San Pya
San Pya Digital marketing လေ့လာသူတွေအတွက် အကျိုးရှိမဲ့
(4)
07/02/2021
🛑🛑 ဖုန်းလိုင်းတွေပြတ်သွားခဲ့ရင် ရေဒီယိုသတင်းနားထောင်ပါ
RFA, VOA, BBC
မြန်မာကလူတွေနဲ့ အဆက်သွယ်ရရင် အင်တာနက်မရှိလို့ သေချာပေါက်ရေဒီယိုနားထောင်ပေးဖို့ပြောပါ။
အချိန်ရှိလို့ပြောပြနိုင်ရင် အောက်က radio ကိန်းညွှန်းတွေပါ။
RFA မနက်(၇-၈) KHZ 7540 Meters 40 K7510 M40 K9510 M32
ည(၇-၈) K9350 M32 K11795 M25 K15120 M20
ည(၈-၉) K9955 M30 K11795 M25 K12055 M25 K13740 M22
K9380 M32
VOA မနက်(၆-၇) K9380 M32 K7480 M40 K6150 M48
VOA မနက်(၈-၉) K15110 M20 K11820 M25 K9335 M32
ည(၉-၁၀) K15450 M19 K11870 M25 K9335 M32
ည(၁၀-၁၁) K11870 M25 K9335 M32
BBC ည (၈-၈၁၅) K7465 M41 K9560 M31 K11995 M25
ကူးယူဖော်ပြပေးပါ။
“အရေးပေါ် အကြံပြုချက်"အင်တာနက်လိုင်းများ အပိတ်ခံရလျှင် မိမိတို့ ဖုန်းများအား အသုံးပြု၍ Mesh Network များဖြင့် တစ်ဦးနှင့် ...
01/02/2021
“အရေးပေါ် အကြံပြုချက်"
အင်တာနက်လိုင်းများ အပိတ်ခံရလျှင် မိမိတို့ ဖုန်းများအား အသုံးပြု၍ Mesh Network များဖြင့် တစ်ဦးနှင့် တစ်ဦး (သို့) တစ်စုနှင့် တစ်စု ဆက်သွယ်ရန် အသုံးပြုနိုင်ကြပါတယ်။
အသုံးပြုနိုင်တဲ့ Mesh Network App များကို ဖော်ပြပေးအပ်ပါတယ်။
"FireChat" for Android & Apple iOS
"The Serval Mesh" for Android
"Signal Offline Messenger" for Android
"Vojer" for Apple iOS
"Bridgefy" for Android & Apple iOS
"Briar" for Android တို့ ဖြစ်ပါတယ်။
အဆိုပါ app များထဲမှ တစ်ခုကို နမူနာအနေနဲ့ အောက်ပါအတိုင်း ဖော်ပြပေးလိုပါတယ်။
"အင်တာနက်များ ရုတ်တရက်ပိတ်ကျသွားလျှင် "Bridgefy" app ကို အသုံးပြုရန်"
ဒီ apk က ဟောင်ကောင်ဆန္ဒပြပွဲတွေမှာ ပြည်သူ့ဘက်သား တော်လှန်ရေးသမားတွေ အသုံးပြုခဲ့တဲ့ apk ဖြစ်ပါတယ်။
သူ့အားသာချက်က အင်တာနက် မလိုပဲ bluetooth နဲ့ ဖုန်းချင်းမက်ဆေ့ပို့
ဆက်သွယ်နိုင်တာဖြစ်လို့ အင်မတန် အသုံးဝင်တယ်။
ဟောင်ကောင်လူထုတိုက်ပွဲများ အတွင်းမှာတုန်းက တရုတ်အစိုးရရဲ့ အင်မတန်မြင့်မားတဲ့နည်းပညာကတောင် ဒီ apk နဲ့အသုံးပြုဆက်သွယ်ခြင်းကို မဟန့်တားနိုင်ခဲ့ပါဘူး။
ဒီ apk ကိုအသုံးပြုပြီး ဖုန်းတစ်လုံးနဲ့တစ်လုံး
မီတာ ၁၀၀ (ပေ ၃၃၀ခန့်) အကွာအဝေးအထိ ဆက်သွယ်နိုင်တယ်။
မီတာ ၁၀၀ တိုင်း ကြားမှာ ဖုန်းတစ်လုံးဆီ ရှိပြီး ဆက်သွယ်သွားခြင်းဖြင့်
အင်မတန်ဝေးကွာလှမ်းတဲ့နေရာတွေအထိလည်း ကွန်ယက်သဖွယ်
အချင်းချင်းချိတ်ဆက်သွားနိုင်ပါတယ်။
ဒီ apk ကို အသုံးပြုကာ နှစ်ဦးချင်း message တွေပို့လို့ရသလို
Broadcast ဆိုတဲ့ ဖန်ရှင်နဲ့ ကိုယ်ပို့တဲ့ မက်ဆေ့ကို အနီးအနားရှိသူအားလုံး ဖမ်းယူသိရှိနိုင်အောင် ဖြန့်ဝေလို့လည်း ရတယ်။
Iphone မှာရော Android မှာပါ အသုံးပြုနိုင်ပါတယ်။
စစ ဝင်ခြင်းမှာ အင်တာနက် ကော်နက်ရှင် တစ်ကြိမ်တော့ လိုအပ်တာမို့ ဒေါင်းလုပ်ဆွဲကာ ဝင်ထားကြည့်ကြဖို့ တိုက်တွန်းပါတယ်။
Play Store မှာရော၊ App Store မှာရော "Bridgefy" လို့ ရိုက်ရှာကာ လွယ်လင့်တကူ ဒေါင်းလုပ်ဆွဲထားနိုင်ကြပါကြောင်း ... ။
(မှတ်ချက် - မိမိတို့ အင်တာနက်များ ရနေခိုက် စတင် အသုံးပြုထားစေချင်ပါတယ်)။
Credit to Myo Aye
ယနေ့ကျရောက်တဲ့ ပြာသိုလပြည့် အမေများနေ့မှာ ကမ္ဘာပေါ်ရှိ အ‌မေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ပျော်ရွှင်ကြပ...
27/01/2021
ယနေ့ကျရောက်တဲ့ ပြာသိုလပြည့် အမေများနေ့မှာ ကမ္ဘာပေါ်ရှိ အ‌မေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ပျော်ရွှင်ကြပါစေလို့ ဆုမွန်ကောင်း ‌တောင်းအပ်ပါသည်။ 😊😊😊
#ပြာသိုလပြည့်အမေများနေ့
💁မိတ်‌ဆွေတို့အတွက် Blue Mark လျှောက်နည်း‌အရင်ဆုံး မစခင် မိတ်ဆွေရဲ့ လျှောက်မဲ့ page (or) profile ရဲ့ Linkကို copy ယူထားရပ...
15/01/2021
💁မိတ်‌ဆွေတို့အတွက် Blue Mark လျှောက်နည်း‌
အရင်ဆုံး မစခင် မိတ်ဆွေရဲ့ လျှောက်မဲ့ page (or) profile
ရဲ့ Linkကို copy ယူထားရပါမယ်။ ဟိုရောက်ရင်ဖြည့်ရမှာမို့လို့ပါ။
နောက်တစ်ချက်အနေနဲ့ မှတ်ပုံတင်ပုံပြရမှာ ဖြစ်တဲ့အတွက် ပုံရိုက်ပြီး ဖုန်းထဲမှာ အသင့်ဆောင်ထားရမှာဖြစ်ပါတယ်။
ဒါဆိုရင်တော့ စလို့ရပါပြီ။ ဒီမှာတစ်ခုသိထားရမှာက🤔🤔
အမှန်တကယ်အသုံးပြုတဲ့ account (or) pageကိုသာ လျှောက်ရန် အကြံပေးချင်ပါတယ်။ FB team ကအတုအပတွေဆိုရင် ဖျက်ပစ်လိုက်တဲ့အထိ ပြုလုပ်တက်လို့ပါ။😱😱😱
နိုင်ငံကျော်မင်းသား၊မင်းသမီးတွေ၊အဆိုတော်‌တွေ၊
ဆယ်လီတွေအတွက်ကတော့ Blue Mark လျှောက်ရင်ရဖို့ 50%သေချာပါတယ်။👍👍👍
ကိုယ်ကသာမာန်သူဆိုရင်တော့ ကံတရားပေါ်မူတည်ပါတယ်။ အားလုံးဘဲအဆင်ပြေကြပါစေ။🙏🙏🙏
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်သော (၇၃) နှစ်မြောက် "လွတ်လပ်ရေးနေ့" ကို ဂုဏ်ပြုကြိုဆိုအပ်ပါတယ်ခင်ဗျာ။
04/01/2021
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်သော (၇၃) နှစ်မြောက် "လွတ်လပ်ရေးနေ့" ကို ဂုဏ်ပြုကြိုဆိုအပ်ပါတယ်ခင်ဗျာ။
🥳Happy New Year Everyone 🎉🎉💞💁နှစ်သစ်ကူးအချိန်ခါသမယမှာ ကမ္ဘာသူကမ္ဘာသားများ အားလုံး ပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်းနိုင်ပါ...
