HOME SHOP ONE

HOME SHOP ONE We post positive Japanese content. Post things like joy, fun, discoveries, surprises, customs and culture. We always bring happy to you. "Ureshii" means "happy"

ငွေစျေးတွေငြိမ်သွားလို့ ပုံမှန်စျေးအတိုင်းပဲ ပြန်ရောင်းပေးနေပါပီနော် အမျိုးတို့ အားပေးကြပါဦး🙏🙏🙏
12/09/2022

ငွေစျေးတွေငြိမ်သွားလို့ ပုံမှန်စျေးအတိုင်းပဲ ပြန်ရောင်းပေးနေပါပီနော် အမျိုးတို့ အားပေးကြပါဦး🙏🙏🙏

Page က Fb policy ငြိလို့ postတွေအကုန်ဖျတ်လိုက်ရပါတယ် နှမြောလိုက်တာ😔Page/ Messenger တွေ Error တက်နေလို့ စာတွေမဝင်ပါဘူးရှင...
08/07/2022

Page က Fb policy ငြိလို့ postတွေအကုန်ဖျတ်လိုက်ရပါတယ် နှမြောလိုက်တာ😔
Page/ Messenger တွေ Error တက်နေလို့ စာတွေမဝင်ပါဘူးရှင်
အ​သေးစိတ်သိရှိလိုပါက
Viber ☎ 09454523489 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

💃👩‍🍳 ခေတ်မီတဲ့ အိမ်ရှင်မတိုင်းအတွက်မရှိမဖြစ်ပစ္စည်းလေးတွေကို တနေရာထဲမှာရပါပီနော် 💁 Buy 1 Get 1 လေးတွေပါလို့ ၁ပုံချင်းစီ ...
30/05/2022

💃👩‍🍳 ခေတ်မီတဲ့ အိမ်ရှင်မတိုင်းအတွက်မရှိမဖြစ်ပစ္စည်းလေးတွေကို တနေရာထဲမှာရပါပီနော်
💁 Buy 1 Get 1 လေးတွေပါလို့ ၁ပုံချင်းစီ နှိပ်ကြည့်ဖို့မမေ့နဲ့နော်ချစ်တို့
🚴‍♀️🚍 တနိုင်ငံလုံးအိမ်အရောက်ငွေချေအမြန်ဆုံးပို့ပေးပါတယ် 🙅‍♂️ ငွေကြိုလွှဲစရာမလိုပါ🙅
☎ 09454523489 သို့အသေးစိတ်မေးမြန်းနိုင်ပါသည်။

18/02/2017
Top 15 Skin Whitening Foods to Eat

Top 15 Skin Whitening Foods to Eat

15 Type of Foods that can whiten your skin, Skin Whitening foods to eat, Whiten skin foods to eat, Food to eat for skin glowing, 1. Kiwi - maintain you skin ...

07/01/2017

ကျွမ်းကျင်သူတွေပြောတဲ့ရေမွှေးအကြောင်း
============================

ရေမွှေးများကို သင်မည်ကဲ့သို့ သိမ်းဆည်းပါသလဲ။ မည်သည့်နေရာများတွင် ရေမွှေးဆွတ်ပါသလဲ။ မိမိခန္ဓာကိုယ်တွင် ရေမွှေးရနံ့ ကြာရှည်စွာ သင်းပျံ့နေစေရန်၊ ပို၍ဆွဲဆောင်မှု ရှိသော မွှေးရနံ့ ပိုင်ရှင်ဖြစ်စေရန်၊ ရေမွှေးအားတန်ဖိုးရှိရှိအသုံးပြုတတ်ရန် အာရုံခံ အနံ့နှင့်ပတ်သက်လို့ အထူးပြု ကျွမ်းကျင်သူများရဲ့ အကြုံပြုချက်တွေကို စုဆောင်းတင်ပြလိုက်ပါတယ်။

နာမည်ကြီးရေမွှေးအမှတ်တံဆိပ်တွေဖြစ်တဲ့ Valentina Acqua Floreale and Nina L'Eau တို့ကိုဖော်စပ်သူ ရေမွှေးပညာရှင် အိုလီဗီယာခရိပ်စ်က ရေမွှေးနဲ့ပတ်သက်လို့ ဆောင်ရန် ရှောင်ရန်တွေကို အကြံပေးထားတာပါ။

ရေမွှေးပုလင်းတွေကို ရေချိုးခန်းထဲမှာရှိတဲ့ ပူပြင်းတဲ့ မီးရောင်အောက်မှာ သိမ်းဆည်းထားမယ်ဆိုရင် ရေမွှေးပုလင်းရဲ့ အထက်ဖက်ပိုင်းကို အပူချိန်ပိုမိုကျရောက်နိုင်တာကြောင့် ရေမွှေးရဲ့ ရနံ့ဟာ သာမန်ထက်ပိုပြီး စူးရှခြင်း၊ ဒါမှမဟုတ် တစ်ခါတရံ အာနိသင်ပြယ်ခြင်း တို့ကို ဖြစ်ပေါ်စေတတ်ပါတယ်။ ကိုယ့်ရဲ့ ရေမွှေး ပုလင်းတွေကို အနံ့မပြယ်ဘဲ တာရှည်စွာ အသုံးပြုနိုင်ဖို့ ရေခဲသေတ္တာလို အေးမြတဲ့ နေရာတွေမှာ သိမ်းဆည်းထားဖို့ လိုအပ်ပါတယ်။

