Naga News

Naga News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Naga News, News & Media Website, Dimapur.
(1)

NSCN(K)အဖွဲ့ Wancho Region ဥက္ကဋ္ဌ ဦးဆောင်ပြီး စစ်သား ၂၆ ဦး NSCN(R)သို့ ကူးပြောင်းသွားကြောင်းသိရသည်။မည်သည့်အတွက်ကူးပြေ...
16/09/2023

NSCN(K)အဖွဲ့ Wancho Region ဥက္ကဋ္ဌ ဦးဆောင်ပြီး စစ်သား ၂၆ ဦး NSCN(R)သို့ ကူးပြောင်းသွားကြောင်းသိရသည်။
မည်သည့်အတွက်ကူးပြောင်းသွားသည်ကိုမူ အသေးစိတ်မသိရပေ။

၂၀၂၃ခုနှစ်၊ စက်တင်ဘာလ Naga News၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၇)ရက်၊ ကြာသပတေးနေ့ နံနက်ပိုင်းတွင်NSCN-K(YA) အဖွဲ့မှ သိုင်းဝမ်းဦး...
11/09/2023

၂၀၂၃ခုနှစ်၊ စက်တင်ဘာလ
Naga News

၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၇)ရက်၊ ကြာသပတေးနေ့ နံနက်ပိုင်းတွင်
NSCN-K(YA) အဖွဲ့မှ သိုင်းဝမ်းဦးဆောင်သော စစ်ကြောင်းသည်
မကြာသေးမီက အဖွဲ့သစ်နာမည်ဖြင့်ခွဲထွတ်သွားသော NSCN (Angmai)အဖွဲ့အား သွားရောက်ပစ်ခတ်ရာ အိုင်းမိုင်းအဖွဲ့မှ ရဲဘော်သုံးဦးကျဆုံးသွားကြောင်းသိရသည်။ ယခုချိန်ထိ စစ်ရေးတင်းမာလျက်ရှိပြီး နှစ်ဖက်အဖွဲ့မှ တိုက်ပွဲဆက်ဖြစ်မည့်အနေအထားတွင်ရှိသောကြောင့် ကျေးရွာနေ
ဒေသခံများမှ စိုးရိမ်မှုမြှင့်တက်လျှက်ရှိကြောင်း သတင်းရရှိသည်။ ခွဲထွတ် NSCN(Angmai)အဖွဲ့မှ ခေါင်းဆောင်တစ်ဦးဖြစ်သော ယခင် NSCN(K) Konyak Region ဥက္ကဋ္ဌ ခမ်းပိုင်သည် မကြာသေးမီက အိန္ဒိယအစိုးရနဲ့ဆွေးနွေးရန် နယူးဒေလီသို့သွားရောက်ခဲ့ပြီး ထိုမှအပြန် အိန္ဒိယနိုင်ငံဖက်ခြမ်းတွင်အခြေစိုက်သောNSCN (IM)အဖွဲ့နဲ့ပူးပေါင်းသွားကြောင်း အိန္ဒိယအခြေစိုက်သတင်းမီဒီယာများမှတစ်ဆင့်ကြားသိရသည်။

Naga News

နာဂအမျိုးသားအရေး လုပ်ဆောင်ရန် ဖားကန့်တွင် နာဂ လက်နက်ကိုင်အဖွဲ့ တပ်သားသစ်စုဆောင်း19 March 2023 - Kachinwaves ဖားကန့်တွင် ...
20/03/2023

နာဂအမျိုးသားအရေး လုပ်ဆောင်ရန် ဖားကန့်တွင် နာဂ လက်နက်ကိုင်အဖွဲ့ တပ်သားသစ်စုဆောင်း

19 March 2023 - Kachinwaves

ဖားကန့်တွင် မတ်လ ၈ ရက်နေ့၌ နာဂလူမျိုး လူငယ် အယောက် ၅၀ ကို အရှေ့နာဂအမျိုးသားအဖွဲ့အစည်း (ENNO)က တပ်သားသစ်စု‌ဆောင်းသည့်အနေဖြင့် ခေါ်ဆောင်သွားကြောင်း ENNO အတွင်းရေးမှူးက ဆိုသည်။

ENNO အဖွဲ့သည် စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်တွင် ဖွဲ့စည်းလိုက်သည့် လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်သည်။

၎င်းတပ်သားသစ်စုဆောင်းခြင်းသည် မကောင်းသည့် ရည်ရွယ်ချက်ဖြင့် ဖမ်းဆီးစုဆောင်းခြင်း မဟုတ်ဘဲ၊ အမျိုးသားရေးအလုပ်ကို နာဂလူငယ်များ နားလည်လာရန်အတွက် လမ်းပြပေးခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

ဖားကန့်မြို့တွင် နေထိုင်နေကြသည့် နာဂလူငယ်များနှင့် ရေမဆေး‌ကျောက်စိမ်းရှာဖွေသူများအား တပ်သားသစ်စုဆောင်း ဖမ်းဆီးခြင်းဖြစ်ပြီး စုဆောင်းခံရသည့်အထဲမှ ၁၇ ဦးကို ပြန်လွတ်ပေးခဲ့ကြောင်း ENNO အတွင်းအရေးမှူးက ဆက်ပြောသည်။

နာဂလူငယ်များသည် နိုင်ငံရေးအား နားလည်မှုမရှိ‌သေးခြင်းနှင့် ENNO ၏ မူဝါဒကို မသိရှိ‌သေးသည့်အတွက် ပြည်သူများအနေဖြင့် တပ်သားသစ်စုဆောင်းခြင်းအပေါ် နားလည်းမှုလွဲမှားခြင်းသာဖြစ်ပြီး ENNO အနေဖြင့် ဖားကန့် သာမက အခြားနာဂ ဒေသများတွင်လည်း တပ်သားသစ်များကို စုဆောင်းသွားမည်ဖြစ်ကြောင်း အတွင်းရေးမှူးက ဆိုသည်။

“ENNO/ ENDA အနေနဲ့ အခုလက်ရှိမှာတော့ စစ်သားစုဆောင်းခြင်း စစ်အင်အားတည်ဆောက်နေတဲ့ ကာလဖြစ်ပါတယ်။ ကျွန်တော်တို့ ရှေ့ဆက်သွားရမယ့် ဒီနာဂဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် အချုပ်အခြာတည်မြဲတဲ့ ဒေသအနေနဲ့ ENNO/ENDA တပ်မတော်အနေနဲ့ ကာကွယ်စောင့်ရှောက်ဖို့ရှိ ပါတယ်။ ကျွန်တော်တို့ကတော့ စစ်သားအင်အားတည်ဆောက်တဲ့ ကာလဖြစ်တဲ့အတွက် နေရာအတိအကျ မရှိဘူး။ ဖားကန့်မှာပဲရယ်လို့ မရှိဘူး။”ဟု အတွင်းရေးမှူးဂျေမီက ပြောသည်။

