Nway Oo - News ข่าวการเมือง

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးသေဆုံးရန်ကုန်၊ နိုဝင်ဘာ ၂၁ မြန်မာနိုင်ငံတစ်ဝန်း နိုဝင်ဘာလ ၂၁ ရက်နေ့ ရရှိထ...
22/11/2023

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၁

မြန်မာနိုင်ငံတစ်ဝန်း နိုဝင်ဘာလ ၂၁ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

22/11/2023

မုံရွာ ⚠️

မုံရွာ နမခ မှ Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ် တစီး အနောက်ဘက်သို့ပျံတက်။

Nov 22, 8:37AM
📫သတင်းပို့ရန်

ကော့ကရိတ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၆ ခုကို မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးကျဲတိုက်ခိုက်၊ ငါန်းဇွန်ရှိ ကျင်းသာဘုန်...
02/11/2023

ကော့ကရိတ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၆ ခုကို မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးကျဲတိုက်ခိုက်၊ ငါန်းဇွန်ရှိ ကျင်းသာဘုန်းကြီး၌ တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် တိုက်ခိုက်မှု ၁ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မြို့မရဲစခန်း၊ ခမရ ၉၇ တပ်ရင်းအပါအဝင် စစ်တပ် တပ်စွဲထားသော နေရာ ၆ ခုကို မောင်းသူမဲ့ လေယာဉ်ငယ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း KLOUD တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာ ၂၇ ရက်နှင့် ၂၈ ရက်နေ့တို့တွင် ကော့ကရိတ်မြို့နယ်အတွင်းရှိ ညောင်ပင်ဂိတ်၊ အမှတ် ၃ ဂိတ် ၊ ခမရ ၉၇ တပ်ရင်းဝန်း ၊‌‌ ကော့ကရိတ် မြို့မရဲစခန်း ၊ ရွှေနတ်တောင် ၊ချောင်းဆုံ ဘုန်းကြီးကျောင်း အနီး စစ်ကောင်စီတပ်သားများတပ်စွဲရာနေရာ ၊ မြို့တော်ဦး ဘုန်းကြီးကျောင်း အနီး စစ်ကောင်စီတပ် သား များ တပ်စွဲရာနေရာများကို မောင်းသူမဲ့လေယာဉ် ငယ်များဖြင့် အကြိမ်ရေ ၂၀ ထက်မနည်း ဗုံးသီး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ကျားဖြူစစ်ကြောင်းတပ်ခွဲ ၅ ၊ Justice Soldier-PDF ၊ Shar Htoo Waw နည်း ပညာဖြင့် Kloud ၊ Angry Bird Drone Ranger နှင့် Power Of Ababil (POA)တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ ကျင်းသာ ဘုန်းကြီးကျောင်း၀န်း အတွင်းတပ်စွဲ အထိုင်ချ ထားသည့် စစ်သားများကို ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးပွဲချင်းပြီးသေဆုံးခဲ့ကြောင်း နွားထိုးကြီး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၃၁ ရက်နေ့က ငါန်းဇွန်မြို့နယ်၊ ကျင်းသာဘုန်းကြီးကျောင်းအတွင်း အင်အား ၃၀ ခန့် ဖြင့် အထိုင်ချတပ်စွဲထားသော စစ်သားများကို Drone ဖြင့် ဝေဟင်မှ ဗုံးသီး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁ ဦး ပွဲချင်းပြီးသေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

“မြို့သာရဲစခန်းဘက်က နေထွက်လာပြီးတော့ အဲနားလေးမှာ သူတို့က သွားလိုက် ပြန်လိုက် တခြား ရွာတွေလည်း ဝင်လိုက်နဲ့ ရွာတွေကို တစ်လှည့်စီလိုက်ပြီး တပ်စွဲနေတာ၊” ဟု နွားထိုးကြီး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် - ၄ တပ်ရင်း၊ ငါန်း ဇွန်မြို့ နယ် ပကဖ နှင့် မြင်းခြံခရိုင် တပ်ရင်း ၆ တပ်ခွဲ ၂ တပ်ခွဲ ၃ Special Task Force Ngazun တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

02/11/2023

ဘုရားသုံးဆူကြာအင်ဆိပ်ကြီး ကားသမားများ ဂရုစိုက်ကြပါ။

ကောလင်းမြို့နယ်တွင် ပြည်သူပိုင် နေအိမ်များကို မီးရှို့ပြီး ပြန်လာသည့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု အရာရှိ ၁ ဦး...
02/11/2023

ကောလင်းမြို့နယ်တွင် ပြည်သူပိုင် နေအိမ်များကို မီးရှို့ပြီး ပြန်လာသည့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု အရာရှိ ၁ ဦးအပါအဝင် အပါအဝင် ၄ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ လျှောက်ဖြူကုန်းကျေးရွာရှိ နေအိမ်ခြေ ၃၀ ခန့်ကို မီးရှို့ ဖျက်ဆီးပြီး ပြန်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ ဒုအရာခံ ဗိုလ် ၁ ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့ကြောင်း Kawlin Info အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

နိုဝင်ဘာလ ၁ ရက်နံနက် ၇ နာရီခန့်က ကန့်ဘလူမြို့နယ်၊ လျှော်ဖြူကုန်းကျေးရွာ၌ ညအိပ်တပ်စွဲကာ နေအိမ် အလုံး ၃၀ ခန့်ကို မီးရှို့ပြီး ကောလင်းမြို့ဘက်သို့ ပြန်လည် ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကိုးတောင်ဘို့ - ကောလင်းလမ်း ဝါရုံခုံရွာ တောင်ဘက် တံတားအရောက်တွင် ပကဖ အဖွဲ့က မိုင်း ၅ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး ပွဲချင်းပြီးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများထဲမှ ဒုအရာခံဗိုလ် ၁ ဦးသည် လမ်း၌ ထပ်မံ သေဆုံး သွား ကြောင်း သိရသည်။

