Weekly Dose of Jas

Weekly Dose of Jas Inbox or mail me for business inquiries [email protected]

15/11/2024

Getting tattoo stickers on my face in exchange for Spicy House during office hours 🥲

It was a successful birthday soirée 🖤တစ်လလောက်အလိုကတည်းကကြိုပြင်ဆင်ခဲ့ပေမယ့် တစ်ခါမှ ပွဲမစီစဉ်ဖူးတော့ အရမ်းလောင်ပြီး str...
11/11/2024

It was a successful birthday soirée 🖤

တစ်လလောက်အလိုကတည်းကကြိုပြင်ဆင်ခဲ့ပေမယ့် တစ်ခါမှ ပွဲမစီစဉ်ဖူးတော့ အရမ်းလောင်ပြီး stress ဖြစ်ခဲ့ရသလောက် near perfect ဖြစ်ခဲ့လို့ကျေနပ်ပါတယ်။

ကိုယ် အားနည်းတဲ့ handmade အပိုင်းရော လစ်ဟာသွားတာလေးတွေအကုန်လုံးကိုဖြည့်ပေးတဲ့ bd girl ကိုလဲကျေးဇူးတင်ပါတယ်။

မနေ့ကလာတဲ့ guest တွေအကုန်တစ်ခုခုအဆင်မပြေတာရှိခဲ့ရင် Jas ကပဲကိုယ်စားတောင်းပန်ပါတယ်နော်။ 🖤

Vlog လဲတင်ဖို့ရှိလို့ထွက်ရင်အားပေးကြပါဦး။ 👀

08/11/2024

If the universe wanted me to stay in my Gabriel Solis era, I accept 🤭 Confidence Hair Salon & Hair Training School

Jas ဒီလထဲ page မှာ content တင်ဖို့ရှိပေမယ့် ဒီဘက်မှာ အဓိကထားပြီး professional blamer လုပ်နေလို့ စိတ်ဝင်စားတဲ့ content တွ...
08/11/2024

Jas ဒီလထဲ page မှာ content တင်ဖို့ရှိပေမယ့် ဒီဘက်မှာ အဓိကထားပြီး professional blamer လုပ်နေလို့ စိတ်ဝင်စားတဲ့ content တွေရှိရင်ဝင်ကြည့်သွားလို့ရပါတယ်လို့ လာပြောတာပါရှင့်။ 🤪🥰

ဒီ ခေါက်ဆွဲက covid ကြောင့် အနံ့ပျောက်သွားတဲ့သူတွေတောင် အနံ့ပြန်ရသွားစေမယ့် အနံ့ပြင်း​ပြင်းကြီးဆို ?? ...

အမှတ်သိရတာနှစ်ပတ်ရှိပြီ overall band 9 မရလို့ ကြိတ်ငိုနေတာနဲ့ (jk but kinda fr) 🥹အခုမှသေချာပြန်စဉ်းစားကြည့်တော့ self-stu...
01/11/2024

အမှတ်သိရတာနှစ်ပတ်ရှိပြီ overall band 9 မရလို့ ကြိတ်ငိုနေတာနဲ့ (jk but kinda fr) 🥹

အခုမှသေချာပြန်စဉ်းစားကြည့်တော့ self-study လဲအီးယောင်ဝါးလုပ်ခဲ့ပြီး ဒီလောက်ရတာမဆိုးဘူးတော့ထင်ပါတယ်။

My English level was initially B2 but according to this report, it is C1 now so, that’s the silver lining.

သိချင်တဲ့သူတွေရှိမှာမို့လို့
Jas IELTS မဖြေခင် ဘယ်လိုတွေ self-study လုပ်ခဲ့တယ်၊ ဘာတွေလုပ်ခဲ့တယ်ဆိုတာတွေအပြင် ကြုံခဲ့ရတဲ့ challenge တွေအခက်အခဲတွေနဲ့ပတ်သတ်တဲ့ vlog ကို December မကုန်ခင်တင်ပေးသွားမှာမို့လို့ stay tuned ပါ 🫶🏽

Holaaa Jas အခုနောက်ပိုင်း content တွေပုံမှန်ပြန်တင်ပေးသွားပါမယ်။ YouTube နဲ့ Facebook မှာမတူတဲ့ content တွေပဲတင်သွားမှာမ...
27/10/2024

Holaaa Jas အခုနောက်ပိုင်း content တွေပုံမှန်ပြန်တင်ပေးသွားပါမယ်။ YouTube နဲ့ Facebook မှာမတူတဲ့ content တွေပဲတင်သွားမှာမို့လို့ YouTube channel လေးကို subscribe လုပ်ထားပေးပါနော်။
Jas content အသစ်ကိုလဲ YouTube မှာသွားကြည့်လို့ရအောင် link ချပေးထားပါတယ်။ 💗🫶🏽

Ever wondered how a content creator navigates a week without their phone? In this vlog, I take you through my creative process using just my Mac. From brains...