တပ်သားစုဆောင်းခြင်းခံရသည့် လူငယ်များ၏ မိဘများအနေဖြင့် စိတ်ပူပင်ခြင်းမရှိရန်နှင့် မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ်ကို တိုက်ခိုက်နေသည့် နွေဦးတော်လှန်ရေးတွင် NUG နှင့် တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်လည်း မဟာမိတ်လုပ်ကာ တိုက်ခိုက်နေကြောင်း ဆိုသည်။

အရှေ့နာဂအမျိုးသားအဖွဲ့အစည်း (Eastern Naga National Organization) နှင့် Eastern Naga Defence Army - ENDA ကို ၂၀၂၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ နာဂအရေးကို လုပ်ဆောင်နေသည့် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်။

crd..Kachinwaves

16/03/2023
26/02/2023
ခန္တီးမြို့မရဲစခန်းမှ နိုင်ငံရေးအကျဉ်သား ၂၀ ဦးခန့်  ထွက်ပြေးလွတ်မြောက်ခန္တီး - အောက်တိုဘာ ၁၈၊ ၂၀၂၂။စစ်ကိုင်းတိုင်း၊ ခန္တ...
23/10/2022

ခန္တီးမြို့မရဲစခန်းမှ နိုင်ငံရေးအကျဉ်သား ၂၀ ဦးခန့် ထွက်ပြေးလွတ်မြောက်

ခန္တီး - အောက်တိုဘာ ၁၈၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့မရဲစခန်းတွင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်သား ၂၀ ဦးခန့် ယနေ့ နံနက် ၄ နာရီခန့်က ထွက်ပြေးလွတ်မြောက်လာကြောင်းသိရသည်။

KPDF များ၊ နာဂရဲဘော်များနှင့် အရပ်သားပြည်သူအချို့ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်ပြီး အမျိုးသားသုံးဦး ထပ်မံဖမ်းဆီးခံခဲ့ရသည်ဟု ကချင်လွတ်မြောက်ရေးတပ် (KIA) မှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“နာဂရဲဘော်က ၁၅ ယောက်နဲ့ KPDF က ၄ ယောက်လို့တော့ကြားတယ် အရပ်သားတွေလည်း ပါတယ်။ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကနေ သူတို့က မနက်တစ်နာရီလောက်မှာ ထွက်လာမယ်လို့ ပြောတယ်။ ဒီမနက် လေးနာရီ ငါးနာရီလောက်မှာ သူတို့(စကစ) တွေ မြို့ထဲမှာ လိုက်ဖမ်းတာ အဲ့အချိန်ဖမ်းမိသွားတာ” ဟုသူကပြောသည်။

ဖမ်းဆီးခံခဲ့ရသူသုံးဦးမှာ ခန္တီးမြို့ ဇီးဖြူကုန်းရပ်ကွက်ရှိ နေအိမ်တွင် ယနေ့ နံနက် ၅ နာရီခန့်က ပြန်လည် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“အဓိကတော့ သတင်းပေးတွေကြောင့် ပြန်ဖမ်းခံလိုက်ရတာ။ ဇီးဖြူကုန်းရပ်ကွက်ဆိုတာ ကျယ်သလိုနဲ့ ဘယ်သူဘယ်ဝါဆိုတာ ခန့်မှန်းလို့ ရတဲ့နေရာ ဖြစ်နေတယ်လေ။ ပြီးရင် ရဲစခန်းနဲ့လည်း နီးတယ်ဆိုတော့” ဟု သူက ပြောသည်။

ပြန်လည်ဖမ်းဆီးခံခဲ့ရသူ သုံးဦး မည်သူမည်ဝါဖြစ်သည်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ထွက်ပြေးလွတ်မြောက်လာသူများမှ အချို့မှာ လက်နက်ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးခံခဲ့ရခြင်းပြီး နာဂရဲဘော်အချို့မှာ အခွန်ကောက်နေစဉ် အစုလိုက်ဖမ်းဆီးခံခဲ့ရသူများ ပါဝင်ကာ ခန္တီးမြို့မ အချုပ်ခန်းတွင် တစ်လကျော်ခန့် ဖမ်းဆီးချုပ်နှောင်ခံထားရပြီးဖြစ်ကြောင်းသိရသည်။

နိုင်ငံရေးအကျဉ်းသားအချို့ ထွက်ပြေးလွတ်မြောက်သွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်မျာက ခန္တီးမြို့အတွင်း လုံခြုံရေးတင်းကြပ်လျက်ရှိပြီး မျက်နှာချင်းဆိုင်ရွာရှိ ဒေသအခေါ် ကချင်ရွာဘုန်းကြီးကျောင်းတွင်လည်း အင်အား ၄၀ ခန့်ကဖြင့် တပ်စွဲထားကြောင်း သိရသည်။

ဖားကန့်မြို့နယ် တာမခန်မြို့သစ်နှင့် မိုင် ၆၀ ခန့်အကွာအဝေးတွင်ရှိသော ခန္တီးမြို့တွင် ၂၀၁၉ ဒေသဆိုင်ရာ အချက်အလက်အရ အိမ်ထောင်စု ခုနှစ်ထောင်ခန့်ရှိပြီး လူဦးရေ ၃၇၀၀၀ ကျော်နေထိုင်သည်။

the 74 media

23/10/2022

ဤသတင်းစာမျက်နှာတွင်အကြောင်းအမျိုးမျိုးကြောင့် သတင်းတင်ခြင်းများပုံမှန်မဆောင်ရွက်နိုင်ခဲ့သော်လည်း လာမယ့်ကာလများတွင်နာဂဒေသနဲ့ပတ်သက်သောအ​ရေးကြီးသတင်းများကို အလျင်းသင့်သလိုတင်သွားမည်ဖြစ်သည်။

Naga News

နာဂဒေသကိုစိုးမိုးဖို့ အိန္ဒိယက လက်နက်ကိုင်အသစ် ဖွဲ့ပေးနေဟု NSCN ပြောCNI News၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၅အိန္ဒိယသည် အရှေ့ဘက်...
07/02/2022

နာဂဒေသကိုစိုးမိုးဖို့ အိန္ဒိယက လက်နက်ကိုင်အသစ် ဖွဲ့ပေးနေဟု NSCN ပြော

CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၅

အိန္ဒိယသည် အရှေ့ဘက်ခြမ်း နာဂဒေသကို စိုးမိုးရေးအတွက် လက်နက်ကိုင်အဖွဲ့သစ်များ ဖွဲ့စည်းရန် ရည်ရွယ်လုပ်ဆောင် လာ နေသည်ဟု ဦးယုံးအောင် ဦးဆောင်သည့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN)က ဖေဖော်ဝါရီ ၄ ရက်တွင် ထုတ်ပြန် ပြောကြားသည်။

