဖြစ်နေရောပေါ့နော် .. The Kissing Booth ရုပ်ရှင်နဲ့ Jacob Elordi ကို တော်တော်များများ စပြီး သတိထားမိခဲ့ကြမယ် ထင်ပါတယ်

Admin အတွက်တော့ The Kissing Booth က ခုထိ အားနည်းလှတဲ့ plot တစ်ခုကို အခြေခံပြီး Teenagers တွေ စိတ်ကြိုက်ရိုက်ပေးထားတဲ့ Netflix ရဲ့ commercial ဆန်တဲ့ ရုပ်ရှင်ထဲက တစ်ခုပါပဲ

To all the boys I’ve loved before လည်း အတူတူပဲပေါ့

Jacob Elordi ကို The Kissing Booth လို ဘာမှလုပ်ကွက်မရှိဘဲ visual ရယ် romance scenes တွေနဲ့သာ လုပ်စားသွားမယ့် ရုပ်ရှင်တချို့နဲ့ပဲ ပိတ်မိနေလိမ့်မယ်လို့ admin တစ်ဖက်ပိတ်ဆန်ဆန်တွေးခဲ့ဖူးပါတယ်။

ဒါကလည်း Euphoria မှာ Nate Jacobs character ကို Jacob Elordi သရုပ်မဆောင်ခင်ထိပေါ့ .. Anger issue ရှိပြီး complicated ဖြစ်တဲ့ Nate Jacobs ဇာတ်ကောင်ကို Jacob Elordi မှ မဟုတ်ရင် မမြင်နိုင်တော့တဲ့ထိ ပိုင်ပိုင်နိုင်နိုင်နဲ့ character risk ယူခဲ့တာကိုတော့ တကယ်ကို appreciate လုပ်မိခဲ့ပါတယ်။

အခု ‘Saltburn’ ကို ကြည့်ပြီးတဲ့အချိန်မှာတော့ Oscar Nominee ဝင်မယ့် ရုပ်ရှင်တွေမှာ Talent တွေကို ဖော်ပြသွားတော့မယ့် the new rising star လိုမျိုးကို ခံစားမိပါတယ်။

နောက်ပိုင်းနှစ်တွေမှာလည်း သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို မျှော်လင့်ချက်တစ်ခုနဲ့ စောင့်ဆိုင်းနေပါဦးမယ်✨

လူသုံးများသော်ငြားလည်း ‘Underrated’ ဖြစ်နေသေးတဲ့ Outline VPN———————————လိုင်းကောင်းတာ မကောင်းတာအတွက် စိတ်ပူစရာမလိုအပ်ဘဲန...
05/01/2024

လူသုံးများသော်ငြားလည်း ‘Underrated’ ဖြစ်နေသေးတဲ့ Outline VPN

———————————

လိုင်းကောင်းတာ မကောင်းတာအတွက် စိတ်ပူစရာမလိုအပ်ဘဲနဲ့ စိတ်ချလက်ချ သုံးစွဲလို့ ရတဲ့ VPN တွေထဲမှာ Outline VPN ပါဝင်ပါတယ်။

စျေးကလည်း အတော်အသင့်ဖြစ်တာမို့လို့ သုံးဖို့အတွက် စဉ်းစားနေဆဲသူတွေကို စမ်းသုံးကြည့်ပါလို့ အကြံပေးချင်ပါတယ်။

100 GB, 200 GB တွေနဲ့မို့ ဝယ်ရတာ စဉ်းစားစရာဖြစ််မိမယ်ဆိုပေမယ့် 1 Month ကို 100 GB နဲ့ဆို လုံလောက်တာမို့လို့ စမ်းသုံးကြည့်ကြဖို့ recommend ပေးပါတယ် (ရုပ်ရှင်ကြည့်တဲ့အချိန်တော့ VPN ပိတ်ထားဖို့ လိုပါတယ်)

All sims, All wifi အဆင်ပြေတာမို့ စိတ်ချလက်ချ ဝယ်ယူနိုင်ပါတယ်နော် ✨

Casa Mia ရဲ့ admin တွေကလည်း တစ်ခုခုဆို အကြံပေးဖို့ အသင့်ရှိနေတာမို့လို့ customer တွေရဲ့ အပန်းဖြေချိန်မှာ သက်သောင့်သက်သာဖြစ်စေဖို့ item တစ်ခုခု ဝယ်ဖို့လိုနေရင် နှစ်ခါမစဉ်းစားဘဲနဲ့ Casa Mia ကို ဆက်သွယ်နိုင်ပါတယ်နော် 🤍

All sims

✨ Happy New Year ✨အားလုံးပဲ 2024 နှစ်သစ်မှာ ကျန်းမာရွှင်လန်းကြပါစေ 🌻နှစ်သစ်မှာ ကျန်းကျန်းမာမာ၊ ပျော်ပျော်ရွှင်ရွှင်နဲ့ န...
01/01/2024

