Beauty Tips

Beauty Tips လူတချို့ကို စိတ်နဲ့ block ထားတယ်
(19)

09/09/2024

မိန်းကလေးတွေက
လက်ထဲ ပိုက်ဆံရှိရင်
ပျော်နေတတ်ပြီး
မွဲနေရင် မှိုင်နေတတ်ပါတယ်

08/09/2024

ဘယ်ရာသီ ရောက်ရောက်
စောင် ခြုံ အိပ် တဲ့ အ ရူး တွေ က
သပ်သပ်ကို ရှိတယ်
😁🌚

သာကေတမှာလဲ မရှိဘူး 🫥🫥
06/09/2024

သာကေတမှာလဲ မရှိဘူး 🫥🫥

ငါတို့လမ်းခွဲကြရအောင် 🤧🤧
05/09/2024

ငါတို့လမ်းခွဲကြရအောင် 🤧🤧

04/09/2024

သင်ကောင်းလျှင်
ကျွန်ုပ်ကိုရှောင်ပါ
ကျွန်ုပ်နှင့်ပေါင်းလျှင်
သင်ကောင်းတော့မည်မဟုတ်😂😂

တစ်ယောက်တည်း အိတ်လေးတစ်လုံးနဲ့ ခရီးလျှောက်ပတ်ထွက်မယ်မတူညီတဲ့ ဘာသာစကားတွေ လေ့လာမယ် တောင်တန်းတွေကို အကြာကြီးထိုင်ငေးကြည့်မ...
02/09/2024

တစ်ယောက်တည်း အိတ်လေးတစ်လုံးနဲ့
ခရီးလျှောက်ပတ်ထွက်မယ်
မတူညီတဲ့ ဘာသာစကားတွေ လေ့လာမယ်
တောင်တန်းတွေကို အကြာကြီးထိုင်ငေးကြည့်မယ်
စိတ်ကူးလေး တစ်ခုပါပဲ

🙉ထိုင်းနိုင်ငံမှ မျောက်ဘူဖေးပွဲတော်🙉ကြားရတာနဲ့တင် စိတ်ဝင်စားစရာပါပဲနော်။ထိုင်းနိုင်ငံ lopburi မှာ နေထိုင်တဲ့ မျောက်ဝံအမြ...
07/06/2024

🙉ထိုင်းနိုင်ငံမှ မျောက်ဘူဖေးပွဲတော်🙉

ကြားရတာနဲ့တင် စိတ်ဝင်စားစရာပါပဲနော်။

ထိုင်းနိုင်ငံ lopburi မှာ နေထိုင်တဲ့ မျောက်ဝံအမြောက်အများ ကို ဂုဏ်ပြုတဲ့အနေနဲ့
နှစ်စဥ် နှစ်တိုင်း ဇိမ်ခံပွဲ တစ်ခုကို ကျင်းပ. ပြုလုပ်ခဲ့ကြပါတယ်

အဲ့ပွဲတော်ကြီးဟာ ထိုင်းနိုင်ငံ ရဲ့ စိတ်ဝင်စား စရာကောင်းတဲ့ ယဥ်ကျေးမှုကို ပြသပေးပီး ကံကောင်းခြင်းတွေ ကို သယ်ဆောင်လာပေးတဲ့ မျောက်တေကို ကျေးဇူးတင်ဖို့ အတွက်ပဲ ဖြစ်ပါတယ်

အဲ့ဒီ မျောက်ဘူဖေး ပွဲတော်ကြီးကို လူအများအပြားက နှစ်သက်ကြပီး ခရီးသွားပြည်သူတွေက နိုဝင်ဘာလ ရဲ့ နောက်ဆုံးအပတ် တနဂ်နွေ နေ့မှာ အခုလို အံ့မခန်း ဖြစ်ရပ်ကြီးကို တွေ့မြင်နိုင်ဖို့အတွက် မြို့တွင်းသို့ လာကြပါတယ်

နှစ်စဥ်နှစ်တိုင်း မှာ ပွဲတော်ကို မျောက်ဝတ်စုံ
ဝတ်ဆင်ထားတဲ့ အကသမားများက ကပြပီး ဖွင့်ပွဲ အခမ်းအနား ကို စ တင်ခဲ့ကြပါတယ်

မျောက်ဝတ်စုံ ဝတ်ဆင်ထားတဲ့ အထူးဧညိ့သည်တွေ ရောက်လာကြတဲ့ အခါမှာတော့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို အလှဆင်ထားကာ စားပွဲပေါ်မှာ ဖုံးအုပ်ထားတဲ့ စာရွက်တွေကို ဖယ်ရှားပစ်လိုက်ပါတယ်