“အခုစစ်ကြောင်းက ကောလင်းမြို့ထဲကနေ ကိုးတောင်ဘို့ဘက်ကို လှည့်ပတ်စစ်ကြောင်းထိုးနေတာ၊ ထွက်တုန်းကတော့ ၆၀ လောက်ပဲ၊ ကိုးတောင်ဘို့က အဖွဲ့က ထွက်ရင် ကောလင်းအဖွဲ့က အဲဒီဘက်ကို လှည့်ပေးတာ၊ ကိုးတောင်ဘို့ကို အင်အားဖြည့်တာမဟုတ်ပါဘူး၊ အဲလို လှည့်ပေးရင်း ဇီးကနားရွာ၊ လျှော်ဖြူကုန်းရွာမှာ ညအိပ်တယ်၊ လျှော်ဖြူကုန်းရွာက အိမ်ခြေ ၃၀ လောက်ကို မီးရှို့ခဲ့တာ၊ ကိုး တောင်ဘို့ကနေ ထွက်တဲ့အဖွဲ့က တော့ ထီးချိုင့်ဘက်မှာ အထိနာတယ်ကြားတယ်၊ ပြန်လာနိုင်မှာ မဟုတ်တော့ဘူး၊” Kawlin Info အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကောလင်းမြို့အဝင်၌ တိုက်မိုင်း ၁ လုံး ထပ်မိခဲ့ပြီး ထိခိုက်ဒဏ်ရာရှိသူများရှိကာ ကောလင်း မြို့ အထက ၁ ကျောင်းထဲသို့ ဝင်ရောက်သွားကြောင်း၊ အဆိုပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် အင်အား ၆၀ ခန့်ဖြင့် ကောလင်းမြို့မှ ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ဒေသသို့ လှည့်လည်စစ်ကြောင်း ထိုးခဲ့ခြင်းဖြစ်ပြီး ကိုးတောင်ဘို့ဒေသရှိ အကြမ်းဖက်စစ် ကောင်စီစစ်ကြောင်းမှာလည်း ထီးချိုင့် ဘက် သို့ရောက်ရှိနေကာ တိုက်ပွဲဖြစ်နေပြီး ထိခိုက်သေဆုံးမှုများပြားကြောင်း Kawlin Info ထံမှ သိရသည်။

မြောင်မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီး စစ်ကောင်စီ တပ်သားများ အလင်းဝင်ရန် စ...
02/11/2023

မြောင်မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီး စစ်ကောင်စီ တပ်သားများ အလင်းဝင်ရန် စာများကျဲချ သတိပေး

ရန်ကုန်၊ နိုဝင်ဘာ ၂

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ မြောင်မြို့မရဲစခန်း၊ စစ်ဗိုလ်နေအိမ်နှင့် ကျောက်ရစ်ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီး စစ်သားများ အမြန်ဆုံး အလင်းဝင်ရောက်ကြရန် စာများကျဲချ သတိပေးခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ - MSPDF တပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၁ ရက် နံနက် ၁၀ နာရီ မိနစ် ၂၀ ခန့်က အကြမ်းဖက် စစ်ကောင်စီတပ်သားများ အခြေချနေထိုင်နေသည့် မြောင်မြို့မရဲစခန်းနှင့် စစ်ဗိုလ်နေထိုင်သည့် နေအိမ်တို့ကို "Shar Htoo WAW" နည်းပညာ တိုက်ခိုက်ရေး Fixed Wing Drone များဖြင့် Air BOMB ၅ လုံးနှင့်အတူ စစ်ကောင်စီ တပ် သား များအနေဖြင့် ပြည်သူ့ရင်ခွင်ထံသို့ အချိန်မီ ခိုလှုနိုင်ရန် လက်ကမ်းစာဆောင်များကို တပြိုင်တည်း ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“မြောင်မြို့မရဲစခန်းနဲ့ စစ်ဗိုလ်နေအိမ်က နှစ်အိမ် သုံးအိမ်လောက်တော့ လှမ်းတယ်၊ ထိခိုက်သေဆုံးမှုရှိ ပေမယ့်အတိအကျ သိရှိနိုင်ဖို့ စုံစမ်းနေတုန်းပါ၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည် ပစ်ခတ်မှု ရှိခဲ့ပါတယ်၊ စကစတပ်သားတွေအနေနဲ့ အလင်းဝင်ချင်တယ်ဆိုရင် ကြိုဆိုလျက်ပါပဲ၊ အဲဒီအတွက် အ မြန်အလင်းဝင်ရောက်ကြဖို့ ဗုံးသီးနဲ့အတူ လက်ကမ်းစာစောင်တွေပါ ကျဲချခဲ့တာပါ” ဟု မြောင်မြို့နယ် ပြည် သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ - MSPDF တပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကို "Shar Htoo WAW" နည်းပညာ တိုက်ခိုက်ရေး Fixed Wing Droneဖြင့် Air BOMB ၁ လုံးနှင့် လက်ကမ်းစာဆောင်များ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုများအကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိ နိုင်ပြီး အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း-MSPDF/MSDF ၊ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း တပ်ခွဲ ၁ -မြေလတ် PDF ၊ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း တပ်ခွဲ ၃ - 7 PDF ၊ မြင်းခြံ နဂါးနီ ပြောက် ကျားတပ်ဖွဲ့၊ မြို တိုက်နယ် ပကဖ (မြောင်) မြောင်မြိုနယ် ပြည်သူ့ရင်ခွင် နှင့် မိတ္ထီလာခရိုင်တပ်ရင်း ၃ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီက KIO ဌာနချုပ်ရှိရာ လိုင်ဇာသို့ လေယာဉ်ဖြင့် ဗုံးကျဲချ၊ ယမန်နေ့ သိမ်းယူထားသော စစ်စခန်းကိုပါ လေယာဉ်ဖြင့...
02/11/2023

