TPZ-Channel

TPZ-Channel TPZ-Channel (Official Page)
ဇာတ်ကားသစ်Update Newများ
တင်ဆက်ပေးခြင်းနှင့်
ဇာတ်ကားကောင်းများတင်ဆက်သည်
(2)

Naan Kadavul Illai (2023)  #ဇာတ်ကားသစ် -------------------------------IMDb rating 8.6 ရထားတဲ့ တမိလ် ကားသစ်Naan Kadavul I...
18/11/2023

Naan Kadavul Illai (2023) #ဇာတ်ကားသစ်
-------------------------------

IMDb rating 8.6 ရထားတဲ့ တမိလ် ကားသစ်
Naan Kadavul IIIai ရုပ်ရှင်ဟာ ကလေးတွေနဲ့
အတူကြည့်ဖို့ မသင့်တော်လောက်အောင် အပစ်အခတ်
အသတ်အပုတ်ကြမ်းလွန်းတဲ့ Revenge action
ဇာတ်လမ်းမို့ စာတန်းထိုးတင်ဆက်လိုက်ပါတယ်။

မင်းသား Samuthirakani နဲ့ တမိလ်မင်းသမီး
Sakshi Agarwal တို့ ပါဝင်သရုပ်ဆောင်ထားတဲ့
Naan Kadavul Illai ရုပ်ရှင်က အငြိုးကြီးတဲ့
ဂိုဏ်းစတားတယောက်က သူ့ကိုထောင်ချခဲ့သူတွေကို
ရက်ရက်စက်စက် လိုက်သတ်ပြီး လက်စားချေတဲ့
ဇာတ်အိမ်ဖြစ်ပြီး တကားလုံးနီးပါး အပစ်အခတ်တွေနဲ့
ချည်းရိုက်ကူးထားတာကြောင့် အက်ရှင်ကားကြိုက်တဲ့
ပရိသတ်တွေအတွက်ပါ။

ဆန်သော်ရန်ဆိုတာက တာဝန်ကျေပွန်ပြီး ရိုးသားတဲ့
CID ရဲအရာရှိပါ။ မိန်းမ၊ အမေ၊ သားသမီးတွေနဲ့
အတူနေရင်း ဘဝကို ရိုးရိုးရှင်းရှင်း သာသာယာယာ
ဖြတ်သန်းလိုပေမဲ့ သာယာတဲ့နေ့တွေက ကြာရှည်
မခံပါဘူး။ ကိုယ့်အဖေကိုယ် ခေါင်းဖြတ်သတ်လို့
ထောင်ကျနေတဲ့ လူဆိုး ဗီရာတစ်ယောက် ထောင်က
လွတ်လာပြီးနောက် သူ့ကို ထောင်ချရာမှာ ပါဝင်ခဲ့တဲ့
တရားသူကြီး၊ အမူစစ်ရဲ၊ တရားရုံးရှေ့နေ ရှိသမျှ‌သူ
အကုန်လုံးကို မိသားစုထဲက ကလေးပါမကျန်အောင်
အငြိုးတကြီး လိုက်သတ်နေပြီး သူသတ်မဲ့စာရင်းထဲ
သူ့ကို အမှုဖွင့်ခဲ့တဲ့ CID ရဲမှုး ဆန်သော်ရန်လည်း
ပါဝင်နေတာပါ။ ရဲမူးမိသားစု ဗီရာဂိုဏ်းလက်က
လွတ်မလား၊ ဗီရာကို လူမဆန်တဲ့ သူ့အပြစ်တွေ
အတွက် ပြန်ပေးဆပ်နိုင်အောင် ရဲမူးက ဘယ်လို
ပြန်ပြီး တန်ပြန်ကလဲ့စားချေမလဲဆိုတာကိုတော့....

Telegram 👇👇👇
https://t.me/+ZwWnfL4-zlgyNTY1

ဇာတ်ကားကြည့်ရန်👇👇👇
https://www.facebook.com/groups/312641714895746/permalink/314915791335005/

adminရဲ့ Official Accကို အပ်ထားချင်သူများအတွက်👇👇

https://www.facebook.com/profile.php?id=100081987139288&mibextid=ZbWKwL

====================================

Credit...

Kannur Squad (2023)  #ဇာတ်ကားသစ်============================ #ရုပ်ရှင်ကားကြီးတွေမထွက်တာကြာပြီဖြစ်တဲ့မင်းသားကြီးမန်မိုသီရ...
18/11/2023

Kannur Squad (2023) #ဇာတ်ကားသစ်
============================
#ရုပ်ရှင်ကားကြီးတွေမထွက်တာကြာပြီဖြစ်တဲ့မင်းသားကြီးမန်မိုသီရဲ့ဇာတ်ကားအသစ်စက်စက်

တောင်ပိုင်းမင်းသား စလ်မန်းရဲ့အဖေ မလျာလမ်
legend မင်းသားကြီး Mammootty အဓိက
ပါဝင်သရုပ်ဆောင်ထားပြီး IMDb rating 8.3
ရထားတဲ့ Kannur Squad ရုပ်ရှင်ဟာ
ရုံတင်တုံးကလည်း Super Hit ဖြစ်ခဲ့တဲ့
စုံထောက်အက်ရှင်ကား ဖြစ်ပါတယ်။

မလျာလမ်စကားပြော Mollywood ရုပ်ရှင်တွေဟာ တောင်ပိုင်းမှာ အိုဗာအက်ရှင်အနည်းဆုံးဖြစ်ပြီး သူတို့ရိုက်တဲ့ စုံထောက်ကားတွေဆိုလည်း ကမ္ဘာကျော်တဲ့ထိအောင်မြင်တာ Drishyam က သက်သေပါ။ Drishyam ကို ဂျပန်၊ တရုတ်နဲ့ ကိုရီယားတွေကပါ
remake ပြန်ရိုက်ကူးရတဲ့ထိ အောင်မြင်ထားပြီး
ရှေ့နှစ်ကျင်းပမဲ့ အော်စကာဆုပေးပွဲမှာလည်း အိန္ဒိယကိုယ်စားပြု ဝင်ပြိုင်ဖို့ရွေးခံရတာ 2018 ဆိုတဲ့
မလျာလမ်ရုပ်ရှင်ပါ။

===================================
🛑🍀 ဇာတ်ကားကြည့်ရန် Telegram Link 🍀🛑

https://t.me/Channel_MM_SuB_LinK2/2327
https://t.me/ChannelMmSubMovieLinkOnly/4019

🛑🌿 ဇာတ်ကားကြည့်ရန် Facebook Link 🌿🛑

https://m.facebook.com/groups/717323426959926/permalink/719709753387960/?mibextid=Nif5oz

adminရဲ့ Official Accကို အပ်ထားချင်သူများအတွက်👇👇

https://www.facebook.com/profile.php?id=100081987139288&mibextid=ZbWKwL

====================================


GHOST _ 2023 ( သို့ )" #တစ္ဆေ"=========================== #ဇာတ်ကားအသစ်စက်စက်ကြီးပါဗျို့IMDb 8.5 ရရှိထားပြီး ရုံတင်ဝင်ငွေ...
17/11/2023

GHOST _ 2023 ( သို့ )" #တစ္ဆေ"
===========================
#ဇာတ်ကားအသစ်စက်စက်ကြီးပါဗျို့

IMDb 8.5 ရရှိထားပြီး ရုံတင်ဝင်ငွေ ရူပီး သန်း ၃၀၀ ကျော်ရခဲ့တဲ့ ကန်နားဒါး action-thriller ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ်
ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုတွေလည်း ရရှိထားပြီး Shiva Rajkumar, Jayaram နဲ့ Anupam Kher တို့ ပါဝင်ထားပါတယ်

ဇာတ်လမ်းအကျဥ်းကတော့ အမည်မသိ လူတစ်စုက ဗဟိုအကျဥ်းထောင်တစ်ခုမှာရှိတဲ့ အကျဥ်းသားတွေ အပါအဝင်
ဗြူရိုအရာရှိဟောင်းဖြစ်တဲ့ မစ္စတာဗာမန်ကိုပါ ပြန်ပေးဆွဲသွားပါတယ်
အဲဒီ ဓားစာခံပြဿနာကို မဟုတ်မခံ သမာသမတ်ကျတဲ့ ဒုရဲမှူး ချန်ဂါပါကို တာဝန်ပေးလာပါတယ်

အကျဥ်းထောင်ကို ဝင်စီးတုန်းက စီစီတီဗီမှတ်တမ်းတွေကိုပါ လက်စဖျောက်သွားခဲ့ပြီး ဆရာချန်ဂါပါနဲ့ အမည်မသိ ဂိုဏ်းစတားတို့ရဲ့ ကြောင်နဲ့ကြွက် ကစားပွဲ စတင်ပါတော့တယ်
အမည်မသိ ဂိုဏ်းစတားဆိုတာ တကယ်တော့ "Big Daddy" ဆိုပြီး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဂိုဏ်းခေါင်းဆောင် ဒါလာဗာရီဖြစ်ပါတယ်

