NAY THWAY မင်္ဂလာပါ မိတ်ဆွေ

အေးလေ နော့
20/05/2024

အေးလေ နော့

09/04/2024

เจ้ากรรมนายเวรที่มาในรูปแบบเพื่อน...💔
#คลิปจากต่างประเทศ

16/07/2023

Hello there! Let's continue building our community with interesting discussions and engaging posts.

👩🏻‍💼👨🏻‍💻
29/04/2022

👩🏻‍💼👨🏻‍💻

ရန်ကုန်ရုံးတွင်Passportကိုယ်တိုင်လျှောက်ရန်ကြာချိန် - ၃ နာရီကုန်ကျငွေ - ၂၇၀၀၀ကျပ်🌿Online Booking ရယူရန်ပွဲစားတွေလည်းအရမ်...
28/04/2022

ရန်ကုန်ရုံးတွင်Passportကိုယ်တိုင်လျှောက်ရန်

ကြာချိန် - ၃ နာရီ
ကုန်ကျငွေ - ၂၇၀၀၀ကျပ်

🌿Online Booking ရယူရန်

ပွဲစားတွေလည်းအရမ်းများတဲ့အတွက်
Booking အပြည့်မြန်ပါတယ်။
Today dateကနေ နောက်နှစ်ပတ်လောက်အထိ
Booking အမြဲပြည့်နေတတ်လို့ တတ်နိုင်သမျှ
ကြိုယူထားတာအကောင်းဆုံးပါ။

https://www.passport.gov.mm/

အချိန်၊ နေ့ရက် လိုအပ်တဲ့အချက်အလက်များမှန်ကန်အောင်ဖြည့်ပါ။

🌿 ပြင်ဆင်ထားရမည့်စာရွက်စာတမ်းများ

☘️သန်းခေါင်စာရင်း မူရင်း နဲ့ မိတ္တူ ၂ စုံ
☘️မှတ်ပုံတင် မူရင်း နဲ့ မိတ္တူ ၂ စုံ
☘️Booking Appointment QR code
(ဖုန်းနဲ့ QRပုံရိုက်ထားလည်းရ၊ စာရွက်ထုတ်သွားလည်းရပါတယ်)
🔺 သက်တမ်းတိုး၊ အမျိုးအစားပြောင်းသူများက Passport အဟောင်း မူရင်း။
🔺 PJ passport လျှောက်ထားလိုသူများ Labor Card ပြင်ဆင်ထားရန်။

~~~~~

Passport ရုံးထဲရောက်ဖို့အတွက်
အဆင့်(၃)ဆင့်ဖြတ်ရပါမယ်။
▪️ Booking QR နှင့် မှတ်ပုံတင်မူရင်းပြ၍ ဝင်းအတွင်းဝင်ရန်။
▪️ အစစ်ဆေးခံရန်
▪️ QR Scan ဖတ်၍ ရုံအတွင်းဝင်ရန်။

🔺 စာရွက်စာတမ်း၊ဖုန်း၊ ပိုက်ဆံအိတ်အသေးကလွဲ၍
အခြားလွယ်အိတ်၊ ပိုက်ဆံအိတ်အကြီး၊ ထီး၊ ဦးထုပ်စတဲ့ ပစ္စည်းများ ဘာမှယူသွားလို့မရပါဘူး။
သွားတဲ့အချိန်ပေါ်မူတည်ပြီး ရုံအတွင်းရောက်ဖို့ အကြာကြီးတန်းစီရတတ်ပါတယ် ~~ ခန့်မှန်းခြေ (၁)နာရီ ဝန်းကျင်။ မိမိ Booking ရထားသောအချိန်၏ နာရီဝက်မတိုင်ခင်အရောက်သွားပါ။

~~~~~
ရုံအတွင်းရောက်လျှင်

🍀 လဝက စစ်ဆေးခြင်း

ကောင်တာတစ်ခုတွင်တန်းစီပြီး
ကိုယ့်အလှည့်ရောက်ပါက
ပါလာတဲ့ သန်းခေါင်စာရင်း၊ မှတ်ပုံတင် မူရင်း၊ မိတ္တူကိုပေးပြီး ပြုံးပြပါ။ မေးတာဖြေပါ။

