Student Rights Watch

Student Rights Watch ကျောင်းသားထုအခွင့်အရေး၊ ဒီမိုကရေစီပညာရေးနှင့် ဖိနှိပ်ခံပြည်သူလူထုဘက်မှ ရပ်တည်သည့် ဆောင်းပါးများ သတင်းများကို နေ့စဉ်တင်ဆက်နေပါသည်။

ဘုတလင်မြို့နယ်မှာ ဖက်ဆစ်တော်လှန်ရေးနေ့အထိမ်းအမှတ် အဖြစ် စစ်အာဏာရှင်စနစ် လှုပ်ရှားမှုပြုလုပ်၂၈ မတ် ၊ SRWဘုတလင်မြို့နယ် တန...
28/03/2024

ဘုတလင်မြို့နယ်မှာ ဖက်ဆစ်တော်လှန်ရေးနေ့အထိမ်းအမှတ် အဖြစ် စစ်အာဏာရှင်စနစ် လှုပ်ရှားမှုပြုလုပ်

၂၈ မတ် ၊ SRW

ဘုတလင်မြို့နယ် တနေရာမှာ ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် မတ်လ ၂၇ရက်နေ့မှာ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုမှာ "ဖက်ဆစ်တပ်ကိုအမြစ်ဖြတ်ကြ၊ မတရားစစ်မှုထမ်းဉပဒေကိုဆန့်ကျင်ကြ" ကြွေးကြော်သံတွေနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုကို ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ က ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)က ထုတ်ပြန်ထားပါတယ်။

ရန်ကုန်မှာ စစ်မှုထမ်းဥပဒေ ဆန့်ကျင်ရေး ဆန္ဒပြ___________________________________၁၇ မတ် ၊ SRWစစ်ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေ...
17/03/2024

ရန်ကုန်မှာ စစ်မှုထမ်းဥပဒေ ဆန့်ကျင်ရေး ဆန္ဒပြ
___________________________________

၁၇ မတ် ၊ SRW

စစ်ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေကို ဆန့်ကျင်တဲ့ ပြောက်ကျားဆန္ဒပြ လှုပ်ရှားမှု တခုကို ဒီနေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့ တနေရာမှာ ပြုလုပ်ခဲ့တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က ထုတ်ပြန်ထားပါတယ်။

'စစ်ကျွန်မခံနဲ့ရန်ကုန်သားတွေ' နဲ့ 'ရန်ကုန်သူပုန်များ' ဆိုတဲ့စာသားပါ ဘန်နာတွေကိုင်စွဲပြီး ကျောင်းသားလူငယ်တွေက စစ်မှူထမ်းဥပဒေဆန့်ကျင်ရေး ဆန္ဒပြမှုတခု ပြုလုပ်ခဲ့ပါတယ်။

" စစ်ရေး ၊ နိုင်ငံရေး အဘက်ဘက်မှာရှုံးနိမ့်နေတဲ့ စစ်ကောင်စီက အာ ဏာသိမ်းသက်တမ်းကို ဆွဲဆန့်နိုင်ရေးအတွက် ပြည်သူလူထုကို ကျွန်ပြုအသုံးချနေပါတယ်။ ဒါ့အပြင် စစ်မှုထမ်းဥပဒေကိုလည်းအတင်းအဓမ္မ အသက်သွင်းနေပါတယ်။

ဒါကြောင့် ပြည်သူလူထုအနေနဲ့ ဖက်ဆစ်တပ်ရဲ့စစ်ကျွန်ပြုမှုကိုလက်မခံပဲ ရရာနည်းလမ်းမျိုးစုံနဲ့ တွန်းလှန်ခြင်းနဲ့ဖြစ်စေ၊ လွတ်မြောက်ရေးနည်းလမ်းတွေနဲ့ကြိုးစားခြင်းဖြစ်စေ ငြိမ်ခံမနေပဲ တစ်ခုခုလုပ်ကြဖို့" ထုတ်ပြန်ချက်ထဲမှာ တိုက်တွန်းနှိုးဆိုးထားပါတယ်။

ဒီလှုပ်ရှားမှုကို Yangon Revolution Force - YRF (Soft Strike Community)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ ရန်ကုန်လူထုသပိတ် နဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ရရတကသ) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Jahangirnagar University နယ်မြေအတွင်းဖြစ်ပွားခဲ့သော အဓမ္မ ပြုကျင့်ခံရတဲ့ကိစ္စအတွက် တရားမျှတမှုရရှိအောင် တောင်းဆိုတဲ့အနေန...
16/03/2024

Jahangirnagar University နယ်မြေအတွင်းဖြစ်ပွားခဲ့သော အဓမ္မ ပြုကျင့်ခံရတဲ့ကိစ္စအတွက် တရားမျှတမှုရရှိအောင် တောင်းဆိုတဲ့အနေနဲ့ "အဓမ္မပြုကျင့်ခြင်းနှင့် ဖိနှိပ်အုပ်ချုပ်မှုမှလွတ်မြောက်ရေး" ဆိုတဲ့စာသားကို နံရံပေါ်မှာ ရေးသားခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် ကျောင်းသားများသမဂ္ဂရဲ့ ဥက္ကဌ Amartya Roy နှင့် အထွေထွေအတွင်းရေးမှူး Riddha Anindya Ganguly တို့ကို မတရားသဖြင့် တနှစ်တာစာသင်ခွင့်ရပ်နားလိုက်တဲ့အပေါ် ဗကသက စိတ်ပူမိပါတယ်။ ဒီကိစ္စမှာ ဗကသအနေနဲ့ ဘင်္ဂလားဒေ့ရှ်ကျောင်းသားများသမဂ္ဂရဲ့ ရဲဘော်တွေနဲ့အတူ ခိုင်မာသော‌သွေးစည်းညီညွတ်‌ရေးနဲ့ ရပ်တည်ပါတယ်။

