Myitkyina Local News

Myitkyina Local News ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Myitkyina Local News, สื่อ, Chiang Mai.

July-11-2024(Myitkyina Local News)ဝိုင်းမော်မြို့ ကမ်းနားလမ်း စည်ပင်ရေစဥ်ကြီး မီးပွိုင့်အနီး လမ်းမပေါ်မှာ ဓါးထိုးသွင်းဒဏ...
11/07/2024

July-11-2024(Myitkyina Local News)
ဝိုင်းမော်မြို့ ကမ်းနားလမ်း စည်ပင်ရေစဥ်ကြီး မီးပွိုင့်အနီး လမ်းမပေါ်မှာ ဓါးထိုးသွင်းဒဏ်ရာဖြင့် သေဆုံး​နေတဲ့ အမျိုးသား ရုပ်အလောင်း ၂ လောင်း တွေ့ရှိ။

ရုပ်အလောင်းကို ဒီကနေ့ မနက် ၅ နာရီအချိန်ခန့်က လမ်းသွားလမ်းလာပြည်သူတွေ တွေ့ရှိခဲ့တာဖြစ်ပြီး မွန်မြတ်လူမူကူညီရေးအသင်းက ဝိုင်းမော်ဆေးရုံကြီး ရင်ခွဲရုံကို ပို့ထားပြီဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးရုပ်အလောင်းပေါ်မှာ ရှမ်းနီတရားစီရင်ရေး စာကပ်ထားပြီး ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာတော့ မသိရသေးပါဘူး။

မြစ်ကြီးနားမြို့မှာလဲ ယခုဖြစ်စဥ်အလားတူအတိုင်း ဇွန်လ ၃၀ရက်နေ့က ရှမ်းနီတရားစီရင်ရေး စာကပ်ထားတဲ့ ရုပ်အလောင်း ၂ လောင်းကို တွေ့ရှိခဲ့ပေမယ့် ယနေ့အချိန်ထိ မည်သူမည်ဝါ အဖွဲ့အစည်းက လုပ်ဆောင်နေကြောင်း မသိရသေးပါ။

‼️မြစ်ကြီးနားရေဘေး ကယ်ဆယ်ရေး‼️အောက်က ဖုန်းတွေကို ဆက်သွယ်လို့ရပါတယ်ဗျ
01/07/2024

‼️မြစ်ကြီးနားရေဘေး ကယ်ဆယ်ရေး‼️
အောက်က ဖုန်းတွေကို ဆက်သွယ်လို့ရပါတယ်ဗျ

မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေ မြင့်တက်လာတာကြောင့် ရပ်ကွက်အများစုမှာ ရေကြီးရေလျှံဖြစ်ပေါ်နေပြီးကယ်ဆယ်ရေး မလုံလောက်သဖြင့် ...
01/07/2024

မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေ မြင့်တက်လာတာကြောင့် ရပ်ကွက်အများစုမှာ ရေကြီးရေလျှံဖြစ်ပေါ်နေပြီးကယ်ဆယ်ရေး မလုံလောက်သဖြင့် ရေဘေးသင့်ပြည်သူ ထောင်နှင့်ချီ ပိတ်မိနေ။

လက်ရှိ ရမ်ပူ၊ လယ်ကုန်း၊ ကြက်ပေါင်ခြံ၊ မြို့သစ်ကြီး၊ ကျွန်းပင်သာ၊ ကချင်စု၊ ရွှေညောင်ပင်၊ မန်ခိန်၊ စီတာပူ၊ အေးစေတီ တို့တွင် ရေကြီးနေပြီဖြစ်ပြီး ခေမာသီရိ၊ ဒူကထောင်၊ ရန်ကြီးအောင်၊ ပမ္မတီး၊ သီတာ၊ ယုဇန၊ မြေမြင့်၊ အောင်နန်း၊ ပေါ်ဦး အပါအဝင် ရပ်ကွက်အများစုမှာ ရေများအလုံးအရင်းဖြင့် ဝင်ရောက်လာနိုင်ပါတယ်။

