Talented Zone

Talented Zone Video Making, Photo Taking !
- Our Creation -
(1)

13/12/2023
30/07/2023

Product Quality ကောင်းရဲ့နဲ့ ဘာလို့ရောင်းအားမသွက်တာလဲ❓
+++++++++++++
ကြိုးစားနေပါရဲ့နဲ့ အခက်အခဲတွေနဲ့ကြုံတွေ့နေသူများအတွက်သာ...

💠ကိုယ့်ထုတ်ကုန်ကလည်းကောင်းပါရဲ့
💠ကိုယ့်ဝန်ဆောင်မှုကလည်းကောင်းနေပါရဲ့
💠ဈေးနှုန်းကလည်း သင့်တင့်ပါရဲ့နဲ့ ထင်သလောက် ခရီးမပေါက်ဘူးဖြစ်နေတယ်။

ဒါဘာကြောင့်လဲဆိုတော့ကာ.....ဟုတ်ကဲ့

✅ကြော်ငြာမှု အားနည်းနေလို့ပါ

၂၁ ရာစုခေတ်မှာ သူ့ထက်ငါအပြိုင် Offline တင်မဟုတ်ပဲ Online မှာပါကြော်ငြာမှုတွေ တွေ့မြင်နေကြရမှာပါ။

သင်ရော သင့်လုပ်ငန်းအတွက် Online မှာ ကြော်ငြာမှုတွေလုပ်နေပြီလား❓

Online မှာ လုပ်တော့လုပ်နေပါပြီ သို့သော် ထင်သလောက်...

🔶Facebook မှာ ကိုယ့်လုပ်ငန်းကို မသိကြသေးဘူး
🔶ရောင်းအားတက်အောင် ပံ့ပိုးပေးမယ့် ကြော်ငြာတွေ မဖန်တီးနိုင်ဘူး ဖြစ်နေတယ်
🔶ကြော်ငြာကောင်းနေပါရဲ့ ဒီဇိုင်းက အားနည်းနေတယ်
🔶ကြော်ငြာစရိတ်သာ ကုန်သွားတယ် ဝယ်သူမရှိလို့ ဝယ်သူတွေ ဆုံးရှုံးနေတာဆိုရင် ပြောင်းလဲ လုပ်ဆောင်သင့်ပါပြီ။

Online Campaign တွေကိုလည်း Offline နဲ့ ချိတ်ဆက်ထားဖို့လည်း လိုအပ်ပါသေးတယ်။

Online ချည်းပဲမဟုတ်ပဲ Traditional Marketing ဖြစ်တဲ့ Offline Media ကို မေ့ထားလို့မရပါဘူး။

သင့်လုပ်ငန်း ထုတ်ကုန် Branding တည်ဆောက်ဖို့အတွက်...

Online - Offline အပြန်အလည် ချိတ်ဆက်မှုရှိတဲ့ Marketing Campaigns​ များကို စဉ်ဆက်မပြတ်ဆန်းသစ်နေစေရမယ့် စိတ်ကူး အိုင်ဒီယာတွေ လုပ်ဆောင်ပေးနိုင်တဲ့...

🤝 Better Engage နဲ့ လက်တွဲလုပ်ဆောင်လိုက်ဖို့အကြံပြုပါရစေ...

အသေးစိတ်အချက်အလက်များသိလိုပါက Page Messenger သို့မဟုတ် 09795442441 (Viber, Telegram, Whatsapp) တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်...👌👌

11/07/2023

BBA (Before Bridge After) Formula!
---
Before - ကိုယ့်ကုန်ပစ္စည်းကို အသုံးမပြုခင် အရင်က အဆင်မပြေခဲ့တာတွေကို ဖော်ပြပေးရမယ်၊ Bridge - ကိုယ့်ကုန်ပစ္စည်းကို သုံးလိုက်အခါ After - အဆင်ပြေလာတာတွေကို ဖော်ပြပေးရမှာ ဖြစ်ပါတယ်။

Sample - Facebook Marketing ပိုင်းအတွက် စိတ်ညစ်နေပြီလား...Chat Box မှိုတက်ပြီး Engagement တွေ ထိုးကျနေပြီလား...Boost လုပ်ပေမဲ့ Quality နိမ့်တဲ့ Content တွေ၊ ဒီဇိုင်းတွေကြောင့် အလုပ်မဖြစ်ဘူးလား...

ဒီလိုပြဿနာတွေကြောင့် Better Engage ရဲ့ ဝန်ဆောင်မှုကို ရယူခဲ့တဲ့ Client တွေအနေနဲ့ကတော့ Engagement တွေတက် Sales တွေတက် Follower တွေပါ တက်လာလို့ BE နဲ့ လက်တွဲ မဖြုတ်နိုင် ဖြစိနေလေရဲ့...