Jahangirnagar University အုပ်ချုပ်ရေးအဖွဲ့ရဲ့ အခုလို ကျောင်းသားခေါင်းဆောင်တွေကို စာသင်နှစ်တနှစ်ကြာ မတရားကျောင်းထုတ်မှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကိစ္စတွင် မမျှတစွာ ဆုံးဖြတ်တဲ့ လုပ်ရပ်မျိုးတွေဟာ ဗကသရဲ့အဓိကမူဝါဒတွေထဲကတချက်ဖြစ်တဲ့ ကျောင်းသားထုအခွင့်ရေးကာကွယ်ရေး ဆိုတဲ့အချက်နဲ့ငြိစွန်းနေပါတယ်။

ဒီအဖြစ်အပျက်ကို အခုလိုတုန့်ပြန်လိုက်တဲ့ JUအုပ်ချပ်ရေးအဖွဲ့ရဲ့ ရွံရှာစက်ဆုပ်ဖွယ်ရာ လုပ်ရပ်ကို ဗကသအနေနဲ့ အပြင်းအထန်ရှုတ်ချပါတယ်။ဗကသအနေနဲ့ BSUရဲဘော်တွေဘက်က ထောက်ခံရပ်တည်တဲ့အပြင် အဓ္ဓမပြုကျင့်တဲ့အဖြစ်အပျက်အား တရားမျှတတဲ့အဖြေတခုကိုရှာပြီး ကျောင်းသားခေါင်းဆောင်တွေကို စာသင်နှစ်တနှစ်ကြာ ကျောင်းထုတ်ခြင်းကို ချက်ချင်းရုပ်သိမ်းပေးဖို့အတွက် JU အုပ်ချုပ်ရေးအဖွဲ့ကိုတိုက်တွန်းလိုပါတယ်။

ဗကသများအဖွဲ့ချုပ် နဲ့ မဟာမိတ်အဖွဲ့တွေ က စာသင်ကျောင်းတွေ ကို စာရေးကိရိယာတွေနဲ့ ကျောင်းရန်ပုံငွေများထောက်ပံ့မတ် ၈ ၊ SRW မတ...
08/03/2024

ဗကသများအဖွဲ့ချုပ် နဲ့ မဟာမိတ်အဖွဲ့တွေ က စာသင်ကျောင်းတွေ ကို စာရေးကိရိယာတွေနဲ့ ကျောင်းရန်ပုံငွေများထောက်ပံ့

မတ် ၈ ၊ SRW

မတ်လ ၈ ရက်နေ့မှာ အရာတော်မြို့နယ်အတွင်းက မီးဘေး
သင့်တောတွင်း စစ်ရှောင်စခန်းတခုက ပြည်သူ့အခြေပြုစာသင်ကျောင်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသား ကျောင်းသူတွေကို စာရေးကိရိယာတွေနဲ့ ကျောင်းရံပုံငွေတွေ ထောက်ပံ့ခဲ့တယ်လို့ ဗကသများအဖွဲ့ချုပ်ကထုတ်ပြန်ထားပါတယ်။

အဲ့ဒီစစ်ရှောင်စခန်းက ပြည်သူတွေနဲ့ ကျောင်းသား၊ကျောင်းသူတွေစုပေါင်းပြီး နိုင်ငံရေးစကားဝိုင်းတခု ပြုလုပ်ခဲ့ပါသေးတယ်။ အဲ့ဒီစကားဝိုင်မှာ လက်ရှိနိုင်ငံရေးအခြေအနေ တော်လှန်ရေးအခြေ အ နေတွေကို တင်ပြဆွေးနွေးခဲ့ကြပါတယ်။

ဒါတွေကို အထက မလဲသာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နဲ့အတူ ၊ Orange Women နဲ့ MOWYAC အရာတော်မြို့နယ်တာဝန်ခံ တို့က အတူပူးပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗသကများအဖွဲ့ချုပ်) ရဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

တနင်္သာရီမြို့နယ်မှာ ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်၂၀၂၄ မတ် ၃၊ SRWတနင်္သာရီမြို့နယ်က...
03/03/2024

တနင်္သာရီမြို့နယ်မှာ ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၄ မတ် ၃၊ SRW

တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က မတ်လ ၂ ရက်နေ့မှာ တနင်္သာရီမြို့နယ်တွင် “စစ်သုံးစစ်ကို တိုက်ဖျက်ဖို့ တပ်ပေါင်းစုကို တည်ဆောက်စို့” စာသားပါဘန်နာများဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။

ထိုင်းလွှတ်တော်မှာ ပြုလုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ ဗကသ အဖွဲ့ဝင် ကိုအောင်ဖုန်းမော် တက်ရောက်ဟောပြောမတ် ၃၊ SRWထိုင်းန...
03/03/2024

ထိုင်းလွှတ်တော်မှာ ပြုလုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ ဗကသ အဖွဲ့ဝင် ကိုအောင်ဖုန်းမော် တက်ရောက်ဟောပြော

မတ် ၃၊ SRW

ထိုင်းနိုင်ငံ လွှတ်တော်မှာ မတ်လ ၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အလုပ်အမှုဆောင် အဖွဲ့ဝင် ကိုအောင်ဖုန်းမော် တက်ရောက် ဟောပြောခဲ့တယ်လို့ ရတကသ က သတင်းထုတ်ပြန်ပါတယ်။

“အာဏာသိမ်းပြီး သုံးနှစ်အကြာ” လို့ ခေါင်းစဉ်ပေးထားတဲ့ ဒီဆွေးနွေးပွဲကို ထိုင်းအတိုက်ခံပါတီဖြစ်တဲ့ Move Forward ပါတီက ဦးဆောင်ကျင်းပခဲ့တာပါ။

"တခြားကမ္ဘာ့နေရာ တော်တော်များများက လူငယ်တွေ လွယ်လွယ်ကူကူ ရနေကြတဲ့အခွင့်အရေးတွေကို မြန်မာပြည်က လူငယ်‌တွေက ခက်ခက်ခဲခဲကြီး တိုက်ယူနေကြရတယ်။ ဒီအကြောင်းတွေကို ဆွေးနွေးပွဲ တက်ရောက်သူတွေ သိအောင် အဓိကထား ပြောခဲ့ပါတယ်။" လို့ ထုတ်ပြန်ချက်ထဲမှာဖော် ပြထားပါတယ်။