လက်ရှိ မြစ်ကြီးနားမြို့အတွင်း မြစ်ရေ မြင့်တက်တာ ၄ ပေ ကျော် ၅ ပေနီးပါးရှိလာနေပြီး မြစ်ကြီးနားမြို့ရဲ့ စိုးရိမ်ရေအမှတ်အထက် ၄ ပေကျော် မြင့်တက်လာနေကြောင်း သိရပါတယ်။

01/07/2024

မြစ်ကြီးနား-ဝိုင်းမော် ဗလမင်းထင်တံတား ရေဘေးတိမ်းရှောင်လာသူများလာတာကြောင့် လမ်းသွားလမ်းလာ ခက်ခဲနေ။

01/07/2024

Jul 1, 2024(Myitkyina Local News)
၂၄နာရီအတွင်း တနိုင်း ၊ဆွမ်ပရာဘွမ် ၊ပူတာအို ၊မချမ်းဘော ၊ခေါင်လန်ဖူး ၊ဆော့လော်နဲ့ ချီ​ဖွေဒေသတွေမှာ မိုးကြီး ရေကြီးရေလျှံတာကြောင့် မြစ်ကြီးနား ဧရာဝတီ မြစ်ရေ ၂ရက်အတွင်း စိုးရိမ်ရေမှတ် ၄ ပေ ထက် ကျော်လွန်ရောက်ရှိနေ။

မြစ်ကြီးနား အနောက်လယ်ကုန်းရပ်ကွက်  မြစေတီဘုန်းကြီးကျောင်းအရှေ့ဘက်မှာ ကလေးငယ်တွေအပါ ၂၀ ကျော်ရှိပိတ်မိနေပြီး ကယ်ဆယ်ရေးကူညီ...
01/07/2024

မြစ်ကြီးနား အနောက်လယ်ကုန်းရပ်ကွက် မြစေတီဘုန်းကြီးကျောင်းအရှေ့ဘက်မှာ ကလေးငယ်တွေအပါ ၂၀ ကျော်ရှိပိတ်မိနေပြီး ကယ်ဆယ်ရေးကူညီလိုအပ်နေပါတယ်။

ပိတ်မိနေသူတွေဖုန်း
09424990898
09779534170

မြစ်ကြီးနားရေဘေးသင့်ပြည်သူများ အရေးပေါ်ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်များမြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့မှာ ဧရာဝတီမြစ်...
01/07/2024

မြစ်ကြီးနားရေဘေးသင့်ပြည်သူများ အရေးပေါ်ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်များ

မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့မှာ ဧရာဝတီမြစ်ရေဆက်မြင့်တက်နေပြီး စိုးရိမ်ရေအမှတ်ထက် ၄ ပေကျော်နေပြီဖြစ်ပြီး ပိတ်မိနေတဲ့ပြည်သူတွေထောင်ချီရှိနေတယ်လို့ သိရပါတယ်။

ဒါကြောင့် ရေဘေးသင့်ပြည်သူ‌တွေအနေနဲ့အောက်မှာဖော်ပြထားတဲ့ ဖုန်းနံပါတ်တွေကို ဆက်သွယ်လို့ရပါတယ်။

ရေဘေးသင့်သူများအတွက် သောက်ရေသန့် လိုအပ်ပါက
ဖုန်း 09256444034
09400039195
09773339800
ဆက်သွယ် အခမဲ့ ရယူနိုင်ပါသည်
Healthy Plus သောက်ရေသန့်
မြစ်ကြီးနားမြို့
crd

ဧရာဝတီမြစ်ရေကြီးမှုကြောင့်
ရေကြီးရေလျှံဖြစ်နေ၍ နေရာပြောင်းရွှေ့ရန်
အကူအညီလိုအပ်နေသူများအတွက်
မြစ်ကြီးနားမြို့လူမှုကူညီရေးဖုန်းနံပါတ်များ

