Khit Ta Media

Khit Ta Media သတင်းမှန်များကို ဖော်ပြပေးရန်
(28)

https://m.facebook.com/story.php?story_fbid=122134062758036596&id=61551097888742&mibextid=Nif5oz
08/12/2023

https://m.facebook.com/story.php?story_fbid=122134062758036596&id=61551097888742&mibextid=Nif5oz

မင်းတပ်မြို့၊ အရှေ့ပြင်ရပ်ကွက်ဘက်ကို မြေမြုပ်မိုင်းထောင်ရန် ဆင်းလာသည့် ခလရ ၂၇၄ မှ စစ်ကား ၂ စီးကို ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

Khit Ta Media -KTM
ဒီဇင်ဘာ ၈

ချင်းပြည်နယ်၊ မင်းတပ်မြို့၊ အရှေ့ပြင်ရပ်ကွက်ဘက်ကို မြေမြုပ်မိုင်းထောင်ရန် ဆင်းလာသည့် ခလရ ၂၇၄ မှ စစ်ကား ၂ စီးကို ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း CDF- Mindat ထံမှ သိရသည်။

ဒီဇင်ဘာလ ၈ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၇ မိနစ်ခန့်၌ ခလရ ၂၇၄ မှ အရှေ့ပြင်ရပ်ကွက်ဘက်ကို မြေမြုပ်မိုင်းထောင်ရန် စက်လတ်ပါကား ၂ စီးဖြင့် ဆင်းလာသည့် အင်အား ၇၀ ဦးခန့်ပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် CDF- Mindat တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့​တယ်လို့ ထုတ်ပြန်သည်။

အဆိုပါ ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရရှိကာ CDF-Mindat ဘက်မှ အထိအခိုက်မရှိ​ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

03/12/2023
ဖောင်းဆိုင် စစ်ကောင်စီတပ်စခန်း MNDAA သိမ်းပိုက်ရာ သံချပ်ကာယာဉ် နှစ်စီးထပ်မံရရှိအောက်တိုဘာ ၃၀ရှမ်းပြည်နယ် မြောက်ပိုင်း မု...
30/10/2023

ဖောင်းဆိုင် စစ်ကောင်စီတပ်စခန်း MNDAA သိမ်းပိုက်ရာ သံချပ်ကာယာဉ် နှစ်စီးထပ်မံရရှိ

အောက်တိုဘာ ၃၀

ရှမ်းပြည်နယ် မြောက်ပိုင်း မုံးကိုးဒေသ ဖောင်းဆိုင် စစ်ကောင်စီတပ်စခန်းကို ကိုးကန့်တပ်မတော် (MNDAA)က ယနေ့ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီ၏သံချပ်ကာယာဉ် နှစ်စီးကိုထပ်မံ ရရှိခဲ့ ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

"Tank ကား ၂စီးရရှိ။ မုံးကိုး ဖောင်းဆိုင်မှာ။ ဒီနေ့ ၂စီးထပ်ရတာ။ ဖောင်းဆိုင် စစ်ကောင်စီ စခန်းကို MNDAA သိမ်းလိုက်ပြီ"ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယခု သံချပ်ကာယာဉ် ၂စီး ထပ်မံရရှိခဲ့၍ '၁၀၂၇ စစ်ဆင်ရေး'ကာလအတွင်း စစ်ကောင်စီထံမှ တင့်ကားနှင့် သံချပ်ကာယာဉ် ၄ စီးကို မဟာမိတ်တပ်များကသိမ်းပိုက်ထားနိုင်ပြီးဖြစ်သည်။

ထို့ပြင် စစ်ကောင်စီ၏ လက်နက်ကြီးများ၊ စက်သေနတ်ကြီး၊ငယ်နှင့်လက်နက်ငယ်အများအပြားကိုလည်း မဟာမိတ်တပ်များက သိမ်းဆည်းရရှိထားသည်။

ညီနောင်မဟာမိတ် သုံးဖွဲ့ကလည်း ဖောင်းဆိုင်မြို့ကို ယနေ့ ည ၆နာရီတွင် အောင်မြင်စွာသိမ်းပိုက်ရရှိလိုက်ပြီဖြစ်ကြောင်း အသိပေးထားသည်။

၂၄နာရီအတွင်း စစ်ကောင်စီစခန်း ၄၀ကျော် နှင့်သံချပ်ကာကားကို AAနှင့်မဟာမိတ်များ သိမ်းပိုက်ရယူနိုင်ဟု ထုတ်ပြန်▪️စစ်ဆင်ရေး ဒုတ...
29/10/2023

၂၄နာရီအတွင်း စစ်ကောင်စီစခန်း ၄၀ကျော် နှင့်သံချပ်ကာကားကို AAနှင့်မဟာမိတ်များ သိမ်းပိုက်ရယူနိုင်ဟု ထုတ်ပြန်

▪️စစ်ဆင်ရေး ဒုတိယနေ့တွင်လည်း သံချပ်ကာယာဉ်များထားရာ တပ်စခန်းအပါအဝင် စစ်ကောင်စီတပ်စခန်းများ ထပ်မံသိမ်းပိုက်

Khit Ta Media
အောက်တိုဘာ ၃၀

ကိုးကန့်တပ်မတော်(MNDAA)၊ တအာင်းတပ်မတော်(TNLA)၊ ရက္ခိုင်တပ်မတော်(AA) ညီနောင်သုံးဖွဲ့၏ '၁၀၂၇ စစ်ဆင်ရေး'စတင်ပြီး ၂၄နာရီ အတွင်း ရန်သူစစ်ကောင်စီ၏ စခန်းကြီး၊ စခန်းငယ် ၄၀ကျော်ကို သိမ်းပိုက်ရယူနိုင်ခဲ့သည်ဟု ညီနောင်သုံးဖွဲ့က အသိပေးထုတ်ပြန်သည်။

စစ်ဆင်ရေး ဒုတိယနေ့တိုက်ပွဲ သတင်းများကို အောက်တိုဘာ ၂၈ရက်၊ ည ၁၀နာရီခွဲအချိန်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Operation 2017 (၁၀၂၇ စစ်ဆင်ရေး) ပထမနေ့တွင် မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့အပါအဝင် နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသော မိတ်ဖက်တော်လှန်ရေးအဖွဲ့များနှင့်အတူ ၁၀၂၇-စစ်ဆင်ရေးကို တစ်ပြိုင်နက်တည်း ဟန်ချက်ညီ တိုက်ပွဲဝင်နိုင်ခဲ့ကြသောကြောင် ရန့်သူ့စခန်းကြီး၊ စခန်းငယ် ၄၀ကျော်ကို တစ်ရက်တည်း ၂၄ နာရီအတွင်း သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

ရန်သူ့စခန်း ၄၀ကျော်ကို တိုက်ခိုက်သိမ်းပိုက်ရယူရာတွင် သတ္တိရှိရှိ၊ ရဲရဲဝံ့ဝံ့၊ စွန့်စွန့်စားစား တိုက်ပွဲဝင်ခဲ့ကြသော မိမိတို့ ရဲဘော်များအားလုံးနှင့် အခြားသောအဖွဲ့အစည်းအသီးသီးမှ ရဲဘော်တစ်ယောက်ချင်းစီကို လေးနက်စွာ တန်ဖိုးထားဂုဏ်ပြုကြောင်း ထုတ်ပြန်သည်။

ကိုယ်လက်အင်္ဂါ၊ အသက်၊ သွေး၊ ချွေး၊ ဘဝတို့ပေးဆပ်စွန့်လွှတ်ခဲ့ကြသော ရဲဘော်တစ်ယောက်ချင်းစီ၏ ပေးဆပ်စွန့်လွှတ်အနစ်နာခံမှုတို့ကိုလည်း မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ဖော်ပြသည်။

စစ်ဆင်ရေးအတွင်း ကျရာနေရာနှင့် တာဝန်ပေးထားသောနေရာများမှ စစ်ဆင်ရေး တာဝန်များကို ကျေပွန်စွာဝင်ရောက်ထမ်းဆောင်ပေးခဲ့ကြသော သူများအားလုံးကိုလည်း အထူးလေးနက်စွာ ကျေးဇူးတင် ဂုဏ်ယူကြောင်း ထုတ်ပြန်ခဲ့သည်။

