07/05/2024
ကျွန်တော်တို့ အပြင်ဆိုင်မှာဘဲ စျေးရောင်းရောင်း ၊ online မှာဘဲ စျေးရောင်းရောင်း Sale တစ်ခုထဲနဲ့ ဆိုင်ဖွင့်ရောင်းမယ်ဆိုရင် ရောင်းရဖို့ ခက်ခဲနိုင်ပါတယ်။✅
Sale and Marketing ဆိုတဲ့အတိုင်း Sale ( စျေးရောင်း ) မယ်ဆိုတာနဲ့ Marketing ကလုပ်ဖို့လိုအပ်လာပါတယ်။
အဲ့တော့ Marketing ဆိုတာဘာလဲ.....
ကျွန်တော် ဖတ်ခဲ့ဖူးတဲ့ ဆရာမိုးရှင်းဘာသာပြန်ဆိုထားတဲ့ စာအုပ်ထဲမှာ Marketing ဆိုတဲ့အသုံးအနှုန်းကို လွယ်ကူရိုးရှင်းစွာ နားလည်လွယ်အောင် ရှင်းပြထားပါတယ်။ Marketing ဆိုတာ " ဆပ်ကပ်တစ်ခုမြို့တစ်မြို့ကို လာမယ်ဆိုပါစို့။အဲ့ဒါနဲ့ ပတ်သက်ပြီး သင်က ` ဒီတစ်ပတ် စနေနေ့မှာ ဆပ်ကပ်ပြဖို့ရှိပါတယ် ´ လို့ဆိုင်းဘုတ်တပ်ရင် အဲ့တာဟာ Advertising ( ကြော်ငြာချင်း ) ပါ။အဲ့ဒီဆိုင်းဘုတ်ကိုဆင်တစ်ကောင်ရဲ့ကျောပေါ်မှာတင်ပြီး မြို့ထဲလှည့်ပြရင် အဲ့တာ Promotion ပါ။အကယ်၍ ဆင်ကြီးက မြို့တော်ဝန်ရဲ့အိမ်ထဲကိုဝင်ပြီး ပန်းခင်းပေါ်တက်လျှောက်မယ် ၊ သတင်းတွေကလည်းအဲ့ဒီအကြောင်း အထူးအဆန်းလုပ်ပြီး ရေးမယ်ဆိုရင် အဲ့ဒါကို Publicity ( လူအများသိမြင်ခြင်း ) လို့ခေါ်ပါတယ်။ အကယ်၍ မြို့တော်ဝန်ကြီးက ပန်းခင်းပေါ်ဆင်ကြီးတက်တာကို စိတ်မဆိုးဘဲ ရယ်နေမယ်ဆိုရင် အဲ့ဒါကို Public Relations ( လူထုဆက်ဆံရေး ) လို့ခေါ်ပါတယ်။ မြို့သူမြို့သားတွေက ဆပ်ကပ်ကိုလာမယ် ၊ ပျော်ရွှင်စရာကစားနည်းလေးတွေရှိမယ် ၊ ဖျော်ဖြေရေးတွေရှိမယ် ၊ လာတဲ့သူတွေကို ပိုက်ဆံသုံးပီး ကစားအောင်လုပ်မယ် ၊ နောက်ဆုံး မြို့သူမြို့သားတွေက ဆပ်ကပ်လာကျိရင်း ပိုက်ဆံတွေသုံးသွားမယ်ဆိုရင် အဲ့ဒါကို Sales( ရောင်းချခြင်း ) လို့ခေါ်ပါတယ်။အခုပြောပြတာတွေအားလုံးကို သင်စီစဥ်ခဲ့တာဆိုရင် အဲ့ဒါကြီး တစ်ခုလုံးကို Marketing လို့ခေါ်ပါတယ်”။ အဲ့တာဆိုရင် Marketing လို့သုံးနှုန်းနေတဲ့ process ကြီးကို နားလည်လောက်ပီထင်ပါတယ်။ ✨
သင်ရော အခုထိ Sale ( ရောင်းချခြင်း ) တစ်ခုဘဲ လုပ်နေတုန်းလား။ တကယ်လို့ Marketing ပါတွဲလုပ်နေပြီဆိုရင် အောက်က comment မှာ " Yes " လို့ဖြေသွားပေးပါဦး။✨