✨ Happy New Year ✨

အားလုံးပဲ 2024 နှစ်သစ်မှာ ကျန်းမာရွှင်လန်းကြပါစေ 🌻

နှစ်သစ်မှာ ကျန်းကျန်းမာမာ၊ ပျော်ပျော်ရွှင်ရွှင်နဲ့ နေ့ရက်တိုင်းကို ဖြတ်သန်းနိုင်ပါစေလို့ Casa Mia မှ အထူးဆုမွန်ကောင်းတောင်းလိုက်ပါတယ် 🍂

Casa Mia ကနေပြီး အားလပ်ချိန်မှာ ရုပ်ရှင်ကြည့်ဖို့ပဲဖြစ်ဖြစ်၊ သီချင်းနားထောင်ဖို့ပဲဖြစ်ဖြစ်၊ VPN ဝယ်တာမျိုးပဲဖြစ်ဖြစ် .. Customer များ အားလုံးကို စေတနာအပြည့်နဲ့ အရင်နှစ်တွေထက်ပိုပြီး ကောင်းမွန်တဲ့ service ကို ပေးနိုင်ဖို့ ပိုပိုပြီး ကြိုးစားသွားပါမယ် ✨

Casa Mia page ကို စလုပ်ဖြစ်ကတည်းက ခုထိ အမြဲတမ်း အားပေးလာခဲ့ကြတဲ့ Customer များ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့် 💕

နာရီတွေအရှည်ကြီး ဆက်တိုက်အလုပ်လုပ်ပြီးတဲ့နောက်မှာတော့ admin နားပါပြီ (တကယ်က မနက်ဖြန် အလုပ်ရှိပါသေးတယ်) သတိရလို့ ငယ်ငယ်တု...
28/12/2023

နာရီတွေအရှည်ကြီး ဆက်တိုက်အလုပ်လုပ်ပြီးတဲ့နောက်မှာတော့ admin နားပါပြီ (တကယ်က မနက်ဖြန် အလုပ်ရှိပါသေးတယ်)

သတိရလို့ ငယ်ငယ်တုန်းက Skynet မှာလာလို့ ကြည့်ပြီး ကြိုက်ခဲ့ရတဲ့ ရုပ်ရှင်ဖြစ်တဲ့ Percy Jackson and The Olympians: The Lightning Thief ကို ဒီညကြည့်ဖြစ်ပါတယ် 💕 Sea of Monsters လည်း ဆက်ကြည့်ဖြစ်ပါဦးမယ် 🥰

Disney+ မှာ ရှိတာမို့ ပြန်ကြည့်ချင်ရင် Casa Mia မှာ Disney+ ကို စျေးချိုချိုသာသာနဲ့ လာဝယ်လို့ ရပါပြီ 🍂 

New Year Sale လည်း ရှိတာမို့လို့ အမြန်ဆုံး လာဝယ်လိုက်ပါ 🌻

Casa Mia ရဲ့ New Year Sale လေး စတင်ပါပြီ 🎄Jan 3 ရက်နေ့ထိ အောက်ပါစျေးနှုန်းများအတိုင်း အောက်ပါစျေးနှုန်းများဖြင့် အချိန်မ...
27/12/2023

Casa Mia ရဲ့ New Year Sale လေး စတင်ပါပြီ 🎄

Jan 3 ရက်နေ့ထိ အောက်ပါစျေးနှုန်းများအတိုင်း အောက်ပါစျေးနှုန်းများဖြင့် အချိန်မရွေးလာရောက်ဝယ်ယူနိုင်ပါပြီ ❄️

VPN များကိုလည်း အောက်ပါပေးထားသော Link တွင် ချိုသာသောစျေးနှုန်းများဖြင့် လာရောက်၀ယ်ယူနိုင်ပါပြီ

www.facebook.com/miacasahmmz/posts/pfbid0LCEnY61w9SmKUm8wq4X2BVMN839i49tiaeKDyzXDjhMHHTAjVyWMLouCtNkhBCWel

Casa Mia ရဲ့ ၃နှစ်ပြည့်မွေးနေ့ (သို့) Christmas 2023 အတွက် Casa Mia စတင်ဖြစ်ပေါ်လာတဲ့အချိန်ကစလို့ အမြဲတမ်း အားပေးလာခဲ့ကြ...
25/12/2023

Casa Mia ရဲ့ ၃နှစ်ပြည့်မွေးနေ့ (သို့) Christmas 2023 အတွက် Casa Mia စတင်ဖြစ်ပေါ်လာတဲ့အချိန်ကစလို့ အမြဲတမ်း အားပေးလာခဲ့ကြတဲ့ Customer များကို ကျေးဇူးတုံ့ပြန်သောအားဖြင့် မကြာခင်မှာ Christmas Sale လေးကို စတင်တော့မှာပဲ ဖြစ်ပါတယ်

Item တိုင်း Sale ထဲမှာ မပါဝင်ပေမယ့် Customer များအတွက် အခု Sale မှာတော့ ရေရှည်အတွက်အပြင် လူဦးရေများများအတွက်ပါ ဝယ်ယူအားပေးနိုင်မှာတော့မှာ ဖြစ်ပါတယ်။