မျောက်တွေက စားပွဲများကို ဖြတ်ကျော်ကာ ခုန်ဆင်းပီး နှစ်တန် လောက်များပြားလှတဲ့ သစ်သီးဝလံ ပိရမစ်ကြီးပေါ် တက်ပြီး စားသုံးတာဟာ မြင်ရသူတွေအဖို့ ပျော်စရာ ကောင်းလှပါတယ်လို့ ဆိုပါတယ်

ဒါကြောင့်လည်း ထိုင်းနိုင်ငံရဲ့ ဒီပွဲတော်ဟာ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ထူးဆန်းလှသော ဓလေ့ထုံးစံများထဲမှ တစ်ခု အပါအဝင် ဖြစ်နေပါတော့တယ်

07/06/2024
😍နှာခေါင်းကို နမ်းကာ နှုတ်ဆက်ကြသူများ😍လူတွေ တစ်ယောက်နဲ့တစ်ယောက် တွေ့ကြတဲ့အခါ နှုတ်ဆက်ဖို့ နည်းလမ်းများစွာ ရှိကြပါတယ်ဒါပေ...
06/06/2024

😍နှာခေါင်းကို နမ်းကာ နှုတ်ဆက်ကြသူများ😍

လူတွေ တစ်ယောက်နဲ့တစ်ယောက် တွေ့ကြတဲ့အခါ နှုတ်ဆက်ဖို့ နည်းလမ်းများစွာ ရှိကြပါတယ်

ဒါပေမဲ့ ဆော်ဒီအာရေဗျ နိုင်ငံလေးမှာတော့ နှုတ်ဆက်ရာမှာ အထူးဆန်းဆုံး နည်းလမ်းတစ်ခုကို ပြုလုပ်ကြပါတယ်။
နှာခေါင်းကို အပြန်အလှန် အချင်းချင်း နမ်းခြင်းဖြင့် နှုတ်ဆက်ကြတာပဲ ဖြစ်ပါတယ်။

ဒီလိုနှုတ်ဆက်ခြင်းမှာ နည်းလမ်းတစ်ခုထက် ပိုပြီး ရှိပါသေးတယ်။

များသောအားဖြင့် တစ်ယောက်နဲ့တစ်ယောက် နှာခေါင်းကို တစ်ချက် နှစ်ချက် သို့မဟုတ် သုံးချက်လောက် ထိရိုက်တဲ့ ပုံစံမျိုး ဖြစ်ပါတယ်

ဒါမှမဟုတ် လူနှစ်ယောက်တွေ့တဲ့အခါ လက်ဆွဲ နှုတ်ဆက်ပီး တစ်ယောက်နဲ့တစ်ယောက် နှာသီးဖျားခြင်း စ ပီး ထိကြတာပါ။

အရင်ဆုံးတွေ့တဲ့လူက သူရဲ့ ညာဘက်လက်ကို သူ့မိတ်ဆွေ ရဲ့ ဘယ်ဘက်ပခုံးပေါ်တင်ပီး သူ့ရဲ့မိတ်ဆွေ ကလည်း ထိုနည်းတူပဲ ပြုလုပ်ပြီး သူတိူ့ရဲ့ ပုံစံ ဓလေ့အတိုင်း အချင်းချင်း နှာခေါင်းကို တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ် အဆက်မပြတ် ခပ်မြန်မြန်လေး ထိလိုက်ကြအပြီးမှာတော့ ငြိမ်သက်စွာ နှုတ်ခွန်းဆက်ကြတာမျိုးလည်း ရှိပါတယ်။

ဆော်ဒီအာရေဗျမှာတော့ ဒီလိုမျိုး နှာခေါင်းနဲ့ နှုတ်ဆက်ကြတာဟာ အာရပ် လူမျိုးများအကြား ဂုဏ်ယူစရာ တစ်အခုအဖြစ်နဲ့ မြင့်မားခြင်းရဲ့ သင်္ကေတဖြစ်တယ်လို့ ယုံကြည်ချက်တစ်ခုအဖြစ်နဲ့ သတ်မှတ်ထားကြတာပဲ ဖြစ်ပါတော့တယ်။

🌺ကလေးငယ်လေးများအပေါ်မှ ခုန်ကျော်ကြရသော ပွဲတော်🌺စပိန်နိုင်ငံရဲ့ Castrillo de Murcia လို့ အမည်ရတဲ့ ရွာလေးမှာဆိုရင် Ei Cola...
06/06/2024