အောက်တိုဘာ ၂၈ရက်တွင်လည်း သတ်မှတ် ထားသော ရန်သူ့စခန်းများနှင့် ရန်သူ့ပစ်မှတ်များကို ဆက်လက် သိမ်းပိုက် ရယူနိုင်ရေးအတွက် စစ်ဆင်ရေးကို အတူတကွ ဆက်လက်ဆင်နွှဲခဲ့ကြရာ နောင်ချိုမြို့နယ် သံဘိုရွာ နတ်စင်ကုန်းစခန်း၊ မုံးကိုးဒေသ ဖောင်းဆိုင်ကျေးရွာအုပ်စု မန်ပင်စစ်ကောင်စီစခန်း၊ ကိုးကန့်၊ အထူးဒေသ (၁)၊ ရန်တော်ရှမ်းအိုင်လတွင်ရှိသော စစ်ကောင်စီတပ်စခန်း၊ ကိုးကန့်-အထူးဒေသ (၁) ၊တောင်ပိုင်းတိုက်နယ်အတွင်း (ချင်းရွှေဟော်အတွင်းရှိ) မာကျားတိပေါက်ပေါက် တောင်ကုန်းတွင် အခြေစိုက်ထားသော စစ်ကောင်စီ၏ စစ်ရေးအရ အရေးပါသော တပ်စခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း အသိပေးသည်။

မာကျားတိပေါက်ပေါက် တောင်ကုန်းရှိ စခန်းသည် ချင်းရွှေဟော်အတွင်းရှိ ရန်သူ့စခန်းများစွာအနက်မှ နောက်ဆုံးသိမ်းပိုက်ရယူနိုင်ခဲ့သော သံချပ်ကာကားများရှိရာ စခန်းဖြစ်သည်ဟု အသိပေးထားသည်။

စစ်ကောင်စီ လက်အောက်ခံ တပ်မ (၉၉) ၊ ခမရ (၄၁၉)နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ (၈၈)တို့ တပ်စွဲထားသော နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာနတ်စင်ကုန်းစခန်းကို တိုက်ခိုက်ရာတွင် TNLAနှင့်အတူ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်(MDY PDF) လည်း ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့သည်။

ယမန်နေ့နေ့လယ်က မူဆယ်မြို့နယ်၊ ကောင်းဝိန်ကျေးရွာအနီးရှိ မန်နိမ်မှ မန်ခမ်းတံတားအနီးတွင် စစ်ကောင်စီ၏ ဒကစ၊ ခမရ (၂၆၁)နှင့် မိမိတို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ ရန်သူတပ်ဖွဲ့ဝင် အများအပြားကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်သည်။

စစ်ကောင်စီအနေဖြင့်လည်း လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ တိုက်ပွဲဖြစ်ပွားမှုမရှိသည့် နေရာများကိုလည်း လေကြောင်းက ဗုံးကြဲလာကြောင်း အသိပေးထားသည်။

ယမန်နေ့ နေ့လယ်တွင် နမ္မတူမြို့နယ် မန်ပန်ကျေးရွာ ပတ်ဝန်းကျင်အနီးသို့ တိုက်လေယာဉ်ဖြင့် သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် နမ္မတူမြို့နယ် ရွာသစ်ပါင်ဆာကျေးရွာ အတွင်းသို့လည်း တိုက်ပွဲမရှိဘဲ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား နှစ်ဦး၊ အမျိုးသမီး တစ်ဦး ဗုံးစထိမှန်ဒဏ်ရာရခဲ့ပြီး နေအိမ် ငါးလုံး ထိမှန် ပျက်စီးခဲ့သည်ဟု ထုတ်ပြန်သည်။

စစ်ကောင်စီသည် ၎င်းတို့၏ စခန်းများတစ်ခုပြီး တစ်ခု ကျဆုံးလျက်ရှိသောကြောင့် ၎င်းတို့၏ အကျင့်ဝသီဗီဇအတိုင်း ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုများကို မိုက်ရူးရဲစွာ ကျူးလွန်လျက်ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။

(ချင်းရွှေဟော်အတွင်းရှိ စစ်ကောင်စီ​၏ အရေးပါသော မာကျားတိပေါက်ပေါက် တောင်ကုန်းစခန်းအား သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - The Kokang)

ကမ္မမြို့တွင် စျေးလာဝယ်သော ရဲတစ်ဦး သေနက်နှင့်အတူ ဖမ်းဆီးရမိ အောက်တိုဘာ ၂၀မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့တွင် စျ...
20/10/2023

ကမ္မမြို့တွင် စျေးလာဝယ်သော ရဲတစ်ဦး သေနက်နှင့်အတူ ဖမ်းဆီးရမိ

အောက်တိုဘာ ၂၀

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့တွင် စျေးလာဝယ်သော ရဲတစ်ဦးအား G3 သေနက်တစ်လက်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က သတင်းထုတ်ပြန်သည်။

ပြိီးခဲ့သည့် စက်တင်ဘာ ၂၆ ရက် နေ့လယ် ၁ နာရီခန့်က ပခုက္ကူမြို့နယ် ကျထိုးရဲစခန်းမှ ကမ္မမြို့သို့စျေးဝယ်လာသော ရဲတစ်ဦးအား လမ်းခုလပ်တစ်နေရာ၌ G3 သေနတ်တစ်လက်နှင့်အတူ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ပခုက္ကူ(ပကဖ)က ယနေ့ (အောက်တိုဘာ ၂၀ ရက်)တွင် အသိပေးသည်။

ပခုက္ကူ(ပကဖ)၏ တပ်သားများက ဖမ်းဆီးခံရဲအား စစ်ဝတ်စည်းကမ်းများနှင့်အညီထားရှိပြီး လိုအပ်သည့်အရေးယူဆောင်ရွက်မှုများဆက်လက်ပြုလုပ်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုဖြစ်စဥ်နှင့်ပတ်သက်၍ ပခုက္ကူ(ပကဖ)အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ထို့ကြောင့် ရဲနှင့် စစ်သားများအနေဖြင့် နီးစပ်ရာမှတဆင့် ပြည်သူ့ရင်ခွင်ခိုလှုံ၍အမြန်ဆုံးအလင်းဝင်ရောက်ကြရန် ပခုက္ကူ(ပကဖ)က သတိပေးထားသည်။

ယမန်နေ့ (အောက်တိုဘာ ၁၉ ရက်) နံနက်ပိုင်းကလည်း စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ကံဇီးပျူစောထီးကျေးရွာမှ ထွက်လာသော ရဲနှစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့သေးသည်။

(ဖမ်းဆီးခံရသော ရဲအား ၎င်းနှင့်အတူပါလာသည့် လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရစဥ်။ ဓာတ်ပုံ-ပခုက္ကူပကဖ)

ဆိပ်ဖြူတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၇ ဦးသေဆုံး၊ မလှိုင်နှင့် နွားထိုးကြီးရှိ စစ်တပ် တပ်စွဲထာ...
18/10/2023

ဆိပ်ဖြူတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၇ ဦးသေဆုံး၊ မလှိုင်နှင့် နွားထိုးကြီးရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

အောက်တိုဘာ ၁၈

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၁ အနီးတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၇ ဦးသေဆုံးခဲ့ကြောင်း Student Revolution Army – SRA တပ်ဖွဲ့ထံမှ သိရသည်။

အောက်တိုဘာလ ၁၇ ရက် မွန်းတည့် ၁၂ နာရီ ၂၅ မိနစ်ခန့်က အင်အား ၄၀ ခန့်ဖြင့် ဆိပ်ဖြူ ကပစ ၂၁ မှ ကင်းပုန်းဝပ်ရန် ထွက်လာသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များက အနီးကပ်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ခန့် အပြန်အလှန်ပစ်ခတ်တိုက် ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်မှ အရာရှိ တစ်ဦးအပါအဝင် ၇ ဦးသေ ဆုံးပြီး ၅ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် မိနစ် ၃၀ ခန့်အကြာတွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားရာနေရာကို လက်နက် ကြီးများဖြင့် ပစ်ခတ်ပြီး အင်အားအများအပြားဖြင့် ရောက်ရှိလာပြီး စစ်သား အလောင်းများကို ကောက်ယူသွားကြောင်း Student Revolution Army – SRA တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုကို Student Revolution Army – SRA တပ်ဖွဲ့၊ ညောင်ဦးခရိုင် တပ်ရင်း ၄ (KDF) ၊ ပခုက္ကူခရိုင် တပ်ရင်း ၄ တပ်ခွဲ ၁ နှင့် ဆိပ်ဖြူမြို့နယ် ပကဖ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ မလှိုင်မြို့နယ်နှင့် နွားထိုးကြီးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Natogyi People Defense Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်၌ မလိူင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာရှိ ဘုရားကျောင်း၀င်းအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်သား ၂၀ ဦးခန့်ကို Drone ဖြင့် ဗုံးသီး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်၌ နွားထိုးကြီးမြို့နယ်၊ ကဒေါင်း-ညောင်ဇင် လမ်းပိုင်းတွင် ယာယီတပ်စွဲ အထိုင်ချ၍ ပြည်သူများကို စစ်ဆေးနေသည့် အကြမ်းဖက် စစ်သား ၃၅ ဦးကို ဒရုန်းဖြင့် ဗုံးသီး ၁ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defense Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်းနှင့် MDDS တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ရွှေကူမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကို KIA/PDFပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက် ▪︎လက်နက်၊ ကျည်၊ ခဲယမ်းနှင့် စစ်သုံ...
18/10/2023

ရွှေကူမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကို KIA/PDFပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

▪︎လက်နက်၊ ကျည်၊ ခဲယမ်းနှင့် စစ်သုံးပစ္စည်းများစွာသိမ်းဆည်းရရှိ

▪︎“ ပစ္စည်းတွေ များတယ်။ မဖွင့်ရသေးတာတွေရှိသေးတယ်။ ကားတစ်စီး ပါသေးတယ်”-ကချင်စစ်​ရေးသတင်း
ရင်းမြစ်

Khit Ta Media
အောက်တိုဘာ ၁၈

ကချင်ပြည်နယ် ရွှေကူမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့ က ယနေ့ မနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KIO/KIA သတင်းနှင့်ပြန်ကြား​ရေးဌာတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက​ပြောသည်။

ရွှေကူ-ဗန်းမော် လမ်း ငဘတ်ကြီးကျေးရွာရှိ စစ်ကောင်စီ၏ ခမရ(၆၀၂) အထိုင်စခန်းနှင့် ခလရ(၅၆) တပ်စခန်းကို အောက်တိုဘာ ၁၈ရက်မနက်ပိုင်း၌ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟုကချင် စစ်ရေးသတင်းရင်းမြစ်ကတစ်ဦးကလည်း ပြောသည်။

“မနက် ၆နာရီခွဲမှာ ၆၀၂ စခန်းသိမ်းလိုက်တယ်။ ၁၀နာရီ ၄၀ မှာ ၅၆စခန်းကို ထပ်ပြန်သိမ်းတယ်။ ငဘတ်ကြီးမှာပဲ စခန်း ၂ခုကပ်လျပ်ရှိယ်။ စကစတွေ ရွှေကူမြို့ဘက် ဆုတ်သွားကြတယ်။ စခန်းအကုန် ငါတို့ မီးရှို့လိုက်ပြီ” ဟုအထက်ပါ ကချင်စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

စစ်ကောင်စီတပ်ထံမှ လက်နက်အချို့နှင့် ခဲယမ်း၊ ကျည် အများအပြား၊ စစ်အသုံးအဆောင် ပစ္စည်းအများအပြား သိမ်းဆည်းရရှိခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။

သိမ်းဆည်းရရှိသည့် ပစ္စည်းများကို ဖွင့်ဖောက်ရခြင်းမရှိသေး၍ သိမ်းဆည်းရရှိခဲ့သည့် ခဲယမ်း၊ ကျည်များ ယခုထက်ပိုများနိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“ ပစ္စည်းတွေ များတယ်။ မဖွင့်ရသေးတာတွေရှိသေးတယ်။ ကားတစ်စီး ပါသေးတယ်” ဟု၎င်းကဆက်​ပြောပြောသည်။

စခန်းနှစ်ခုကိုတိုက်ခိုက်သိမ်းယူခဲ့ပြီးနောက် စခန်းအတွင်း
ရှိ အဆောက်အဦးများကို မီးရှို့ဖျက်ဆီးခဲ့သည်ဟုဗိုလ်မှူးကြီးနော်ဘူကဆပြောသည်။

ယနေ့ တိုက်ခိုက်မှုအတွင်း ပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိ
အခိုက်မရှိကြောင်း ပြောပြသည်။

စခန်းလက်လွတ်ဆုံးရှုံးခဲ့ရသည့် စစ်ကောင်စီတပ်သည် ရွှေကူမြို့ပေါ် တပ်စွဲထားသည့်နေရာများမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။

ကချင်ဒေသ တိုက်ပွဲများ၌ စစ်ကောင်စီတပ်က လေကြောင်း အသုံးပြု တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသော်လည်း ယနေ့မနက် စစ်ကောင်စီတပ်စခန်း ၂ ခုကို သိမ်းပိုက်ခဲ့သည့် ဖြစ်စဉ်တွင် စစ်ကောင်စီဘက်က လေကြောင်းမှ လာရောက်ပစ်ကူပေးခြင်းမရှိဟု သတင်းရင်းမြစ်က ပြောသည်။

( စစ်​ကောင်စီတပ်ထံမှ KIA /PDF တို့က သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-​ပေးပို့ )

10/10/2023
10/10/2023
09/10/2023
08/10/2023
ဘားအံ BGF ညောင်ကုန်းစခန်းကို ဒရုန်းစစ်ဆင်ရေး (၇)ကြိမ် ဆင်နွှဲ၊ ၂ ဦး သေ၊ ၆ ဦး ပြင်းထန်ဒဏ်ရာရKhit Ta Mediaအောက်တိုဘာ ၆ကရင်...
07/10/2023

ဘားအံ BGF ညောင်ကုန်းစခန်းကို ဒရုန်းစစ်ဆင်ရေး (၇)ကြိမ် ဆင်နွှဲ၊ ၂ ဦး သေ၊ ၆ ဦး ပြင်းထန်ဒဏ်ရာရ

Khit Ta Media
အောက်တိုဘာ ၆

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ BGF စခန်းကို ဒရုန်းစစ်ဆင်ရေး (၇)ကြိမ် ဆင်နွှဲခဲ့ရာ (၂)ဦး သေဆုံးပြီး (၆)ဦး ပြင်းထန်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ဘားအံမြို့နယ်၊ ညောင်ကုန်းရွာအခြေစိုက် အမှတ်(၁၀၁၄) BGF ညောင်ကုန်းစခန်းနဲ့ ပူပေါင်း အကြမ်းဖက်စစ်တပ် စခန်းကုန်းကို စက်တင်ဘာ (၂၃)ရက်ကနေ အောက်တိုဘာ (၂)ရက်နေ့ထိ ဒရုန်းစစ်ဆင်ရေး (၇)ကြိမ် ဆင်နွှဲကာ ၆၀(မမ)ဗုံးသီး (၂၆)လုံးနဲ့ ၈၁(မမ)ဗုံးသီး (၂)လုံး စုစုပေါင်း ဗုံးသီး (၂၈)လုံး ကြဲချခဲ့ကြောင်း အမှတ်(၁)မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစု-သထုံခရိုင် က သတင်း ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူတွေဟာ တပ်ကြပ်ကြီး (၁)ဦးနဲ့ BGF တပ်ဖွဲ့ဝင် (၁)ဦးတို့ ဖြစ်ပါတယ်။

ဒရုန်းစစ်ဆင်ရေးကို အမှတ်(၁)မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစု၏ တပ်ဖွဲ့ဝင် UNITED DEMOCRATIC FORCE-UDF တပ်ဖွဲ့ က ဦးဆောင်ကာ တပ်မဟာ(၁) Fedreal Wing Drone တပ်ဖွဲ့နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။

BGF ညောင်ကုန်းစခန်းဟာ ခရီးသွားပြည်သူတွေကို ခြိမ်းခြောက်ကာ ငွေကြေးကောက်ခံခြင်းနဲ့ ဘားအံကျေးရွာတွေထဲသို့ လက်နက်ကြီးနဲ့ ပစ်ခတ်နေကြောင်း သိရပါတယ်။

ညောင်ကုန်းစခန်းအတွင်းရှိ လက်နက်နဲ့အတူ အလင်းဝင်လိုတဲ့ BGF နဲ့ စစ်သားတွေကို မိမိတို့ UNITED DEMOCRATIC FORCE-UDF က ဆုငွေကျပ် သိန်း(၁၀၀)ချီးမြှင့်သွားမယ်လို့လည်း ဆိုပါတယ်။

