First GOAL

First GOAL "အားကစားသတင်းများစွာနဲ့ ရသဆောင်းပါးများကို အခမဲ့ ဖတ်ရှူနိုင်ပါတယ်" [First GOAL]

ဘောလုံးလောကရဲ့ အမှန်တရား ၁၀ခု
29/07/2023

ဘောလုံးလောကရဲ့ အမှန်တရား ၁၀ခု

🚨TRANSFER - ပရီးမီးယားလိဂ်ကလပ် ဖူလ်ဟမ်အသင်းဟာ ဝုလ်ဗာဟမ်တန်အသင်းရဲ့ တိုက်စစ်မှူး ရာအူးလ် ဟီမီနက်ဇ်ကို ခေါ်ယူဖို့ သဘောတူညီ...
23/07/2023

🚨TRANSFER - ပရီးမီးယားလိဂ်ကလပ် ဖူလ်ဟမ်အသင်းဟာ ဝုလ်ဗာဟမ်တန်အသင်းရဲ့ တိုက်စစ်မှူး ရာအူးလ် ဟီမီနက်ဇ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ ဗြိတိန်နာမည်ကြီး သတင်းဌာနတစ်ခုဖြစ်တဲ့ Telegraph က ဆိုပါတယ်။

ဖူလ်ဟမ်က ဟီမီနက်ဇ်အတွက် ဝုလ်ဗ်အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၅.၅သန်း ပေးချေရမှာ ဖြစ်ပြီး ဟီမီနက်ဇ်က မကြာခင်မှာပဲ ဖူလ်ဟမ်နဲ့ ဆေးစစ်မှုတွေ ပြုလုပ်သွားမှာပါ။ ဖူလ်ဟမ်က ဟီမီနက်ဇ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့တာဟာ အသင်းကနေ ထွက်ခွာဖို့ ကြိုးစားနေတဲ့တိုက်စစ်မှူး မီထရိုဗစ်ရဲ့ နေရာအတွက် အစားထိုးဖို့ဖြစ်နိုင်ပါတယ်။ ✅

🚨OFFICIAL - မန်ချက်စတာယူနိုက်တက်အသင်းရဲ့နောက်ခံလူ အဲလက်စ် တဲလက်စ်ဟာ အယ်လ် နာဆာအသင်းကို ပြောင်းရွှေ့ကြေး ပေါင်၆သန်းနဲ့အပြ...
23/07/2023

🚨OFFICIAL - မန်ချက်စတာယူနိုက်တက်အသင်းရဲ့နောက်ခံလူ အဲလက်စ် တဲလက်စ်ဟာ အယ်လ် နာဆာအသင်းကို ပြောင်းရွှေ့ကြေး ပေါင်၆သန်းနဲ့အပြီးသတ် ပြောင်းရွှေ့သွားပြီဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့အတူ ကစားခွင့် ရပါတော့မယ်။

စခိုးဆီ (ပေါစခိုး) က လေ့ကျင့်ရေးပွဲတွေမှာဆိုရင် တယ်ရီယာခွေးကြီးတစ်ကောင်လိုပဲဗျ။ ကျွန်တော် ဘောလုံးရတဲ့အချိန်တိုင်းမှာ သူက...
23/07/2023

စခိုးဆီ (ပေါစခိုး) က လေ့ကျင့်ရေးပွဲတွေမှာဆိုရင် တယ်ရီယာခွေးကြီးတစ်ကောင်လိုပဲဗျ။ ကျွန်တော် ဘောလုံးရတဲ့အချိန်တိုင်းမှာ သူက ကျွန်တော့်ခြေကျင်းဝတ်ကို ချောင်းမြောင်းလုပ်ကြံလေ့ရှိတယ်။ အဲဒါက လူတိုင်းကို သူ အဲဒီလို လုပ်တာနော်။ ကျွန်တော်တို့ ကာရင်တန်မှာကစားရတဲ့ တစ်ဖက်ငါးယောက်ကစားပွဲတွေမှာဆိုရင် သူက အမြဲတမ်းအပြိုင်အဆိုင်ကြီးတယ်။ အဲဒီစိတ်ကို ပရီးမီးယားလိဂ်ပွဲတွေထဲကိုပါ သယ်လာတတ်တယ်။ အထူးသဖြင့် ပွဲတစ်ပွဲမှာ ကွင်းလယ်အသာစီးရဖို့ ယှဉ်နေကြရတာမျိုး၊ တခြားအသင်းက ကစားသမားတွေ အခွင့်အရေးရပြီး ဘောလုံးကိုသယ်ယူလို့ ဂိုးသွင်းနိုင်စရာအခြေအနေနဲ့ ကြုံရတာမျိုးတွေဆိုရင်ပေါ့။ အဲဒီလိုအချိန်မျိုးတွေဆိုရင် သူက ဖျက်ထုတ်မှုလုပ်ဖို့ လျောထိုးချတော့တာပဲ။ သူက အနိုင်ရဖို့ အမြဲတမ်း အသည်းအသန် ဖြစ်နေတာကိုးဗျ။

