Maung Minn Gyi Thar

 #2024ထွက်အိန္ဒိယကားသစ်တမီလ်နာဒူပြည်နယ်မှာ အရက်ကိုတားမြစ်ထားပေမဲ့၁၉၇၁စီးပွားရေးပျက်ကပ်ကြောင့်အရက်ဆိုင်တွေ ပြန်ဖွင့်ခွင့်...
21/09/2024

#2024ထွက်အိန္ဒိယကားသစ်
တမီလ်နာဒူပြည်နယ်မှာ အရက်ကိုတားမြစ်ထားပေမဲ့
၁၉၇၁စီးပွားရေးပျက်ကပ်ကြောင့်
အရက်ဆိုင်တွေ ပြန်ဖွင့်ခွင့်ပေးခဲ့ပါတယ်။
၁၉၈၃ခုနစ်မှာ အဖွဲ့အစည်းတစ်ခုဖွဲ့ပြီး အစိုးရကနေ လူတစ်ဦးချင်းစီအတွက်
အရက်ဆိုင်လိုင်စင်တွေကို လေလံတင်ရောင်းချပေးခဲ့တယ်။
နိုင်ငံရေးသမားတွေနဲ့ ဩဇာညောင်းတဲ့လူတွေက လေလံတွေကို လက်ဝါးကြီးအုပ်ပြီး
အရက်ဆိုင်တွေကို ထိန်းချုပ်ထားခဲ့ကြတယ်။ပါဗသီဘားဆိုတဲ့ အရက်ဆိုင်ကိုတော့ ဂူနာတစ်ယောက်တည်းကပဲ ခုနစ်နှစ်တိုင်အောင်
လေလံအောင်ပြီး ထိန်းချုပ်ထားနိုင်ခဲ့ပေမဲ့ ဒါကိုမနာလိုတဲ့ သန်ဂါဒူရိုင်တို့ တူကြီးနှစ်ယောက်က
ပါဗသီဘားကို သူတို့အပိုင်ဖြစ်ဖို့ကြိုးစားကြပါတယ်။ဒီမှာပဲ ရန်ပွဲတွေဖြစ်ကြတဲ့အချိန် ဂူနာ့အသက်ကို မိဘမဲ့ကလေးငယ်တစ်ဦးဖြစ်တဲ့ ဆာလာက
ဝင်ကယ်ရာကစ ဆာလာ့ကို ဂူနာက ညီငယ်သဖွယ် ကျွေးမွေးစောင့်ရှောက်ထားခဲ့တယ်။
ဒီကနေစလိုက်တဲ့ရန်ငြိုးက ဆာလာအရွယ်ရောက်လာချိန်ထိ တမြေ့မြေ့တောက်လောင်လာခဲ့ချိန်မှာတော့။

ကြည့်ရန်👇👇👇

https://www.facebook.com/share/3B6qh7TBEkjQCjLP/?mibextid=oFDknk

 #2024အသစ်ထွက်ဇာတ်ကားကောင်းတခုကြည့်ရအာင်လူဆိုတာ တစ်ချိန်မှာ ကျောက်တုံးလို မာကျောလာနိုင်တယ်...အမှန်တရားက တူတစ်ချောင်းလိုပ...
21/09/2024

#2024အသစ်ထွက်ဇာတ်ကားကောင်းတခုကြည့်ရအာင်
လူဆိုတာ တစ်ချိန်မှာ ကျောက်တုံးလို မာကျောလာနိုင်တယ်...
အမှန်တရားက တူတစ်ချောင်းလိုပဲ...
ကျောက်တုံးကိုတောင် ချေမွနိုင်တဲ့ တူတစ်ချောင်းပေါ့...

ဒါပေမယ့် အမှန်တရားဆိုတဲ့ တူ ကို ကျောက်တုံးတွေအများကြီးက ဖုံးအုပ်လိုက်ရင်တော့...
ကျောက်တုံးတစ်တုံးက စတေးပြီး တူတစ်ချောင်းရဲ့ အင်အားကို ပြန်ဖော်ထုတ်ဖို့ လိုအပ်သွားပြီပေါ့...
ဟုတ်ပါတယ်... ဒီဇာတ်ကားလေးက မိန်းကလေးကျောင်းမှာ
ဖြစ်ပျက်တဲ့ ကျောင်းသားချင်း အနိုင်ကျင့်မှုအကြောင်းကို အခြေခံ ရိုက်ကူးထားတာပါ...