ဧရာဝတီကရုဏာလူမှုကူညီရေးအသင်း
09259043644
09440002161
09788051052
09790620778

လူမှုကယ်ဆယ်ရေးအဖွဲ့ (ကချင်)
09424724477
09881433881
09400050420

မီးသတ်တပ်ဖွဲ့(ကယ်ဆယ်ရေး)
074 2520167
074 2522467
09266386192

ချီဆောင်ခြင်းလူမှုကူညီရေးအသင်း
09450125256
09444657566

မျိုးဆက်သစ်လူမှုကူညီရေးအသင်း
09777705099
09400038358

ပေးဆပ်သူလူမှုကူညီရေးအသင်း
09777472525
09677289818
09266902282

မာမကလူမှုကူညီရေးအသင်း
09400020600
09793409219

ရွှေပန်းမြိုင်လူမှုကူညီရေးအသင်း
09400003725
09440002264
09453896252

29-Jun-2024(Myitkyina Local News)မြစ်ကြီးနားမြို့တွင်း ဒီကနေ့ ဇွန်လ ၂၉ ရက်နေ့ တစ်ရက်အတွင်း ရာဒါကောင်ရပ်ကွက် သုသာန်သွားလမ...
29/06/2024

29-Jun-2024(Myitkyina Local News)
မြစ်ကြီးနားမြို့တွင်း ဒီကနေ့ ဇွန်လ ၂၉ ရက်နေ့ တစ်ရက်အတွင်း ရာဒါကောင်ရပ်ကွက် သုသာန်သွားလမ်းနဲ့ အေးစေတီ ပညာရေးလမ်းပေါ်မှာ သတ်ဖြတ်ခံထားရတဲ့ အမျိုးသား ရုပ်အလောင်း ၂ လောင်းတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

သတ်ဖြတ်ခံထားရသည့် အမျိုးသား ၂ဦးမှာ လက်ပြန်ကြိုးတုတ်အနေအထားဖြင့် လည်ပင်းဓါးထိုးဒဏ်ရာ ၊ရင်ဘတ် ဓါးထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရပါတယ်။

သေဆုံးသူ အမျိုးသား ၂ ဦးစလုံးရဲ့ခန္ဓာကိုယ်ပေါ်မှာ ရှမ်းနီတရားစီရင်ရေးအဖွဲ့( Shan ni judicrary - SNJ) စာရွက်ကပ်ထားတယ်လို့လည်း အလောင်းတွေ့ရှိတဲ့ ဒေသခံတွေက ပြောပါတယ်။

Jun-28-2024(Myitkyina Local News)မြစ်ကြီးနား ကမ်းနားလမ်းမှာ အသက် ၉ နှစ်အရွယ် ကလေးငယ် တစ်ဦး လမ်းပျောက်နေတာကြောင့် ပုံပါက...
28/06/2024

Jun-28-2024(Myitkyina Local News)
မြစ်ကြီးနား ကမ်းနားလမ်းမှာ အသက် ၉ နှစ်အရွယ် ကလေးငယ် တစ်ဦး လမ်းပျောက်နေတာကြောင့် ပုံပါကလေးအသိမိတ်ဆွေများ လာရောက်ခေါ်ယူပါရန် အကြောင်းကြားပါတယ်။

ပုံပါကလေးက မန်ခိန် မိဘမဲ့ကျောင်းက လီဆူကလေးလို့သိရပါတယ်။ နာမည်က ငွါးတား လို့ပြောပါတယ်။

ကလေးက မနေ့ကတည်းက လမ်းပျောက်နေတာ ဒီကနေ့ထိ မိသားစုဝင် အသိတွေဘယ်သူမှ လာမခေါ်ကြသေးလို့ ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

Jun-19-2024(Myitkyina Local News)မြစ်ကြီးနားမြို့ ၊ဂျန်မိုင်ကောင်းရပ်ကွက်နေ ပုံပါအမျိုးသမီးငယ် အသက် (၁၄)နှစ်အရွယ် မတိန့်...
19/06/2024

Jun-19-2024(Myitkyina Local News)
မြစ်ကြီးနားမြို့ ၊ဂျန်မိုင်ကောင်းရပ်ကွက်နေ ပုံပါအမျိုးသမီးငယ် အသက် (၁၄)နှစ်အရွယ် မတိန့်နမ်ပျောက်ဆုံးနေပါသဖြင့် တွေ့မြင်မိသူများ အကြောင်းကြားပေးပါရန် တောင်းဆိုအပ်ပါတယ်။