ပွဲလမ်းသဘင်အမျိုးမျိုးနဲ့ သင့်လျော်တဲ့ ရာသီဥတုတွေမှာ အသုံးပြုနိုင်ဖို့ ရေမွှေးရနံ့ မျိုးစုံကို ၀ယ်ယူစုဆောင်း ထားသင့်ပါတယ်။ မတူညီသောရနံ့ရှိတဲ့ ရေမွှေး (၅)မျိုး (ဒါမှမဟုတ်) (၆)မျိုးအား စုဆောင်းထားဖို့ အကြံ ပြုပါတယ်။

ရနံ့ပြင်းထန်တဲ့ ရေမွှေးတွေကို သင့်ရဲ့မင်္ဂလာပွဲနေ့မှာ အသုံးမပြုဘဲ အဲ့ဒီအစား ကဗျာဆန်သောစံပယ်ရနံ့ (ဒါမှမဟုတ်) နှင်းဆီရနံ့ရှိတဲ့ ရေမွှေးများကို သင်းရုံလေးသာဆွတ်ပေးသင့်ပါတယ်။

တကယ်လို့ သင်ဟာသင်နှစ်သက်မြတ်နိုးနေသူတစ်ဦးနဲ့ ပထမဦးဆုံးအကြိမ်ချိန်းတွေ့ပြီဆိုရင်လည်း အနံ့ မွှေးအီနေတဲ့ ရေမွှေးတွေကို အသုံးမပြုသင့်ပါဘူး။ တစ်ဖက်သားရဲ့ စိတ်ကိုလှုံဆော် နှိုးဆွပေးလိုက်ဖို့ အနံ့ရှိန်းရှိန်းရှိသော ရေမွှေးတွေကိုသာအသုံးပြုသင့်ပါတယ်။

အလုပ်အင်တာဗျူးများ သွားရောက်ဖြေဆိုတဲ့အခါမှာလည်း အနံ့ပြင်းပြင်းရေမွှေးမျိုးကို အလွန်အကျွံ အသုံးမပြုသင့်ဘဲ အိနြေ္ဒရတဲ့ ရနံ့များကိုသာအသုံးပြုသင့်တာပါ။ ရေမွှေးရနံ့များ ကိုယ်နဲ့အတူ ကြာရှည်စွာ ရှိနေစေဖို့ ရေမွှေးဆွတ်တဲ့အခါမှာလည်း ခန္ဓာကိုယ်မှာ ဆွတ်မယ့်အစား ဆံပင်မှာ ဆွတ်ဖျန်းသင့်ပါတယ်။ အရေပြားပေါ်မှာရှိတဲ့ မွှေးရနံ့ထက် ဆံပင်မှာ ဆွဲငြိသွားတဲ့ မွှေးရနံ့က ပို၍တာရှည်ခံလို့ပါ။ ဒါ့အပြင် ကိုယ့်ရဲ့ ဦးခေါင်းနဲ့ ဆံပင်ကို လှုပ်ရှားလိုက်တိုင်းလည်း ရေမွှေးရနံ့ဟာ သဘာဝကျကျသင်းပျံ့နေတတ်ပါတယ်။

Hermes အမည်ရှိ ရေမွှေးကိုဖော်စပ်သူ ရှောင်န် ကလော်ဒီ အယ်လန်နားကတော့ “ ရနံ့ဆိုတာ အင်မတန်မှ အရေးကြီးတဲ့ အရာတစ်ခုပါ။ အမျိုးသမီးသုံး၊ အမျိုးသားသုံး ရေမွှေးရယ်လို့ ခွဲခြားမနေဘဲ ရနံ့တစ်ခုတည်းကို ရှေးရှုလို့ သင်အသုံးပြုမယ့် ရေမွှေးကို ရွေးချယ်ပါ။ ရနံ့ကနေရရှိလာတဲ့ ခံစားမှုက အဓိကပါပဲ။”လို့ မှတ်ချက်ပြုထားပါတယ်။

ရေမွှေးဖော်စပ်သူ နောက်တစ်ဦးဖြစ်တဲ့ စပ်ခ်ျလွတ်တန်စ် ဆိုသူကလည်း “ရေမွှေးအသစ်တမျိုးမျိုးကို သင့်အရေပြားပေါ်မှာ ဆွတ်ဖျန်းကြည့်လိုက်ပါ။ အရေပြားဆိုတာ ထိတွေ့ခံစားမှုကို ဆောင်ရွက်ပေးနိုင်ပြီး ဆွတ်လိုက်တဲ့ရေမွှေးရနံ့ကို တုန့်ပြန်နိုင်တယ်၊ ဖော်ပြနိုင်တယ်”လို့ ရေမွှေးအသစ်များကို မိမိအရေပြားပေါ်တွင် ဆွတ်ဖျန်းလို့ တုန့်ပြန်မှုကို လေ့လာနိုင်ကြောင်း ပြောဆိုထားပါတယ်။ ပြီးတော့ “ ရေမွှေးတွေကို မှန်ကန်တဲ့နေရာမှာ ထားရှိပေးဖို့ လိုအပ်တယ်။ ၀ိုင်အရက်လိုပါပဲ၊ သင့်လျော်တဲ့နေရာမှာ မထားတတ်ဖူးဆိုရင် အချိန်ကြာလာတာနဲ့ အမျှ ပျက်စီးသွားတတ်ပါတယ်။”လို့လည်း ရေမွှေးတွေကို စနစ်တကျ ထားသိုတတ်ဖို့ တိုက်တွန်းထားပါတယ်။