"ဂုဏ်သိက္ခာမရှိ အနာဂတ်မရှိတဲ့ ဘဝနဲ့ နေမယ့်အစား လူငယ်‌တွေဟာ အမှန်တရားအတွက်
ဂုဏ်သိက္ခာအတွက် သူတို့ရဲ့ အသက်တွေနဲ့ အလဲအထပ်လုပ်နေရတယ်။"

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အပါအဝင် ၊ ဗဟိုပြည်မအုပ်ချုပ်ရေးစနစ်၊ ဗမာ/ဗုဒ္ဓ လူမျိုးကြီးအတွေးအခေါ်တွေနဲ့ တိုင်းပြည်ကို စုစည်းလို့မရနိုင်တော့ကြောင်းကိုလည်း အဓိကထား ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သုံးနှစ်အတွင်း လက်ရှိအခြေအနေများ နဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ဖြေရှင်းရာမှာ ဒီမိုကရေစီကို ပံ့ပိုးကူညီနိုင်မယ့် နည်းလမ်း များကို ရှာဖွေဆွေးနွေးဖို့ ထိုင်းနိုင်ငံ လွှတ်တော်ထဲမှာ နှစ်ရက်တာကြာမြင့်တဲ့ ဆွေးနွေးပွဲကို မတ်လ ၂ ရက်နေ့နဲ့ ၃ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တာပါ။

လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နေ့စဉ်ကျူးလွန်နေတဲ့ စစ်ကောင်စီနဲ့ပေါင်းပြီးတော့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပံ့ပိုးပေးမယ့် အစီအစဉ်ဟာ အလုပ်မဖြစ်နိုင်ဘူးလို့လည်း ကိုအောင်ဖုန်းမော်က သုံးသပ်ပါတယ်။
"စစ်မှုထမ်းဥပဒေကြေညာပြီး လူသားချင်းစာနာ‌ထောက်ထားမှု အကျပ်အတည်းကို ပိုဆိုးအောင်လုပ်နေတဲ့ စစ်တပ်နဲ့ပေါင်းပြီးတော့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးကြမယ်ဆိုတဲ့ဟာက အလုပ်မဖြစ်နိုင်ဘူး။"

မြန်မာ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများနဲ့ ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုများကို ပံ့ပိုးနိုင်တဲ့ ဗျူဟာများ ချမှတ်ဖို့ အဲဒီဆွေးနွေးပွဲက ရည်ရွယ်တယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲနဲ့အတူ မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်ခဲအမျိုးမျိုးကို ထင်ဟပ်စေနိုင်မယ့် အနုပညာပြခန်း တခုကိုလည်း ထည့်သွင်းပြသခဲ့ပါတယ်။

နှစ်ရက်တာ ကြာမြင့်တဲ့ ဆွေးနွေးပွဲကို ထိုင်းနိုင်ငံလွှတ်တော်ရဲ့ အမျိုးသားလုံခြုံရေး၊ နယ်စပ်ရေးရာ၊ အမျိုးသားမဟာဗျုဟာ နဲ့ ပြုပြင်ပြောင်းလဲရေး ကော်မတီနဲ့အတူ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကုလသမဂ္ဂမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC နဲ့ နိုင်ငံတကာ အဖွဲ့အစည်းများ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

ကြို့ပင်ကောက်မြို့နယ်မှာ ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ဖေဖေါ်ဝါရီလ ၂၉ ၊ SRWကြို့ပင်...
29/02/2024

ကြို့ပင်ကောက်မြို့နယ်မှာ ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

ဖေဖေါ်ဝါရီလ ၂၉ ၊ SRW

ကြို့ပင်ကောက်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ကြို့ပင်ကောက်မြို့နယ်အတွင်း “တော်လှန်ရေးသမားကိုသတ်ရုံနဲ့ တော်လှန်ရေးကသေဒဏ်မကျဘူး” စာသားပါဘန်နာကို ချိတ်ဆွဲပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)က ထုတ်ပြန်ထားပါတယ်။

ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ်နဲ့ မဟာမိတ်များ "နီတဲ့သွေးရက်သတ္တပတ်" လှုပ်ရှားမှုများ ဆက်လက်ပြုလုပ်နေ၂၀၂၄ ဖေဖော်ဝါရီ ၆၊ SRW...
06/02/2024

ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ်နဲ့ မဟာမိတ်များ "နီတဲ့သွေးရက်သတ္တပတ်" လှုပ်ရှားမှုများ ဆက်လက်ပြုလုပ်နေ

၂၀၂၄ ဖေဖော်ဝါရီ ၆၊ SRW

နွေဦးတော်လှန်ရေးသုံးနှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ “နီတဲ့သွေးရက်သတ္တပတ်” လှုပ်ရှားမှုကို ရန်ကုန်မြို့အနှံ့အပြားမှာ ဆက်လက်ပြုလုပ်နေတယ်လို့ ဗမာနိုင်လုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က ထုတ်ပြန်ထားပါတယ်။

ဒီနေ့ လှုပ်ရှားမှုမှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နဲ့ North Dagon Oppressed People's Strike Colition - (NDOPSC) တို့က ပူးပေါင်းလုပ်ဆောင်‌ခဲ့တာဖြစ်ပါတယ်။

တနင်္သာရီမြို့နယ်မှာ ဗကသများအဖွဲ့ချုပ်က  “နီတဲ့သွေးရက်သတ္တပတ်” လှုပ်ရှားမှု ပြုလုပ်၂၀၂၄ ဖေဖော်ဝါရီ ‌၆၊ SRWနွေဦးတော်လှန်ရ...
06/02/2024

တနင်္သာရီမြို့နယ်မှာ ဗကသများအဖွဲ့ချုပ်က “နီတဲ့သွေးရက်သတ္တပတ်” လှုပ်ရှားမှု ပြုလုပ်