🗣️ဝိန်းရွန်းနီ

ဒီကနေ့မနက် အစောပိုင်းမှာ ကစားခဲ့ကြတဲ့ အင်တာမိုင်ယာမီနဲ့ ခရူအယ်ဇူးတို့ရဲ့ League Cup ပွဲစဉ်မှာတော့ ပွဲပြီးခါနီးမှရတဲ့ ပြစ...
22/07/2023

ဒီကနေ့မနက် အစောပိုင်းမှာ ကစားခဲ့ကြတဲ့ အင်တာမိုင်ယာမီနဲ့ ခရူအယ်ဇူးတို့ရဲ့ League Cup ပွဲစဉ်မှာတော့ ပွဲပြီးခါနီးမှရတဲ့ ပြစ်ဒဏ်ဘောကနေတစ်ဆင့် လီယိုမက်ဆီက အနိုင်ဂိုးသွင်းယူပေးသွားပါတယ်။

ဒီသွင်းဂိုးက လီယိုမက်ဆီအတွက် ကစားသမားဘဝ သက်တမ်းတစ်လျှောက် ပင်နယ်တီသွင်းဂိုးတွေကိုပါ ဖယ်ထုတ်လိုက်ရင် ဂိုး၇၀၀ ပြည့်သွားတဲ့ဂိုးပါ။ မက်ဆီရဲ့သွင်းဂိုးကလည်း အတော်လေးကို လှပပြီး နိုင်ပွဲပျောက်ဆုံးနေတာကြာပြီဖြစ်တဲ့ အင်တာမိုင်ယာမီ ပရိသတ်တွေကို အပျော်တွေ ကူးစက်စေခဲ့ပါတယ်။

အသင်းပိုင်ရှင် ဘက်ခမ်းတစ်ယောက်လည်း ပွဲကြည့်စဉ်ပေါ်မှာ အတော်လေးပျော်ရွှင်နေခဲ့ပြီး မက်ဆီရဲ့ဆရာဟောင်းဖြစ်တဲ့ အင်တာမိုင်ယာမီနည်းပြ တာတာမာတီနိုကလည်း ဂုဏ်ယူစွာနဲ့ အောင်ပွဲခံခဲ့ပါသေးတယ်။

🚨🇸🇪 𝐁𝐑𝐄𝐀𝐊𝐈𝐍𝐆 - နော်တင်ဟမ်ဖောရက်စ်ဟာ အန်တိုနီ အလန်ဂါကို ပေါင် ၁၅ သန်းနဲ့ ခေါ်ယူဖို့ မန်ယူအသင်းနဲ့ သဘောတူညီမှု ရရှိသွားပြီ...
21/07/2023

🚨🇸🇪 𝐁𝐑𝐄𝐀𝐊𝐈𝐍𝐆 - နော်တင်ဟမ်ဖောရက်စ်ဟာ အန်တိုနီ အလန်ဂါကို ပေါင် ၁၅ သန်းနဲ့ ခေါ်ယူဖို့ မန်ယူအသင်းနဲ့ သဘောတူညီမှု ရရှိသွားပြီဖြစ်ပါတယ်။ ✅

[Telegraph]

🚨 BREAKING! လက်စတာအသင်းမှ ထွက်ခွာလာပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည့် ဂျွန်နီ အီဗန်သည် ယူနိုက်တက်နှင့် ကာလတိုစာချုပ် ချုပ်ဆ...
18/07/2023

🚨 BREAKING!

လက်စတာအသင်းမှ ထွက်ခွာလာပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည့် ဂျွန်နီ အီဗန်သည် ယူနိုက်တက်နှင့် ကာလတိုစာချုပ် ချုပ်ဆိုပြီး လာမည့် ရာသီကြိုခြေစမ်းပွဲများတွင် ပါဝင်ကစားသွားမည်ဖြစ်သည်။✅


18/07/2023
🚨💰 BREAKING - အယ်လ်နာဆာအသင်းဟာ မန်ချက်စတာယူနိုက်တက်နောက်ခံလူ အဲလက်စ်တဲလက်စ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိနေပြီဖြစ်ပါတယ်...
18/07/2023

🚨💰 BREAKING - အယ်လ်နာဆာအသင်းဟာ မန်ချက်စတာယူနိုက်တက်နောက်ခံလူ အဲလက်စ်တဲလက်စ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိနေပြီဖြစ်ပါတယ်။
ကလပ်နှစ်သင်းကြား နှုတ်အားဖြင့် သဘောတူညီမှု ရရှိနေပြီဖြစ်ပြီး အသေးစိတ်အချက်အလက်များနဲ့ စာရွက်စာတမ်းကိစ္စများ ဆောင်ရွက်ဖို့သာ ကျန်ရှိပါတော့တယ်။
တဲလက်စ်တစ်ယောက် အသင်းဖော်ဟောင်းကြီးနဲ့ တွေ့ရပါတော့မယ်။
[FabrizioRomano]

လီယွန်နယ်မက်ဆီရဲ့ ဂိုးသွင်းအကြမ်းခဲ့ဆုံး အချိန်ကို ပြောပါဆိုရင် ၂၀၁၂ ခုနှစ်ကို ပြောရပါလိမ့်မယ်။ မက်ဆီအတွက် အမြင့်ဆုံးကို...
18/07/2023