ဒီမိန်းကလေးကျောင်းရဲ့ ထူးခြားချက်ကတော့ သာမန်ကလေးတွေသာမကဘဲ
အထူးဂရုစိုက်ဖို့လိုတဲ့ ကလေးတွေပါ တက်တဲ့ကျောင်းလေးပေါ့...
ဒါကြောင့်လည်း အထူးဂရုစိုက်ဖို့ လိုတဲ့
ကလေးတွေ အနိုင်ကျင့်ခံရတဲ့ ကိစ္စဖြစ်ခဲ့တာပေါ့...
ဒါပေမယ့် တကယ် ရဲတွေ လိုက်ခဲ့တာကတော့ ဒီအမှုမဟုတ်ဘဲ..
ကျောင်းသူပျောက်သွားတဲ့ အမှုကိုပါ...
ဘာကြောင့်မှန်းမသိ ကျောင်းသူ ၃ ယောက် ပျောက်သွားတာကို
လူပျောက်တိုင်ရာကနေ အမှုစစ်ဆေးဖို့အထိ ဖြစ်လာခဲ့တာပါ...

တိုက်တိုက်ဆိုင်ဆိုင် မျက်မြင်သက်သေထဲမှာ မွေးရာပါ
စကားမပြောနိုင်တဲ့ကျောင်းသူလေးပါနေခဲ့တယ်...
နောက်ဆုံး ဒီကလေးမလေးပါ ပျောက်သွားခဲ့တာပါ...

ကဲ ရဲတွေ ပျောက်ဆုံးနေတဲ့ ကျောင်းသူတွေကို ပြန်ရှာတွေ့နိုင်မှာလား...
တခြား ဘာအမှုတွေနဲ့ပါ ချိတ်ဆက်နေဦးမှာလဲ...
နောက်ပြီး ဒီကျောင်းကြီးရဲ့ လျို့ဝှက်ချက်ကရော ဘာရှိနေမှာလဲ...

ကြည့်ရန်👇👇👇

https://t.me/dramergood005/259
https://t.me/dramergood005/259

 #တွေ့မြင်နေကျHorrorကားတွေနဲ့မတူဘဲတစ်မူကွဲထွက်နေတဲ့အင်ဒိုနီးရှားဇာတ်ကားဇာတ်ကားနာမည်ကတော့ Sik_sa Ku_bur(Gra_ve Tort_ure) ...
20/09/2024

#တွေ့မြင်နေကျHorrorကားတွေနဲ့မတူဘဲတစ်မူကွဲထွက်နေတဲ့အင်ဒိုနီးရှားဇာတ်ကား

ဇာတ်ကားနာမည်ကတော့ Sik_sa Ku_bur
(Gra_ve Tort_ure) ဖြစ်ပြီး IMDb Rating 7.1 အထိ ထိုက်ထိုက်တန်တန်