၂၀၂၄ ဖေဖော်ဝါရီ ‌၆၊ SRW

နွေဦးတော်လှန်ရေးသုံးနှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ “နီတဲ့သွေရက်သတ္တပတ်" လှုပ်ရှားမှုကို တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဖေဖေါ်ဝါရီလ ( ၆ ) ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်

အဲ့ဒီလှုပ်ရှားမှုမှာ “စစ်သုံးစစ်ကို တိုက်ဖျက်ဖို့ တပ်ပေါင်းစုကို တည်ဆောက်စို့” ၊ “ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်၊ ဖိနှိပ်ခံကျောင်းသား ဒို့ကျောင်းသား၊ ကျောင်းသားထုသွေးစည်းညီညွတ်ကြ” ဆိုတဲ့ စာသားပါဘန်နာတွေနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ( ဗကသများအဖွဲ့ချုပ်) က ထုတ်ပြန်ထားပါတယ်။

တနင်္သာရီမြို့နယ်မှာ ဗကသများအဖွဲ့ချုပ်က လေကြောင်းတိုက်ခိုက်မှုဆိုင်ရာ အသိပညာပေး စာစောင်များ ဖြန့်ဝေ…….၂၀၂၄ ဖေဖော်ဝါရီ ၆၊...
06/02/2024

တနင်္သာရီမြို့နယ်မှာ ဗကသများအဖွဲ့ချုပ်က လေကြောင်းတိုက်ခိုက်မှုဆိုင်ရာ အသိပညာပေး စာစောင်များ ဖြန့်ဝေ
…….

၂၀၂၄ ဖေဖော်ဝါရီ ၆၊ SRW

ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က “လေကြောင်းတိုက်ခိုက်မှုဘေးအန္တရာယ်မှ ကာကွယ်နေထိုင်ခြင်းနည်းလမ်းများ” စာစောင်တွေ ကို ဒေသတွင်းလူထုအား ဖြန့်ဝေပြီး လေကြောင်းတိုက်ခိုက်မှုအန္တရယ် အသိပညာပေး လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့တဲ့တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ များအဖွဲ့ချုပ် ) က ထုတ်ပြန်ထားပါတယ်။

တနင်္သာရီမှာ ဗကသများအဖွဲ့ချုပ် က “နီတဲ့သွေးရက်သတ္တပတ်” လှုပ်ရှားမှု ပြုလုပ်ဖေဖော်ဝါရီ ၅၊ SRWတနင်္သာရီမြို့နယ်ကျောင်းသားမ...
05/02/2024

တနင်္သာရီမှာ ဗကသများအဖွဲ့ချုပ် က “နီတဲ့သွေးရက်သတ္တပတ်” လှုပ်ရှားမှု ပြုလုပ်

ဖေဖော်ဝါရီ ၅၊ SRW

တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က နွေဦးတော်လှန်ရေးသုံးနှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့က တနင်္သာရီမြို့နယ်မှာ “နီတဲ့သွေးရက်သတ္တပတ်” လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီလှုပ်ရှားမှုမှာ “အမျိုးသားတန်းတူရေး နဲ့ လူ့အခွင့်အရေးများရရှိဖို့ တော်လှန်စစ်ကိုထောက်ခံစို့” ဆိုတဲ့ စာသားပါ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ များအဖွဲ့ချုပ်)ကထုတ်ပြန်ထားပါတယ်။

‌ဓာတ်ပုံ - ဗကသများအဖွဲ့ချုပ်

အသံတိတ်သပိတ်မှာ ပါဝင်လို့ အင်းစိန် GTI က ကျောင်းသားတွေ ဖမ်းဆီးရိုက်နှက်ခံရ ဇန်နဝါရီ ၄၊ SRWဖေဖော်ဝါရီ ၁ ရက်နေ့က အာဏာသိမ်း...
04/02/2024