လီယွန်နယ်မက်ဆီရဲ့ ဂိုးသွင်းအကြမ်းခဲ့ဆုံး အချိန်ကို ပြောပါဆိုရင် ၂၀၁၂ ခုနှစ်ကို ပြောရပါလိမ့်မယ်။ မက်ဆီအတွက် အမြင့်ဆုံးကို ရောက်ခဲ့တဲ့အချိန်ပါပဲ။ အာဂျင်တီးနားသားဟာ ပြက္ခဒိန်တစ်နှစ်အတွင်းမှာပဲ ၇၂ပွဲ ကစားပြီး ၉၁ဂိုးအထိ သွင်းယူခဲ့တယ်။ ဂိုးဖန်တီးမှုကလည်း ၂၄ ကြိမ်အထိ ဖန်တီးပေးခဲ့တယ်။ ၁၂ လတာအတွင်း မက်ဆီရဲ့ ဖန်တီးမှု ၂၄ ကြိမ် ကို ပေါင်းထည့်လိုက်မယ်ဆိုရင် မက်ဆီဟာ၂၀၁၂ ခုနှစ်အတွင်းမှာ ၁၁၅ ဂိုးအထိ ပါဝင်ပတ်သတ်ခဲ့တယ်လို့ ဆိုရမှာပါ။

ဘာစီလိုနာအတွက်ဆိုရင်တော့ ၇၉ ဂိုး သွင်းယူခဲ့တယ်။ လာလီဂါမှာ ၅၉ ဂိုး၊ ချန်ပီယံလိဂ်မှာ ၁၃ ဂိုး၊ ကိုပါဒယ်ရေးဖလားမှာ ၅ ဂိုးနဲ့ စပိန်စူပါဖလားမှာ ၂ဂိုး သွင်းယူခဲ့တဲ့တယ်။ အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက်လည်း ၁၂ ဂိုးသွင်းခဲ့တယ်။

ဒါ့ကြောင့်ပဲ အာဂျင်တိုင်းသား လီယွန်နယ် အမ်းဒရက် မက်ဆီဟာ ၁၉၇၂ ခုနှစ်က ဘိုင်ယန်မြူးနစ် ဂန္တဝင်ကစားသမားကြီး ဂတ်မူလာရဲ့ ၈၅ ဂိုး စံချိန်ကို ကျော်တက်သွားခဲ့တာပါ။ အဲဒီနောက် မက်ဆီက သူ့ရဲ့ ဘာစီလိုနာဂျာစီမှာ လက်မှတ်ရေးထိုးပြီး ဂတ်မူလာကို လက်ဆောင်ပေးခဲ့ပါတယ်။

မူလာက အဆိုပါဂျာစီကို ဘိုင်ယန်မြူးနစ်အသင်းဆီ တဆင့် ထပ်ပေးခဲ့ရာမှာ ဘိုင်ယန်က သူတို့ရဲ့ ဆုဖလားပြတိုက်အတွင်း ထည့်သွင်းသိမ်းဆည်းသာ ပြသခဲ့ပါတယ်။ အဆိုပါဂျာစီက ဘိုင်ယန်မြူးနစ်ရဲ့ အောင်မြင်မှုအမှတ်တရတွေနဲ့ မပတ်သက်တဲ့ တခုတည်းသောအရာအဖြစ် ရှိနေခဲ့ပါတယ်။

တစ်ချိန်က ဆာအဲလက်စ် ဖာဂူဆန်ဟာ ဂျွန်တယ်ရီကို ယူနိုက်တက်အသင်းဆီ ခေါ်ယူဖို့ ဆွဲဆောင်ခဲ့ပေမယ့် တယ်ရီကတော့ ချဲလ်ဆီးအသင်းဆီကို...
18/07/2023

တစ်ချိန်က ဆာအဲလက်စ် ဖာဂူဆန်ဟာ ဂျွန်တယ်ရီကို ယူနိုက်တက်အသင်းဆီ ခေါ်ယူဖို့ ဆွဲဆောင်ခဲ့ပေမယ့် တယ်ရီကတော့ ချဲလ်ဆီးအသင်းဆီကိုပဲ ပြောင်းဖို့ ဆုံးဖြတ်ခဲ့ဖူးပါတယ်။
၁၉၉၄-၉၅ ရာသီက ယူနိုက်တက်ဟာ နှစ်ထပ်ကွမ်းချန်ပီယံဆုကို ကာကွယ်ဖို့ ကြိုးပမ်းနေတဲ့အချိန်မှာဖာဂူဆန်ဟာ မျိုးဆက်သစ် သရဲနီကြယ်ပွင့်တွေကို ရှာဖွေနေခဲ့ပါတယ်။ ဆာအဲလက်စ်ဟာ အသက် ၁၄ နှစ်ရွယ် ဂျွန်တယ်ရီကို သဘောကျနေပြီးတော့ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပါတယ်။ ဆာအဲလက်စ် ဖာဂူဆန်က ဂျွန်တယ်ရီနဲ့အတူ သူ့ရဲ့မိခင် Sue နဲ့ ဖခင် Ted တို့ကို အိုးထရက်ဖို့ဒ်ကို ဖိတ်ကြားပြီး ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ နားချခဲ့တာပါ။
ဒါပေမယ့်လည်း တယ်ရီကတော့ ချဲလ်ဆီးအသင်းဆီကိုပဲ ပြောင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
တယ်ရီသာ ယူနိုက်တက်ကို ရောက်လာခဲ့ရင် …..။