အကျိုးရှိမယ် မျှော်လင့်လျက်

09/07/2023

PAS (Problem Agitate Solve)

လူကြီးမင်းတို့အနေနဲ့ PAS Formula ကို အသုံးပြုပြီး Content တစ်ပုဒ်ဖန်တီးမယ်ဆိုရင် Problem - ပြဿနာတစ်ခုကို အရင်ဦးဆုံး ဖော်ပြပေးရမှာ ဖြစ်ပါတယ်။ ပြီးရင် Agitate - အဲ့ပြဿနာကို မဖြေရှင်းရင် ဖြစ်လာမယ့် နောက်ဆက်တွဲတွေကို ဖော်ပြပေးရပါမယ်။ Solve - နောက်ဆုံးမှာ ဒီပြဿနာကို ဖြေရှင်းနိုင်အောင် မိမိကုန်ပစ္စည်းကို ကြော်ငြာပေးရမှာ ဖြစ်ပါတယ်။

Sample Content : သင့်ကလေးငယ် အစားအသောက်ကောင်းကောင်းမစားလို့ စိတ်ညစ်နေပြီလား...

ကလေးငယ်ရဲ့ အစားစားနှုန်း နည်းခြင်းက ကိုယ်ခန္ဓာ ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်ပါတယ်။

ဒါပေမဲ့ စိတ်အရမ်းမပူပါနဲ့... ကျွန်တော်တို့မှာ အဖြေရှိပါတယ်။ အစားစားချင်စိတ်ကို ဖြစ်စေပြီး ကိုယ်ခန္ဓာဖွံ့ဖြိုးမှု၊ ဉာဏ်ရည်ဖွံ့ဖြိုးမှုတို့အတွက် ထုတ်လုပ်ထားတဲ့ ဘယ်အားဆေးကို တစ်နေ့ 15ml နှုန်းဖြင့် နေ့စဉ်ပုံမှန်တိုက်ကျွေးသင့်ပါတယ်နော်...

အကျိုးရှိမယ် မျှော်လင့်လျက်

BetterEngage
08/07/2023

BetterEngage

FAB ဆိုတဲ့ Content Formula အကြောင်း
---
FAB ဆိုတာ Feature Advantages Benefits ပဲ ဖြစ်ပါတယ်။ မိမိ ကုန်ပစ္စည်းမှာ ထူးခြားစွာပါဝင်လာတဲ့ အချက်ကို အဓိကထား ဖော်ပြရပါမယ်။ အဲ့ဒီ ထူးခြားချက်ကြောင့်ပဲ ရရှိလာမဲ့ ပိုကောင်းတဲ့ အချက်ကို ထောက်ပြရပါမယ်။ Benefits မှာတော့ ပိုကောင်းတဲ့ အချက်ကြောင့် ထပ်မံရရှိမဲ့ အကျိုးရလဒ်ကို ဖော်ပြပေးသွားမဲ့ ဖော်မြူလာပဲ ဖြစ်ပါတယ်။

Sample Content : ကျွန်တော်တို့ Facebook Marketing Service မှာဆိုရင် 4 သိန်းတန် Premium Package ကို ၃ လ ယူလျှင် ၁ လ FREE ပေးသွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် လူကြီးမင်းတို့အနေနဲ့ တစ်လကို ၃ သိန်းကျပ်တည်းနဲ့ ကျွန်တော်တို့ရဲ့ Marketing ပိုင်း၊ Content ပိုင်း၊ Visual ပိုင်းတွေပါဝင်မယ့် ဝန်ဆောင်မှုကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

လူကြီးမင်းတို့အနေနဲ့ In-House ထားပြီး Marketing ဖော်ဆောင်မယ်ဆိုရင် လစဉ်ကုန်ကျမယ့် Social Media Marker, Content Writer, Graphic Designer, Video Editor စတဲ့ ဝန်ထမ်းစရိတ်တွေကို လျော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ၃ သိန်းတန် ဝန်ဆောင်မှုက လူကြီးမင်းတို့ရဲ့ လစဉ်ကုန်ကျစရိတ်ကို အများကြီးသက်သာသွားစေမှာ ဖြစ်ပါတယ်နော်...