ဒါလာဗာရီက ထောင်အတွင်းမှာ ဝှက်ထားတဲ့ ရွှေတုံးတွေကို ယူဖို့လာတာဖြစ်ပြီး ရွှေတုံးတွေကတော့ ဗြူရိုအကြီးအကဲ
ဗာမန်တို့ မစ်ရှင်တစ်ခုမှာ သိမ်းဆည်းရမိခဲ့တာပါဒါကို ဗာမန်က ထောင်အတွင်းမှာ လုံခြုံရေးပရိုဂရမ် အမည်ခံပြီး ရွှေတွေယူဖို့ လာတာဖြစ်ပါတယ်
ဒီထက် ပိုပြီးပြောရင် ဇာတ်လမ်းပေါ့သွားမှာစိုးလို့ ဒီမှာပဲ ရပ်ပါမယ်

အိန္ဒိယနိုင်ငံရဲ့ အထက်လူကြီးတွေရဲ့ အကျင့်ပျက်ခြစားမှူတွေနဲ့ ဂန်းစတားတွေရဲ့ အရှုပ်တော်ပုံကိုနှစ်နာရီ အချိန်အတွင်းမှာ
ထိုင်ရာမထ စိတ်ဝင်တစားကြည့်ရမှာဖြစ်ပြီး ဇာတ်လမ်းသွားလည်း မနှေးတာမို့ မပျင်းစေရပါဘူးနော်

အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

===================================

adminရဲ့ Official Accကို အပ်ထားချင်သူများအတွက်👇👇

https://www.facebook.com/profile.php?id=100081987139288&mibextid=ZbWKwL

====================================

🛑🍀 ဇာတ်ကားကြည့်ရန် Telegram Link 🍀🛑

https://t.me/Channel_MM_SuB_Collection/138
https://t.me/India_Actors_Movies_Only_362021/1317

🛑🌿 ဇာတ်ကားကြည့်ရန် Facebook Link 🌿🛑

https://www.facebook.com/groups/114285621662629/permalink/222656554158868/?mibextid=RtaFA8


Tiger Nageswara Rao (2023) (  #လူဆိုးဗိုလ်ကျားကြီး)=================================== #ဇာတ်ကားသစ်မျော်နေကြတဲ့ဘော်ဒါတွေအ...
17/11/2023

Tiger Nageswara Rao (2023) ( #လူဆိုးဗိုလ်ကျားကြီး)
===================================
#ဇာတ်ကားသစ်မျော်နေကြတဲ့ဘော်ဒါတွေအတွက်အသစ်စက်စက်

ဘောလီးဝုဒ်ပရိသတ်တွေ မျှော်နေကြတဲ့ ဆလူးဘိုင်ရဲ့ မြောက်ပိုင်းတိုက်ဂါးမလာခင်မှာ
ဒါကတော့ တောင်ပိုင်းပရိသတ်တွေအကြိုက် မင်းသားကြီး ရာဗီတီဂျာရဲ့ တောင်ပိုင်းကျားကြီးပဲဖြစ်ပါတယ်

ရဲမှူးကြီး တိုက်ဂါးကဘယ်လိုလူလဲ?…. သူသာ နိုင်ငံရေးလုပ်ရင် အမတ်ဖြစ်နိုင်တဲ့ ဉာဏ်ရည်ရှိတယ်…..
သူသာ အားကစားသမားဆို နိုင်ငံအတွက် ရွှေတံဆိပ်တွေ ပလူပျံနေမှာ… သူသာ စစ်တပ်ထဲဝင်ရင် သူ့သတ္တိနဲ့တင် စစ်ပွဲတွေနိုင်ကုန်မှာ….

ဒါပေမဲ့ ကံဆိုးချင်တော့ သူကရာဇဝတ်သားဖြစ်နေတယ်… မသိဘဲယူတာ သူခိုးတဲ့ လုယူသွားရင် ဓားပြတဲ့ ဒဲ့စိန်ခေါ်ပြီး ယူသွားရင် တိုက်ဂါးပဲ…. ဒီစာသားတွေကို ကြည့်လိုက်ရုံနဲ့ တိုက်ဂါးဘာကောင်လဲဆိုတာ ပရိသတ်ကြီးတို့ ရိပ်စားမိလောက်ပါပြီ လူဆိုးဗိုလ်ကြီး တိုက်ဂါးရဲ့ ကလေးဘဝကနေ လူဆိုးကြီးဖြစ်လာတဲ့ ဘဝအကြောင်းတွေ ရဲတွေကို မလိမ့်တပတ်နဲ့ ကတုံးပေါ်ထိပ်ကွက်ပုံတွေကို ဉာဏ်ချင်းပြိုင်တာတွေကို အက်ရှင်အစုံနဲ့ တောင်ပိုင်းကားပီပီ ဇာတ်အိမ်ကောင်းကောင်းနဲ့ ရိုက်ပြပေးထားတာမို့ တောင်ပိုင်းကျားကြီးကို ပရိသတ်ကြီးအတွက်
တင်ဆက်ပေးလိုက်ရပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်

adminရဲ့ Official Accကို အပ်ထားချင်သူများအတွက်👇👇

https://www.facebook.com/profile.php?id=100081987139288&mibextid=ZbWKwL

====================================

🛑🍀 ဇာတ်ကားကြည့်ရန် Telegram Link 🍀🛑

https://t.me/Channel_MM_SuB_LinK2/2307
https://t.me/ChannelMmSubMovieLinkOnly/4000

🛑🌿 ဇာတ်ကားကြည့်ရန် Facebook Link 🌿🛑

https://www.facebook.com/groups/366155099198519/permalink/368200275660668/?mibextid=Nif5oz


ခွေးချစ်သူတွေအတွက် Valatty [2023]===================မျိုးရိုးအဆင့်အတန်းမတူလို့ လူကြီးမိဘတွေသဘောမတူတာကြောင့် ခိုးရာလိုက်ပ...
13/11/2023

ခွေးချစ်သူတွေအတွက် Valatty [2023]
===================

မျိုးရိုးအဆင့်အတန်းမတူလို့ လူကြီးမိဘတွေသဘောမတူတာကြောင့် ခိုးရာလိုက်ပြေးတဲ့
ရုပ်ရှင်တွေကြည်ရတာ ရိုးလာလို့ Drishyamရိုက်တဲ့ တောင်ပိုင်းမလျာလမ်က ဒီတခေါက်မှာ
သခင်တွေသဘောမတူလို့ ခိုးရာလိုက်ပြေးကြတဲ့ခွေးစုံတွဲရဲ့ love story ကို ရိုက်ကူးလိုက်တာ
IMDb rating 8.6 ထိရပြီး နံမည်ကြီးနေလို့B-Town က တိချစ်သူတွေအတွက် စာတန်းထိုး
တင်ဆက်လိုက်ပါတယ်။

တွန်မီက လူအရမ်းကပ်တဲ့ Golden Retrieverခွေး အမျိုးအစားဖြစ်ပြီး သူ့သခင်ရွိုင်ပါနဲ့ အတူတူ
နေပါတယ်။

ရွိုင်ပါက တွန်မီလေးကို ကြုံရာခွေး‌နဲ့မျိုးမစပ်စေချင်ဘဲ တကယ့်ကောင်းပေ့၊ဈေးကြီးပေ့
ဆိုတဲ့ခွေးနဲ့မှ မျိုးစပ်ချင်ပေမဲ့ တွန်မီက ဘေးအိမ်မှာရှိနေတဲ့ Cocker Spaniel အမျိုးစား ခွေးမလေး
အမာလူနဲ့ အိုးချင်းထား အိုးချင်းထိ ကြိုးချင်းထားကြိုးချင်းညှိပြီး ခွေးမလေး ကိုယ်ဝန်ရသွားပါတယ်။

နှစ်ဖက်လုံးက ခွေးပိုင်ရှင်တွေက မာနတစ်ခွဲသားနဲ့သဘောမတူဘဲ ခွဲဖို့ ကြိုးစားကြတဲ့အခါ တွန်မီနဲ့အမာလူလည်း အိမ်နဲ့ တခါမှမခွဲဘူးပေမယ့်

အချစ်အတွက်စွန့်စားပြီး ခိုးရာလိုက်ပြေးပါတော့တယ်။

ရွှေဇွန်းတပ်ပြီး စားလာကြတဲ့ သူဌေးခွေးနှစ်ကောင်လမ်းဘေးရောက်တဲ့အခါ ဘယ်လိုနေကြမလဲ။

ဂျီးများတတ်တဲ့ ခွေးမလေး အမာလူကိုလည်း တွန်မီတစ်ယောက် ဘယ်လို ရှာကျွေးမလဲ၊ ထွက်ပြေးနေတဲ့လမ်းတစ်လျှောက်က စွန့်စားခန်းတွေ၊ မိတ်ဆွေတွေ၊ရန်သူတွေ ဘယ်လို ကြုံတွေ့ရမလဲဆိုတာကိုတော့.....