ရရှိထားပါတယ်။

အစ္စလာမ်တွေမှာအရင်တုန်းက ဇာတ်ကားနာမည်အတိုင်းအုတ်ဂူ

နှိပ်စက်ခြင်းဆိုတဲ့ အယူအဆတစ်ခုရှိခဲ့ပြီး လက်ရှိယုံကြည်နေတဲ့

ဘာသာဝင်တွေလည်း ရှိပါသေးတယ်။

အုတ်ဂူနှိပ်စက်ခြင်းကဘာလဲလို့ဆိုရင်တော့ အသက်ရှင်စဉ်မှာအပြစ်တွေ

အများကြီးလုပ်ခဲ့တဲ့ အပြစ်သားတစ်ယောက်က သေဆုံးသွားရင်

မင်းဘာဘုရားကိုကိုးကွယ်လဲလို့မေးတဲ့အခါ ယုံကြည်ခြင်းမရှိလို့

အလ္လာလို့မဖြေနိုင်တဲ့အခါ ကြီးမားတဲ့နှိပ်စက်ခြင်းတွေကိုအုတ်ဂူထဲမှာတင်

ခံစားရတယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်။

အဲ့ဒီအယူအဆအပေါ်မှာအခြေခံပြီး ဒီဇာတ်ကားကိုရိုက်ကူးထားတာ

ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းလေးကတော့

ဆီတာနဲ့အာဒေးလ်ဆိုတဲ့ မောင်နှမ ၂ ယောက်က မိဘဖြစ်သူတွေနဲ့

မုန့်ဖုတ်ဆိုင်လေးဖွင့်ပြီး ပျော်ပျော်ရွှင်ရွှင်နေနေကြတဲ့ မိသားစုဖြစ်ပါတယ်။

စီးပွားရေးတွေ ကျဆင်းနေပေမဲ့ ပျော်ပျော်နေတတ်တဲ့ မိသားစုလေး

အပေါ်မှာ တစ်နေ့မှာတော့ကြမ္မာငင်လာခဲ့ပါတော့တယ်။အဲ့ဒါကတော့

အထက်မှာပြောခဲ့တဲ့ အုတ်ဂူနှိပ်စက်ခြင်းကိုယုံကြည်ပြီး ကြောက်ရွံ့နေတဲ့

လူတစ်ယောက်ရဲ့အသေခံဗုံးခွဲမှုကြောင့် သူတို့ရဲ့မိဘနှစ်ပါးဆုံးပါးသွားခဲ့

ရတာပဲဖြစ်ပါတယ်။ဒီလိုနဲ့ဆီတာနဲ့အာဒေးလ်လည်း မိဘမဲ့တွေဖြစ်လာကြပြီး

အစ္စလာမ်ဘော်ဒါကျောင်းတစ်ခုမှာ နေခဲ့ရပါတော့တယ်။ဒါပေမယ့် ဆီတာ့

စိတ်ထဲမှာတော့ အဲ့ဒီအုတ်ဂူနှိပ်စက်ခြင်းဆိုတာကြီးကိုမုန်းတီးနေခဲ့ပြီး

တကယ်မရှိကြောင်းသက်သေပြဖို့ ကြိုးစားရင်းနဲ့ အသက်ကြီးလာတဲ့

အခါမှာတော့ အဲ့ဒီအရာကြီးတကယ်မရှိဘူးဆိုတာကိုသက်သေပြနိုင်ပါ့

မလားဆိုတာကို စိတ်ဝင်စားစရာကောင်းစွာနဲ့ကြည့်ရှုရမဲ့ ကြည့်သင့်တဲ့

Horror ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။

ကြည့်ရန်👇👇👇

https://www.facebook.com/share/p/AmY5YzsntcMhQXUq/?mibextid=oFDknk

 #အရမ်းကြမ်းတဲ့သေတ္တာထဲကနတ်ဆိုးဇာတ်ကားသစ်Jack in the Box ဆိုတာကတော့ သေတ္တာကိုဖွင့်လိုက်ရင် စပရိန်တပ်ထားတဲ့လူပြက်အရုပ်လေး...
20/09/2024

#အရမ်းကြမ်းတဲ့သေတ္တာထဲကနတ်ဆိုးဇာတ်ကားသစ်
Jack in the Box ဆိုတာကတော့ သေတ္တာကိုဖွင့်လိုက်ရင် စပရိန်တပ်ထားတဲ့