စျေးလေးတွေကို မကြာခင်မှာ ကြေညာပေးတော့မှာဖြစ်လို့ စောင့်မျှော်ပေးကြပါဦး ❄️

Merry Christmas to y’all 🎄

Pleasantville (1998) IMDb Rating: 7.5/10 ••••••••Reese Witherspoon နဲ့ Tobey Maguire ပါတဲ့ Movie Poster လေးကြောင့် အမှတ်...
16/12/2023

Pleasantville (1998)

IMDb Rating: 7.5/10

••••••••

Reese Witherspoon နဲ့ Tobey Maguire ပါတဲ့ Movie Poster လေးကြောင့် အမှတ်မထင်ကြည့်ဖြစ်သွားခဲ့တဲ့ ရုပ်ရှင်လေးတစ်ခု 🌈

အိမ်ကို TV လာပြင်တယ်ဆိုပြီး ရုတ်တရက် ရောက်လာတဲ့ အဖိုးကြီး တစ်ယောက်ကြောင့် တကျက်ကျက်နဲ့ ရန်ဖြစ်နေကြတဲ့ မောင်နှမ နှစ်ယောက်က TV မှာ လွှင့်နေကျ “Pleasantville” လို့ ခေါ်တဲ့ Black and White TV Show ထဲကို ရောက်သွားကြတဲ့အခါမှာတော့ အကုန် ကမောက်ကမတွေ ဖြစ်ကုန်ပါတော့တယ်

ဇာတ်လမ်းကလည်း အရင်အတိုင်း မဟုတ်တော့ဘဲ အကုန်ပြောင်းလဲကုန်ပြီး အဆိုးဆုံးလို့ ယူဆရတာကတော့ Black and White TV Show က အရောင်တွေပါ တဖြည်းဖြည်းပါလာတော့တာပါပဲ

အဲ့လို အရောင်တွေပါလာတာကကော ဘာကြောင့်များပါလဲ

ဒါကတော့ စိတ်ဝင်တစားကြည့်ရှုရမယ့် အပိုင်းပေါ့နော် 💕

Admin ကို The Truman Show ကို တချို့အပိုင်းတွေက သတိရမိစေပေမယ့် တူတာကတော့ မတူပါဘူး

အချိန်ပေးရတာ တန်တဲ့ ရုပ်ရှင်လေးတစ်ခုဖြစ်တာမို့လို့ HBOMAX မှာ အခုပဲ ကြည့်လို့ ရပါပြီနော် ❄️

Wonka (2023)————————ငယ်ငယ်က Charlie and The Chocolate Factory ကို ခဏခဏကြည့်ဖြစ်ကြတဲ့သူတွေအတွက် အခု အသစ်ထွက်တဲ့ Wonka ရုပ...
15/12/2023

Wonka (2023)

————————

ငယ်ငယ်က Charlie and The Chocolate Factory ကို ခဏခဏကြည့်ဖြစ်ကြတဲ့သူတွေအတွက် အခု အသစ်ထွက်တဲ့ Wonka ရုပ်ရှင်က စိတ်ဝင်စားစရာတစ်ခုဖြစ်မှာပါ

Johnny Depp ပါဝင်တဲ့ Charlie and The Chocolate Factory မှာ Oompa Loompa လေးတွေ သီချင်းဆိုတာပါပေမယ့် Musical ရုပ်ရှင်တစ်ခုဖြစ်တယ်ဆိုတဲ့ အငွေ့အသက် က သိပ်မရပါဘူး

အခုတစ်ခါ Timonthee Chalamet ပါဝင်တဲ့ Wonka ကတော့ Musical ရုပ်ရှင်စစ်စစ်ပဲ ဖြစ်ပါတယ် 🍫

Realistic ဆန်တဲ့ ရုပ်ရှင်မဟုတ်ဘဲ Fantasy ရုပ်ရှင်တစ်ခုဖြစ်တာကိုတော့ စိတ်ထဲထည့်ပြီး ကြည့်ဖို့လိုမယ်ထင်ပါတယ်။

Timonthee Chalamet ရဲ့ Wonka Character ကတော့ Funny
and sarcastic မဖြစ်ပေမယ့် sweet and charming အရမ်းဖြစ်လို့ admin ကတော့ သဘောကျခဲ့ပါတယ်

“For a moment” ဆိုတဲ့ soundtrack လေးနဲ့ ဇာတ်ဝင်ခန်းလေးကတော့ အိပ်မက်ဆန်ဆန်လေး ဖန်တီးထားလို့ admin ရဲ့ အကြိုက်ဆုံး scene လေးကို ပြောပါဆို အဲ့ဒီ့ scene လေးပါပဲ

