Zwe Entertainments

Zwe Entertainments Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zwe Entertainments, Yangon.

❗ရေတွေတအားတက်နေပါတယ်❗တောင်ငူ၁၀ရပ်ကွက်  မြစ်ကြီးပေါက်ကျောင်းမြောက်ဖက် ဇီးဖြူပင် ဘုန်းကြီးကျောင်းသွားတဲ့လမ်းပေါ်မှာပါ ကလေး...
13/09/2024

❗ရေတွေတအားတက်နေပါတယ်❗

တောင်ငူ၁၀ရပ်ကွက် မြစ်ကြီးပေါက်ကျောင်းမြောက်ဖက် ဇီးဖြူပင် ဘုန်းကြီးကျောင်းသွားတဲ့လမ်းပေါ်မှာပါ ကလေးတွေရောပါပါတယ်၁၅ယောက်ရှိပါတယ် ကယ်ဆယ်ရေးများလာရောက်ကူညီပေးကြပါအုံး အကူအညီလိုအပ်နေလို့ပါ မနက်ကတည်းက စောင့်နေရတာပါ ရေကမြုပ်တော့မှာပါ အခြေအနေအတော်ဆိုးနေလို့ပါ🙏🙏🙏
ဆက်သွယ်ရမဲ့ဖုန်းနံပါတ် 09762209339 09780232089
Crd

တပ်ကုန်းမြို့ မှာ အဆိုးရွားဆုံးရေကြီးမြင့်တက်မှုဖြစ်နေ ကယ်ဆယ်ရေးတွေအရေးပေါ်လိုအပ် တာချီလိတ် နဲ့ ကျိုင်းတုံမြို့တွေအပါအဝင...
13/09/2024

တပ်ကုန်းမြို့ မှာ အဆိုးရွားဆုံးရေကြီးမြင့်တက်မှုဖြစ်နေ ကယ်ဆယ်ရေးတွေအရေးပေါ်လိုအပ်

တာချီလိတ် နဲ့ ကျိုင်းတုံမြို့တွေအပါအဝင် နိုင်ငံတဝန်း မြို့ကြီး ၇ မြို့ထက်မနည်းမှာ ရေကြီးနေ

နေပြည်တော်၊ တပ်ကုန်းမြို့နယ်တစ်ခုလုံးအဆိုးရွားဆုံးရေကြီးနေတယ်လို့ ရေဘေး ကယ်ဆယ်ရေးလုပ်နေတဲ့ လူမှုကူညီရေးအသင်းတွေက ဘီဘီစီ ကို ပြောပါတယ်။

အချိန်တိုအတွင်း ‌ရေက အရှိန်မြင့်ထိုးတက်လာတာကြောင့် ရှောင်တိမ်းချိန်မရတဲ့အထိဖြစ်ကြရသလို နေအိမ်အများစုလည်း ရေမြုပ်ပါသွားတာ လူပျောက်တာတွေလည်းရှိနေပါတယ်။ ဒါအပြင် တချို့အိမ်တွေကလည်း ကယ်ဆယ်ရေးအမြန်လိုအပ်နေတဲ့အကြောင်း အကူအညီတောင်းတာတွေ ရှိနေပါတယ်။

“ မိုးလင်းထဲက တပ်ကုန်းမှာရေစကြီးတာ ငလိုက်ဆည်ဘက်ကလာတဲ့ တောင်ကျချောင်းတက်ပြီး ရေကြီးတာ။ ၁၀ ပေ ကျော်လောက်အထိတက်တယ်။ တချို့အိမ်တွေမြုပ်တယ်။ မခံနိုင်တဲ့အိမ် တွေက မျောသွားတဲ့အထိဆိုးတယ်” လို့ ရေဘေးကယ်ဆယ်ရေးလုပ်နေသူတစ်ဦး က ဘီဘီစီ ကိုပြောပါတယ်။

အရပ်ဘက်မိုးလေဝသပညာရှင် ဦးဝင်းနိုင်ကတော့ နေပြည်တော်နဲ့ ဆက်စပ်နေတဲ့ ပဲခူးရိုးမထဲမှာရှိတဲ့ စစ်တောင်းမြစ်ရေဟာ လာမယ့် စက်တင်ဘာ ၁၃ ရက် ရောက်ရင် တောင်ငူမြို့ရဲ့ အထက်နဲ့အောက်ဘက်တွေမှာမြင့်တက်နေမှာဖြစ်ပြီး ကြောက်စရာ အကောင်းဆုံးအခြေအနေဖြစ်တယ်လို့ခန့်မှန်းချက်ပြောထားပါတယ်။

နိုင်ငံအထက်ပိုင်း ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ၊ မိုင်းဆတ်မြို့တွေနဲ့ အလယ်ပိုင်း က မန္တလေးတိုင်း ကျောက်ဆည်မြို့တွေ မှာလည်း ရေကြီးနေပါတယ်။

အလားတူ ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့မှာ မနေ့က စက်တင်ဘာလ ၁၀ ရက်နေ့ ကတည်းက မယ်ဆိုင် ချောင်းရေလျှံလို့ မြို့ပေါ်ရပ်ကွက်တွေမှာ ရေကြီးတယ်လို့ မြို့ခံ လူမှုကူညီရေးအသင်းတွေက ပြောပါ တယ်။

ဒါအပြင် ထိုင်း-မြန်မာနယ်စပ်က နောက်တစ်မြို့ဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီမြို့မှာလည်း အဆိုးရွားဆုံးရေးကြီးနေတာဖြစ်ပါတယ်။