လူပြက်အရုပ်လေးခုန်ထွက်လာတဲ့ ဂျာမန်ကစားစရာအရုပ်ကိုခေါ်တာဖြစ်ပါတယ်။

ယုံတမ်းစကားတွေအရ Jac_k-in-t_he-bo_x ဆိုတာ "သေတ္တာထဲကနတ်ဆိုး"လို့

အဓိပ္ပါယ်ရပြီး အဓိပ္ပါယ်အတိုင်း နတ်ဆိုးကို သေတ္တာထဲထည့်ပိတ်ထားတယ်လို့

မှတ်ယူကြပါတယ်။

ဒီဇာတ်ကားထဲမှာလည်း ယက်စတီမာရာ (Jac_keste_mara) လို့ခေါ်တဲ့ နတ်ဆိုး

တစ်ကောင်ကို အစီအရင်နဲ့ သေတ္တာထဲထည့်ပိတ်ထားတာပါ။ နတ်ဆိုးဟာ

သေတ္တာဖွင့်ပေးတဲ့လူရဲ့ ဆုတောင်းတစ်ခုကိုဖြည့်ဆည်းပေးပါတယ်။

ဒါပေမဲ့ အဲလိုဖြည့်ဆည်းပေးဖို့ရာအတွက် လူ ၆ယောက်ကို စတေးပြီးမှသာ

ဆုတောင်းပြည့်မှာဖြစ်ပါတယ်။

ဝိသမာလောဘသားတွေဖြစ်တဲ့ လူတွေကတော့ ကိုယ်ကျိုးအတွက် နတ်ဆိုး

သေတ္တာကိုဖွင့်လိုက်ကြရာကနေ အပြစ်မဲ့တဲ့လူ၆ယောက် နတ်ဆိုးလိုက်တိုက်ခိုက်တာ

ခံရတဲ့အကြောင်း ရိုက်ကူးထားတဲ့ Horror movie series ပဲဖြစ်ပါတယ်။

ဒီတတိယမြောက်ကားမှာတော့ 2022တုန်းက ထွက်ရှိခဲ့တဲ့ Awakening ကားထဲမှာ

နတ်ဆိုးနဲ့အပေးအယူလုပ်ခဲ့တာကြောင့် ရောဂါကနေပြန်ကောင်းသွားတဲ့

အဘွားကြီးဟာ သူ့ကို ကူညီပေးခဲ့တဲ့ မိတ်ဆွေတစ်ယောက်ကို နတ်ဆိုးသေတ္တာ

ဝှက်ထားတဲ့‌နေရာအကြောင်း ပြောပြခဲ့ပါတယ်။

အဲနေရာကတော့ အခြားမဟုတ်ဘဲ 2022 Awakening ကားထဲက Rosewood

အိမ်ကြီးပါ။ Rosewood အိမ်ကြီးဟာ အခုဆို စည်းကမ်းတင်းကြပ်တဲ့

ဘော်ဒါဆောင်တစ်ခုဖြစ်နေပါပြီ။

နတ်ဆိုးသေတ္တာကို အပိုင်လိုချင်တဲ့ ဟာဗေးဟာ ရေဗင်ဆိုတဲ့ကောင်မလေးကို

အကြပ်ကိုင်ကာ အဲဒီဘော်ဒါဆောင်က Jack-in-the-box ကို ကျောင်းသူအယောင်

ဆောင်ပြီးသွားယူခိုင်းရာကနေ ဇာတ်လမ်းစတင်ထားပါတယ်။

ဒီတစ်ခေါက်မှာရော ဘယ်သူက သေတ္တာကိုဖွင့်လိုက်တာလဲ၊ ဘယ်သူတွေ

စတေးခံရဦးမလဲ၊ နတ်ဆိုးကိုရော နှိမ်နင်းနိုင်မှာလားဆိုတာကတော့

ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။

ကြည့်ရန်👇👇👇

https://t.me/dramergood005/251
https://t.me/dramergood005/251

 #အိန္ဒိယမှာK.G.F တို့ Animal တို့လို ဂိုဏ်းစတား အကြမ်းပတမ်းကားတွေအောင်မြင်မှုတွေရပြီးတဲ့နောက်မှာ ဘင်္ဂလားဒေ့ရှ်ကလည်း အဆ...
19/09/2024

