ဝက်သား၊ ကြက်သား၊ ငါး အသားစုံပါဝင်တဲ့ ကချင်ငါးခေါင်းမျှစ်ချဉ်ဟင်း
ချဉ်ချဉ်စပ်စပ် ကချင်ငါးခေါင်းမျှစ်ချဉ်ဟင်းနဲ့ နာမည်ကြီးတဲ့ "မွှေး" ထမင်းဆိုင်လေးပါ။
မျှစ်ဖူးနုနုလေးကို ဝက်နံရိုးနဲ့ အချိန်အကြာကြီးပြုတ်ထားပြီး ငါးခေါင်း၊ ဝက်စတူး၊ ဝက်သည်း၊ ကြက်သည်းကြက်မြစ်၊ ငါးဖယ် စတဲ့ အသားအစုံ ထည့်ချက်ထားတဲ့ ဒီဆိုင်ရဲ့ ငါးခေါင်းမျှစ်ချဉ်ဟင်း ပူပူလေးကိုတော့ စားဖူးသူတိုင်း အရမ်းကြိုက်ကြပါတယ်။ နှစ် ၂၀ ကျော်နေပြီဖြစ်တဲ့ ဒီထမင်းဆိုင်လေးမှာ ဟင်းတွေလည်း အမယ်စုံရနိုင်ပြီး ကချင်ဒေသခံတွေရဲ့ လက်ရာစစ်စစ်ကို စားရမှာပါ။ ကချင်ချက်အပြင် ဗမာချက် ဟင်းလျာတွေလည်းရနိုင်ပြီး လိပ်စာကတော့ စာဂလမ်းနဲ့ (၁၉) လမ်းထောင့် တောင်ဥက္ကလာပမြို့နယ်မှာ ရှိပါတယ်။
#Duwun #DuwunLifestyle #မွှေးထမင်းဆိုင် #ကချင်ငါးခေါင်းမျှစ်ချဉ်
တောအုပ်ထဲမှာ ကစားနေရသလို ဖန်တီးထားတဲ့ သဘာဝစာသင်ခန်း
ကလေးသဘာဝအတိုင်း ပျော်ပျော်ပါးပါး စာသင်ပြီး ကစားနိုင်စေမယ့် သဘာဝစာသင်ခန်းလေးတစ်ခု...
နည်းပညာတိုးတက်လာတဲ့ အခုလိုခေတ်အခါမှာ ကလေးတွေကို ဖုန်းတွေ၊ Tablet တွေနဲ့ပဲ အချိန်ကုန်စေတာမျိုး မဟုတ်ဘဲ သဘာဝနဲ့အတူ လွတ်လွတ်လပ်လပ် ကစားကြစေဖို့ ဒီစာသင်ခန်းလေးကို ဖန်တီးပေးထားတာပါ။ ဒီမှာတက်နေတဲ့ ကလေးတွေဟာ ဘက်စုံဖွံ့ဖြိုးမှု၊ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုဆက်ဆံရေးတွေမှာ တိုးတက်လာကြတာကို တွေ့မြင်ရတယ်လို့ တည်ထောင်သူ ဆရာမ ဒေါ်မာနွယ်အေးက ဆိုပါတယ်။ ဒီစာသင်ခန်းလေးမှာတော့ အသက် ၂ နှစ်အရွယ်က စတင်လက်ခံပြီး လိပ်စာကတော့ အမှတ် ၆၈/၂ ဦးမောင်မောင်ခြံလမ်း၊ လှိုင်မြို့နယ်မှာပါ။
#Duwun #DuwunLifestyle #သဘာဝစာသင်ခန်း
စျေးတန်လွန်းလို့ စားသုံးသူက စျေးတက်ဖို့ပြောရတဲ့ ပုံစားထမင်းဆိုင်
ဈေးနည်းနည်းနဲ့ ထမင်းဟင်း ဝဝလင်လင်စားရမယ့် "လက်ဆုံ" ပုံစားထမင်းဆိုင်လေးပါ။