အသံတိတ်သပိတ်မှာ ပါဝင်လို့ အင်းစိန် GTI က ကျောင်းသားတွေ ဖမ်းဆီးရိုက်နှက်ခံရ

ဇန်နဝါရီ ၄၊ SRW

ဖေဖော်ဝါရီ ၁ ရက်နေ့က အာဏာသိမ်းမှု သုံးနှစ်ပြည့် အသံတိတ်သပိတ်မှာ ပါဝင်လို့ဆိုပြီး အင်းစိန်မြို့နယ်၊ အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်း အင်းစိန် GTI က ကျောင်းသားတွေကို စစ်တပ်က ဝင်ရောက်ဖမ်းဆီး ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ ကျောင်းဆင်းချိန်မှာ ဟိုက်လက်ကား ၄ စီး၊ စစ်သားအယောက် ၂၀ လောက်ဟာ ကျောင်းအတွင်းဝင်ရောက်ပြီး အဆောင်နေကျောင်းသားများကို ကျောင်းရှေ့ကို ခေါ်ထုတ်ကာ ပုံစံထိုင်ခိုင်းတာ၊ ဆဲဆိုတာ၊ ရိုက်နှက်တာတွေ ပြုလုပ်ခဲ့တယ်လို့ အင်းစိန် GTI ကျောင်းသားများသမဂ္ဂက ပြောပါတယ်။
“ကျောင်းပြီးသွားတဲ့ အချိန်၊ ၆ ခွဲ ၇ နာရီလောက်မှာ ဖြစ်မယ်။ စစ်ကားတွေဝင်လာတယ်၊ ကျောင်းသားတွေကို ဆဲဆိုပြီး အပြင်ထွက်ခါနီးအချိန်မှာခေါ်ပြီးတော့ ရိုက်နှက်ခံရတယ်၊ ရိုက်နှက် ထိုးကြိုတ်တယ်။" လို့ အင်းစိန် GTI ကျောင်းသားများသမဂ္ဂ ပြန်ကြားရေးနဲ့ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုဟိန်းညီညီက အိုးဝေ ကို ပြောပါတယ်။
ဒါ့အပြင် လူမျိုးစုကျောင်းသားတွေကို စစ်သားတွေက လူမျိုးရေးခွဲခြားဆက်ဆံပြီး ရိုက်နှက် ဆဲဆိုတာတွေ လုပ်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
"တိုင်းရင်းသားကျောင်းသားတွေကို မှတ်ပုံတင်ကြည့်ပြီး ရိုက်နှက်၊ ဆဲဆိုတာတွေ လုပ်တယ်။”
ဒီဖြစ်စဉ်မှာ ကျောင်းရဲ့ စီမံအုပ်ချုပ်ရေးအဖွဲ့နဲ့ ဌာနမှူးတွေကိုယ်တိုင်က စစ်တပ်ကို စာပို့ တိုင်ကြားခဲ့တယ်လို့လည်း ဆိုပါတယ်။
အာဏာသိမ်းမှု သုံးနှစ်ပြည့် အသံတိတ်သပိတ်မှာ ပါဝင်ဖို့ ဘာသာရပ်အလိုက် ကျောင်းသားအချင်းချင်း လူမှုကွန်ရက် group chat များမှာ စည်းရုံးကြပြီး အဲဒီ group chat ပေါက်ကြားခဲ့တာ ဖြစ်ပါတယ်။
အဲ့လိုပေါက်ကြားခဲ့တာဟာ စစ်တပ်ရဲ့ သတင်းပေးတွေ ကျောင်းသားတွေအထဲ စိမ့်ဝင်နေတာဖြစ်တယ်လို့ ကိုဟိန်းညီညီက သုံးသပ်ပါတယ်။
“အကြောင်းအမျိုးမျိုးကြောင့် ကျောင်းတက်နေရတဲ့ ကျောင်းသားတွေက စစ်အာဏာရှင်စနစ် ချေမှုန်းရေးကို စိတ်ထဲမှာ ရှိနေသေးတုန်းပဲ။ ဒါကို သူတို့အားပေးထောက်ခံတယ်၊ ဒီလိုမျိုး အဖြစ်ခံပြီး လုပ်တာက ကောင်းတဲ့ လုပ်ရက်ပဲ။ စစ်အာဏာရှင်စနစ်အောက်မှာမှ ကျောင်းသားသမဂ္ဂတွေက ပေါ်ပေါက်လာပြီး ဒီမိုကရေစီအရွှေ့လှုပ်ရှားမှုတွေ ဖြစ်ခဲ့တာပဲလေ။ စစ်ကောင်စီက ဒီလို ကျောင်းသားတွေ ကျောင်းမတက်တဲ့ ကိစ္စကို အသည်းအသန်ဝင်ရောက် နှိပ်စက်တာဟာ သူတို့ရဲ့ အရှုံးကို သူတို့မခံ မရပ်နိုင်ဖြစ်ပြီး လုပ်တဲ့ ပုံစံမျိုးပဲ။” လို့ ကိုဟိန်းညီညီက ပြောပါတယ်။
ကျောင်းသားသမဂ္ဂအများစုက စစ်ကောင်စီလက်အောက်က ပညာရေးကို သပိတ်မှောက်ဖို့ ဆော်ဩထားပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းတက်နေရတဲ့ အင်းစိန် GTI ကျောင်းသားတချို့က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး အသံတိတ်သပိတ်မှာ ပါဝင်ခဲ့ကြတာပါ။
ဒီလို‌ ကျောင်းသားတွေ ကျောင်းရှေ့မှာ ရိုက်နှက်၊ နှိပ်စက်ခံနေရတာကို ကျောင်းအုပ်ချုပ်ရေးအဖွဲ့ အနေနဲ့ ဝင်ရောက်တားမြစ်တာ၊ ဖြန်ဖြေတာမျိုး မရှိဘဲ နှုတ်ဆိတ်နေတယ်လို့လည်း သိရပါတယ်။
#ကျောင်းသား #စစ်တပ် #ရိုက်နှက် #ဖမ်းဆီး #အင်းစိန်GTI

02/02/2024

ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ် နဲ့ မဟာမိတ်များ "နီတဲ့သွေးရက်သတ္တပတ်" လှုပ်ရှားမှုပြုလုပ်

ဖေဖေါ်ဝါရီလ (၂)ရက် ၊ SRW

ရန်ကုန်မြို့မှာ နွေးဦးတော်လှန်ရေး သုံးနှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ "နီးတဲ့သွေးရက်သတ္တပတ်" လှုပ်ရှားမှုကို ဒီနေ့ ဖေဖေါ်ဝါရီလ (၂)ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

ဒီနေ့လှုပ်ရှားမှုကို ဗကသများအဖွဲ့ချုပ် နဲ့ North Dagon Oppressed People's Strike Colition (NDOPSC) တို့ ပူးပေါင်း ပြီးပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလှုပ်ရှားမှုမှာ “စစ်သုံးစစ်ကိုအမြစ်ဖြတ်ဖို့၊ တပ်ပေါင်းစုကိုတည်ဆောက်စို့” ဆိုတဲ့ စာသားပါစတစ်ကာတွေ ဖြန့်ဝေခြင်း နဲ့ ဆေးနီပက်ဖြန်းခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီလှုပ်ရှားမှုကို "နီတဲ့သွေးရက်သတ္တပတ်" လို့ သတ်မှတ်ပြီး ဖေဖေါ်ဝါရီလ (၁)ရက်နေ့ ကနေ (၇)ရက်နေ့အထိ ပြုလုပ်သွားမှာလို့ ဗကသများအဖွဲ့ချုပ် နဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး အထွေထွေသပိတ်ကော်မတီတို့က ကြေငြာထားပါတယ်။

ဗကသများအဖွဲ့ချုပ် ပါဝင်လှုပ်ရှားခဲ့တဲ့ နွေဦးတော်လှန်ရေး သုံးနှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်လှုပ်ရှားမှုများ ဖေဖေါ်ဝါရီ...
01/02/2024

ဗကသများအဖွဲ့ချုပ် ပါဝင်လှုပ်ရှားခဲ့တဲ့ နွေဦးတော်လှန်ရေး သုံးနှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်လှုပ်ရှားမှုများ