ယခုလက်ရှိမှာ စျေးအကြီးဆုံး အင်္ဂလန်ကစားသမား၃ယောက်ဖြစ်နေတဲ့ ဒီကလန်ရိုက်စ်၊ ဂျက်ဂရီးလစ်ရှ်နဲ့ ဘယ်လင်ဟမ်တို့၃ယောက်က အိုင်ယာ...
18/07/2023

ယခုလက်ရှိမှာ စျေးအကြီးဆုံး အင်္ဂလန်ကစားသမား၃ယောက်ဖြစ်နေတဲ့ ဒီကလန်ရိုက်စ်၊ ဂျက်ဂရီးလစ်ရှ်နဲ့ ဘယ်လင်ဟမ်တို့၃ယောက်က အိုင်ယာလန်ကိုယ်စားပြုပြီး ကစားနိုင်ပါတယ်။

ဒီကလန်ရိုက်စ်ဆိုရင် အိုင်ယာလန်အသင်းကြီးအတွက် ၃ပွဲ ကစားဖူးသလို ဂျက်ဂရီးလစ်ရှ်ဆိုရင်လည်း အိုင်ယာလန်လူငယ်အသင်းနဲ့ ကစားခဲ့ဖူးပါတယ်။ ဘယ်လင်ဟမ်ကလည်း အဖွားဖြစ်သူက အိုင်ယာလန်နိုင်ငံသူဖြစ်တဲ့အတွက် အိုင်ယာလန်ကိုယ်စားပြုပြီး ဝင်ရောက်ကစားခွင့်ရှိပါတယ်။

ဒါပေမယ့်လည်း ဆရာကြီး၃ပါးကတော့ ယခုလက်ရှိမှာ အင်္ဂလန်အတွက် ကိုယ်စားပြုပြီး ကစားနေပါတယ်။


ALL-TIME RECORDS MAN UTDLEGEND
13/07/2023

ALL-TIME RECORDS MAN UTD
LEGEND


တကယ်လို့ ကျွန်တော့်အကြောင်းပြောဖြစ်ကြရင် နေပယ်စ်မြို့လေးကို ချန်မထားခဲ့စေချင်ဘူး။ကျွန်တော့် အသက်(၁၀)နှစ်လောက်မှာ အမေက ပီ...
12/07/2023

တကယ်လို့ ကျွန်တော့်အကြောင်းပြောဖြစ်ကြရင် နေပယ်စ်မြို့လေးကို ချန်မထားခဲ့စေချင်ဘူး။

ကျွန်တော့် အသက်(၁၀)နှစ်လောက်မှာ အမေက ပီဇာဆိုတဲ့ မုန့်တစ်မျိုးကို စပြီးမိတ်ဆက်ပေးတာပဲ။ အဲ့တုန်းက Pizza Companyတို့လို ဆိုင်ကြီးတွေ မပေါ်သေးတော့ ရွှေပုဇွန်က ပီဇာအချပ်လေးတွေ ဝယ်လာပြီး ကျွေးတာ။ ကျွန်တော်ငယ်ငယ်တုန်းက အမေက အရမ်းရုန်းကန်ရတော့ စီးပွားရေးမပြေလည်ဘူး။ မကြာမကြာ ပီဇာဝယ်မကျွေးနိုင်ဘူး။ ဒါပေမဲ့ ကျွန်တော်ကြိုက်တာသိတော့ ပိုက်ဆံစုပြီးဝယ်ကျွေးပါတယ်။ ငယ်ငယ်ကတော့ ပီဇာဆိုတာ အီတလီစာဆိုတာ ဘယ်သိမလဲ။ ဘိုစာတစ်မျိုးပဲပေါ့။ နည်းနည်းကြီးလာတော့ ဖုန်းတွေဘာတွေသုံးတတ်တော့ ရှာဖတ်ကြည့်တော့ ပီဇာက အီတလီလူမျိုးတွေ တန်ဖိုးထားတဲ့ သူတို့စားစရာတစ်မျိုးဆိုတာသိလာတယ်။ ပီဇာနဲ့အတူ အမေမိတ်ဆက်ပေးခဲ့တာက စာအုပ်တွေနဲ့ ဘောလုံးအားကစားပဲ။ ကျွန်တော်ငယ်ငယ်ကတည်းက အခန်းထဲမှာ ရွန်းနီပုံတွေ နံရံပြည့်ကပ်ပေးထားတာမျိုးပေါ့။ ရွန်းနီကိုကြည့်ပြီး ကြီးလာပေမဲ့ နိုင်ငံအသင်းမှာတော့ အီတလီကိုအရူးအမူးသဘောကျလာတယ်။ ပီဇာကြောင့်လားဆိုတာတော့ ခုထိမသိသေးပါဘူး။ အခုပြောချင်တာ ဘောလုံးထက် အဲ့မြို့လေးအကြောင်းပါ။