NSCN/GPRN သည် မြန်မာနိုင်ငံဘက်ခြမ်းရှိ နာဂဒေသတွင် မလိုလားအပ်သော လှုပ်ရှားမှု ဆောင်ရွက်နေသည့် အိန္ဒိယ အစိုးရ၏ ဆိုးရွားသော အကြံအစည်ကို ပြင်းပြင်းထန်ထန် ရှုတ်ချပါသည်ဟုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ဦးယုံးအောင်၏ NSCN က “မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးမတည်ငြိမ်မှုကို အခွင့်ကောင်းယူ၍ အိန္ဒိယ ထောက်လှမ်းရေးအဖွဲ့များက နာဂအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့်သဘောထားကွဲလွဲမှုများ၊ မုန်းတီးရေး၊ တင်းမာမှုများ လှုံ့ဆော်လျက် နာဂဒေသ ထိခိုက်နစ်နာအောင် လုပ်ဆောင်လျက်ရှိသည်။

မြန်မာနိုင်ငံအပေါ် ၎င်း၏ နိုင်ငံရေးသြဇာလွှမ်း မိုးမှု ထိန်းသိမ်းရန်နှင့် ဟန်ချက်ညီစေရန်အတွက် အိန္ဒိယသည် မြန်မာ့နိုင်ငံရေးတွင် အမြဲတမ်းဆိုသလို နှစ်ဖက် ကစားမှုမျိုး ရှိ သည်။ ထို့ကြောင့် အိန္ဒိယသည် ပဋိပက္ခ၏ နှစ်ဘက်စလုံးနှင့် လိုက်လျောညီထွေရှိအောင် ထိန်းညှိလျက် နာဂဒေသ အတွင်း အရှေ့ဘက်ခြမ်း နယ်မြေစိုးမိုးရေးအတွက် လက်နက်ကိုင်အဖွဲ့သစ်များ ဖွဲ့စည်းရန် ရည်ရွယ်လုပ်ဆောင်လာသည်” ဟု ပြော သည်။

ထို့နောက် အိန္ဒိယ၏ရည်ရွယ်ချက်မှာ လက်ရှိဖြစ်ပေါ်နေသော မြန်မာပြည်တွင်းရေးပဋိပက္ခတွင် အပြစ်မဲ့ နာဂလူငယ်များကို လွဲမှားစွာအသုံးချရန် လေ့ကျင့်ပေးခြင်း၊ လက်နက်ကိုင်စေခြင်းဖြစ်ကြောင်း၊ ထိုလုပ်ရပ်သည် နာဂတို့၏ ဇာတိမြေပေါ်တွင် ရှုပ်ထွေးမှုများနှင့် အထင်မှားစရာများစွာကို ဖန်တီးရာရောက်ပါသည်ဟုလည်း SNCN ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

သို့သော် NSCN က မည်သူတို့ ဖွဲ့စည်းလှုပ်ရှားနေသည့် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ကြောင်းကိုတော့ မပြောပေ။
လက်ရှိတွင် နာဂဒေသနှင့် ခန္တီးဒေသဘက်တွင် နွေဦးတော်လှန်ရေးမှာ ပါဝင်သော ဒေသကာကွယ်ရေးတပ်ဖွဲ့(PDF)များ ဖွဲ့ စည်း၍ လှုပ်ရှားသည် လက်နက်ကိုင်အဖွဲ့တချို့ရှိကြောင်း ဒေသခံများက ပြောသည်။

NSCN/GPRN က နာဂဆန့်ကျင်ရေး စိတ်ဓာတ်များ ဖန်တီးနေသူ မည်သူမဆို သည်းခံနေမည်မဟုတ်ဘဲ အထူးသဖြင့် နာဂ နယ်မြေ၏ အရှေ့ဘက်ခြမ်း ပိုနေမြဲ ကျားနေမြဲ အခြေအနေကို ပြောင်းလဲခြင်းမျိုး လက်ခံမည်မဟုတ်ဟု ဆိုသည်။

၎င်းက “NSCN/GPRN သည် အိန္ဒိယ(သို့မဟုတ်) မြန်မာနိုင်ငံ၏ ပြည်တွင်းအသီးသီး၏ နိုင်ငံရေးများတွင် ပါဝင်ပတ်သက် ခြင်းမရှိကြောင်း ရှင်းရှင်းလင်းလင်း အသိပေးလိုပြီး နာဂနယ်မြေကို ခွဲခြားရန် ကြိုးပမ်းလှုပ်ရှားမှုမှန်သမျှကို ပြင်းပြင်းထန် ထန် ကန့်ကွက်ပါသည်”ဟု ပြောသည်။

ဒီမိုကရေစီတိုက်ပွဲတွင် နာဂပြည်သူများကို စာနာစိတ်နှင့်ဝမ်းနည်းမှုများ မျှဝေခံစားခဲ့သော်လည်း မြန်မာ့နိုင်ငံရေး မတည် ငြိမ်မှုကြောင့် နာဂများအပေါ် ခွဲထုတ်ခြင်းအား ခွင့်မပြုနိုင်ဘူးဟုလည်း ဦးယုံးအောင် ဦးဆောင်သည့် NSCN က ပြောသည်။

NSCN ကို ၁၉၈၀ ပြည့်နှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် မြန်မာနာဂ ကပ္ပလန်နှင့် အိန္ဒိယနာဂ မွီးဗာ၊ အိုက်ဇက်ချီရှီဆူတို့ ဦးဆောင် ဖွဲ့စည်းကာ နာဂနိုင်ငံ ထူထောင်ရေး ကြိုးပမ်းနေစဉ် သဘောထားကွဲလွဲ၍ ကပ္ပလန် ဦးဆောင်သည့် NSCN-K နှင့် မွီးဗာ-အိုက်ဇက်ချီရှီဆူတို့ ဦးဆောင်သော NSCN-IM ဆိုပြီး နှစ်ဖွဲ့ကွဲသွားခဲ့သည်။

ထို့နောက် ကပ္ပလန်ဦးဆောင်သော NSCN-K သည် မြန်မာနိုင်ငံဘက်ခြမ်းတွင် အခြေစိုက်၍ အိန္ဒိယအစိုးရကို တော်လှန် လျက်ရှိပြီး မွီးဗာနှင့် အိုက်ဇက်ချီရှီဆူ ဦးဆောင်သည့် NSCN-IM ကမူ အိန္ဒိယဘက်ခြမ်းမှာ အခြေစိုက်ကာ အိန္ဒိယအစိုးရ အား တော်လှန်လျက်ရှိသည်။

လက်ရှိမှာတော့ NSCN-IM သည် အိန္ဒိယအစိုးရနှင့် ၁၉၉၇ ခုနှစ်က ငြိမ်းချမ်းရေးယူခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် နိုင်ငံရေးသဘော တူညီချက် လက်မှတ်ရေးထိုးကာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ညှိနှိုင်းလျက်ရှိနေသလို NSCN-K ကတော့ ၂၀၁၂ ခုနှစ်၊ ဧပြီလ မှာ မြန်မာအစိုးရနှင့် တိုင်းဒေသကြီးအဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(Bilateral)ရေးထိုးထားသည်။

