Than Htike

Than Htike don't back

13/03/2021
13/03/2021

28/02/2021
01/02/2021

"အမေရိကန် သမ္မတ အိမ်ဖြူတော် ပြောခွင့်ရ Jen Psaki ရဲ့ မြန်မာ့အရေး သဘောထား ကြေညာ ချက်"

မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများကို နှောင့်နှေးသွားစေမည့် အခြေအနေကို ဦးတည်စေသော တပ်မတော်၏လုပ်ရပ်များနှင့် ပတ်သက်၍ သတင်းများ အပေါ် အမေရိကန် ပြည်ထောင်စုမှ စိုးရိမ်မကင်း ဖြစ်မိပါသည်။ သတင်းများအရ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်ဘက် အရာရှိများအားလည်း ဖမ်းဆီးထားကြောင်း သိရပါသည်။

ဤအခြေအနေနှင့် ပတ်သက်၍သမ္မတ Joe Biden အား အမျိုးသား လုံခြုံရေး အကြံပေး Jake Sullivan က အသိပေး အကြောင်းကြားထားပြီး ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ နည်းလမ်းကျ အုပ်ချုပ်ရေး လုပ်ငန်း အဖွဲ့အစည်းများကို ဒေသတွင်းရှိ မိတ်ဖက်နိုင်ငံများနှင့် အတူ ပူးပေါင်း၍ အမေရိကန် ပြည်ထောင်စုမှ ခိုင်မာစွာ ဆက်လက် အားပေး ထောက်ခံသွားမည် ဖြစ်ကြောင်း ထပ်လောင်း အတည်ပြုပါသည်။

တပ်မတော် အပါအ၀င် အခြားအဖွဲ့အစည်းများ အားလုံး အနေဖြင့် ဒီမိုကရေစီ စံနှုန်းများနှင့် ဥပဒေ စိုးမိုးရေးကို အလေးအနက်ထား လိုက်နာပြီး ယနေ့ ဖမ်းဆီးထားသည့် ပုဂ္ဂိုလ်များအား အမြန်ဆုံး လွှတ်ပေးရန် တောင်းဆိုပါသည်။ အမေရိကန် ပြည်ထောင်စု အနေနှင့် မြန်မာနိုင်ငံတွင် မကြာသေးခင်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲမှ ရလဒ်များကို တစုံတရာ ပြောင်းလဲရန် ကြိုးပမ်းခြင်း၊ မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းရေးကို ချိုးဖျက်ရန် ကြိုးပမ်းခြင်း စသည့် ကိစ္စမှန်သမျှကို ဆန့်ကျင်ပါသည်။

ဤသို့ ဆောင်ရွက်သည့် တာ၀န်ရှိသူများ အပေါ်တွင်လည်း အရေးယူ ဆောင်ရွက်သွားမည် ဖြစ်သည်။

အမေရိကန် ပြည်ထောင်စု အနေနှင့် မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေများကို အနီးကပ် စောင့်ကြည့်သွားမည် ဖြစ်ပြီး ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ရရှိရန် ကြိုးပမ်းဆောင်ရွက်နေခဲ့ရသည့် မြန်မာ ပြည်သူများနှင့် အတူ ထပ်တူ ရပ်တည်သွားမည် ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

VOA NEWS

01/02/2021

DVB တပ်မတော်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ဖမ်းဆီးထိန်း...

21/01/2021

တွံတေးသိန်းတန် - လေးနွယ်

အဲ့လိုပုံလေးတွေမြင်ရရင်ကိုယ့်ရပ်ကိုယ့်ရွာကိုအရမ်းလွမ်းတယ်😌   credit
21/01/2021

အဲ့လိုပုံလေးတွေမြင်ရရင်
ကိုယ့်ရပ်ကိုယ့်ရွာကိုအရမ်းလွမ်းတယ်😌
credit

12/01/2021

ဆရာဦးဘုန်းစာပေဟောပြောပွဲ
အရမ်းနားထောင်လို့ကောင်းပါတယ်
ယူတက်ရင်ပညာတွေရတာပေ့့ါ

နှစ်သစ်ဆုတောင်း     ဘာလိုလိုနဲ့2021တောင်ရောက်လာပြီနော်၊2020တော့ကုန်သွားပြီကိုယ့်ကိုကိုယ်ဘာတွေတိုးတက်သွားပြီလည်း၊မိတ်ဆွေအ...
31/12/2020