Annick Goutal ရေမွှေးကို ဖော်စပ်သူ ကမေးလ် ဂေါ်တာလ် ကတော့ “ ဆံသားတွေ မပျက်စီးစေချင်ရင် ရေမွှေးကို ဆံပင်မှာ ဖျန်းမယ့်အစား ခေါင်းဘီးကို ရေမွှေးဖျန်းပေးပါ။ ရနံ့ပြင်းထန်တဲ့ရေမွှေးတွေကို အသုံးပြုချင်ရင်တော့ မိမိရဲ့ ကုတ်အကျီ နဲ့ ခြုံထည်များပေါ်မှာ တညအလိုကတည်းက ရေမွှေးဆွတ်ထားပေးပါ။ ဒီလို ပြုလုပ်ထားပါက နောက်တစ်နေ့မနက် အလုပ်သို့ ရောက်သောအခါ ရေမွှေးရနံ့မှာ အလွန်တရာ စူရှနေခြင်းမျိုးမရှိဘဲ အနေတော် ဖြစ်နေပါလိမ့်မယ်။ တကယ်လို့ ရေမွှေးက အလွန်မွှေးအီတဲ့ အမျိုးအစားဖြစ်နေပါက အလွန်အကျွံ မဆွတ်ဖျန်းမိစေဖို့ သတိပြုပါ။ တကယ်လို့ မိမိအသုံးပြုတဲ့ရေမွှေးဟာ အနံ့သိပ်ပြင်းထန်မှု မရှိဘူးလို့ ခံစားရရင်တော့ လိုက်ဖက်တဲ့ ရေချိုးခရင်မ် သို့မဟုတ် ကိုယ်လိမ်းခရင်မ်တွေနဲ့ တွဲဖက်လို့ အသုံးပြုသင့်ပါတယ်။ နောက်တစ်ခုက ရေမွှေးကို သွေးခုန်နှုန်းခံစားလို့ရတဲ့ တကောက်ကွေး၊ နားရဲ့အနောက်ဖက်နဲ့ လက်ကောက်ဝတ်တို့ တွင်သာမက လည်ပင်းနဲ့ ချိုင်းနေရာတွေမှာလည်း ဆွတ်ဖျန်းလို့ရပါသေးတယ်။ အဲဒီနေရာတွေကတော့ ရနံ့ကို အမှန်အကန် သင်းပျံ့စေနိုင်တဲ့ ရေမွှေးဆွတ်ဖျန်းဖို့ အကောင်းဆုံးနေရာတွေ ဖြစ်လို့ တစ်စက်နှစ်စက် တင်လိုက်ရုံနဲ့ လုံလောက်နေပါပြီ။”လို့ အကြုံပြု ထားပါသည်

05/01/2017

မျက်နှာအဆီပြန်ခြင်းကင်းဝေးစေဖို့ နည်းလမ်း (၅) သွယ်

(၁) မျက်နှာတစ်နေ့နှစ်ကြိမ်သစ်ပါ။

အဆီပြန်ခြင်းကင်းဝေးစေရန် မျက်နှာကို Facial Form နဲ့ ပုံမှန်တစ်နေ့ (၂) ကြိမ်သစ်ဖို့လိုအပ်ပါတယ်။ မျက်နှာသစ်တဲ့နေရာမှာလည်း နည်းလမ်းမှန်ကန်စွာသစ်ဖို့နဲ့ ကိုယ်နဲ့သင့်တော်မယ့် မျက်နှာသစ်ဆပ်ပြာကို ရွေးချယ်ဖို့ကလည်း အရေးကြီးပါတယ်။

(၂) Moisturizer မသုံးပါနှင့်။

မျက်နှာအဆီပြန်သူတွေအနေနဲ့ အစိုဓာတ်ဖြည့်တင်းပေးမယ့် Moisturizer ကိုမသုံးဖို့ အကြံပြုပါရစေ။ Moisturizer အသုံးပြုမိတဲ့အခါ အဆီပြန်ခြင်းကိုပိုပြီး အားပေးသလိုဖြစ်နေတတ်ပါတယ်။

(၃) Matte Primer သုံးပေးပါ။

မျက်နှာသစ်ပြီး Foundation မလိမ်းခင် Moisturizer အစား Matte Primer လိမ်းဖို့ လိုအပ်ပါတယ်။ Matte Primer လိမ်းခြင်းအားဖြင့် အသားအရေကို တင်းတင်းလေးနဲ့အစိုဓာတ်လျော့ချပေးပြီး မိတ်ကပ်လိမ်းတဲ့အခါမှာလည်း အဆင်ပြေစေမှာဖြစ်ပါတယ်။

(၄) သင့်တော်တဲ့အစားအသောက်စားသုံးပါ။

အသီးအရွက်များများစားသုံးပေးခြင်းအားဖြင့်လည်း အဆီပြန်ခြင်းကိုသက်သာစေပါတယ်။ ဆီကြော်အစားအစာများကို တက်နိုင်သမျှရှောင်ပါလို့ အကြံပြုလိုက်ပါတယ်။