ဇွန်လ 10 ရက်နေ့ မနက်ပိုင်းက နေအိမ်မှ ထွက်သွားခဲ့တာဖြစ်ပြီး ယနေ့ချိန်အထိ အဆက်အသွယ်မရရှိသေးကြောင်း သိရပါတယ်။

#09774041065

21/05/2024

May 21 2024(Myitkyina Local News)
စစ်ကောင်စီက ဝိုင်းမော်မြို့၊ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းကို လက်လွတ်လိုက်ရလို့ မြစ်ကြီးနား မြောက်ပိုင်းတိုင်းကနေ ဝိုင်းမော်ဘက်ကို လက်နက်ကြီးနဲ့ အပြင်းအထန် ပစ်ခတ်နေတဲ့အပြင် ဒရုန်း၊ ဂျက်လေယာဉ်တွေနဲ့ပါ ဗုံးကြဲပစ်ခတ်နေ။

ဒါ့အပြင် စစ်​ကောင်စီမှ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဌာနချုပ်ရှိရာ လိုင်ဇာဘက်ကိုလဲ ယ​ခုည ၁၁ နာရီအချိန်ခန့်ကစပြီး လေယာဥ်ဖြင့် ဗုံးကြဲပစ်ခတ်နေကြောင်း သိရပါတယ်။

ခမရ ၃၂၁ တပ်ရင်းကို ဒီကနေ့ မေလ ၂၁ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှာ အပြီးသတ်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

09/05/2024

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ မိုင်းနားကျေးရွာရှိ ဗလမင်းထင်တံတားအနီး စုပေါင်းဂိတ်ကို KPDF တပ်ဖွဲ့ဝင်များက ယနေ့မွန်းလွှဲ ၃ နာရီခန့်မှစတင်ကာ သွားရောက်ပစ်ခတ်။

11/10/2023

၁/မကန တွေ Passport ရုံးက ဒီနေ့ကစပြီး ကချင်လူမျိုးဆိုရင် Passport မလုပ်ပေးတော့ပါ ဆိုတဲ့သတင်း မမှန်ပါဘူးနော်❌ လက်ရှိအချိန်ထိတော့ ထုတ်ပေးနေဆဲပါ။ နောင်တော့ ဘယ်လိုဖြစ်မယ် မပြောတတ်ပါ။ Update သတင်း ထပ်တင်ပေးပါမည်။

10 Oct 2023(Myitkyina local news)စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူများ၏ ဈာပနမြင်ကွင်းအချို့။
10/10/2023

10 Oct 2023(Myitkyina local news)
စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူများ၏ ဈာပနမြင်ကွင်းအချို့။

Breaking News(Oct 10,2023 Myitkyina Local News )ကချင်လွတ်လပ်ရေးတပ်မတော်(KIO) ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီး မုန်လိုင်...
10/10/2023

Breaking News
(Oct 10,2023 Myitkyina Local News )

ကချင်လွတ်လပ်ရေးတပ်မတော်(KIO) ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီး မုန်လိုင်ခက် (Mung Lai Hkyet) စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က ယမန်ည ၁၁ နာရီအချိန်ခန့်က ဗုံးကြဲပစ်ခတ်ခဲ့တာကြောင့် စစ်ရှောင်ပြည်သူ အယောက် ၃၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဗုံးကြဲပစ်ခတ်မှုကြောင့် ကလေးငယ် အပါအဝင် ပြည်သူ
အယောက် ၃၀ ထက်မနည်းသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမှာ ၅၀ ခန့် ရှိ​ကြောင်း သိရသည်။

Breaking News(Oct 10,2023 Myitkyina Local News )ကချင်လွတ်လပ်ရေးတပ်မတော် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ ၊မုန်လိုင်ခက် (Mu...
10/10/2023

Breaking News
(Oct 10,2023 Myitkyina Local News )