နိုင်ငံတဝန်းရေကြီးမှုတွေ ဖြစ်နေတဲ့အကြောင်း သတင်းအပြည့်အစုံအပါအဝင် စက်တင်ဘာ ၁၁ ရက် ဘီဘီစီ တိုက်ရိုက်ထုတ်လွှင့်မှုကို ဒီလင့်ခ် https://www.bbc.com/burmese/live/cqxj5330g5vt ကို နှိပ်ပြီး ဖတ်ရှုနိုင်ပါပြီ။

#ဘီဘီစီမြန်မာပိုင်း #ရေကြီး #တပ်ကုန်း #မိုးလေဝသ #ရေကြီးနစ်မြုပ် #ကယ်ဆယ်ရေး
Crd

  အနီရောင်အဆင့်ပါ🚨လူအThayအပျောက်များပါတယ် ရေစီးသန်ပြီး လူမျောတဲ့အဆင့်ပါအခုလက်ရှိအခြေအနေရ မြန်မာနိုင်ငံအလယ်ပိုင်းမြစ်သားမ...
13/09/2024

အနီရောင်အဆင့်ပါ🚨

လူအThayအပျောက်များပါတယ် ရေစီးသန်ပြီး လူမျောတဲ့အဆင့်ပါ
အခုလက်ရှိအခြေအနေရ မြန်မာနိုင်ငံအလယ်ပိုင်းမြစ်သားမြို့မှာ တော်တော်အခြေအနေစိုးတဲ့ပုံစံမျိုးပါ cbကနေ အကူအညီလာတောင်းတာကလဲ မြစ်သားမြို့က ရွာဦးကျောင်းဆရာတော်တွေနဲ့ ရွာသူရွာသားတွေ များပါတယ်

❗️ကျောက်ဆည်ကပဲ ဖြစ်ဖြစ် မန္တလေးကပဲ ဖြစ်ဖြစ် စက်လှေငှါးလို့ ရမယ်ဆို ဆက်သွယ်ပေးကြပါဦး ❗️❗️

မြစ်သားမြို့နယ်က ကျေးရွာများအရေးပေါ်အကူအညီလိုအပ်နေလို့ပါ။

(ကင်းစိန်ဈေးအနောက်.အရှေ့.ဒါးရဲကောင်းကျေးရွာ ၊ မိုင်းဟင် ၊ရန်အေး၊ရွာမုန်းကြီး‌၊ ပေါက်မြိုင် တမာပင် စသည့် မြစ်သားနားက ကျေးရွာများ…)

ရေတက်လာတာ အိမ်တွေမြုပ်ခါနီးနေပါတယ်။ ကိုယ်ဝန်သည် ၊ သက်ကြီးရွယ်အိုများနဲ့ ကလေးငယ်များ အရမ်းဒုက္ခရောက်နေပါပြီ။

09798631231
09784448815
09976533128
09797275862
09774497500

Comment မှာလည်း အများသိအောင် ဆက်သွယ်လို့ရမယ့် နေရာလေးတွေ ရေးပေးသွားလို့ရပါတယ်။

ကူညီကယ်ဆယ်ရေးအဖွဲ့များနေဖြင့်လည်း အမြန်လမ်း မိုင်တိုင် 325 ပြင်စည်လမ်းခွဲနှင့် 331/5ဖာလုံ မှညောင်ဝန်းရွာ မင်းဝံရွာမှတစ်ဆင့်လာရောက်လို့ရပါတယ်။

ကူညီပီး Shareပေးကြပါဦး။

ကျေးဇူးတင်ပါတယ်။
Crd

မန္တလေးမြို့🚨🚨�ယနေ့နံနက် 4နာရီအချိန် ပ-စ်-ခ-တ်မှုများတွင် လမ်း၈၀×၁၁×၁၂လမ်းကြား koreအကြောပြင် တိုက်အပေါ်ဆုံးထပ်သို့လ-က်-န...
03/09/2024

မန္တလေးမြို့🚨🚨�
ယနေ့နံနက် 4နာရီအချိန် ပ-စ်-ခ-တ်မှုများတွင် လမ်း၈၀×၁၁×၁၂လမ်းကြား koreအကြောပြင် တိုက်အပေါ်ဆုံးထပ်သို့လ-က်-န-က်ကြီးတစ်လုံးကျရောက်ခဲ့ကာ အမိုး-ပွ-င့်ကာ လူထိခိုက်မရှိကြောင်းသိရ၊ ဒုတိယတစ်လုံးမှာ အမှတ်-၄ရဲ-စ-ခန်းအရှေ့ဘက်တိုက်သို့ ကျရောက်ကာ တိုက်အပေါ်ထပ် အုတ်နံရံပျ-က်-စီး လူထိခိုက်မှုမရှိ ၊တတိယတစ်လုံးမှာ ရွှေကျင်တိုး-ဂိ-တ်သို့ ကျရောက်ပေါ-က်-ကွ -ဲခဲ့ကြောင်းနှင့်

နောက်၁လုံးမှာ
၈ လမ်း ၉ လမ်းကြား ၈၉ လမ်း ညောင်ကွဲရပ်ရှိ လူနေအိမ်အား ထိ-မှန်ခဲ့ပြီး အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု
နောက်ဆက်တွဲသတင်းရရှိထားပါသည်။

Source -MR Informer

Crd

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Zwe Entertainments posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share