ဆေးထိုးအပ်ကိုင်တဲ့ လက်တေလည်းထမင်းချက်တတ်ပါတယ်ဗျာ့အမျိုးတို့❤️
06/10/2023

ဆေးထိုးအပ်ကိုင်တဲ့ လက်တေလည်း
ထမင်းချက်တတ်ပါတယ်ဗျာ့

အမျိုးတို့❤️

ကျွန်တော်ချစ်ရသော❤️❤️❤️ကျွန်တော့်ကိုချစ်ကြသောသူများ
04/10/2023

ကျွန်တော်ချစ်ရသော❤️❤️❤️

ကျွန်တော့်ကိုချစ်ကြသောသူများ

မုံရွာ-အရာတော် လမ်းပိုင်းရှိ စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး(ရုပ်/သံ)အောက်တိုဘာ ၄စစ်က...
04/10/2023

မုံရွာ-အရာတော် လမ်းပိုင်းရှိ စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး(ရုပ်/သံ)

အောက်တိုဘာ ၄

စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော် လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Chindwin Attack Force အဖွဲ့ထံမှ သိရသည်။

အောက်တိုဘာလ ၃ ရက်နေ့ ညနေ ၆ နာရီခန့်တွင် မုံရွာ-အရာတော် လမ်းပိုင်း၊ မုံရွာ စီးပွားရေး တက္ကသိုလ်ဇလုပ်အဝိုင်းပတ်အနီးရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၄ ဦး သေဆုံးပြီး ၂ ဦး ထိခိုက် ဒဏ်ရာရရှိကာ တော်လှန်ရေး ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၄) တပ်ခွဲ(၁) Spring Dove၊ မုံရွာခရိုင်တပ်ရင်း (၂) တပ်ခွဲ (၃) NPRFမုံရွာခရိုင် အမှတ် (၂၇) တပ်ရင်း တပ်ခွဲ (၁)၊ မုံရွာခရိုင် အမှတ် (၂၇) တပ်ရင်း တပ်ခွဲ (၂) Than Lar Wait Defence Force နှင့် Monywa Special ဒိတ်ဒိတ်ကြဲ တို့ကပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

မုံရွာခရိုင် ပြည်သူ ကာကွယ်ရေး တပ်မတော် (Chindwin Attack Force ) တပ်ရင်း ၄ နှင့် တပ်ခွဲများ မှ အကြမ်းဖက် စစ်တပ်ကို ထိုးစစ်ဆင် တိုက်ခိုက်နေသောကြောင့် အရေးပေါ် လက်နက်ခဲယမ်း များစွာ လိုအပ်လျက်ရှိကြောင်း သိရှိရသည်။

ဘန်ကောက်ပစ်ခတ်မှုဖြစ်ပြီး မြန်မာတစ်ဦးအပါဝင် ေ ၂ ဦး သေးဆုံးပြီး ၅ ဦး ဒဏ်ရာရရှိ၊ ပစ်ခတ်သူမှာ အသက် ၁၄ နှစ်သာရှိသေးအောက်တိ...
03/10/2023

ဘန်ကောက်ပစ်ခတ်မှုဖြစ်ပြီး မြန်မာတစ်ဦးအပါဝင် ေ ၂ ဦး သေးဆုံးပြီး ၅ ဦး ဒဏ်ရာရရှိ၊ ပစ်ခတ်သူမှာ အသက် ၁၄ နှစ်သာရှိသေး

အောက်တိုဘာ ၃

ဒီကနေ့ညနေပိုင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လည်ခေါင်ရှိဆီယမ်ပါရာဂွန် ရှော့ပင်းမောအတွင်း ဖြစ်ပွားခဲ့တဲ့သေနတ်ပစ်ခတ်မှုက သေဆုံးသူ ၂ ဦးထဲမှာ မြန်မာနိုင်ငံသား အလုပ်သမား တစ်ဦးပါဝင်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဒီကနေ့ ညပိုင်း ၈ နာရီခန့်မှာ အတည်ပြု ထုတ်ပြန်လိုက်သည်။

နောက်ထပ်သေဆုံးသူတစ်ဦး ကတော့ တရုတ်လူမျိုးလို့ဆိုပါတယ်။ လက်ရှိမှာ ထိုင်းရဲတပ်ဖွဲ့ရဲ့နောက်ဆုံးထုတ်ပြန်ပြောဆိုချက်အရ သေဆုံးသူ ၂ ဦး နဲ့ ဒဏ်ရာရသူ ၅ ဥိီးရှိတယ်လို့ဆိုသည်။

သေဆုံးသူ မြန်မာနိုင်ငံသားဟာ အဲဒီရှော့ပင်းမောမှာအလုပ်လုပ်ကိုင်သူဖြစ်ပြီး ဆေးရုံရောက်မှသေဆုံးတာလို့ကနဦးသတင်းအရသိရပြီး အမျိုးသားလား ၊ အမျိုးသမီးလားဆိုတာတော့ ရဲတပ်ဖွဲ့က ပြောဆိုတာမရှိသေးပါဘူး။

အဲဒီပစ်ခတ်မှုကိုကျူးလွန်သူဖြစ်တဲ့ အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦး ကို လက်ရှိမှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။

Morning ပါအမျိုးတို့ချစ်လား ချစ်လား ချစ်သေးလားဗျ
03/10/2023

Morning ပါအမျိုးတို့
ချစ်လား ချစ်လား ချစ်သေးလားဗျ

ကရင်နီပြည်နယ်တွင် စက်တင်ဘာလ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၈ ဦးသေဆုံးခဲ့ပြီး စစ်သုံ့ပန်း ၅ ဦး ဖမ်းဆီးရမိKhit T...
03/10/2023

ကရင်နီပြည်နယ်တွင် စက်တင်ဘာလ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၈ ဦးသေဆုံးခဲ့ပြီး စစ်သုံ့ပန်း ၅ ဦး ဖမ်းဆီးရမိ

Khit Ta Media
အောက်တိုဘာ ၃

ကရင်နီပြည်နယ်တွင် စက်တင်ဘာလ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၈ ဦးသေဆုံးခဲ့ပြီး စစ်သုံ့ပန်း ၅ ဦး ဖမ်းဆီးရမိကြောင်း KNDF က တရားဝင် သတင်းထုတ်ပြန်သည်။

စက်တင်ဘာလအတွင်း KNDFသည် တော်လှန်ရေးပူးပေါင်းတပ်များနှင့်အတူ တိုက်ပွဲပေါင်း ၂၉ ကြိမ် ပါဝင်တိုက်ခိုက်ခဲ့ကြောင်း၊ စက်တင်ဘာလတွင်ဖြစ်ပွားခဲ့သော ကရင်နီပြည်နယ် တိုက်ပွဲများ အတွင်း စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင် ၇၈ ဦး သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ကရင်နီပြည်တစ်ဝန်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ အတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ငယ် ၃၆ လက်၊ လက်နက်ကြီး ၅ လက်နှင့် ခဲယမ်းမျိုးစုံကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက သိမ်းဆည်းရမိခဲ့သည့်အပြင် စစ်ကောင်စီတပ်၏ ကား ၂ စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ အခြားစစ်ကား ၁ စီးကိုလည်း မိုင်းဆွဲ တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ စစ်သား ၅ ဦးကို စစ်သုံ့ပန်း အဖြစ် ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရှိရသည်။

ကရင်နီပြည်အတွင်း ၂၀၂၃ခုနှစ်၊ ဩဂုတ်လ မှ စက်တင်ဘာလ အထိ စစ်ကောင်စီတပ်၏ ထောက်ပို့ယာဥ်တန်းများ ဖြတ်သန်းသွားလာနိုင်ရေး စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို နှင့် ဘောလခဲမြို့နယ် တို့တွင် တိုက်ပွဲများပြင်းထန်ခဲ့ကြောင်း စက်တင်ဘာလ ပထမအပတ်အတွင်း စစ်ကောင်စီစစ်ကြောင်းနှင့် ယာဥ်တန်းများ သည် ဒီးမော့ဆိုမြို့နယ် မှ ဖရူဆိုမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ကြောင်း ၊စက်တင်ဘာလ ဒုတိယအပတ်မှစ၍ ဖရူဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်များသည် ဖရူဆို - ဘောလခဲ ပြည်ထောင်စုလမ်းမအတိုင်း ၄င်းတို့၏ ထောက်ပို့ယဥ်တန်းများ ဖြတ်သန်းနိုင်ရန်အတွက် လမ်းမကြီးအားထိန်းချုပ်နိုင်ရေး အပြင်းအထန် ထိုးစစ်ဆင်ခဲ့ကြောင်း သိရှိရသည်။