adminရဲ့ Official Accကို အပ်ထားချင်သူများအတွက်👇👇

https://www.facebook.com/profile.php?id=100081987139288&mibextid=ZbWKwL

====================================

မင်မင်ရဲ့ Telegram Main Channel လေးပါ ပိုပြီးစုံစုံလင်လင် ကြည့်ချင်ရင် Join ထားကြပါရှင့်

ဇာတ်ကားအစုံ Main Channel 👇
https://t.me/+YhuWn0svE35mYTk1
https://t.me/+ICkhKeiksF5hNDg1

ဇာတ်ကားကြည့်ရန် 👇👇👇
https://www.facebook.com/groups/960592125017210/permalink/996740221402400/?mibextid=Nif5oz

Telegram Link 👇👇
https://t.me/IndiaMovieOnly002/297

https://t.me/IndiaMovies11/2533


GHOOMER (2023)  #ဇာတ်ကားသစ်ကြီး ==============================သြစတေးလျနိုင်ငံ မဲလ်ဘုန်းရုပ်ရှင်ပွဲတော်မှပြသခဲ့ပြီး IMDb ...
10/11/2023

GHOOMER (2023) #ဇာတ်ကားသစ်ကြီး
==============================

သြစတေးလျနိုင်ငံ မဲလ်ဘုန်းရုပ်ရှင်ပွဲတော်မှ
ပြသခဲ့ပြီး IMDb rating 8.6 ရထားတဲ့
အဗီရှိတ်ဘဂျမ်းရဲ့ Ghoomer ရုပ်ရှင်ကို
မြန်မာစာတန်းထိုးတင်ဆက်လိုက်ပါတယ်။

အန်နီနာဆိုတဲ့ကောင်မလေးက ခရစ်ကတ်ကို
ဝါသနာကြီးလွန်းတဲ့ ကစားသမားတဉီးဖြစ်ပြီး
အင်္ဂလန်မှာကျင်းပမယ့် ပြိုင်ပွဲမှာ အိန္ဒိယနိုင်ငံ
ကိုယ်စားပြု ဝင်ပြိုင်ဖို့ အရွေးခံထားရပါတယ်။
ဒါပေမယ့် ပြိုင်ပွဲရောက်ခါနီးမှာ အက်ဆီးဒန့်
ဖြစ်ပြီး ခရစ်ကတ်ဆော့ဖို့ မရှိမဖြစ်လိုအပ်တဲ့
သူ့ရဲ့ ညာလက်တစ်ဖက် ဆုံးရှုံးလိုက်ရပါတယ်။
နိုင်ငံအတွက် ဂုဏ်ဆောင်ရမယ့် အခွင့်အရေးကို
လက်လွှတ်လိုက်ရတဲ့အပြင် လက်တစ်ဖက်ကိုပါ
ဆုံးရှူံးလိုက်ရတဲ့အခါမှာတော့ အန်နီနာတစ်ယောက်
အကြီးအကျယ် စိတ်ဓာတ်ကျသွားပါတော့တယ်။
အဲ့မှာ ဝါရင့်ခရစ်ကတ်ကစားသမားဟောင်းဖြစ်တဲ့
အဗီရှိတ်ဘဂျမ်းနဲတွေ့ပြီး အန်နီကို ခရစ်ကတ်မှာ
ဘောလုံးပစ်တဲ့သူအနေနဲ့ လေ့ကျင့်ရေးဆင်းခိုင်းပြီး
ကစားနည်းအသစ်တွေ ရှုထောင့်အသစ်တွေနဲ့
ကစားခိုင်းတဲ့နောက်မှာတော့ အန်နီနာတစ်ယောက်
လက်တစ်ဖက်တည်းနဲ့ ခရစ်ကတ်ကို ဘယ်လို
ဆက်လက်ကစားသွားမလဲဆိုတာနဲ့ နိုင်ငံအတွက်
ဆုတံဆိပ်ယူပေးချင်တဲ့ သူ့ဆန္ဒပြည့်ဝလေမလား
ဆိုတာကတော့....

adminရဲ့ Official Accကို အပ်ထားချင်သူများအတွက်👇👇

https://www.facebook.com/profile.php?id=100081987139288&mibextid=ZbWKwL

====================================

🟥🍀 ဇာတ်ကားကြည့်ရန် Telegram Link 🍀🟥

https://t.me/India_Actors_Movies_Only_362021/1248
https://t.me/India_Actors_Movies_Only_362021/1249

🟥🌿 ဇာတ်ကားကြည့်ရန် Facebook Link 🌿🟥

https://www.facebook.com/groups/255656516970944/permalink/354226053780656/?mibextid=Nif5oz

ဇာတ်ကားသစ် ဇာတ်ကားကောင်းတေကို တစ်နေရာထည်းမှာ အစုံကြည့်ဖို့အတွက် GroupကိုJoinထားလိုက်ပါ👇👇👇

https://www.facebook.com/groups/124431920719129/?ref=share_group_link


Leo (2023)  #အကြည်ကြည့်ချင်သူတွေအကြည်ရပါပြီ-------------------IMDB-7.9/10King Khanရဲ့ Jawan(2023)နဲ့အတူပဲ အများမျှော်လင့...
03/11/2023

Leo (2023) #အကြည်ကြည့်ချင်သူတွေအကြည်ရပါပြီ
-------------------
IMDB-7.9/10

King Khanရဲ့ Jawan(2023)နဲ့အတူပဲ အများမျှော်လင့်ထားကြတဲ့
Leo(2023)ရုံတင်ကားကြီးက ခုချိန်မှာတော့ ကြည့်ပျော်လောက်မယ့် ရုပ်ထွက်တခုနဲ့ အကြည်ဗားရှင်းထွက်လာခဲ့ပါပြီ...
သို့ပေမဲ့ E Sub ဗားရှင်းအသေထိုးထားတဲ့ HS Versionဆိုတာတော့ သတိပြုစေချင်ပြီး Netflixဗားရှင်းအနေနဲ့ ပိုမိုကောင်းမွန်တဲ့ကွာလတီထွက်ရှိလာရင်လဲ updateပေးသွားပါဦးမယ်

LCUဆိုပြီး ဒါရိုက်တာကြီး Lokesh Kanagarajရဲ့ Lokesh Kanagaraj's Cinematic Universeအဖြစ်နဲ့
Kaithi(2019)၊ Vikram (2022)ရုပ်ရှင်တွေနဲ့အချိတ်အဆက်ဖြစ်တဲ့ အခုLeo(2023)ထွက်ရှိလာတာကို
တင်ဆက်ပေးလိုက်ပါတယ်။

မင်းသားတွေကတော့ အားလုံးသိပြီးဖြစ်တဲ့ ဗီဂျေး၊ မင်းသားကြီး ဆန်ဂျေးဒတ်တို့အပြင် ဗီလိန်ဇာတ်ရုပ်နဲ့ နာမည်ကြီးလှတဲ့
ဘာဘူအန်တိုနီတို့နဲ့အတူ ဒါရိုက်တာလိုကတ်ရှ်ရဲ့ ထုံးစံအတိုင်း အက်ရှင်ခန်းတွေကို ရင်တလှပ်လှပ်ကြည့်ရှုခံစားရမှာပါ။

ဇာတ်လမ်းအညွှန်း

မြို့ထဲကို ဝင်လာတာကတော့ ဂေါ်ဇီလာကြီးမဟုတ်ပေမယ့် အတော်လေးဆိုးတဲ့ ဟိုင်အီးနားခေါ် ခွေးအကြီးပေါ့။
ပါဝါရိန်းဂျားတောင်မနိုင်ဆိုသလို ရဲတွေ တောခေါင်းတွေလည်းမနိုင်တော့ပါဘူး၊

အဲဒီအချိန်မှာပဲ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော် မင်းသားတစ်ဖြစ်လဲ
သောက်ကြမ်းကြီးမစ္စတာလီယိုရောက်ရှိ ထိန်းသိမ်းသွားပါတော့တယ်။

လီယိုက အေးချမ်းတဲ့မြို့လေးမှာ မိသားစုလေးနဲ့အတူအေးအေးချမ်းချမ်းဖြတ်သန်းနေသူ ကော်ဖီဆိုင်ပိုင်ရှင်ပေါ့။
သေနတ်ဆိုတာ တာဝန်ရှိတဲ့သူတွေပဲအသုံးပြုကိုင်တွယ်တတ်တဲ့ ဒီမြို့လေးမှာ
သေနတ်ကြောင့်သေတဲ့လူသတ်မှုဖြစ်ပါတော့တယ်။