ရုံအနောက်ဘက်သို့သွားခွင့်ပြုပါကသွားပြီး
စစ်ဆေးပြီးကြောင်းတံဆိပ်ထုထားသောစာရွက်ယူပါ။
စစ်ဆေးခြင်းအတွက် ၂၀၀၀ကျပ် ပေးရပါမယ်။
~~~~~

Passport စတင်လျှောက်ထားရန်

အဆင့်(၁) ✔️ Form ဖြည့်ခြင်း
🔺 အခန်းထဲမဝင်ခင် ဝင်လာခဲ့တဲ့ဘက်ကို
ပြန်ထွက်လာပြီး ဝင်ဝင်ခြင်း ရုံအတွင်း TV အောက်တည့်တည့်ရှိစားပွဲတွင်ထိုင်နေသောတာဝန်ခံဆီမှ Form စာရွက်တစ်ရွက်တောင်းပါ။ (သူများတွေက ၁၀၀၀ ပေးရတယ်ပြောတယ် ကျွန်တော်က ဒီတိုင်းတောင်းလာခဲ့တယ်)။
လိုအပ်တဲ့အချက်အလက်များပြည့်စုံမှန်ကန်စွာဖြည့်ပါ။

အဆင့်(၂)✔️ ငွေသွင်းခြင်း။

လဝက က ပြန်ပေးလိုက်တဲ့စာရွက်စာတမ်းတွေကိုကိုင်ပြီး ရုံအတွင်းရှိမြန်မာ့စီးပွါးရေးဘဏ်တွင် ငွေသွင်းပါ။ ၂၅၀၀၀ ကျပ်။
ဘဏ်ကနေ ငွေသွင်းပြီးကြောင်းစာရွက်ကို တစ်ယောက်ချင်းစီ နာမည်ခေါ်ပြီး ပြန်ပေးပါတယ်။ စောင့်ရတာကြာပါတယ်။ ရေလေးသောက်ပြီး စိတ်ရှည်လက်ရှည်ထိုင်စောင့်နေပါ။

အဆင့်(၃) ✔️ ဓါတ်ပုံရိုက်ခြင်း၊ စာအုပ်ထုတ်ရန်slipရခြင်း။

နောက်ဆုံးအဆင့်ပါ။ အခြေအနေကြည့်ပြီး မြန်မြန်ပြီးမယ်ထင်ရတဲ့ အခန်း တစ်ခုခုအရှေ့မှာတန်းစီပါ။ ကိုယ့်အလှည့်ရောက်ပါက စာရွက်စာတမ်း မူရင်း၊ မိတ္တူများပြ၍ ဓါတ်ပုံအရိုက်ခံ၊ လက်ဗွေနှိပ်၊ လက်မှတ်ထိုးပါ။ Slipတစ်ခါတည်းယူသွားမည်ဖြစ်ကြောင်းပြော၍ ထုတ်ယူပါ။ ပြုံးပြပါ။

Slipရလျှင် နာမည်နှင့်အချက်အလက်များမှန်ကန်ကြောင်းစစ်ဆေးပြီး ယူခဲ့ပါ။

နောက်ဆယ်ရက်နေလျှင်စာအုပ်သွားထုတ်၍ရပါပြီ။ ☘️

ပွဲစားနဲ့ဆိုလည်း အပေါ်ကအဆင့်တွေအကုန်လုံးက
ကိုယ်တိုင်းတန်းစီလုပ်ရတာပဲဆိုတော့ အတူတူပါပဲ~~ Booking appointment လေးပဲ ကြိုယူထားပါ။

ဘယ်သူမှမကြောက်နဲ့၊
လိုအပ်တာပြည့်ပြည့်စုံစုံယူသွားပြီး
မသိတာရှိရင်ပြုံးပြီးမေး။
အချို့က ဓါတ်ပုံရိုက်တာ ၅၀၀၀၊ form ကြေး ၁၀၀၀ စတာတွေလည်းပေးရတယ်ပြောတယ်။ တောင်းရင်တော့ မနှမြောပဲပေးခဲ့ပါ။ ကျွန်တော်ကတော့ မပေးခဲ့ရလို့ပါ။

အဆင်ပြေကြပါစေ ✊
to original owner

👍
27/04/2022

👍

27/04/2022
PCR Test စစ်ဆေးသွားရန်လိုအပ်သော နိုင်ငံများ😷✈️ပြည်ပနိုင်ငံများသို့ သွား‌ရောက်မည့်သူများအတွက် ထွက်ခွါမည့်ရက် မတိုင်ခင် PC...
16/04/2022

PCR Test စစ်ဆေးသွားရန်လိုအပ်သော နိုင်ငံများ😷

✈️ပြည်ပနိုင်ငံများသို့ သွား‌ရောက်မည့်သူများအတွက် ထွက်ခွါမည့်ရက် မတိုင်ခင် PCR Test စစ်ဖို့လိုအပ်သော အသွားများတဲ့ နိုင်ငံအချို့ကိုဖော်ပြပေးလိုက်ပါတယ်

🇦🇪Dubai (PCR Test) - within 48 hrs