🍌နေရာမှာ ကိုယ့် pet လေးတွေကြိုက်တဲ့အသီး အစားထိုးပေးလို့ရပါတယ်။ Greek yogurt နေရာမှာ ရိုးရိုး ဒိန်ချဉ်နဲ့ အစားထိုးလို့ မရ...
22/05/2024

🍌နေရာမှာ ကိုယ့် pet လေးတွေကြိုက်တဲ့အသီး အစားထိုးပေးလို့ရပါတယ်။

Greek yogurt နေရာမှာ ရိုးရိုး ဒိန်ချဉ်နဲ့ အစားထိုးလို့ မရပါဘူး။ ❌

Peanut butter ကလဲ unsalted, unsweetened ပဲသုံးလို့ရပါမယ်။

Jas သုံးသွားတဲ့ peanut butter နဲ့ Greek yogurt နှစ်ခုလုံး local made ပါ။

The Nut Butter

https://www.facebook.com/profile.php?id=100078971221687

https://youtube.com/shorts/8ExoBwH8dNc?si=YpWvNYSg1SQ9q1l0

Gwa beach, Rakhine State 📍🌊ဂွကကမ်းခြေ သွားဖို့ လုပ်ခဲ့တာ comfort zone ထဲကထွက်ချင်လို့၊ ဥပမာပြောရရင် ငွေဆောင်ဆို research...
29/03/2024

Gwa beach, Rakhine State 📍🌊

ဂွကကမ်းခြေ သွားဖို့ လုပ်ခဲ့တာ comfort zone ထဲကထွက်ချင်လို့၊ ဥပမာပြောရရင် ငွေဆောင်ဆို research နည်းနည်းလုပ်လိုက်ရုံနဲ့ ရှေ့ကသွားထားတဲ့ သူတွေ အတွေ့အကြုံတွေ review တွေပြောပြပေးထားတာ တော်တော်များတယ်။ ရေတွင်းတူးထားပြီးသားကို ရေကြည်အသင့်ခပ်သောက်ရုံပဲ။ အခုကကျ ဒီကရခိုင်မက အရင်က ရခိုင်လဲတခါမှမရောက်ဖူးဘူး။ ကားလိုင်းရွေးတာတောင် ဘယ်ကားလိုင်းကောင်းမှန်းမသိ။ ပြီးတော့ Lucy ကိုပါခေါ်သွားတော့ ကလေးကားအကြာကြီးစီးရရင် သက်တောင့်သက်သာမဖြစ်မှာစိုးလို့ကားလိုင်းရွေးတာကအစတော်တော်ခေါင်းစားခဲ့ရတာ။ သွားချင်တဲ့အချိန်ကို ဦးစားပေးပြီး review များ (လူအစီးများ) တဲ့ကားလိုင်းနှစ်ခုကိုပဲရွေးပြီးသွားလိုက်တယ်။

လမ်းခရီး🚌

Jas တို့ ရန်ကုန်ကနေ သွားတာ ရခိုင်ရိုးမကို မဖြစ်မနေ ဖြတ်သွားရလို့ 9 နာရီဝန်းကျင်ကြာတယ်။
ရောက်တဲ့အချိန်ကနောက်ကျလို့ တော်တော်
မှောင်တယ်။
Jas တို့ရွေးထားတဲ့ resort က ကားဂိတ်ကနေပြီးရွာထဲကိုတော်တော်ဝင်ရသေးတော့ ကားနဲ့သွားမယ်ဆို ရန်ကုန်ကနေညဘက်ထွက်ပြီး ဂွကို မနက်ပိုင်းလောက်ရောက်ရင်ပိုအဆင်ပြေမယ်။