31/12/2020
🥳Happy New Year Everyone 🎉🎉💞
💁နှစ်သစ်ကူးအချိန်ခါသမယမှာ ကမ္ဘာသူကမ္ဘာသားများ အားလုံး ပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်းနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏🙏🙏
Laptop လေး သက်တမ်းစေ့ နေနိုင်စေဖို့••••••••••••••••••••Laptop ဆိုတာ ယနေ့ခေတ်မှာ လူတော်တော်များများအတွက် မရှိမဖြစ် ပစ္စည်း...
27/12/2020
Laptop လေး သက်တမ်းစေ့ နေနိုင်စေဖို့
••••••••••••••••••••
Laptop ဆိုတာ ယနေ့ခေတ်မှာ လူတော်တော်များများအတွက် မရှိမဖြစ် ပစ္စည်းတစ်ခုဖြစ်ပြီး နေ့စဉ် လုပ်ငန်းဆောင်တာများအတွက် အသုံးဝင်တဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။ Laptop ကို ပိုမိုကြာရှည်စွာ အသုံးခံစေနိုင်ဖို့အတွက် အချို့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
1️⃣ Software တွေကို ပုံမှန် Update လုပ်ပါ
°°°°°°°°°°°°°°°
Operating System, Applications, Anti-virus စတဲ့ Software တွေကို ပုံမှန် Update လုပ်ပေးရန်လိုအပ်ပါတယ်။ ဒါမှလည်း ကွန်ပျူတာရဲ့ စွမ်းဆောင်ရည်ကို ပိုမိုချောမွေ့မြန်ဆန်စေပြီး အသုံးပြုရတာ လွယ်ကူစေမှာဖြစ်ပါတယ်။
2️⃣ Laptop အပြင်ဘက်ကို သန့်ရှင်းအောင်ထားပါ
°°°°°°°°°°°°°°°
Laptop ထဲသို့ ၀င်နိုင်မယ့် ဖုန်၊ အညစ်အကြေး၊ ဆံပင်ချည်၊ အမှိုက်စ၊ အရည် စတာတွေကို သတိထားဖို့လိုပါတယ်။ အထက်ပါအရာများ ၀င်သွားပါက Laptop’s fan ရဲ့ လုပ်ဆောင်ချက်ကို အနှောင့်အယှက်ပေးပြီး Laptop သက်တမ်းကို ထိခိုက်စေနိုင်ပါတယ်။ လိုအပ်တဲ့ ကွန်ပျူတာသန့်ရှင်းရေးလုပ်တဲ့ ပစ္စည်းတွေကို အသုံးပြုပြီး ပြုလုပ်သင့်သလို အစားအသောက်တွေနဲ့ တတ်နိုင်သမျှ ဝေးအောင်ထားပြီး အသုံးပြုသင့်ပါတယ်။
3️⃣ Software တွေကို ရှင်းလင်းအောင်ထားပါ။
°°°°°°°°°°°°°°°°
Hard drive ပါတဲ့ Windows Laptop တွေကို ပိုမိုချောမွေ့စွာသုံးနိုင်ရန်အတွက် တစ်လတစ်ကြိမ် Defragment လုပ်သင့်ပါတယ်။ Laptop အသုံးပြုရတာ နှေးလာပြီလို့သတိထားမိတဲ့အချိန်မှာလည်း Defragment ပြုလုပ်နိုင်ပါတယ်။ Solid State Drive (SSD) သုံးတဲ့ Laptop တွေနဲ့ Macbook တွေမှာတော့ Defragment ပြုလုပ်စရာမလိုတော့ပါဘူး။ ဒါ့အပြင် မလိုအပ်တဲ့ Files တွေ Folders တွေကို ဖျက်ပစ်သင့်သလို အသုံးမပြုတဲ့ Application တွေကို Uninstall ပြုလုပ်သင့်ပါတယ်။
4️⃣ Laptop ကိုအေးအောင်ထားပါ
°°°°°°°°°°°°°°°°
ကားထဲမှာ အလုံပိတ်ဖြစ်ဖြစ်၊ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တဲ့နေရာဖြစ်ဖြစ်မှာ Laptop ကိုထားခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ဒါ့အပြင် လေထွက်ပေါက်ပိတ်စေမယ့်အရာမျိုး (ဆိုဖာ၊ အိပ်ယာပေါ်) ပေါ်မှာတင်ထားခြင်းကလည်း အပူလွန်ကဲမှုကို ဖြစ်ပေါ်စေပြီး သက်တမ်းတိုစေပါတယ်။ လိုအပ်ပါက Cooling Fan pad တွေကိုအသုံးပြုသင့်ပါတယ်။
5️⃣ Laptop အိတ်များကို အသုံးပြုပါ
°°°°°°°°°°°°°°°°
မတော်တဆ လွှတ်ကျတာပဲဖြစ်ဖြစ်၊ ထိခိုက်မိတာပဲဖြစ်ဖြစ် ကောင်းမွန်တဲ့ ကာကွယ်မှုပါဝင်တဲ့ Laptop အိတ်များက အကာအကွယ်ပေးနိုင်မှာဖြစ်ပါတယ်။
6️⃣ ကွန်ပျူတာအားသွင်းကြိုးကို ဂရုစိုက်ပါ
°°°°°°°°°°°°°°°°°°
များသောအားဖြင့် ကွန်ပျူတာ အားသွင်းကြိုးကို ခေါက်ပြီး အိတ်ထဲထည့်သယ်ဆောင်သွားတတ်ကာ ဂရုတစိုက်ထားဖို့ မေ့နေတတ်ကြပါတယ်။ ကြိုးကို ခေါက်သိမ်းတဲ့အခါမှာ Joints & Connectors (အဆက်နေရာ) တွေကို ဂရုတစိုက်မထိခိုက်အောင် ခေါက်သိမ်းသင့်သလို အားသွင်းတဲ့ Plug တွေကိုလည်း ဖြစ်နိုင်ရင် Surge Protector ပါဝင်သော Plug များကို အသုံးပြုသင့်ပါတယ်။
7️⃣ Laptop အဖွင့်အပိတ်ကို စနစ်တကျအသုံးပြုပါ
°°°°°°°°°°°°°°°°°
တစ်နေကုန်အသုံးပြုစရာရှိပါက Laptop ကိုဖွင့်ထားပြီးအသုံးပြုနိုင်ပေမယ့် အသုံးမလိုတဲ့အခါမှာတော့ စနစ်တကျ Shut Down ပြုလုပ်ပြီး ပိတ်ထားသင့်ပါတယ်။
8️⃣ ပြဿနာအသေးလေးတွေက အစပြုပြင်ပါ
°°°°°°°°°°°°°°°°°°°°
Laptop က နှေးလာတာဖြစ်ဖြစ်၊ ပုံမှန်အခြေအနေမဟုတ်ဘဲ Restart ခဏခဏကျတာဖြစ်ဖြစ်၊ Software error ရှိတာဖြစ်ဖြစ် ဖြစ်လာပါကလည်း သတိစထားမိတဲ့အချိန်ကစပြီး ပြုပြင်မှု ပြုလုပ်သင့်ပါတယ်။ အသေးအဖွဲလေးတွေကို ဂရုမစိုက်ပါက ကြာလာရင် ကြီးမားတဲ့ ပြဿနာဖြစ်လာနိုင်ပြီး သက်တမ်းတိုစေမှာဖြစ်ပါတယ်။
9️⃣ Restart ပြုလုပ်ပါ
°°°°°°°°°°°
နောက်ပိုင်း Laptop တော်တော်များများမှာ Standby mode အသုံးပြုတာပိုမိုများပြားလာတဲ့အတွက် တစ်ခါတစ်လေ တစ်ပတ်နေလို့တောင် Restart မချမိတာတွေရှိတတ်ပါတယ်။ ဒါကြောင့်လည်း Laptop ကို ပိုမိုချောမွေ့စွာ အသုံးပြုနိုင်ရန်အတွက် တစ်ပတ်တစ်ကြိမ်တော့ Restart ပြုလုပ်သင့်သလို အသုံးမပြုတဲ့အချိန်တွေမှာ Shut down ပြုလုပ်ထားပေးခြင်းကလည်း သက်တမ်းပိုမိုကြာရှည်စေမှာဖြစ်ပါတယ်။
အထက်ပါအချက်ကလေးတွေကတော့ Laptop သက်တမ်းကို ပိုမိုကြာရှည်စွာအသုံးပြုနိုင်တဲ့ အချို့သော အချက်လေးတွေဖြစ်ပါတယ်။
Credit from original uploader
We wish you a merry Christmas 🎉🎉🎄🎄ယခုလို ခရစ်စမတ်ကာလမှာ ကမ္ဘာသူကမ္ဘာသား အားလုံးဘေးရန်ကင်းကွာ၍ ပျော်ရွှင်စွာဖြတ်သန်းနိုင်...