ဒီလိုလူဆိုးတွေရှိလာတာကို ကြားသိရတဲ့ ကော်ဖီဆိုင်ပိုင်ရှင် လီယိုတစ်ယောက်
သူ့ကော်ဖီဆိုင်လေးထဲကိုပဲ လူဆိုးတွေကတန်းတန်းမတ်မတ်ကြီး ရောက်လာတဲ့အခါမှာတော့။
ဘာတွေဆက်ဖြစ်မလဲ ဘယ်လိုတွေ ကြမ်းပြရမ်းပြမလဲဆိုတာကို
အိမ်မှာတင် အေးဆေးကြည့်ရှုအပန်းဖြေလို့ရအောင်
ကျွန်တော်တို့ ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်။

(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)

File size…1.7GB
Quality…1080p WEBDL / 720p
Format…mp4
Duration….2h 44m
Subtitle….MyanmarSubtitle (Hard Sub)
Encoder….YK
Translated by CM Bollywood Team

adminရဲ့ Official Accကို အပ်ထားချင်သူများအတွက်👇👇

https://www.facebook.com/profile.php?id=100081987139288&mibextid=ZbWKwL

====================================

Telegram Link👇

https://t.me/moviemaster0007/2392
https://t.me/moviemaster0007/2392

FB Link..👇👇

https://m.facebook.com/groups/792421325608028/permalink/866083798241780/?mibextid=Nif5oz

ဇာတ်ကားသစ် ဇာတ်ကားကောင်းတေကို တစ်နေရာထည်းမှာ အစုံကြည့်ဖို့အတွက် GroupကိုJoinထားလိုက်ပါ👇👇👇

https://www.facebook.com/groups/124431920719129/?ref=share_group_link


Raththam (2023)  #ဇာတ်ကားအသစ်စက်စက်===========================IMDb-8.6/10သူတောင်းစားကားတွေမှာ နာမည်ကြီးခဲ့တဲ့ မင်းသားကြီ...
03/11/2023

Raththam (2023) #ဇာတ်ကားအသစ်စက်စက်
===========================

IMDb-8.6/10

သူတောင်းစားကားတွေမှာ နာမည်ကြီးခဲ့တဲ့ မင်းသားကြီး ဗီဂျေးအန်တိုနီ
ဦးဆောင်ပါဝင်လာတဲ့ ဇာတ်ကားသစ်လေးကို
ပရိသတ်ကြီးအတွက် တင်ဆက်ပေးချင်ပါတယ်။

မင်းသားကတော့ သူ့ထုံးစံအတိုင်း အထာကျကျနဲ့ သရုပ်‌ဆောင်ချက်တွေ ပီပြင်တဲ့အပြင်
အနုအကြမ်းအစုံရတာမို့ ရုပ်ရှင်ကြည့်ပရိသတ်တွေ စိတ်မပျက်စေရမှာပါ။

ဇာတ်လမ်းအစမှာ သူတို့မင်းသားအကြောင်း မကောင်းရေးလို့ လူမိုက်တစ်ယောက်က
သတင်းတိုက်ထဲဝင်ပြီး သတင်း‌ထောက်ကို ဓားနဲ့ထိုးသတ်သွားပါတယ်။
ဒီလိုလိုကိစ္စတွေက သတင်းထောက်လောကမှာ ပါမွှားလေးပါ။

သတင်းယူရတာ အန္တရာယ်ကြီးတဲ့အပြင် သတင်းရေးရတာလဲ
အတိုက်အခိုက်ပေါင်းစုံ၊ အစိုးရ၊ လူမိုက်ဂိုဏ်း၊ ပြည်သူစတဲ့ ဘက်ပေါင်းစုံက ဖိအားများစွာနဲ့ပါ။

အဲ့သတင်းတိုက်မှာ အယ်ဒီတာချုပ်အဖြစ် single father ကူးမားတစ်ဖြစ်လဲ
ဗီဂျေးရဲ့သရုပ်ဆောင်ချက်အလန်းတွေနဲ့အတူ စတုတ္ထမဏ္ဍိုင်အကြောင်းကို
အချစ်အလွမ်းအကြမ်း ရသစုံစွာတင်ဆက်ပေးထားတာမို့ ပရိသတ်ကြီးကြည့်ရှုခံစားနိုင်ဖို့
ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။

(အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood
Teamမှပဲဖြစ်ပါတယ်)

adminရဲ့ Official Accကို အပ်ထားချင်သူများအတွက်👇👇

https://www.facebook.com/profile.php?id=100081987139288&mibextid=ZbWKwL

====================================

🟥⚜️ ဇာတ်ကားကြည့်ရန် Fb Link ⚜️🟥

https://www.facebook.com/groups/360536009650317/permalink/374954058208512/?mibextid=Nif5oz

🟥⚜️ ဇာတ်ကားကြည့်ရန် Tg Link ⚜️🟥

https://t.me/Channel_MM_SuB_LinK2/2052
https://t.me/ChannelMmSubMovieLinkOnly/3741

ဇာတ်ကားသစ် ဇာတ်ကားကောင်းတေကို တစ်နေရာထည်းမှာ အစုံကြည့်ဖို့အတွက် GroupကိုJoinထားလိုက်ပါ👇👇👇

https://www.facebook.com/groups/124431920719129/?ref=share_group_link


Skanda : The Attacker (2023)  #ဇာတ်ကားသစ်================================ #မင်းသားချောရမ်ရဲ့ဇာတ်ကားအသစ်စက်စက်ဒီဇာတ်လမ်းလ...
02/11/2023

Skanda : The Attacker (2023) #ဇာတ်ကားသစ်
================================
#မင်းသားချောရမ်ရဲ့ဇာတ်ကားအသစ်စက်စက်

ဒီဇာတ်လမ်းလေးကတော့ ယနေ့မှ ထွက်ရှိထားတာဖြစ်ပြီး IMDb rating (5.5) ရရှိထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ မင်းသား Bhaskar Raju နဲ့ မင်းသမီး Sreeleela တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဂိုဏ်းနှစ်ခုကြားက တင်းမာမှုတွေ၊ နိုင်ငံရေးလှည့်ကွက်တွေ၊ နောက်ကွက်က plot twist တွေကို အက်ရှင်အကြမ်းစား၊ရိုက်ချက်အလန်းစားတွေနဲ့ တမူးထူးခြားအောင်ရိုက်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။

ဇာတ်လမ်းအစမှာတော့ ဝန်ကြီးချုပ်ရာဂျူးဟာ အန်ဒရူဝန်ကြီးချုပ်ဖြစ်တဲ့ ရာရူဒူးနဲ့ တယ်လီဂါရာဝန်ကြီးချုပ်ဖြစ်တဲ့ ရန်ဂျစ်တို့ရဲ့ စနက်နဲ့ သေမိန့်ပေးခံလိုက်ရပါတယ်။ တစ်နေ့မှာတော့ ဝန်ကြီးချုပ် ရာရူဒူး သမီးရဲ့ မင်္ဂလာဆောင်မှာ သမီးဖြစ်သူက ဝန်ကြီးချုပ်ရန်ဂျစ်ရဲ့သားက ခိုးပြေးသွားရာကနေစပြီးတော့ နိုင်ငံရေးရန်ပွဲက‌စပါတော့တယ်။ ဂိုဏ်းနှစ်ခု အပြိုင်အဆိုင်ပြင်းထန်နေချိန်မှာ ဝန်ကြီးချုပ် ရန်ဂျစ်ရဲ့သမီးဖြစ်သူ စရီလီနာကို သူ့အတန်းဖော် ကောလိပ်ကျောင်းသားဖြစ်တဲ့ ရမ် ဆိုတဲ့ကောင်လေးက ပြန်ပေးဆွဲသွားပါတော့တယ်။ ရမ်ဟာ ကြိုးမိန့်ကျနေတဲ့ ရာဂျူးကို ထောင်ကလွှတ်ပေးဖို့တောင်းဆိုတဲ့အခါမှာတော့ ဝန်ကြီးချုပ်နှစ်ယောက်လည်း မတတ်သာပဲ လွှတ်ပေးလိုက်ရပါတော့တယ်။ သို့ပေမယ့် တစ်ဖက်မှာလည်း ရမ်ရဲ့ မိသားစုကို ရန်ရှာဖို့ကြိုးစားချိန်မှာတော့ ရမ် တစ်ယောက်ပြန်ပေးဆွဲရင်း တန်းလန်း ဘယ်လိုကာကွယ်မလဲ။ ရာဂျူးနဲ့ ရမ်ကရော ဘယ်လိုဆက်စပ်နေကြတာလဲ။ ရာဂျူးကရော ဘာအကြောင်းကြောင့် သေမိန့်ကျခံရတာလဲ စတာတွေကိုတော့ ဇာတ်လမ်းထဲမှာ ရန်ခုန်စိတ်လှုပ်ရှားဖွင့် စောင့်ကြည့်ပေးကြပါဦးနော်။

adminရဲ့ Official Accကို အပ်ထားချင်သူများအတွက်👇👇

https://www.facebook.com/profile.php?id=100081987139288&mibextid=ZbWKwL

====================================

🟥🙇‍♀️ ဇာတ်ကားကြည့် Telegram Link 🙇‍♀️🟥

https://t.me/Channel_MM_SuB_LinK2/2040
https://t.me/ChannelMmSubMovieLinkOnly/3728