(၅) အရေပြားဆရာဝန်နဲ့တိုင်ပင်ပါ။

အသားအရေပြဿနာများအတွက် ဖြေရှင်းဖို့အကောင်းဆုံးနည်းလမ်းကတော့ အရေပြားဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ပုံမှန်ပြသပေးပြီး လိုအပ်တဲ့ ကုသမှုနဲ့ Treatment များကို ပြုလုပ်ပေးခြင်းအားဖြင့် အကျိုးကျေးဇူးများစွာရရှိမှာဖြစ်ပါတယ်။

#အလှအပရေးရာ

03/12/2016

Soft Hair ဆံပင်မကြမ်းအောင် ဘယ်လိုလုပ်မရမလဲ

၁။ နေ့တိုင်းခေါင်းလျှော်ရင် ဆံပင်ပိုကြမ်းတယ်။ ရေခပ်နွေးနွေးနဲ့ ခေါင်းလျှော်ပါ။

၂။ ရေနွေး ၁ ခွက် + Calgon, 20-mule Borax ဇွန်းသေး ၂ ဇွန်း ရောပါ။ ခေါင်းကိုလိမ်းပါ။

၃။ Regular conditioner ပုံမှန် ကွန်ဒီရှင်နာဖြစ်ဖြစ် Salon-quality ကွန်ဒီရှင်နာဆိုင်သုံး ဖြစ်ဖြစ်သုံးပါ။

၎။ Anti-frizz hair oil ဆီလိမ်းပါ။

၅။ Blow dryers Flat irons တွေ မသုံးပါနဲ့။

၆။ Hairspray သုံးရင် မများစေနဲ့။

၇။ Dying ဆေးဆိုတာနဲ့ Highlighting အရောင်ရင့်သန်စေတာ မလုပ်ပါနဲ့။

၈။ Filter တခုဝယ်သုံးပါ။

၉။ ခေါင်းလျှော်ပြီးတိုင်း၊ ကွန်ဒီရှင်နာသုံးပြီးတိုင်း၊ ခေါင်းဖီးပြီးတိုင်း၊ Leave-in conditioner ဖြစ်ဖြစ် Dry shampoo ဖြစ်ဖြစ် သုံးပါ။

၁ဝ။ ကြက်ဥသုံးကြည့်ပါ။ တနာရီထားပါ။ နောက် ပြောင်စင်အောင်ဆေးလိုက်ပါ။ ညမအိပ်ခင်လိမ်းထားနိုင်တယ်။ မနက်မှ ဆေးပါ။

၁၁။ ဆီပူနဲ့ တပါတ်တခါလိမ်းပါ။ သဘာဝဆီ၊ Rosemary ဖြစ်ဖြစ် Lavender ဖြစ်ဖြစ် ဆီသုံးနိုင်တယ်။