ကချင်လွတ်လပ်ရေးတပ်မတော် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ ၊မုန်လိုင်ခက် (Mung Lai Hkyet) စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က မနေ့ည ၁၁ နာရီအချိန်ခန့်က
လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့တာကြောင့် စစ်ရှောင်ပြည်သူ အယောက် 30 ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၁၃ဦး အပါအဝင် ပြည်သူ ၃၂ဦး သေဆုံးခဲ့ကြောင်း ရသည်။

10/10/2023

(October 10 2023-Myitkyina Local News)
မုန်လိုင်ခက်(Mung Lai Hkyet) စစ်ရှောင်စခန်းလက်နက်ကြီး ပစ်ခတ်ခံရပြီးနောက် ရုပ်သံ။

Breaking News(Oct 10,2023 Myitkyina Local News )ကချင်လွတ်လပ်ရေးတပ်မတော် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ ၊မုန်လိုင်ခက် (Mu...
10/10/2023

Breaking News
(Oct 10,2023 Myitkyina Local News )

ကချင်လွတ်လပ်ရေးတပ်မတော် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ ၊မုန်လိုင်ခက် (Mung Lai Hkyet) စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က မနေ့ည ၁၁ နာရီအချိန်ခန့်က
လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့တာကြောင့် စစ်ရှောင်ပြည်သူ အယောက် 30 ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၁၃ဦး အပါအဝင် ပြည်သူ ၃၂ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာ ရရှိသူလည်း များ​ပြားကြောင်းသိရသည်။

Aug 17 2023(Myitkyina Local News)ယမန်နေ့ သြဂုတ်လ (၁၆)ရက်နေ့က မြစ်ကြီးနားမြို့၊ တပ်ကုန်း စံပြရပ်ကွက်နေ ဦးဟန်ဂေါင်၏ အိမ်စ...
17/08/2023

Aug 17 2023(Myitkyina Local News)

ယမန်နေ့ သြဂုတ်လ (၁၆)ရက်နေ့က မြစ်ကြီးနားမြို့၊ တပ်ကုန်း စံပြရပ်ကွက်နေ ဦးဟန်ဂေါင်၏ အိမ်စီးကား Crown 2008 အဖြူရောင်ကို ပုံပါအမျိုးသားမှ ငှားရမ်းပြီး ထွက်ပြေးသွားကြောင်း သိရပါသည်။

ပုံပါအမျိုးသား(အမည်-ဆာဆာ/Sar Sar)သည် လောင်းကစား​လုပ်သူဖြစ်ပြီး မိဘတွေကလည်း ပြသာနာမဖြေရှင်းနိုင်တော့တာကြောင့် သားအဖြစ်စွန့်လွတ်ခံထားရသူပါ။

ဝိုင်းမော်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ဦးလဆန်အောင်ဝါ-ပြည်သူ့စစ်အဖွဲ့ ပိုင်သည့် လောင်းကစားဝိုင်း ၊ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ NDA-K နယ်စပ်ဒေသများရှိ လောင်းကစားဝိုင်းတွေ ရှိသလို ၊မြစ်ကြီးနားမြို့ လွှတ်တော်ရုံးအနောက်ဘက် လောင်းကစားရုံနဲ့ ​မြစ်ကြီးနားမြို့ ရပ်ကွက်အချို့တွေမှာ အမည်မဲ့ လောင်းကစားဝိုင်းတွေ အများအပြားရှိနေပါတယ်။

26/Mar/2023(Myitkyina local News)မြစ်ကြီးနားမြို့၊ ကြာရာပတ္တီး​ ရွာအဝင်လမ်းတွင် ဆိုင်ကယ် ၂စီး ယာဥ်တိုက်မှုကြောင့် အမျိုး...
26/03/2023

26/Mar/2023(Myitkyina local News)

မြစ်ကြီးနားမြို့၊ ကြာရာပတ္တီး​ ရွာအဝင်လမ်းတွင် ဆိုင်ကယ် ၂စီး ယာဥ်တိုက်မှုကြောင့် အမျိုးသား တစ်ဦး ပွဲချင်းပြီး သေဆုံးသွား​ကြောင်း သိရပါသည်။

သေဆုံးသွားသည့် လူနာမှာ မိုးကောင်းမြို့မှ အသက် ၁၆ နှစ်အရွယ် မောင်ကျော်မျိုးသူ ဖြစ်သည်။