အကြမ်းဖက်စစ်ကောင်စီက KIO ဌာနချုပ်ရှိရာ လိုင်ဇာသို့ လေယာဉ်ဖြင့် ဗုံးကျဲချ၊ ယမန်နေ့ သိမ်းယူထားသော စစ်စခန်းကိုပါ လေယာဉ်ဖြင့် ဗုံးကျဲ

ရန်ကုန်၊ နိုဝင်ဘာ ၁

စစ်ကောင်စီ၏ တိုက်လေယာဉ်များက KIO ဌာနချုပ်၊ ကချင်ပြည်နယ်၊ လိုင်ဇာရှိ KIO ဌာနချုပ်ကို ယနေ့ မွန်းလွဲပိုင်းတွင် ဗုံးကျဲချသွားကြောင်း ဒေသပြည်သူများနှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

နိုဝင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ် ဝန်းကျင်တွင် KIO ဌာနချုပ်ရှိရာ ကချင်ပြည်၊ လိုင်ဇာမြို့အနီးသို့ စစ်ကောင်စီသည် တိုက်လေယာဉ်ဖြင့် ၁ ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ လက်ရှိအချိန်အထိ အပျက်အစီးနှင့်ထိခိုက်မှု အခြေအနေ မသိရှိရသေးကြောင်း သိရှိရသည်။

"မနေ့ကလည်း ကျဲတယ်။ အဲဒါက တောင်ကုန်းဘက်ကျတာ အထိအခိုက်မရှိဘူး။ ဒီနေ့လည်း ကျဲတာက နောက်ဆုံးအခြေအနေ မသိရသေးဘူး" ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ၎င်းတို့၏ စစ်စခန်းများကို KIA တပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်နေသည့်အတွက် တန်ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်မည်ဖြစ်ပြီး လေယာဉ်ဖြင့် ဗုံးကျဲရန် တရုတ်နိုင်ငံသို့ အကြောင်းကြားထားပြီဟု ယမန်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း၊ ယမန်နေ့ KIA ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက် ရရှိထားသော ကန်တော်ယန်စခန်းကိုပါ ယနေ့ နံနက်ပိုင်း တိုက်လေယာဉ်ဖြင့် ဗုံးကျဲချကြောင်း သိရှိရသည်။

လောင်းလုံးမြို့နယ်၊ စမ်းလှမ်းရွာ အနီးရှိ စစ်စခန်းကုန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံးရန်ကုန်၊ နိုဝင်ဘ...
02/11/2023

လောင်းလုံးမြို့နယ်၊ စမ်းလှမ်းရွာ အနီးရှိ စစ်စခန်းကုန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းရွာ အနီးရှိ အကြမ်းဖက် စစ်တပ်၏ စစ်စခန်းကုန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင်၊ အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၁၀နာရီ ၃၀မိနစ် အချိန်ခန့်တွင် လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာရှိ တာဝါတိုင်အနီး စစ်စခန်းကုန်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

တိုက်ပွဲသည် ၃ နာရီ‌ကျော်ကြာမြင့်ခဲ့သည့် စီးနင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား အများအပြားလည်း ထိခိုက်ဒဏ်ရာခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ စစ်စခန်း အနီးရောက်တွင် တော်လှန်ရေး တပ်ဖွဲ့များ ကျည်ဆံမလုံလောက်သဖြင့် ထိခိုက်မှု မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော် ၊ ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်း ၊ နွေဦးပြောက်ကျားတပ်ဖွဲ့၊ Dawei Defense Force (D.D.F) ၊ Dawei Defense Team(D.D.T) နှင့် Guerrilla Dawei တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ကျောက်မဲရဲစခန်းတွင် ဗုဒ္ဓဘာသာ သာသနာ့အလံထောင်ပြီး ရဲများ ထွက်ပြေး၊ အချုပ်သားများကို လူသားဒိုင်းအဖြစ် အတူခေါ်ဆောင်သွားရန်က...
02/11/2023

ကျောက်မဲရဲစခန်းတွင် ဗုဒ္ဓဘာသာ သာသနာ့အလံထောင်ပြီး ရဲများ ထွက်ပြေး၊ အချုပ်သားများကို လူသားဒိုင်းအဖြစ် အတူခေါ်ဆောင်သွား

ရန်ကုန်၊ နိုဝင်ဘာ ၁

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကျောက်မဲမြို့နယ် မြို့မရဲစခန်းတွင် သာသနာ့အလံထောင်ပြီး ရဲများက အချုပ်သားများခေါ်ဆောင်၍ ရဲစခန်းမှ ထွက်ပြေးနေကြကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ နောင်ချို၊ သိန္နီမြို့တို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး ကျောက်မဲမြို့နယ်ကိုလည်း လာရောက်တိုက်ခိုက်မည်ကို စိုးရိမ်၍ ကျောက်မဲမြို့နယ်ရဲစခန်းမှ ရဲများက စခန်းတွင် သာသနာ့အလံထောင်ကာ ရဲစခန်းတွင် မနေတော့ဘဲ အချုပ်သား များ ခေါ်ဆောင်၍ နီးစပ်ရာ စစ်တပ် တပ်ရင်းများထဲသို့ ထွက်ပြေးကြကြောင်း သိရှိရသည်။