🟥🙇‍♂️ ဇာတ်ကားကြည့်ရန် Facebook Link 🙇‍♂️🟥

https://www.facebook.com/groups/626310156341765/permalink/640339588272155/?mibextid=Nif5oz

ဇာတ်ကားသစ် ဇာတ်ကားကောင်းတေကို တစ်နေရာထည်းမှာ အစုံကြည့်ဖို့အတွက် GroupကိုJoinထားလိုက်ပါ👇👇👇

https://www.facebook.com/groups/124431920719129/?ref=share_group_link


Jawan (2023) "စစ်သည်တော်" ( ြည်)-=============================IMDb-7.5/10 ( #မြန်မာစာတန်းထိုးအကြည်ရပါပီ )ဒီနှစ်ထဲမှာပဲ ဒ...
02/11/2023

Jawan (2023) "စစ်သည်တော်" ( ြည်)
-=============================
IMDb-7.5/10 ( #မြန်မာစာတန်းထိုးအကြည်ရပါပီ )

ဒီနှစ်ထဲမှာပဲ ဒုတိယမြောက်အောင်မြင်မှုကိုစိုက်ထူခဲ့ပြန်တဲ့
King Khanရဲ့ရုပ်ရှင်ကားကြီး Jawanကို တင်ဆက်ပေးလိုက်ပါပြီ။
King Khanရယ်လို့ ဂုဏ်ပုဒ်တစ်ခုရတဲ့အထိ အောင်မြင်ခဲ့တဲ့ အောင်မြင်နေဆဲ မင်းသားကြီးရှာရွတ်ခန်းရဲ့ အသက်၅၈မွေးနေ့ဖြစ်တဲ့ နိုဝင်ဘာ ၂ရက်နေ့မှာပဲ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ဒီရုပ်ရှင်ကားကြီးဟာ ဒစ်ဂျစ်တယ်ပလက်ဖောင်းပေါ်ကိုရောက်ရှိလာခဲ့တာပါ။
ပထန်မှာတုန်းက အမေရိကန်ဒေါ်လာ သန်း၁၃၀ဝန်းကျင်ထိရခဲ့ပြီး
ဒီရုပ်ရှင်မှာတော့ သန်း၁၄၀ဝန်းကျင်ထိ ပြန်လည်ရရှိခဲ့ပါတယ်။
ဒီကားမှာ ဘောလိ၀ုဒ်ရဲ့ဘုရင်ကြီး ကင်းခန်းနဲ့ တမီးလ်စတား မင်းသားကြီးဗီဂျေးစည်သူပတီတို့ အပြိုင်ကျဲထားတဲ့အပြင် အချောလေး ဒီပီကား မင်းသားကြီး ဆန်ဂျေးဒတ်နဲ့ ယိုဂီဘာဘူတို့လည်းပါဝင်အားဖြည့်ထားပါသေးတယ်။နောက်ပြီး မင်းသမီးချောအငယ်လေးတွေကိုလည်း တ၀ကြီးရှုစားရမှာပါ..

adminရဲ့ Official Accကို အပ်ထားချင်သူများအတွက်👇👇

https://www.facebook.com/profile.php?id=100081987139288&mibextid=ZbWKwL

====================================

🟥🙇‍♂️ ဇာတ်ကားကြည့်ရန် Telegram Link 🙇‍♂️🟥

https://t.me/Channel_MM_SuB_Collection/41
https://t.me/All_Movies_2023_TTTT/95

🟥🙇‍♀️ ဇာတ်ကားကြည့်ရန် Facebook Link 🙇‍♀️🟥

https://www.facebook.com/groups/1009953117014676/permalink/1033823634627624/?mibextid=Nif5oz

ဇာတ်ကားသစ် ဇာတ်ကားကောင်းတေကို တစ်နေရာထည်းမှာ အစုံကြည့်ဖို့အတွက် GroupကိုJoinထားလိုက်ပါ👇👇👇

https://www.facebook.com/groups/124431920719129/?ref=share_group_link


Peddha Kapu 1 (2023)  #ဇာတ်ကားသစ်ကြီး ==================IMDb rating 8 ရထားပြီး မင်းသား Virat Karrna ပါဝင်သရုပ်ဆောင်ထားတဲ...
28/10/2023

Peddha Kapu 1 (2023) #ဇာတ်ကားသစ်ကြီး
==================
IMDb rating 8 ရထားပြီး မင်းသား Virat
Karrna ပါဝင်သရုပ်ဆောင်ထားတဲ့ တီလဂူ
ကားသစ်ကို စာတန်းထိုးတင်ဆက်လိုက်ပါတယ်။
ရွေးကောက်ပွဲနီးလာတဲ့အခါ ပါတီတွေရဲ့ အာဏာရရှိဖို့အတွက် ပြိုင်ဆိုင်မှုပြင်းထန်နေတဲ့ကြားထဲက အမှန်တရားအတွက် ရပ်တည်တဲ့လူငယ်လေးအကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။

ဇာတ်အိမ်ကိုတော့ 1962 ပဋိပက္ခအပြီးလမ်းပျောက်နေတဲ့ပြည်သူတွေရဲ့ကာလမှာတည်ထားပါတယ်။ Peddha Kapu ဆိုတဲ့လူလေးက‌တော့ ဂိုဒါဗာရီမြစ်ကမ်းဘေးမှာရှိတဲ့ လန်ကာရွာသားလေးဖြစ်ပါတယ်။ ထိုရွာလေးကိုကြီးစိုးဖိနိုပ်နေတဲ့ ဆသ်ရာ ဦးဆောင်တဲ့ပါတီဂိုဏ်းနဲ့ ဘရန်နာဦးဆောင်တဲ့ ပါတီဂိုဏ်းဆိုပြီးရှိပါတယ်။ Peddha ကတော့ ထိုဂိုဏ်းနှစ်ခုကို ဆန့်ကျင်တဲ့ကောင်လေးပါ။ရွေးကောက်ပွနီးလာတဲ့အချိန်မှာတော့ NT ramarao တည်ထောင်တဲ့ အမှန်တရားဘက်ကရပ်တည်ပေးပြီး အမျိုးသမီးတွေကို ကာကွယ်ပေးတဲ့ TDP ဂိုဏ်းတစ်ခုပေါ်ထွက်လာပါတော့တယ်။ ထိုဂုဏ်းမှာ Peddha က ဘယ်လိုပါဝင်ပတ်သက်နေမလဲ။ ဂိုဏ်းတွေရဲ့ နိုင်ငံရေးအတွက် အာဏာလုမှုတွေမှာရော အသက်တွေ ဘယ်လောက်စတေးရမလဲ၊ Peddha ကရော ဒီပြသာနာတွေကိုတားဆီးပြီး အမှန်တရားဘက်ကနေ လမ်းပြပေးနိုင်မလားဆိုတာကိုတော့.....

adminရဲ့ Official Accကို အပ်ထားချင်သူများအတွက်👇👇

https://www.facebook.com/profile.php?id=100081987139288&mibextid=ZbWKwL

====================================

Telegram Link 👇👇👇
https://t.me/+bylyHPO3uahkZDQ1
https://t.me/+bylyHPO3uahkZDQ1

Facebook Link 👇👇👇
https://www.facebook.com/groups/6055289947933336/permalink/6451106615018332/?mibextid=Nif5oz

ဇာတ်ကားသစ် ဇာတ်ကားကောင်းတေကို တစ်နေရာထည်းမှာ အစုံကြည့်ဖို့အတွက် GroupကိုJoinထားလိုက်ပါ👇👇👇

https://www.facebook.com/groups/124431920719129/?ref=share_group_link

IB 71 [2023]===========လတ်တလောထွက်သမျှမှာ အကောင်းဆုံးလို့ပြောရမယ့် IMDb 7.7/10 ရရှိထားပြီးနာမည်ကြီးမင်းသား ဗီရွတ် ပါဝင်ထ...
26/10/2023

IB 71 [2023]
===========

လတ်တလောထွက်သမျှမှာ အကောင်းဆုံးလို့ပြောရမယ့် IMDb 7.7/10 ရရှိထားပြီးနာမည်ကြီးမင်းသား ဗီရွတ် ပါဝင်ထားပြီး ၁၉၇၁ ခုနှစ် အိန္ဒိယန်းလေကြောင်းလိုင်းလေယာဉ်ပြန်ပေးဆွဲမှုကို အခြေခံထားတဲ့ အသစ်စက်စက်ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်။