အစားအသောက်🍤🍚🍻

အစားအသောက်ကတော့ အပေါ်မှာပြောထားသလိုပဲ ချောင်းသာတို့ ငွေဆောင်တို့လို ချက်ပို့အရမ်းမများဘူး။ မလာခင်ကလဲမရှာခဲ့ရလို့ ရှိမရှိတောင်မသေချာ။ ဒီမှာပင်လယ်နားပေမယ့် ပင်လယ်စာတွေဈေးကြီးနေတာတော့သွားတွေ့ရတယ်။ beer သောက်ချင်ရင် staff တွေကရွာထဲမှာသွားဝယ်ပေးတယ်။ ပုလင်းသယ်သွားမယ့် အရက်သမားတွေ ရေခဲရှာရခက်မယ်။ beer လဲသယ်သွားရင် အပူသောက်ရမှာ။ ဟိုရောက်မှဝယ်သောက်တာအဆင်အပြေဆုံး။

Resort နေရာ🛖

ယူလိုက်တဲ့ hut လေးက ပင်လယ်ကိုလှမ်းမြင်နေရပြီး 5 မိနစ်လောက်လျှောက်လိုက်ရင်ကမ်းခြေရောက်ပြီဆိုတော့ အရမ်းအဆင်ပြေတယ်။ နေ့ခင်းဘက်ဆိုလည်း လေတဖြူးဖြူးနဲ့ အရမ်းအေးပြီး တရေးအိပ်လို့ကောင်းတယ်။

Jas ဆို vlog ရိုက်တာ tripod ကို ကမ်းခြေသယ်လိုက် hut ပြန်သယ်လိုက် ခေါက်တုံ့ခေါက်ပြန် ဖြစ်နေလို့ ကမ်းခြေမှာ ဒီတိုင်းထားခဲ့တာ။ ထားခဲ့သလိုပဲ။ private ဖြစ်တယ်။ လူမများဘူး။ အာရုံမနောက်ဘူး။

ပြီးတော့ ရောက်ရောက်ခြင်း သတိထားမိတာအဲ့ကမွေးထားတဲ့ခွေးလေးတွေ။ They're so friendly။ Lucy ကပဲရန်ထောင်နေတာသွားပြီး။ သူတို့ကအေးဆေးပဲ။
ညဘက်ဆိုလဲ hut အပြင်မှာလာစောင့်ပေးသလို ကမ်းခြေသွားရင်လဲသူတို့ တခါတလေ ရေပါတူတူလိုက်ကူးတယ်။
လှိုင်းစီးတဲ့ ဘုတ်ပြား (belly board) resort မှာ FOC ထားပေးထားတော့ လှိုင်းပဲစီးနေတာ တချိန်လုံး 🤣
တစ်ခုတော့ရှိတယ်။ ပုံထဲမှာလိုမျိုး ကျောက်ဆောင်လေးတွေက ကမ်းစပ်ရေအောက်မှာလဲရှိတော့ လှိုင်းစီးပြီးခြေထောက်ပြန်ချတဲ့အခါတော့နည်းနည်းသတိထားရတယ် ‼️

My recommendation

သီးသီးသန့်သန့်နဲ့အေးဆေးနေလို့ရလို့ သူငယ်ချင်းတွေအုပ်စုလိုက်လာရင်တော်တော်ပျော်ဖို့ကောင်းမှာပါ။ ကိုယ်တွေက တနေကုန် လှိုင်းစီးနေတာနဲ့ ညဘက် beach မှာ make-up ပြန် on ပြီး ပုံမရိုက်နိုင်တော့ဘူး။ 😂
ညဘက် hut အပြင်မှာ မှာမီးလေးတွေရှိပေမယ့် ကမ်းခြေဘက်လမ်းဆင်းလျှောက်ရင်မှောင်ပါတယ်။
Dryer ရယ် ပလပ်ထိုးရေနွေးအိုးရယ် (ခေါက်ဆွဲပြုတ်စားလို့ရအောင်) ဓာတ်မီးရယ်တော့ယူကိုယူလာသင့်ပါတယ်။
ကားခနဲ့ hut ၃ညစာ (အစားအသောက်မပါ) ကိုမှ ၁သိန်းစွန်းစွန်းပဲကျလို့ တော်တော် budget-friendly ဖြစ်ပြီး အေးဆေးနေရတာနဲ့တော်တော်တန်ပါတယ်။

Disclaimer: This blog is finalized based on the conditions as of May 1st 2023. Dose of Jas isn't responsible for any further changes by the resort.
I suggest you contact where you're staying directly to avoid any confusion.

21/03/2024

My journey before and after vocal class: brief explanations and a piece of advice for those who wants to improve their singing voice

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Weekly Dose of Jas posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Weekly Dose of Jas:

Videos

Share

Category


Other Video Creators in Yangon

Show All