Kyike Poi - Sangkhlaburi Independent News

Kyike Poi - Sangkhlaburi Independent News This page presents the neutral and fact-based news contents to investigate each and every occurrence

23/02/2021
03/08/2020
[Unicode]NCA-S EAO ၏ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေး(ဒဿမအကြိမ်) ကို Online Video Confer...
04/05/2020

[Unicode]
NCA-S EAO ၏ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေး(ဒဿမအကြိမ်) ကို Online Video Conference ဖြင့် ယနေ့ ကျင်းပ
************************
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO) ၏ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေး(ဒဿမအကြိမ်) ကို ယနေ့ မေလ (၄) ရက်၊ နံနက်ပိုင်းတွင် Online Video Conference ဖြင့် စတင်ကျင်းပလျက်ရှိသည်။
အစည်းအ၀ေး နှုတ်ခွန်းဆက် အဖွင့်အမှာစကားကို NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းမှ ပြောကြားခဲ့သည်။ ဗိုလ်မှူးကြီး စိုင်းငင်း၏ အစည်းအ၀ေး နှုတ်ခွန်းဆက် အဖွင့်အမှာစကားကို အောက်တွင် ဖော်ပြထားပါသည်။

[Zawgyi]
NCA-S EAO ၏ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေး(ဒဿမအကြိမ်) ကို Online Video Conference ဖြင့် ယနေ့ ကျင်းပ
************************
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO) ၏ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေး(ဒဿမအကြိမ်) ကို ယနေ့ မေလ (၄) ရက်၊ နံနက်ပိုင်းတွင် Online Video Conference ဖြင့် စတင်ကျင်းပလျက်ရှိသည်။
အစည်းအ၀ေး နှုတ်ခွန်းဆက် အဖွင့်အမှာစကားကို NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းမှ ပြောကြားခဲ့သည်။ ဗိုလ်မှူးကြီး စိုင်းငင်း၏ အစည်းအ၀ေး နှုတ်ခွန်းဆက် အဖွင့်အမှာစကားကို အောက်တွင် ဖော်ပြထားပါသည်။

လိက္ေစှာန္ပိဿင္႒ာန္ဂအုပ္ဗဟႝု (ေဗာ္ဍဳင္မန္တိဿ) သြက္ဂြံကဿာတ္စႝုဒှါ လၲဴသဿာကေမၜာန္ ႏူဍဳင္ေသံေကႅင္စဵတိတ္ဂၜံင္က်ာ္ပိ
26/04/2020

လိက္ေစှာန္ပိဿင္႒ာန္ဂအုပ္ဗဟႝု (ေဗာ္ဍဳင္မန္တိဿ) သြက္ဂြံကဿာတ္စႝုဒှါ လၲဴသဿာကေမၜာန္ ႏူဍဳင္ေသံေကႅင္စဵတိတ္ဂၜံင္က်ာ္ပိ

အကာဲအရာ ပေရင္ဍဳင္ကြာန္မန္တၛဲဏံ 24/4/2020===ေဗာ္ဍဳင္မန္တဿိ ဒပ္ပှာန္ဗၜးၐးေကာန္ဂကူမန္ ခရုိင္ထဝ႟ သြက္ဂြံစုႝဒှာယဲCoivd-19 မာန...
24/04/2020

အကာဲအရာ ပေရင္ဍဳင္ကြာန္မန္တၛဲဏံ 24/4/2020
===ေဗာ္ဍဳင္မန္တဿိ ဒပ္ပှာန္ဗၜးၐးေကာန္ဂကူမန္ ခရုိင္ထဝ႟ သြက္ဂြံစုႝဒှာယဲCoivd-19 မာန္တုဲ ဂစတ္ဂဥဳဲဂစုိတ္စဿးယဲ ပႜဲကြာန္တုႝလြီ မဒွ္ကုီရ ။

ထိုင်းလေယာဉ်မှူးတစ်ဦး အစားအသောက်ပို့ဆောင်သည့် အလုပ်လုပ်နေဘန်ကောက်၊ ဧပြီ ၂၂အသက် ၄၉  နှစ်အရွယ်ရှိ ထိုင်းလေယာဉ်မှူး ကပ္ဗတိန်...
23/04/2020