အကျိုးရှိမယ် မျှော်လင့်လျက်

AIDA Formula
07/07/2023

AIDA Formula

ဒီတစ်ခါမှာတော့ Content Formula တစ်ခုဖြစ်တဲ့ AIDA (Attention Interest Desire Action) Formula ကို ဖော်ပြပေးလိုက်ပါတယ်။

AIDA Formula နဲ့ Content တွေ ဖန်တီးမယ်ဆိုရင် ပထမဦးဆုံး လူအများသတိထားမိစေမယ့် စကားလုံး (Attention) ကို အသုံးပြုရပါမယ်။ ပြီးတဲ့အခါ လူအများအတွက် အကျိုးရှိစေမယ့် စိတ်ဝင်စားမှုရှိစေမယ့် အချက်အလက်တွေ (Interest) ကို ရေးသားပေးရပါမယ်။ ဒီအချက်အလက်တွေကြောင့် ရရှိမယ့် အကျိုးကျေးဇူးတွေကို ထပ်မံရေးသားခြင်းဖြင့် (Desire) ဝယ်ယူလိုစိတ်ကို နှိုးဆော်ပေးရပါမယ်။ နောက်ဆုံးမှာတော့ ကိုယ့်ကုန်ပစ္စည်းကို ကြောငြာပြီး ရောင်းချရမှာဖြစ်ပါတယ်။

Sample Content : သင် သိပြီးပြီလား...?

လာမယ့် ဘယ်နှစ်ရက်နေ့မှာတော့ဖြင့် ဘယ် Product ရဲ့ Big Sale ကြီးရှိတယ်ဆိုတာ...

ပုံမှန်အချိန်မှာ မရနိုင်တဲ့ ဈေး၊ ထင်မှတ်မထားနိုင်လောက်တဲ့ မယုံကြည်နိုင်လောက်တဲ့ ဈေးနှုန်းနဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်နော်...

အချိန်အကန့်အသတ်၊ ကုန်ပစ္စည်းအကန့်အသတ်ရှိနေတာကြောင့် နောက်မကျ လက်မနှေးစေဖို့ တိုက်တွန်းလိုက်ပါတယ်နော်...

အကျိုးရှိမယ် မျှော်လင့်လျက်

Content Formula!
06/07/2023

Content Formula!

Content Idea တွေ မထွက်လို့ စိတ်ညစ်နေပြီလား?

Content Formula တွေထဲမှ PCG (Pain Claim Gain) Formula ကို မျှဝေပေးလိုက်ပါတယ်။

Pain ဆိုတာကတော့ Customer တွေ ရယူလိုချင်တဲ့အရာပေါ့နော် (နာကျင်မှု) ဥပမာ - Content Idea မထွက်တာက Pain ပေါ့၊ အဲ့ဒီ Pain ကို သိရှိထားပြီး ပထမစာပိုဒ်မှာ ဖော်ပြရပါမယ်၊ ဒါမှ ဒီ Pain ရှိတဲ့ သူတွေက စာကို ဆက်ဖတ်မှာ ဖြစ်ပါတယ်။

ဒုတိယအပိုဒ်မှာတော့ ဒီ Pain ဖြေရှင်းနိုင်မယ့် ကိုယ့်လုပ်ငန်းရဲ့အားသာချက်ကို ရေးပေးရပါမယ်၊ ဥပမာ - Content Idea ခမ်းနေတဲ့ သူတွေအတွက် PCG Formula ကို ဖော်ပြလိုက်တာက Claim ပါ။

Gain ကတော့ စာဖတ်သူတွေအနေနဲ့ ပြန်လည်ရရှိနိုင်မယ့် အကျိုးရလဒ်ပဲ ဖြစ်ပါတယ်၊ ဒီစာကို ဖတ်ပြီး Content Idea တွေ ရသွားတာက Gain ပဲ ဖြစ်ပါတယ်။

[Sample Content - အတုအပအရက်တွေကြောင့် စိတ်ညစ်နေတဲ့ Pain ရှိသူတွေအတွက်ဆိုရင်...

အတုအပ အရက်တွေကြောင့် သောက်ရတာ အာသာမပြေ၊ မနက်နိုးတိုင်း ခေါင်းကိုက်တတ်နေပြီလား...?

၁၀၀ ရာခိုင်နှုန်း စစ်မှန်ကြောင်း အာမခံချက်အပြည့်ရှိတဲ့ Scotch Whiskey များကိုသာ တင်သွင်းရောင်းချလျက်ရှိသော ...Liqour Shop မှ မှာယူ သောက်သုံးခြင်းဖြင့် Whiskey ရဲ့ စစ်မှန်တဲ့ အရသာတွေကို ခံစားလိုက်ပါ။

မိုးလင်းလို့ အရက်နာကျခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်းတို့ မရှိ ကြည်လင်လန်းဆန်းနေမှာပဲ ဖြစ်ပါတယ်။]

အကျိုးရှိမယ် မျှော်လင့်လျက်

🥰🥰
05/07/2023

🥰🥰

FYI
04/07/2023

FYI

ROI (Return on Investment) တွက်မယ်
---
👉 ကိုယ်ရင်းနှီးမြှုပ်နှံလိုက်တဲ့ အပေါ် ROI (Return on Investment) ဘယ်လောက်ပြန်ရမလဲဆိုတာ တွက်ချက်မှာပဲ ဖြစ်ပါတယ်။

ROI (Return on Investment) ကို များသောအားဖြင့် ရာခိုင်နှုန်းဖြင့်သာ ဖော်ပြကြပါတယ်။