အီတလီနိုင်ငံတော်သီချင်းကို အင်္ဂလိပ်စာကိုကောင်းကောင်း မရေးတတ်၊ မဖတ်တတ်ခင်ကတည်းက ကျွမ်းဝင်တယ်။ အီတလီနိုင်ငံအသင်းက ကစားသမားတွေဟာ ခေတ်အဆက်ဆက် နိုင်ငံတော်သီချင်းကို အားနဲ့မာန်နဲ့ဆိုပြတတ်လို့ နာမည်ကြီးတယ်။ "တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ တို့မြေ" ဆိုတာထက် "ဖာတဲလီ အီတဲလာ အီတာလီယာ စေဒက်ဆာ" ဆိုတဲ့ အသံက ကြက်သီးဖြန်းဖြန်းထအောင် လုပ်နိုင်တယ်ဆိုတာ မျက်နှာပူပူနဲ့ ဝန်ခံချင်ပါတယ်။ အီတလီနိုင်ငံတော်သီချင်းသံကြားရင် မျက်ရည်ဝဲတဲ့ထိ အဲ့သီချင်းကို ကြိုက်တယ်။ အီတလီနိုင်ငံအသင်းကို ကာနာဗာရို၊ ဒီရိုဆီတို့ကြောင့် စချစ်ခဲ့ပြီး ချီအဲဆားတို့ကိုလည်း ဆက်ချစ်နေတုန်းပဲ။ သူတို့အားလုံးထက် ပိုချစ်တာတော့ နေပယ်စ် (Naples)မြို့လေးပဲ။ Napoli ဆိုတဲ့ စီးရီးအေအသင်းအခြေစိုက်တဲ့ မြို့လေးဆိုရင် ပိုတွဲမြင်ကြမယ်ထင်ပါတယ်။ စီးရီးအေ ချန်ပီယံနှစ်ကြိမ်ဖြစ်ဖူးပြီး နာမည်ကျော် အာဂျင်တိုင်းကစားသမား မာရာဒိုနာကစားခဲ့တဲ့ အသင်းပေါ့။

နေပယ်စ်မြို့လေးက အီတလီမှာ တတိယအကြီးဆုံးမြို့လေးပေါ့။ ဒါပေမဲ့ ကမ္ဘာ့သမိုင်းနဲ့ယှဉ်ရင် ရှေးအကျဆုံးမြို့တော်တွေထဲတစ်ခုပဲ။ ၈ရာစုကတည်းက တည်ထောင်ခဲ့တဲ့မြို့လေးပါ။ ခေတ်အဆက်ဆက်မှာ classical musicနဲ့ ပတ်သက်ရင် နာမည်ကြီးခဲ့တဲ့‌မြို့ပေါ့။ ဖက်ဆစ်ခေါင်းဆောင် မူဆိုလီနီလက်ထက်မှာတော့ ဗုံးဒဏ်အလူးအလဲခံခဲ့ရတယ် ဖတ်ဖူးတယ်။‌ နေပယ်စ်မြို့လေးက ၂၀ရာစုကတည်းက ခုထိစီးပွားရေးလည်း အင်မတန်တိုးတက်တယ်ပြောကြတယ်။ ပီဇာကြိုက်တဲ့ ကျွန်တော် အဲ့မြို့လေးကို အီတလီက မြို့အားလုံးထဲကမှ အချစ်ဆုံးဖြစ်လာသလဲ‌ဆိုတာ မထူးဆန်းပါဘူး။ ပီဇာကို အဲ့မြို့လေးမှာ ၁၈ရာစုဝန်းကျင်လောက်က စတင်တီထွင်ခဲ့ကြတာပါ။ လက်ရှိမှာလည်း ‌မြို့လယ်ခေါင်တောင် ကားအသေကြပ်တဲ့ အဲ့မြို့လေးမှာ Neapolitan Pizza (Naples Style Pizza)လို့ခေါ်ကြတဲ့ ပီဇာက ဂုဏ်ဆောင်ဖြစ်နေပြီး တစ်ကိုက်ကိုက်လိုက်မိရင်ကို ဘယ်ပီဇာမှ မစားချင်တော့အောင် ဖြစ်သွားတယ်လို့ အီတလီသားတွေက ဂုဏ်ယူပြီးပြောကြတယ်။ ကျွန်တော်ယုံပါတယ်။ ပီဇာကအစပြုလို့ လိုက်ကြည့်မိတဲ့ အဲ့မြို့လေးက ရှုခင်းတွေသာယာရုံသာမက မြို့ဂုဏ်ဆောင်ပီဇာကလည်း ကျွန်တော့်ကို နေပယ်စ်ကိုပိုချစ်အောင် လုပ်နိုင်မယ်ဆိုတာကိုပေါ့။