သို့သော် NSCN-K ဥက္ကဋ္ဌ ဦးကပ္ပလန်သည် ၂၀၁၇ ခုနှစ် ဇွန်လ ၉ ရက်က လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည့်အတွက် ဒုဥက္ကဋ္ဌဖြစ်သူ ဦးခမ်းငေါ်ကို NSCN-K ၏ ယာယီဥက္ကဋ္ဌ အဖြစ် တာဝန်ပေးခဲ့သော်လည်း ၂၀၁၈ ခုနှစ်၊ သြဂုတ် ၁၇ ရက်တွင် ဖြုတ်ချခံလိုက်ရပြီး ဦးယုံးအောင်ကို ဥက္ကဋ္ဌအဖြစ် တင်မြောက်ခဲ့သည်။

ထို့နောက် ဦးယုံးအောင် ဦးဆောင်သော အုပ်စုနှင့် ဒုစစ်ဦးစီးချုပ် နီကီဆူမီ ဦးဆောင်သော အုပ်စုကြား ငြိမ်းချမ်းရေးဆွေးနွေး ရန် သဘောထားကွဲလွဲကာ နှစ်ခြမ်းကွဲသွား၍ နီကီဆူမီက အိန္ဒိယအစိုးရနှင့် ငြိမ်းချမ်းရေးယူကာ NSCN-NK ဆိုသော အမည် ကို သုံးကာ ဦးယုံးအောင်က NSCN-YA ဟု အတိုကောက်ခေါ်ဝေါ်ကြသည်။

Website တွင် ဖတ်ရှုရန်---------------https://cnimyanmar.com/index.php/political-2/politics-local/4091-nscn-4


#ဦးယုံးအောင်
#နာဂ
#အိန္ဒိယ
#နိုင်ငံရေး
#ပြည်တွင်း




NSCN ကိုတွေ့ရစဉ်

CNI TV YouTube Channel---https://www.youtube.com/channel/UCjO7yctWXGCeTFqQSV_2smw
CNI Telegram Channel---https://t.me/ChannelNewsIndependent

CNI News၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၅အိန္ဒိယသည် အရှေ့ဘက်ခြမ်း နာဂဒေသကို စိုးမိုးရေးအတွက် လက်နက်ကိုင်အဖွဲ့သစ်များ ဖ.....

နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြေညာချက်အမှတ်၊ ၂/၂၀၂၂ရက်စွဲ၊ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်စစ်ကောင်စီအားကူညီပံ့ပို့ထောက်ခံနေကြ...
07/02/2022

နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
ကြေညာချက်အမှတ်၊ ၂/၂၀၂၂
ရက်စွဲ၊ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်

စစ်ကောင်စီအားကူညီပံ့ပို့ထောက်ခံနေကြသော နာဂဒေသမှ သတင်းပေးဒလန်များ၊ Non CDM ဝန်ထမ်းများ၊ ဆိုင်ပိုင်ရှင်များနှင့် NPDF လုပ်ငန်းစဉ်များအား ဟန့်တားနှောက်ယှက်နေသောပုဂ္ဂိုလ်/အဖွဲ့အစည်းများ သိရှိလိုက်နာဆောင်ရွက်သွားရန် သတိပေးထုတ်ပြန်ချက်။

22/06/2018
The Irrawaddy - Burmese Edition

နယ်နိမိတ် သတ်မှတ်ခြင်းနှင့်အတူ နာဂလူမျိုးများသည် အိန္ဒိယ-မြန်မာ ၂ နိုင်ငံတွင် အသီးသီး ရှင်သန် ရပ်တည်၍ နိုင်ငံသားများ ဖြစ်သွားခဲ့ကြသည်။ ထိုသို့ ရပ်တည်နေရခြင်းကို နာဂနိုင်ငံ ထူထောင်ရေး ကြိုးပမ်းနေသော နာဂ လူမျိုးများက မနှစ်သက်ကြပေ။ ထို့နောက် နာဂနိုင်ငံ ထူထောင်ရေးကို ကြိုးပမ်းလာခဲ့ကြ

ဆက်လက်ဖတ်ရှုရန် - https://goo.gl/P9ZHXS

15/06/2018

နာဂ​ဒေသ၊လဟယ်​မြို့နယ်​၊ဝုထရွာက
ကျန်​မာ​ရေးဆရာမတ​ယောက်​ရဲ့​စေတနာ​တွေပါ
ဘယ်​လိုသ​ဘောရကြသလဲ ပရိသတ်​တို.

15/06/2018

နာဂအမျိုးသားပါတီ တည်ထောင်ခြင်း မတည်ထောင်ခြင်းဆိုင်ရာ အစည်းအဝေးသို့  တန်ကွန် နာဂမျိုးနွယ်စု ကိုယ်စားလှယ်အဖြစ်စေလွှတ်ခြင်းမရှိကြောင်း တန်ကွန်မျိုးနွယ်စု စာပေ နှင့်ယာဉ်ကျေးမှုကော်မတီ၏ထုတ်ပြန်ချက်။
Credit

18/03/2018

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၏ တာဝန်ပေးချက်အရ ပို့ဆောင်ရေးl ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီနှင့် ပညာရေးl ကျန်းမာရေးနှင့် ယဉ်ကျေးမှု့ဆိုင်ရာ ကော်မတီတို့ ပူးပေါင်းပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ်များသို့ ကော်မတီဆိုင်ရာ လုပ်ငန်းတာဝန်များဖြင့် ကွင်းဆင်းလေ့လာခဲ့ပါတယ်။
နယ်မြေဒေသ ကျယ်ဝန်းသလို လမ်းပန်းဆက်သွယ်ရေးလည်း အင်မတန်မှ ခက်ခဲလှပါတယ်။ခုလို ပွင့်လင်းရာသီမှာတောင် ကျွန်တော်တို့အဖွဲ့တွေ ကားနဲ့တဖုံ ဆိုင်ကယ်နဲ့တသွယ် ခြေလျှင်တတန် အဆင့်ဆင့် ခက်ခဲစွာ ကွင်းဆင်းခဲ့ကြရပါတယ်။ မိုးတွင်းကာလမှာဆို တောင်ပြိုပြီး လမ်းတွေပိတ်သွားလို့ ဆက်သွယ်သွားလာရေး ပြတ်တောက်တာကြောင့် ဆန်ပြတ်လပ်မှုတွေ နှစ်စဉ်ကြုံရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ဖုန်းလိုင်းဆက်သွယ်ရေးဆိုလည်း မြို့ပေါ်ကလွဲလို့ ကျန်တဲ့နေရာ ဘာလိုင်းမှ မမိပါဘူး။ဘယ်လောက်ချောင်ကြသလဲဆို တချို့ကျေးရွာက လူကြီးတွေဟာ မြန်မာပြည်လွတ်လပ်ရေး ရခဲ့တာမသိသလို သူ့ကျွန်ဘဝ ရောက်သွားတာလဲ ဘာမှမသိလိုက်ဘူးလို့ ဆိုပါတယ်။
ထမင်းချက်ဖို့ ဆန်ပြတ်လပ်တဲ့အခါ ပြောင်းဖူးl ဆပ်နဲ့လူး တို့ကို ချက်ပြုတ်စားကြရပါတယ်။ပြောင်းဖူးl ဆပ်နဲ့ လူးတို့ ကုန်တဲ့အခါ တောထဲကရှာဖွေပြီး စားလို့ရသမျှ အသီး အရွက်ပေါင်းစုံရောကာ ပြုတ်စားကြရပါတယ်။အသက်ဆက်ရှင်သန်နိုင်ဖို့ ခက်ခဲစွာ ရုန်းကန်နေကြရတယ်။အဟာရ ပြည့်ဝစွာ မမီဝဲရတော့ သူတို့ရဲ့ခန္ဓာကိုယ်l အသားအရေ နဲ့ မျက်လုံးတွေမှာ အဟာရချို့တဲ့ တဲ့ ဒဏ်တွေ အထင်အရှားတွေမြင်ရပါတယ်။