25/12/2020
We wish you a merry Christmas 🎉🎉
🎄🎄ယခုလို ခရစ်စမတ်ကာလမှာ ကမ္ဘာသူကမ္ဘာသား အားလုံးဘေးရန်ကင်းကွာ၍ ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏🙏🙏
ဒီနေ့မှာတော့ online မှတစ်ဆင့် စီးပွားရေးလုပ်နေကြတဲ့ မိတ်ဆွေတို့အတွက် content calendar တစ်ခုအမြန် ဘယ်လိုဆွဲသင့်လဲဆိုတာ မျ...
22/12/2020
ဒီနေ့မှာတော့ online မှတစ်ဆင့် စီးပွားရေးလုပ်နေကြတဲ့ မိတ်ဆွေတို့အတွက် content calendar တစ်ခုအမြန် ဘယ်လိုဆွဲသင့်လဲဆိုတာ မျှဝေပေးထားပါတယ်။👀👀
📌pageတစ်ခုမှာ အရေးပါတဲ့ contentကောင်းကောင်းတစ်ပုဒ် ဖန်တီးနိုင်ဖို့အတွက် အမြဲကြိုတင်ပြင်ဆင်ထားမှသာ လက်ရာကောင်းတဲ့ အရေးအသားတွေ ပေါ်ထွက်လာမှာဖြစ်ပါတယ်။😉😉
📌နောက်ရက်တွေမှာလည်း ဗဟုသုတရစရာ အကြောင်းအရာတွေ တင်ဆက်ပေးအုန်းမှာဖြစ်လို့ like and followလုပ်ထားဖို့ မမေ့နဲ့နော်။🙏🙏🙏
21/12/2020
အထူးသတိပြုရမည့် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်
(၂၀၂၀) ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၁) ရက်နေ့
"Page မှတစ်ဆင့် စီးပွားရေးလုပ်ခြင်းအားသာချက်"🤔🤔==================================၁။ ကိုယ်ပိုင်brandတစ်ခုတည်ဆောက်နိုင်ခြင...
20/12/2020
"Page မှတစ်ဆင့် စီးပွားရေးလုပ်ခြင်းအားသာချက်"🤔🤔
==================================
၁။ ကိုယ်ပိုင်brandတစ်ခုတည်ဆောက်နိုင်ခြင်းဖြစ်ပါတယ်။သင့်အနေနဲ့ကိုယ်ပိုင်logo၊ကိုယ်ပိုင်စီမံခန့်ခွဲမှုတွေနဲ့ကိုယ်ပိုင်လုပ်ငန်းရှင်ဖြစ်ချင်တဲ့ အိမ်မက်ကိုအကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။
၂။ စီးပွားရေးလုပ်တယ်ဆိုတာ အပျော်တန်းခဏတာလုပ်ဆောင်ခြင်းမဟုတ်ဘဲ ရေရှည်တည်တံ့တိုးတက်အောင်လုပ်ဆောင်ရတာဖြစ်တဲ့အတွက် စီးပွားရေးဆန်ဆန်လုပ်တက်လာမှာဖြစ်ပါတယ်။
၃။ ထိထိရောက်ရောက်ကြော်ငြာနိုင်မယ်။😉😉
page ထောင်ပြီးစီးပွားရေးလုပ်ခြင်းက ကိုယ့်ရဲ့customerကို အသက်အရွယ်အပိုင်းအခြား၊နေရာဒေသ၊အပြုအမှု‌တွေ၊စိတ်ဝင်စားမှု စသည့်အသေးစိတ်သေချာရွေးချယ်ပြီး ကြော်ငြာနိုင်တဲ့အတွက် ရောင်းအားတက်စေမှာလဲ အမှန်ပါဘဲ။
၎။ အကန့်အသတ်မရှိရောင်းချနိုင်ခြင်း😱😱
မိတ်ဆွေတို့အနေနဲ့ personal account မှာစီးပွားရေးလုပ်မယ်ဆို မိမိaccount ထဲကသူသာမြင်တွေ့နိုင်မှာဖြစ်ပါတယ်။page ထောင်ပြီးရောင်းချမယ်ဆိုရင်တော့အကန့်အသတ်မရှိမြင်တွေ့နိုင်ပါတယ်။
၅။ 24hours လည်ပတ်နိုင်ခြင်း👍👍
Auto Reply system, message bot system စသည့်systemတွေရှိတဲ့အတွက်ကြောင့် သင်အိပ်နေရင်တောင်မှ pageကအလုပ်လုပ်နေမှာဖြစ်ပါတယ်။
၆။ လူမှု့ကွန်ရက်မှတစ်ဆင့်ဝင်ငွေရခြင်း😱😱
Monetisation လို့ခေါ်တဲ့ သင့်ရဲ့pageမှတစ်ဆင့်
ကြည့်ရှုသူတွေ၊followerတွေများလာတာနဲ့အမျှ သင့်ရဲ့pageမှာ။ ဖေ့ဘွတ်ကကြော်ငြာဝင်တိုင်း သင့်ကိုဝင်ငွေပေးအပ်မှာဖြစ်ပါတယ်။
ဒီလောက်ဆိုရင် pageထောင်ပြီး စီးပွားရေးလုပ်ခြင်းရဲ့အကျိုးကျေးဇူးတွေကို သိလောက်ပြီထင်ပါတယ်။😉😉
page တစ်ခုကိုသေချာပြင်ဆင်နိုင်ဖို့အတွက် သင်တန်းလေးဖွင့်လှစ်ထားပါတယ်။😊😊😊
အောက်ကlinkမှာအသေးစိတ် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/101533031770740/posts/126360542621322/
❣️မိမိ personal account ကို page ေပြာင်းပံုေပြာင်းနည်း❣️မိတ်ဆွေတို့အတွက် knowledge Sharing အနေနဲ့မျှဝေပေးလိုက်ပါတယ်။😊😊❣️...
17/12/2020
❣️မိမိ personal account ကို page ေပြာင်းပံုေပြာင်းနည်း
❣️မိတ်ဆွေတို့အတွက် knowledge Sharing အနေနဲ့
မျှဝေပေးလိုက်ပါတယ်။😊😊
❣️နောက်ထပ်လဲ ဗဟုသုတရစရာတွေ တင်ဆက်ပေးအုန်းမှာဖြစ်လို့ like လုပ်ထားဖို့မမေ့နဲ့နော်။😊😊😊
Messenger မှာ ကိုယ့်ဆီပို့ထားတဲ့စာကို Seen မပြဘဲဖတ်ဖို့ ဆိုရင်တော့-🤔🤔====================================ကိုယ့်ဆီစာဝင်လာ...
15/12/2020
Messenger မှာ ကိုယ့်ဆီပို့ထားတဲ့စာကို Seen မပြဘဲဖတ်ဖို့ ဆိုရင်တော့-🤔🤔
====================================
ကိုယ့်ဆီစာဝင်လာပြီဆိုတာနဲ့ ပထမဆုံး
အင်တာနက်လိုင်းကို အရင်ပိတ်ပါ။
ပြီးရင် ကိုယ်ဖတ်ချင်တဲ့ Conversation ထဲဝင်ဖတ်ပါ။
ပြီးရင်တော့ Background မှာ Run နေတဲ့ Messenger
Application ကိုရှင်းပေးရမှာ ဖြစ်ပါတယ်။
ဒီလိုရှင်း‌ပေးလိုက်မယ်ဆိုရင်‌တော့
ကိုယ်လိုင်းတက်‌နေပီး ပုံမှန်တိုင်းသုံးနေရင်လည်း
ကိုယ့်ဆီပို့ထားတဲ့စာက တစ်ဖက်မှာ
Seen ပြမှာမဟုတ်တော့ပါဘူး။
အားလုံးပဲ အဆင်‌‌ပြေကြပါစေ။😊😊
❣️သင့်ရှေ့မှာလူပေါင်း(၆၀၀)ကျော် like& followထားပြီးပါပြီ။🤔🤔သင်ကော-📌လူတိုင်းonline ပေါ်ကနေတစ်ဆင့်စီးပွားရေးလုပ်ငန်းတွေ တို...
14/12/2020
❣️သင့်ရှေ့မှာလူပေါင်း(၆၀၀)ကျော်
like& followထားပြီးပါပြီ။
🤔🤔သင်ကော-
📌လူတိုင်းonline ပေါ်ကနေတစ်ဆင့်
စီးပွားရေးလုပ်ငန်းတွေ တိုးချဲ့လာကြပါပြီ။
🔑သင်လည်းDigital Marketingကို
လေ့လာလိုက်စားနေတဲ့ သူတစ်ယောက်ဆိုရင်တော့
like&follow လုပ်သွားဖို့မမေ့နဲ့အုန်းနော်။
likeလုပ်ထားရင်ဘာရမှာလဲ🤔
🎯Digital Marketing နဲ့ပတ်သက်တဲ့
အ‌ကြောင်းအရာတွေ ဗဟုသုတရစရာတွေ
IT နဲ့ပတ်သက်တဲ့ အ‌ကြောင်းအရာတွေအပြင်
လူငယ်တွေအတွက် Motivation တက်စေမဲ့
အ‌ကြောင်းအရာတွေပါ မျှဝေပေးသွားမှာပါ။
😊Stay Homeကာလမှာ အိမ်ထဲမှာနေရင်းခေတ်နဲ့အညီ ဗဟုသုတရစရာတွေကို တင်ဆက်ပေးသွားမှာမို့ အားလုံးကိုဖိတ်ခေါ်အပ်ပါတယ်။😊😊
🇸‌🇦‌🇳‌ 🇵‌🇾‌🇦‌
𝗢𝗻𝗹𝗶𝗻𝗲 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴 𝗖𝗹𝗮𝘀𝘀
🤔🤔(၃)မိနစ်ဘဲအချိန်ပေးပါ။==================နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ မိတ်ဆွေအနေနဲ့ သင့်ရဲ့အိပ်မက်တွေကို အ...