၁၂။ Conditioner သုံးရင် ပြောင်စင်အောင်မဆေးဘဲထားပါ။ စိုနေတုံးမှာ ဆံပင်မဖီးပါနဲ့။

ဒေါက်တာတင့်ဆွေ

03/12/2016

မိတ်ကပ်ရွေးနည်းလမ်းညွှန်

လူတွေရဲ့  အသားအရေအရောင်ကွဲပြားခြင်း နဲ့  အရေပြားဆဲလ်/တစ်ရှုးများဖွဲ
့စည်းတည်ဆောက်ပုံ မတူညီခြင်းတို့ ကြောင့် အလှ ကုန်ဈေးကွက်ထဲမှာ
မိတ်ကပ်အမျိုးမျိုးရောင်းချလျှက်ရှိပါတယ်။ မိမိအသားအရေနဲ့ ကိုက်ညီတဲ့
အောက်ခံမိတ်ကပ်လိမ်းခြယ်ခြင်း က ပင်ကိုယ်ထက်သိသိသာသာလှပလာစေသလို၊
မျက်နှာပေါ်ရှိ အမာရွတ်၊ အသားအရေအရောင်မညီမျှခြင်း၊ အရေးအကြောင်း များ စသည်တို
့ကိုယာယီအားဖြင့် ဖုံးဖိပေးရုံသာမက၊ စွဲစွဲမြဲမြဲလိမ်းခြင်းဖြင့်
မျက်နှာအသားအရေကောင်းမွန်လာပါတယ်။ သို့  သော်အရွေးမှားရင်ဖြင့် အဖုအပိမ့် နဲ
့ဝက်ခြံတွေထွက်လာကာ အသားအရေပျက်စီးစေတာကြောင့် နောင်ရေးစိတ်အေးရအောင်
သေသေချာချာရွေးဝယ်ကြပါ။
(၁) မိတ်ကပ်တွေကို လူသုံးကုန်ပစ္စည်းအစုံအလင်ရောင်းချသော
ဆိုင်ကြီးတွေမှာဝယ်တာထက်၊ အလှကုန်သီးသန့် ရောင်း တဲ့ဆိုင်(ကောင်တာ)မျိုးမှာသာာ
ရွေးဝယ်သင့်ပါတယ်။ ဒါမှသာ အသားအရေအမျိုးမျိုးအတွက် အမျိုးအစားစုံ၊ အရောင်စုံ
ပစ္စည်းတွေထဲက မိမိအတွက်အလိုက်ဖက်ဆုံးမိတ်ကပ်ကို စိတ်ကြိုက်ရွေးနိုင်မှာပါ။
ဒါ့ပြင် ကောင်တာအရောင်းဝန်ထမ်း က မိတ်ကပ်အကြောင်းကို မိမိထက်ပိုမိုနားလည်နှံ
့စပ်တာကြောင့် သူမရဲ့ အကူအညီက မိတ်ကပ်ကောင်းရဖို့ များစွာ အထောက်အပံ့
ဖြစ်စေပါတယ်။
(၂) မိမိအသားအရေအရောင်ထက် နဲနဲဖျော့တဲ့ မိတ်ကပ်အရောင်ကိုသာ ရွေးပေးပါ။
(၃) အဆီပြန်အသားအရေပိုင်ရှင်များအဖို့  အဆီများသော/ကရင်မ်များသော
မိတ်ကပ်ကိုမ၀ယ်မိပါစေနဲ့ ။ oil free စာတန်း ပါတဲ့ ပစ္စည်းကိုရွေးပါ။
(၄) pan cake(ခေါ်)မိတ်ကပ်အခြောက်က အတန်ငယ်ဆွဲရတာကြောင့် အရေပြားခြောက်သွေ
့သူတွေနဲ့ လုံးဝ မသင့်တော် ပါဘူး။ moisturizer စာတန်းပါတဲ့ ပစ္စည်းကိုသာ ရွေးပါ။
(၅) ဥပမာ မိမိသုံးနေကျ မိတ်ကပ်အမျိုးအစားကိုပင်၊ ပိုမိုကောင်းမွန်အောင်
ဗီတာမင်များ၊ SPF(ခေါ်)နေလောင်ခံကာကွယ် နှုန်းထားများတိုးမြှင့်၍
အသစ်ဖော်မြူလာဖြင့်ပြုပြင်ဖော်စပ်ထားတဲ့
အောက်ခံမိတ်ကပ်တွေရှိသော်လည်း မျက်စေ့စုံမှိတ်
မ၀ယ်လိုက်ပါနဲ့ ဦး၊ မိမိအသားအရေနဲ့ တကယ်တည့်/မတည့်သိရအောင်၊
မေးရိုးအောက်ကအရေပြားကို မိတ်ကပ်နဲနဲ တို့ လိမ်းစမ်းကြည့်ပါ။ အသားအရေနဲ
့မိတ်ကပ်အရောင်ဟပ်စပ်တယ်၊ ပူလောင်/ယားယံခြင်းလည်း မရှိဘူးဆိုမှသာ
စိတ်ချလက်ချဝယ်ပါ။ (မိန်းကလေး တော်တော်များများက လက်ကောက်ဝတ်အောက်(သို
့မဟုတ်)လက်ခုံပေါ်တွေမှာ မှားယွင်းစွာဖြင့် မိတ်ကပ်စမ်းသပ်နေကြပါတယ်။ တကယ်တော့
မိတ်ကပ်စမ်းသပ်နည်းနေရာမှန်က မေးရိုးအောက်ပိုင်း ဖြစ်ပါတယ်။)
(၆) မိမိအသက်အရွယ်နဲ့ လိုက်ဖက်တဲ့မိတ်ကပ်ရွေးချယ်တတ်ဖို့ ကလည်း
ပဓာနကျပါတယ်။ အသက် ၂၀ အရွယ် မိန်းက လေးများက
အသားအရေပြဿနာမရှိလှတဲ့အတွက်ကြောင့် oil free နဲ့ ပုလဲမိတ်ကပ်တို့ ကိုရွေးပါ။
အသက် ၃၀ အရွယ် တွေက pan cakes နဲ့  အနည်းငယ်ခဲပျစ်တဲ့
မိတ်ကပ်အတောင့်(ခေါ်)foundation sticks ကိုရွေးပါ။ အသက် ၄၀ အရွယ်တွေမှာ
တင်းတိပ်နဲ့ မှည့်ခြောက်များထွက်လာပြီး၊ အသားအရောင် မတူညီတာတွေဖြစ်လာတတ်လို့ ၊
ထို အညို အကွက်များကိုဖုံးဖိရန်အတွက် ပုံမှန်လိမ်းနေကျမိတ်ကပ်အရောင်အပြင်၊
၎င်းအရောင်ထက် ပိုဖျော့တဲ့ နောက်ထပ် မိတ် ကပ် ၁-ဗူးဝယ်ပြီး
အညိရောင်အတွက်တွေပေါ်ရွေး၍ ဖုံးဖိလိမ်းပေးရပါမယ်။ အသက် ၄၀ အရွယ်တွေက
မိတ်ကပ်အပျစ် နဲ့ သင့်တော်ပြီး၊ အသက် ၅၀ နဲ့ အထက် အမျိုးသမီးကြီးတွေအတွက်ကတော့
မိတ်ကပ်အရည်သာလျှင် အကောင်းဆုံး ပါဘဲ။

အလှအပမြတ်နိုးသူတိုင်း လှသထက်ပို၍လှနိုင်ကြပါစေ။

(ဆောင်းပါးရှင်…တင်ထက်ထက်ဇော်…)