ဇာတ်လမ်းလေးကတော့ အရမ်း Plot တွေ ထည့်ထားပြီး ရှုပ်ထွေးနေတာမျိုး မဟုတ်ဘဲနဲ့ ပေါ့ပေါ့ပါးပါးလေးနဲ့ reality ကနေ ခဏတာ escape လုပ်ရသလို experience လေးကို ပေးမှာပါ ❄️

သွားကြည့်ဖို့တော့ တန်တဲ့ ရုပ်ရှင်လေး တစ်ခုပါပဲ 🍁

Outline VPN ————————Casa Mia မှာ စတင်ပြီး ရောင်းချနေပြီဖြစ်တဲ့ Outline VPN ကိုတော့ အထူးတလည် မိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူး...
06/12/2023

Outline VPN

————————

Casa Mia မှာ စတင်ပြီး ရောင်းချနေပြီဖြစ်တဲ့ Outline VPN ကိုတော့ အထူးတလည် မိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူး

အစကတည်းကလည်း တော်တော်များများက မသုံးဖူးရင်တောင် ကြားဖူးကြတဲ့ နာမည်ကြီး VPN ဖြစ်တာမို့လို့ Review ပေးနေစရာတောင် လိုမယ်မထင်ပါဘူး

Express Server Error ဖြစ်တုန်းက အစားထိုး အစမ်းပေးရင်းနဲ့ customer တွေ အကြိုက်တွေ့သွားတာကို သိလိုက်တာမို့ အခုလို ရောင်းချပေးလိုက်ရခြင်း ဖြစ်ပါတယ် 🤍

ဘယ်တွေပဲ သွားနေခဲ့ သွားနေခဲ့ အချိန်တန်ရင် ပြန်လာဖြစ်တဲ့ အိမ်လေးလို ခံစားချက်မျိုးကို ပေးတဲ့ Friends series လေးကို HBOMAX...
29/11/2023

ဘယ်တွေပဲ သွားနေခဲ့ သွားနေခဲ့ အချိန်တန်ရင် ပြန်လာဖြစ်တဲ့ အိမ်လေးလို ခံစားချက်မျိုးကို ပေးတဲ့ Friends series လေးကို HBOMAX မှာ ကြည့်ရင်း အပန်းဖြေဖြစ်ပါတယ်

အလုပ်တစ်ဖက်နဲ့မို့ ပြန်လာတဲ့အချိန်တိုင်း Ramen စားရင်းနဲ့ Friends လေး ကြည့်ရတဲ့အချိန်ဟာ အရမ်းကို ပျော်ဖို့ကောင်းပါတယ်၊ အရင်က အိမ်မှာအချိန်ပြည့်ထိုင်ကြည့်နေရတဲ့ အချိန်နဲ့တောင် မတူပါဘူး 🤍

FRIENDS အပြင် အခြားကောင်းမွန်တဲ့ ရုပ်ရှင်ဇာတ်လမ်းတွေကို ကြည့်ဖို့ HBOMAX ကို Casa Mia မှာ စျေးသက်သက်သာသာနဲ့ လာရောက်ဝယ်ယူနိုင်ပါပြီ 🍂

Black Friday Sale 2023 *sale item တွေ ၀ယ်ယူရင်း လက်ဆောင်တွေပါယူ*-----------Casa Mia ရဲ့ နောက်ထပ်အသစ်ရောင်းချမယ့် VPN ကို...
25/11/2023

Black Friday Sale 2023
*sale item တွေ ၀ယ်ယူရင်း လက်ဆောင်တွေပါယူ*

-----------

Casa Mia ရဲ့ နောက်ထပ်အသစ်ရောင်းချမယ့် VPN ကို မိတ်ဆက်ရင်းနဲ့ Black Friday sale ကိုပါ ဖန်တီးပေးလိုက်ပါတယ်။

ဒီတစ်ခါ Black Friday sale ရဲ့ ထူးခြားချက်ကတော့ Sale မှာ ပါ၀င်တဲ့ ဘယ် item ကိုပဲ ၀ယ်၀ယ် အလကား လက်ဆောင်လေး ရမှာပဲ ဖြစ်ပါတယ်။

ဘယ်လိုလက်ဆောင်မျိုးလေးလဲဆိုတော့

- iOS user တွေ အတွက်ကတော့
Apple Arcade (သို့) Apple TV 3 Months subscription

- Android user တွေအတွက်ကတော့
IPVanish VPN (သို့) Tunnelbear VPN ကို ကိုယ်၀ယ်တဲ့ သက်တမ်းအတိုင်း extra 1 device ရမှာပဲ ဖြစ်ပါတယ်။

November 30 ရက်နေ့ထိပဲ Sale က ရှိတာဖြစ်လို့ အမြန်ဆုံး လာရောက်၀ယ်ယူကြဖို့ အကြံပေးချင်ပါတယ်ရှင့်

Loki Season 2 Finale ကို အကုန်လုံး ကြည့်ပြီးကြပြီထင်ပါတယ် .. Loki ရဲ့ character development ကြီးက လုံးဝကို မယုံနိုင်စရာပ...
10/11/2023