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်အခြေစိုက် အမှတ် ၁၄ တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းမှ မာခရော့ရှေ၊ လောကျေခူ၊ ထားလဲ၊ ပရယ်တော် နှင့် နန်းဖဲ ကျေးရွာများအထိ အနည်းဆုံး စစ်ကြောင်း ၆ ဖြင့် စစ်ကြောင်း ထိုးခဲ့ကြောင်း၊ အဆိုပါကျေးရွာများတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်များနှင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ များသည် စက်တင်ဘာလ ဒုတိယ အပတ်မှစ၍ တစ်လလုံးနီးပါး တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်ဘက်မှ ထိခိုက်ကျဆုံးမှုများပြားခဲ့သဖြင့် နန်းဖဲ၊ ပရယ်တော် နှင့် ထားလဲကျေးရွာ တို့အား စစ်ကောင်စီမှ တိုက်လေယာဥ်များအသုံးပြုတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီထပ်ထံမှ လက်နက်ခဲယမ်း အချို့ကို ကရင်နီတော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက သိမ်းဆည်းရမိခဲ့ကြောင်း၊ ဖရူဆိုမြို့နယ်အခြေစိုက် အမှတ်(၁၄) စစ်လေ့ကျင့်ရေးကျောင်းတွင် ဆုံရပ်ထားသော စစ်ကောင်စီတပ်၏ထောက်ပို့ယာဥ်တန်း ကားအစီးရေ ၆၀ စီးခန့် သည် ကရင်နီ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ တန်ပြန်စစ်ဆင်ရေးကြောင့် ဖရူဆိုမှ ဘောလခဲမြို့နယ်သို့ ဖြတ် သန်း နိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။

အလားတူ လွိုင်ကော်မြို့နယ်အတွင်းတွင်လည်း ရှမ်းပြည်နယ်မှ လွိုင်ကော်မြို့သို့ ဝင်ရောက် လာသော စစ်ကောင်တပ်၏ ယာဥ်တန်း (၆) စီးကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အတူ လွိုင်ကော်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေး စခန်းများကိုလည်း ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဒီးမော့ဆိုမြို့နယ်တွင်လည်း စစ်ကောင်စီမှ ၂ နှစ်နီးပါးကြာ ခြေကုပ်ယူတပ်စွဲထားသော ပူဖား နှင့် သေးဆူလဲ ကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်များကို စက်တင်ဘာလ ပထမအပတ် အတွင်း ကရင်နီပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးခဲ့ ကြောင်း၊ အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ တိုက်လေယာဥ်ဖြင့်(၃)ရက်ဆက် လာရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ဒီးမော့ဆိုမြို့နယ်တိုက်ပွဲများအတွင်း လက်နက်ခဲယမ်း အများအပြားကိုလည်း ကရင်နီပူးပေါင်းတပ်ဖွဲ့မှ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များက မယ်စဲ့မြို့နယ်၊ ပန်တိန်းကျေးရွာရှိ BGFစခန်းနှင့် အနီး တဝိုက်တွင် အခိုင်အမာ ခြေကုပ်ယူတပ်စွဲလျက်ရှိကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သည် မယ်စဲ့မြို့နယ် သို့ ပြန်လည်ထိုးဖောက် သိမ်းပိုက်နိုင်ရေး၊ လူသူလက်နက်ခဲယမ်းများ ဖြည့်တင်း နိုင်ရေးအတွက် ဖရူဆို နှင့် ဘောလခဲမြို့နယ်တို့အား စစ်ကြောင်းထိုးလျက်ရှိကြောင်း၊ လွိုင်ကော် မြို့ နယ် နှင့် ဖယ်ခုံမြို့နယ်တို့တွင် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ရေးပစ်မှတ် မဟုတ်သော နေရာများဖြစ်သည့် စစ်ရှောင်စခန်းများကို လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း KNDF ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်သည် ကရင်နီပြည်အတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း (၂၀)ကြိမ် ပြုလုပ်ခဲ့ပြီး အဆိုပါလေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ(၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း၊ ထို့အတူ စစ်ကောင်စီတပ်၏ မြေမြှုပ်မိုင်းကြောင့်လည်း ပြည်သူ(၁)ဦး သေဆုံးခဲ့ရကြောင်း သိရှိရသည်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၁ လုံး၊ ကျန်းမာရေးအဆောက်အဦ ၁ လုံး၊ နှင့် ခရစ်ယာန်ဘုရားကျောင်း ၁ ကျောင်း ပျက်စီးခဲ့ရကြောင်း၊ ထို့အတူ စစ်ကောင်စီတပ်မှ ပစ်ခတ်လာ သော လက်နက်ကြီးထိမှန်မှုကြောင့်လည်း နေအိမ်(၂)လုံး ပျက်စီးခဲ့ကြောင်း၊ စက်တင်ဘာလ အတွင်း ကရင်နီပြည်နယ် စစ်မျက်နှာအသီးသီးတွင် အကြမ်းဖက်စစ်ကောင်စီ တပ်များကို ခုခံ တိုက်ခိုက်ရင်း KNDF မှ ရဲဘော် ၈ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရှိရသည်။

ပဲခူးတိုင်းမှ စခန်းသိမ်း တိုက်ပွဲများတွင် စစ်ကောင်စီ ၂၀၀ နီးပါးသေဆုံးပြည်သူ့ခေတ်အောက်တိုဘာ ၃ပဲခူးတိုင်းဟာ မြန်မာနိုင်ငံ ...
03/10/2023

ပဲခူးတိုင်းမှ စခန်းသိမ်း တိုက်ပွဲများတွင် စစ်ကောင်စီ ၂၀၀ နီးပါးသေဆုံး

ပြည်သူ့ခေတ်
အောက်တိုဘာ ၃

ပဲခူးတိုင်းဟာ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ မဟာဗျူဟာမြောက်တည်ရှိနေပြီး အရေးကြီး ဆက်သွယ်ရေး လမ်းမကြီး (Line of Communication) တွေ ဖြစ်တဲ့ ရန်ကုန်-မန္တလေး အမြန်လမ်း/လမ်းဟောင်း/ရထားလမ်း နဲ့ ရန်ကုန်-ပြည် လမ်းမကြီးတွေ ရှိရာ တိုင်း ဖြစ်ပါတယ်။ အကြမ်းဖက် စစ်တပ်ရဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (Southern Command) အခြေစိုက် တာဝန်ယူရာ နယ်မြေထဲမှာ ပါဝင်နေပါတယ်။ ဒါ့အပြင် စစ်တပ်ရဲ့ တပ်မ (၆၆) နဲ့ (၇၇) အခြေစိုက်ရာ နယ်မြေ ဖြစ်သလို၊ တပ်ရင်းအများစုရဲ့ နောက်တန်း ဌာနချုပ်တွေ ရှိရာ ဒေသ၊ ရန်ကုန်-ပြည် လမ်းမ တလျှောက် ပဲခူး ရိုးမ အနောက်ခြမ်း မှာ တပ်ရင်းဌာနချုပ်များ တန်းစီ ရှိနေရာ ဒေသ ဖြစ်ပါတယ်။ စစ်တိုင်းဌာနချုပ် ကို တောင်ငူ မှာ အခြေစိုက်ထားပြီး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) တခု ကို ပြည် မြို့မှာ အခြေစိုက်ထားပါတယ်။ ပဲခူးတိုင်း တွင်းမှာ လူဦးရေ စုစုပေါင်း ၅ သန်း နီးပါးရှိပြီး ပြည်ခရိုင်၊ သာယာဝတီခရိုင်၊ တောင်ငူခရိုင်၊ ပဲခူး ခရိုင်၊ ညောင်လေးပင် ခရိုင် နဲ့ နတ်တလင်း ခရိုင် တို့ရှိကာ မြို့ (၅၂) မြို့၊ ကျေးရွာ (၆၂၈၇) ရွာ ရှိပါတယ်။