🌺ကလေးငယ်လေးများအပေါ်မှ ခုန်ကျော်ကြရသော ပွဲတော်🌺

စပိန်နိုင်ငံရဲ့ Castrillo de Murcia လို့ အမည်ရတဲ့ ရွာလေးမှာဆိုရင် Ei Colacho လို့ ခေါ်ကြပြီး နှစ်စဥ်ကျင်းပလေ့ရှိတဲ့ ပွဲတော်ကတော့ တောက်ပတဲ့ အဝါရောင်ဝတ်စုံများ ဝတ်ဆင်ထားသော အမျိုးသားတွေဟာ ကလေးငယ်များအပေါ်ကနေ ပြေးလွှားပြီး ခုန်ကြပါတယ်။

ကြားရတာနဲ့တင် အသည်းယားဖို့ ကောင်းနေပါတယ်။
ဘယ်လောက် ကြက်သီးထစရာ လုပ်ရပ်ပါလည်းနော်။

အဲ့ဒီပွဲတော်ဟာ ​ရှေ့နှစ်က မွေးဖွားခဲ့ကြတဲ့ ကလေးငယ်များကို လမ်းဘေး၌
ခေါင်းအုံးများဖြင့် တန်းစီကာချထားပီး ထို အဝါရောင် ဝတ်ဆင်ထားသော အမျိုးသား များက အိုလံပစ်တန်းကျော်အပြေးသမားများကဲ့သို့ ကလေးငယ်တွေ တန်းစီထားတဲ့ လမ်းမပေါ်ကနေ ထူးဆန်းတဲ့ မျက်နှာဖုံးများဝတ်ဆင်ကာ ခုန်ပေါက်ပြေးဆင်းသွားကြပါတယ်။

ဒီဓလေ့ကိုတော့ အစောပိုင်း 1600 ခုနှစ်က စတင်ခဲ့ တာ ​​ဖြစ်ပါတယ်။

ရည်ရွယ်ချက်ကတော့
အဝါရောင် နတ်ဆိုးများထံမှ ကလေးငယ်များကို ဝေးကွာစေတယ်လို့ ရွာသားများက ယုံကြည်ခဲ့ကြပီး နတ်ဆိုးများ ပြေးသွားပြီလို့ သတ်မှတ်ပြီးနောက်မှာတော့
ကလေးငယ်များကို နှင်းဆီပွင့်ဖတ်များနဲ့ ပက်ဖျန်းပေးခဲ့ကြပါတော့တယ်။

🌺ကြွေကွဲတွေကိုခွဲထုပြီး ကံကောင်းခြင်းကို နိမိတ်ခေါ်ကြသူများ🌺မြန်မာတို့ရဲ့ အယူအဆမှာတော့ ဒီလိုမျိုး ကွဲရှခြင်းတွေကို အတိတ်...
06/06/2024

🌺ကြွေကွဲတွေကိုခွဲထုပြီး ကံကောင်းခြင်းကို နိမိတ်ခေါ်ကြသူများ🌺

မြန်မာတို့ရဲ့ အယူအဆမှာတော့ ဒီလိုမျိုး ကွဲရှခြင်းတွေကို အတိတ်မကောင်းဟု ယူဆကြတာဖြစ်ပါတယ်

ဒါပေမဲ့လည်း ဂျာမန်လူမျိုးများအတွက်တော့ ဆန့်ကျင်ဘက်ပါပဲ။

ဂျာမနီ လူမျိုးများရဲ့ မတူညီတဲ့ ယဥ်ကျေးမှုများထဲမှ တစ်ခု​ဖြစ်တဲ့ ဂျာမန်ရိုးရာ ဓလေ့ကို polterabend လို့ ခေါ်တွင်ခဲ့ကြပါတယ်

မကြာခင်လက်ထပ်တော့မယ့် ချစ်သူစုံတွဲရဲ့ မိသားစုဝင်​တွေနဲ့ သူငယ်ချင်းတွေစုပီး ကြွေထည်ပစ္စည်းများဖြစ်တဲ့ ပန်းအိုး တွေကို ဖောက်ခွဲဖို့အတွက်ကို ညစာစားဧည့်ခံပွဲလေး ပြုလုပ်လေ့ရှိကြပါတယ်

အဲ့ဒီကြွေထည်ပန်းအိုးတွေကို ဝိုင်းခွဲကြပီး
လက်ထပ်ပီးစ အကြင်လင်မယား နှစ်ယောက်က ကွဲသွားတဲ့ ကြွေ ကွဲ စ တေကို ရှင်းပစ်ကြရပါတယ်