ယာဥ်တိုက်မှုတွင် တစ်ဦးသေဆုံးပြီး ကျန်နှစ်ဦးမှာ
ညာခြေတောက်အရိုးကျိုး(သတိရ) ၊ကျန်တစ်ဦး ဘယ်ဖခုံးရိုးကျိုး စသည့်ဒဏ်ရာများ ရရှိခဲ့တာကြောင့် လူမှုကယ်ဆယ်ရေးအသင်းမှ မြစ်ကြီးနားပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့သည်။

17/Mar/2023(Myitkyina Local News)မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက် နောင်ခမ်း​ကျေးရွာ ဘုန်းကြီးကျောင်းရှေ့ ယနေ့မနက် ၆...
17/03/2023

17/Mar/2023(Myitkyina Local News)

မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက် နောင်ခမ်း​ကျေးရွာ ဘုန်းကြီးကျောင်းရှေ့ ယနေ့မနက် ၆:၃၀ အချိန်ခန့်က အသက် ၅၀ နှစ်အရွယ် အမျိုးသမီး ၁ဦး ဆိုင်ကယ်ယာဥ်တိုက်မှုကြောင့် ဦး​ခေါင်းထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါသည်။

ယာဥ်တိုက်မှုကြောင့် ယင်းအမျိုးသမီး မောင်းနှင်သည့် ဆိုင်ကယ်ရှေ့ခေါင်းပိုင်း ​ကျေမွပျက်စီးခဲ့ရပြီး ညာခြေတောက်နှင့် ဦးခေါင်းထိခိုက်ဒဏ်ရာ ရရှိခဲ့တာကြောင့်
ဧရာဝတီကရုဏာလူမှုကူညီရေး ပရဟိတအဖွဲ့မှ မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။

မြစ်ကြီးနားမြို့အတွင်း ယနေ့ မနက် မတ်လ ၁၇ ရက်နေ့မနက်ပိုင်းအချိန်အတွင်း ယာဥ်တိုက်မှု ၂ ကြိမ်ဖြစ်ပွားခဲ့သည်။

17/Mar/2023(Myitkyina Local News)မြစ်ကြီးမြို့၊ စီတာပူရပ်ကွက် မြစ်ကြီးနား ဧည့်ရိပ်မွန်ရှေ့ ဒီကနေ့မနက် ၁၀း၃၀ အချိန်ခန့်က ...
17/03/2023

17/Mar/2023(Myitkyina Local News)

မြစ်ကြီးမြို့၊ စီတာပူရပ်ကွက် မြစ်ကြီးနား ဧည့်ရိပ်မွန်ရှေ့ ဒီကနေ့မနက် ၁၀း၃၀ အချိန်ခန့်က ​ဆိုင်ကယ်ယာဥ် ၂စီး ယာဥ်တိုက်မှု ဖြစ်ပွားခဲ့တာ​ကြောင့် အမျိုးသား ၂ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါသည်။

ယာဥ်တိုက်မှုကြောင့် အမျိုးသား ၁ဦး ထိခိုက်ဒဏ်ရာစိုးရိမ်ရ အခြေအနေရှိပြီး ဧရာဝတီလူမှုကူညီရေးအသင်းမှ မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။

မြစ်ကြီးနားမြို့အတွင်း အာဏာသိမ်းပြီးနောက်ပိုင်း နေ့စဥ်နှင့်အမျှ ယာဥ်တိုက်မှု၊ လုယက်မှု ၊ခိုးမှု ၊အကြမ်းဖက် လုယက် လူသတ်မှုဖြစ်စဥ်များ ပိုမိုဖြစ်ပွားလျှက်ရှိသည်။

16/Mar/2023(Myitkyina Local News)မြစ်ကြီးနားမြို့၊ ကျွန်းပင်သာရပ်ကွက် ရသာမွန်လမ်းထောင့်အနီး ဒီကနေ့ နေ့လည် ၁း၀၀ နာရီခန့်က...
16/03/2023

16/Mar/2023(Myitkyina Local News)