13/12/2020
🤔🤔(၃)မိနစ်ဘဲအချိန်ပေးပါ။
==================
နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ
မိတ်ဆွေအနေနဲ့ သင့်ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့
အခွင့်အရေးများစွာ ပေါ်ပေါက်လာခဲ့ပါပြီ။
သင့်အနေနဲ့ သင့်ရဲ့ ကျွမ်းကျင်မှု skillတွေကို
social platformsကတစ်ဆင့် ချပြခြင်းဖြင့်
အိမ်မက်တွေကို အကောင်အထည်ဖော်နိင်ပါပီ။
ဥပမာ-ကိုယ်ကစာသင်တာဝါသနာပါတယ်ဆိုပါစို့
ကျောင်းသားကလည်းတစ်ယောက်မှမရှိဘူး၊
သင်တန်းကြီးဖွင့်ဖို့ကလည်းမတက်နိုင်သေးဘူးဆိုရင်
သင့်အနေနဲ့ social mediaကိုအသုံးပြုပြီး သင့်ကိုလူအများ
သတိထားမိလာအောင် online မှတစ်ဆင့်
ပညာဒါန အတန်းတွေသင်မယ်၊စိတ်ဝင်စားဖို့ကောင်းတဲ့
vidoe‌တွေဖန်တီးမယ်၊သင့်မှာရှိတဲ့skillတွေကို
ချပြခြင်းဖြင့် လူအများ၏ သတိထားမှု‌ကိုရရှိလာတာနဲ့အမျှ
သင့်ရဲ့အိမ်မက်ဖြစ်တဲ့ ကိုယ်ပိုင်လုပ်ငန်းနဲ့လည်း
တဖြည်းဖြည်းချင်း နီးစပ်လာမှာဖြစ်ပါတယ်။
ကြီးကျယ်ခမ်းနားသော အောင်မြင်မှုများသည်
အလေ့အကျင့်ကောင်းတွေကတစ်ဆင့်
ဖြစ်ပေါ်လာသည့်အတွက်ကြောင့် မိတ်ဆွေအနေနဲ့
ဘယ်လိုအတားအဆီးကြောင့်နဲ့မှ လက်မလျော့ဘဲ
သင့်ရဲ့အိမ်မက်တွေကို သင်ကိုယ်တိုင် ယခုဘဲစတင်လိုက်ပါ။
"The hardest walk is alone,but it's also
the walk that makes you the strongest"
Live မလွှင့်ခင် ပြင်ဆင်ထားသင့်တဲ့ အချက်(၅)ချက်🎉🎉မိတ်ဆွေတို့ရဲ့ လုပ်ငန်းကို online မှ live လွှင့်ကြော်ငြာခြင်းကလည်း ရောင်းအ...
12/12/2020
Live မလွှင့်ခင် ပြင်ဆင်ထားသင့်တဲ့ အချက်(၅)ချက်🎉🎉
မိတ်ဆွေတို့ရဲ့ လုပ်ငန်းကို online မှ live လွှင့်ကြော်ငြာခြင်းကလည်း ရောင်းအားတိုးစေမဲ့ နည်းစနစ်တစ်ခုဖြစ်ပါတယ်။😉😉
ထို့‌ကြောင့် မိတ်ဆွေတို့အနေနဲ့ live မလွှင့်ခင် ပြုလုပ်ထားသင့်တဲ့ အချက်(၅)ချက် ကိုမျှဝေချင်ပါတယ်။😊😊
✅Appearance
မိတ်ဆွေအနေနဲ့ live မလွှင့်ခင် နောက်ခံ background နဲ့ ကိုယ့်ကို သေချာမပြင်ဆင်ထားဘူးဆိုရင် ကြည့်ရှုသူတွေအပေါ် ဆွဲဆောင်မှုမရှိတဲ့အပြင် ကြာမြင့်စွာ ကြည့်ရှုလိမ့်မှာ မဟုတ်ပါဘူး။
နောက်ခံ background ကိုပြင်ဆင်ရာမှာလည်း ရိုးရိုးရှင်းရှင်းလေးဖြစ်ရင်အဆင်ပြေပါတယ်။ live လွှင့်‌‌မဲ့သူအနေဖြင့် အဝတ်အစား ဝတ်ဆင်ရာတွင်လည်း အိမ်နေရင်းပုံစံမျိုး၊အလှူသွားတဲ့ပုံစံမျိုး မဟုတ်ဘဲ ရိုးရိုးရှင်းရှင်းနဲ့ ဆွဲဆောင်မှုရှိအောင် ဝတ်ဆင်သင့်ပါတယ်။👍👍👍
✅Sound
မိတ်ဆွေအနေနဲ့ live မလွှင့်ခင် အသံပိုင်းဆိုင်ရာကိုလည်း သေချာပြင်ဆင်ထားသင့်ပါတယ်။နောက်ခံအသံ‌တွေဆူညံနေမယ်၊TV အသံတွေပါနေမယ်၊အသံတိုးနေမယ်ဆိုရင်လည်း ကြည့်ရှုသူအပေါ် impression ကျစေပါတယ်။ထို့‌ကြောင့်သင့်‌အနေနဲ့
ကိုယ်ပိုင်အခန်း (သို့) ဆူညံသံ မရှိတဲ့နေရာကို ရွေးချယ်ထားသင့်ပါတယ်။အသံကြည်လင်မှုရှိစေရန် မိုက်ခ်တစ်ခုတော့ ဆောင်ထားသင့်ပါတယ်။😉😉
✅Light
မီးအလင်းအမှောင်ကိုလည်း သေချာပြင်ဆင်ထားသင့်ပါတယ်။live မလွှင့်ခင် ကင်မရာကိုလည်း ငြိမ်ငြိမ်ထားပြီး internetလိုင်းကောင်းအောင်လည်း သေချာပြင်ဆင်ထားသင့်ပါတယ်။👍👍
✅Smile
တစ်ခါမှမမြင်ဖူးတဲ့သူတွေကို ပြသမှာဖြစ်တဲ့အတွက် မိတ်ဆွေအနေနဲ့ ပြုံးရွှင်ခြင်းကလည်း ကြည့်ရှုသူတွေအပေါ် နွေးထွေးစေပြီး ကောင်းမွန်တဲ့ relationshipတစ်ခုကို တည်ေ‌ဆာက်နိုင်တဲ့အတွက် ရောင်းအားတက်စေမှာလဲ အမှန်ပါဘဲ။😉😉
✅Time
မိတ်ဆွေအနေနဲ့ ပုံမှန်အချိန်သတ်မှတ်ပြီး liveလွှင့်ခြင်းကလည်း ကြည့်ရှုသူတွေများစေမဲ့ အချက်တစ်ချက်ပါဘဲ။👍👍
ဖုန်းကို ဘယ်နှစ်ခါလောက် restart လုပ်ပြီးကြပြီလဲ 😅
10/12/2020
ဖုန်းကို ဘယ်နှစ်ခါလောက် restart လုပ်ပြီးကြပြီလဲ 😅
09/12/2020
"အထူး Discount ပညာဒါန အစီအစဉ်"တဲ့ဗျို့😱😱😱ယနေ့ကျရောက်သော နှစ်(၁၀၀)မြောက် အမျိုးသားနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မိတ်ဆေ...
09/12/2020
"အထူး Discount ပညာဒါန အစီအစဉ်"တဲ့ဗျို့😱😱😱
ယနေ့ကျရောက်သော နှစ်(၁၀၀)မြောက် အမျိုးသားနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မိတ်ဆွေတို့အတွက် (9.12.2020)မှ(10.12.2020)နေ့အထိ
Discount အစီအစဉ်အနေနဲ့ ယခုဖွင့်လှစ်ထားသော "page admin"သင်တန်းကို (40%discount)ဖြင့်တက်ရောက်နိုင်ပါပီဗျာ။
Discount အစီအစဉ်တွင်ပါဝင်ရန်-
(1)ယခု postကို သူငယ်ချင်3းယောက်အား tagတွဲ၍publicဖြင့်shareပါ။
(2)Shareထားတဲ့ postကို messager မှာ screen shotရိုက်ပြီး မန့်ပေးပါ။😊😊
ဒါတွေအားလုံးကို ပြုလုပ်ပီးရင်တော့ "page admin"သင်တန်းကို (40%discount) သင်တန်းကြေး(3000)ကျပ်ထဲဖြင့် တက်ရောက်နိုင်မှာဖြစ်ပါတယ်။
Discount Time ကဒီနေ့နဲ့မနက်ဖြန် 2ရက်ထဲမို့ မြန်မြန်လာအပ်မှစိတ်ချရမယ်နော်။🏃🏃🏃
သင်တန်းအကြောင်း အသေးစိတ်သိချင်သူများအတွက်ကတော့ အောက်ကlinkမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။😊😊😊
https://www.facebook.com/101533031770740/posts/126360542621322/
အမျိုးသားနေ့ တို့မမေ့..........နှစ်စဉ် ဒီဇင်ဘာလ(၉)ရက်နေ့‌တွင် ကျရောက်သောအမျိုးသား အောင်ပွဲနေ့ကို မြန်မာပြည်သူပြည်သား တို...