မြန်မာ နိုင်ငံ တော်လှန်ရေး အစဥ်အဆက်မှာ အရေးကြီးတဲ့ ပဲခူး ရိုးမ ဟာ ဆိုရင် ပဲခူးတိုင်းတွင်းမှာပဲ ရှိပါတယ်။ ပြောက်ကျားစစ် ဆင်နွဲမယ့် တော်လှန်ရေး တပ်ဖွဲ့အသီးသီးဟာ နိုင်ငံအလယ်ပိုင်းမှာ အချက်အခြာကျ တည်ရှိနေတဲ့ ပဲခူး ရိုးမ ကို အခြေပြုရလေ့ရှိပါတယ်။ အဲဒီလို အရေးကြီးတဲ့ အတွက် ပဲခူး ရိုးမ ပတ်ခြာလည်မှာ တပ်ရင်းတွေ၊ တပ်မ တွေကို အခြေစိုက် ထားပြီး စစ်တပ်က ကြိုတင် လက်ဦးမှုယူ ဝိုင်းပတ် ပိတ်ဆို့ဖို့ ပြင်ဆင်ထားခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် နွေဦးတော်လှန်ရေး ကာလမှာတော့ ပဲခူး ရိုးမ နဲ့ ဆက်စပ်ဒေသတွေ၊ ပဲခူး တိုင်းတွင်းမှာ အဖက်ဖက်က ဝိုင်းဝန်း ပိတ်ဆို့ထားတဲ့ ကြားက ခုခံ တိုက်ခိုက်မှုတွေဟာ ၂၀၂၃ ခုနစ်တွင်းမှာ သိသိသာသာ ပေါ်ထွက်လာပါတယ်။ ဒီလို တိုက်ခိုက်မှုတွေဟာ ပြောက်ကျားစစ်ဆင်တိုက်ခိုက်မှုသာမကဘဲ ရိုးမ ပေါ်မှာ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲတာ၊ အမြန်လမ်း အနီးမှာ တိုက်ပွဲဖော်တာ၊ ပဲခူးတိုင်းတွင်း စခန်းသိမ်း တိုက်ပွဲ ဆင်နွှဲတာတွေ ထိ ပါဝင်ပါတယ်။ ခုခံတွန်းလှန်စစ် ပထမနှစ်ဖြစ်တဲ့ ၂၀၂၁-၂၀၂၂ ကာလ အတွင်း ပဲခူးတိုင်းမှာ တိုက်ခိုက်မှုပေါင်း (၁၃၈) ကြိမ်ဖြစ်ပွားခဲ့ရာကနေ ၂၀၂၂-၂၀၂၃ ကာလ မှာတော့ (၃၂၅) ကြိမ် ထိ နှစ်ဆ ကျော် တိုးတက်လာတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ပဲခူးတိုင်း အထူးသဖြင့် အနောက်ဘက် ဒေသတွေဟာ စစ်ကိုင်း၊ ရှမ်းမြောက်၊ ကရင် ဒေသတွေလို မဟုတ်ဘဲ လက်နက် ရရှိနိုင်မှု ရင်းမြစ်တွေနဲ့ ဝေးရာ ဒေသတွေမှာ တည်ရှိပြီး ထောက်ပို့လမ်းကြောင်း ရှည်လျားစွာ ရှိတဲ့ ဒေသတွေ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ ကြိုတင်ပိတ်ဆို့ထားမှုတွေ ကြား၊ တော်လှန်ရေး အင်အားစုတွေ ဘက်က ထောက်ပို့လမ်းကြောင်း ခက်ခဲမှုတွေကြားက စခန်းသိမ်းတိုက်ပွဲတွေ၊ ရန်သူကို အထိနာအောင် တိုက်ခိုက်မှုတွေ ပေါ်ထွက်လာပါတယ်။

ပဲခူး ရိုးမ နဲ့ ပဲခူးတိုင်း လူထု ဟာဆိုရင် ပြည်တွင်းစစ် ကာလ အတွင်း ဖြတ်လေးဖြတ် ပိတ်ဆို့မှုတွေ၊ လက်နက်ကိုင်တော်လှန်ရေး အတွေ့အကြုံတွေကို ကောင်းမွန်စွာ တွေ့ကြုံဖူးတဲ့ လူထု ဖြစ်ပါတယ်။ ဒီ့အတွက်ကြောင့်လည်း အခက်အခဲကြားက ပြည်သူ့ခုခံတော်လှန်စစ်ကို ကောင်းမွန်စွာ ပံ့ပိုးပေးနိုင်တာ ဖြစ်ပါတယ်။

ပြည်သူ့ ကာကွယ်ရေး တပ်မတော် အနေနဲ့ ပဲခူးတိုင်းတွင်းမှာ ခရိုင်တွေကို အခြေပြုပြီး တပ်ရင်းပေါင်း (၈) ရင်းထက် မနည်းကို စုဖွဲ့ထားပြီး သက်ဆိုင်ရာ မြို့နယ် အလိုက် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပ.က.ဖ) တွေကိုလဲ ဖွဲ့စည်းထားရှိပါတယ်။ ပဲခူး တိုင်း အရှေ့ခြမ်း ဒေသတွေမှာ မဟာမိတ် ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် နဲ့ ပူးတွဲ တိုက်ခိုက်မှုတွေ လုပ်ဆောင်လျက်ရှိပါတယ်။ ပဲခူးတိုင်းတွင်း စစ်ရှိန် သိသိသာသာ မြင့်လာတာကတော့ စစ်တောင်းမြစ်ဝှမ်း စိုးမိုးရေး စတင်မယ်လို့ ထုတ်ပြန်လိုက်တဲ့ ၂၀၂၃ ခုနစ် ဇူလိုင်လ လောက်က စတင်ပါတယ်။ သိသာထင်ရှားတဲ့ တိုက်ပွဲ နဲ့ စခန်းသိမ်းပွဲတွေကတော့ ဇူလိုင် (၁၉) ရက်နေ့မှာ ကျောက်တံခါး မြို့နယ် နံဇ ကျေးရွာ အနီး ရန်သူ့ အင်အား (၄၀၀) ခန့် ဝင်ရောက်လာတာကို ခုခံတိုက်ခိုက်မှု အတွင်း (၃၃) ဦး သေဆုံး၊ (၄၈) ဦး ဒဏ်ရာရအောင် တိုက်ခိုက်နိုင်ခဲ့ တိုက်ပွဲ ဖြစ်ပါတယ်။ သြဂုတ်လ (၉) ရက်နေ့တွင်း ကျောက်တံခါး မြို့နယ်၊ သမင်အင်းကုန်း တိုက်ပွဲ မှာ စစ်တပ်ဘက် က (၃၀) ကျော် သေဆုံးပြီး လက်နက်ငယ် (၂၁) လက် သိမ်းယူနိုင်ခဲ့တဲ့ တိုက်ပွဲ၊ သြဂုတ် (၂၉) ရက်နေ့တွင်း ကျောက်ကြီး မြို့နယ်၊ အုတ်ဖြတ်၊ ကရင်ကျ၊ သမန်းကျင်း၊ ကြက်တက်ညောင်ပင် ဧရိယာ မှာ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် နဲ့ ပူးပေါင်း တိုက်ခိုက်မှု အတွင်း သစ်ချဆိတ်စခန်း သိမ်းယူနိုင်ခဲ့ပြီး စစ်တပ်ဘက်မှ (၄၀) ကျော် သေဆုံး လက်နက်ငယ် (၁၉) လက်၊ ကွန်မန်ဒိုစိန်ပြောင်း (၂) လက်၊ စက်လက် (၁) လက် သိမ်းယူနိုင်ခဲ့ပါတယ်။ ထူးခြား တဲ့ တိုက်ပွဲကတော့ အမြန်လမ်း (၁၆၂) မိုင် မှာ အင်အား (၂၀) နဲ့ အခြေချထားတဲ့ ဆိပ်ဖူးတောင် စခန်း ကို စက်တင်ဘာ (၁၁) ရက်နေ့တွင်း တိုက်ခိုက်မှု ဖြစ်ပြီး ရန်သူ (၁၅) ဦးကို ရှင်းလင်း နိုင်ခဲ့ပါတယ်။ ဒီလိုမျိုး အမြန်လမ်းပေါ် နဲ့ အမြန်လမ်းမကြီး အနီးမှာ တိုက်ခိုက်မှုတွေ ပေါ်ထွက်ခဲ့ပြီး ပြည်သူ့ ကာကွယ်ရေး တပ်မတော် နဲ့ မဟာမိတ် တွေရဲ့ စစ်ရေးအရ တိုက်ကွက်ဖော်နိုင်မှုဟာ အမြန်လမ်း ဒေသ ထိ ရောက်လာတာ ကို ပြသနေပါတယ်။ ခုခံစစ် နှစ်နှစ်ကျော် ကာလ အရောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေဟာ နယ်စပ် ဒေသ ကနေ နိုင်ငံရဲ့ အလယ်ပိုင်း အချက်အခြာ ဒေသထိ စစ်ရေးအရ သွားလာနိုင်တာ၊ တိုက်ပွဲဖော်နိုင်လာတာကို ပြသပါတယ်။ မကြာခင် ကာလ အတွင်း အမြန်လမ်းလို လမ်းမကြီးတွေကိုပါ စိုးမိုးပိတ်ဆို့နိုင်‌တော့မယ်ဆိုတာ ဒီ ဖြစ်စဥ်တွေက ညွှန်ပြနေပါတယ်။