ဒီဆိုင်လေးမှာ ထမင်းတစ်ခါပြင်ကို (၂၂၀၀) ကျပ်ကျသင့်ပြီး အသားဟင်း၊ အရံဟင်း၊ အရည်သောက်နဲ့ ငါးပိရည် တို့စရာတို့ အစုံအလင် ပါဝင်ပါတယ်။ ဒီဆိုင်က ဈေးတန်လွန်းလို့ စားသုံးသူတွေက တစ်ခါတစ်လေ ပိုက်ဆံပိုပေးသွားကြတဲ့အပြင် ဈေးတက်ပါဆိုပြီး အမြဲပြောကြတယ်လို့ ဆိုင်ရှင်ကဆိုပါတယ်။ ဒီလို ဈေးလည်းတန်ပြီး ထမင်းနဲ့ ဟင်းတွေလည်း များများထည့်ပေးတဲ့ ပုံစားထမင်းဆိုင်လေးရဲ့ လိပ်စာကတော့ ပြည်လမ်းမပေါ်၊ မြေနီကုန်းမီးပွိုင့်အနီး Red Hill Tower ဘေးက ဆန်းသီရိလမ်းသွယ်ထဲမှာရှိပြီး တနင်္ဂနွေနဲ့ အစိုးရရုံပိတ်ရက်တွေဆို ဆိုင်ပိတ်ပါတယ်။
#Duwun #DuwunLifestyle #ထမင်းဆိုင် #လက်ဆုံ
တုတ်ထိုးရောင်းရငွေနဲ့ အမေ့ကို ဆေးကုပေးနိုင်ခဲ့တဲ့ ၁၀၀ တန် တုတ်ထိုးဆိုင်ရှင်
၁၀၀ တန် တုတ်ထိုးဆိုင်ရှင်ဟာဆိုရင် ကင်ဆာဖြစ်နေတဲ့ မိခင်ကို တုတ်ထိုးရောင်းရငွေနဲ့ ဆေးကုပေးနေတာပါ။
အခုလို ကုန်ဈေးနှုန်းတွေ တက်နေချိန်မှာ လူတန်းစားမရွေး စားနိုင်အောင် ၁၀၀ ကျပ်တန် တုတ်ထိုးအစုံကို လုပ်ရောင်းဖြစ်တယ်လို့ သိရပါတယ်။ တုတ်ထိုးချောင်းလေးတွေကို စီစီရီရီ ညီနေအောင် ထားပေးထားပြီး အချဉ်ရည်ကိုလည်း အချိုမှုန့်မသုံးဘဲ သန့်သန့်ရှင်းရှင်း ဖျော်ပေးထားတာပါ။ တုတ်ထိုးအမျိုးအစားလည်း စုံစုံလင်လင်ရတဲ့ ဒီဆိုင်လေးရဲ့လိပ်စာကတော့ မရမ်းကုန်းမြို့နယ်၊ သမိုင်းမြို့ဟောင်း ၇ လမ်းနဲ့ ၈ လမ်းကြား၊ အလောင်းဘုရားလမ်းမပေါ်၊ ပဌာန်းဓမ္မာရုံအရှေ့ မှာရှိပါတယ်။
#Duwun #DuwunLifestyle #၁၀၀တန်တုတ်ထိုး
အမဲသားဟင်းမျိုးစုံကို တစ်ပွဲ (၁၅၀၀) ကျပ်နဲ့ စားနိုင်မယ့်ဆိုင်
အမဲဦးနှောက်စလို့ အမဲအူကြမ်း၊ အမဲလျှာ၊ အမဲအသည်း စတဲ့ဟင်းလျာတွေနဲ့ တိုရှည်၊ ပူရီ၊ ချာပါတီတွေပါရနိုင်မယ့် ဆိုင်လေး
"ရွှေတမာ" လို့ခေါ်တဲ့ ဒီထမင်းကြော်ဆိုင်လေးမှာတော့ ဈေးတန်ပြီး အမဲသားဟင်းလျာမျိုးစုံ ရနိုင်ပါတယ်။ ဒီလို အသားဟင်းတွေကို တစ်နေ့စာတစ်နေ့ပဲ ချက်ရောင်းလို့ သန့်ရှင်းပြီး မဆလာနံ့သင်းသင်းလေးနဲ့ စားရမှာပါ။ ဈေးနှုန်းတွေအနေနဲ့လည်း အအသားဟင်းအလွတ်တစ်ပွဲကို (၁၅၀၀) ကျပ်သာကျသင့်ပြီး တိုရှည်၊ ပူရီနဲ့ ချာပါတီတွေကတော့ တစ်ပွဲ (၁၀၀၀) ကျပ်ပါ။ ဆိုင်လေးကတော့ ၂၃ လမ်းနဲ့ ၂၄ လမ်းကြား၊ မဟာဗန္ဓုလလမ်းမပေါ်မှာ ရှိပါတယ်။