နှစ်သစ်ဆုတောင်း
ဘာလိုလိုနဲ့2021တောင်ရောက်လာပြီနော်၊2020တော့ကုန်သွားပြီကိုယ့်ကိုကိုယ်ဘာတွေတိုးတက်သွားပြီလည်း၊မိတ်ဆွေအပေါင်းသင်းတွေဘယ်လောက်များလာလည်း၊ပညာတွေဘယ်လောက်လေ့လာဆည်းပူးနိုင်လိုက်လည်း ကိုယ့်ကိုကိုယ်ပြန်မေးမကြည့်သင့်ဘူးလား?၊ပြန်မေးကြည့်လိုက်ပါ ငါဘယ်လောက်တိုးတက်သွားပြီလည်း နောက်ပြီး 2020မှာငါချမှတ်ထားတဲ့ plans တွေ ငါသက်မှတ်ထားတဲ့ target တွေပြည့်ဆုံအောင်လုပ်နိုင်ခဲ့လား ပြန်မေးသင့်တယ်လို့ထင်ပါတယ်။
# # # 2021 # # #
၁။ မိမိလိုချင်တဲ့ပန်းတိုင်ကိုနှစ်သက်မှာကတည်းကရအောင်ရှာရမယ်။
၂။ တစ်နှစ်အတွင်းမှာမိတ်ဆွေဘယ်လောက်ရှာနိုင်လည်းဆိုတာသက်မှတ်ထားရမယ်။

#အနေသာလို့အသာနေရင် အသေနာတက်တယ်။

#နေသလိုမဖြစ်တဲ့ဘဝမှာဖြစ်သလိုနေခဲ့ရင် နေသလိုပဲဖြစ်မှာပေါ့။

#လောကလူ့ရွာပျင်းသူမှာ၊ပညာဘယ်မှာရအံ့နည်း။ပညာမဲ့ကလူ့အောက်ကျ၊ဥစ္စာဘယ်မှာရအံ့နည်း။

29.12.2020
29/12/2020

29.12.2020

21.12.2020
21/12/2020

21.12.2020

19/12/2020
25/11/2020

တွံတေးသိန်းတန်
ထွေးညို

ကျွန်တော် အလုပ်မနားရဲဘူးဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့မှာစုထားတဲ့ငွေမရှိလို့ပဲကျွန်တော်ပင်ပန်းတယ်လို့ မပြောရဲဘူးဘာဖြစ်လို...
12/11/2020

ကျွန်တော် အလုပ်မနားရဲဘူး
ဘာဖြစ်လို့လဲဆိုတော့
ကျွန်တော့မှာစုထားတဲ့ငွေမရှိလို့ပဲ

ကျွန်တော်ပင်ပန်းတယ်လို့ မပြောရဲဘူး
ဘာဖြစ်လို့လဲဆိုတော့
ကျွန်တော် လုပ်လက်စ
အလုပ်တွေမပြီးသေးလို့ပဲ

ကျွန်တော်အပျင်းမကြီးရဲဘူး

ဘကြောင့်လဲဆိုတော့
ကျွန်တော် ထက်သာတဲ့သူတွေတောင်
ကျိုးစား နေကြဆဲမို့ပါ

ကျွန်တော်မှာ ရွေးစရာလမ်းတွေ
အများကြီး
ဒါပေမဲ့ ရွေးပြီး သားလမ်းကိုတော့
ဘယ်တော့မှ မပစ်ဘူး

ဘယ်သူဘယ်လောက်ပဲ
ကျွန်တော်ကိုမကောင်းဘူးပြောပြော
အချိန်တန်တော့သူ့ ဖာသာသူ
နားလည်သွားပါလိမ့်မယ်

စိတ်ထဲမှာ လာထည့်ထား
နေစရာမလို ပါဘူး
ကိုယ်ဘယ်သူ့အပေါ်မှာမှ
အကြွေးမတင်ရင်တော်ပါ ပြီ
…………………..
စိတ်အေးအေး ထားတက်အောင်ကြိုးစားပါ
လူ့ဘဝဆိုတာ အတက်ရှိသလို
အဆင်းလဲရှိ တတ်ပါတယ်

သူများတွေကို လိုက်ပြီး
ကဲ့ရဲ့နစေရာလဲ မလိုပါဘူး
ဘဝကပေးတဲ့သင်္ခန်းစာ တွေကို
ကြေညှက်လေလေ
ကိုယ်က ကံကောင်းလေလေပါပဲ
…………………
လူ့လောကကြီးမှာ ဘယ်အလုပ်မှ
မပင်ပန်းဘူးဆိုတာ မရှိပါဘူး
မရှုပ်ထွေးတဲ့ မိသားစု
အသိုင်းဝိုင်း ဆိုတာလဲ မရှိပါဘူး