03/11/2016

အလှအပပစ္စည်းများကို လေ့လာခြင်း

(၁) Toner
Tonerဆိုတာ မျက်နှာသန့်စင်တဲ့ အရည်ကြည်တမျိုးဖြစ်ပါတယ်။ တိုနာအာနိသင်က အညစ်အကြေးကို အဓိကဖယ်ရှားသန့်စင်ပေးတာ ဖြစ်တယ်။ မျက်နှာသစ်တွေသုံးပြီး ကျန်နေနိုင်တဲ့ အညစ်အကြေးကို ဗာတိုနာက ကောင်းကောင်းဖယ်ရှားပေးနိုင်တယ်။ နောက်ပြီး မျက်နှာအဆီပေါက်တွေကို ကျဉ်းစေတာမို့ အဆီပြန်ခြင်း ကင်းစင်စေတယ်။ အထူးသဖြင့် မိတ်ကပ်သုံးသူအများစုဟာ တိုနာသုံးသင့်တယ်။

(၂) Mist
Mist ဆိုတာ အရည်တမျိုးပဲ။ toner နဲ့နည်းနည်းဆင်တယ်။ ဒါပေမယ့် အာနိသင်မတူညီပါဘူး။ mist ထဲမှာ သဘာဝဆီ၊ ပန်းဆီ၊ အလှဆီနဲ့ ရေဓာတ် တို့ပါလေ့ရှိတယ်။ အာနိသင်က အရေပြား pH ကို မှန်စေတယ်။ အစိုဓာတ်ကို ထိန်းပေးပြီး မျက်နှာပြင်ကို အေးမြစေတယ်။ ပုလင်းနဲ့လာပြီး အရှေ့တိုင်းသားတွေကို မျက်နှာခြောက်သွေ့တဲ့အခါ ဖြန်းလေ့ရှိတယ်။ နွေရာသီမှာ အဓိက အသုံးဝင်တယ်။ တချို့က မိက်ကပ်မလိမ်းခင် ကြိုလိမ်းတတ်ကြတယ်။

(၃) Essence
essence က အားလုံးထဲမှာ ပြင်းအားအနည်းဆုံးပဲ။ ပုံမှန်အားဖြင့် ရေသာသာ အရည်ကြည်တမျိုးပဲ။ တချို့က treatment water လို့ခေါ်တယ်။ အရေပြားကို အဓိကပြုပြင်ပေးတယ်။ အမျိုးအစား သုံးမျိုးလာတယ်။
• whitening essence ဆိုတာ မျက်နှာ ဝင်းမွတ်တောက်ပတဲ့ နေရာမှာ သုံးတယ်။ Melvita Brightening essence ဆိုတဲ့ နာမည်နဲ့လာတယ်။
• pore control essence ကတော့ အဆီပြန်ခြင်းကို ထိန်းချုပ်တဲ့ နေရာမှာ အသုံးဝင်တယ်။ Loreal treatment essence ဆိုတာ အဆီထိနိးတဲ့နေရာမှာ ကောင်းတယ်။
• skin repairing essence က အရေပြားကို ပြုပြင်ပေးတာဖြစ်တယ်။Cremorlab Mineral Treatment essence နာမည်နဲ့လာတယ်။အားလုံးထဲမှာ နာမည်အကြီးဆုံးက အများသိတဲ့ SKII facial treatment essence ဖြစ်ပါတယ်။ ကျွန်တော်လည်း သုံးဖူးပါတယ်။ အခုလည်း သုံးတယ်။ အဆီဓာတ်အခြေခံတဲ့ Essence လိုမျိုးလည်း ရှိပါသေးတယ်။ အများစုက Mandelic acid ပါတယ်။

(၄) Serum
Serum က essenceထက် ဓာတုပါဝင်မှုပိုများတယ်။ နည်းနည်းပိုပြစ်တယ်။ ဒါ့ကြောင့် essenceထက် ဈေးအနည်းငယ်ပိုတယ်။ serumက အရေပြားအတွင်းပိုင်းထိ စိမ့်ဝင်စေပြီး အသားရောင်ကို ကြည်လင်ဝင်းပစေတယ်။ လေထုညစ်ညမ်းမှုကြောင့် အရေပြားပျက်ဆီးတာကို ကာကွယ်နိုင်တယ်။ အစိုဓာတ်ထိန်းပေးနိုင်ပေမယ့် moisturizer နဲ့ သဘာဝချင်း လုံးဝမတူပါ။ moisturizerက အရေပြားအပေါ်ယံကို ပြင်ပလေထု၊ ရာသီဥတုနဲ့တိုကိရိုက်မထိအောင် အလွှာပါးတခုနဲ့ ကာကွယ်ပေးတဲ့ သဘောသာဖြစ်တယ်။ Serum ကတော့ အရေပြားအတွင်းပိုငိးထိ နက်ရှိုင်းစွာ ဝင်ရောက်ပြီး အသားအရေနူညံ့စေတာဖြစ်တယ်။ serum က အရေပြားတွန့်တာကို ကာကွယ်ပေးနိုင်ပေမယ့် လူတိုင်း serum သုံးလို့ရပါတယ်။
serum ထဲမှာ ရေဓာတ်အခြေခံ(water based serum) နဲ့ အဆီအခြေခံ (Oil based serum)ဆိုပြီး နှစိမျိုးရှိတယ်။ Oil based serumတွေထဲမှာ Vitamin C (သို့) retinol လိုမျိုးပါလေ့ရှိတယ်။ အာနိသင်ပေါ်မူတည်ပြီး ထုတ်ထားတဲ့ Serum သုံးမျိုးရှိတယ်။
• anti-aging serumဆိုတာ အရေပြားတွန့်သူ တွေမှာအဓိကသုံးတယ်။
• pore tightening serum ကတော့ ဝက်ခြံထွက်သူ၊ အဆီပြန်သူ၊ အဆီဂလင်းများသူတွေမှာ သုံးတယ်
• brightening serum ကတော့ အရေပြားကို ဝင်းမွတ်စေတဲ့ အမျိုးအစားဖြစိတယ်။

