Tarot by Nay Htoo

Tarot by Nay Htoo ဆရာနေထူးရဲ့pageအသစ်ပါ။ အိမ်အမှတ်၄၅၊ တကောင်း၂လမ်း၊ ၅ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။ ၀၉၈၈၃၇၇၀၇၄၂၊ ၀၉၈၈၃၇၇၀၇၄၃၊ ၀၉၉၄၂၀၇၅၆၁၂၊ ၀၉၆၇၇၂၀၄၆၃၁

ဒီနေ့အတွက် တစ်နေ့တာငွေဝင်ယတြာလေးပါခင်ဗျာ။
19/03/2025

ဒီနေ့အတွက် တစ်နေ့တာငွေဝင်ယတြာလေးပါခင်ဗျာ။

ဒီနေ့အတွက် ထူးထူးခြားခြား လာဘ်ရွှင်ယတြာလေး ဖြစ်ပါတယ်ခင်ဗျာ။ မနေ့က ယတြာမလုပ်ရလို့ တစ်ခုခုလိုနေ့သလိုပဲ ကြားမိတယ်နော်။
18/03/2025

ဒီနေ့အတွက် ထူးထူးခြားခြား လာဘ်ရွှင်ယတြာလေး ဖြစ်ပါတယ်ခင်ဗျာ။ မနေ့က ယတြာမလုပ်ရလို့ တစ်ခုခုလိုနေ့သလိုပဲ ကြားမိတယ်နော်။

ဒါကတော့ တနင်္လာနေ့အတွက် ထူးထူးခြားခြား တစ်နေ့တာယတြာလေးပါခင်ဗျာ။ မနေ့က ခေါင်းဘီးယတြာလေးမှာ အဆင်ပြေတာမြင်တွေ့ရလို့ ဝမ်းသာမ...
16/03/2025

ဒါကတော့ တနင်္လာနေ့အတွက် ထူးထူးခြားခြား တစ်နေ့တာယတြာလေးပါခင်ဗျာ။ မနေ့က ခေါင်းဘီးယတြာလေးမှာ အဆင်ပြေတာမြင်တွေ့ရလို့ ဝမ်းသာမိပါတယ်ခင်ဗျာ။

အခုပဲယတြာရေးပြီး မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။ အလုပ်တွေအရမ်းများနေလို့ ခွှင့်လွှတ်ပါနော်။
15/03/2025

အခုပဲယတြာရေးပြီး မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။ အလုပ်တွေအရမ်းများနေလို့ ခွှင့်လွှတ်ပါနော်။

14/03/2025

ဒီနေ့တစ်ရက်လုံးဘန်ကောက်က ဟောခန်းမှာ ဗေဒင်လာရောက်မေးမြန်းကြတဲ့ တစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။ တစ်နေ့တာယတြာလေးတွေ အဆင်ပြေကြောင်း ကြားသိရလို့လဲ အရမ်းဝမ်းသာမိပါတယ်။ ကွန်မန့်လေးတွေ စာမပြန်ဖြစ်ရင် ခွင့်လွှတ်ပါ၊ မိတ်ဆွေတို့ရေးတဲ့စာလေးတွေကို ကျနော်အမြဲဖတ်ပါတယ်ခင်ဗျာ။ ရန်ကုန်ကိုတော့ ၆လပိုင်းမှာ ပြန်ရောက်ပါမယ်ခင်ဗျာ။ ဒီလ၂၅ရက်နေ့နောက်ပိုင်း စင်ကာပူကိုလာဖို့ရှိနေပါတယ်ခင်ဗျာ။ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

14/03/2025

ပေါက်ပေါက်ပွင့်ကို ကြွေပန်ကန်ပြားထဲမှာထည့်ပြီး ဂုဏ်တော်၉ပါးကို ၉ခေါက်ရွတ်ဆို မန်းမှုတ်ပါ။ အဖေ၊ အမေ ဖြစ်သူကိုယ်တိုင် ရွက်ဆိုမန်းမှုတ်ပြီး စာမေးပွဲသွားဖြေမယ့် မိမိရဲ့သား၊ သမီးရဲ့ ဦးခေါင်းပေါ်မှာ ပေါက်ပေါင်ပွင့်အနည်းငယ်ကြဲကာ ပေါက်ပေါက်မြောက်မြောက် ဖြစ်ပါစေ သားရေ၊ သမီးရေ စသဖြင့်ပြောပေးပါခင်ဗျာ။ ၁၂တန်းဖြေဆိုကြမယ့် ကလေးလေးတွေအတွက် ယတြာလေးဖြစ်ပါတယ်ခင်ဗျာ။