09/12/2020
အမျိုးသားနေ့ တို့မမေ့..........
နှစ်စဉ် ဒီဇင်ဘာလ(၉)ရက်နေ့‌တွင် ကျရောက်သောအမျိုးသား အောင်ပွဲနေ့ကို မြန်မာပြည်သူပြည်သား တို့နှင့်တကွ(San Pya Team)မှကြိုဆို ဂုဏ်ပြုအပ်ပါသည်။
San Pya
Digital and social knowledge Sharing
"Online ပေါ်မှာကိုယ်ပိုင်စီးပွားရေးစတင်ခြင်း"🤔🤔==============================ယနေ့ချိန်ခါဟာဆိုရင် နည်းပညာတွေဖွံဖြိုးတိုးတက...
07/12/2020
"Online ပေါ်မှာကိုယ်ပိုင်စီးပွားရေးစတင်ခြင်း"🤔🤔
==============================
ယနေ့ချိန်ခါဟာဆိုရင် နည်းပညာတွေ
ဖွံဖြိုးတိုးတက် လာသည်နှင့်အမျှ
online ပေါ်မှာမိတ်ဆွေတို့၏
အိမ်မက်များကို အကောင်အထည်ဖော်ဖို့
အခွင့်အလမ်းများစွာပေါ်ပေါက်လာခဲ့ပါပြီ။
Online ပေါ်မှာ ကိုယ်ပိုင်စီးပွားရေး
စတင်ခြင်းဖြင့် အားသာချက်အနေနဲ့ကတော့
ဆိုင်ဌားရမ်းခသက်သာခြင်း၊ရေခွန်မီးခွန်သက်သာခြင်း၊
အသုံးစရိတ်‌ချွေတာနိုင်ခြင်း
စသည့်ကောင်းကျိုးများစွာ ရှိသည့်အတွက်
မိတ်ဆွေတို့အနေဖြင့်
ယခုလိုstay home ကာလမှာ မိမိတက်‌မြောက်ထားတဲ့
ကျွမ်းကျင်မှုတွေ၊knowledgeတွေကို အသုံးချရင်း ကိုယ်ပိုင်
လုပ်ငန်းရှင်ဖြစ်ချင်တဲ့ အိမ်မက်များကို အကောင်အထည်ဖော်ကြ
ရအောင်။👍👍👍
❣️သင်တန်းအကြောင်း အသေးစိတ်သိချင်သူများအတွက်ကတော့ အောက်ကlinkမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။😊😊
https://www.facebook.com/101533031770740/posts/126360542621322/
😍အခုတလော လူငယ်တွေကြားမှာ Trend ဖြစ်နေတဲ့message box မှာကိုယ့်ရဲ့မိတ်ဆွေ သူငယ်ချင်းတွေကို Gift message အနေနဲ့ ပို့တဲ့နည်း...
07/12/2020
😍အခုတလော လူငယ်တွေကြားမှာ Trend ဖြစ်နေတဲ့
message box မှာကိုယ့်ရဲ့မိတ်ဆွေ သူငယ်ချင်းတွေကို Gift message အနေနဲ့ ပို့တဲ့နည်းလေးကို မျှဝေပေးထားပါတယ်။
😍like and share လုပ်ပေးခြင်းဖြင့်ကိုယ့်ရဲ့ မိတ်ဆွေ သူငယ်ချင်းများကိုမျှဝေလိုက်ရအောင်။😊😊😊
😍Video အသစ်တွေတင်တိုင်းသိနိုင်ဖို့အတွက် "subscribe" လုပ်ထားဖို့လဲမမေ့‌နဲ့နော်။👍👍
Knowledge Sharing
"Keyboard F1 မှ F12 ထိသိမှတ်စရာများ"😱😱❣️နေ့စဉ်ဘဝမှာ မိတ်ဆွေအနေနဲ့  computer အသုံးပြုသူတစ်ယောက်ဆိုရင်တော့  keyboard ရဲ့အ‌...
05/12/2020
"Keyboard F1 မှ F12 ထိသိမှတ်စရာများ"😱😱
❣️နေ့စဉ်ဘဝမှာ မိတ်ဆွေအနေနဲ့ computer အသုံးပြုသူတစ်ယောက်ဆိုရင်တော့ keyboard ရဲ့အ‌ခြေခံအချက်များကို သိထားမှသာ ထိရောက်စွာအသုံးချ နိုင်မှာဖြစ်ပါတယ်။😉😉
❣️Like and share လုပ်ပေးခြင်းဖြင့် ကိုယ့်ရဲ့မိတ်ဆွေ သူငယ်ချင်းများကို မျှဝေလိုက်ရအောင်။😊😊😊
Windows 10ပေါ်မှာAndroid appအသုံးပြုနိုင်ပြီ😱😱==================================Microsoft ဟာ အခုအချိန်မှာ ကိုယ်ပိုင်Windo...
04/12/2020
Windows 10ပေါ်မှာAndroid appအသုံးပြုနိုင်ပြီ😱😱
==================================
Microsoft ဟာ အခုအချိန်မှာ ကိုယ်ပိုင်Windows OS နဲ့ စမတ်ဖုန်း‌တွေကို ထုတ်လုပ်ခြင်းမရှိ‌တော့ပေမယ့် Android စမတ်ဖုန်း‌တွေနဲ့ Windows 10 OS အချင်းချင်း ချိတ်ဆက်မှုပိုမိုလွယ်ကူ‌အောင်‌ဆောင်ရွက်‌နေတာဖြစ်ပါတယ်။ အခုဆိုရင် Your Phone App က‌နေတစ်ဆင့် တစ်ချို့ Samsung ဖုန်း‌တွေကိုအသုံးပြုပြီး ဖုန်းက App တွေကို Windows 10 မှာ အသုံးပြုနိင်ပြီဖြစ်ပါတယ်။
ဒါပေမယ့် အခု‌သိရတဲ့သတင်းအရ‌တော့ Microsoft က‌နေ Android ဖုန်းနဲ့ချိတ်ဆက်စရာ မလိုဘဲ Android App တွေကို အသုံးပြုနိင်မယ့် Project အသစ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ အဆိုပါ Project ကိုတော့ “Project Latte” ဆိုပြီး နာမည်ပေးထားတာဖြစ်ပါတယ်။
Microsoft ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းကလည်း Project Astoria ဆိုပြီး Android App တွေကို Windows 10 Mobile OS မှာအသုံးပြုနိင်ဖို့‌ဆောင်ရွက်ကြ‌ပေမယ့်လည်း အဆမ‌ပြေဖြစ်ပြီး ဖျက်သိမ်းခဲ့ရတာ ဖြစ်ပါတယ်။ အခု Project Latte က‌တော့ လာမယ့် ၂၀၂၁ ခုနစ်အတွင်းမှာ Windows 10 ပေါ်မှာAndroid App တွေကို အသုံးပြုနိင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
Windows Central ရဲ့ ပြောကြားချက်အရ‌တော့ ယခု Project Latte ဟာ Windows Subsystem for Linux (WSL) ကို အသုံးပြုထားတာဖစ်ပြီး Developer တွေအ‌နေနဲ့ Android App တွေကို Windows 10 ပေါ်မှာ Code အနည်းငယ် သို့မဟုတ် လုံးဝပြောင်းလဲဖို့ မလိုအပ်ဘဲ အသုံးပြုနိင်‌စေမှာဖစ်တယ်။ Android App တွေဟာ Windows 10 ပေါ်ရောက်ရှိတဲ့အချိန်မှာ Microsoft Store FFormat ကနေ MSIX Format အဖြစ်ပြောင်းလဲသွားလိမ့်မယ်လို့ သိရပါတယ်။
အခုလိုမျိုး Android App တွေကို Windows 10 ပေါ်မှာ အသုံးပြုနိင်မယ်ဆိုတာက ဝမ်းသာစရာသတင်းတစ်ခုဖစ်ပေမယ့်လည်း Google Play Service ကိုတော့ အသုံးပြုနိင်ခြင်းမရှိပါဘူး။ ဘာကြောင့်လဲဆိုရင် လက်ရှိGoogle ရဲ့ Policy အရ Play Service ကို အသုံးပြုနိင်ဖို့အတွက် Android သို့မဟုတ် Chrome OS ကို အသုံးပြုဖို့ လိုအပ်နေတာကြောင့်ဖစ်ပါတယ်။ အဲ့ဒီအတွက် Microsoft ကသာ ညှိနှိုင်းခြင်းမရှိဘူးဆိုရင် Play Service မလိုအပ်ဘဲ Android App တွေကိုပဲ Windows 10 မှာ အသုံးပြုနိုင်တော့မှာပါ။
Credit to my tech myanmar
"Onlineပေါ်မှာ ကိုယ်ပိုင်လုပ်ငန်း စချင်သူများအတွက် သတင်းကောင်းဗျို့"😱😱***********************************************🎯ယနေ...