(၅) Ampoule
Ampoule က ဒီသုံးမျိုးထဲမှာ သူကအရည်အပျစ်ဆုံးနဲ့ ပါဝင်မှုအများဆုံးပဲ။ serum ထက် ဈေးနည်းနည်းပိုကြီးတယ်။ ဗီတာမင်နဲ့ အပင်အင်ဇိုင်းတွေ ပါလေ့ရှိတယ်။ အသားအရောင်ကို ညီညာ ချောမွတ်စေပြီး အရေပြားထဲ ပိုမိုစိမ့်ဝင်နိုင်တယ်။ အချိန်တိုအတွင်း အာနိသင်အထိရောက်ဆုံးပဲ။ brightening ampoule က အရေပြားတောက်ပစေဖို့ သုံးတယ်။လိမ်းထားရင် အသားရောင် ကြည်လင်နေတယ်။ collagen ampoule (သို့) wrinkle reducer ampouleက အရေပြားတင်းရင်းစေဖို့ သုံးတယ်။ အထူးသဖြင့် အသက်ကြီးရင့်သူတွေ သုံးနိုင်တယ်။
ပုံမှန်အားဖြင့် မိပ်ကပ်တွေ ကြာရှည်ခံအောင် hydrating (သို့) makeup ampoules တွေကို သုံးတယ်။ အထူးသဖြင့် မင်္ဂလာဆောင်တွေမှာ သုံးကြတယ်။ လေနဲ့ထိရင် ဓာတ်ပြုလွယ်လို့ vial လေလုံတဲ့ပုလင်းထဲ ထားရတယ်။

ပါဝင်တဲ့ပြင်းအား - ampoule > serum> essence .
အရောင်ပြောင်းလဲမှု - essence > ampoule > serum

(၆) Booster
booster ဆိုတာ serum/essence မလိမ်းခင်သုံးရတဲ့ပစ္စည်းတမျိုးဖြစ်ပါတယ်။ ဒါပေမယ့် တိုနာသုံးပြီးမှ လိမ်းရတယ်။ booster သုံးခြင်းအားဖြင့် essence/serum ရဲ့အာနိသင်ကို ပိုကောင်းစေတယ်။ အရေပြားအရောင်က ပုံမှန် ကြည်လင်တောက်ပလာတယ်။ မျက်နှာအသေားရောင်ပိုလင်းလာတယ်။

(၇) Floral water
သိပ်ထူးထူးဆန်းဆန်းမဟုတ်ပါဘူး။ ပန်းကို ရေနဲ့ စိမ်ပြီး ပေါငိးစပ်ထားတဲ့ အရညိတမျိုးဖြစ်ပါတယ်။ ဒီအရည်ကို toner, mist (သို့) moisturiser အနေနဲ့လညိး သုံးလို့်ရတယ်။ အရေပြားကို အေးမြစိုစွတိစေတယိ။ ရေဓာတ်ကို နညိးနည်းထိန်းပေးတယ်။ ဒါပေမယ့် moisturiser စစ်စစ်လို အာနိသင်မကောင်းပါ။ ဆောင်းရာသီမျိုးမှာ သိပ်အသုံးမဝင်ပါ။ Melvita Extraordinary water ဆိုတာ Floral water ပန်းအရည်တမျိုးဖြစိပါတယ်။

(၈) Finisher
နောက်ဆုံးမှသုံးလို့ skin finisher လို့လည်း ခေါ်တယ်။ မျက်နှာအရေပြား တောက်ပနေအောင်ပြုလုပ်ပေးတဲ့ ပစ္စည်းဖြစ်ပါတယ်။ တကယ်က အရောင်တင်တဲ့သဘောပါပဲ။ toner, serums/essence/ နဲ့ moisturisers အားလုံးသုံးပြီးနောက်မှ အပေါ်က ထပ်သုံးရတယ်။ အောက်မှာ ခံလိမ်းထားတဲ့ အရေပြားထိန်းပစ္စည်းတွေကို ကြာရှည်ခံအောင် ဖုံးပေးတဲ့သဘောပါပဲ။ အဲဒီရဲ့အပေါ်ကမှာ နေလောင်ကာလိမ်းဆေး၊ foundation၊ မိပ်ကပ်စတာတွေ ဆက်သုံးနိုင်တယ်။ ပုံမှန်အားဖြင့် နေ့ပိုင်းမှာသာ သုံးတယ်။ Sulwhasoo Luminate Essential Finisher ဆိုတဲ့နာမည်နဲ့လာတယ်။

(၉) Peeling Gel
အရေပြားအပေါ်ယံဆဲလ်ကို ခွာပေးတဲ့ ဂျယ်တမျိုးဖြစ်ပါတယ်။ scrubs လောက် မပြင်းဘူး၊ အပေါ်ယံ epothelium မှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးတယ်။ ပုံမှန်အားဖြင့် အာနိသင်ကောင်းအောင် ညဖက်မှာ သုံးပြီး sheet mask မသုံးခင်သုံုးကြတယ်။ ကိုရီးယားမှာ UGB Peeling Gel အနေနဲ့ လာပါတယ်။