#အိန္ဒိယမှာK.G.F တို့ Animal တို့လို ဂိုဏ်းစတား အကြမ်းပတမ်းကားတွေ
အောင်မြင်မှုတွေရပြီးတဲ့နောက်မှာ ဘင်္ဂလားဒေ့ရှ်ကလည်း အဆင့်မီ
ဂိုဏ်းစတားအက်ရှင်ကားကောင်းတစ်ခုကို ပထမဆုံးအကြိမ် ထုတ်လုပ်ခဲ့ပါတယ်။
အသစ်ထွက်ထားတဲ့ IMDb 8/10 ရ ဘင်္ဂလားဒေ့ရှ်
ရုပ်ရှင်ကောင်းတစ်ခုကို စီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။
ဘင်္ဂလားဒေ့ရှ် ရုပ်ရှင်လောကက အိန္ဒိယလောက် နာမည်မကြီးပေမဲ့
ဇာတ်လမ်းအင်မတန်ကောင်းတဲ့ရုပ်ရှင်တွေ၊ သရုပ်ဆောင်ကောင်းတွေ
တော်တော်လေးများတဲ့ Underrated ဖြစ်တဲ့ Industry ဖြစ်ပါတယ်။

ဒီရုပ်ရှင်ထဲမှာလည်း ဘင်္ဂလားဒေ့ရှ်ရဲ့ နာမည်ကြီးမင်းသား ရှာကစ်ဘ်ခန်းက
လက်ရဲဇက်ရဲ ဂိုဏ်းစတားတစ်ယောက်နဲ့၊ တက်သစ်စသရုပ်ဆောင်လေးတစ်ယောက်နေရာကနေ
စရိုက်နှစ်မျိုးနဲ့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့.. ရှာဖိတ်ဆိုတဲ့ ရုပ်ရှင်မင်းသားရူးလေးတစ်ယောက်
သူနဲ့ရုပ်ချင်းဆင်တူတဲ့လူတစ်ယောက်ကိုရှာတွေ့ပြီး
ဘဝအလှည့်အပြောင်းတွေကြုံရပုံကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။

ဒီရုပ်ရှင်ကို တင်ဆက်မှုကောင်းကောင်းနဲ့ တင်ပြထားတဲ့အပြင် ဇာတ်လမ်းကလည်း
အလှည့်အပြောင်းတွေနဲ့ စိတ်ဝင်စားဖို့ကောင်းတာမလို့ စီအမ်အိန္ဒိယရုပ်ရှင်ပရိသတ်တွေ
ဘင်္ဂလားဒေ့ရှ်အက်ရှင်အရသာကို မြည်းစမ်းနိုင်ဖို့အတွက်
CM Bollywood Team ကနေ ညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...။

ကြည့်ရန်👇👇

https://t.me/hindimov001/710
https://t.me/hindimov001/710

 #ရှယ်ကြမ်းရှယ်လန်းတဲ့ကားမင်းသမီး Megan Fox နဲ့ 365 days မင်းသား Michele Morrone တို့ ပါဝင်ထားတဲ့ R rated movie အသစ်လေးထ...
19/09/2024

#ရှယ်ကြမ်းရှယ်လန်းတဲ့ကား
မင်းသမီး Megan Fox နဲ့ 365 days မင်းသား Michele Morrone တို့ ပါဝင်ထားတဲ့ R rated movie အသစ်လေးထွက်ပါတယ်။

ဇာတ်လမ်းကတော့ Sci-Fi , Thriller အမျိုးအစားဖြစ်ပြီး

စူးရှတဲ့သရုပ်ဆောင် ၂ ယောက်ကို AI ရုပ်ရှင်ကားနဲ့တွဲဖက်ပေးထားတာမျိုးပါ။

အဲလစ်ဆိုတဲ့စက်ရုပ်မလေးကို အိမ်အလုပ်ကူဖိုအတွက် ဝယ်ယူမိတဲ့နောက်မှာ..

AI စက်ရုပ်တွေရဲ့ မမြင်ရတဲ့ မှားယွင်းမှုနဲ့ မထင်မှတ်တဲ့ရှုပ်ထွေးမှုတွေကိုပါ

အိမ်ပေါ်ခေါ်တင်မိသလိုဖြစ်လာတဲ့အခါမှာတော့....။

ကြည့်ရန်👇👇👇

https://www.facebook.com/share/p/s3UJ4NAPZLSWgkQb/?mibextid=oFDknk

 #အမျိုးသမီးစုံထောက်အက်ရှင်ကားကောင်းကောင်းတွေကိုမှကြည့်ချင်သူတွေအတွက် 90s ခုနှစ်တွေတုန်းက martial arts ဘုရင်မလို့ တင်စား...
19/09/2024