🇮🇳Delhi (PCR Test) - within 48 hrs
🇸🇬Singapore (PCR or ART Test) - within 48 hrs
🇯🇵Japan (PCR Test) - within 48 hrs
🇰🇷Korea (PCR Test) - within 48 hrs
🇻🇳Vietnam (PCR Test) - within 48 hrs
🇲🇾Malaysia (PCR Test) - within 48 hrs
🇦🇲Armenia (PCR Test) - within 48 hrs

⚠️ Direct Flight မဟုတ်ပဲ transit flight ဖြင့် သွားရတဲ့ နိုင်ငံများအတွက် ထွက်ခွာမည့်ရက်မတိုင်ခင် (၂၄) နာရီအတွင်း စစ်ဆေးထားတဲ့ PCR Test Result နဲ့ သွားရောက်တာ အကောင်းဆုံးပါ ခင်ဗျာ⚠️


ထိုင်းမှ အလုပ်လုပ်ရင် ဘယ်လောက်ရသလဲဆိုတာပြောပြပါမယ်ပုံမှန် အလုပ်သမား တရက်ကို ၃၃၁ ဘတ်ရပါတယ် မြန်မာငွေ ခုလက်ရှိပေါက်စျေးနဲ့...
29/03/2022

ထိုင်းမှ အလုပ်လုပ်ရင် ဘယ်လောက်ရသလဲဆိုတာပြောပြပါမယ်
ပုံမှန် အလုပ်သမား တရက်ကို ၃၃၁ ဘတ်ရပါတယ် မြန်မာငွေ ခုလက်ရှိပေါက်စျေးနဲ့ဆို ၂သောင်းကျပ်လောက်ရပါတယ်။
အချိန်ပို တနာရီကို ၆၂ ဘတ်ရပါ ကျပ်ငွေနဲ့ဆို ၃၆၀၀ ‌ကျပ်ကျော်ရပါတယ်
တရက်ကို ၂သောင်းကျပ်ကနေ ၄သောင်းထိ ရပါတယ်
-------------------------------
တချို့ ငွေအများကြီးရကြတဲ့သူက လခစာတွေပါ
တလကို ၁၅၀၀၀ ဘတ် ကနေ ၃၀၀၀၀ ဘတ်ရပါတယ် ကျပ်ငွေဆိုရင် ၉ သိန်းကနေ ၁၈ သိန်းထိရပါတယ်/ ဘိုနပ်တနှစ်တခါလဲရတယ်ဗျ ဟီး
-----------------------------
အလုပ်ကြိုးစားတဲ့သူဆိုရင် စက်ရုံမှ လဲ အလုပ်လုပ် စျေးလဲရောင်း
ငွေတိုးလဲပေး စားတဲ့သူဆိုရင် တလကို သိန်းချီရပါတယ်
---------------------------
ဘယ်မှ နေနေ အလုပ်ကြိုးစားရင် ငွေမရှားပါဘူး
ထိုင်းမှ တက်လားပြီး ဒီအလုပ် မလုပ်ချင် ဟိုအလုပ် မလုပ်ချင်ဘူး
ဆိုပြီး ခဏ ခဏ ဝင်လိုက် ထွက်လိုက်လုပ်နေရင် နှစ် ၂၀ဆယ် နေလဲ တပြားမှ ရှိမှာ မဟုတ်ပါ
ဟီးဟီး ကျနော်လဲ ခုထိ တပြားမှမစုမိလို့မြန်မာပြည်ပြန်ရောက်နေပါတယ်

ထိုင်း MOUအလုပ်တွေစုံစမ်းလို့ရပါတယ်နော်😘

16/03/2022
20/02/2022

ဟင်းသီးဟင်းရွက်အခေါ်အဝေါ်များ
▬▬▬▬▬▬▬▬▬▬
၁။ ချဉ်ပေါင်ရွက် = Sour green, Roselle, Sorrel kenaf
၂။ ဂေါ်ရခါးသီး = Chayote/ Marrow/ Chaico
၃။ ဂေါ်ဖီထုပ် = Cabbage
၄။ ကညွတ် = Asparagus
၅။ ဟင်းနုနွယ် = Spinach
၆။ ခရမ်းသီး = Egg plant
ရ။ မျှစ် = Bamboo shoot/ elephant bamboo shoot
၈။ ဌက်ပျောပင် = Banana Stem
၉။ ပဲပြား = Bean Curds
၁၀။ ပဲပင်ပေါက် = Bean Sprouts
၁၁။ ခရမ်းချဉ်သီး = Tomato
၁၂။ ဗူးခါးသီး = Gourd
၁၃။ ဘူးသီး = Calabash
၁၄။ ကြက်ဟင်းခါးသီး = Bitter grout/ karalla fruit