Loki Season 2 Finale ကို အကုန်လုံး ကြည့်ပြီးကြပြီထင်ပါတယ် .. Loki ရဲ့ character development ကြီးက လုံးဝကို မယုံနိုင်စရာပါပဲ

Season 1, 2 နှစ်ခုလုံးကို ဇာတ်ရှိန်မကျအောင် ဆွဲခေါ်သွားပေးနိုင်တာကတော့ ချီးကျူးစရာပါ 🩶

Season 3 confirmed မလုပ်သေးတာကော Season 2 ဇာတ်သိမ်းပိုင်းကို ကြည့်ထားတာနဲ့ကော ဆက်စပ်ပြီး တွေ့ကြည့်ရမယ်ဆိုရင် Loki Season 3 ကတော့ ထွက်ပါ့မလားက မေးခွန်း ထုတ်စရာပါပဲ

Season 2 အကုန်ထွက်ပြီဆိုတော့ အကုန်ထွက်မှ ကြည့်ကြဖို့ အားခဲထားတဲ့သူတွေလည်း ကြည့်လို့ ရပါပြီ 🪐

Casa Mia မှာ Disney+ ကို November 15 ရက်နေ့ထိ Sale ချပေးနေပြီဖြစ်လို့ အခုပဲ လာရောက်ဝယ်ယူနိုင်ပါပြီ 🌙

11 လပိုင်း 11 ရက်နေ့အတွက် sale မချတာကြာပြီဖြစ်တဲ့ item လေးတွေပါ အရမ်းတန်တဲ့ စျေးတွေနဲ့ sale ချပေးထားတာဖြစ်လို့ November ...
10/11/2023

11 လပိုင်း 11 ရက်နေ့အတွက် sale မချတာကြာပြီဖြစ်တဲ့ item လေးတွေပါ အရမ်းတန်တဲ့ စျေးတွေနဲ့ sale ချပေးထားတာဖြစ်လို့ November 15 ရက်နေ့အထိ လာရောက်၀ယ်ယူနိုင်ပါပြီ 💕

Casa Mia ရဲ့ sale လေး ရှိပါတယ်နော် 🥰ပုံမှန်လုပ်နေကျလိုမျိုး one item ပဲ promotion မဟုတ်ဘဲနဲ့ product များများကို sale ချ...
10/11/2023

Casa Mia ရဲ့ sale လေး ရှိပါတယ်နော် 🥰

ပုံမှန်လုပ်နေကျလိုမျိုး one item ပဲ promotion မဟုတ်ဘဲနဲ့ product များများကို sale ချပေးဖို့ လုပ်ထားတာမို့လို့ ဒီည ၈ နာရီမှာ admin တင်မယ့် post လေးကို စောင့်နေပေးပါနော်

Stable ဖြစ်ဖြစ်နဲ့ Premium ဆန်ဆန် VPN သုံးချင်တယ်ဆို "Windscribe VPN"--------------VPN သုံးရမယ်ဆိုတဲ့ အခြေအနေတွေ မဖြစ်ခင...
31/10/2023

Stable ဖြစ်ဖြစ်နဲ့ Premium ဆန်ဆန် VPN သုံးချင်တယ်ဆို
"Windscribe VPN"

--------------

VPN သုံးရမယ်ဆိုတဲ့ အခြေအနေတွေ မဖြစ်ခင်ကတည်းက Netflix ကို VPN ကျော်ကြည့်ဖို့အတွက် admin အသုံးပြုခဲ့တဲ့ ပထမဆုံး VPN ဖြစ်တဲ့ Windscribe VPN ဟာ အခုချိန်ထိကို တော်တော်များများရဲ့ အသည်းစွဲ ဖြစ်နေဆဲပါ။

အထူးသဖြင့် iOS user တွေပါ့နော် .. အဲ့လိုနဲ့ပဲ Android နဲ့ အဆင်မပြေတာလားဆိုတော့လည်း မဟုတ်ပါဘူး .. နောက်ပိုင်း server update တွေမှာ ပိုပြီးကို လိုင်းကောင်းလာတာပါ။ Customer တွေ တော်တော်များများလည်း ပြောနေကြတော့ ကိုယ်တွေ့လက်တွေ့ပေါ့နော် ..