"ကျောက်မဲရဲစခန်းက ရဲတွေ အကုန် မိုင်းတင်းသွားတဲ့ လမ်းပေါ်မှာရှိတဲ့ စစ်တပ်ထဲ ထွက်ပြေးကြတယ်။ သူတို့နဲ့အတူ အချုပ်သားတွေလည်း အကုန်ခေါ်သွားတယ်။ လူသားဒိုင်းအဖြစ် သုံးဖို့ (သို့မဟုတ်) အတူတူ စစ်တိုက်ခိုင်းဖို့လားမသိဘူး။ အချုပ်သားတွေရဲ့ မိဘဆွေမျိုးတွေကတော့ အကုန်စိတ်ပူနေကြပြီ။ ရဲစခန်းမှာ အစောင့် တစ်ဦးစ နှစ်ဦးစလောက်ပဲ ကျန်တယ်။ " ဟု ကျောက်မဲဒေသပြည်သူတစ်ဦးက ဆိုသည်။

ကျောက်မဲမြို့ပေါ်တွင် တရားရုံး၊ ထွေအုပ်ရုံး၊ လ၀ကရုံးများ၊ ဆက်သွယ်ရေးရုံးနှင့် ပို့ဆောင်ရေး ရုံးများအပါအဝင် ဌာနဆိုင်ရာ ရုံးများအားလုံးမှာ ဆိုင်းဘုတ်များ ဖြုတ်ချလိုက်ပြီး ဝန်ထမ်းများမှာလည်း နီးစပ်ရာ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရှိရသည်။

01/11/2023

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ နိုဝင်ဘာ ၁ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှို့းမြို့၊ နမ့်ခမ်း၊ မူဆယ်နဲ့ကွက်ခိုင်မြို့နယ်တို့က အကြမ်းဖက်တပ်စခန်း ၄ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ စစ်သား ၄ ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ TNLA သတင်းနှင့် ပြန်ကြားရေးဌာန ဆီကသိရပါတယ်။

- ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်ဘက်က သံချပ်ကာနဲ့ ကား ၆ စီးကို သိမ်းပိုက်ရရှိထားပြီး လတ်တလော တင့်ကား ၁ စီးမှာ အကောင်းအတိုင်းရှိနေတယ်လို့ MNDAA ပြောခွင့်ရပုဂ္ဂိုလ် လီကျားဝင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနကိုပြောပါတယ်။

-စစ်ကောင်စီအတွက် အဓိကနိုင်ငံခြားဝင်ငွေရှာပေးနေတဲ့ မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်း MOGE ကို အမေရိကန်က ဘဏ္ဍာရေးအရ ဒဏ်ခတ်အရေးယူလိုက်တယ်လို့ မနေ့က တရားဝင် ထုတ်ပြန်ကြေညာ လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

01/11/2023

ကွမ်းလုံမြို့နယ်၊ ကာမိုင်းဒေသရှိ စစ်ကောင်စီ ၏ ခလရ ၁၄၃ တပ်ရင်းတစ်ရင်းလုံး လက်နက်ချအလင်းဝင်သဖြင့် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ

■စစ်သား ၁ ဦးလျှင် လမ်းစရိတ် ၁၅ သိန်းဖြင့် စစ်သား ၄၁ ဦးကို ငွေကျပ် သိန်း ၇၀၀ ကျော်ပေး၍ လွတ်ငြိမ်းချမ်းသာခွင့်ပေး

ရန်ကုန်၊ နိုဝင်ဘာ ၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့နယ်၊ ကာမိုင်းဒေသရှိ စစ်ကောင်စီ ၏ ခလရ ၁၄၃ တပ်ရင်းတစ်ရင်းလုံး လက်နက်ချအလင်းဝင်သဖြင့် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိကြောင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်ဖြစ်သော MNDAA က တရားဝင် သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၃၀ ရက်နေ့တွင် ကွမ်းလုံမြို့နယ်၏တောင်ပိုင်းရှိ ကာမိုင်းဒေသ တွင် အခြေချတပ်ထိုင်သော (ရမခ) လက် အောက်ခံတပ်ရင်း ခလရ ၁၄၃ မှ စစ်သား ၄၁ ဦးသည် ညီ‌နောင်မဟာမိတ် ၃ဖွဲ့ ထံသို့ လက်နက်ချပြီး အလင်းဝင်လာခဲ့ကြောင်း၊ စစ်သား ၄၁ ဦး အနက် ဒုတိယ တပ်ရင်းမှူး ၁ ဦး နှင့် တပ်ခွဲမှူး ၂ ဦးပါဝင်ကြောင်း သိရှိရပါသည်။

ကွမ်းလုံမြို့နယ်၊ ကာမိုင်းဒေသတွင် အခြေချတပ်ထိုင်ထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တပ်စခန်းအတွင်းတွင်သာ ခိုအောင်းခဲ့ကာ စစ်ကူများကိုစောင့်ဆိုင်းနေခဲ့ကြောင်း၊ အောက်တိုဘာလ (၂၈) ရက်နေ့ ညပိုင်းတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့ က ၎င်းတပ်ရင်းကို လက်နက်ချအလင်းဝင်ရန် တောင်းဆိုခဲ့ကြောင်း၊ အောက်တိုဘာ ၂၉ ရက်နေ့တွင် MNDAA မှ “ မိမိတို့တပ်မတော်ဟာ MNTJP ပါတီ၏ဦးဆောင်ညွှန်ကြားချက်အတိုင်း နိုင်ငံရေးတာဝန်ကိုထမ်းဆောင်နေတဲ့တော်လှန်ရေး အဖွဲ့အစည်းဖြစ်ကြောင်း၊ သူတစ်ပါးအားသတ် ခြင်းဟာ မိမိတို့၏ရည်ရွယ်ချက်မဟုတ်ကြောင်း၊ မိမိတို့တပ်ဖွဲ့ဝင်များအနေဖြင့် စစ်သုံ့ပန်းမူဝါဒကို တစ်စိုက်မတ်မတ်လိုက်နာပြီး စစ်သုံ့ပန်းများကို သဘောထားကြီးစွာဖြင့် ပြုစုစောင့်ရှောက်ပါမည်”ဟု တပ်မတော်၏ ရပ်တည်ချက်ကို ထုတ်ဖော်ပြောဆိုခဲ့ကြောင်း၊ ထို့နောက် နှစ်ဦးနှစ်ဘက်မှ တစ်နေ့လုံး ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး အောက်တိုဘာလ ၃၀ ရက်နေ့တွင် ခလရ (၁၄၃) ၏တပ်ဖွဲ့ဝင်များက လက်နက်ချပြီးအလင်းဝင်လာခဲ့ပါသည်။ စစ်ရေးပစ္စည်းများ၊ လက်နက်ခဲယမ်းများကိုလည်း တပ်စခန်းတွင် ထားရှိခဲ့ပြီး ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။

