BOZZ Seven Automobile

BOZZ Seven Automobile thanks you all

Throttle Position Sensor တွေ မကောင်းရင်ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာများThrottle Position Sensor (TPS) ဆိုတာကို ကျနော်တို့ကား...
07/10/2023

Throttle Position Sensor တွေ မကောင်းရင်ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာများ

Throttle Position Sensor (TPS) ဆိုတာကို ကျနော်တို့ကားလောကမှာတော့ လေတံခါးဆန်ဆာ လို့လူသိများကြပါ တယ်။ Throttle Position Sensor ဆိုတာကို မပြောခင်မှာ Throttle Body ဆိုတဲ့ လေတံခါး လေးအကြောင်း ကို အရင်ဆုံးသိထားဖို့လိုအပ်တယ်။ Throttle Body ဆိုတာကတော့ ကျနော်တို့ ကားတွေမှာအသုံးပြုနေတဲ့ အင်ဂျင် တွေလည်ပတ်ဖို့လိုအပ်တဲ့ ဆီနဲ့လေကို အချိုးချတဲ့နေရာမှာ လေအဝင် အချိုးပမာဏတွေကို အဓိက ထိန်းချုပ်ပေး တဲ့ ပစ္စည်းလေးဖြစ်ပါတယ်။ သူ့ကိုတော့ ကားအင်ဂျင်တွေရဲ့ Inlet လေအဝင်ပိုက်နေရာတွေမှာ တပ်ဆင်ထားလေ့ ရှိပါတယ်။
Throttle Position Sensor (TPS) ဆိုတာကတော့ Throttle Body ဆိုတဲ့ လေတံခါး အဖွင့်အပိတ် ပမာဏတွေ ကို အဓိက အာရုံခံတဲ့ ဆန်ဆာဖြစ်ပြီး ၊ လေတံခါး အဖွင့်အပိတ် ပမာဏတွေကို ECM (Engine Control Module) ဆီကို သတင်းအချက်အလက်ပေးပို့တာပဲဖြစ်ပါတယ်။ Throttle Position Sensor (TPS) ကနေ ပေးပို့လိုက်တဲ့ အချက်အလက်တွေကို ECM (Engine Control Module) ကနေ အာရုံခံပြီး (Fuel Trim and Ignition Timing ) ဆီလေအချိုးတွေ နဲ့ မီးတိုင်ပင်တွေကို လိုအပ်သလို ပြောင်းလဲသတ်မှတ် ကစားပေးတာ ဖြစ်ပါတယ်။


လက်ရှိကားလောကမှာရှိတဲ့ မော်ဒယ်နိမ့် ၊ မော်ဒယ်မြင့်ကားတွေမှာ အသုံးပြုနေတဲ့ Throttle Position Sensor (TPS) အမျိုးအစား (၂) မျိုးရှိပါတယ်။ အဲ့ဒါတွေကတော့
(1) Contact Type TPS
(2) Contactless Type TPS တို့ဖြစ်ပါတယ်။

(1) Contact Type TPS ဆိုတာကတော့ Variable Resistor (Potentiometer) အမျိုးအစားကို အသုံးပြုထားတဲ့ TPS တွေဖြစ်ပြီး Wire Line 3 Pins , 4 Pins , 6 Pins အစရှိသဖြင့်လာတာဖြစ်ပါတယ်။
(2) Contactless Type TPS မှာတော့ Hall Effect Type နဲ့ Inductive Type ဆိုပြီး ပုံစံ (၂) ထပ်မံကွဲပြားပြီး Wire Line 3 Pins , 4 Pins , 6 Pins အစရှိသဖြင့် ထုတ်လုပ်အသုံးပြုကြပါတယ်။
မော်ဒယ်နိမ့်ကားအများစုမှာတော့ Variable Resistor (Potentiometer) ကို အသုံးပြုထားတဲ့ Contact Type TPS တွေကို အသုံးများပြီး ၊ မော်ဒယ်မြင့်ကားတွေနဲ့ ဥရောပကားတော်တော်များများ မှာတော့ Hall Effect Type နဲ့ Inductive Type TPS တွေကို အသုံးများကြပါတယ်။


Throttle Position Sensor



ဒီလို လေတံခါးအပိတ်အဖွင့်ကို အာရုံခံပေးတဲ့ Throttle Position Sensor တွေမှာ Error တခုခုတက်လာတယ် ဆိုရင်တော့ Engine Check မီးလင်းလာမှာဖြစ်ပြီး ခေတ်မီ Diagnostic Scan Tool တွေစစ်ဆေးကြည့်မယ်ဆို ရင်တော့ အောက်ပါ Diagnostic Trouble Code တွေတက်လာမှာဖြစ်ပါတယ်။

DTC P0120/121
Throttle /Pedal Position Sensor/ Switch "A" Circuit Malfunction

DTC P0122 Throttle /Pedal Position Sensor/ Switch "A" Circuit Low Input

DTC P0123 Throttle /Pedal Position Sensor/ Switch "A" Circuit High Input

DTC P0220 Throttle /Pedal Position Sensor/ Switch " B " Circuit Malfunction

DTC P0222 Throttle /Pedal Position Sensor/ Switch " B " Circuit Low Input

DTC P0223 Throttle /Pedal Position Sensor/ Switch " B " Circuit High Input

DTC P2135 Throttle/Pedal Position Sensor/ Switch A/B Voltage Correlation

Throttle Position Sensor တွေ မကောင်းရင်ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေကတော့………….