ကျွန်တော်ရွေးချယ်တဲ့လမ်းကတော့
လုံးလ ဝိရိယ ဇွဲ ဆိုတဲ့ လမ်းကိုပါပဲ
ကျွန်တော်ဘယ်သူကိုမှ
မနာလိုမဖြစ်ပါဘူး

ဒီအခြေအနေထိရောက်ဖို့
ဘယ်လောက်ထိ နေ့မနားညမနားလုပ်ခဲ့လဲ ဆိုတာပဲ မေးကြည့် လိုက်ပါ

လူတိုင်း လူတိုင်း လည်း
လွတ်လပ် မှု့ကိုလိုချင်ကြ မှာပါပဲ

အလုပ်မလုပ်ပဲ အိမ်မှာထိုင်စားနေတဲ့သူ ကို တောင်မေးကြည့် လိုက်ပါ
သူတို့လည်း သူတို့အပူနဲသူတို့ပါ
ပစ္စည်းဥစ္စာ ကိုယ်ပိုင် လုပ်ငန်းနဲ့
ကိုယ်ရဲ့ ခန္ဓာကိုယ် ဘယ်အရာမဆို
တန်ဖိုးရှိအောင်သုံးပါ

ဒါကြောင့်ဘယ်သူ့ကိုမှ
မနာလိုစရာအကြောင်းမရှိဘူး
……………………
လူဘဝက တိုတိုလေးပါ
ဘာမှပြိုင်စရာမရှိပါဘူး

ကိုယ်ဘယ်လောက်
ကုသိုလ်တွေလုပ်ပြီးပြီလဲ
ဆိုတာပြန်ဆန်းစစ်ကြည့် လိုက်ပါ
READ သင့် ကိုသင်ပြောင်းလဲလိုက်ပါ။

လူတိုင်းလိုင်းဟာ သူလိုကိုယ့်လိုပဲ
ဒါကြောင့် တယောက်နဲ့တယောက်
သဘောထားကြီးကြီးထားပါ
မောင်နှမလိုဆက်ဆံပါ
အားပေးအပြုံးလေးတွေပေးပါ

ဒီလို ဆိုရင်တော့ လောကကြီးက
ပျော်စရာကြီးပါ
………………………..
ဖေးဘုတ်ကိုစာသင်ခန်းအဖြစ်ပြောင်းလဲကြစို့
Change your brain ,Change your life.

မူရင်း-မင်္ဂလာပါ သူဌေးမင်းကြီး
MMCities

လူတွေလေးစားရတဲ့သူတစ်ယောက်ဖြစ်ဖို့စာများများဖတ်ဖို့လိုအပ်တယ်။ စာဖတ်ထားတဲ့သူ‌တစ်ယောက်ဟာကြုံလာရတဲ့ဒုက္ခတွေကိုခေါင်းအေးအေးနဲ...
08/11/2020

လူတွေလေးစားရတဲ့သူတစ်ယောက်ဖြစ်ဖို့စာများများဖတ်ဖို့လိုအပ်တယ်။ စာဖတ်ထားတဲ့သူ‌တစ်ယောက်ဟာကြုံလာရတဲ့ဒုက္ခတွေကိုခေါင်းအေးအေးနဲ့ဖြေရှင်းနိုင်တယ်။ဗိုလ်ချုပ်အောင်ဆန်းဟာစာအရမ်းဖတ်တယ်၊အဲ့လိုစာအရမ်းဖတ်လို့လည်းလူတွေကိုဦးဆောင်နိုင်တာပေါ့။အခုချိန်မှာသင်ဟာ ငါကတော့တောမှာနေပြီးနွားကျောင်းနေရတာ အလုပ်ကြမ်းတွေပဲလုပ်နေရတာ "နိုင်ငံခြားကလူတွေကကွန်ပျူတာနဲ့စာဖတ်ကြတာ၊ကွန်ပျူတာပေါ်ကနေလေ့လာ‌ေနကြတာငါဘယ်လိုယှဉ်နိုင်မှာလည်း" လို့များစိတ်ဓာတ်မကျလိုက်ပါနဲ့ ၊သူတို့လေ့လာနေတဲ့အသိပညာ၊ဗဟုသုတတွေကိုစာအုပ်တွေထဲမှာလည်းလေ့လာရင်သူတို့ကိုသင်မီှနိုင်ပါတယ်။အဓိကကသင်စာဖတ်ချင်စိတ်ရှိဖို့၊ငါစာဖတ်တာဘာကြောင့်ဖတ်တာလည်းဆိုတာသိဖို့လိုပါတယ်။စာအုပ်တစ်အုပ်၊နှစ်အုပ်ဖတ်ရုံနဲ့တော့ပညာရှိသူတစ်ဦးဖြစ်မလာနိုင်ပါဘူး။