ဒီ ဓလေ့က အိမ်ထောင်သစ် တည်ထောင်သူ ကြင်စဦး ဇနီးမောင်နှံတို့အတွက် ကွဲကွာ ခြင်းမရှိတော့ဘဲ ကံကောင်းစေတယ်လို့လည်း ယုံကြည်ကြပါတယ်

ဒီဓလေ့လေးဟာ အိမ်ထောင်တစ်ခုရဲ့ အရေးကြီးတဲ့ အိမ်ထောင်အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့ အလုပ်ကြိုးစားမှုနဲ့ စည်းလုံးမှုရဲ့ အဓိပ္ပါယ်ကို လင်မယားနှစ်ယောက်က ပြသခွင့် ရလိုက်တာပဲ ဖြစ်ပါတော့တယ်။

ဒါပါပဲ
06/06/2024

ဒါပါပဲ

အိပ်ရေးပျက်တာများရင် ဘာတွေဖြစ်လာနိုင်မလဲ?🤔လူတစ်ယောက်ဟာာ ပျမ်းမျှတစ်နေ့ကို ရှစ်နာရီလောက်အိပ်စက်အနားယူသင့်ပါတယ်။တကယ်လို့ အ...
05/06/2024

အိပ်ရေးပျက်တာများရင် ဘာတွေဖြစ်လာနိုင်မလဲ?🤔

လူတစ်ယောက်ဟာာ ပျမ်းမျှတစ်နေ့ကို ရှစ်နာရီလောက်အိပ်စက်အနားယူသင့်ပါတယ်။တကယ်လို့ အိပ်ချိန်မလုံလောက်ဘဲ အိပ်ရေးပျက်တာများလာမယ်ဆိုရင်..
1.ကိုယ်ခံအားကျဆင်းလာမယ်။
အိပ်ရေးပျက်တာများလာရင် ကိုယ်ခံအားစနစ်တွေ လျော့နည်းလာပြီး တခြားသောရောဂါများ ၀င်ရောက်လာနိုင်ပါတယ်။

2.စိတ်ပိုင်းဆိုင်ရာပြဿနာတွေပေါလာမယ်။
အိပ်ရေးပျက်ခြင်းကြောင့် စိတ်ဖိစီးမှုများလာနိုင်ပြီး ဒေါသထွက်လွယ်တာတွေဖြစ်နိုင်ပါတယ်။ စိတ်ကျရောဂါရနိုင်ခြေကိုလည်း မြင့်တက်စေပါတယ်။ထိုပြင် အိပ်ရေးအပျက်များလာရင် သင့်ရဲ့မှတ်ဉာဏ်စွမ်းရည်နည်းပါးလာမည်ဖြစ်ပြီး ဆုံးဖြတ်နိုင်စွမ်းတွေလည်း လျော့နည်းလာမှာဖြစ်ပါတယ်။

3.ကိုယ်အလေးချိန်မြင့်တက်ခြင်းနဲ့ ထိုးကျခြင်းများဖြစ်နိုင်ပါတယ်။
အိပ်ရေးမလုံလောက်ခြင်းသည် ဟော်မုန်းပိုင်းဆိုင်ရာ ပြဿနာများကို ဖြစ်စေနိုင်ပြီး ပုံမှန်မဟုတ်သော ကိုယ်အလေးချိန်ထိုးကျခြင်း၊ထိုးတက်ခြင်းများကိုဖြစ်စေနိုင်ပါတယ်။

4.နာတာရှည်ရောဂါများဖြစ်လာနိုင်တယ်။
အိပ်ရေးပျက်တာ အချိန်တွေကြာလာတဲ့အခါ နှလုံးရောဂါ၊သွေးတိုးရောဂါ၊ဆီးချိုရောဂါ စတာတွေအပြင် မကြာခဏခေါင်းကိုက်ခြင်း နဲ့ အဆစ်ရောဂါတွေကိုပါဖြစ်ပွားစေနိုင်ပါတယ်။

အိပ်စက်ချိန်ဟာ နေ့စဉ်တိုင်းမှာ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတစ်ခုဖြစ်တဲ့အတွက် လုံလောက်စွာ အိပ်စက်အနားယူပါလို့ ပြောကြားလိုပါတယ်။ #

Address

Yangon

Alerts

Be the first to know and let us send you an email when Beauty Tips posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category


Other Video Creators in Yangon

Show All