ဖေဖေါ်ဝါရီလ (၂) ရက် ၊ SRW

‌နွေဦးတော်လှန်ရေး သုံးနှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဗကသများအဖွဲ့ချုပ်က ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းထဲက အရာတော် ၊ ဘုတလင် စတဲ့မြို့နယ်တွေကအာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။

ရန်ကုန်မြို့က “နီတဲ့သွေး ရက်သတ္တပတ်” လှုပ်ရှားမှုအဖြစ် “စစ်သုံးစစ်ကိုအမြစ်ဖြတ်ကြ" "တပ်ပေါင်းစုကိုတည်ဆောက်ကြ” “၁/၂/၂၁ မမေ့ကြနဲ့” စတဲ့ စာသားတွေအပါအဝင် သွေးစွန်းနေတဲ့ လမ်းမတွေအဖြစ် ဆေးနီများပက်ဖြန်းပြီး သရုပ်ဖော်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုံ့ဆော်စာသားများ ပါဝင်တဲ့ စတစ်ကာများကို ရန်ကုန်မြို့နေရာအနှံ့အပြားမှာ ဖြန့်ဝေခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ၊ ဘုတလင်မြို့ နဲ့ အရာတော်မြို့တွေ မှာလည်း"နီတဲ့သွေး ရက်သတ္တပတ်" လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပြီး “စစ်သုံးစစ်ကိုအမြစ်ဖြတ်ဖို့၊ တပ်ပေါင်းစုကိုတည်ဆောက်စို့” ဆိုတဲ့ ခေါင်းစဉ်နဲ့ သပိတ်ပြုလုပ်ခဲ့ပါတယ်။

ဘုတလင်မြို့နယ်မှာ ဖေဖေါ်ဝါရီလ (၁)ရက်နေ့ကနေ (၇)ရက်နေ့အထိ သပိတ်ပြုလုပ်သွားမယ်လို့ကြေငြာထားပါတယ်။ ပြည်သူတွေကိုလည်း အလံ နဲ့ အသံကို နားစွင့်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင် အရားတော်မြို့နယ်မှာလည်း လှုပ်ရှားမှုကို ပြည်သူလူထုက တခဲနက် ကြိုဆို ပူးပေါင်းခဲ့ကြပြီး သပိတ်ကော်မတီဝင်တွေကလည်း ကျောင်းသားခေါင်းဆောင်တွေက လက်ရှိနိုင်ငံရေးအခြေအနေများ၊ တော်လှန်ရေး အခြေအနေများကို ပြည်သူလူထုအား ရှင်းလင်းတင်ပြခြင်းတွေပြုလုပ်ခဲ့ပါတယ်။

“နွေဦးလူငယ်များ” အဖွဲ့က ရဲဘော်တွေက တော်လှန်တေးသီချင်းတွေနဲ့ ကပြဖျော်ဖြေတင်ဆက်တာတွေပြုလုပ်ခဲ့တယ်လို့ ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

အချိန်မှီ ဆေးကုသခွင့်မရခဲ့လို့ အကျဉ်းကျနေတဲ့ မကွေးတက္ကသိုလ်ကျောင်းသူတဦးသေဆုံးဇန်နဝါရီလ ၂၄၊ SRW စစ်ကောင်စီရဲ့ မကွေးဗဟိုအက...
23/01/2024

အချိန်မှီ ဆေးကုသခွင့်မရခဲ့လို့ အကျဉ်းကျနေတဲ့ မကွေးတက္ကသိုလ်ကျောင်းသူတဦးသေဆုံး

ဇန်နဝါရီလ ၂၄၊ SRW

စစ်ကောင်စီရဲ့ မကွေးဗဟိုအကျဉ်းထောင်ထဲမှာ အကျဉ်းကျနေတဲ့ မကွေးတက္ကသိုလ်က ကျောင်းသူတစ်ဦးဟာ အချိန်မှီဆေးကုသခွင့်မရရှိခဲ့တာကြောင့် ဇန်နဝါရီလ (၂၂) ရက်နေ့မှာ သေဆုံးခဲ့ရပါတယ်။

သေဆုံးသူမှာ အသက်၂၂နှစ်အရွယ် မစုမေအောင် ဆိုသူဖြစ်ပြီး မကွေးတက္ကသိုလ်၊ ဓာတုဗေဒဂုဏ်ထူးတန်းကျောင်းသူတဦးလည်း ဖြစ်ပါတယ်။ မစုမေအောင်ကို စစ်ကောင်စီတပ်က နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်ဥပဒေပုဒ်မ (၅၀) ည နဲ့ ထောင်ဒဏ် (၁၅) နှစ်အထိချမှတ်ခဲ့တာ ဖြစ်ပါတယ်။

မစုမေအောင်ဟာ အရေပြားလေးဖက်နာရောဂါ နဲ့ အဆုတ်ရေလျှံတဲ့ရောဂါတွေကို ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းလောက်ထဲက ခံစားနေရပေမဲ့ ဆေးကုသမပေးသလို၊ လုံးဝကုသခွင့်လည်းမရခဲ့ပါဘူး။ ဒါ့အပြင် မစုမေအောင်ကို အခြားနိုင်ငံရေးအကျဉ်းကျနေသူတွေက ပြုစုပေးတာကြောင့် ထောင်အာဏာပိုင်တွေက နိုင်ကျဉ်းတွေနဲ့အတူမထားတော့ပဲ၊ ပြောင်းရွှေ့တာတွေ ပြုလုပ်ခဲ့တယ်လို့လည်းသိရပါတယ်။

အပြင်ဆေးရုံမှာ ဆေးရုံတက်ခွင့်ကို ၂၀၂၃ ခုနှစ် ဩဂုတ်လ ကတည်းက တောင်းဆိုထားပေမဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ မကွေးဆေးရုံမှာ ကုသခွင့်ရခဲ့တာပါတယ်။ မစုမေအောင်ရဲ့ နာရေးကို သူ့ရဲ့ မိဘ (၂) ပါးနဲ့ ညီမဖြစ်သူ (၃) ဦးတို့သာ လိုက်ပါ ပို့ဆောင်ခွင့်ရခဲ့ပါတယ်။