ဒီနေ့သောကြာနေ့အတွက် ကံပွင့်လာဘ်ရွှင်ယတြာလေးကို မနက်စောစောလေးမှာ မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။ ယတြာလေးတွေက မိတ်ဆွေတို့အတွက် အ...
13/03/2025

ဒီနေ့သောကြာနေ့အတွက် ကံပွင့်လာဘ်ရွှင်ယတြာလေးကို မနက်စောစောလေးမှာ မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။ ယတြာလေးတွေက မိတ်ဆွေတို့အတွက် အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။

13/03/2025

မြန်မာ့ရိုးရာ၁၂လရာသီရဲ့ နောက်ဆုံးလဖြစ်တဲ့ တပေါင်းလပြည့်နေ့အတွက် ပြုလုပ်သင့်တဲ့ယတြာလေးတွေကို မနေ့ကတည်းက မျှဝေထားခဲ့ပါတယ်နော်။ ကျနော့်မိတ်ဆွေတွေ ယတြာလေးတွေပြုလုပ်ကြရင်း လာမယ့် နှစ်သစ်ကူးမှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနှင့် အခက်အခဲတွေပြေလည်ပပျောက်ပြီး အောင်မြင်မှုသရဖူးဆွတ်ခူးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

ဒီနေ့တပေါင်းလပြည့်နေ့အတွက် တစ်နေ့တာယတြာလေးပါခင်ဗျာ။ ကျနော့်ကိုယုံကြည်ပေးကြတဲ့ တစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအများကြီးတ...
12/03/2025

ဒီနေ့တပေါင်းလပြည့်နေ့အတွက် တစ်နေ့တာယတြာလေးပါခင်ဗျာ။ ကျနော့်ကိုယုံကြည်ပေးကြတဲ့ တစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

ဒီနေ့ထိုင်းမှာ ငွေကြေးလာဘ်လာဘ စမ ထိုးပေးဖြစ်တာလေးပါခင်ဗျာ။ ထိုင်းမှာ အင်း၊ စမ စတာတွေထိုးနှံချင်တာရှိရင် လာရောက်ဆက်သွယ် ဘ...
12/03/2025

ဒီနေ့ထိုင်းမှာ ငွေကြေးလာဘ်လာဘ စမ ထိုးပေးဖြစ်တာလေးပါခင်ဗျာ။ ထိုင်းမှာ အင်း၊ စမ စတာတွေထိုးနှံချင်တာရှိရင် လာရောက်ဆက်သွယ် ဘိုကင်ယူလို့ရပါတယ်ခင်ဗျာ။ ၂၅ရက်နေ့အထိ ဘန်ကောက်မှာ ရှိနေပါဦးမယ်ခင်ဗျာ။

တပေါင်းလပြည့်နေမှာ ကံဇာတာပွင့်လန်းစေဖို့ ပြုလုပ်လို့ရမယ့် ယတြာအနည်းငယ်ကို မျှဝေပေးခြင်ပါတယ်ခင်ဗျာ။ အဓိကယတြာပြုလုပ်ရမှာကတ...
12/03/2025

တပေါင်းလပြည့်နေမှာ ကံဇာတာပွင့်လန်းစေဖို့ ပြုလုပ်လို့ရမယ့် ယတြာအနည်းငယ်ကို မျှဝေပေးခြင်ပါတယ်ခင်ဗျာ။ အဓိကယတြာပြုလုပ်ရမှာကတော့ မိမိတို့ရဲ့စိတ်ပိုင်းဆိုင်ရာပြန်လည်အဆင်ပြေအောင်၊ အားတတ်စရာတွေ၊ စိတ်ခွန်အားတွေရရှိစေဖို့ ယတြာချေကြရမှာဖြစ်ပါတယ်။ ၃လပိုင်းဆိုတဲ့ကာလက စိတ်ထွေပြားစရာတွေနဲ့အတူ နေရထိုင်ရတာ အဆင်မပြေဖြစ်တတ်ပြီး စိတ်ရော၊ လူရော ထုံထိုင်းနေသလို၊ စိတ်တွေလေးလံနေသလို ခံစားမိရတတ်တဲ့ အခိုက်အတန့်တွေများတတ်ပါတယ်။ အားအင်မရှိသလိုလို၊ ပင်ပန်းနေသလိုလို၊ မိမိရဲ့တတ်ကြွနေတဲ့စိတ်တွေ ပျောက်ဆုံးနေသလို ခံစားရတတ်တာမို့ စိတ်ဓာတ်ခွန်အားပြည့်လည် လန်းဆန်းပြီး ကြိုးစားချင်စိတ်အပြည့်ရဖို့ အရမ်းအရေးကြီးပါတယ်။