ပညာရေးမှာဆိုလည်း ကျောင်းတိုင်းမှာ အဆောက်အဦး လုံလောက်စွာမရှိ ဆရာ/ဆရာမ ဦးရေဆိုလည်း တစ်ကျောင်းမှာ တစ်ယောက်ပဲရှိသလို နှစ်ယောက် သုံးယောက်ရှိတဲ့ကျောင်းဆို ကံကောင်းလှပေါ့။တချို့ရွာက ကျောင်းသား/သူ တွေဟာ ကျောင်းနဲ့ လာရတာအလှမ်းဝေးလှတော့ မနက်ထမင်းကိုပဲ အိမ်က စားခဲ့ရပြီး နေ့လယ်စာကိုတော့ စာသင်နှစ် တစ်နှစ်လုံး မစားကြရဘူးလို့ တာဝန်ကျ ဆရာတစ်ဦးက ပြောပြပါတယ်။ကျွန်တော်တို့ မြေပြန့်က ကျောင်းနေတဲ့ လေးတန်း ငါးတန်းအရွယ် ကလေးတွေ မိဖရင်ခွင် ခေါင်းခွေ့နေချိန်မှာ နာဂတောင်တန်းက ကလေးတွေဟာ ဓားတစ်လက်ဆွဲကာ ခြေဗလာနဲ့ တောထဲဝင်ပြီး သစ်ခုတ်lဝါးခုတ် လုပ်ရသလို အရွယ်နဲ့မမျှ အငှားကုန်ထမ်းလည်း လိုက်ကြရပါတယ်။
နာဂတောင်တန်းဒေသမှာ တာဝန်ကျတဲ့ ပညာရေးဝန်ထမ်းနဲ့ ကျန်းမာရေး ဝန်ထမ်းတွေ ဘဝကလည်း ဒေသခံတွေနဲ့အတူ ဒုက္ခရောက်ကြရပါတယ်။ ဝန်ထမ်းနေဖို့ အဆောက်အဦးမရှိတော့ ဟိုအိမ်ကပ်နေလိုက် ဒီအိမ်ကပ်နေရလိုက်နဲ့ အင်မတန်မှ မျက်နှာငယ်ကြရပါတယ်။သွားလာရေးက ခက်ခဲပြီး အလှမ်းဝေးသလို နေရတဲ့နေရာကလည်း လုံခြုံမှုအားနည်းတော့ အချိန်မရွေး တစ်ခုခုဖြစ်သွားနိုင်လို့ ဝန်ထမ်းတွေအတွက်လည်း ရင်လေးရပါတယ်။ ဖြစ်သလိုစား ဖြစ်သလိုနေပြီး ကျရာနေရာမှာ ပျော်အောင်နေဖို့ဆိုတာ အပြော လွယ်သလောက် လက်တွေ့မှာ ခက်ခဲလှတယ်ဆိုတာ ကိုယ်တွေ့ကြုံလို့ စာနာမိပါတယ်။
နာဂဒေသတွေရဲ့အခက်အခဲနဲ့ တာဝန်ကျတဲ့ဝန်ထမ်းတွေရဲ့ဘဝ စိတ်ချလုံခြုံဖို့ ကျွန်တော်တို့တတွေ အများကြီး ကြိုးစားရပါလိမ့်မယ်။တိုင်းရင်းသားတွေကို ပါးစပ်နဲ့ချစ်ပြနေရုံနဲ့တော့ သူတို့ဘဝတွေ ငြိမ်းချမ်းသွားမှာမဟုတ်ပါဘူး။သက်ဆိုင်ရာအစိုးရတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်များက ဘဏ္ဍာရေးခွဲဝေရာမှာ ခက်ခဲပြီး ဖွံ့ဖြိုးမှုနောက်ကြတဲ့ တိုင်းရင်းသားဒေသတွေကို အထူးအလေးထား ဆောင်ရွက်ပေးသင့်ပါကြောင်း။
1.3.2018
On Ko Zaw Htet Facebook

02/01/2018

မီးဘေးကြောင့် အကူအညီများလိုအပ်လျက်ရှိတဲ့ မိဘ ညီအစ်ကိုမောင်နှမများအတွက် လက်ရှိ ပေးလှူပါဝင်ထားကြတဲ့အလှူရှင်များနှင့် အလှူငွေများစာရင်း...

1) Eno Naw Aung Sann - 20,000 MMK

2) Nant Shar Sepwa - 100,000 MMK

3) Eno Tort Reign - 50,000 MMK

4) Eli Yo Yo - 35,000 MMK

5) Naga Baptist Church-Yangon - 100,000 MMK

6) Eno Tort Reign's two workmates - 20,000 MMK

- 325,000 MMK

အလှူငွေများကို 10.01.2018 အထိ လက်ခံသွားမှာဖြစ်ပါတယ်။
ဆက်သွယ်ရန်...
1) Eno Nyan Tun Aung - 09254086771
2) Eno Han Shang - 09425778312

ကျေးဇူးတင်စွာဖြင့်/
Nsyf Yangon

Credit. NSYF.Yangon

23/08/2016

ဗွီအိုအေ (မြန်မာပိုင်း)
အိန္ဒိယအရှေ့မြောက်ဖက် ဒေသတခွင်မှာ လှုပ်ရှားနေတယ်ဆိုတဲ့ စစ်သွေးကြွတွေဟာ မြန်မာနိုင်ငံပိုင် နယ်နမိတ်အတွင်း အခြေစိုက်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးနောက် အိန္ဒိယနိုင်ငံအပေါ် ဆန့်ကျင်တိုက်ခိုက် သူတွေကို မြန်မာနိုင်ငံရဲ့ပိုင်နက် နယ်မြေကို အသုံးပြုခွင့်ပြုမှာ မဟုတ်တဲ့အကြောင်း မြန်မာအစိုးရက တနင်္လာနေ့မှာ အာမခံချက်ကပေးလိုက်ပါတယ်။