ပဲခူး ရိုးမ အရှေ့ခြမ်း မြို့နယ် တိုက်ပွဲတွေ အပြီးမှာ ရိုးမပေါ် နဲ့ ရိုးမ အနောက်ခြမ်း မြို့နယ် တိုက်ပွဲတွေ ကို ကြည့် ရအောင်။ အထက်မှာ ဖော်ပြခဲ့သလိုပဲ ရိုးမ ပေါ် နဲ့ ရိုးမ အနောက်ခြမ်း ဒေသ ဟာ ထောက်ပို့လမ်းကြောင်း ရှည်လျားပြီး ရန်သူ့ တပ်ရင်းတွေ ကြားမှာ တည်ရှိနေတဲ့ ဒေသပါ။ အရေးပါဆုံးစခန်းသိမ်း တိုက်ပွဲကတော့ မင်းလှ မြို့နယ်၊ စိန့်ကန့်လန့်-မြို့ချောင်း ရိုးမ ဖြတ်ကျော်လမ်းမှာ ရှိတဲ့ ခါချဥ်တောင် စခန်း ကို စက်တင်ဘာ ၉ ရက်နေ့မှာ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၅) က သိမ်းယူနိုင်မှု ဖြစ်ပါတယ်။ အဆိုပါ စခန်းကို ပြန်လည် သိမ်းယူနိုင်ရန် စစ်တပ်ဘက်မှ အင်အား (၃၀)၊ (၈၀) ခန့်ပါ စစ်ကြောင်းများဖြင့် (၃) ကြိမ်ထက် မနည်း တိုက်ခိုက်လျက်ရှိသော်လည်း စက်တင်ဘာလ နှောင်းပိုင်းအထိ ပြည်သူ့ကာကွယ်ရေး တပ်မတော်က သိမ်းယူထားနိုင်နေပါတယ်။ ပေါက်ခေါင်း မြို့နယ် ကန်ကြီး ရဲစခန်းကို စက်တင်ဘာ (၉) ရက်နေ့တွင်း ဝင်‌ရောက် တိုက်ခိုက်ခဲ့ပြီး ရဲ (၅) ဦး သေဆုံးခဲ့ပါတယ်။ ရိုးမ ပေါ် တိုက်ပွဲများ အနေနဲ့ အုတ်ဖို မြို့နယ်ရှိ ပဲခူး ရိုးမ ပေါ် တို့ အင်အား ၃၄ ဦး နဲ့ ဝင်ရောက်လာတဲ့ စစ်ကြောင်းကို စက်တင်ဘာ (၁၆) ရက်နေ့တွင်း မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား (၂) ဦး သေဆုံးခဲ့ပါတယ်။ ပေါင်းတည် မြို့နယ် ပဲခူးရိုး ရိုးမ ပေါ် ဝင်ရောက်လာတဲ့ အင်အား (၂၈) ဦး ပါ စစ်ကြောင်းကိုလည်း မိုင်းဆွဲစဥ် အတွင်း စစ်ကောင်စီ ဘက်မှ (၂) ဦး သေဆုံးပြီး (၂) ဦး ဒဏ်ရာရှိခဲ့ပါတယ်။ မင်းလှ မြို့နယ်၊ ပဲခူး ရိုးမ ဘီးချောင်းကုန်းသို့ စက်တင်ဘာ (၂၃) ရက်နေ့တွင်း အင်အား (၁၀၀) ဖြင့် စစ်ကြောင်းထိုးလာမှု ကို ခုခံ တိုက်ခိုက်စဥ် အတွင်း စစ်သား (၁၆) ဦး သေဆုံး (၂၀) ဒဏ်ရာရရှိခဲ့ပြီး PDF ရဲဘော် (၁) ဦး ရန်သူ့ စနိုက်ဘာ ထိမှန် ကျဆုံးခဲ့ရပါတယ်။ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ရိုးမ ပေါ်ကို ပြည်သူ တွေ သွားလာခြင်း မလုပ်ဖို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) က လဲ ထုတ်ပြန်ထားပါတယ်။ ဒီ ဖြစ်စဥ်တွေကို ကြည့်ရင် စစ်တပ် အနေနဲ့ ရိုးမ ပေါ် ကို မရှိမဲ့ ရှိမဲ့ အင်အား ဖြင့် စစ်ကြောင်းထိုးလျက်ရှိပေမယ့် ပြည်သူ့ ကာကွယ်ရေးတပ်မတော်က ရိုးမ ပေါ်မှာ စခန်းသိမ်းပွဲတွေ ဆင်နွဲနိုင်တာ၊ စစ်ကြောင်းထိုးလာတာကို ကောင်းမွန်စွာ ခုခံနိုင်နေတာ တွေ့နိုင်ပါတယ်။ ပဲခူးတိုင်း အနောက်ခြမ်း က တခြားသော တိုက်ပွဲတွေ၊ မိုင်းဆွဲ တိုက်ခိုက်မှုတွေကို ကြည့်ရင် အဓိက အားဖြင့် ပြည် မြို့ အနီးက ပေါက်ခေါင်း မြို့နယ် နဲ့ မင်းလှ မြို့နယ်တို့မှာ အဓိက အားဖြင့် ဖြစ်ပွားနေတာကို တွေ့ရပါတယ်။ ပေါက်ခေါင်း ဟာ ယခင်ခေတ်တွေကတည်းက တော်လှန်ရေး အင်အားစုတွေ အားကောင်းရာ ဒေသ ဖြစ်ပြီး ဒကစ အခြေစိုက်တဲ့ ပြည် မြို့ နဲ့ မိုင် (၂၀) လောက်ပဲ ဝေးပါတယ်။ ရိုးမ ပေါ် တိုက်ပွဲတွေ အပြင်းအထန် ဖြစ်နေတဲ့ မင်းလှ မြို့နယ်ဟာဆိုရင်လဲ စစ်တပ် ဖွဲ့ အသီးသီး အခြေချရာ မှော်ဘီ နဲ့ မိုင် (၆၀) အကွာမှာပဲ ရှိပါတယ်။ ဒီ အချက်အလက်တွေကို ကြည့်ရင် ခုခံတိုက်ခိုက်မှုတွေဟာ ရန်သူ့ စစ်ရေး အချက်အခြာ နေရာတွေ နဲ့ အနီးမှာ ရှိနေတာ၊ အဲဒီ ဒေသတွေကိုပါ စစ်အင်အား လုံလောက်စွာ ပေးပို့ပြီး လုံခြုံအောင် မလုပ်ဆောင်နိုင်တာ ကိုတွေ့နိုင်ပါတယ်။