Server တွေ အများကြီးပါတာဖြစ်လို့ HBOMAX, Disney+, Netflix စတာတွေကို VPN ကျော်ကြည့်ချင်တဲ့သူတွေအတွက်တော့ အသင့်တော်ဆုံးကို ညွှန်းရမယ်ဆို Windscribe ပါပဲ။

တစ်ခုတော့ ရှိပါတယ် .. Windscribe က ချိတ်ရတာကြာတယ်လို့ ပြောတဲ့သူတွေလည်း ရှိတော့ သူတို့လေးတွေကို ပြောပြရင်းနဲ့ မသုံးရသေးတဲ့သူတွေ၊ သုံးဖို့စဉ်းစားနေသူတွေ၊ သုံးနေလက်စသူအတွက်လည်း ပြောပြပေးပါမယ်။

Windscribe App ထဲက Menu >> Connection >> Connection Mode >> Auto ဆိုတာကို ရွေးထားရင် Manual ကို ပြောင်းလိုက်ပါ >> IKEv2 to WireGuard ကို ပြောင်းပေးပါ။

အဲ့တာဆိုရင်တော့ ချိတ်တာလည်း အရင်ထက်ပိုမြန်၊ လိုင်းလည်း အရင်ကထက်ကို ပိုမို မြန်ဆန်ကောင်းမွန်သွားပါပြီ။

အဲ့တော့ Windscribe ကို stable ဖြစ်ဖြစ်နဲ့၊ Logged out လည်း လုံး၀မဖြစ်ဘဲ Error ကင်းရှင်းစွာ သုံးစွဲချင်တယ်ဆိုရင်တော့ Casa Mia မှာ လာရောက်၀ယ်ယူနိုင်ပါပြီ။

IPVanish ရဲ့ sale လေးက မနက်ဖြန်ဆိုရင် ပြီးဆုံးတော့မှာဖြစ်လို့ အမြန်ဆုံး လာရောက်ဝယ်ယူနိုင်ပါပြီနော်
30/10/2023

IPVanish ရဲ့ sale လေးက မနက်ဖြန်ဆိုရင် ပြီးဆုံးတော့မှာဖြစ်လို့ အမြန်ဆုံး လာရောက်ဝယ်ယူနိုင်ပါပြီနော်

IPVanish VPN Promotion [Until 31st Oct]

---------------

IPVanish ရဲ့ US Server က အရမ်းကောင်းတာပဲလို့ response ရထားပြီးကတည်းက admin ရဲ့ လက်စွဲဖြစ်လာခဲ့တဲ့ VPN လေး မို့လို့ ဒီလအတွင်းမှာ sale လေး ချပေးလိုက်ပါတယ်။

US server သာမကပဲ ကျန်တဲ့ server တွေမှာပါ ချိတ်တာတအားမြန်ပြီး လိုင်းဆွဲအားလည်း အင်မတန်မှ ကောင်းမွန်တာကြောင့် အခုလို promotion နဲံ ၀ယ်ထားရင်တော့ အလွန့်အလွန်ကို တန်ပါတယ်။

ဒါကြောင့် လက်မလွှတ်ဘဲ သေချာပေါက် Casa Mia မှာ Promotion စျေးလေးနဲ့ Oct ၃၁ ရက်နေ့ထိ လာရောက်၀ယ်ယူနိုင်ပါပြီ။

Pain Hustlers (2023) ----------------Netflix Original ရုပ်ရှင်တော်တော်များများက ကောင်းလေ့မရှိပေမယ့် တစ်ခါတစ်လေမှာလည်း re...
29/10/2023

Pain Hustlers (2023)

----------------

Netflix Original ရုပ်ရှင်တော်တော်များများက ကောင်းလေ့မရှိပေမယ့် တစ်ခါတစ်လေမှာလည်း recommend-worthy ဖြစ်တဲ့ ရုပ်ရှင်လေးတွေ ထွက်တတ်ပါသေးတယ်။

အလုပ်က ပြန်လာပြီး ဒီရုပ်ရှင်ကို ကြည့်ရင်းနဲ့တော့ အပန်းဖြေလိုက်ရတာ တန်တယ်လို့တော့ ခံစားလိုက်ရတာပါပဲ။ ပေါ့ပေါ့ပါးပါး rom-com, comedy လားလို့ မေးရင်တော့ မဟုတ်ပါဘူး။

Emily Blunt နဲ့ Chris Evans က main characters တွေအဖြစ် ပါ၀င်သရုပ်ဆောင်ထားပြီးတော့ Liza Drake ဆိုတဲ့ အမည်နဲ့ Emily Blunt ရဲ့ character ဟာ ခပ်သွက်သွက်နဲ့ လူတွေရဲ့ စိတ်ကိုဖတ်တတ်တဲ့ ပုံမျိုးပါ။ အဲ့လို လူမျိုးတွေနဲ့ အကိုက်ဆုံး အလုပ်လို့ ဆိုလို့ ရတဲ့ marketing အလုပ်နဲ့ အခု ရုပ်ရှင်နဲ့ကလည်း တော်တော်လေးကို သက်ဆိုင်နေတယ်တောင် ပြောလို့ရပါတယ်။

နာကျင်ရတဲ့ ၀ေဒနာခံစားချက်ကို ခဏတာ ပျောက်ကင်းသွားအောင် ပြုလုပ်ပေးနိုင်တဲ့ ဆေးတစ်မျိုးကို Sales Marketing ဆင်းတဲ့ အနေနဲ့ ဆရာ၀န်တွေကို pitch လိုက်ပေးရင်းနဲ့ တဖြည်းဖြည်းရလာတဲ့ အောင်မြင်မှုတွေ ကြားထဲမှာ ပျော်ရပါ့မလား ..