အိန္ဒိယနဲ့ ပါကစ္စတန်ဟာ နှစ်သုံးရာဗြိတိသျှကျူးကျော်မှုအပြီးမှာ အကြမ်းအားဖြင့်ဟိန္ဒူနဲ့ အစ္စလာမ်နိုင်ငံဆိုပြီးခွဲလိုက်ကြတာကို သိပြီးသားဖြစ်မှာပါ။

အဲ့လိုကွဲပြီးနောက်ပိုင်းမှာလည်း သီးဖြားဖြစ်သွားတဲ့ညီအစ်ကိုနိုင်ငံနှစ်ခုရဲ့ အားပြိုင်မှု တင်းမာမှုတွေဟာ လျော့ကျသွားခြင်းမရှိပါဘူး။

အချင်းချင်း သူလျှိုတွေလွှတ် သတင်းတွေယူနဲ့ နိုင်သူစားကြေးအကွက်တွေပြိုင်နေကြတုန်းပါပဲ။ဒီလိုနဲ့ တဖြည်းဖြည်းအားပြိုင်ရင်း တစ်ချိန်မှာတော့ အကြိမ်ကြိမ်စစ်ရှုံးခဲ့တဲ့ ပါကစ္စတန်ဟာ တရုတ်နဲ့ပေါင်းပြီး စစ်မီးပြန်ညှိဖို့ကြိုးစားလာပါတော့တယ်။

ကျူးကျော်မှုလုပ်ပါတော့မယ်ဆိုတဲ့ သတင်းရတဲ့အချိန်မှာ အိန္ဒိယအတွက်ပြင်ဆင်ချိန်ဟာ အရမ်းကိုနည်းနေပါပြီ ပြည်တွင်းစစ်နဲ့တင်ငါတို့ကိုအာရုံမရဘူးဆိုပြီး လျှော့တွက်ထားခဲ့တဲ့အိန္ဒိယအတွက် ရွေးချယ်စရာကတော့ တစ်ခုပဲရှိပါတယ်။

ဒါပေမယ့် ဒီတစ်ခုတည်းသောရွေးချယ်မှုဟာလည်း ဗုံးကိုလက်ထဲကိုင်ထားပြီး စနက်တံဖြုတ်ရမယ့်အကွက်ဖြစ်နေတဲ့အခါ ဘယ်လိုအကွက်တွေထုတ်သုံးပြီး ဘယ်လိုနိုင်ငံရေးလှည့်ကွက်တွေနဲ့ အကွက်ရွှေ့သွားမယ်ဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမယ့်ကားလေးမို့ ကြည့်ရှုအားပေးကြပါဦးနော်။

(အညွှန်းကိုတော့ Aditi ရေးသားထားပြီး Aditi, V, Thaik San, BpLတို့မှ ဘာသာပြန်တင်ဆက်ထားတာပဲဖြစ်ပါတယ်)

adminရဲ့ Official Accကို အပ်ထားချင်သူများအတွက်👇👇

https://www.facebook.com/profile.php?id=100081987139288&mibextid=ZbWKwL

====================================

ဇာတ်ကားကြည့်ရန် 👇👇👇
https://www.facebook.com/groups/3645298205751658/permalink/3688899068058238/?mibextid=Nif5oz

မင်မင်ရဲ့ Telegram Main Channel လေးပါ ပိုပြီးစုံစုံလင်လင် ကြည့်ချင်ရင် Join ထားကြပါရှင့်

ဇာတ်ကားအစုံ Main Channel 👇
https://t.me/+YhuWn0svE35mYTk1
https://t.me/+ICkhKeiksF5hNDg1

ဇာတ်ကားသစ် ဇာတ်ကားကောင်းတေကို တစ်နေရာထည်းမှာ အစုံကြည့်ဖို့အတွက် GroupကိုJoinထားလိုက်ပါ👇👇👇

https://www.facebook.com/groups/124431920719129/?ref=share_group_link


Case 30 (2023)  #မှု့ခင်းစုံထောက်ဇာတ်ကားသစ်==============================IMDb rating 8.3 ရထားပြီး တကယ်ကောင်းတဲ့တီလဂူ လူသ...
26/10/2023

Case 30 (2023) #မှု့ခင်းစုံထောက်ဇာတ်ကားသစ်
==============================

IMDb rating 8.3 ရထားပြီး တကယ်ကောင်းတဲ့
တီလဂူ လူသတ်စုံထောက်ကားသစ် Case 30 ကို
မြန်မာစာတန်းထိုး တင်ဆက်လိုက်ပါတယ်။

အလုပ်လုပ်တဲ့နေရာမှာ စေ့စပ်သေချာတဲ့ ရဲအရာရှိ
အာဂျွန်ကို ဆွေသားဆိုတဲ့ မိန်းမလှလေးတဉီး အိမ်မှာ
အသတ်ခံထားရတဲ့ အမူစုံစမ်းဖို့ တာဝန်ပေးအပ်ခံရပြီး
အာဂျွန်အတွက် သူကိုယ်တွယ်ဖြေရှင်းခဲ့တဲ့ ကေ့စ်တွေထဲ
၃၀ ခုမြောက် အမူဖြစ်ပါတယ်။ ဆွေသားအိမ်ဘေးနားမှာ
နေထိုင်တဲ့ အိမ်နီးချင်းအိမ်က သမီးလေးဟာ သူ့မွေးနေ့
အတွက် တိုက်ထဲကအိမ်တွေကိုလိုက်ဖိတ်ရင်း ဆွေသား
သတ်ခံထားရတာကို ပထမဆုံးမြင်ပြီး ရဲခေါ်ခဲ့တာပါ။
ရဲတွေက ဆွေသားဖုန်းနဲ့ ပတ်ဝန်းကျင်းကိုစစ်ဆေးရင်း
ဆွေသားမှာ အတူနေချစ်သူ သူဌေးသား ဆီရီးလ်ဆိုတာ
ရှိကြောင်း သိလိုက်ရလို့ သွားစုံစမ်းတဲ့အခါ ဆီရီးလ်က
၁၀ရက်အရင်ကပဲ သူမိဘတွေ သဘောတူတဲ့ မီရာဆိုတဲ့
မိန်းကလေးနဲ့ စေ့စပ်ပြီး ဆွေသားနဲ့ လုံးဝအဆက်သွယ်
မလုပ်တာပဲ ၁၅ ရက်ရှိသွားပြီလို့ ပြောပါတယ်။
အာဂျွန်က ဆွေသားနဲ့ အဆက်သွယ်မလုပ်ရတဲ့အကြောင်းရင်းမေးတော့ ချစ်သူသက်တမ်း ၃နှစ်
ကာလမှာ ဆွေသားက သဝန်တိုပြီး အမြဲတမ်း
ပြသနာရှာလို့ မပျော်ခဲ့ကြောင်း၊ ခုလည်း သူစေ့စပ်တာ
သိသွားရင် ပြသနာတက်မှာမို့ အပြီးရှောင်ပြီးဖြတ်ဖို့
ကြိုးစားတာလို့ဖြေပါတယ်။ လူသတ်တရားခံကလည်း ပိပိရိရိခြေရာလက်ရာမကျန်အောင် ရှင်းထားခဲ့သလို
ဆီရီးလ်ကလည်း သူကို အမူပတ်မရအောင် ရဲတွေ
မေးသမျှ အမှားအယွင်းမရှိ သေသေသပ်သပ်
ဖြေနိုင်တာကို သတိထားမိတဲ့အခါမှာတော့...
အာဂျွန် သဲလွန်စ ရှာပြီး ဇာတ်ထုတ်ကြီးတစ်ခုလုံး ဘယ်လို ဖြည်ချမလဲဆိုတာကို ဇာတ်လမ်းထဲ
ဆက်ပြီးရှုစားရမှာပါ။

adminရဲ့ Official Accကို အပ်ထားချင်သူများအတွက်👇👇

https://www.facebook.com/profile.php?id=100081987139288&mibextid=ZbWKwL

====================================

❣️❣️❣️ Telegram Link ❣️❣️❣️

https://t.me/ChannelMmSubMovieLinkOnly/3587

https://t.me/ChannelMmSubMovieLinkOnly/3587

📌📌📌 FB LINK 📌📌📌

https://www.facebook.com/groups/370139578369681/permalink/632307968819506/?mibextid=Nif5oz

ဇာတ်ကားသစ် ဇာတ်ကားကောင်းတေကို တစ်နေရာထည်းမှာ အစုံကြည့်ဖို့အတွက် GroupကိုJoinထားလိုက်ပါ👇👇👇

https://www.facebook.com/groups/124431920719129/?ref=share_group_link


ိမ့်သိမ့်တုန်

 #အားလုံးစောင့်မျှော်နေတဲ့မင်းသားကြီးဗီဂျေးရဲ့ဇာတ်ကားသစ်ကြီးရပါပြီLEO (2023) မြန်မာစာတန်းထိုး======================ဗီဂျေ...
25/10/2023