(1) Engine Check ( မီးလင်းတာ )
Throttle Position Sensor တွေမကောင်းရင် ၊ Error တခုခုတက်ပြီဆိုတာနဲ့ Combination Meter လို့ခေါ်တဲ့ ဒိုင်ခွက်ထဲမှာ Check Engine Light ဆိုတဲ့ အင်ဂျင်ချက်မီးလင်းလာမှာဖြစ်ပါတယ်။
(2) Rough Idling ( အင်ဂျင်တုန်ခါတာ)
Throttle Position Sensor တွေနဲ့ပတ်သတ်တဲ့ နောက်ထပ်အဖြစ်များတဲ့ ပြဿနာတခုက အင်ဂျင်တုန်တာ အင်ဂျင်ခါတာမျိုးတွေပါ ၊ ကားအင်ဂျင်တွေကို စက် စနှိုးလိုက်တာနဲ့ အင်ဂျင် Idle အခြေအနေကနေစပြီး အင်ဂျင်ကောင်းမွန်စွာလည်ပတ်နိုင်ဖို့ လေအချိုးပမာဏတွေကို လေတံခါးက ထိန်းချုပ်မောင်းနှင်ပေးတာမို့ ဒီ TPS တွေမကောင်းဘူးဆိုတာနဲ့ အင်ဂျင်ဆီလေအချိုးမမှန်တော့ဘဲ အင်ဂျင်တုန်ခါတာတွေ ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။

(3) Frequent Engine Stalling ( အင်ဂျင်စက်ထိုးထိုးရပ်တာ)
လေတံခါးကြောင့် အင်ဂျင်စက်ထိုးထိုးရပ်တဲ့ပုံစံကလည်း အပေါ်မှာဖော်ပြပေးထားတဲ့ ပုံစံသဘောတရားတူတူပဲ ဖြစ်ပါတယ်။ အင်ဂျင်လည်ပတ်နှုန်းနဲ့လိုက်ပြီး ဆီပေးနှုန်း လေပေးနှုန်းတွေ ပြောင်းလဲရမှာဖြစ်ပြီး ၊ လေပေးသွင်း နှုန်းတွေ မမှန်ဘူးဆိုတာနဲ့ အင်ဂျင်စက်ထိုးထိုးသေတာမျိုးတွေ ဖြစ်လာမှာဖြစ်ပါတယ်။

(4) Poor Fuel Economy ( ဆီစားများတာ )
လေတံခါးနဲ့ လေတံခါး ဆန်ဆာတွေ တခုခုချို့ယွင်းတာနဲ့ ဆီလေအချိုး မမှန်တာတွေဖြစ်ပြီး ၊ ဆီစားများတာတွေ ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။

(5) Weak Engine Performance (အင်ဂျင်အဆွဲအရုန်းမကောင်းတာ)
တချို့ကားအင်ဂျင်တွေမှာ လီဘာ (Accelerator Pedal) နင်းပေမယ့် အင်ဂျင်လည်ပတ်နှုန်း (RPM) တက်မလာတာမျိုးတွေ ကြုံဖူးကြမှာပါ ။ ဒီလိုမျိုး အင်ဂျင်ရဲ့လုပ်ဆောင်စွမ်းတွေ ၊ လည်ပတ်နိုင်စွမ်းတွေ တက်မလာမျိုးကလည်း လေတံခါးနဲ့ လေတံခါး ဆန်ဆာတွေမကောင်းရင် ဖြစ်ပေါ်လာတတ်ပါတယ်။

ဒီအချက်တွေက လေတံခါးဆန်ဆာလို့ခေါ်တဲ့ Throttle Position Sensor လေးတွေ မကောင်းရင် ဖြစ်ပေါ်လာတတ်တဲ့ အဖြစ်များဆုံးအချက်လေးတွေဖြစ်ပြီး တခြားအင်ဂျင်နဲ့သက်ဆိုင်တွေ အထွေထွေပြဿနာ တွေအများကြီးဖြစ်ပေါ်လာနိုင်ပါသေးတယ်။

အခုဖော်ပြထားတဲ့ ရောဂါလက္ခဏာလိုမျိုး ပုံစံတွေကားမှာဖြစ်ပေါ်နေတယ် ၊ အင်ဂျင်ချက်မီး Check Light တွေလည်း လင်းနေတယ်ဆိုရင်တော့ ခေတ်မီကားဝပ်ရှော့တွေမှာ အမြန်ဆုံးစစ်ဆေးပြုပြင်သင့်ပါတယ်လို့ အကြံပြုတင်ပြပေးလိုက်ရပါတယ်။

ရေးသူအား အစဥ်လေးစားလျက် crd ပေးပါသည်။

Address

Yangon

Telephone

+959792940000

Website

Alerts

Be the first to know and let us send you an email when BOZZ Seven Automobile posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category


Other TV Channels in Yangon

Show All