ထိုင်းလေယာဉ်မှူးတစ်ဦး အစားအသောက်ပို့ဆောင်သည့် အလုပ်လုပ်နေ

ဘန်ကောက်၊ ဧပြီ ၂၂

အသက် ၄၉ နှစ်အရွယ်ရှိ ထိုင်းလေယာဉ်မှူး ကပ္ဗတိန် Thanun Khantatatbumroong သည် ယခုအချိန်တွင် အစားအသောက်များကို ဆိုင်ကယ်ဖြင့် အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးသည့် အလုပ်ကို လုပ်နေကြောင်း သူကိုယ်တိုင်က ဖွင့်ဟပြောကြားသည်။

သူသည် ယခင်က နိုင်ငံတကာလေကြောင်းလိုင်းတစ်ခုတွင် လေယာဉ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး၊ ယခုအခါ COVID-19 ကူးစက်ပြန့်နှံ့မှုကြောင့် လေကြောင်းလိုင်းများ ရပ်တန့်ထားချိန်တွင် အစားအသောက်များ အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးသည့် အလုပ်ကို လုပ်ကိုင်နေရခြင်းဖြစ်သည်။

“ပြီးခဲ့တဲ့လက ကျွန်တော့်လေကြောင်းလိုင်းက ကျွန်တော့်ကို ၇၅% လစာဖြတ်ပါတယ်။ ကျွန်တော် လစာ ၂၅% ပဲရပါတယ်။ နောက် ၆လအထိ အဲဒီအတိုင်းပဲ ရမှာဖြစ်ပါတယ်။ ဒါကြောင့် အခုအလုပ်ကို ယာယီလုပ်ဖို့ ဆုံးဖြတ်လိုက်ရတော့တာပါပဲ”ဟု Thanun က Efe သတင်းဌာနကိုပြောသည်။ သူသည် လုပ်သက် ၁၈နှစ်ကျော်ရှိပြီး၊ ပျံသန်းချိန် နာရီ ၁၈၀၀၀ ခန့်ရှိသော ၀ါရင့် လေယာဉ်မှူးတစ်ဦးဖြစ်ကြောင်းကိုလည်း Efe သတင်းဌာကိုပြောပါသေးသည်။

မီဒီယာသတင်းများအရ COVID-19 ကပ်ရောဂါကြောင့် ထိုင်းနိုင်ငံတွင် လူဦးရေ ၁ဝသန်းခန့် အလုပ်လက်မဲ့ ဖြစ်လာနိုင်ဖွယ်ရှိကြောင်း သိရသည်။

Source: Efe
Ref: Back down to earth: pilot turns to food deliveries
Phoro: EFE/EPA/RUNGROJ YONGRIT

(Zawgyi)

ထိုင်းလေယာဉ်မှူးတစ်ဦး အစားအသောက်ပို့ဆောင်သည့် အလုပ်လုပ်နေ

ဘန်ကောက်၊ ဧပြီ ၂၂

အသက် ၄၉ နှစ်အရွယ်ရှိ ထိုင်းလေယာဉ်မှူး ကပ္ဗတိန် Thanun Khantatatbumroong သည် ယခုအချိန်တွင် အစားအသောက်များကို ဆိုင်ကယ်ဖြင့် အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးသည့် အလုပ်ကို လုပ်နေကြောင်း သူကိုယ်တိုင်က ဖွင့်ဟပြောကြားသည်။

သူသည် ယခင်က နိုင်ငံတကာလေကြောင်းလိုင်းတစ်ခုတွင် လေယာဉ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး၊ ယခုအခါ COVID-19 ကူးစက်ပြန့်နှံ့မှုကြောင့် လေကြောင်းလိုင်းများ ရပ်တန့်ထားချိန်တွင် အစားအသောက်များ အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးသည့် အလုပ်ကို လုပ်ကိုင်နေရခြင်းဖြစ်သည်။

“ပြီးခဲ့တဲ့လက ကျွန်တော့်လေကြောင်းလိုင်းက ကျွန်တော့်ကို ၇၅% လစာဖြတ်ပါတယ်။ ကျွန်တော် လစာ ၂၅% ပဲရပါတယ်။ နောက် ၆လအထိ အဲဒီအတိုင်းပဲ ရမှာဖြစ်ပါတယ်။ ဒါကြောင့် အခုအလုပ်ကို ယာယီလုပ်ဖို့ ဆုံးဖြတ်လိုက်ရတော့တာပါပဲ”ဟု Thanun က Efe သတင်းဌာနကိုပြောသည်။ သူသည် လုပ်သက် ၁၈နှစ်ကျော်ရှိပြီး၊ ပျံသန်းချိန် နာရီ ၁၈၀၀၀ ခန့်ရှိသော ၀ါရင့် လေယာဉ်မှူးတစ်ဦးဖြစ်ကြောင်းကိုလည်း Efe သတင်းဌာကိုပြောပါသေးသည်။