#Duwun #DuwunLifestyle #အမဲသား
ဆိုင်မဖွင့်ခင် တန်းစီပြီးစောင့်စားရတဲ့အထိ နာမည်ကြီးတဲ့ မွှေးမွှေးလေးမုန့်ဟင်းခါး
မွှေးမွှေးလေးမုန့်ဟင်းခါးဆိုင်မှာတော့ မုန့်ဟင်းခါးအိုးကြီးကို မနက်တစ်အိုး၊ ညတစ်အိုး ချက်ရတဲ့အထိ အမြဲ လူကြိတ်ကြိတ်တိုးနေတာပါ။
စားသုံးသူတွေက ဒီဆိုင်ရဲ့ မုန့်ဟင်းခါးကို အခြားမုန့်ဟင်းခါးတွေထက် ပိုပြီးကြိုက်တယ်လို့ ပြောကြပါတယ်။ ညနေ ၅ နာရီကျော် ဆိုင်စဖွင့်ချိန်ဆိုရင် စားသုံးသူတွေက မဖွင့်ခင်တည်းက စောင့်နေကြပါပြီ။ လူမျိုးဘာသာမရွေး စားလို့ရပြီး ပါဝင်ပစ္စည်းတွေကိုလည်း မခိုဘဲ အရသာကိုအမြဲထိန်းထားတယ်လို့ ဆိုင်ရှင်ကဆိုပါတယ်။ လိပ်စာကတော့ မရမ်းကုန်းမြို့နယ်၊ သမိုင်း (၁) ရပ်ကွက်၊ အလောင်းဘုရားလမ်းမပေါ်၊ ၅ လမ်းထိပ်မှာပါ။
#Duwun #DuwunLifestyle #မွှေးမွှေးလေးမုန့်ဟင်းခါး
မိုးညှင်းရှမ်းခေါက်ဆွဲကို အရသာကောင်းကောင်းစားရမယ့် အားညယ်
#Duwun #DuwunLifestyle #မိုးညှင်း #အားညယ် #ရှမ်းအစားအစာ #ကချင်အစားအစာ
ရှားပါးပြီး အာဟာရပြည့်ဝတဲ့ အမဲစွပ်နဲ့ ဆိတ်စွပ်တွေ ရနိုင်မယ့် အနော်လာလမ်းကျယ်ဆိုင်လေး
#Duwun #DuwunLifestyle #အမဲစွပ် #ဆိတ်စွပ် #အာဟာရပြည့်အစားအစာ
စစ်ကိုင်းခိုတောင်ရွာက လက်ရာအတိုင်း စားရမယ့် ကြည်နု ခိုတောင်မုန့်တီ
မုန့်ဖတ်သားကအစ နူးနူးညံ့ညံ့လေးနဲ့ ဆိမ့်ပြီး စားကောင်းလှတဲ့ ခိုတောင်မုန့်တီဆိုင်လေးနဲ့ မိတ်ဆက်ပေးပါရစေ။
ဒီဆိုင်က ခိုတောင်မုန့်တီကို စားဖူးသူတိုင်း ကြိုက်နှစ်သက်ကြလွန်းလို့ ရန်ကုန်မြို့တွင်း မြို့နယ်အသီးသီးက တကူးတက လာဝယ်စားကြပါတယ်။ မုန့်ဖတ်၊ ပိတ်ဆွယ်နဲ့ ပဲမှုန့်တွေကို စစ်ကိုင်းကနေပဲ မှာယူပြီး အသုံးအဆောင်ပစ္စည်လေးတွေကအစ စစ်ကိုင်းဒေသ ပုံစံအတိုင်းလေးပဲ လုပ်ထားတာပါ။ ဒီဆိုင်မှာ ခိုတောင်မုန့်တီတစ်မျိုးပဲ ရောင်းတာဖြစ်ပြီးတော့ တွဲဖက်စားစရာ အသား (၄) မျိုးရှိပါတယ်။ ဆိုင်လေးကတော့ ဗဟန်း (၃) လမ်းထဲမှာရှိပြီး မနက် (၆) နာရီကနေ ညနေ (၅) နာရီကျော်အထိဖွင့်ပါတယ်။