02/12/2020
"Onlineပေါ်မှာ ကိုယ်ပိုင်လုပ်ငန်း စချင်သူများအတွက် သတင်းကောင်းဗျို့"😱😱
***********************************************
🎯ယနေ့ချိန်ခါဟာဆိုရင် လူတိုင်းနီးပါး phoneတစ်လုံးရှိရင် pageတစ်ခုကို အလွယ်တကူဖွင့်လို့ရတယ်ဆိုပေမဲ့ pageတစ်ခုမှာ သိသင့်သိထိုက်တဲ့အ‌ကြောင်းအရာတွေ ဗဟုသုတတွေကို သေချာမသိကြတဲ့အတွက် အခက်အခဲများဖြစ်လာကြပါတယ်။😇
👍အဲ့ပြသာနာတွေကို‌ဖြေရှင်းဖို့အတွက် ရည်ရွယ်ပီး သင်တန်း‌ကြေး(5000ကျပ်)ဖြင့်ဖွင့်ပေးရခြင်း ဖြစ်ပါတယ်။
📌ဘယ်သူတွေတက်သင့်လဲ?😇🤔
❣️အရင်းအနှီးနည်းနည်းဖြင့် ကိုယ်ပိုင်လုပ်ငန်းစချင်သူများ
❣️မိမိ၏ page ကိုကောင်းစွာစီမံခန့်ခွဲနိုင်ကြချင်သူများ
❣️page တစ်ခုမှာရှိသင့်ရှိထိုက်တဲ့ ဗဟုသုတအကြောင်းအရာတွေကို သိလိုသူများအနေဖြင့် တက်ရောက်နိုင်ပါတယ်။😊😊
📌ဘာတွေသင်မှာလဲ?🤔
❣️phoneတစ်လုံးထဲရှိယုံနဲ့ pageတစ်ခုကို professionalကျကျ အသုံးပြုနည်း
❣️pageတစ်ခုမှာ သိသင့်သိထိုက်တဲ့ Page Settingအကြောင်း သိကောင်းစရာ
❣️page roleသတ်မှတ်ပုံ အသေးစိတ်အကြောင်း
❣️ကိုယ့်ရဲ့ page qualityကြည့်နည်း
❣️ပြိုင်ဘက်pageတွေကိုယ့်pageမှာပေါ်မလာအောငိတ်နည်းခေါ် similar page ပိတ်နည်း
❣️ကိုယ့်ရဲ့customer တွေကို highlightလုပ်ချင်တဲ့ postကို ကိုယ့်ရဲ့pageပေါ်မှာ pin post အနေနဲ့တင်နည်း
❣️ကိုယ့်ရဲ့page ကိုအလွယ်တကူရှာနိင်စေရန် User Name ထည့်နည်း
❣️မိမိ၏ page မှမကြိုက်သူများကိုBanနည်း
❣️Page နာမည်ပြောင်းပုံပြောင်းနည်း
❣️ကိုယ်နဲ့customerကြား ဆက်သွယ်မပြတ်ဖို့အတွက် auto reply systemထည့်နည်း
❣️laptopမရှိလို့စိတ်ညစ်နေတဲ့သူတွေအတွက် ကိုယ့်ရဲ့ဖုန်းမှာ desktop site ( PC version)‌ပြောင်းနည်း
ဒါ့အပြင်bonusအနေနဲ့😱😱
🎁Contentတွေရေးတဲ့အခါမှာ အသုံးဝင်မဲ့ စာလုံးဒီဇိုင်းပေါင်းများစွာဖန်တီးနည်း
🎁နောက်ဆုံးအနေနဲ့ ကိုယ့်ရဲ့my storyမှာသီချင်းတွေ ၊video တွေအရှည်တစ်ပုဒ်လုံးတင်နည်း စသာတွေကိုSharing လုပ်ပေးသွားမှာဖြစ်ပါတယ်။😱😱😍😍
😍ဒါတွေအားလုံးကိုမိတ်ဆွေအနေနဲ့(5000)ကျပ်ထဲဖြင့်လေ့လာခွင့်ရမှာဖြစ်ပါတယ်။😍
🤔သင်ကြားမဲ့ပုံစံကတော့
(private group)ဖွဲ့ပြီးvideo‌တွေ
စီစဉ်ပေးထားတာမို့လို့ ကိုယ်အားတဲ့အချိန်ဘယ်အချိန်မဆို
ဝင်ကြည့်လို့အဆင်ပြေပါတယ်။😊😊
နားမလည်တဲ့သင်ခန်းစာတွေကို အချိန်မရွေးမေးမြန်းနိင်တဲ့အတွက် ပိုအဆင်ပြေသွားတာပေါ့။👍👍👍
🏃🏃ကဲမိတ်ဆွေဒီလောက်ကောင်းနေမှတော့ ဘာတွေစဉ်းစားနေအုန်းမှာဘဲ အမြန်ဆုံးသာအပ်လိုက်ကြရအောင်။😊😊
📌သင်တန်းတက်ချင်သူများအနေဖြင့် page messager မှတစ်ဆင့် လာရောက်အပ်နံနိင်ပါတယ်။😊😊
"Phone ဖြင့် location address ထည့်နည်း"😍မိတ်‌ဆွေတို့အနေနဲ့ ကိုယ့်လုပ်ငန်းရဲ့လိပ်စာ တည်နေရာကို laptopမလိုဘဲ phone version...
30/11/2020
"Phone ဖြင့် location address ထည့်နည်း"
😍မိတ်‌ဆွေတို့အနေနဲ့ ကိုယ့်လုပ်ငန်းရဲ့လိပ်စာ တည်နေရာကို laptopမလိုဘဲ phone version ဖြင့်ထည့်နည်းကို မျှဝေပေးထားပါတယ်။
😍မိတ်ဆွေတို့အတွက် တစ်စုံတစ်ရာ အကျိုးရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
😍YouTube Channel အသစ်လေးကိုလည်း "subscribe"လုပ်ထားပေးဖို့လည်း တောင်းဆိုချင်ပါတယ်။
ေနာက်ထပ်လဲ videoအသစ်တွေ ထပ်တင်ပေးအုန်းမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါအုန်း။‌အားလုံးကိုကျေးဇူးတင်ပါတယ်။
Knowledge Sharing
🙏🙏🙏🙏🙏မြန်မာလူမျိုးတို့၏ အထွတ်အမြတ်ထားရာ တန်ဆောင်မုန်းလပြည့်နေ့အချိန် အခါသမယတွင် ကမ္ဘာသူကမ္ဘာသားများ ရောဂါဘယကင်းစင်၍  ပျော်...
29/11/2020
🙏🙏🙏🙏🙏
မြန်မာလူမျိုးတို့၏ အထွတ်အမြတ်ထားရာ တန်ဆောင်မုန်းလပြည့်နေ့အချိန် အခါသမယတွင် ကမ္ဘာသူကမ္ဘာသားများ ရောဂါဘယကင်းစင်၍ ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း ‌တောင်းအပ်ပါသည်။😊😊😊
Photo-crd from original uploader
သူခိုးကြီးည ရာဇ၀င်....................ရှေးမြန်မာလူမျိုးများ ထိုးကွင်းထိုးကြတဲ့ဓလေ့ ရှိတာလူတိုင်းသိပါတယ်။အဲဒီလိုထိုးကွင်း...
28/11/2020
သူခိုးကြီးည ရာဇ၀င်....................