#အားလုံးစောင့်မျှော်နေတဲ့မင်းသားကြီးဗီဂျေးရဲ့ဇာတ်ကားသစ်ကြီးရပါပြီ

LEO (2023) မြန်မာစာတန်းထိုး
======================

ဗီဂျေးအကြီး၊ ဆန်ဂျေးဒတ်၊ ထရီရှား
နာမည်ကြီးမင်းသားတွေဆိုတော့ကြည့်ရတာရှယ်မိုက်မဲ့အက်ရှင်ဇာတ်ကြမ်းကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ် ရုံတင်ဗားရှင်းဖြစ်ပါတယ်အကြည်ရရင်ထပ်တင်ပေးပါဦးမယ်ခင်ဗျာ

adminရဲ့ Official Accကို အပ်ထားချင်သူများအတွက်👇👇

https://www.facebook.com/profile.php?id=100081987139288&mibextid=ZbWKwL

====================================

Telegram Link 👇👇👇
https://t.me/+2BTnzE6MnUM2NWNl
https://t.me/+2BTnzE6MnUM2NWNl

Facebook Link 👇👇👇
https://www.facebook.com/groups/866234108123935/permalink/867331431347536/?mibextid=Nif5oz

လင့်အပို 👇👇👇
===========

Telegram Link 👇

ချန်နယ်လင့်👉https://t.me/+4pEGLQ7N0gU2YTY1
ဇာတ်ကားလင့်👉https://t.me/c/1861618527/6097

Fb Link 👇

https://www.facebook.com/groups/1385240169082363/permalink/1434491847490528/?mibextid=Nif5oz

ဇာတ်ကားသစ် ဇာတ်ကားကောင်းတေကို တစ်နေရာထည်းမှာ အစုံကြည့်ဖို့အတွက် GroupကိုJoinထားလိုက်ပါ👇👇👇

https://www.facebook.com/groups/124431920719129/?ref=share_group_link

Paramporul (2023)  #မှု့ခင်းစုံထောက်ကားအသစ်=============================ဗုဒ္ဓဘာသာစတင်ထွန်းကားတဲ့ အိန္ဒိယတိုက်နယ်ထဲမှာလက်...
25/10/2023

Paramporul (2023) #မှု့ခင်းစုံထောက်ကားအသစ်
=============================

ဗုဒ္ဓဘာသာစတင်ထွန်းကားတဲ့ အိန္ဒိယတိုက်နယ်ထဲမှာ
လက်ရာမြောက်တဲ့ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်တွေကို
မှောင်ခိုရောင်းချကြတဲ့ စျေးကွက်ကို အခြေပြုပြီးတော့
ရိုက်ကူးထားတဲ့ တမိလ်ကားသစ် Parampourl က
IMDb rating 9.1 ထိရထားလို့ မြန်မာစာတန်းထိုး
တင်ဆက်လိုက်ပါတယ်။

နှစ်တထောင်ကျော်သက်တမ်းရှိတဲ့ ရှေးဟောင်း ဗုဒ္ဓ
ရုပ်ပွားတော်တဆူကို မင်းသားအဒီနဲ့ ရဲအရာရှိတို့ဟာ
ပြတိုက်ပိုင်ရှင်ဟန်ဆောင်ပြီး ဝယ်မလိုလိုနဲ့ လုယက်
ခဲ့ကြပါတယ်။ ရုပ်ပွားတော်က လေလံတင်ရောင်းရမဲ့
တန်ဖိုးကြီး ရှေးဟောင်းစာရင်းဝင်ပေမဲ့ သူခိုးပစ္ဧည်းမို့
မှောင်ခိုစျေးကွက်မှာပဲ ရောင်းဖို့ ဝယ်လက်ရှာပါတယ်။
ဒီလိုနဲ့ ရုပ်ပွားတော်ကို ကုဋေ ၂၀ စျေးခေါ်ပြီး ရောင်းဖို့
ဝယ်လက်နဲ့ချိန်းပြီးမှ စျေးနှိမ်လို့ မရောင်းပဲ ရုပ်ထုယူပြီး
ပြန်အထွက် မူလ ရုပ်ပွားတော်ပိုင်ရှင်က သတင်းအနံ့ရလို့
လိုက်လာတာနဲ့တိုးပြီး ထွက်ပြေးကြရင်း ရုပ်ပွားတော်က
ကားကြိတ်ခံရပြီး ကြေမွပျက်စီးသွားပါတယ်။ နောက်နေ့
ဝယ်လက်က သူတို့တောင်းတဲ့ ကုဋေ ၂၀ ပေးမယ်ဆိုပြီး
ဖုန်းဆက်လာတော့ ရဲအရာရှိနဲ့ အဒီတို့က ပျက်စီးသွားတဲ့
ရှေးဟောင်ရုပ်ပွားတော်ပုံစံ အတုလုပ်ပြီး ရောင်းချဖို့ရာ
ကြံစည်ကြတဲ့အခါမှာတော့....

adminရဲ့ Official Accကို အပ်ထားချင်သူများအတွက်👇👇

https://www.facebook.com/profile.php?id=100081987139288&mibextid=ZbWKwL

====================================

🍀👨‍💻 ဇာတ်ကားကြည့်ရန် Telegram Link 👨‍💻🍀

https://t.me/Channel_MM_SuB_LinK2/1901
https://t.me/ChannelMmSubMovieLinkOnly/3569

🌿👩‍💻 ဇာတ်ကားကြည့်ရန် Facebook Link 👩‍💻🌿

https://m.facebook.com/story.php?story_fbid=122131157216023113&id=61550693414732&mibextid=Nif5oz

ဇာတ်ကားသစ် ဇာတ်ကားကောင်းတေကို တစ်နေရာထည်းမှာ အစုံကြည့်ဖို့အတွက် GroupကိုJoinထားလိုက်ပါ👇👇👇

https://www.facebook.com/groups/124431920719129/?ref=share_group_link

ိမ့်သိမ့်တုန်

Krishna Gadu Ante Oka Range (2023)  #ဇာတ်ကားသစ်=================================== #မင်းသမီးကေားမင်းသားကေားချစ်စရာလေး 😘😘...
25/10/2023

Krishna Gadu Ante Oka Range (2023)
#ဇာတ်ကားသစ်
===================================
#မင်းသမီးကေားမင်းသားကေားချစ်စရာလေး 😘😘

“ အိမ်မက်တွေနဲ့အိမ် -8/10

ပြီးပြည့်စုံတဲ့မိသားစုအိမ်လေး လိုချင်ကြတာ မိသားစုတိုင်းရဲ့ အိမ်မက်လေးပါပဲ

ခရစ်ရှနာငယ်ဘဝမိသားစုလေးက တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ပြီး
ကြင်နာကြတဲ့ ချစ်စရာမိသားစုလေးပေါ့
အလုပ်တွေကြိုးစားကြပြီး ကိုယ်ပိုင်အိမ်လေးရဖို့ ကြိုးစားနေကြသူတွေ တစ်ဆင့်ချင်းဆောက်ရင်း
ကြိုးစားရင်း အကောင်ထည်ဖော်ကြရင်း အိမ်လေးကိုမြင်ယောင်ပြီး "
စိတ်ကူးတွေနဲ့ပျော်နေကြတဲ့အချိန် ကြမ္မာမုန်တိုင်းဝင်ပါတော့တယ်...