#Duwun #DuwunLifestyle #ကြည်နု #ခိုတောင်မုန့်တီ
US အပါအဝင် ပြည်ပ ၄ နိုင်ငံအထိ တင်ပို့ရောင်းချနေရတဲ့ လှည်းတန်းကိုပုရစ်
ပုရစ်တွေကို သေချာသန့်စင်ပြီး လတ်လတ်ဆတ်ဆတ် ကြော်ရောင်းလို့ အရမ်းရောင်းကောင်းတဲ့ လှည်းတန်းကိုပုရစ်ဆိုင်လေးပါ။
တစ်ရက်ကို ပုရစ်ကြော် အကောင်ရေ (၅,၀၀၀) လောက်ရောင်းရပြီး ရန်ကုန်မြို့တွင်းမှာသာမက ပြည်ပက မြန်မာလူမျိုးအထိပါ နာမည်ကြီးပါတယ်။ အရသာရှိအောင် ပုရစ်တွေကို ချင်း၊ ကြက်သွန်ဖြူ၊ အရသာမှုန့်တွေနဲ့ နှပ်ထားပြီး တစ်နေ့စာတစ်နေ့ ကြော်ရောင်းတာပါ။ ဆိုင်မှာတော့ ပုရစ်ကြော်အပြင် ရာသီပေါ်စာ ဖောင်စီးကဏန်း၊ ဖားကြော်နဲ့ ပိုးစာကြော်တို့လည်းရနိုင်ပါတယ်။ လှည်းတန်းကိုပုရစ်ဆိုင်နေရာလေးကတော့ လှည်းတန်းစိန်ဂေဟာရှေ့မှာရှိပါတယ်။
#Duwun #DuwunLifestyle #လှည်းတန်းကိုပုရစ် #ပုရစ်ကြော်
ပရိဘောဂအဟောင်းတွေကို အနုပညာဖြင့် ပြန်လည်အသက်သွင်းသူ
ကိုမစ်ကီကတော့ သင်္ဘောသားအလုပ်ကထွက်ပြီး ပရိဘောဂအဟောင်းတွေကို ပြန်လည်အလှဆင်တဲ့လုပ်ငန်းကို လုပ်ကိုင်နေတာပါ။
သစ်တောတွေကို ကာကွယ်ချင်တဲ့ စိတ်ကူးနဲ့ ဒီလုပ်ငန်းကိုစတင်ခဲ့တာဖြစ်ပြီး သားဖြစ်သူရဲ့အိပ်မက်ကို ဖြည့်ဆည်းပေးခဲ့တာလည်း ဖြစ်ပါတယ်။ အရမ်းဟောင်းနွမ်းနေတဲ့ ပရိဘောဂတွေကို ခေတ်မှီတဲ့ပုံစံဖြစ်အောင် မွမ်းမံပြီး ဖခင်ဖြစ်သူရဲ့ ပန်းချီလက်ရာနဲ့ ထပ်မံပေါင်းစပ်လိုက်တဲ့အခါမှာ အခုလိုထူးခြားတဲ့ ပရိဘောဂတွေဖြစ်လာတာပါ။ ကိုမစ်ကီရဲ့
Mickey's Real Wood Upcycled Furniture ဆိုင်လေးကတော့ မရမ်းကုန်းမြို့နယ်၊ အမှတ် B-1၊ ဘုရင့်နောင်လမ်း၊ ကျောက်ရေတွင်းမှာရှိပါတယ်။
#Duwun #DuwunLifestyle #Mickey'sRealWoodUpcycledFurniture
တစ်နေ့ကို လူအယောက် (၆၀) အခမဲ့ ညှပ်ပေးတယ်
ဘယ်သူမဆို အခမဲ့ဝင်ညှပ်လို့ရတဲ့ ဗိုလ်တထောင် ၄၆ လမ်းထိပ်က ပရဟိတ ဆံပင်ညှပ်ပေးတဲ့နေရာလေးပါ။