မီဒီယာသတင်းများအရ COVID-19 ကပ်ရောဂါကြောင့် ထိုင်းနိုင်ငံတွင် လူဦးရေ ၁၀သန်းခန့် အလုပ်လက်မဲ့ ဖြစ်လာနိုင်ဖွယ်ရှိကြောင်း သိရသည်။

ဘုရားသုံးဆူဒေသရှိ မွန်ပြည်သစ်ထိန်းချုပ်နယ်မြေ၌ ထိုင်းပြန် ၁၀၀ ကျော် သောင်တင်နေမွန်သတင်းအေဂျင်စီ (ဧပြီ-၁၁)ထိုင်း-မြန်မာနယ...
11/04/2020

ဘုရားသုံးဆူဒေသရှိ မွန်ပြည်သစ်ထိန်းချုပ်နယ်မြေ၌ ထိုင်းပြန် ၁၀၀ ကျော် သောင်တင်နေ
မွန်သတင်းအေဂျင်စီ (ဧပြီ-၁၁)

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဒေသရှိ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ဂျပန်ရေတွင်းရွာအနီး၌ ထိုင်းနိုင်ငံမှပြန်လာသူ ၁၀၀ ဦးကျော်ခန့် ယနေ့တွင် ဆက်လက်သောင်တင်နေကြောင်း မွန်သတင်းအေဂျင်စီက စုံစမ်းသိရှိရသည်။

မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်၏ညွှန်ကြားချက်အရ ထိုင်းနိုင်ငံမှပြန်လည်ရောက်ရှိသူများကို ဆက်လက်ခရီးထွက်ခွာခြင်းမပြုတော့ဘဲ ၎င်းတို့ရောက်ရှိနေသော ကြံတောဂိတ်နှင့် ဂျပန်ရေတွင်းဂိတ်အနီးတဝိုက်တွင် နေရာချပေးထားကြောင်း မွန်ပြည်သစ်ပါတီ ဘုရားသုံးဆူအုပ်ချုပ်ရေးဒေသ အတွင်းရေးမှူး မင်းချမ်းမွန်က မွန်သတင်းအေဂျင်စီကိုပြောသည်။

“ထိုင်းနိုင်ငံကပြန်လာတဲ့လူတွေက ဘယ်လိုလမ်းကြောင်းတွေကနေ ကျနော်တို့ဆီ ရောက်လာသလဲဆိုတာ မပြောတတ်ဘူး၊ မနေ့က ကျနော်တို့ ဂိတ်ကတားတော့ လူတွေစုလာတယ်၊ စာရင်းကောက်ထားတာ လူအယောက် ၁၀၀ ကျော်ရှိတယ်၊ မွန်၊ ကရင်၊ ထားဝယ် ဗမာ တိုင်းရင်းသားလူမျိုးအစုံပဲ၊ အစားအသောက်ကိစ္စကတော့ အဆင်ပြေသလိုပဲ စီစဉ်နေရတယ်” ဟု မင်းချမ်းမွန်က ပြောသည်။

အဆိုပါ ထိုင်းနိုင်ငံမှပြန်လာသူများအား ၎င်းတို့၏နေရပ်ပြန်နိုင်ရေးအတွက် မည်ကဲ့သို့ဆက်လက်စီစဉ်ရမည်ကို ဘုရားသုံးသူမြို့ရှိ မြန်မာအာဏာပိုင်များနှင့် ညှိနှိုင်းအကြောင်းထားဆဲဖြစ်သည့်အတွက် လတ်တလောသောင်တင်နေရခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ထိုင်းပြန်များအနေဖြင့် ဂျပန်ရေတွင်းဂိတ်စခန်းအနီးတဝိုက်၌ အမိုးအကာလုံခြုံမှုကင်းမဲ့စွာနှင့် စောင်၊ ခြင်ထောင်များမရှိဘဲ သစ်ပင်များအောက်တွင် အဆင်ပြေသလိုနေထိုင်နေရသည့်အတွက် အခြားရောဂါများ ဝင်ရောက်လာမည်ကိုစိုးရိမ်နေရကြောင်း နယ်စပ်ကျန်းမာရေးစောင့်ရှောက်ရေးအဖွဲ့ BHI တာဝန်ခံ ဆရာမ မိစိုက်ခမားနွန်က ပြောသည်။