၁။ မိမိအိမ်ဘုရားပန်းအိုးထိုးတဲ့နေရာမှာ အဝါရောင်တောက်တောက် ဂန္ဓမာပန်းကို ဝေဝေဆာဆာ ကပ်လှူူဇော်ပေးပါ။ အဝါရောင်က စိတ်ကို တစ်မျိုးတစ်ဖုံပြောင်းလဲစေတဲ့ သဘောတရားရှိပါတယ်။ ဘုရားပန်းကို အဝါရောင်များများ ကပ်လှူပူဇော်ပြီး ဘုရားရှိခိုးတဲ့အခါ စိတ်ကိုပိုမိုကြည့်လင်စေပါတယ်။

၂။ နို့ဆီကို ရေနွေးနဲ့ဖျော်ပြီး နို့ဖျော်တစ်ခွက်၊ သကြားအနည်းငယ်ထည့်ပြီး မိမိမြတ်စွာဘုရားထံ ကပ်လှူဆုတောင်းပေးပါ။ ကြံသကာရရှိနိုင်ရင် ကြံသကာအနည်းငယ်ပါ ကပ်လှူနိုင်ရင် ပိုအဆင်ပြေပါတယ်။ ချိုမိန်စေတဲ့ဓာတ်သဘောကို ယူတာဖြစ်ပါတယ်ခင်ဗျာ။

၃။ ဖန်ခွက်တစ်လုံးနဲ့ ဆန်အနည်းငယ်၊ ဆားအနည်းငယ် သပ်သပ်စီထည့်ကာ မိမိအိမ်မြတ်စွာဘုရားထံ ကပ်လှုူဆုတောင်းပေးပါ။ ဆန်နဲ့ဆားနဲ့ စံစား ဆိုတဲ့ဓာတ်သဘောတရားကို ယူတာမို့ စီးပွားတတ်စေပါတယ်ခင်ဗျာ။

ဘုရားရှိခိုးတဲ့အခါ မိမိရဲ့ကိုယ်စောင့်နတ်၊ ဝန်းစောင့်နတ်၊ ခြံစောင့်နတ်၊ သမာဒေဝနတ်မြတ် နတ်ကောင်းများ၊ မြေစောင့်နတ်ပါမကျန် မိမိကို စောင့်ရှောက်ပေးကြပါဟုလဲ ရွတ်ဆို ဆုတောင်း အမျှဝေပေးပါခင်ဗျာ။ ဒီယတြာလေးတွေကို တပေါင်းလပြည့်နေအခါသမယမှာ ပြုလုပ်ပေးခြင်းဖြင့် ကံကောင်းမှုတွေ မကြာချက်ချင်း ရောက်ရှိလာပါလိမ့်မယ်ခင်ဗျာ။

ဒီနေ့အတွက် တစ်နေ့တာလာဘ်ရွှင်ယတြာလေးပါခင်ဗျာ။
11/03/2025

ဒီနေ့အတွက် တစ်နေ့တာလာဘ်ရွှင်ယတြာလေးပါခင်ဗျာ။

မဟာချိူင်က မှာယူထားတဲ့ လာဘ်လာဘအလွန်ပွင့်လန်းစေပြီး အလုပ်အကိုင်အောင်မြင်စေတဲ့ မဟာလာဘအင်း၊ အရောင်းအဝယ်၊ အပွင့်အလန်းကောင်းမ...
11/03/2025