နာကျင်ကို ခဏတာ ပျောက်ကင်းသွားအောင် လုပ်ပေးတယ်ဆိုတာနဲ့ မူးယစ်စေတဲ့ တစ်ခုခုပါ၀င်မှာတော့ အမှန်ပါပဲ။​ Morphine ထက်တောင် ပျင်းတဲ့ fentanyl ပါတဲ့ ပါးစပ်အာခေါင်လေးကို ဖြန်းလိုက်တာနဲ့ အချိန်တစ်ခုအထိ လူကောင်းအတိုင်း အနာသက်သာသွားစေတဲ့ Lonafen ဆိုတဲ့ ဆေးကို ထုတ်လုပ်ထားတဲ့ Zanna ဆိုတဲ့ company က စစချင်းဆိုတော့ ရုန်းကန်နေရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။

Cancer ၀ေဒနာရှင်တွေအတွက် အထူးပြုထုတ်လုပ်ထားပေမယ့် ရှေ့မှာလည်း သူတို့လိုပဲ painkiller ဆေး၀ါး company တွေ ရှိတာကြောင့် တိုးဖို့ခက်နေတာပေါ့။ Liza Drake (Emily Blunt) ကတော့ Divorced Mom ဖြစ်ပြီး ငွေရေးကြေးရေးအခက်အခဲကော နေစရာ အိမ်ပါမရှိတဲ့သူပါ။ Strip Club တစ်ခုမှာ stripper လုပ်နေရပေမယ့် သူ့ဘ၀သူလည်း စိတ်ညစ်နေတဲ့ သူတစ်ယောက်ပေါ့။

Zanna မှာ အလုပ်လုပ်နေတဲ့ Pete ( Chris Evans) နဲ့ တွေ့ပြီး သူ့ရဲ့ ဘ၀ကလည်း အလှည့်အပြောင်းဆိုသလိုပဲ Sales commision တွေနဲ့ပဲ သူ့ဘ၀ဟာလည်း တဖြည်းဖြည်း ပြီးပြည့်စုံလာပါတော့တယ်။ ဒါပေမယ့် cancer ရောဂါသည်တွေကိုအတွက် ၀ေဒနာတွေ ပျောက်ကင်းအောင် စွမ်းဆောင်ပေးနေသည့်တိုင်အောင် တန်ဆေးလွန်ဘေးမဖြစ်ဖို့တော့ အရေးကြီးပါတယ်။ ဒါပေမယ့် ကို Zanna က လုပ်ပေးနိုင်ပါ့မလား ..

Emily Blunt ရဲ့ girlboss ဆန်ဆန် သရုပ်ဆောင်ချက်တွေကိုတော့ ဒီရုပ်ရှင်ထဲမှာ ကောင်းကောင်းကြီး တွေ့မြင်ရနိုင်ပါတယ်။ Netflix က ကြည့်ရှုလို့ ရနေပြီ ဖြစ်ပြီး Casa Mia မှာလည်း Netflix ကို စျေးသက်သက်သာသာနဲ့ လာရောက်၀ယ်ယူနိုင်ပါပြီနော်

• Loki Season 2 on Disney+ •အလုပ်မအားတာက တစ်ကြောင်း၊ စာမေးပွဲ ရှိတာက တစ်ကြောင်းနဲ့ဆိုတော့ movie review လေးတွေ မတင်ဖြစ်ပေ...
27/10/2023

• Loki Season 2 on Disney+ •

အလုပ်မအားတာက တစ်ကြောင်း၊ စာမေးပွဲ ရှိတာက တစ်ကြောင်းနဲ့ဆိုတော့ movie review လေးတွေ မတင်ဖြစ်ပေမယ့် Loki Season 2 ကောင်းကြောင်းကတော့ တင်ကို တင်ရမှ ဖြစ်မှာပါ ..

Miss Minutes ရဲ့ character ကလည်း တဖြည်းဖြည်း ရုပ်လုံးပေါ်လာပြီး Kang ရဲ့ အကြောင်းကလည်း Season 2 မှာ ပိုပြီး ပါလာပါပြီ

ကြည့်ဖြစ်အောင် ကြည့်ကြဖို့ Recommend ပေးလိုက်ပါတယ်

Disney+ မှာတော့ Episode 4 ခု ထွက်ထားပါတယ် ✨

IPVanish VPN Promotion [Until 31st Oct]---------------IPVanish ရဲ့ US Server က အရမ်းကောင်းတာပဲလို့ response ရထားပြီးကတည်...
24/10/2023

IPVanish VPN Promotion [Until 31st Oct]

---------------

IPVanish ရဲ့ US Server က အရမ်းကောင်းတာပဲလို့ response ရထားပြီးကတည်းက admin ရဲ့ လက်စွဲဖြစ်လာခဲ့တဲ့ VPN လေး မို့လို့ ဒီလအတွင်းမှာ sale လေး ချပေးလိုက်ပါတယ်။