စစ်အင်အား မလုံမလောက် ဖြစ်နေတဲ့ အကြမ်းဖက် စစ်အာဏာရှင်တွေဟာ အဲဒီ အချက်တွေကြောင့်ပဲ ပဲခူး တိုင်းတွင်းမှာ ရှိတဲ့ ပြည်၊ တောင်ငူ၊ ပဲခူး ဒေသတွေမှာ ဒေသခံတွေကို လက်နက်ထုတ်ပေးပြီး ပြည်သူ့ စစ် အဖြစ် ဖွဲ့စည်းခိုင်းလာတာ ကို စက်တင်ဘာလ တွင်း သိသိသာသာ တွေ့ရပါတယ်။ ပြည်သူ့စစ်တွေ ဖွဲ့စည်းတာ၊ လက်ရုံး တပ်တွေကို ရှေ့တန်း ပို့တာ၊ ရဲတွေကို စစ်တိုက်ခိုင်းတာတွေ လုပ်ဆောင်နေပေမယ့် စစ်တပ်ရဲ့ နောက်တန်း တပ်ရင်းဌာနချုပ် နယ်မြေတွေဟာ ရှေ့တန်း စစ်မျက်နှာ ဖြစ်လာပြီဆိုတာကို ပဲခူးတိုင်း တွင်း ပြည်သူ့ ကာကွယ်ရေး တပ်မတော်ရဲ့ တိုက်ခိုက်မှုတွေက ပြသနေပါတယ်။ အဲဒီလို အကြပ်ရိုက်နေတဲ့ စစ်တပ်ဟာ စစ်ဆင် တိုက်ခိုက်ရေး ထက် ခံစစ် ဆင်နွဲဖို့ တဖြည်းဖြည်း ပြင်ဆင်လာတာကို တွေ့ရပါတယ်။ လက်နက်ကြီး နဲ့ လေကြောင်း အားသာတဲ့ စစ်တပ်ဟာ ခုံစစ်ဆင်နွဲပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော်ကို ရင်ဆိုင်ဖို့ လုပ်ဆောင်လာတာကိုတွေ့နေရပါတယ်။ ‌ရန်ကုန်-မန္တလေး လမ်းဟောင်း၊ အုတ်တွင်း မြို့နယ် နဲ့ စစ်တောင်းမြစ် ကို ဆက်သွယ်ထားတဲ့ မြက်နီကွင်း ကွန်ကရစ်လမ်း၊ လမ်းဟောင်း နဲ့ အမြန်လမ်း ဆက်သွယ်ထားတဲ့ မဲချောင်း ကွန်ကရစ် လမ်းတွေကို စစ်တပ်က ဖျက်ဆီး ပိတ်ဆို့ထားသလို ထန်းတပင် မြို့နယ် ကင်မွန်းချုံ ကျေးရွာ ရွှေပုဂံ-အောင်သာယာ လမ်းပိုင်း ကိုလည်းစက်တင်ဘာ (၁၄) ရက်နေ့မှာ စစ်တပ်က ဖျက်ဆီးလမ်းပိတ်ခဲ့ပါတယ်။ ရွှေကျင် မြို့နယ်၊ ခြေတော်ရာ ရွာ နဲ့ သရက်ချောင်း ရွာကြား လမ်းကိုလဲ စစ်တပ်က ဘတ်ဟိုးနဲ့ သြဂုတ် (၂၀) ရက်နေ့မှာ ဖျက်ဆီးခဲ့ပါတယ်။ လမ်းပိုင်း ဖျက်ဆီးမှုတွေ ကို ကြည့်ရင် စစ်တောင်းမြစ် ပတ်ဝန်းကျင် ဒေသ၊ ပဲခူးတိုင်း အရှေ့ခြမ်းမြို့နယ်တွေမှာ စစ်တပ်က လုပ်ဆောင်နေတာ တွေ့ရပြီး အဲဒီ ဒေသရဲ့ ခုခံတွန်းလှန်မှု အရှိန်အဟုန် ကို သိနိုင်ပါတယ်။

အထက်ဖော်ပြပါ စခန်းသိမ်းတိုက်ပွဲ၊ စစ်ကြောင်းမိုင်းဆွဲ တိုက်ခိုက်မှု၊ စစ်တပ်ရဲ့ လမ်းပိုင်း ဖျက်ဆီးမှုတွေဟာ ၂၀၂၃ ခုနစ် ဇူလိုင် လ နောက်ပိုင်းအတွင်း ပေါ်ပေါက်လာတဲ့ စစ်ရေးလှုပ်ရှားမှုတွေထဲက အရေးကြီး ဖြစ်စဥ်တွေသာ ဖြစ်ပြီး တိုက်ပွဲအားလုံး မပါသေးပါဘူး။ ဒါပေမယ့် ဒီတိုက်ခိုက်မှုတွေကို သုံးသပ်ကြည့်တာနဲ့တင် ပဲခူး တိုင်း ရဲ့ စစ်ရေး အခြေအနေ ကို သိနိုင်ပါတယ်။ စစ်တပ် အနေနဲ့ အင်အား မလုံလောက်တာ၊ အရေးကြီး အမြန်လမ်းမကြီးကိုပါ လုံခြုံအောင် မထိန်းသိမ်းနိုင်တာ၊ တပ်ရင်းဌာနချုပ်တွေ အနီးနားက ပဲခူးရိုးမ ပေါ်မှာပါ စစ်ကြောင်းတွေ တိုက်ခိုက်ခံနေရတာ၊ စခန်းသိမ်းခံနေရတာတွေကို တွေ့နိုင်ပါတယ်။ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန အနေနဲ့ “လမ်းအားလုံး နေပြည်တော်သို့ ” စစ်ရေး စီမံချက်ကို အကောင်အထည် ဖော်လျက်ရှိပြီး ရန်သူ့ စိုးမိုးနယ်မြေ ထိုးဖောက်ရေး လုပ်ဆောင်မယ်လို့ တရားဝင်ပြောကြားမှုနဲ့ အတူ ရန်သူ့ စိုးမိုးနယ်မြေ တခု ဖြစ်တဲ့ ပဲခူး တိုင်းတွင်း ခုခံတွန်းလှန်မှု အရှိန်မြင့်လာတာ ဖြစ်ပါတယ်။ ဒီလိုမျိုး ခုခံမှု အရှိန်မြင့်လာတာနဲ့ အတူ ရန်သူ့ စိုးမိုးနိုင်မှု တဖြည်းဖြည်း ယိုင်လဲ သွားမှာ ဖြစ်ပြီး ကရင် တောင်တန်း ဒေသ နဲ့ ရခိုင် ရိုးမ ကြား မဟာဗျူဟာမြောက် အချက်အချာကျ တည်ရှိနေတဲ့ ပဲခူး ရိုးမ နဲ့ ပဲခူးတိုင်းဟာ ပြည်သူ့ကာကွယ်ရေး တပ်မတော် ရဲ့ စိုးမိုး နယ်မြေ တခု အဖြစ် ပေါ်ထွက်လာတော့မှာပါ။

ထားဝယ်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း အပါအဝင် နိုင်ကျဉ်းများ ပြန်လွတ်အောက်တိုဘာ ၃တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထော...
03/10/2023

ထားဝယ်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း အပါအဝင် နိုင်ကျဉ်းများ ပြန်လွတ်

အောက်တိုဘာ ၃

တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်မှ ထားဝယ်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုအောင်ဝေယံကျော်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၄ ဦးလွတ်ရက်စေ့၍ ယမန်နေ့ အောက်တိုဘာလ ၂ ရက်နေ့ နံနက်ပိုင်းတွင်လွတ်မြောက်လာကြောင်း သိရသည်။

ကိုအောင်ဝေယံကျော်၊ ကိုသုတတင်စိုး၊ မောင်တူး၊ ကိုအောင်သူရဇော်၊ ကိုရဲထွန်း၊ ကိုဝေယံထက်၊ ကိုကျော်မင်းဦး၊ ကိုဇင်မြတ်ဦး၊ ကိုကိုလင်းနိုင်၊ ကိုဝင်းလတ်ထွေး၊ ကိုဥက္ကာရှိုင်းအောင်၊ ကိုဝေယံဌေး၊ ကိုဖြိုးမင်းကို၊ ကိုကြည်လွင်၊ ကိုမင်းကိုဦးစသည့် နိုင်ငံရေးအကျဉ်းသား (၁၄) ဦး လွတ်မြောက်လာခဲ့ပြီး ၎င်းတို့အား ပုဒ်မ ၅၀၅ (က) အတွက် ထောင်ဒဏ် သုံးနှစ်နှင့် ပုဒ်မ ၁၉ (စ) အတွက် ထောင်ဒဏ် တစ်နှစ် စုစုပေါင်း ထောင်ဒဏ် လေးနှစ် အမိန့်ချမှတ်ခံထားရသူများ ဖြစ်ကြောင်း Dawei Political Prisoners Network ထားဝယ်နိုင်ငံရေး အကျဉ်သားများကွန်ရက်မှ ထုတ်ပြန်ထားသည်။

နိုင်ငံရေးအကျဉ်းသား ၁၄ ဦးအပါအဝင် အခြားအမှုနှင့် အကျဉ်းသားများလည်း လွတ်မြောက်လာခဲ့သည်ဟု သိရှိရသည်။

Address

၁၂၅ လမ်း
Mandalay

Alerts

Be the first to know and let us send you an email when Khit Ta Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Khit Ta Media:

Videos

Share


Other Media/News Companies in Mandalay

Show All