နေပယ်စ်အိပ်မက်ကို ကျွန်တော် ဆွဲကိုင်ထားဖို့ လက်တွေအားမရှိတော့တာ ကြာပါပြီ။ ဒါပေမဲ့ အိပ်မက်တွေထဲမှာ ကမ်းနားလမ်းတစ်ခုမှာ လွယ်အိတ်အစိမ်းလေးနဲ့ လမ်းလျှောက်နေတုန်းပဲ။ နေပယ်စ်ဆိုတာကို စိတ်ထဲကအလိုလိုသိတယ်။ ကျွန်တော် သေမလိုငိုပြီးရင် နေပယ်စ်မြို့လေးကို ကြည့်ပြီး အားတင်းတယ်။ ဒါပေမဲ့ ချစ်တဲ့နေပယ်စ်က မကယ်နိုင်တော့ရင် ကျွန်တော်ဘာကိုဆုပ်ကိုင်ထားဦးမလဲ။ ဥရောပနိုင်ငံတွေကို ချစ်လို့ ဥရောပမှာပဲ ကျောင်းတက်ချင်တဲ့ ကျွန်တော့်အိပ်မက်တွေက ၂၀၂၁ကတည်းက ရိုးတိုးရိပ်တိတ်ပဲ ကျန်တော့တာပါ။ ကျွန်တော်က စိတ်ခံစားမှုတွေကို ခံနိုင်ရည်မရှိတဲ့လူဆိုတာ သိသိလာပြီးတဲ့နောက် လုံးဝပျောက်ကွယ်သွားတော့မယ်ဆိုတာသိလာတယ်။ အစီအစဥ်အတိုင်းဆို ကျွန်တော်က ၂၀၂၁မှာ Master Degreeယူဖို့ ဂျာမနီရောက်နေမှာဖြစ်ပြီး ပိုလန်ဝက်အူချောင်းလေး နယ်စပ်မှာကိုက်လိုက်၊ nationalistအဘိုးကြီးတွေကို ဘီယာတိုက်ပြီး အာလူးဖုတ်လိုက် လုပ်နေမှာပဲ။

ခုတလော အိပ်မက်တွေတအားမက်တယ်။ စီးရီးအေပွဲစဉ်တွေကြည့်တိုင်း အိပ်ပျော်တတ်ပေမဲ့ Napoliအသင်းပွဲတွေတော့ ကြည့်ခဲ့တယ်။ စီးရီးအေလည်း ပြန်လာတော့မယ်။ ချန်ပီယံလိဂ်လည်းပြန်လာတော့မယ်။ Napoliဟာ ဒီရာသီ စီးရီအေချန်ပီယံဖြစ်ရင် ကျွန်တော်က jerseyတစ်ထည်လက်ဆောင်ရမှာလေ။ အပျော်လောင်းထားလို့။ ကျွန်တော်ကတော့ နေပယ်စ်မြို့လေးကို အဝေးကကြည့်နေတုန်းပဲ။ ကျွန်တော် Napoliအသင်းjerseyဝတ်ကြည့်ချင်တယ်။ Pizzaကို အဲ့မြို့လေးမှာထိုင်စားချင်တယ်။ Cigarစစ်စစ်ကြီး ခဲချင်တယ်။ ကျွန်တော့်ဘဝမှာ ရန်ကုန်ထက် နေပယ်စ်ကို ပိုချစ်ခဲ့တယ်ဆိုတာ သတိရစေချင်တယ်။


အိုနာနာရဲ့အပြောင်းအ‌‌ရွှေ့ကိစ္စတွေအပြီးမှာ ထပ်ပြီးအသံထွက်လာတာကတော့ ဆိုဖီယန်အမ်မရာဘတ်ပါ။ ယူနိုက်တက်က အမ်မရာဘတ်ကို အနီးကပ်...
11/07/2023

အိုနာနာရဲ့အပြောင်းအ‌‌ရွှေ့ကိစ္စတွေအပြီးမှာ ထပ်ပြီးအသံထွက်လာတာကတော့ ဆိုဖီယန်အမ်မရာဘတ်ပါ။ ယူနိုက်တက်က အမ်မရာဘတ်ကို အနီးကပ်စောင့်ကြည့်နေပြီး အိုနာနာနဲ့ နံပါတ်၉တိုက်စစ်နေရာအတွက် ဖြည့်တင်းပြီးရင် ခေါ်ယူဖို့ ရည်ရွယ်ထားပါတယ်။ လော‌လောဆယ် အခြေအနေတွေမှာလည်း အသင်းရဲ့ ဘက်ဂျက်အနေအထားအရ ‌ကစားသမားရောင်းချမှုကနေ ဝင်ငွေတစိတ်တပိုင်းရခဲ့ရင် အမ်မရာဘတ်ရဲ့ အပြောင်းအ‌ရွှေ့က ရုပ်လုံးပေါ်လာနိုင်တယ်လို့ talkSPORT ကတော့ ယခုလိုပဲ သုံးသပ်ထားပါတယ်။
ဆိုလိုတာတစ်ခုကတော့ ဆိုဖီယန်အမ်မရာဘတ်က မဖြစ်မနေ ခေါ်ယူချင်နေတဲ့ ယူနိုက်တက်ရဲ့ အဓိကပစ်မှတ်မဟုတ်သေးဘဲ ကစားသမားရောင်းချမှုကနေ ဝင်ငွေရခဲ့ရင်တော့ ဖီအိုရင်တီးနား ကွင်းလယ်လူကို ယူနိုက်တက်ဂျာစီနဲ့ မြင်တွေ့ရဖွယ်ရှိနေပါတယ်။ 🔴