မဟာချိူင်က မှာယူထားတဲ့ လာဘ်လာဘအလွန်ပွင့်လန်းစေပြီး အလုပ်အကိုင်အောင်မြင်စေတဲ့ မဟာလာဘအင်း၊ အရောင်းအဝယ်၊ အပွင့်အလန်းကောင်းမွန်းစေတဲ့အင်း စတာတွေကို ဒီညနေခင်းမှာပဲ ပို့ပေးလိုက်ပါပြီခင်ဗျာ။

11/03/2025

စင်ကာပူနဲ့ မလေးရှား ဘယ်နိုင်ငံတွေမှာ ကျနော့်မိတ်ဆွေတွေများလဲဗျ၊ အလည်လာဖို့လဲရှိလို့၊ ဘယ်နိုင်ငံရွေးရမလဲ မသိ ဖြစ်နေလို့ပါခင်ဗျာ။

11/03/2025

ကျနော့်ဆီမှာ ဗေဒင်မေးဖို့ မကြိုးစားပါနဲ့တော့ခင်ဗျာ၊ လူလိမ်အကောင့်တွေလဲ အရမ်းများနေလို့ ကျနော့်ကိုတကယ်ချစ်ခင်လေးစားရတဲ့ မိတ်ဆွေတွေလူလိမ်ခံထိတာတွေ မြင်ရတာ ကျနော်ဝမ်းနည်းလို့ပါ။ ကျနော့်ဆီ အဆောင်လဲလာမဝယ်ကြပါနဲ့၊ ယတြာလဲ လာမလုပ်ကြပါနဲ့ခင်ဗျာ။ ရန်ကုန်ပြန်ရောက်မှ ဟောခန်းကို လာတွေ့ချင်ရင် လူကိုယ်တိုင်သာ လာလုပ်ကြပါခင်ဗျာ။ ဒါမှမဟုတ် ငွေလွှဲတော့မယ်ဆိုရင် video call ခေါ်ပြီးမှ ကျနော့်နဲ့ကိုယ်တိုင်စကားပြောပြီး ဖြစ်စေ၊ ကျနော့်ရုံးကတပည့်တွေနဲ့ video callခေါ်ပြီးဖြစ်စေ ကျနော့်ရဲ့ဘုရားခန်း၊ နေရာထိုင်းခင်းတွေ အကုန်မြင်ရပြီးမှ ငွေလွှဲကြပါခင်ဗျာ။

ဒီနေ့အတွက် တစ်နေ့တာယတြာလေးပါခင်ဗျာ။ တစ်နေ့တာယတြာမတင်တာကြာနေတာ ခွင့်လွှတ်ပေးပါခင်ဗျာ။ ဒီရက်ပိုင်းတွေမှာ အကောင့်အတုလူလိမ်တ...
10/03/2025

ဒီနေ့အတွက် တစ်နေ့တာယတြာလေးပါခင်ဗျာ။ တစ်နေ့တာယတြာမတင်တာကြာနေတာ ခွင့်လွှတ်ပေးပါခင်ဗျာ။ ဒီရက်ပိုင်းတွေမှာ အကောင့်အတုလူလိမ်တွေက ယတြာအတုတွေရေးပြီး တင်နေတာ တွေ့နေရပါတယ်ခင်ဗျာ။ သေချာ စီစစ်ပြီး သတိထားပေးပါနော်။

10/03/2025

ဘန်ကောက်ကိုပြန်ရောက်ပါပြီခင်ဗျာ၊ မနက်ဖြန်ကစပြီး ပို့စ်လေးတွေ ပြန်တင်ပေးပါမယ်။ လူလိမ်အကောင့်တွေက တစ်နေ့တာငွေဝင်ယတြာကို အတုလုပ်ပြီး တင်နေတာခင်ဗျာ၊ သတိထားကြပါဦးနော်။

13/02/2025

ကျိုင်းတုံမြို့ကိုရောက်နေပါတယ်နော်၊ လာတွေ့ချင်တဲ့သူရှိရင် တွေ့လို့ရပါတယ်။ ဖုန်းဆက်ကြပါ။ ၀၉၇၉၁၃၁၅၁၇၈

ที่อยู่

Artemis Condo, Soi Sukhumvit 77, On Nut Road, Suan Luang
Bangkok
10250

เบอร์โทรศัพท์

+959759813795

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Tarot by Nay Htooผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Tarot by Nay Htoo:

วิดีโอทั้งหมด

แชร์