“ဂျပန်ရေတွင်းရွာသားတွေကတော့ ဒီလိုထိုင်းကပြန်လာသူတွေကို သူတို့ရွာထဲအဝင်မခံဘူး၊ ရွာအပြင် မွန်ပြည်သစ်ဂိတ်အနီးအနားမှာပဲဖြစ်သလို နေနေကြရတယ်၊ ကျမတို့ဆေးအဖွဲ့ကတော့ အပူချိန်တိုင်းပေးတာပဲ ရှိတယ်၊ အဖျားရှိရင် ဘုရားသုံးဆူဆေးရုံပို့ဖို့ စီစဉ်ပေးတယ်၊ သူတို့ကို Covid 19 နဲ့ပတ်သက်ပြီး ပညာပေးဟောပြောတာရှိတယ်၊ ဒီလူတွေက ပွဲစားအဆင့်ဆင့်နဲ့လာရတော့ ခရီးကြမ်းတယ်၊ တော်တော်လေးပင်ပမ်းနေကြတယ်၊ ဒီနေရာမှာ ရာသီဥတုက နေ့ပူပြီး ညချမ်းဖြစ်နေတယ်၊ သူတို့အဖျားဝင်မှာ စိုးရိမ်ရပါတယ်၊ ကြည့်ရတာ အလုပ်ကနေ သူတို့ရုတ်တရက်ချက်ချင်းထွက်လာရသလိုပဲ သူတို့လက်ထဲမှာ ငွေအလုံအလောက်ရှိပုံမပေါ်ဘူး၊ အချို့လူတွေလက်ထဲမှာငွေပြတ်နေပြီလို့ သိရတယ်” ဟု ၎င်းက ဆိုသည်။

Crd- MNA TV & Online News

http://burmese.monnews.org/2020/04/11/%e1%80%98%e1%80%af%e1%80%9b%e1%80%ac%e1%80%b8%e1%80%9e%e1%80%af%e1%80%b6%e1%80%b8%e1%80%86%e1%80%b0%e1%80%92%e1%80%b1%e1%80%9e%e1%80%9b%e1%80%be%e1%80%ad-%e1%80%99%e1%80%bd%e1%80%94%e1%80%ba-2/

လိက်လလောင်ပၟိင် စဵုဒၞါမၞိဟ်လုပ်တိတ် ပယျဵုကွာန်ပလိုင်ဂျပါန်၊ ကွာန်ဂူၜဴ၊ ပွိုင်ဍုင်ကျာ်ပိ၊ ဗော်ဍုင်မန်တၟိ။
11/04/2020

လိက်လလောင်ပၟိင် စဵုဒၞါမၞိဟ်လုပ်တိတ် ပယျဵုကွာန်ပလိုင်ဂျပါန်၊ ကွာန်ဂူၜဴ၊ ပွိုင်ဍုင်ကျာ်ပိ၊ ဗော်ဍုင်မန်တၟိ။

09/04/2020

ပရေင်ကဵုပညာ နူဌာနပ‌ရေင်ထတ်ယုက်ဂၠးတိ ဆေင်ကဵုယဲ Covid 19
______
ညးက်ကဲာဘာသာ- ဗညာခတြေ(ခတျတေ က‌‌နေဒေါ)
ညးဒါန်လိက်- အပါဟံင်မန် (အမေရိကာန်)
ညးစုတ်မလိက်- နာဲသဳဟ (အမေရိကာန်)
__
Crd- အအာ

07/04/2020

နိုင်ငံ‌တော်က ကျွန်တော်တို့ နယ်စပ်ဒေသတွေကို ပိတ်ထားတာမရှိပါဘူး၊ ပြန်ဝင်လာမဲ့သူတွေအားလုံး ကျွန်တော်တို့က လက်ခံဖို့၊ နောက်တစ်ခါ သူတို့ကို ဝင်လာမဲ့ ဒီနယ်စပ်မြို့တွေမှာ Quarantine 14ရက်ထားဖို့၊ ပြီးတော့မှ ကျွန်တော်တို့ပြည်မထဲကို ပြန်လွှတ်ဖို့ဆိုတဲ့ ညွှန်ကြားထဲက နိုင်ငံ‌တော်က ထုတ်ပြန်ထားပြီးတာ ဖြစ်ပါတယ်။
---+-----------
ဦးမြင့်နိုင်
ခရိုင်အုပ်ချုပ်ရေးမှူး၊ တာချီလိတ်မြို့