MNDAA က အလင်းဝင်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁ ဦးကို တစ်ဦးလျှင် လမ်းစရိတ် ၁၅သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်း ၇၀၀ ကျော်ပေးပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း၊ လက်ရှိအချိန် စစ်ကောင်စီတပ်ဖွဲ့တွင် လူအင်အားအလွန်ချို့တဲ့နေပြီး တပ်ရင်း (၁) ရင်းလျှင် လူအင်အား (၁၀၀)ခန့်သာရှိတော့ကြောင်း ထို့ပြင် ထွက်ပြေးသူ၊ ကျဆုံးသူများလည်း နေ့စဥ်နှင့်အမျှ ဆက်တိုက်တိုးများနေကြောင်း သိရှိရသည်။

“ ကာမိုင်းဒေသမှာရှိတဲ့ စစ်ကောင်စီတပ်ဟာ ယခုကဲ့သို့ တပ်ရင်း(၁)ရင်းလုံး လက်နက်ချ အလင်းဝင်တဲ့ အခြေအနေမျိုး လုံးဝမရှိခဲ့ကြောင်း၊ ဒါကိုကြည့်ခြင်းအားဖြင့် စစ်ကောင်စီတပ်၏ အတွင်းပိုင်းဟာ လုံးဝပျက်စီးနေပြီး ပြိုကွဲမည့်အခြေအနေသို့ရောက်ရှိနေပြီ ”ဟု MNDAA၏ ရှေ့တန်းအရာရှိတစ်ဦးက ပြောဆိုထားသည်။

ခလရ ၁၄၃ မှ ရရှိခဲ့သောပစ္စည်းများမှာ ဆက်သွယ်ရေးစက် ၃ ခု၊ ရိုင်ဖယ်သေနတ် ၂၇ လက်၊ စက်လက်အငယ် ၅ လက်၊ RPG ၂ လက်၊ Sniper (၁) လက်၊ စက်လက်အကြီး (၂) လက်၊ Type -82 စိန်ပြောင်း (၁) လက်၊ ၆၀မမ စိန်ပြောင်း (၂) လက်၊ ၅.၅၆ ကျည် (၁၁) ဖာ၊ ၅.၅၆ Shot Gun ကျည် (၈၀၀၀)တောင့်၊ အီနာဂါ (၃) ဖာ၊ ရိုင်ဖယ်ကျည်ကပ် (၁၃၀) ခု၊ MA-4 ဗုံးသီး(၈၀) လုံး၊ ဗုံးသီးအမျိုးမျိုး (၂၄၇) လုံး၊ ၈၂မမ ဗုံးသီး (၉၁) လုံး၊ ၁၀၀မမ ဗုံးသီး (၄၆) လုံး ၊ MA-4 (၄)လက် ၊ လက်ကိုင်ဖုန်း (၂၈) လုံး၊ စကားပြောစက် (၇) ခု၊ ဆန် (၃၈) အိတ်၊ Readymade Food (၁၂) ဖာ၊ ကုလားပဲ (၃) ပုံး၊ ဆေး (၅) ဖာ၊ စားသုံးဆီ (၃) ပုံး၊ လောင်စာဆီ (၃) ပုံး၊ ဝက် (၁) ကောင် တို့ကို သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး အလင်းဝင်လျှင်  စစ်သားဂုဏ်သိက္ခာမထိခိုက်ဘဲ  စောင့်ရှောက်ပေးမည်ဟု မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ...
01/11/2023

စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး အလင်းဝင်လျှင် စစ်သားဂုဏ်သိက္ခာမထိခိုက်ဘဲ စောင့်ရှောက်ပေးမည်ဟု မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ဖိတ်ခေါ်

■ စစ်ကောင်စီတပ်မှ အင်အား ၅၀ ရှိသော တပ်စခန်းတစ်ခုလုံး အညံ့ခံခဲ့၍ အသက်ချမ်းသာပေးပြီး လုံခြုံစွာ နေရာချထားပေး

ရန်ကုန်၊ နိုဝင်ဘာ ၁

စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး အလင်းဝင်လျှင် လူဂုဏ်သိက္ခာ၊ စစ်သားဂုဏ်သိက္ခာမထိခိုက်ဘဲ အချက် ၅ ချက်နှင့်အညီ စောင့် ရှောက်ပေးမည်ဟု မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ဖိတ်ခေါ်လိုက်သည်။

ကိုးကန့် MNDAA ၊ ရက္ခိုင့်တပ်တော် AA နှင့် တအာင်း TNLA တို့ပါဝင်သော မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က အောက်တို ဘာလ ၂၇ ရက်နေ့မှစတင်၍ Operation ၁၀၂၇ ကို စတင်ခဲ့ပြီး အောက်တိုဘာလ ၃၁ ရက်နေ့ ၅ ရက်တာကာလအတွင်း စခန်းကြီး၊ စခန်းငယ်၊ စစ်ဘက်ဆိုင်ရာ တပ်စခန်းပေါင်း ၈၀ ကျော်ကို သိမ်းဆည်းခဲ့ကြောင်း၊ ချင်းရွှေဟော်၊ ဖောင်းဆိုင်နှင့် သိန္နီမြို့များကို အလုံးစုံ ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့က ကြေညာသည်။