၁၅။ မုန်လာဥနီ = Carrrot
၁၆။ မုန်လာဥဖြူ အကြီး = White radish, turnip
၁ရ။ ပန်းဂေါ်ဖီ = Cauliflower
၁၈။ မုန်ညှင်းဖြူ = Chinese Cabbage
၂၀။ သခြာသီး = Cucumber
၂၁။ သခွားသီးအငယ်စား = Gherkin
၂၂။ ကျောက်ဖရုံသီး = White Pumpkin
၂၃။ ရွှေဖရုံသီး = Yellow Pumpkin
၂၄။ ရုံးပတီသီး = Okra, Lady’s Finger
၂၅။ ခဝဲသီး = Ridged-gourd/ Ribbed gourd
၂၆။ ကြောင်လျာသီး = Trumpet flower fruit 0r Indian trumpet tree
၂ရ။ ဒညင်းသီး = Daga, Danvo fruit, Fithio clobium
၂၈။ ဒန့်ဒလွန်သီး = Drumstick
၂၉။ ရွှေပဲသီး = Green peas, snow peas
၃၀။ ဘိုစားပဲ = French Bean
၃၁။ ပဲစောင်းလျာသီး = Goa bean/ winged bean
၃၂။ ပဲကြာဇံ = Vermicelli
၃၃။ ဆန်ကြာဇံ = Rice Noodle
၃၄။ မြင်းခွာရွက် = Indian penny wort leaf
၃၅။ ကိုက်လန် = Chinese Kale
၃၆။ ကန်စွန်းရွက် = Water Spinach/ Water convolvulus
၃ရ။ ကစွန်းဥ = sweet potato
၃၈။ စိမ်းစားဥ = White potato
၃၉။ ပဲမြစ် = Gea Beam roots
၄၀။ ဂျူးမြစ် = Leek Roots
၄၁။ အာလူး = Potato
၄၂။ ပြောင်းဖူး = Corn
၄၃။ မုန်ညှင်းရွက် = Mustard leaf
၄၄။ ဆလပ်ရွက် = Salad
၄၅။ ရေမုန့်ညှင်း = water cress
၄၆။ မှို = mushroom
၄ရ။ ငရုတ်သီးပွစိမ်း = Green Pepper
၄၈.ဆူးပုပ်ရွက် = concinna leaves (or) concinna leaves
၄၉.ပဲကြီး = lablab bean

Credit: online,Internet
ဗဟုသုတကျေးရွာ အသီးနဲ့ပတ်သတ်သမျှစုစည်းထားမှု

Apple =ပန်းသီး။
Avocado =ထောပတ်သီး။
Acorn = ၀က်သစ်ချသီး။
Almond = ဗန်ဒါသီး။
Apricot = ဘင်္ဂလားဆီးသီး။

Banana = ငှက်ပျောသီး။
Betel nut = ကွမ်းသီး။
Brinjal =ခရမ်းသီး။
Bitter gourd =ကြက်ဟင်းခါးသီး။
Bale fruit =ဥသျှစ်သီး။
bottle gourd = ဘူးခါးသီး။

Coconut =အုန်းသီး။
Cantaloupe = ဖရဲမွှေး။
Cashew nut =သီဟိုဠ် သရက်စေ့။
Citron = ရှောက်ချိုသီး။
Chilli =ငရုတ်သီး။
Cucumber =သခွားသီး။
Custard apple =သွဇာသီး။
Chestnut =သစ်အယ်သီး။
ဂေါ်ရခါးသီး chayote, marrow

Damson =မက်မန်းသီး။
Dates =စွံပလွံသီး။
Drumstick =ဒန့်သလွန်သီး။
Djengkol = ဒညင်းသီး။(ဒညင်သီးDjankal ။)
Dragon fruit =နဂါးမောက်သီး။

Fig =သဖန်းသီး။
Fragrant banana=သီးမွှေးငှက်ပျော။

Grape = စပ်စ္သီး။
Gourd = ဘူးသီး
Guava =မာလကာသီး။

Jackfruit = ပိန်နဲသီး။

Luffa gourd- ခဝဲသီး