ရှေးမြန်မာလူမျိုးများ ထိုးကွင်းထိုးကြတဲ့ဓလေ့ ရှိတာလူတိုင်းသိပါတယ်။
အဲဒီလိုထိုးကွင်းမှင်ကြောင်ထိုးကြတဲ့အခါ
သီတင်းကျွတ်လပြည့်နေမှာ ထိုးလေ့ရှိကြပါတယ်။ တစ်လအကြာ တန်ဆောင်မုန်းလပြည့်နေ့ ရဲ့ ည အခါ ကာလဟာ
ဆေးပေါင်းစုံညီ ခညောင်းတဲ့အတွက် နက္ခတ်တာရာ စုံတဲ့ညအခါမှထပ်ပြီး ထိုးကွင်း
ဆေးအုပ်မှော်ထပ်ကြပါတယ်။
မြန်မာ့ထိုးကွင်းမှင် ဓလေ့မှာ မှင်မှာ မှော်အစွမ်းတွေရှိပါတယ် တဲ့၊ တုတ်ပြီး ဓားပြီးဆေး၊ ကိုယ်ပျောက်ဆေး၊ ပီယဆေး၊ အာဠာဝကဆေး စသည်ပေါ့။ မှင်အစွမ်းရဖို့ ကတိကဝတ်တွေပြုရတယ် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ရပ်ရွာကို ကာကွယ် ဖို့ သာမှော်အစွမ်းပြရတယ်လို့ ဆိုတယ်။
မှင်ဆရာက လပြည့်ညမှာ ဆေးအုပ်ပေးပြီး တန်ဆောင်မုန်း လပြည့်ကျော် ၁ ရက်နေ့
ညရောက်တော့ ထိုးကွင်းမှင်စွမ်း မစွမ်း အိမ်ရှင်များမသိအောင် လျှောက်ခိုး ခိုင်းပါတယ်။
ရလာတဲ့ပစ္စည်းတွေကို ရွာသူကြီးအိမ်ရှေ့စုပုံထား
ရပါတယ်။ ခိုးလို့မိတဲ့သူတွေလဲ မှတ်ထားကြတယ်။
မနက်ကျ ကိုယ့်ပစ္စည်းကို ရွာသူကြီးအိမ်မှာငွေပေး ပြီးလာရွေးရတယ် ။ ပစ္စည်းတန်ဖိုးအလိုက် ရလာတဲ့ငွေကို အလှူငွေအဖြစ် သတ်မှတ်ပြီး ခိုးလို့ မိတဲ့သူတွေအတွက် သင်္ဃန်းပရိက္ခရာဝယ်ပြီး သာမဏေ ဝတ်ပေးကြတယ်။
ဆေးပေါင်းခတဲ့ည နက္ခတ်ပွဲမှာ ဆေးအုပ်တဲ့ ထိုးကွင်းအစွမ်း စမ်းကြည့်ကြရင်း ကုသိုလ်အဖြစ် လုပ်ကြတာပါ ။
ဒါကို နောက်လူတွေက " အကုသိုလ်" မဖြစ်အောင် မခိုးမိကြဖို့ လိုပါတယ်။
သူခိုးကြီးည ဆိုပြီး အဓိပ္ပာယ်ကောက်မမှားကြဖို့ မူရင်းကို မှီငြမ်းဖြည့်စွက် ရေးပြရပါတယ်။
Credit to original uploader Edo Vader
🧐🧐"How to create your business logo"🧐🧐********************************************** 😍မိတ်ဆွေတို့အနေနဲ့ ကိုယ့်လုပ်ငန်းရဲ...
28/11/2020
🧐🧐"How to create your business logo"🧐🧐
**********************************************
😍မိတ်ဆွေတို့အနေနဲ့ ကိုယ့်လုပ်ငန်းရဲ့ အ‌ရေးကြီး အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အမှတ်တံဆိပ် Logo ကို ဖုန်းဖြင့် ပြုလုပ်တဲ့နည်းကို ဒီ video မှာမျှဝေပေးထားပါတယ်ဗျ။ 🧐🧐🧐
❣️YouTube Channel အသစ်လေးကိုလည်း "subscribe "လုပ်ပေးထားဖို့လည်း တောင်းဆိုချင်ပါတယ်။😊😊😊
❣️နောက်ထပ်လဲ videoအသစ်တွေ ထပ်တင်ပေးအုန်းမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါအုန်း။‌အားလုံးကိုကျေးဇူးတင်ပါတယ်။
Knowledge Sharing
27/11/2020
❣️"How to use Zoom App"🤔*******************************❣️ဒီနေ့မျှဝေချင်တဲ့အကြောင်းအရာကတော့ "Zoom App"ကိုမိတ်ဆွေတို့အနေနဲ...
26/11/2020
❣️"How to use Zoom App"🤔
*******************************
❣️ဒီနေ့မျှဝေချင်တဲ့အကြောင်းအရာကတော့ "Zoom App"ကိုမိတ်ဆွေတို့အနေနဲ့ ကြားဖူးထားကြမှာပါ။🧐🧐
🤔သို့သော်လဲ Application ရဲ့လုပ်ဆောင်ပုံတွေ၊အသုံးပြုပုံ‌တွေကို သေချာသိရှိထားမှသာအကျိုးရှိရှိ အသုံးပြုနိင်မှာဖြစ်ပါတယ်။😉😉
🎯ထို့ကြောင့် မိတ်ဆွေတို့အ‌နေဖြင့် ကိုယ်ကZoom meeting ပွဲတွေစီစဉ်ရတဲ့သူတစ်ယောက်အနေနဲ့ရောZoom meeting ပွဲကိုဝင်ရောက်join တဲ့menber အနေနဲ့ရောသိထားသင့်တဲ့အကြောင်းအရာဗဟုသုတတွေကို ဒီvideoမှာ မျှဝေထားတဲ့ အတွက် မိတ်ဆွေတို့အတွက်အကျိုးရှိလိမ့်မယ် မျှော်လင့်ပါတယ်။😊😊
YouTube Channel အသစ်‌လေးကိုလည်း "subscribe" လုပ်ပေးထားဖို့လည်း တောင်းဆိုချင်ပါတယ်ဗျ။🙏🙏🙏
Knowledge sharing
"Page မှာboost unavailable ဖြစ်ရတဲ့အ‌ကြောင်းအရင်း"===================================📌ဒီနေ့မှာ‌တော့ မိတ်ဆွေတို့အတွက် အကျ...
23/11/2020
"Page မှာboost unavailable ဖြစ်ရတဲ့အ‌ကြောင်းအရင်း"
===================================
📌ဒီနေ့မှာ‌တော့ မိတ်ဆွေတို့အတွက် အကျိုးရှိမဲ့အကြောင်းအရာ တစ်ခုဝေမျှချင်ပါတယ်။😊😊
📌မိတ်‌ဆွေတို့အနေနဲ့ ကိုယ်တိုင်ကြော်ငြာစာရေးပြီး ကြော်ငြာတဲ့အခါမှာ တချို့ postတွေက boost unavailable ဆိုပြီး😇ကြော်ငြာလို့မရတဲ့ postတွေကို တွေ့ဖူးကြမှာပါ။အဓိကအ‌ကြောင်းအရင်းကတော့ ads policy ထဲကတစ်ခုခုနဲ့ တိုက်ဆိုင်နေလို့ဘဲ ဖြစ်ပါတယ်။ထို့ကြောင့်မိတ်‌ဆွေတို့အနေဖြင့် သိထားသင့်တဲ့အချက်များကို‌မျှဝေချင်ပါတယ်။😱😱
(1)မိတ်ဆွေတို့အနေဖြင့် cover photo , video boost လုပ်လို့မရနိင်ပါ။အကယ်၍လုပ်ချင်ရင်တော့ post အနေနဲ့ သီးသန့်တင်သင့်ပါတယ်။
(2)profile,Draft post, album, note or post containg a link to a note စသာတွေကိုလည်း boost လုပ်၍မရနိင်ပါ။
(3)Expired post ,Boosted post does expired offer expire post စတဲ့ postတွေကိုလည်း boost လုပ်၍မရနိင်ပါ။
(4)ကိုယ့်ရဲ့page ပေါ်သို့အခြားကနေတစ်ဆင့် share postတွေ၊ album‌တွေကိုလည်း boostလုပ်၍မရနိင်ပါ။
(5)မိတ်ဆွေရဲ့ pageက unpublished ဖြစ်နေရင်လဲboost လုပ်၍မရနိင်ပါ။
(6)Ads account အနေနဲ့ active မဖြစ်ဘဲ disabled ဖြစ်နေရင်လည်း boostလုပ်၍ မရနိင်ပါ။
(7)မိတ်ဆွေအနေနဲ့ admin, editor (or) advertiser ဖြစ်မှသာ boost လုပ်၍ရနိင်ပါတယ်။
🎯ဒီအချက်တွေကတော့ မိတ်ဆွေအနေနဲ့ ကိုယ့်ရဲ့page မှာရှိတဲ့ postကိုကြော်ငြာတော့မယ်ဆိုရင် သိထားသင့်တဲ့အချက်များကိုစုစည်းတင်ပြခြင်းဖြစ်ပါတယ်။😍😍
❣️သင်တန်းအကြောင်းအသေးစိတ်လေ့လာချင်သူများအတွက်ကတော့ အောက်ကlinkထဲမှာ လေ့လာနိင်ပါတယ်။😊😊
https://www.facebook.com/101533031770740/posts/105636041360439/
"Page promote လုပ်ခြင်းနှင့် boost လုပ်ခြင်း ခြားနားချက်"===================================❣️မိတ်ဆွေတို့အနေနဲ့ ကိုယ့်ရဲ...