ဒီလိုညှပ်ပေးလာတာ ၁ နှစ်ကျော်လောက် ရှိနေပြီဖြစ်ပြီး Myanmar Barber Academy က ဆရာ James နဲ့အတူ သင်တန်းသားတွေက ညှပ်ပေးကြတာပါ။ ဒီနေရာလေးကို လူတန်းစားမျိုးစုံလာကြပြီး တစ်ပတ်ကို စနေ တနင်္ဂနွေ ၂ရက် ညှပ်ပေးနေတယ်လို့သိရပါတယ်။ လမ်းကြုံဝင်ညှပ်ကြသူတွေရှိသလို အဝေးကြီးကနေပါ တကူးတက လာညှပ်ကြပြီး တစ်ရက်ကို အယောက် (၆၀) လောက်အထိ ညှပ်ပေးရတယ်လို့လည်း ဆရာ James က ပြောပါတယ်။
ဒီလို ပရဟိတဆံပင်ညှပ်ပေးနေတဲ့ နေရာလေးကတော့ ဗိုလ်တထောင် ၄၆ လမ်းထိပ်၊ မဟာဗန္ဓုလလမ်းထောင့်မှာရှိပြီး မနက် ၉ နာရီကနေ ၁၂ နာရီအတွင်းတစ်ကြိမ် နဲ့ နေ့လည် ၁ နာရီကနေ ၃ နာရီအတွင်းတစ်ကြိမ် ဖွင့်ပါတယ်။
#Duwun #DuwunLifestyle #MyanmarBarberAcademy
တစ်နေ့ကို အလုံးရေ တစ်ထောင်ကျော်လောက် ရောင်းရတဲ့ "ရန်ကုန်ပေါင်မုန့်ဆိုင်"
နူးညံ့ပြီး Quality ကောင်းတဲ့ အိမ်လုပ်ပေါင်မုန့်တွေကြောင့် လူကြိုက်များတဲ့ "ရန်ကုန်ပေါင်မုန့်ဆိုင်" လေးပါ။
မုန့်စလုပ်ခဲ့တုန်းက Second Hand မုန့်ဖုတ်စက်လေးပဲသုံးပြီး အတွေ့အကြုံတွေယူခဲ့ရာက အခုလို အရမ်းရောင်းကောင်းတဲ့ မုန့်ဆိုင်ဖြစ်လာတာပါ။ ဆိုင်က ပေါင်မုန့်တွေကို စားဖူးသူတိုင်း ကြိုက်နှစ်သက်ကြလို့ အသိမိတ်ဆွေအချင်းချင်း လက်ဆောင်ပြန်ပေးလေ့ရှိကြတယ်လို့ ဆိုင်ရှင်ကဆိုပါတယ်။ ရန်ကုန်ပေါင်မုန့်ဆိုင်လေးကတော့ ကြည့်မြင်တိုင်မြို့နယ် ညဈေးဝင်းအတွင်းထဲက အမှတ် ၄၇၊ ဗိုလ်သူရလမ်းထောင့်၊ ကျောင်းကြီးလမ်းမှာရှိပါတယ်။
#Duwun #DuwunLifestyle #ရန်ကုန်ပေါင်မုန့်ဆိုင် #ပေါင်မုန့်
လူပေါင်း ၁၄၀ ကျော် စိတ်ဝင်တစား ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ SCSC Triathlon ပြိုင်ပွဲ
ရေကူး ၊ စက်ဘီးစီး နဲ့ အပြေး အားကစား (၃) မျိုးလုံး တစ်ပြိုင်တည်း ယှဉ်ပြိုင်ရတဲ့ SCSC Triathlon ပြိုင်ပွဲကြီးကိုတော့ Star City Sports Club မှာ ဇွန်လ ၁ ရက်နေ့ နဲ့ ၂ ရက်နေ့တို့မှာ (၂) ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဒီပြိုင်ပွဲကို Berocca For Myanmar က Title Sponsor အဖြစ် အားဖြည့်ထားပြီးတော့ ပါဝင်ယှဉ်ပြိုင်သူ အယောက် (၁၄၀) ကျော် ရှိခဲ့ပါတယ်။ ဆုငွေတွေကို Pro ၊ Solo ၊ Relay ဆိုပြီး Category (၃) မျိုးခွဲထားပြီး ပြိုင်ပွဲတစ်ခုချင်းစီတိုင်းမှာ အနိုင်ရရှိသူတွေကို -