အောက်တိုဘာလ ၃၀ ရက်နေ့ စစ်ကောင်စီ၏ အင်အား ၅၀ ရှိသော တပ်စခန်းတစ်ခုလုံးကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့အနေဖြင့် ၂ နာရီအတွင်း ချေမှုန်း၍ ရနိုင်သော်လည်း အချိန်မီ အညံ့ခံခဲ့သောကြောင့် တစ်ယောက်မကျန် အသက် ချမ်းသာပေးပြီး ဘေးကင်းရာတွင် လုံခြုံစွာ နေရာချထားပေးခဲ့ကြောင်း၊ ၅ ရက်တာ စစ်ဆင်ရေး ကာလအတွင်း အသက်မသေလိုသည့် စစ်ကောင်စီဘက်တော်သား အလင်းဝင်လာသူ ၁၀၀ ကျော်ရှိကြောင်း တရားဝင် ကြေညာသည်။


စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် စစ်စခန်းများမှ တော်လှန်ရေးတပ်ဖွဲ့များထံသို့ လက်နက်အပ်၍ သော်လည်းကောင်း၊ အလင်းဝင် ရောက်၍ သော်လည်းကောင်း အမြန်ဆုံး ဆက်သွယ်ကြရန် အသိပေးအပ်ပြီး အလင်းဝင်လာသူများကို

၁- အသက်၊ အန္တရာယ်လုံခြုံရေးကို အထူး အာမခံပြီး လူ့ဂုဏ်သိက္ခာ၊ စစ်သားဂုဏ်သိက္ခာ မထိခိုက်ရအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊

၂- မည်သည့်ညှဉ်းပန်းနှိပ်စက်မှု၊ ဖမ်းဆီးချုပ်နှောင်မှုမျိုးမှ မပြုလုပ်ကြောင်း၊

၃- မိသားစု၊ ဆွေမျိုးများနှင့် အမြန်ဆုံး ပြန်လည် ပေါင်းစည်းခွင့်ရအောင် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊

၄-လမ်းခရီးတွင် သွားလာရန်အတွက် လိုအပ်မည့် ခရီးစရိတ်များကို အတတ်နိုင်ဆုံး ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊

၅- မကျန်းမမာဖြစ်နေသော သူများကိုလည်း မိမိတို့တွင်ရှိသော ကျန်းမာရေး ဝန်ဆောင်မှု စောင့်ရှောက်မှုများဖြင့် အတတ်နိုင်ဆုံး စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

“ကျွန်တော့်ပွဲကနေရရှိမယ့်ရန်ပုံငွေတွေကိုလည်း လက်ရှိမြေပြင်မှာ ထိထိရောက်ရောက် အကူအညီပေးနေတဲ့ မြန်မာနိုင်ငံကအဖွဲ့လေးတွေကို...
01/11/2023

“ကျွန်တော့်ပွဲကနေရရှိမယ့်ရန်ပုံငွေတွေကိုလည်း လက်ရှိမြေပြင်မှာ ထိထိရောက်ရောက် အကူအညီပေးနေတဲ့ မြန်မာနိုင်ငံကအဖွဲ့လေးတွေကို တိုက်ရိုက်ပေးသွားမှာပါ”

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်း ( ခေါ် ) ကင်မ်အဲရစ်နှင့် တွေ့ဆုံမေးမြန်းခြင်း

By ရန်ကုန်ခေတ်သစ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်း ( ခေါ် ) ကင်မ်အဲရစ်က မြန်မာပြည်သူတွေကို ကူညီထောက်ပံ့မှုတွေပေးနိုင်အောင်နဲ့ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ရရှိအောင် ရည်ရွယ်ပြီး Freedom Tattoo Campaign ကို အောက်တိုဘာ လ ၃၀ ရက်နေ့ကနေ ဒီဇင်ဘာလအထိ လုပ်ဆောင်မှာဖြစ်ပါတယ်။
ဒီကမ်ပိန်းပြုလုပ်ရတဲ့အကြောင်းကို အသေးစိတ်သိရအောင် ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်နဲ့ ရန်ကုန်ခေတ်သစ် က ဆက်သွယ်မေးမြန်းထားတာကို တင်ဆက်ပေးလိုက်ပါတယ်။

“ကျွန်တော့်ပွဲကနေရရှိမယ့်ရန်ပုံငွေတွေကိုလည်း လက်ရှိမြေပြင်မှာ ထိထိရောက်ရောက် အကူအညီပေးနေတဲ့ မြန်မာနိုင.....

စစ်ကောင်စီအတွက် အဓိက နိုင်ငံခြား ဝင်ငွေရှာပေးနေသည့် မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်း MOGE ကို အမေရိကန်က ဒဏ်ခတ်■ စစ်က...
01/11/2023

စစ်ကောင်စီအတွက် အဓိက နိုင်ငံခြား ဝင်ငွေရှာပေးနေသည့် မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်း MOGE ကို အမေရိကန်က ဒဏ်ခတ်

■ စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးမောင်မောင်မောင်အေး၊ ဝန်ကြီးချာလီသန်း၊ ဝန်ကြီးကံဇော် အပါအဝင် ကုမ္ပဏီ ၃ ခုနှင့် စစ်ကောင်စီအဖွဲ့ဝင် ၅ ဦးကို အရေးယူဒဏ်ခတ်

ရန်ကုန်၊ အောက်တိုဘာ ၃၁

စစ်ကောင်စီအတွက် အဓိက နိုင်ငံခြား ဝင်ငွေရှာပေးနေသည့် မြန်မာ့ရေနံနှင့်သဘာ၀ ဓာတ်ငွေ့လုပ်ငန်း MOGE ကို အမေရိကန်က ဘဏ္ဍာရေးအရ ဒဏ်ခတ် အရေးယူလိုက်ကြောင်း ယနေ့ တရားဝင် ထုတ်ပြန်ကြေညာသည်။