ဥပမာ - ၅ သိန်းရင်းလို့ ၆ ခြောက်သိန်း ပြန်ရရင် အမြတ်ငွေက ၁ သိန်းပဲ ဖြစ်ပါတယ်၊ ဒါကို Net Investment Gain လို့ ခေါ်ပါတယ်၊ အရင်း ၅ သိန်းကို Cost of Investment လို့ ခေါ်ပါတယ်။

Net Investment ကို တည်ပြီး Cost of Investment နဲ့စား၊ ၁၀၀ နဲ့ မြှောက်လိုက်ရင် ROI ရပါပြီ။

👉 Facebook Ads ပိုင်းမှာ ROI တွက်ဖို့အတွက် Facebook Engage Ads နဲ့ နမူနာပြပေးချင်ပါတယ်။

Engagement အတွက် Ads Run တဲ့အခါ 15$ ကုန်ကျပြီး Result က 1950 ရတဲ့ဆိုရင်... ဒါက Ads Result ပဲ ဖြစ်ပါတယ်၊ 15$ မှာ ပုံမှန်ရသင့်တာကတော့ 1500 ပဲဖြစ်ပါတယ်၊ ဒါကို Standard Result လို့ခေါ်ပါတယ်။

Ads Result ထဲကနေ Standard Result ကို နုတ်ပြီး ရလာတဲ့ အဖြေကို Standard Result နဲ့ ပြန်စားပေးရပါတယ်။ ပြီးရင် 100 နဲ့ မြှောက်ပေးခြင်းဖြင့် ROI ရာခိုင်နှုန်းကို ရရှိမှာ ဖြစ်ပါတယ်

အကျိုးရှိမယ် မျှော်လင့်လျက်

BEP Formula!
02/07/2023

BEP Formula!

ဒီလအတွက် လူကြီးမင်းတို့ ကုန်ပစ္စည်း ဘယ်နှစ်ခုရောင်းရရင် အရင်းကျေမလဲ???
---
ဒီလ ဒီနေ့အတွက် အရင်းကျေဖို့ အရေအတွက်ဘယ်လောက်ရောင်းရမလဲဆိုတာကို Break Even Point (BEP) နဲ့ တွက်ချက်နိုင်ပါတယ်။

ဥပမာအနေနဲ့ လူကြီးမင်းတို့က CCTV တွေ ရောင်းတယ်ဆိုပါစို့...တစ်လကို CCTV ဘယ်နှစ်လုံးရောင်းရရင် အရင်းကျေမလဲဆိုတာ ကြိုတင် တွက်ချက်ထားဖို့လိုပါမယ်။

ဘယ်လိုတွက်မလဲဆိုရင် လုပ်ငန်းတစ်ခုမှာ Fixed Cost ဆိုတာရှိပါမယ်၊ ဝယ်သူလာလာ မလာလာ လစဉ်ကုန်ကျစရိတ်ပါ (ဆိုင်ခန်းဖိုး၊ ရေမီးဖိုး၊ ဝန်ထမ်းလစာ၊ အခွန်အခစသည်...)၊ နောက်ပြီး CCTV အတွက် ကုန်ကျစရိတ် (အရင်းအနှီး) ရှိပါမယ်၊ ဒါကို Variable Cost လို့ ခေါ်ပါမယ်၊ အဆိုပါ စရိတ်များကို အရင်းကျေစေဖို့ CCTV ဘယ်နှစ်လုံးရောင်းရမလဲ...

နောက်တစ်ခုက CCTV တစ်လုံးစီရဲ့ အမြတ်ငွေပေါင်းပြီး တန်ဖိုးရှိပါမယ်၊ Selling Price Per Unit လို့ ခေါ်ပါမယ်၊ ဒီလအတွက် CCTV ဘယ်နှစ်လုံးရောင်းရရင် အရင်းကျေမလဲ သိနိုင်ဖို့ Selling Price Per Unit ထဲကနေ Variable Cost ကိုနုတ်ရပါမယ်၊ နောက်တစ်ခု Fixed Cost ကိုတည်ပြီး ခုနက ရထားတဲ့ အဖြေနဲ့ စားပေးရပါမယ်၊ ဒါဆိုရင် ဒီလအတွက် CCTV ဘယ်နှစ်ခုရောင်းရရင် အရင်းကျေမလဲဆိုတာ သိနိုင်ပါပြီ၊ ဒီလအတွက် သိရင် ဒီရက်အတွက်လည်း သိနိုင်ပါပြီ။ 😌😌

အကျိုးရှိမယ် မျှော်လင့်လျက်

Address

Thingangyun

Telephone

+959795442441

Website

Alerts

Be the first to know and let us send you an email when Talented Zone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Talented Zone:

Share

Nearby media companies