ဒီလိုအာမခံချက်ကို မြန်မာနိုင်ငံတော်၏ အကြံပေးပုဂ္ဂိုလ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်မှာ ရောက်ရှိနေတဲ့ အိန္ဒိယ ပြည်ပရေးရာ ၀န်ကြီး Sushma Swaraj နဲ့ တွေ့ဆုံချိန်မှာ ပေးခဲ့တာဖြစ်တယ်လို့ အိန္ဒိယ သတင်းမီဒီယာ တွေမှာ ဖေါ်ပြထားပါတယ်။

သူပုန်တွေအနေနဲ့ မြန်မာပိုင် နယ်နမိတ်အတွင်းကနေ လှုပ်ရှားနေတာကို သဘောတူ ထောက်ခံခြင်းမရှိကြောင်း ပြောဆိုလိုက်ပြီး ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှေ့ဆက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ အကြံပြုခဲ့တယ်လို့ ဆိုပါတယ်။

အိန္ဒိယ စစ်တပ်ဟာ Nationalist Socialist Council of Nagaland (NSCN) အဖွဲ့ရဲ့ Khaplang အဖွဲ့ခွဲကို တိုက်ခိုက်ဖို့အတွက် မြန်မာနယ်နမိတ်အတွင်း ၀င်ရောက်ခဲ့ရတယ် ဆိုတဲ့သတင်းကို The Idian Express သတင်းစာမှာ တနင်္ဂနွေနေ့က ဖေါ်ပြခဲ့ပြီး နောက်တနေ့မှာ အခုလို မြန်မာနိုင်ငံဖက်က အာမခံချက် ပေးလိုက်တာဖြစ်ပါတယ်။

အန္ဒိယအစိုးရဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်း တခြား NSCN အဖွဲ့ခွဲတခုနဲ့ ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။

11/08/2016

သတင်းမီဒီယာဆရာ/ဆရာမများခင်ဗျား

နာဂဒေသ မှာ ရောဂါအခြေအနေဟာ ရပ်တန့်မသွားပဲ ဆက်လက်အားကောင်းနေဆဲဖြစ်ပါတယ်ခင်ဗျ။ အပြည့်အဝထိန်းချုပ်နိုင်ဖို့ အင်အားနည်းပေမယ့် မြေပြင် ကျန်းမာရေးအဖွဲ့တွေလည်းကြိုးပမ်းနေကြပါတယ်။

ရောဂါသင့်ပြည်သူတွေအတွက် ကုသရေးတစ်ခုတည်းတည်းမဟုတ်ပဲ ဖြည့်စွပ်အာဟာရနှင့် ဆေးဝါးပံ့ပိုးမှုတွေပါ အထူးလိုအပ်နေတာကြောင့် အခြေအနေဟာစိုးရိမ်ရတဲ့အနေအထားပါ။

မိုးရာသီဖြစ်သလို ကားလမ်းမပေါက်တဲ့ဒေသဖြစ်တာကြောင့် သယ်ယူပို့ဆောင်ရေးဟာ ရောဂါသင့်နာဂပြည်သူများအတွက် သေရေးရှင်ရေးဆိုင်ရာ စိန်ခေါ်မှုကြီးဖြစ်နေပါတယ်။

အရပ်ဘက်လူမှုအဖွဲ့များနဲ့ စေတနာရှင်များက ပံ့ပိုးလှူဒါန်းတဲ့ ဆေးဝါး၊ အဟာရနှင့် ပစ္စည်းစုံကို နာဂဒေသပို့ဖို့ မန္တလေးလေဆိပ်ကိုရောက်ရှိနေပြီး လေကြောင်းလိုင်းဖြင့် သယ်ဆောင်ရန်အခက်အခဲများရှိနေပါတယ်။

ရောဂါသင့် ကလေးငယ်ပေါင်း ၅၀၀ အတွက် တစ်လ စာရှိတဲ့ အဆိုပါထောက်ပံ့ပစ္စည်းတွေကို အချိန်မီ မပို့ဆောင်နိုင်ပါက ကူးစက်ခံပြည်သူများရဲ့ ရှင်သန်ရေးဟာ မတွေးဝံ့စရာအခြေအနေတွင်ရှိနေသောကြောင့် အဆိုပါထောက်ပံ့ပစ္စည်းများကို ရဟတ်ယာဉ်ဖြင့်ပို့ဆောင်ပေးနိုင်ရန် ဝိုင်းဝန်းတော်သြပေးကြပါအုံးလို့ မေတ္တာရပ်ခံလိုပါတယ်ခင်ဗျာ။

ဤကိစ္စသတင်းရေးသားရန် အချက်အလက်များလိုအပ်ပါက ကိုကေးယုံး ဖုန်း
09253617417 သို့မေးမြန်းနိုင်ပါသည်။

လေးစားလျက်
ရှုမောင်

10/08/2016

ထန်ခေါ်လားမားကို လမ်းခရီးခက်ခဲမှုကြားက 8/8/2016 ရက်နေ့ ရောက်ခဲ့တယ်။လူသားချင်းစာနာ
ထောက်ထားမှုအနေဖြင့်သွားရောက်ပြီး ကိုယ်တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီပေးခဲ့တယ်။
သေဆုံးသွားတဲ့မိသားစုထဲက မိခင်ရဲ့ ငိုယိုသံ ည (၈) နာရီကျော် အချိန်ကြားရလို့ ကျနော် စိတ်မကောင်းခဲ့ဘူး။
၁လအတွင်းထန်ခေါ်လားမားရွာမှာ ဝက်သက်ရောဂါကြောင့် လူပေါင်း ၂၆ယောက်သေဆုံးသွားတယ်။ကျနေတဲ့မျက်ရည်တွေကို မြန်ဆုံးသုတ်ပေးဖို့လိုအပ်နေတယ်။
Credit .Nok Tun
ကျေးဇူးတင်ပါတယ်။ကယ်ဆယ်ရေးအဖွဲ့သားအားလုံ။

10/08/2016

နာဂဒေသ လက်ရှိ ကယ်ဆယ်ရေးလမ်းခရီးဆိုးဝါးနေမှု ကြောင့်
အစာအဟာရ ဆေးဝါးနဲ့အခြား အကူအညီတွေ ဖြစ်တဲ့နေရာဆီရောက်ဖို့အလွန်ခတ်ခဲပါတယ်။
နိုင်ငံတော်အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ နာဂဒေသကို
ဘယ်လိုဆောင်ရွက်သင့်တယ်ဆိုတာ အရာရာက
သက်သေပြလျက်ရှိပါတယ်။
Photo credit .အောင်ဇော်ဦး