#အမျိုးသမီးစုံထောက်အက်ရှင်ကားကောင်းကောင်းတွေကိုမှကြည့်ချင်သူတွေအတွက်
90s ခုနှစ်တွေတုန်းက martial arts ဘုရင်မလို့ တင်စားခေါ် ကြတဲ့ မင်းသမီး Cynthia Rothrock ရဲ့ 2024 ခုနှစ်ထွက် အက်ရှင်ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့

မကောင်းမှုဒုစရိုက်တွေအကြောင်းကို လိုက်လံစုံစမ်းနေတဲ့ အေးဂျင့် Alena Moore ဟာ မိသားစုထက် အလုပ်ကိုပိုဦးစားပေးတတ်တဲ့အတွက် သမီးဖြစ်သူနဲ့ သိပ်အဆင်မပြေတဲ့အခြေအနေမှာရှိပါတယ်...

‌အေးဂျင့် Alena Moore နှစ်ပေါင်းများစွာကြာအောင် လိုက်လံစုံစမ်းနေတဲ့ အကြီးစားမူးယစ်ဆေးရောင်းဝယ်မှုရဲ့တရားခံ Lucien နဲ့ သူ့ရဲ့သား Sonny...

ကိစ္စကြီးတစ်ခုကို အကောင်အထည်ဖော်ဖို့ ကြံစဉ်နေတဲ့ Lucien က Alena Moore နဲ့အရင်ကအဖြစ်အပျက်တစ်ခုကြောင့် Alena ကိုလွှတ်ပေးလိုက်တဲ့အတွက် Soony မှ မကျေမချမ်းဖြစ်ကာ Alena ရဲ့မြေးမလေး Ariel ကို ပြန်ပေးဆွဲသွားတဲ့အခါမှာတော့...ဆက်ဆံရေးအဆင်မပြေတဲ့ သားအမိနှစ်ယောက် Ariel ကိုကယ်ဖို့အတွက် စွန့်စားခန်းဖွင့်ဖို့အကြောင်းဖန်လာပါတော့တယ်...

အက်ရှင်ခန်းပိုင်နိုင်တဲ့ မင်းသမီးနှစ်ယောက်ရဲ့တွဲဖက်ညီညီသရုပ်ဆောင်ပုံတွေနဲ့ ဖိုက်တင်ခန်းတွေကိုတ၀ကြီးကြည့်ရှုရမဲ့အပြင် ဇာတ်လမ်းရဲ့မထင်မှတ်ထားတဲ့မြှုပ်ကွက်လေးတွေလည်း ရှိသေးတာမလို့ SoulKingdom မှာကြည့်ရှုလိုက်ကြရအောင်ပါ။

ကြည့်ရန်👇👇

https://t.me/dramergood005/242
https://t.me/dramergood005/242

 #အချစ်ကားကောင်းလေးတကားကြည့်ရအောင်Foe ကို ရိုက်တာက Lion (2016) နဲ့ Mary Magdalene (2018) တို့ရဲ့ ဒါရိုက်တာ Garth Davis ဖ...
18/09/2024