အမေရိကန်ပြည်ထောင်ငစုက MOGE ကို အရေးယူဒဏ်ခတ်ပိတ်ဆို့ရာတွင် ကနေဒါ ၊ ဗြိတိန်တို့နှင့်အတူ ပူးတွဲ စီးပွားရေးပိတ်ဆို့ခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံသားအနေဖြင့် စစ်ကောင်စီလက်အောက်ခံ MOGE ၏စီးပွားရေးနှင့် အကျိုးစီးပွားများနှင့်ပတ်သက်သော ငွေကြေးနှင့်ဘဏ္ဍာရေး ဝန်ဆောင်မှုများကို တိုက်ရိုက်၍သော်လည်းကောင်း၊ သွယ်၀ိုက်၍သော်လည်း လုပ်ကိုင်ခြင်းမပြုရန် တားမြစ်လိုက်ခြင်းဖြစ်သည်။

ထိုသို့ MOGE အပေါ် အရေးယူဒဏ်ခတ်လိုက်ခြင်းသည် စစ်ကောင်စီက မြန်မာပြည်သူများအပေါ် သတ်ဖြတ်နေသော လက်နက်ဝယ်ယူနေမှုများ အရေးယူဒဏ်ခတ်ခြင်းဖြစ်ကြောင်း၊ ထို့ပြင် စစ်ကောင်စီနှင့် ပတ်သက်နေသော လူပုဂ္ဂိုလ် ၅ ဦးနှင့် ကုမ္ပဏီ ၃ ခုကိုလည်း စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ကြောင်း၊ ဒဏ်ခတ်ပိတ်ဆို့မှုသည် လာမည့် ဒီဇင်ဘာလ ၁၅ ရက်နေ့ မှစတင်၍ အသက်ဝင်မည်ဖြစ်ကြောင်း အမေရိကန်က ကြေညာသည်။

“ MOEG အပေါ် ကနေဒါနဲ့ ဗြိတိန်တို့နဲ့အတူ အမေရိကန်က ပူးပေါင်းဆောင် ရွက်တဲ့ အရေးယူမှုဟာ မြန်မာစစ်တပ်အပေါ် ကျနော်တို့ စုပေါင်းဖိအားပေးတာဖြစ်ပြီး စစ်တပ်က အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်ဖို့အတွက် လိုအပ်တဲ့ လက်နက်နဲ့ ထောက်ပံ့ရေးတွေကို ပိတ်ဆို့တာဖြစ်ပါတယ်။ ကျနော်တို့က စုစည်းညီညွတ်မှုနဲ့ စစ်အစိုးရအပေါ် ကျူးလွန်မှုတွေ၊ အကြမ်းဖက်မှုတွေ ဆက် မလုပ်ဖို့၊ ကျူးလွန်မှုတွေအတွက် တာဝန်ယူဖို့ ဖိအားပေးတာဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ မြန်မာစစ်တပ်ကို ဆက်ပြီး ဖိအားပေးသွားမှာဖြစ်ပါတယ်" ဟု အမေရိကန်၊ ဘဏ္ဍာရေးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ Brain E. Nelsonက ပြောကြားသည်။

ထို့ပြင် စစ်ကောင်စီအတွက် ကာကွယ်ရေးပစ္စည်းများ ဝယ်ယူပေးခြင်း၊ မြန်မာစစ်တပ်နှင့်ပတ်သက်နေသည့် Sky Royal Hero Company Limited ၊ မြန်မာစစ်တပ်အတွက် လက်နက်များ ဝယ်ယူပေးနေသည့် စစ်တိုင်းအောင် ၏ ကုမ္ပဏီခွဲများဖြစ်သည့် Suntac Technologies Company Limited ၊ Suntac International Trading Company Limited တို့ကို ဒဏ်ခတ်ပိတ်ဆို့ကြောင်း ကြေညာသည်။

အလားတူ မြန်မာစစ်တပ်မှ ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေး ၊ မြန်မာစစ်ကောင်စီက ခန့်ထားသော စက်မှုဝန်ကြီး ချာလီသန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်ပစီးပွားရေး ဆက်ဆံရေးဝန်ကြီး ကံဇော်၊ တရားရေးရာဝန်ကြီးဌာနမှ ညွှန်ချုပ် ဆွေဆွေအောင်၊ ပြည်ထဲရေးဝန်ကြီးဌာနမှ အကျဉ်းဦးစီးဌာန ညွှန်ချုပ် ဇော်မင်းတို့ကိုလည်း ဒဏ်ခတ်ပိတ်ဆို့လိုက် ကြောင်း သိရှိရသည်။

မြန်မာစစ်တပ်၏ သွေးစွန်းငွေများ ဖြတ်တောက်ရေးလှုပ်ရှားမှု Blood Money Campaign မှ တာဝန်ခံ အဖွဲ့ဝင်တစ်ဦး က "အမေရိကန် အစိုးရက အခုအသစ်ချမှတ်လိုက်တဲ့ ပိတ်ဆို့မှုက စစ်အုပ်စုကို အထိနာစေမှာသေချာပါတယ်။ စစ်အုပ်စုရဲ့ အဓိက နိုင်ငံခြားဝင်လမ်းကြောင်းဖြစ်တဲ့ မြန်မာ့ရေနံနှင့်သဘာ၀ ဓာတ် ငွေ့လုပ်ငန်း (MOGE) ကို အမေရိကန်ဒေါ်လာပေးချေမှုအားလုံးကိုကန့် သတ်လိုက်တဲ့အပြင်၊ တခြားဘဏ္ဍာရေးနဲ့ဆက်စပ်တဲ့ဝန်ဆောင်မှုအားလုံးကိုပိတ်လိုက်တာပါ။ စစ်တိုက်ဖို့အတွက် ဒေါ်လာ သေလုမတ်လိုအပ်နေချိန်မှာ အခုလိုပိတ်ဆို့လိုက်တာက စစ်အုပ်စုအတွက်တော်တော်ကိုထိခိုက်မှုကြီးပါလိမ့်မယ်" ဟု သုံးသပ်ပြောဆိုသည်။