US server သာမကပဲ ကျန်တဲ့ server တွေမှာပါ ချိတ်တာတအားမြန်ပြီး လိုင်းဆွဲအားလည်း အင်မတန်မှ ကောင်းမွန်တာကြောင့် အခုလို promotion နဲံ ၀ယ်ထားရင်တော့ အလွန့်အလွန်ကို တန်ပါတယ်။

ဒါကြောင့် လက်မလွှတ်ဘဲ သေချာပေါက် Casa Mia မှာ Promotion စျေးလေးနဲ့ Oct ၃၁ ရက်နေ့ထိ လာရောက်၀ယ်ယူနိုင်ပါပြီ။

အောက်ပါ customer လေး နှစ်ယောက်ကို business suite error ကြောင့် reply ပြန်မရသေးတဲ့အတွက် Telegram channel ကို လာရောက်မေးမြ...
20/10/2023

အောက်ပါ customer လေး နှစ်ယောက်ကို business suite error ကြောင့် reply ပြန်မရသေးတဲ့အတွက် Telegram channel ကို လာရောက်မေးမြန်းနိုင်ပါတယ်

https://t.me/+9kcLYTLnRcszMTVl

Error တက်နေတာကြောင့် လောလောဆယ် ဘယ်သူ့ကိုမှ Page ကနေ reply ပြန်လို့မရဘူးဖြစ်နေပါတယ်ဒါကြောင့်မလို့ အခုပေးထားတဲ့ Telegram l...
20/10/2023

Error တက်နေတာကြောင့် လောလောဆယ် ဘယ်သူ့ကိုမှ Page ကနေ reply ပြန်လို့မရဘူးဖြစ်နေပါတယ်
ဒါကြောင့်မလို့ အခုပေးထားတဲ့ Telegram link လေးကို join ပြီး admin တို့ကို လာရောက်ဆက်သွယ်လို့ ရပါတယ်နော်၊ Description မှာ admin တို့ရဲ့ account တွေပေးထားပါတယ်
ပိုက်ဆံလွှဲထားပြီး Reply ပြန်မရသေးတဲ့ Customer လေးတွေ တစ်ချက်လောက် Telegram ကိုလာခဲ့ပေးကြပါဦးနော်
ကျေးဇူးတင်ပါတယ် 🙏

Telegram - https://t.me/+9kcLYTLnRcszMTVl

Premium VPN တွေထဲ အဆင်အပြေဆုံးထဲက တစ်ခုဖြစ်တဲ့ "Windscribe" -----------------Windscribe ကတော့ iOS user တွေ အသည်းစွဲဆိုတာ...
17/10/2023

Premium VPN တွေထဲ အဆင်အပြေဆုံးထဲက တစ်ခုဖြစ်တဲ့ "Windscribe"

-----------------

Windscribe ကတော့ iOS user တွေ အသည်းစွဲဆိုတာ သိကြမှာပါ။ ရှားရှားပါးပါး ရတဲ့ VPN ဖြစ်တဲ့အတွက် ရတုန်းမှာ ၀ယ်ထားဖို့ အကြံပေးချင်ပါတယ်။ စျေးကတော့ တက်သွားတာမရှိဘဲ အကုန်လုံး အဆင်ပြေပြေနဲ့ ၀ယ်နိုင်အောင် ဒီစျေးလေးပဲ သတ်မှတ်ထားပေးထားပါတယ်။

နောက်ထက် အားသာချက်တစ်ခုက PC key ဆိုပြီး သက်သက်မရှိဘဲ ဘယ် device အတွက် မဆို တူတူပဲ ဖြစ်ပါတယ်။ အဲ့တော့ ပိုလို့တောင် အဆင်ပြေတာပေါ့။ ရုပ်ရှင်ကြည့်ဖို့ vpn လိုတဲ့ အခါမှာလည်း Windscribe ကသာ အဆင်အပြေဆုံးပါ။

တချို့က Windscribe ကို အဆင်မပြေဘူး ဆိုပြီး ပြောကြပါတယ်။ သုံးလို့ မကောင်းဘူးဆိုပြီး ပြောပါတယ်။

တကယ်တမ်းက Region ကို သေချာ မရွေးချယ်တတ်တာပဲ ဖြစ်ပါတယ်။.
Connection ကောင်းကောင်းနဲ့ သုံးဖို့ဆို Singapore, Thailand, Taiwan, South Korea တို့ကို recommend ပေးပါတယ်။

US region မှာတော့ US West က San Jose - Santana, Los Angeles - Lamar
US East က Boston - MIT တို့မှာ လိုင်းကောင်းပါတယ်။

ကဲ .. အဲ့တော့ No More Non-secure free vpn ပါနော် .. Windscribe ကို အချိန်မရွေးလာ၀ယ်လို့ ရပါပြီ။

Address

Yangon
22374

Telephone

+959976059509

Website

Alerts

Be the first to know and let us send you an email when Casa Mia II posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Casa Mia II:

Videos

Share