22/11/2020
"Page promote လုပ်ခြင်းနှင့် boost လုပ်ခြင်း ခြားနားချက်"
===================================
❣️မိတ်ဆွေတို့အနေနဲ့ ကိုယ့်ရဲ့ page ကို လူသိများအောင် ကြော်ငြာတဲ့အခါမှာ promote လုပ်ခြင်းနှင့် boost လုပ်ခြင်း အကြောင်းကို ကောင်းစွာ သိထားဖို့ လိုအပ်ပါတယ်။သို့မှသာ ငွေကုန်ကြေးကျ သက်သာပြီး ထိထိရောက်ရောက် ‌ကြော်ငြာနိင်မှာ ဖြစ်ပါတယ်။❣️
🎯"page promote အကြောင်း"🤔
==================
Promote လုပ်တယါဆိုတာ မိတ်ဆွေအနေနဲ့ ကိုယ့်ရဲ့ page ကို လူများများသိအောင် ကြော်ငြာခ အသုံးပြုပြီး Visa card (or) Master card ဖြင့်ကြော်ငြာခြင်းဖြစ်ပါတယ်။တစ်နည်းအားဖြင့် ကိုယ့်ရဲ့ pageမှာ likeတွေ၊follower တွေများလာအောင် ပြုလုပ်ခြင်းဖြစ်ပါတယ်။😱
📌"Boost လုပ်ခြင်းအကြောင်း"🤔
=================
Boost လုပ်တယ်ဆိုတာ မိတ်ဆွေအနေနဲ့ ကိုယ့်ရဲ့product (or) service ကို customer ဆီသို့ထိထိရောက်ရောက်ကြော်ငြာချင်တဲ့အခါမှာ Visa card (or) Master card ဖြင့်ကြော်ငြာခြင်း ဖြစ်ပါတယ်။တစ်နည်းအားဖြင့် ကိုယ့်ရဲ့ product ကို‌ရောင်းအားတိုးဖို့ အတွက်ကြော်ငြာတဲ့အခါမှာ အသုံးပြုကြပါတယ်။
📌မိတ်ဆွေအနေနဲ့ ကိုယ့်ရဲ့ page မှာlikeတွေ ၊follower တွေတိုးချင်တယ်ဆိုရင်တော့ promote လုပ်ခြင်းက အသင့်တော်ဆုံး ဖြစ်ပါတယ်။ဒါမှမဟုတ် ရောင်းအားတိုးချင်တယ်ဆိုရင်တော့ boost လုပ်ခြင်းက အကောင်းဆုံးဖြစ်ပါတယ်။👍👍👍
🎯သင်တန်းအကြောင်းအသေးစိတ်လေ့လာချင်သူများအတွက်ကတော့ အောက်ကlinkထဲမှာ လေ့လာနိင်ပါတယ်။😊😊
https://www.facebook.com/101533031770740/posts/105636041360439/
"အလုပ်ရှာနေတဲ့ မိတ်ဆွေတို့အတွက် အသုံးဝင်မဲ့ appအ‌ကြောင်း"====================================🎯ဒီနေ့မှာတော့ အလုပ်အကိုင်အသ...
12/11/2020
"အလုပ်ရှာနေတဲ့ မိတ်ဆွေတို့အတွက် အသုံးဝင်မဲ့ appအ‌ကြောင်း"
====================================
🎯ဒီနေ့မှာတော့ အလုပ်အကိုင်အသစ်တွေရှာဖွေနေတဲ့ မိတ်ဆွေတို့ အတွက်အသုံးဝင်မဲ့ LinkedIn app အကြောင်း ဝေမျှချင်ပါတယ်။🤔🤔
🎯အရင်ဆုံးAppအ‌ကြောင်းအကျဉ်းချုံးရှင်းပြပေးပါမယ်။😊😊
မိတ်ဆွေအနေနဲ့ LinkedIn app မှာအလုပ်ရှာဖွေလို့ရပါတယ်။
🎯ဒါ့အပြင် သင်နဲ့အလားတူ လုပ်ကိုင်နေတဲ့ လူတွေကိုရှာဖွေအပ်နှံပီး သင့်ရဲ့Social Network ကိုချဲ့ထွင်လို့ရပါတယ်။App ကိုအလုပ်ရှာနေတဲ့ သူတွေသာမက လုပ်ငန်းအသီးသီးရဲ့ CEOတွေ၊Directorတွေ၊Management Level အဆင့်ရှိတဲ့သူတွေပါ သုံးလာကြတဲ့အတွက် သင့်အတွက်အခွင့်အလမ်းများစွာ ရရှိနိင်ပါတယ်။😱😱😱
ဒီလောက်ဆိုရင်တော့App ရဲ့သဘောသဘာဝကို နားလည်ပြီ ထင်ပါတယ်။😊😊
🎯LinkedIn app ကိုသင်စအသုံးပြုမည်ဆိုပါက ဆောင်ရန်ရှောင်ရန် အချက်(၆) ချက်ကိုဆက်လက်ရှင်းပြချင်ပါတယ်။😇
(၁)App မှာသင်Active ဖြစ်နေပါစေ။
မိတ်ဆွေအနေနဲ့ account ဖွင့်ထားယုံ skill တွေချပြထားယုံနဲ့ နေ့စဉ်အသုံးမပြုဘူးဆိုရင် သင့်ရဲ့Social Network ကိုချဲ့ထွင်နိင်မှာ မဟုတ်ပါဘူး။ဒါ‌ကြောင့်မိတ်ဆွေအနေနဲ့ တစ်နေ့ကို(၂) နာရီလောက်အချိန်ပေးပြီး အသုံးပြုသင့်ပါတယ်။
(၂)သင့်profileမှာ သင်ရဲ့Data တွေကိုချန်လှန် မထားပါနဲ့
ဒါကလည်း သင်ရဲ့ကျွမ်းကျင်မှုတွေ Data တွေကို တိတိကျကျ ဖော်ပြထားခြင်း မရှိဘူးဆိုရင်တော့ သင်ဟာအလုပ်အကိုင် ကောင်းတွေရဲ့ ကမ်းလှမ်းမှုကို ရရှိမှာ မဟုတ်သလို သင့်Social Network ကလည်း ကျဉ်းမြောင်းနေဦးမှာပါ။
ဒါကြောင့်Data တွေကိုတိတိကျကျ ဖော်ပြထားဖို့ အကြံပြုချင်ပါတယ်။
(၃)ရိုးသားပါ။
ဒီအချက်ကလည်း သင့်အနေနဲ့ သင့်ရဲ့ information တွေ၊experience တွေကို ပိုပြီးချဲ့ထွင်ထားတာမျိုး ဆိုလူသိလွယ်ဒါကြောင့် ဒါကိုရှောင်ရှားဖို့ အကြံပြုချင်ပါတယ်။
(၄)မိတ်ဆွေဖွဲ့ပါ။
ကိုယ့်Professional လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ လူတိုင်းကို request account လုပ်ခြင်းဖြင့် သင့်ရဲ့Social Network ကိုချဲ့ထွင်သင့်ပါတယ်။
(၅)သင့်လုပ်ငန်း အ‌ကြောင်းကို အပုပ်မချပါနဲ့
LinkedIn မှာသုံးနေတဲ့လူတိုင်းက Professional level တွေချည်း ဖြစ်တာမို့ Ethics ရှိကြတဲ့သူတွေ စုနေကြတာပါ။ ဒါ‌ကြောင့်မို့ သင်ဟာ သင့်လုပ်ငန်းအ‌ကြောင်းကို အပုပ်ချနေတာတွေဟာ လုပ်ငန်းခွင်မှာ Professional မဆန်ကြောင်းပြသနေတာမျိုး ဖြစ်သောကြောင့် ကောင်းမွန်တဲ့အလုပ်အကိုင် အခွင့်အလမ်းတွေကိုလည်း ဆုံးရှုံးရနိင်ပါတယ်။
(၆)သင့်ကျွမ်းကျင်မှုကို Profile မှာအမြဲ updateလုပ်နေပါ။
သင့်ရဲ့ကျွမ်းကျင်မှုတွေ၊experience တွေကို update မလုပ်ဘူးဆိုရင်တော့ ကောင်းမွန်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ သင့်ကိုကျော်သွားပါလိမ့်မယ်။
🎯ဒီလောက်ဆိုရင်တော့ မိတ်ဆွေအနေနဲ့ LinkedIn app ရဲ့ဆောင်ရန် ရှောင်ရန်တွေကို သိရှိပြီ ထင်ပါတယ်။အလုပ်ရှာနေတဲ့ မိတ်ဆွေတို့ အတွက်လည်းအကျိုးရှိလိ့မ်မယ် ထင်ပါတယ်။😊😊
🎯နောက်ရက်တွေမှာလဲ မိတ်ဆွေတို့အတွက် အကျိုးရှိမဲ့ IT နဲ့ဆိုင်တဲ့ အကြောင်းအရာများစွာ တင်ဆက်ပေးမှာမို့လို့like & Share လုပ်ပေးသွားဖို့ကိုလည်း မေတ္တာရပ်ခံချင်ပါတယ်။🙏🙏🙏🙏🙏
📌သင်တန်းအ‌ကြောင်း စုံစမ်းချင်တဲ့သူအ‌တွက်ကတော့ ‌
အောက်က link ထဲလေ့လာနိင်ပါတယ်။
https://www.facebook.com/101533031770740/posts/105636041360439/
Address
San Pya (6) Street, San Pya Block, Thingyangun Township
Thingangyun
951
Telephone
+959696291954
Website
Alerts
Be the first to know and let us send you an email when San Pya posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Business
Send a message to San Pya:
Share
Nearby media companies