မူဆယ်၊ နမ့်ခမ်း၊ ကွက်ခိုင်နှင့်လားရှိုးမြို့နယ် တို့ရှိ စစ်ကောင်စီတပ်စခန်း ၄ ကို ထပ်မံသိမ်းပိုက်ရရှိ၊ စစ် သား ၄ ဦး အရှင်...
31/10/2023

မူဆယ်၊ နမ့်ခမ်း၊ ကွက်ခိုင်နှင့်လားရှိုးမြို့နယ် တို့ရှိ စစ်ကောင်စီတပ်စခန်း ၄ ကို ထပ်မံသိမ်းပိုက်ရရှိ၊ စစ် သား ၄ ဦး အရှင်ဖမ်းမိပြီး ဆက်လက်တိုက်ပွဲပြင်းထန်

ရန်ကုန်၊ အောက်တိုဘာ ၃၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှို့းမြို့နယ်၊ နမ့်ခမ်းမြို့နယ် ၊ မူဆယ်မြို့နယ် နှင့်ကွက်ခိုင်မြို့နယ်တို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်း ၄ ခုကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကာ စစ်သား ၄ ဦးကို အရှင်ဖမ်းမိခဲ့ ကြောင်း TNLA သတင်း နှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။

ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၄ နာရီခန့်အချိန် တအာင်းပြည် နယ်၊ တပ်မဟာ ၄ စစ်ဒေသ လားရှိုးနှင့် သိန္နီမြို့နယ်ကြားရှိ စစ်ကောင်စီ၏ မိုင်းပါးတပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA မှ သွားရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ပြီး တပ်မဟာ ၁ စစ်ဒေသ နမ့်ခမ်းမြို့နယ်၊ ဟတ်ယိုင်(ဟဲယိုင်) စစ်ကောင်စီ တပ်စခန်းကို မွန်းလွဲ ၂ နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

အလားတူ တပ်မဟာ ၁ စစ်ဒေသ နမ့်ခမ်းမြို့နယ်၊ ကံကော်တောင် စစ်ကောင်စီ တပ်စခန်းကို မွန်းလွဲ ၂ နာရီခွဲခန့်တွင် လည်း ကောင်း၊ တပ်မဟာ ၁ စစ်ဒေသ၊ မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ စစ်ကောင်စီနှင့် ပြည် သူ့စစ် - ပ.သ.စ ပူးပေါင်း တပ်စခန်း ၄၅၆၁ ကို ညနေ ၃ နာရီ ၁၅ မိနစ်တွင် လည်းကောင်း သိမ်းပိုက် နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် တပ်မဟာ ၅ စစ်ဒေသ ကွတ်ခိုင်မြို့နယ်၊ ရူခင်းသာ စစ်ကောင်စီ တပ်စခန်းကို အောက်တိုဘာ ၂၇ရက်နေ့က စတင် တိုက်ခိုက်ခဲ့ပြီး ယနေ့ အောက်တိုဘာ ၃၁ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက် နိုင်ခဲ့ကြောင်း၊ တပ်မဟာ ၆ စစ်ဒေသ၊ လားရှိုးမြို့နယ်၊ မိုင်းကျက်တပ်စခန်းကို ယနေ့ အောက်တိုဘာ ၃၁ ရက်နေ့အထိ ၅ရက်နေ့မြောက်အဖြစ် ဆက်လက် တိုက်ခိုက်နေဆဲဖြစ်ကြောင်း TNLA သတင်းနှင့်ပြန် ကြားရေးဌာနထံမှ သိရသည်။

ယနေ့ အောက်တိုဘာ ၃၁ ရက်နေ့တွင် စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု ဂျက်ဖိုက်တာ ဖြင့် ၈ ကြိမ်၊ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ် ဖြင့် ၄ ကြိမ် လာရောက်ပစ်ကူတိုက်ခိုက်ခဲ့သည့်အပြင် တပ်မ ဟာ ၂ စစ်ဒေသ၊ ကျောက်မဲမြို့နယ်ဘက်တွင်လည်း ကျောက်မဲမြို့ရှိ စစ်ကောင်စီတပ်က ၁၂၀ မမ ၊ ၁၀၅ မမ ဟောင်ဝစ်ဇာအမြောက်များဖြင့် ပန်စံကျေးရွာဘက်သို့ ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့တွင် TNLA တပ်မဟာ ၁ မှ အကြမ်းဖက် စစ်ကောင်စီတပ်သား ၄ ဦး ကို လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ဖမ်းဆီးရရှိခဲ့ပြီး တအာင်းတပ်မတော် PSLF/TNLA က စစ်ကောင် စီတပ်စခန်း ၄ ခု ထပ်မံရရှိ ကာ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ ဦးသေဆုံးရန်ကုန်၊ အောက်တိုဘာ ၃၁ မြန်မာနိုင်ငံတစ်ဝန်း အောက်တိုဘာလ ၃၁ ရက်နေ့ ရ...
31/10/2023

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၃၁

မြန်မာနိုင်ငံတစ်ဝန်း အောက်တိုဘာလ ၃၁ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

ที่อยู่

ด่านเจดีย์สามองค์
Kanchanaburi
71240

เบอร์โทรศัพท์

+959794735037

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Nway Oo - Newsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Nway Oo - News:

วิดีโอทั้งหมด

แชร์


บริษัทด้านสื่อ/ข่าวสาร อื่นๆใน Kanchanaburi

แสดงผลทั้งหมด