Sharing

05/11/2020
😍😍😍
31/10/2020

😍😍😍

31/10/2020
ဖြေကြည့်ခဲ့🤔🤔🤔
30/10/2020

ဖြေကြည့်ခဲ့🤔🤔🤔

ဘဝကိုရဲရဲရင့်ရင့်နောင်တကင်းစွာကျော်ဖြတ်နည်း(၁) စာဖတ်ပါ နေ့တိုင်း အနည်းအကျဉ်းဖြစ်ဖြစ်ဖတ်ပါ။(၂) အတတ်ပညာတခုရှိပါစေ မတတ်သေးလ...
27/10/2020

ဘဝကိုရဲရဲရင့်ရင့်နောင်တကင်းစွာကျော်ဖြတ်နည်း

(၁) စာဖတ်ပါ နေ့တိုင်း အနည်းအကျဉ်းဖြစ်ဖြစ်ဖတ်ပါ။

(၂) အတတ်ပညာတခုရှိပါစေ မတတ်သေးလျှင် သင်ပါ အမြဲတမ်းအချိန်မီပါသည်။

(၃) ဘဝရဲ့ရည်မှန်းချက်နဲ့ ကိုက်ညီတဲ့ အရာကို
စိတ်ညစ်သည့်အချိန်ဖြစ်စေ ပျော်သည့်အချိန်ဖြစ်စေ
လုပ်ဆောင်ရန်မမေ့ပါနှင့်။

(၄) စိတ်ညစ်စရာဖြစ်စေ ပျော်စရာဖြစ်စေ သင်ဆန္ဒရှိလျှင်တောင်မှ အကြာကြီး မဖြစ်ပါ
ဒါကြောင့် အကြာကြီးစိတ်မထိခိုက်ပါနှင့်။

(၅) ရအောင်ကြိုးစားနေချင်းက အဓ ိကဖြစ်ပြီး ရလာ
ခြင်းကကြိုးစားနေရခြင်းလောက် ပျော်စရာမကောင်းသည်ကို သတိပြုပါ။

(၆)ကျန်းမာရေးနှင့်မည်သည့်အရာကိုမှအလဲအလှယ်မလုပ်ပါနဲ့ ။မကျန်းမာသည့်အခါ ပစ္စည်းဥစ္စာပြည့်စုံနေလျှင်တောင်မှ မိတ်ဆွေရှားပါးတတ်လို့ပါ။တရားရှာလို့မရပါ။
တစ်ယောက်တည်း အထီးကျန်တတ်လို့ပါ။

(၇) ခရီးများများသွားပါ လူတိုင်းနဲ့အတွေ့အကြုံဖလှယ်ပါ။

(၈) အသက်ကြီးလျှင်နေချင်သော ဖြစ်ချင်သော ပုံစံကို ယ္ခု ကပင် နည်းနည်းချင်းစီတည်ဆောက်ပါ။

(၉)သဘာဝ တရားကို ချစ်မြတ်နိုးသူ စောင့်ရှောက်နိုင်သူ လက်ခံတတ်သူ ဖြစ်ပါစေ။

(၁၀) အဓိကနဲ့သာမည ကို နေ့စဉ်ဘဝမှာခွဲခြားနေထိုင်တတ်ပါစေ။

ခွန်အားဖြစ်စေသောစာသားများ
24/10/2020

ခွန်အားဖြစ်စေသောစာသားများ

24/10/2020

တန်းဖိုးရှိသောစကားများ

21/10/2020

Sayar U Mya Kyaing

သိသင့်သောစာသားများ
15/10/2020

သိသင့်သောစာသားများ

30/09/2020

ဆရာညီမင်းညို
စာပေဟောပြောပွဲ
ပထမပိုင်း

30/09/2020

ဆရာညီမင်းညို
စာပေဟောပြောပွဲ
ဒုတိယပိုင်း

အချိန်ရှိခိုက် ဓားသွေးလိုက်................................................... ဂျပန်တွေ ဘာကြောင့်အောင်မြင်သလဲ..?ကျွန်တော...
27/09/2020

အချိန်ရှိခိုက် ဓားသွေးလိုက်...................................................
ဂျပန်တွေ ဘာကြောင့်အောင်မြင်သလဲ..?
ကျွန်တော်တို့လူငယ်တွေ ဂျပန်တွေဆီက ဘာတွေအတုယူပြီး ပြန်ကြမလဲ...?