အလှကုန်ပစ္စည်းတွေလိမ်းတဲ့အခါ တခုချင်းအာနိသင် သိရမယ်။ဒါမှကိုယ်နဲ့ကိုက်ညီတာကို ရွေးချယ်နိုင်မယ်။ အသားရေပေါ်လိုက်ပြီး သုံးရမယ့် လိမ်းဆေးတွေ မတူညီကြပါဘူး။
လိမ်းဆေးတွေကို ယေဘုယျ လေးမျိုးခွဲနိုင်တယ်။

• Emulsion
Emulsionဆိုတာ ရေဓာတ်အခြေခံ အစိုဓာတ်ထိန်းပစ္စည်းပါပဲ။ အဆီပြန်တဲ့အသားအရေအတွက် emulsion type ကို ရွေးချယ်သင့်တယ်။ အစိုဓာတ်ကို ထိနိးပေးရုံမက အသားအရောင်ကို နညိးနည်းတင်ပေးတယ်။အသားရောင် ဖြူစင်ဝင်းပစေတယ်။ အဆီဂလင်းပိတ်ဆို့မှု လျှော့နည်းစေတယ်။ အရေပြားပါးပြီး sensentive သိပ်ဖြစ်ရင် Emulsion ကိုသုံးပါ။

• Lotion
လိုးရှင်းဆိုတာ အရေပြားကို လိမ်းရတဲ့ ခပ်ကျဲကျဲအရည်ကို ခေါ်တာပါ။ Emulsion ထက် နည်းနည်းပိုပြစ်တယ်။ ဒါပေမယ့် ထုတ်တဲ့ နိုင်ငံပေါ်မူတည်ပြီး လက်တွေ့မှာ အခေါ်ဝေါ်တွေ မတူညီကြပါ။ ကိုရီးယားလိုးရှင်းတွေဟာ moisturizer အများစုမှာ သုံးတဲ့အခေါ်ဖြစ်ပါတယ်။ ဂျပန်လိုးရှငိးတွေဆိုရင် toner ကို အဓိကပြောချင်တာပါဂ။ ဥပမာ Kose Sekkisei Lotion ဆိုတာ refreshing toner တိုနာတမျိုး ဖြစ်ပါတယ်။

• Cream
အဆီကို အခြေခံထုတ်ထားတယ်။ ဒါပေမယ့် အဆီပြနိတဲ့အသားအရေမှာ မသုံးပဲ အရေပြားခြောကိသွေ့သူတွေ သုံးသင့်တယ်။ အထူးသဖြင့် ဆောငိးရာသီမှာ သုံးရတယ်။ ခရင်မ်တွေထဲမှာလည်း အသားဖြူတာ၊ အရေးအကြောငိးကင်းစင်တာ၊ ရေဓာတ်အားဖြည့်တာနဲ့ ဝက်ခြံအတွက်ဆိုပြီး ထုတ်ထားတယ်။ မိမိနှစ်သက်ရာ ရွေးချယ်သုံးပါ။

• Gel
ရေဓာတ်အခြေခံဖြစ်လို့ အဆီပြန်တဲ့အသားအရေတွက်သင့်တော်တယ်။ silicone or gylerin မျိုး ထည့်ထားတယ်။ ဂျယ်ပုံစံဖြစ်လို့ cream (သို့) emulsion တို့ထက် အရောင်ပိုကြည်တယ်။ သုံးထားရင် အရေပြားက သန့်စင်ကြည်လင်သလို ဖြစ်နေတယ်။ ဥပမာ Neutrogena Hydra Boost ဆိုတာ အစိုဓာတ်ထိန်းဂျယ်(Gel moisturizers )တမျိုး ဖြစ်ပါတယ်။

ခြုံသုံးသပ်ရရင် အဆီပြန်တဲ့အသားအရေမှာEmulsion နဲ့ Gel moisturizers ကို သုံးရမှာ ဖြစ်ပြီး အရေပြားခြောက်သွေ့သူမှာ Creamကိုသုံးရမှာ ဖြစ်ပါတယ်။ lotion ကတော့ ပါဝင်ပစ္စည်းကို ကြည့်ပြီး သုံးသင့်တယ်။ သာမန်အရေပြားအတွက် ဘယ်ပုံစံမဆို သုံးလို့ရပါတယ်။

ဒေါက်တာ အေးမင်းထူး
၁၄.၁၀.၁၆

02/11/2016

လိမ်းနည်းလေးတွေတင်ပေးပါဆိုလို့  video တင်ပေးရင် ကြည့်တဲ့သူတွေဖုန်းဘေကုန်မှာစိုးလို့  တဆင့်ချင်းစီ photoလေးတွေပဲ တင်ပေးမယ်နော်

Address

Thingangyun

Telephone

+819092420110

Website

Alerts

Be the first to know and let us send you an email when HOME SHOP ONE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Nearby media companies

  • RGG Jamming Studio

    RGG Jamming Studio

    သစ်စက်မှတ်တိုင်. သံသုမာလမ်း. ကြီးပွားရေး. သင်ကန်းကျွန်း. ရန်ကုန်, Yangon

Other Digital creator in Thingangyun

Show All