တွမ်ဟော်လန်းကတော့ တကယ့်ငစားကောင်ပါ။ စပိုက်ဒါမန်းမင်းသားတစ်ယောက်ဖြစ်တဲ့ တွမ်ဟော်လန်ကို တော့တင်ဟမ်ဟော့စပါးပရိသတ်တစ်ဦးအနေနဲ...
11/07/2023

တွမ်ဟော်လန်းကတော့ တကယ့်ငစားကောင်ပါ။ စပိုက်ဒါမန်းမင်းသားတစ်ယောက်ဖြစ်တဲ့ တွမ်ဟော်လန်ကို တော့တင်ဟမ်ဟော့စပါးပရိသတ်တစ်ဦးအနေနဲ့ လူသိများပါတယ်။ အခုတော့ ဒီကောင်ကြီးက ဘာစီလိုနာဂျာစီကြီးဝတ်ပြီး "စပိန်မှာရှိတဲ့ ကျွန်တော့်သူငယ်ချင်းတွေအားလုံးက ဘာစီလိုနာကပါ။ ကျွန်တော် ငယ်ငယ်တုန်းကလည်း ဘာစီလိုနာကို သွားဖူးတယ် " လို့ ဆိုလာပြန်ပါတယ်။ ဒီတော့ တွမ်ဟော်လန်းကို ဘာစီလိုနာ ပရိသတ်တစ်ယောက်လို့ သတ်မှတ်ရတော့မှာပါ။
တွမ်ဟော်လန်းက ဘာစီလိုနာပရိသတ်တစ်ဦးဖြစ်သလို တော့တင်ဟမ်ဟော့စပါးပရိသတ်တစ်ဦးဖြစ်ပေမယ့်လည်း မကြာသေးမီကမှ ဟယ်ရီကိန်းနဲ့ ဆွန်ဟောင်မင်တို့နှစ်ယောက်ကို ဆုဖလားတွေရယူနိုင်ဖို့အတွက် ရီးယဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ တောင်းဆိုခဲ့ပါသေးတယ်။


အက်ရှလေ ဆိုင်မွန် ယန်းအက်ရှလေးယန်းလို့ပဲ လူသိများကြတာပါ။ အင်္ဂလန်သားလေးက အသက်၁၀နှစ်အရွယ်မှာကတည်းက ဝက်ဖို့ဒ်အကယ်ဒမီကို ရေ...
11/07/2023

အက်ရှလေ ဆိုင်မွန် ယန်း

အက်ရှလေးယန်းလို့ပဲ လူသိများကြတာပါ။ အင်္ဂလန်သားလေးက အသက်၁၀နှစ်အရွယ်မှာကတည်းက ဝက်ဖို့ဒ်အကယ်ဒမီကို ရောက်နေတဲ့သူ။ ကစားတဲ့နေရာမှာ တစ်ခြားကစားသမားတွေနဲ့မတူ တိုးတက်မှုတွေနောက်ကျလို့ အသင်းသစ်ကို ရှာတော့လို့တောင် အပြောခံခဲ့ရတဲ့သူပါ။ အသက်၁၈ နှစ်အရွယ်မှာတော့ ဝက်ဖို့ဒ်အသင်းကြီးနဲ့အတူ ပထမဆုံး ကစားခွင့်ရခဲ့တယ်။ ဝက်ဖို့ဒ်မှာ ၄ရာသီကြာ ကစားခဲ့ပြီး ၂၀၀၇ ခုနှစ်မှာတော့ အက်စတွန်ဗီလာကို ရောက်လာတယ်။ သူ့ရဲ့ကြိုးစားအားထုတ်မှုတွေက အရာထင်ခဲ့သလို ဒုတိယအသင်းခေါင်းဆောင်ရာထူးအထိပါ နေရာပေးခံခဲ့ရတဲ့သူပါ။

ယူနိုက်တက်ကို စရောက်တော့ ဗီလာနည်းပြသစ် အဲလက်စ်မက်လိရှ်က ယန်းကို ဆုံးရှုံးလိုက်ရလို့ ထိခိုက်ကြေကွဲရကြောင်း ပြောခဲ့ပါသေးတယ်။ ယူနိုက်တက်မှာတော့ ယန်းက အရာရာ ခမ်းနားခဲ့တာပါပဲ။ ပေါလ်စခိုးရဲ့ ကျောနံပါတ်၁၈ကို ဆက်ခံသူဖြစ်ခဲ့တယ်။ မန်စီးတီးကို (၂-၁) နဲ့ နိုင်တဲ့ ကွန်မြူနတီဒိုင်းပွဲမှာ ယူနိုက်တက်အတွက် ပထမဆုံးပွဲထွက် ကစားခဲ့ပြီး ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်ခဲ့ပါသေးတယ်။ ၂၀၁၁ခုနှစ် ဩဂုတ်လက ကစားခဲ့တဲ့ ဝက်စ်ဘရွန်းနဲ့ပွဲမှာ ရွန်းနီရဲ့သွင်းဂိုးကို ဖန်တီးပေးခဲ့ပြီး သူကိုယ်တိုင်လည်း ကိုယ့်ဂိုးကိုယ်ပြန်သွင်းခဲ့တယ်။