10/08/2016

ယနေ့နံနက်၀၉၀၀နာရီအချိန်တွင်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အစည်းအဝေး
ခန်းမတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတိုးတက်ရေးနှင့်
ကူးစက်ရောဂါထိန်းထိန်းချုပ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး
ကျင်းပရာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုး
ဗိုလ်မှုးချုပ်သန်းလှိုင် ဒေသဦးစီးဥက္ကဌဦးကေဆိုင်း
ပြည်သူ့ကျန်းမာညွှန်ကြားရေးမှုးချုပ် ပါမောက္ခDr စိုးလွင်ငြိမ်း
တိုင်းကျန်းမာရေးဦးစီးမှုးနှင့် ကျန်းမာရေးဌာနမှ ပါရဂူများ
တက်ရောက်ကြပြီး ဝက်သက်ရောဂါပိုးကူးစက်ပျံ့နှံ့ခြင်း သေဆုံးနှုန်းမြင့်မားရသည့်အကြောင်းရင်းများ
ရောဂါဖြစ်ပွားရာဒေသတွင်ရောဂါထိန်းချုပ်ရေး
လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့်အနေအထား နှင့်ဆက်လက်လုပ်ဆောင်မည့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေးဆောင်ရွက်အကောင်
အထည်ဖော်ဆောင်ခဲ့ပါကြောင်း
Credit
Arr Hey

09/08/2016

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌရုံးတွင်
ဦးစီးဥက္ကဌ ဦးကေဆိုင်း အတွင်းရေးမှုးဦးတိုးလွင်တို့နှင့်
ပြည်သူ့ကျန်းမာရေးညွန်ကြားရေးမှုးချုပ်Drစိုးလွင်ငြိမ်းနှင့်အဖွဲ့များတွေ့ဆုံ၍ နာဂေဒေသတွင်းဖြစ်ပွားသည့်ရောဂါနှင့်
ပတ်သက်ပြီးဖြစ်ပွားသည့်အကြောင်းရင်း
ဆက်လက်ဆောင်ရွက်မည့်ကျန်းမာရေးစောင့်ရှောက်မှု
လုပ်ငန်းများအကြောင်းညှိနှိုင်းဆွေးနွေးခဲ့ပြီး
မကျန်ကျေးရွာသို့သွားရောက်ကာ မူလတန်းလွန်ကျောင်း
သို့ဝင်ရောက်စစ်ဆေးပြီး ညွှန်ချုပ်မှစာသင်ခုံ၂၅ လုံးပြုလုပ်ရန်
အလှူငွေငါးသိန်းကျပ်ထောက်ပံ့လှူဒါန်းခဲ့ဆေးပေးခန်းသို့သွားရောက်ကြည့်ရှုပြီး မကျန်ကျေးရွာရှိအိမ်များသို့ဝင်ရောက်လေ့လာခဲ့ပြီး စံတုန် ယောင်ကွန်ကျေးရွာများနှင့်
ကဲဆန်ကားလန် ကျေးရွာများသို့ကျန်းမာရေးစောင့်ရှောက်မှု
ပေးရန်ဆရာဝန်အဖွဲ့များစေလွှတ်ခဲ့ပါကြောင်း
Credit....Ar Hay

09/08/2016

တိုင်းရင်းသားများ အမျိုးသားအရေးအတွက် အဓိကလှုပ်ရှားမည့် တိုင်းရင်းသားပါတီ အသစ် ချင်းမိုင်မြို့၌ ဖွဲ့စည်း

သျှမ်းသံတော်ဆင့်
ဩဂတ် ၆ ရက် ၂၀၁၆

ကချင်၊ ကရင်၊ နာဂ၊ သျှမ်း စသည့် တိုင်းရင်းသား ခေါင်းဆောင်များပါဝင်သည့် အမျိုးသားရေးဦးစား ပေး လှုပ်ရှားမည့် ပါတီသစ်တရပ်အား ထိုင်းနိုင်ငံချင်းမိုင်မြို့၌ နှစ်ရက်ကြာတွေ့ဆုံကာ ပြင်ဆင်ထား သည့်အတိုင်းဖွဲ့ စည်းတည်ထောင်လိုက်သည် ဆိုသည့် သတင်းစာရှင်းလင်းပွဲဖြင့် ယနေ့ ဩဂုတ် ၆ ရက်နေ့ တွင် ပြောကြားလိုက်သည်။

မိုင်စုန်း ရီပပလစ်ပါတီ အမည်ရ အဆိုပါ ပါတီသစ် ၏ ဉက္ကဌ အား ကရင်အမျိုး သား ဒေါက်တာ တိမိုသီ (Dr. Timothy) ၊ ဒုတိယ ဥက္ကဌအား ကချင်အမျိုးသား ဦးယောန (Mr.Yaw Na) ၊ အထွေထွေ အတွင်း ရေးမှူးအား နာဂ အမျိုးသား ဦးတပ်ပလျူ ရှပ်ဝန် (Mr. W.Shapwon) တို့က ဦးဆောင်သည်။

“တိုင်းရင်းသားမျိုးနွယ်စုများအတွင်း ကျစ်လျစ်ခိုင်မာသော စည်းလုံးညီညွတ်မှုကို အမှန်တရား၊ တရားမျှတမှု နှင့် ဖြောင့်မတ်ခြင်းအပေါ် အခြေခံတယ်။ နိုင်ငံရေး မဟုတ်ဘူး။ စစ်ရေးမဟုတ်ဘူး။ အမျိုးသားရေး အကျိုးအတွက် ပဲ ကျနော်တို့လုပ်သွားမယ်” - ဟု ဉက္ကဌ ဖြစ်သူ ဒေါက်တာ တိမိုသီ ကပြောသည်။

နိုင်ငံရေး နှင့် စစ်ရေး ကိစ္စရပ်များအား လုပ်ကိုင်နေသည့်အဖွဲ့အစည်း များရှိပြီဖြစ်သောကြောင့် မိုင်စုန်းပါတီအနေဖြင့်ပါဝင် မှာ မဟုတ်ဘဲ ပံ့ပိုးနိုင်သည့်အပိုင်းမှသာ ပံ့ပိုးသွားမည်ဖြစ်ကြောင်း၊ အမျိုးသားရေးအတွက် လူငယ်များ လက်ဆင့်ကမ်း ထမ်းရွက်သွားနိုင်ဖို့ အဓိက ဖြစ်ကြောင်း ဒေါက်တာ တိမိုသီ က ဆက်၍ ပြောသည်။

“ပင်လုံဆိုတာကတော့ အဲဒီ့တုန်းက လွတ်လပ်ရေးရဖို့ ပရိုပိုဇယ် တခုပဲ။ ဒါ့ကြောင့် ဒီ ၂၁ ရာစု တို့ ပင်လုံတို့ ဆိုတာက ကျနော်တို့ ပါဝင်ဖို့အကြောင်း မရှိဘူး။ အပစ်အခတ်ရပ်စဲဖို့ဆိုတာလဲ ကျနော်တို့ ပါဖို့မဟုတ်ဘူး။ ကျနော်တို့က စစ်တပ်မှမဟုတ်တာ” - ဟု ဉက္ကဌ ဖြစ်သူ ဒေါက်တာ တိမိုသီ ကပြောသည်။