#အချစ်ကားကောင်းလေးတကားကြည့်ရအောင်
Foe ကို ရိုက်တာက Lion (2016) နဲ့ Mary Magdalene (2018) တို့ရဲ့ ဒါရိုက်တာ Garth Davis ဖြစ်ပြီး မနှစ်က A24 ရဲ့ Aftersun နဲ့ လူကြိုက်များခဲ့သလို မင်းသားဆုလည်း အော်စကာဆန်ခါတင်ဝင်ခဲ့တဲ့၊ Normal People စီးရီးရဲ့ အဓိကဇာတ်ကောင်လည်းဖြစ်ခဲ့တဲ့ Paul Mescal နဲ့ သူ့အရွယ်တန်းမင်းသမီးတွေထဲ သူ့ကိုမီတဲ့လူ ဘယ်သူမှမရှိတဲ့၊ ဟိုးငယ်ငယ်ကလေးကတည်းက Atonement မှာ အားလုံးမြင်ကတ်လောက်အောင် ပညာပြခဲ့သလို Little Women, Lady Bird, The Grand Budapest Hotel, Loving Vincent စစသဖြင့် ရိုက်သမျှကားတိုင်းမကောင်းမရှိသလို သရုပ်ဆောင်လည်း သိပ်ကောင်းတဲ့ Saoirse Ronan တို့က ပါဝင်သရုပ်ဆောင်ထားတယ်။ ဒီ၂ယောက်ရဲ့ Acting စကေးနဲ့တင် ဒီကားက တန်ပေမဲ့ ဝေဖန်ရေးသမားတွေဆီမှာတော့ မျက်နှာပန်းမလှခဲ့ပါဘူး။ ဇာတ်ကလည်း ပြချင်တာတော့ ကောင်းပေမဲ့ နည်းနည်းတော့ မနိုင်သလိုဖြစ်သွားတာကြောင့်လည်း ပါချင်ပါလိမ့်မယ်။ ဒါပေမဲ့ ဇာတ်က မဆိုးနေပြန်တော့ တန်တယ်ပြောရမှာပဲ။

ဇာတ်ကတော့ Psychological Thriller ဇာတ်။ မူရင်းစာအုပ်ကလည်း ဆုတွေဘာတွေရထားသေးတယ်။ ပြထားတာတွေကတော့ သိပ်မကြာသေးခင်က နည်းနည်းဟောင်းတဲ့ကာလတွေဆန်ပေမဲ့ ကာလကတော့ လူသားတွေ အာကာသထဲ အခြေချဖို့ကြိုးစားနေကြတဲ့ ဒီခေတ်အလွန်ကာလ။ ကျေးလက်ထဲမှာ ရိုးရိုးကုတ်ကုတ်နေနေတဲ့ လင်မယားနှစ်ယောက်ရှိတယ်။ ပြောရရင် အမေရိကကို ဒီဗွီပေါက်သလို အမေရိကကနေ အာကာသထဲကိုသွားဖို့ ယောက်ျားဖြစ်သူက ဒီဗွီပေါက်သွားတယ်။ အာကာသထဲသွားနေရတော့မယ်ပေါ့။ ဒီမှာ ကျန်ခဲ့ရမယ့်သူနဲ့ ထွက်သွားရတော့မယ့်သူကြား ပြဿနာစတက်တယ်

ကြည့်ရန်👇👇

https://www.facebook.com/share/p/4NYjkYeiRWRqnG5p/?mibextid=qi2Omg

အမိုက်စားကားကြီးရပီRaa..........yan (2024) HD အကြည်ရပါပီ============="ရာယန်"IMDb 6.9CM ပရိသတ်ကြီးအတွက် အသစ်ထွက်ရှိလာတဲ့ ...
18/09/2024

အမိုက်စားကားကြီးရပီ
Raa..........yan (2024) HD အကြည်ရပါပီ
=============
"ရာယန်"

IMDb 6.9

CM ပရိသတ်ကြီးအတွက် အသစ်ထွက်ရှိလာတဲ့ တမီးလ် action ဇာတ်ကြမ်း
ရုံကားအသစ်လေးကို မိုးလင်းလင်းချင်း မနှေး/အမြန် တင်ဆက်ပေးလိုက်ပါတယ်

နာမည်ကျော် မင်းသား Dhanush ရဲ့ ကားငါးဆယ်ပြည့်ရုပ်ရှင်ဖြစ်ပြီး
သူကိုယ်တိုင် ဇာတ်ညွှန်းရေးကာ ဒါရိုက်တာလုပ် အစွမ်းပြထားတဲ့
ဒီရုပ်ရှင်ဟာ ရုံတင်ငွေ ၁၅၈ ကုဋေ ရရှိထားပါတယ်

ဇာတ်လမ်းအကျဥ်းကိုပြောရရင် ရာယန်ဟာ ညီငယ်နှစ်ယောက်ဖြစ်သူ
မူတူးနဲ့ မာနီကမ်၊ အချစ်ဆုံး ညီမလေး ဒူရ်ဂါတို့ရဲ့ အစ်ကိုကြီးဖြစ်ပြီး