ကျွန်တော် ကျောင်းသားဘဝတုန်းက စားသောက်ဆိုင်တစ်ဆိုင်ရဲ့ မီးဖိုချောင်(kitchen)ထဲမှာ အချိန်ပိုင်းအလုပ်လုပ်ခဲ့ပါတယ်။

အဲ့ဒီဖိုထဲမှာ "ခိုဘာရရှိ"လို့ခေါ်တဲ့ ဖိုခေါင်း(chef) တစ်ယောက်ရှိပါတယ်။

အလုပ်အားပြီဆိုရင် ကျွန်တော်ကဖုန်းထုတ် ဖေ့ဘုတ်ကြည့်ပေါ့။

"ခိုဘရရှိ"ဖိုခေါင်းကတော့ အားတာနဲ့ဓါးတွေထုတ် ဓါးတွေသွေးတာပါပဲ။
သွေးပါများလို့ ဓါးတွေတောင်ပါးသွား တိုသွားပြီးလို့ ထင်ရပါတယ်။

ကျွန်တော်လည်း မနေနိုင်လို့ မေးမိပါတယ် "ခိုဘရရှိစန်" မင်းအားရင် အားအားမနေဘူး ဘာလို့ဓါးတွေပဲ ထိုင်သွေးနေရတာလဲပေါ့..?

အဲ့ဒါနဲ့ "ခိုဘရရှိ"ဖိုခေါင်းက ဘာပြန်ပြောသလဲဆိုတော့....
"သူဟာ လခယူပြီးအလုပ်လုပ်နေတဲ့ အလုပ်သမားတစ်ယောက်ဖြစ်တဲ့အတွက် သူ့အလုပ်ကိုသူတန်ဖိုးထားကြောင်း....
စားဖိုမှူးအလုပ်ကိုလုပ်နေတဲ့အတွက် စားဖိုမှူးရဲ့လက်နက်ဖြစ်တဲ့ ဓါးကို အမြဲတမ်း သုံးဖို့အဆင်သင့်ဖြစ်အောင်သွေးနေတာဖြစ်ကြောင်း....." ပြောပြပါတယ်

နောက်ပိုင်းတော့ ကျွန်တော်လည်း အလုပ်မရှိလို့ အားရင် ဓါးလေးထုတ် ဓါးလေးသွေးပေါ့ ....

ဒီလိုနဲ့ပဲ ကျောင်းပြီးတော့ ကုမ္ပဏီမှာအလုပ်ဝင်.....
အလုပ်ထဲရောက်တော့လည်း ဂျပန်တွေ
အလုပ်လုပ်ချိန်မစခင် မိနစ်၃၀ဆို အားလုံး ရုံးကိုရောက်နေကြပြီ။

ကိုယ်ကတော့ ၉နာရီဆို ၉နာရီအတိမှ ရုံးကိုရောက်တယ်။
ကျွန်တော်လည်း မနေနိုင်လို့ မေးကြည့်ပါတယ် မင်းတို့ဘာလို့ အလုပ်ကိုစောစောလာကြတာလဲပေါ့..?

အလုပ်ကဂျပန်တွေက ဒီလိုပြန်ဖြေပါတယ်....
"အလုပ်ချိန်က၉နာရီကစမှာဆိုတော့ ၉နာရီမတိုင်မှီမှာ ကွန်ပျုတာဖွင့် လိုအပ်တဲ့စာရွက်စာတမ်းတွေပြင်ဆင် တနေ့တာလုပ်စရာရှိတဲ့ အစီအစဉ်တွေကိုရေးချထားတော့ ၉နာရီဒေါင်ကနဲ့ထိုးတာနဲ့ အလုပ်စလုပ်လို့ရပြီပေါ့တဲ့...."