Pro (၃) ဆု
Solo (Male) (၅)ဆု
Solo (Female) (၅)ဆု
Relay အဖွဲ့လိုက်အတွက် (၅) ဆုဆိုပြီး အသီးသီးပေးအပ်ခဲ့ပါတယ်။
ဒီလိုတက်ကြွလှုပ်ရှားဖွယ် အားကစားပြိုင်ပွဲပုံရိပ်တွေကို ပရိသတ်တို့အတွက် အခုလိုပဲ ဝေမျှပေးလိုက်ရပါတယ်။
#DuwunLifestyle #DuwunSports
#BeroccaSCSCTriathlon #StarCitySportsClub #Berocca #TriathloninMyanmar #Yomland
"ပဲပေါင်းအရသာကြိုက်လို့ ပဲခူးကတောင် တကူးတက လာဝယ်ကြတယ်"
လသာတရုတ်တန်းက သက်တမ်း ၄၈ နှစ်ရှိနေပြီဖြစ်တဲ့ "ရာစုသစ်" ပဲပေါင်း၊ ပဲနို့ရည်ဆိုင်လေးပါ။
ဒီဆိုင်မှာတော့ ပဲပေါင်း၊ ပဲနို့ရည်နဲ့ ကြက်ဥပေါင်း ၃ မျိုးပဲရောင်းတာဖြစ်ပြီး ဘာဆေးဝါးမှမထည့်ဘဲ သဘာဝအတိုင်း အရသာကို နှစ်ပေါင်းများစွာ ထိန်းသိမ်းလာခဲ့တာပါ။ ပဲပေါင်းက ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပြီး အရသာအနေနဲ့ ချိုစိမ့်ပြီး ပဲပြားအရသာရှိပါတယ်။ ရန်ကုန်တွင်း မြို့နယ်အသီးအသီးက လာဝယ်စားကြသလို ပဲခူးကတောင် လာဝယ်တဲ့ စားသုံးသူတွေရှိတယ်လို့ ဆိုင်ရှင်ကဆိုပါတယ်။ ဆိုင်လေးကတော့ လသာမြို့နယ် မဟာဗန္ဓုလလမ်းနဲ့ ၂၁ လမ်းထိပ်မှာရှိပါတယ်။
#Duwun #DuwunLifestyle #ရာစုသစ်
#ပဲပေါင်း #ပဲနို့ရည် #ကြက်ဥပေါင်း
ငါးဖယ်စစ်စစ်၊ ပင်လယ်စာတို့နဲ့ ကိုယ်တိုင်ဖန်တီးထားတဲ့ စိန်သီးငါးတို့ဖူး
#Duwun #DuwunLifestyle #စိန်သီးငါးတို့ဖူး #SeinThee #ငါးတိုဖူး
အွန်လိုင်းမှာ စမ်းရောင်းကြည့်ရာကနေ ဆိုင်ခွဲ ၃ ဆိုင်ဖြစ်လာတဲ့ Two Brothers
Two Brothers ဆိုရင် ဘဲကင်နဲ့ပဲ တွဲမြင်ကြတဲ့အထိ ဘဲကင် ကောင်းကောင်းရတဲ့ဆိုင်လေးပါ။