မြစ်ကြီးနားမြို့၊ ကျွန်းပင်သာရပ်ကွက် ရသာမွန်လမ်းထောင့်အနီး ဒီကနေ့ နေ့လည် ၁း၀၀ နာရီခန့်ကအမျိုးသမီး ၂ဦးကို ပုံပါ အမျိုးသားမှ ဖုန်းလုယက်ခဲ့တာကြောင့် ရပ်ကွက်နေ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရပါသည်။

ပုံပါ ဖုန်းလုယက်သည့် အမျိုးသားမှာ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်မှာ နေထိုင်သူဖြစ်ကြောင်း သိရသည်။

Mar/15/2023(Myitkyina Local News)မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက် ဒူဝါဇော်ရစ်လမ်း လယ်ကွင်းအနီး ယနေ့ည ၇း၀၀ နာရီ ဝန်းကျင်အခ...
15/03/2023

Mar/15/2023(Myitkyina Local News)

မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက် ဒူဝါဇော်ရစ်လမ်း လယ်ကွင်းအနီး ယနေ့ည ၇း၀၀ နာရီ ဝန်းကျင်အချိန်ခန့်က အမျိုးသားတစ်ဦး ဆိုင်ကယ်လုယက် ဓါးထိုးခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဆိုင်ကယ်လုယက်ခံရသည့် ယင်းအမျိုးသား၏ ဘယ်ဘက်ရင်အုံနား ဓါးရှပ်ထိဒဏ်ရာအနည်းငယ် ရရှိခဲ့တာကြောင့် လူမှုကယ်ဆယ်ရေးအသင်းမှ မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။

မြစ်ကြီးနားမြို့တွင် 2023 ခုနှစ် ဇန်နဝါရီလမှ ယခု မတ်လ သုံးလအတွင်း လုယက်ချိန်းခြောက် ဓါးထိုးမှုဖြစ်စဥ် ၅ ကြိမ်ထက်မနည်းရှိပြီ ဖြစ်သည်။

15/03/2023

မြစ်ကြီးနားမြို့ တပ်ကုန်း-ဝဘော်လမ်း​ဘက် စစ်သားနဲ့ မော်တော်ပီကေတွေ လမ်းသွား​ပြည်သူတွေကို စစ်ဆေးနေကြတယ်...အသွားအလာသတိရှိကြပါ။

21/11/2022

မကန ဒီညတော့ လုပ်ကြပါအုံး💥 ပြင်းပြင်းထန်ထန်ပါလား💥

❣
19/11/2022

15-Nov-2022(Myitkyina Local News)မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်ရှိ ပညာရေးကောလိပ်ကျောင်းအနီး ယမန်ည ၇ နာရီခန့်က စစ်ကောင်...
15/11/2022

15-Nov-2022(Myitkyina Local News)
မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်ရှိ ပညာရေးကောလိပ်ကျောင်းအနီး ယမန်ည ၇ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေနတ်ဖြင့်ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ဦးနှင့် ကလေးငယ် ၁ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရပါသည်။

ဖြစ်စဥ်မှာ ထိခိုက်သူ သားအမိ ၂ဦး​မောင်းနှင်လာသည့်
ကားကို စစ်ကောင်စီက တားခဲ့စဥ် မရပ်သည့်အတွက်ကြောင့် ရမ်းသမ်းပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်ခံရသည့် သားအမိနှစ်ဦး ဆေးရုံတွင် ဆေးကုသခံယူနေပြီး ယနေ့အခြေအနေ မည်သို့ရှိကြောင်း ဆက်လက်တင်ပြပါအုံးမည်။

ခုတော့ လိုင်စင်မဲ့ကားဆို အပိုင်သိမ်းတယ်ပေါ့🙂 နောက်ဆို ဆိုင်ကယ်လာအုံးမှာ😫
08/11/2022

ခုတော့ လိုင်စင်မဲ့ကားဆို
အပိုင်သိမ်းတယ်ပေါ့🙂

နောက်ဆို ဆိုင်ကယ်လာအုံးမှာ😫

05/11/2022

ဖောင်း ဒိုင်း💥

ที่อยู่

Chiang Mai

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Myitkyina Local Newsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์

ประเภท