ကျွန်တော်သဘောပေါက်လိုက်ပါပြီ ကုမ္ပဏီကဂျပန်တွေလည်း "ခိုဘရရှိ"ဖိုခေါင်းလိုပဲ အလုပ်ကိုတန်ဖိုးထားလို့ မိနစ်၃၀ စောလာကြတယ်ဆိုတာ...

ပြီးတော့ ဂျပန်ကုမ္ပဏီတွေဟာ....
ဘယ်ရာထူးဆိုရင် ဘာ certificate ရှိရမယ်ဆိုတာ သတ်မှတ်ထားလေ့ရှိပါတယ်။

အဲ့ဒါကြောင့် ဂျပန်တွေဟာ အချိန်ရှိတိုင်း သူတို့ရဲ့ နည်းပညာတွေကို တိုးတက်အောင်လေ့လာ certificate တွေ ယူကြပါတယ်။

အလုပ်လုပ်နေရင်း certificate ယူဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။
စာကျက်ချိန်ရှိဖို့လိုအပ်ပါတယ်။
ကျွန်တော့မှာ စာကျက်ချိန်မရှိတော့...
ကျွန်တော်မေးကြည့်ပါတယ် မင်းတို့တွေ ဘယ်အချိန်မှာစာကျက်ကြသလဲပေါ့...?

ဂျပန်တွေက ဘာပြန်ပြောလဲဆိုတော့......
" ရုံးသွားရုံးပြန် ရထားထဲမှာစာကျက်ကြပါတယ်တဲ့....."

ကျွန်တော်သိလိုက်ပါပီ.....
ဂျပန်တွေဘာကြောင့် အောင်မြင်သလဲဆိုတာ.....

ကျွန်တော်တို့တွေလည်း ကိုယ့်အလုပ်ကို ကိုယ်တန်ဖိုးထားပြီး...
အချိန်ရှိခိုက် ဓါးသွေးလိုက်ကြပါစို့။

Credit : အကီ アキ

သင်ဟာတခြားသူတွေထက်ခေါင်းတစ်လုံးသာချင်တယ်ဆိုရင်စာဖတ်ပါ။ဘဝရည်မှန်းချက်ပန်းတိုင်ကိုတိတိကျကျသတ်မှတ်ချင်တယ်ဆိုရင်စာဖတ်ပါ။အလေ့...
25/09/2020

သင်ဟာတခြားသူတွေထက်ခေါင်းတစ်လုံးသာချင်တယ်ဆိုရင်စာဖတ်ပါ။ဘဝရည်မှန်းချက်ပန်းတိုင်ကိုတိတိကျကျသတ်မှတ်ချင်တယ်ဆိုရင်စာဖတ်ပါ။အလေ့အကျင့်ဖြစ်သွားရင်စာဖတ်ရခြင်းကဘယ်‌ေလာက်အကျိုးကျေးဇူးများတယ်ဆိုတာကိုသင်နားလည်လာပါလိမ့်မယ်။စာတစ်အုပ်၊နှစ်အုပ်ဖတ်ရုံဖြင့်ဘယ်တော့မှစာဖတ်ကျွမ်းကျင်သူတစ်ဦးဖြစ်မလာနိုင်။
#

ဘဝနာတော့အသိသာတယ်****************************        သင်ဘဝဟာခက်ခဲကြမ်းတမ်းခဲ့တယ်ဆိုရင်တခြားသူတွေထက်အသိသာရမယ်။ဘဝရည်မှန်းချ...
25/09/2020

ဘဝနာတော့အသိသာတယ်
**************************** သင်ဘဝဟာခက်ခဲကြမ်းတမ်းခဲ့တယ်ဆိုရင်တခြားသူတွေထက်အသိသာရမယ်။ဘဝရည်မှန်းချက်တွေထားပြီးပန်းတိုင်ကိုအရောက်သွားသင့်တယ်။သင်ဘယ်လောက်ကြိုးစားခဲ့ရတယ်ဆိုတာ၊ကျရှုံးခဲ့ရလည်းဆိုတာဘယ်သူမှစိတ်ဝင်စားကြမှာမဟုတ်ဘူး။သူတို့စိတ်ဝင်စားတာကသင့်ရဲ့လစာကိုပါ။

သင့်ကိုပစ်ပယ်ထားလို့မရတဲ့အထိကြိုးစားပြလိုက်ပါ။  # သူငယ်ချင်း  #
24/09/2020

သင့်ကိုပစ်ပယ်ထားလို့မရတဲ့အထိကြိုးစားပြလိုက်ပါ။
# သူငယ်ချင်း #

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Than Htike posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share