အဖေအမေတို့စွန့်ပစ်သွားကတည်းက ရွာကနေမြို့ကို ညီလေးညီမလေးတွေ
လက်ဆွဲခေါ်လာကာ ကြုံရာစား ရရာလုပ်ရင်း လူစည်ကားတဲ့ မုန့်ဆိုင်တစ်ဆိုင်ဖွင့်နိုင်တဲ့ ဘဝရောက်လာပါတယ်

ညီလတ်ဖြစ်သူ မူတူးက အရက်မူး သွေးဆိုးကာ ပြဿနာရှာတတ်သူဖြစ်ပြီး
ညီငယ် မာနီကမ်ကတော့ လိမ္မာတဲ့ ကောလိပ်ကျောင်းသားလေးပါ

တုန်နေအောင်ချစ်ရတဲ့ ညီမအငယ်ဆုံးလေးကို
လက်ထပ်ပေးနိုင်ဖို့နဲ့ မူတူးစရိုက်ကို ပြုပြင်ပေးနိုင်ဖို့ပဲ ပဓာနထားတဲ့ ရာယန်...

တစ်နေ့မှာတော့ ဒူရိုင်နဲ့ ဆီသူ ဆိုတဲ့ လူမိုက်ဂိုဏ်းခေါင်းဆောင်နှစ်ယောက်နဲ့
ပတ်သက်မိရာမှ ဖြူစင်ရိုးသားတဲ့ သူတို့ဘဝတွေ အကျင့်ပျက်
ဒုစရိုက်ပတ်ဝန်းကျင်ကြောင့် အရောင်နွမ်းမယ့်အရေး...
အစ်ကိုကြီးတစ်ယောက်အနေနဲ့ ဘယ်လိုကယ်ထုတ်သွားနိုင်မလဲ ဆိုတာကတော့ ...

အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

https://t.me/hindimov001/679
https://t.me/hindimov001/679

ဒီတစ်ခါမှာတော့ ပရိသတ်တို့ လည်ပင်းရှည်မတတ်စောင့်မျှော်နေကြတဲ့ ပြည်သူ့အသည်းကျော်ပဲလှော်စုံတွဲတို့ရဲ့ချစ်ပုံပြင်ဇာတ်လမ်းဟာအ...
19/08/2024

ဒီတစ်ခါမှာတော့ ပရိသတ်တို့ လည်ပင်းရှည်မတတ်စောင့်မျှော်နေကြတဲ့ ပြည်သူ့အသည်းကျော်ပဲလှော်စုံတွဲတို့ရဲ့ချစ်ပုံပြင်ဇာတ်လမ်းဟာ
အခုတော့ ပရိသတ်ရှေ့မှောက်ကိုရောက်လာပါပြီ

အညွှန်းပုံမှာဖတ်ပါ

ကြည့်ရန်👇👇👇

https://www.facebook.com/share/p/iDTFvZ3CFcbXsfrA/?mibextid=oFDknk

သရဲဖမ်းသူများ ၂၀၂၄ ထွက် ရုပ်ရှင်အသစ်ရပါပြီ။ အရင် ထွက်ထားတဲ့ဗားရှင်းက ခိုးရိုက်အသံနဲ့ မကြည်တကြည်ဖြစ်နေပေမဲ့ အခုထွက်တာကတော...
14/08/2024

သရဲဖမ်းသူများ ၂၀၂၄ ထွက် ရုပ်ရှင်အသစ်ရပါပြီ။ အရင် ထွက်ထားတဲ့ဗားရှင်းက ခိုးရိုက်အသံနဲ့ မကြည်တကြည်ဖြစ်နေပေမဲ့ အခုထွက်တာကတော့ ရုပ်အသံ အကြည်အစစ်ပါပဲ

အညွှန်းပုံမှာဖတ်ပါ

ကြည့်ရန်👇👇

https://www.facebook.com/share/p/BxZwB87N6AKCGB8f/?mibextid=oFDknk

Address

Yangon

Alerts

Be the first to know and let us send you an email when Maung Minn Gyi Thar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category