SRW
ဓာတ်ပုံ - မကွေးဗဟိုအကျဉ်းထောင် (ပုံဟောင်း)

ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ် နဲ့ မဟာမိတ်များ ဆန္ဒပြဇန်နဝါရီလ (၁၉) ၊ SRWရန်ကုန်တွင် ဒီနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့မှာ  “အထွေထွ...
19/01/2024

ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ် နဲ့ မဟာမိတ်များ ဆန္ဒပြ

ဇန်နဝါရီလ (၁၉) ၊ SRW

ရန်ကုန်တွင် ဒီနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့မှာ “အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးဆီသို့ ”၊ “ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိရမယ်” ဆိုတဲ့ စာသားပါဘန်နာတွေကို ကိုင်စွဲပြီး စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီလှုပ်ရှားမှုမှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲချုပ်) နဲ့ General Strike Committee - (GSC) ကော်မတီဝင် အဖွဲအစည်းများ၊ Yangon Revolutionary Force (YRF) နဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရရတကသ) တို့ ပါဝင်ပါတယ်။

ဓာတ်ပုံ - ဗကသများအဖွဲ့ချုပ်

ဗကသများအဖွဲ့ချုပ် နဲ့ အရာတော်မြို့နယ် သပိတ်ကော်မတီတို့ ပေါင်းပြီး ကနီမြို့နယ်မှာ တော်လှန်ရုပ်ရှင်ပြသဇန်နဝါရီ ၁၅ ၊  SRWဗမ...
15/01/2024

ဗကသများအဖွဲ့ချုပ် နဲ့ အရာတော်မြို့နယ် သပိတ်ကော်မတီတို့ ပေါင်းပြီး ကနီမြို့နယ်မှာ တော်လှန်ရုပ်ရှင်ပြသ

ဇန်နဝါရီ ၁၅ ၊ SRW

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသများအဖွဲ့ချုပ်) နဲ့ အရာတော်မြို့နယ် သပိတ်ကော်မတီ တို့ပေါင်းပြီး ကနီမြို့နယ်ထဲက ကျေးရွာသုံးရွာမှာတော်လှန်ရုပ်ရှင်ပြသခြင်း နဲ့ ဟောပြောပွဲတွေကို ဇန်နဝါရီလ ၁၃/၁၄/၁၅ ရက်နေ့ ညပိုင်း တွေမှာ သုံးရက်ဆက် ပြသ ၊ ဟောပြော ခဲ့ကြပါတယ်။

ဓာတ်ပုံ - ဗကသများအဖွဲ့ချုပ်

ဗကသများအဖွဲ့ချုပ် နဲ့ အရာတော်မြို့နယ် သပိတ်ကော်မတီတို့ပူးပေါင်ပြီး  ကနီမြို့နယ်မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှ...
14/01/2024

ဗကသများအဖွဲ့ချုပ် နဲ့ အရာတော်မြို့နယ် သပိတ်ကော်မတီတို့ပူးပေါင်ပြီး ကနီမြို့နယ်မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်
……..

ဇန်နဝါရီ ၁၄ ၊ SRW

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသများအဖွဲ့ချုပ်) နဲ့ အရာတော်မြို့နယ် သပိတ်ကော်မတီ တို့ပေါင်းပြီး ကနီမြို့နယ်ထဲက ရွာ(၃) ရွာ မှာ ပြည်သူလူထု သပိတ်စစ်ကြောင်းနဲ့အတူ " နှစ်သစ်ကိုလည်းကြို ဖက်စစ်ကိုလည်းဖြို " ပါ ဘန်နာစာသား ကို ကိုင်ဆောင်ပြီး ဇန်နဝါရီလ ၁၂/ ၁၃ /၁၄ သုံးရက်ဆက် သပိတ်မှောက် ဆန္ဒပြခဲ့ကြပါတယ်။

ဓာတ်ပုံ - ဗကသများအဖွဲ့ချုပ်

Student Rights Watch (SRW) အနေဖြင့် ၂၀၂၄ ခုနှစ် ပထမအပတ်အတွင်း သတင်းတင်ဆက်ခြင်း၊ သတင်းဆောင်းပါးဖော်ပြခြင်း အစီအစဉ်များကို...
30/12/2023

Student Rights Watch (SRW) အနေဖြင့် ၂၀၂၄ ခုနှစ် ပထမအပတ်အတွင်း သတင်းတင်ဆက်ခြင်း၊ သတင်းဆောင်းပါးဖော်ပြခြင်း အစီအစဉ်များကို ပြန်လည် စတင်မည်ဖြစ်ကြောင်း လေးစားစွာဖြင့် အသိပေးတင်ပြအပ်ပါသည်။

Editorial Team
Student Rights Watch (SRW)

အရာတော်မြို့နယ် အရှေ့ပိုင်းတွင် ဗကသများအဖွဲ့ချုပ်မှ အိုးဝေစာစောင်များ ဖြန့်ဝေ၂၀၂၂ ဇွန် ၁၇၊ SRWဗကသများအဖွဲ့ချုပ်နှင့် ရတက...
17/06/2022

အရာတော်မြို့နယ် အရှေ့ပိုင်းတွင် ဗကသများအဖွဲ့ချုပ်မှ အိုးဝေစာစောင်များ ဖြန့်ဝေ

၂၀၂၂ ဇွန် ၁၇၊ SRW

ဗကသများအဖွဲ့ချုပ်နှင့် ရတကသ တို့မှ ပူးပေါင်းထုတ်ဝေသည့် အိုးဝေစာစောင် အတွဲ ၂၊ အမှတ် ၄ ကို အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ အရာတော်မြို့နယ်အရှေ့ပိုင်းဒေသရှိ ပြည်သူလူထုများ၊ တော်လှန်ရေးရဲဘော်များထံသို့ ဇွန်လ ၁၅ ရက်နေ့တွင် ဖြန့်ဝေခဲ့ပါသည်။