မိုင်စုန်းရီပပလစ်ပါတီ၏ ညီလာခံကြီးအား ယခုဖွဲ့စည်းသည့်နေ့မှ စ၍ ၈ လ မှ ၁၀ လ အတွင်း ကျင်းပ ပြုလုပ်သွားမည်ဖြစ်သည်သူဟု ဒုတိယ ဥက္ကဌ တာဝန်ထမ်းဆောင်ထားသူ ဦးယောန က ပြောသည်။

မိုင်းစုန်းရီပပလစ်ပါတီ တည်ထောင်နိုင်ရေးအတွက် လွန်ခဲ့သည့် သုံးနှစ်က ထိုင်းနိုင်ငံ မဲဆောက် မြို့လည်းကောင်း၊ တရုတ်နိုင်ငံ၊ လောနိုင်ငံ(လာအို) တို့၌ လည်းကောင်း အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေး ခဲ့သည်ဟုလည်းသိရသည်။

ယခုအသစ်တည်ထောင်လိုက်သောပါတီ၏ဥက္ကဌ ဒေါက်တာသိမိုသီသည် ဗိုလ်ချုပ်ကြီးစောဘိုမြ KNU ဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်စဉ်က နိုင်ငံခြားရေးဌာနမှူးဖြစ်ခဲ့ဖူးသည်။

ဓါတ်ပုံ- မိုင်စုန်းရီပပလစ်ပါတီအတွက်သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်

09/08/2016

နိုင်ငံတော် သမ္မတ ညွန်ကြားပြီ
-------------------

နာဂဒေသမှာ ကပ်ရောဂါဆန်ဆန်
ကူးစက်ရောဂါဆိုး ဘေးဒုက္ခအရေးကိစ္စ
အမြန်ဆုံးဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးထင်ကျော်မှ ညွှန်ကြားခဲ့ပါတယ်။

အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့တွေ အဆင်သင့်ဖွဲ့ပြီး ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

ရောဂါရှာဖွေရေးအတွက်
အမျိုးသား ကျန်းမာရေး ဓာတ်ခွဲ မှုဆိုင်ရာ ဌာန
ကုသရေးအတွက်
ဗဟိုကကူးစက်ရောဂါ တိုက်ဖျက်ရေး အဖွဲ့
ငှက်ဖျားရောဂါ တိုက်ဖျက်ရေး အဖွဲ့နဲ့ 
စစ်ကိုင်းတိုင်းဒေသကြီးက ကူးစက်ရောဂါ တိုက်ဖျက်ရေး အဖွဲ့ပါ သွားရောက်ပြီး
အရေးပေါ်ဆေးဝါး ကုသမှုလုပ်ငန်းတွေနဲ့ရောဂါ ကာကွယ်ထိန်းချုပ်ရေးနဲ့ တုံ့ပြန်ရေး လုပ်ငန်းတွေဆောင်ရွက်ပေးနေပြီ ဖြစ်ပါတယ်။

ကူးစက်ရောဂါနဲ့ ပတ်သက်ပြီး လူတရာကျော် ရောဂါ ကူးစက်ခံရပြီးသေဆုံးသူ ၃၅ယောက် ရှိပြီလို့ ကနဦးသတင်းအရ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က

''ကျတော့အနေနဲ့ ဒီရောဂါကြီးတွေကို အမြန် ဆုံးပျောက်အောင်
လုပ်ကိုင် ပေးချင် တာတစ်ခုပဲ ကျွန်တော်သိတယ်'' ဟု ဆိုပါတယ်။

Credit
Nway Oo Mg

08/08/2016

ရွေးကောက်ပွဲ ကန့်ကွက်လွှာ အမိန့်ချမှတ်မှု နာဂဒေသတွင် ကြံ့ခိုင်ရေး တိုင်းလွှတ်တော်အမတ် ရှုံးနိမ့်ပြီး ဒီချုပ်အမတ် အနိုင်ရ
--- --- --- ---

ရွေးကောက်ပွဲကန့်ကွက်လွှာ အမှတ် ၂၄ ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အမိန့်ချမှတ်ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဆားမူသည် ကိုယ်စားလှယ်အဖြစ်မှ ပျက်ပြယ်ခဲ့ပြီး ရွေးချယ်တင်မြောက်ခြင်းခံရသူမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ ဦးကယ်ဖြစ်ကြောင်း သြဂုတ် ၈ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ကြေညာခဲ့သည်။

“လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခဲ့ခြင်းသည် ဥပဒေအရ ပျက်ပြယ် ပြီး ယင်းမဲဆန္ဒနယ်၏ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဥပဒေနှင့်အညီရွေးကောက် တင်မြှောက် ခံရသူမှာ ဦးကယ်ဖြစ်တယ်လို့ကော်မရှင်ကကြေညာလိုက်တယ်”ဟု လဟယ်မဲဆန္ဒနယ်အမှတ်(၂) မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဦးကယ်က The Ladies သို့ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြောက်ခြင်းခံရသူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဦးဆားမူ အပေါ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ မှ ကိုယ်စားလှယ်လောင်း ဦးကယ် ၏ ရွေးကောက်ပွဲကန့်ကွက် လွှာအမှုကို ၂၀၁၆ ခုနှစ် သြဂုတ်လ ၈ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဇော်မင်းထွန်း

The Ladies News

08/08/2016

အစိုးရက ရောဂါထိန်းချုပ်နိုင်ပြီဟုကြေငြာထားသော်လည်း
တကယ်တမ်းမှာတော့ယမ်းကြုံးနဲ့ထန်ခေါ်နောက်ကုန်းဘက်ပါကူးစက်ပြီးထပ်မံသေဆုံးနေကြောင်းသိရပါတယ်။

07/08/2016

အစုလိုက်အပြုံလိုက်
သေဆုံးခြင်းအတွက်
သေဆုံးသူတို့သည်
ငါတို့တမျိုးသားလုံးကို
နိုးလော့ထလော့ဟူသော အချက်ပေးခေါင်းလောင်းသံတွေ
ပေးသွားခဲ့လေပြီ ။။
သူတို့အားလုံးရဲ့အသက်တွေက
ငါတို့အားလုံးအတွက်
တပ်လှန့်သံတွေဖြစ်ပါစေ။
ငါတို့တွေဟာ
အစီရင်ခံစာကြားမှာ
လူမသိသူမသိသေးဆုံးနေရတဲ့
အခြေအနေကရုန်းမထွတ်နိုင်ကြသေးပါဘူး။
ဒီလိုအခြေအနေမှာ
ငါတို့တမျိုးသားလုံး
ဘာဆက်လုပ်သင့်သလဲ
စဉ်းစားပေးကြပါ
တွေးခေါ်ပေးကြပါ
ငါတို့ရဲ့အသက်တွေ
နောက်တကြိမ်အဆုံးရှူံးမခံနိုင်တော့ဘူး။

07/08/2016

Naga News's cover photo

07/08/2016

Naga News

Address

Dimapur
NAGALAND

Website

Alerts

Be the first to know and let us send you an email when Naga News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Nearby media companies


Other News & Media Websites in Dimapur

Show All