အာဆင်နယ်ကို (၈-၂) နဲ့ နိုင်တဲ့ပွဲက ယန်းအတွက် အမှတ်တရတွေ ပြည့်နေတဲ့ပွဲပါပဲ။ သူ့ရဲ့ ယူနိုက်တက်ကစားသမားဘဝ ပထမဆုံးဂိုးတွေက အာဆင်နယ်နဲ့မှ အရောင်တင်ခဲ့တယ်။ အာဆင်နယ်ကို မြှုပ်လိုက်တဲ့ အခေါင်းထဲမှာ ယန်းရိုက်ထည့်ပေးလိုက်တဲ့ သံ၂ချောင်းပါတယ်။ ဖာဂီခေတ်မှသည် ဒေးဗစ်မိုယက်စ်၊ လူးဝစ်ဗန်ဂါး၊ ဟိုဆေးမော်ရင်ညိုအထိ တောင်ပံကစားသမားဘဝကနေ အစွန် နောက်ခံလူတွေအဖြစ် သူဟာ ယူနိုက်တက်အတွက် ပေးဆပ်ကစားခဲ့တယ်။

မီးစာကုန် ဆီခမ်းလို့ ယူနိုက်တက်ကနေထွက်ပြီး အင်တာမီလန်ဆီရောက်၊ နောက်တစ်ရာသီမှာ ဇာတိမြေ အက်စတွန်ဗီလာကိုရောက်တဲ့အထိ အက်ရှ်လေယန်းက သူ့နေရာနဲ့သူ ကောင်းနေတုန်းပါပဲ။ အခုတော့ ၃၈ နှစ်သားကြီး အဲဗာတန်ကို ပြောင်းမယ်လို့ သတင်းတွေ ထွက်နေပါပြီ။ အသက်တွေကြီးလာတော့ ဒီတစ်နှစ်ကစားပြီးရင် ယန်းတစ်ယောက် အနားယူတော့မယ်ထင်ပါတယ်။

နားလည်း နားသင့်နေပြီ မဟုတ်ပါလား။


🚨NEWS -  ဟယ်ရီမက်ဂွိုင်းယားကတော့ ရာသီသစ် မစတင်မီမှာကိုပဲ ပေါ်တူဂီအထိသွားပြီး တကိုယ်တော်လေ့ကျင့်ခဲ့တယ်လို့ သိရပါတယ်။မက်ဂွ...
10/07/2023

🚨NEWS - ဟယ်ရီမက်ဂွိုင်းယားကတော့ ရာသီသစ် မစတင်မီမှာကိုပဲ ပေါ်တူဂီအထိသွားပြီး တကိုယ်တော်လေ့ကျင့်ခဲ့တယ်လို့ သိရပါတယ်။

မက်ဂွိုင်းယားရဲ့ နည်းပြဆရာကတော့ တခြားသူမဟုတ်ပါဘူး။ ချဲလ်ဆီးကစားသမားဟောင်း ပေါ်တူဂီဂန္တဝင်နောက်ခံလူ ရီကာဒိုကာဗယ်ဟိုနဲ့ပါ။ မက်ဂွိုင်းယားရဲ့ လေ့ကျင့်ရေးအချိန်တွေက သေချာတွက်ကြည့်ရင် မနည်းပါဘူး။ တစ်နေ့ကို ၃ကြိမ်လေ့ကျင်တယ်။ အဲ့လိုလေ့ကျင့်မှုမျိုးကို သီတင်းပတ် သုံးပတ်နီးပါး လေ့ကျင့်ခဲ့တာဖြစ်ပါတယ်။

မတည်မငြိမ် ခြေစွမ်းတွေကြောင့် ဝေဖန်မှုတွေ လုပ်ပြီးသွားရင် အခုလို တကိုယ်တော်လေ့ကျင့်နေတာကိုလည်း ချီးကျူးသင့်တယ်မဟုတ်လား။ အသင်းခေါင်းဆောင်ရာထူးကနေလည်း အဖြုတ်ခံရတော့မယ်လို့ သတင်းတွေထွက်နေချိန်မှာ မက်ဂွိုင်းယားက ကြိုးစားပြီး လေ့ကျင့်နေခဲ့တာပါပဲ။

ချီးကျူးသင့်ပါတယ်။


Address

Yae Kyaw Street
Yangon
11107

Alerts

Be the first to know and let us send you an email when First GOAL posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share


Other News & Media Websites in Yangon

Show All