ဘဲကင်ကို စည်ပိုင်းထဲမှာ မီးအေးအေးနဲ့ နူးညံ့ပြီးအိနေအောင် ကင်ထားလို့ အခြားဘဲကင်တွေနဲ့မတူဘဲ လူကြိုက်များနေတာပါ။ အစပိုင်းကတော့ အွန်လိုင်းမှာပဲ အရင်စမ်းရောင်းကြည့်ရာကနေ အားပေးသူတွေ အရမ်းများလာလို့ အခုဆို ဆိုင်ခွဲ (၃) ဆိုင်တောင် ဖွင့်ထားပြီးပါပြီ။ ဆိုင်တွေကိုတော့ ရန်ကင်း၊ မြောက်ဒဂုံနဲ့ ကြည့်မြင်တိုင်မှာ ဖွင့်ထားပြီး ထိုင်စားလို့ရတဲ့ ရန်ကင်းဆိုင်ရဲ့လိပ်စာကတော့ 57 (A), သာယာရွှေပြည်လမ်း၊ ဘောက်ထော်၊ ရန်ကင်းမှာပါ။
#duwunceleyatkwat #TwoBrothers #ဘဲကင်
အရင်းတောင် ပြန်မရခဲ့တဲ့နေ့ရက်တွေကနေ ခုတော့ နိုင်ငံ ၂၀ ကျော်ကို တင်ပို့နိုင်ခဲ့ပြီ
သန့်ရှင်းပြီး အရည်အသွေးကောင်းတဲ့ မြန်မာအစားအစာတွေကို နိုင်ငံပေါင်း (၂၀) ကျော်အထိ တင်ပို့ရောင်းချနေရတဲ့ အားပုတုစားသောက်ကုန်ပါ။
ဒီလိုလုပ်ငန်းလေးဖြစ်လာအောင် နေ့ရက်ပေါင်းများစွာ အတူတူကြိုးစားလာခဲ့ရင်း အခုဆို စားသုံးသူတွေကြား အတော်လေး နာမည်ရလာခဲ့ပါပြီ။ မွှကြော် (ကြက်သား၊ ဝက်သား၊ အမဲသား) တွေအပါအဝင် မြန်မာအစားအစာ အတော်များများရနိုင်ပြီး ငါးကျည်းကြပ်တိုက်ကတော့ လူကြိုက်အများဆုံးပါ။ မှာယူချင်ရင်တော့ အားပုတု အစားအသောက် လုပ်ငန်း page ကို တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။
#Duwun #DuwunLifestyle #အားပုတုစားသာက်ကုန် #မြန်မာအစားအစာ
ဈေးသက်သာပြီး ဟင်းအစုံနဲ့စားရမယ့် ၁၅၀၀ တန်ထမင်းဆိုင်
#Duwun #DuwunLifestyle #KayKay #ကေကေမြန်မာထမင်းဆိုင်
လမ်းဘေးဆိုင်လေးကနေ ဆိုင်ခန်းနဲ့ ဖွင့်နိုင်လာတဲ့ အဝစား ၃၅၀၀ တန် ရွှေညာသူထမင်းဆိုင်
လမ်းဘေးလက်ဖက်သုပ်ဆိုင်လေးနဲ့ စခဲ့တဲ့ ရွှေညာသူဟာ အခုဆို ဝန်ထမ်းအယောက် ၂၀ နဲ့ ဟင်းအမျိုးပေါင်း ၄၀ လောက်ရောင်းနေတဲ့ အဝစား ထမင်းဆိုင်လေးဖြစ်နေပါပြီ။
ထမင်းတစ်ခါအဝစား ၃၅၀၀ ကျပ်သာကျသင့်ပြီး အရံဟင်းလည်း အစုံအလင်ပါဝင်ပါတယ်။ ရွှေဘိုဆန်ကိုသာသုံးပြီး အသားငါးနဲ့ ဟင်းသီးဟင်းရွက်တွေ လတ်လတ်ဆတ်ဆတ်ရအောင် ဈေးဒိုင်ကြီးတွေအထိ ကိုယ်တိုင်သွားဝယ်တယ်လို့ ဆိုင်ရှင်ကဆိုပါတယ်။ ဆိုင်လိပ်စာကတော့ အမှတ် (၆၃)၊ ကွင်းကျောင်းလမ်း၊ အလုံမြို့နယ်ပါ။
#Duwun #DuwunLifestyle #ရွှေညာသူ #မြန်မာထမင်းဆိုင်