SRW
Photo - abfsu

ဆားလင်းကြီး ဗကသမှ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်၂၀၂၂ ဇွန် ၁၇၊ SRWရန်သူ့ထိုးစစ်‌များကြောင့် နယ်မြေမငြိမ်...
17/06/2022

ဆားလင်းကြီး ဗကသမှ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၂ ဇွန် ၁၇၊ SRW

ရန်သူ့ထိုးစစ်‌များကြောင့် နယ်မြေမငြိမ်သက်မှုများကြားမှ ဇွန်လ ၁၇ ရက်နေ့တွင် ဆားလင်းကြီးမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က “စစ်ကျွန်ဘဝက လွတ်မြောက်ဖို့ တစ်တိုင်းပြည်လုံး ထကြွတော်လှန်စို့” စာသားပါဘန်နာအား ကိုင်စွဲ၍ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်တိုက်ဖျက်ရေးလှုပ်ရှားမှုကို ဆားလင်းကြီးမြို့နယ်တွင် ပြုလုပ်ခဲ့ကြပါသည်။

SRW
Photo - abfsu

ယင်းမာပင်တွင် ဗကသများအဖွဲ့ချုပ်မှ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုံ့ဆော်ဘန်နာ ချိတ်ဆွဲ၂၀၂၂ ဇွန် ၁၄၊ SRWယင်းမာပင်မြို့နယ်ကျ...
14/06/2022

ယင်းမာပင်တွင် ဗကသများအဖွဲ့ချုပ်မှ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုံ့ဆော်ဘန်နာ ချိတ်ဆွဲ

၂၀၂၂ ဇွန် ၁၄၊ SRW

ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ဆားလင်းကြီးမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ) တို့မှ ကျူဘားတော်လှန်ရေး ခေါင်းဆောင် ချေဂွေဗားရား မွေးနေ့အထိမ်းအမှတ်အဖြစ် ၎င်း၏မိန့်ခွန်းဖြစ်သော “စာသင်ခန်းတွေဟာ အကျဥ်းထောင်တွေပဲ” ဟူသော စာသားပါဘန်နာအား ယင်းမာပင်မြို့အတွင်းရှိ စာသင်ကျောင်းတကျောင်းတွင် ယနေ့ ဇွန်လ ၁၄ ရက်နေ့၌ ချိတ်ဆွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ကြသည်။

SRW
Photo - abfsu

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်မှ ဒီမိုကရေစီပညာရေး အသိပညာပေးစာစောင်များ ဖြန့်ဝေ၂၀၂၂ ဇွန် ၁၄၊ SRWမရမ်းကုန်းမြို့နယ်ကျောင်းသ...
14/06/2022

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်မှ ဒီမိုကရေစီပညာရေး အသိပညာပေးစာစောင်များ ဖြန့်ဝေ

၂၀၂၂ ဇွန် ၁၄၊ SRW

မရမ်းကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဇွန်လ ၁၄ ရက်နေ့တွင် စစ်ကျွန်ပညာရေးအား ဆန့်ကျင်ကြရန်၊ ဒီမိုကရေစီပညာ‌ရေးအား တည်ဆောက်ကြရန် လှုံ့ဆော်သည့်အနေဖြင့် ဒီမိုကရေစီပညာရေး အသိပညာပေးစာစောင်များအား ရန်ကုန်မြို့ ပြည်သူလူထုသို့ ဖြန့်ဝေခဲ့ပါသည်။

SRW
ဓာတ်ပုံ - ဗကသများအဖွဲ့ချုပ်

ယင်းမာပင်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်အဖွဲ့အစည်းများပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်၂၀၂၂...
13/06/2022

ယင်းမာပင်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်အဖွဲ့အစည်းများပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

၂၀၂၂ ဇွန် ၁၃၊ SRW

ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ဆားလင်းကြီးမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ) နှင့် ဒေသခံလူထုများ ပူးပေါင်း၍ ရဲဘော်ချေဂွေဗားရား၏ ၉၄ နှစ်ပြည့် မွေးနေ့အကြိုအဖြစ် “သပိတ်စုံ သူပုန်ထ” စာသားပါဘန်နာအား ကိုင်စွဲ၍ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေး လှုပ်ရှားမှု တရပ်ကို ယနေ့ ဇွန်လ ၁၃ ရက်နေ့တွင် ယင်းမာပင်မြို့နယ်၌ ပြုလုပ်ခဲ့ပါသည်။

SRW
ဓာတ်ပုံ - ဗကသများအဖွဲ့ချုပ်

အဖိနှိပ်ခံ Food Panda Rider များနှင့်အတူ ရပ်တည်ကာ ဗကသများအဖွဲ့ချုပ် မှ လက်ကမ်းစာစောင်များ ဖြန့်ဝေ၂၀၂၂ ဇွန် ၁၃၊ SRWတောင်ဥ...
13/06/2022

အဖိနှိပ်ခံ Food Panda Rider များနှင့်အတူ ရပ်တည်ကာ ဗကသများအဖွဲ့ချုပ် မှ လက်ကမ်းစာစောင်များ ဖြန့်ဝေ

၂၀၂၂ ဇွန် ၁၃၊ SRW

တောင်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) က ဦးဆောင်၍ Rider များအပေါ် ခေါင်းပုံဖြတ် ဂုတ်သွေးစုပ်နေသော Food Panda ကုမ္ပဏီအား သပိတ်မှောက်ကြရန် လှုံ့ဆော်သည့် လက်ကမ်းစာစောင်များအား ပြည်သူလူထုထံသို့ဖြန့်ဝေသည့် လှုပ်ရှားမှုတရပ်ကို ဇွန်လ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့တွင်း၌ ပြုလုပ်ခဲ့ပါသည်။

#ဖိနှိပ်ခံတို့ညီညွတ်ကြ_စစ်သုံးစစ်ကိုတိုက်ဖျက်ကြ

SRW
ဓာတ်ပုံ - ဗကသများအဖွဲ့ချုပ်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Student Rights Watch posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Nearby media companies