(DVB TV- 7. April.2020)

07/04/2020

ထိုင်း-မြန်မာနယ်စပ်ဒေသမှာရှိတဲ့ ပြည်တွင်းအိုးအိမ်မဲ့ IDPsတွေရဲ့ ဘဝဖြတ်သန်းမှု၊ နေထိုင်စားသောက်မှုနဲ့ ဘဝလုံခြုံမှုအချေအနေ
(Credit- MNA TV & Online News)

ဘုရားသုံးဆူမြို့သို့ ထိုင်းနိုင်ငံဘက်မှပြန်လည်ဝင်ရောက်သူများအား စောင့်ကြည့်ရေးစခန်းတွင် ၁၄ ရက်ထားစောင့်ကြည့်သွားမည်မွန်သ...
05/04/2020

ဘုရားသုံးဆူမြို့သို့ ထိုင်းနိုင်ငံဘက်မှပြန်လည်ဝင်ရောက်သူများအား စောင့်ကြည့်ရေးစခန်းတွင် ၁၄ ရက်ထားစောင့်ကြည့်သွားမည်

မွန်သတင်းအေဂျင်စီ (ဧပြီ ၅)
Covid-19 ရောဂါထိန်းချုပ်ရေးအတွက် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့သို့ ထိုင်းနိုင်ငံဘက်မှ ပြန်လည်ဝင်ရောက်လာသူများအား ယနေ့နံနက် ၉ နာရီအချိန်မှစ၍ သက်ဆိုင်ရာ စောင့်ကြည့်ရေးစခန်းများတွင် Quarantine ၁၄ ရက်ထားစောင့်ကြည့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါနေရပ်ပြန်လာသူများအနက် မွန်ပြည်နယ်အတွင်း နေရပ်များသို့ပြန်မည့်သူများအား မွန်ပြည်နယ်အစိုးရအဖွဲ့ထံသို့ အပ်နှံမည်ဖြစ်ပြီး ကျန်အခြားပြည်နယ်၊ တိုင်းဒေသကြီးများရှိ နေရပ်များသို့ပြန်မည့်သူများအား အထက ဘုရားသုံးဆူ စောင့်ကြည့်ရေးစခန်းသို့ပို့ဆောင်အပ်နှံ၍ ၁၄ ရက်ထားရှိစောင့်ကြည့်မည်ဖြစ်ကြောင်း ဘုရားသုံးဆူမြို့အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

“နောက်(၂)ပတ်၊ (၃)ပတ်အတွင်းမှာ ရောဂါပျံ့ပွါးနှုန်းဘယ်လောက် မြန်နိုင်မယ်ဆိုတာ ပေါ်လွင်လာပါလိမ့်မယ်။ ဒီ အချိန်မှာပြည်သူတွေအားလုံး အထူးသတိဝိရိယနဲ့ ရောဂါမပျံ့ပွါးရေးအတွက် စည်းကမ်းညွှန်ကြားချက်တွေ လိုက်နာဖို့အရေးကြီးပါတယ်” ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ လူမှုကွန်ယက် Facebook တွင် ရေးသားထားသည်။

(Credit- MNA TV & Online News)

http://burmese.monnews.org/2020/04/05/%e1%80%98%e1%80%af%e1%80%9b%e1%80%ac%e1%80%b8%e1%80%9e%e1%80%af%e1%80%b6%e1%80%b8%e1%80%86%e1%80%b0%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%9e%e1%80%ad%e1%80%af%e1%80%b7-%e1%80%91%e1%80%ad/

အလဵုဇကုဇကု ယဲCovid19 ဒှ်မံင်ယျဟာ?++++++++++++++++++++++မိမိမှာ Covid-19များဖြစ်နေတာလား?
27/03/2020

အလဵုဇကုဇကု ယဲCovid19 ဒှ်မံင်ယျဟာ?
++++++++++++++++++++++
မိမိမှာ Covid-19များဖြစ်နေတာလား?

ที่อยู่

Three Pagodas Pass
Kanchanaburi
71000

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Kyike Poi - Sangkhlaburi Independent Newsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์


บริษัทด้านสื่อ/ข่าวสาร อื่นๆใน Kanchanaburi

แสดงผลทั้งหมด