မိသားစုရဲ့ အလေးထားရတဲ့ အိမ်ထောင်ဦးစီးကြီးကားတိုက်ခံရလို့ဆုံးသွားတဲ့အချိန်
ဆောက်လက်စအိမ်လေးလည်း အပြီးမသတ် မိသားစုဘဝလေးလည်း လစ်ဟာသွားတော့တယ်

ဒီအိမ်လေးနဲ့ မိသားစုရဲ့ကျန်တဲ့တာဝန်တွေကို ဆက်ယူရတာကတော့ ကလေးဘဝကနေအရွယ်ရောက်လာတဲ့ ခရစ်ရှနာ...
သူ့လက်ထက်မှာရော မပြီးပြည့်နိုင်သေးတဲ့မိသားစုဘဝနဲ့ အိမ်ဂေဟာလေးကိုပြည့်စုံအောင်လုပ်နိုင်မလားရှုစားကြည့်ပါဦး

အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollowood Team ပဲဖြစ်ပါတယ်

adminရဲ့ Official Accကို အပ်ထားချင်သူများအတွက်👇👇

https://www.facebook.com/profile.php?id=100081987139288&mibextid=ZbWKwL

====================================

🟥🙇‍♀️ ဇာတ်ကားကြည့်ရန် Telegram Link 🙇‍♀️🟥

https://t.me/Channel_MM_SuB_LinK2/1914
https://t.me/ChannelMmSubMovieLinkOnly/3581

🟥🙇‍♂️ ဇာတ်ကားကြည့်ရန် Facebook Link 🙇‍♂️🟥

https://www.facebook.com/groups/766140024816906/permalink/1059338965497009/?mibextid=Nif5oz

ဇာတ်ကားသစ် ဇာတ်ကားကောင်းတေကို တစ်နေရာထည်းမှာ အစုံကြည့်ဖို့အတွက် GroupကိုJoinထားလိုက်ပါ👇👇👇

https://www.facebook.com/groups/124431920719129/?ref=share_group_link


Thimmarusu [2021]================"လူတစ်ယောက် ကောင်းတယ်ဆိုတာကို ပတ်ဝန်းကျင်က လက်ခံဖို့အချိန်တွေအများကြီး ယူရပေမယ့်သူမကောင...
24/10/2023

Thimmarusu [2021]
================

"လူတစ်ယောက် ကောင်းတယ်ဆိုတာကို ပတ်ဝန်းကျင်က လက်ခံဖို့အချိန်တွေအများကြီး ယူရပေမယ့်

သူမကောင်းဘူးဆိုတာကိုတော့ စက္ကန့်ပိုင်းလေးအတွင်း လူတွေလက်ခံနိုင်ကြတယ်

မင်းနာမည်ဘေးမှာ တွဲလျက်ရှိနေတဲ့လူသတ်သမားဆိုတဲ့ ဂုဏ်ပုဒ်က သေတဲ့ထိပါသွားမှာကွဒါကြောင့် ဒီအမှုကို မင်းရင်ဆိုင်ရမှာ"

လွန်ခဲ့တဲ့ ၈ နှစ်က လူသတ်မှုနဲ့ စွပ်စွဲခံရပြီးထောင် ကျခဲ့ရတဲ့ ကောင်လေးကိုအမှုပြန်ဖွင့်ပြီး တရားခံအစစ်ဖော်ထုတ်ဖို့ ရှေ့နေက ပြောတဲ့စကား

တရားဥပဒေဆိုတာ လက်တစ်လုံးခြားပဲတဲ့ ​မတရားမှုမှန်သမျှ ဖော်ထုတ်မယ်ဆိုတဲ့ လူငယ်ရှေ့နေလေးကတော့ ဒီစကားကိုလက်မခံပါဘူး

တုံးဆိုတိုက် ကျားဆိုကိုက်ပြီးအမှန်တရားသာဖော်ထုတ်မယ့် ရှေ့နေပေါ့

ဒီလိုရှေ့နေတစ်ယောက်က လွန်ခဲ့တဲ့ ၈ နှစ်ကအမှုဟောင်းကို စုံစမ်းရရောဗျာ သာမာန်လျော်ကြေးငွေကိစ္စနဲ့ အမှုဆိုပြီးလိုက်ရာကနေ

တရားအစွဲခံခဲ့ရတဲ့သူဟာ တရားခံအစစ်မဟုတ်ဘဲထောင်ကျခဲ့တယ်ဆိုတာ သိသွားတဲ့အချိန်မှာတော့ရအောင်ဖော်ထုတ်မယ်လို့ စိတ်ဆုံးဖြတ်ခဲ့တယ်

လှည့်ကွက်တွေ အများကြီးရှိနေတဲ့အပြင်မထင်မှတ်ထားတဲ့ လူတွေပါ ပါဝင်ပတ်သက်နေတဲ့ ဒီအမှုကြီးကိုဆက်ပြီးဖော်ထုတ်လေ သူ့အတွက်အန္တရာယ်များလာလေဖြစ်လာခဲ့တဲ့အခါ...

အန္တရာယ်ကြားကနေ အမှန်တရားဘက်တော်သားတစ်ယောက်

ဒီအမှုကို ဘယ်လိုကိုင်တွယ်သွားမလဲဆိုတာကိုအိန္ဒိယဇာတ်ကားတို့ ထုံးစံအတိုင်း Dialog အလန်းတွေနဲ့ ရိုက်ပြထားပါတယ်

adminရဲ့ Official Accကို အပ်ထားချင်သူများအတွက်👇👇

https://www.facebook.com/profile.php?id=100081987139288&mibextid=ZbWKwL

====================================

Telegram Link 👇👇👇
https://t.me/+2BTnzE6MnUM2NWNl
https://t.me/+2BTnzE6MnUM2NWNl

Facebook Link 👇👇👇
https://www.facebook.com/groups/715474983731564/permalink/737776701501392/?mibextid=Nif5oz

ဇာတ်ကားသစ် ဇာတ်ကားကောင်းတေကို တစ်နေရာထည်းမှာ အစုံကြည့်ဖို့အတွက် GroupကိုJoinထားလိုက်ပါ👇👇👇

https://www.facebook.com/groups/124431920719129/?ref=share_group_link


Mama Mascheendra [2023]  #ဇာတ်ကားသစ်ကြီး ======================Maama Maschindraဇာတ်ကားမှာတော့ Parasuramတစ်ယောက် ဦးလေးဖြစ...
22/10/2023

Mama Mascheendra [2023] #ဇာတ်ကားသစ်ကြီး
======================

Maama Maschindraဇာတ်ကားမှာတော့ Parasuramတစ်ယောက် ဦးလေးဖြစ်သူရဲ့ ပိုင်ဆိုင်မှုတွေကို လက်ဝါးကြီးအုပ်ကာဦးလေးရဲ့တစ်ဦးတည်းသောသားနဲ့မိသားစုကို သတ်ဖြတ်ဖို့စီစဉ်ခဲ့ပေမဲ့ သူ့လူယုံDasuအမှားကြောင့် အမြွှာသားလေး၂ယောက်ကတော့ Parasuramလက်ထဲကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။

ဒီအမြွှာ၂ယောက်က သူ့ကိုပြန်လက်စားချေမှာကို စိုးရိမ်နေခဲ့တဲ့ Parasuramဟာ သူ့ရဲ့တစ်ဦးတည်းသော သမီးလေးကို လူယုံ Dasu ရဲ့ သမီးနဲ့ ကလေးချင်းလဲလိုက်ပါတယ်။

အဲ့အချိန်မှာဘဲParasuramရဲ့ လူယုံDasuဟာလဲ သူ့သူဌေးရဲ့သမီးကို ကာကွယ်ဖို့အတွက် သူ့သမီးနဲ့
Parasuramရဲ့သမီးကို ကလေးချင်းထပ်လဲလိုက်ပြန်တယ်။

Parasuramနဲ့Dasuတို့နှစ်ယောက်သား ကလေးချင်းလဲလိုက်တဲ့အဖြစ်မှန်ကို ဖုံးကွယ်ထားကြရင်းနဲ့
သမီးMeenuနဲ့Vasuတို့၂ယောက်လဲ အရွယ်ရောက်လာခဲ့တယ်။

တစ်နေ့မှာတော့ သူတို့သမီး၂ယောက်က ရုပ်ချင်းဆင်တဲ့DJနဲ့Durgaဆိုတဲ့ အမြွှာညီအကို၂ယောက်နဲ့
တွဲနေကြောင်းကို Parasuramတို့သိလိုက်ရချိန်မှာတော့ အတိတ်တုန်းကလွတ်မြောက်သွားတဲ့ အမြွှာညီအကို၂ယောက်က သူတို့ကိုလာလက်စားချေတာလို့
Parasuramတို့ ယုံကြည်သွားခဲ့တယ်။

၂ယောက်လုံးကလေးချင်းလဲမိထားတဲ့အဖြစ်ကို မသိကြတဲ့ Parasuramနဲ့Dasuတို့ သူတို့သမီးတွေကို
ဘယ်လိုကာကွယ်မလဲဆိုတာကို ကြည့်ရှူကြပါအုံး။

adminရဲ့ Official Accကို အပ်ထားချင်သူများအတွက်👇👇

https://www.facebook.com/profile.php?id=100081987139288&mibextid=ZbWKwL

====================================

ဇာတ်ကားကြည့်ရန် 👇👇👇
https://www.facebook.com/groups/702502231739057/permalink/715322213790392/?mibextid=Nif5oz

Telegram Main Channel 👇
https://t.me/+ICkhKeiksF5hNDg1

https://t.me/MyanmarSubtitlesMovieCollection

ဇာတ်ကားသစ် ဇာတ်ကားကောင်းတေကို တစ်နေရာထည်းမှာ အစုံကြည့်ဖို့အတွက် GroupကိုJoinထားလိုက်ပါ👇👇👇

https://www.facebook.com/groups/124431920719129/?ref=share_group_link


Address

1Street
Nyaungdon

Telephone

+959698781758

Website

Alerts

Be the first to know and let us send you an email when TPZ-Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category

Nearby media companies