Lime =သံပရာသီး။
Longan =တောကြက်မောက်သီး။

Mango =သရက်သီး။
Mangosteen =မင်းကွတ်သီး။
Marian =မရမ်းသီး။
marianda =ရဲယိုသီး။
morinda fruit-ရဲယိုသီး
musk melon = သခွားမွှေးသီး။
ဆီးဖြူသီး gooseberry
Orange =လိမ္မော်သီး။
ဇမ္ဗူ့သပြေသီး rose-apple
ဇာဒိပ်ဖိုလျသီး nutmeg
တညင်းသီး djankol bean, danyia
ထောပတ်ပဲ butter bean
ဒန့်သလွန်သီး drum stick

Palmira =ထန်းသီး။
Plum =ဇီးသီး။
Potato =အာလူး
pomegranate =သလဲသီး။
pomelo = ကျွဲကောသီး။
pummelo =ကမ်ပလာသီး။
Pumpkin = ဖရုံသီး။
Pomegranatc =တလည်းသီး။
Papaya- သင်္ဘော သီး
Pineapple =နာနတ်သီး။
Persimmon = တည်သီး။

Star fruit =စောင်းလျားသီး
Strawberry =စတော်ဘယ်ရီသီး။
Sugar apple =သွဇာသီး။
Sugar maple =သကြားသီး။
Sponge gourd -သဘွတ်သီး
snake-gourd = ပဲလင်းမြွေသီး။
sponge gourd = သပွတ်သီး။
Salt and fresh fruits =ဆားချိုသီး
tamarind = မန်းကျည်းသီး။
Tomato =ခရမ်းချဉ်သီး။

walnut = သစ်ကြားသီး။
wood apple = သီးသီး။
ပဲသီး bean ; calabash ပဲ pea
ပဲတီ mung bean ပဲတီစိမ်း green gram
ပဲရင်း rice bean ပဲဖြူကလေး white bean, duffin bean
ပဲကြီး lablab bean, kidney bean ပဲလင်းမြွေသီး၊ ဗုံလုံသီး snake gourd
ပူစီနံ budina, mint ပဉ္စကာနီသီး gall nut
ပေါက်ပန်းဖြူရွက် sesbania grandiflora ပန်းဂေါ်ဖီ၊ ပန်းမုန်လာ၊ မုန်လာပန်း cauliflower
ပဲစောင်းလျားသီး goa bean, winged bean ပဲပြား bean curd
ပဲကတ္တီပါ velvet bean ပဲပိစပ် soya bean, horse gram
ပဲပုဇွန် cluster bean ပဲကြား lime bean
ပင်စိမ်းရွက် basil, sage ပိန်းဥ taro
ပဒဲကော galingale ပုတတ်စာ (ပဒတ်စာ) ginger wort
ပဲပင်ပေါက် bean sprouts ပဲလွမ်း cow pea
ပဲနောက် Mung bean ပဲစင်းငုံ pigeon pea
ပဲနီလေး lentil ပဲတောင့်ရှည် string bean, long bean
ပဲနံ့သာ fenugreek ပဲကျပ်ပြင် soybean
ပဲဒလက် sword bean ပဲရင်း rice bean
ပဲပိုးတီ Chinese artichoke ပုစွန်စာရွက် knotgrass
ကင်ပွန်းသီး soap nut | ကင်ပွန်းရွက် soap acacia leaves |
ကင်းပုံသီး wild snake gourd, coecinia fruit |
ကုလားပဲ chick pea |

ကြောင်လျာသီး trumpet
ခရမ်းကစော့သီး Indian nightshade
ခရမ်းသီး brinjal (egg plant), aubergine
ခရမ်းချဉ်သီး tomato
ကျောက်ဖရုံသီး white pumpkin, marrow
ခဝဲသီး ridge gourd
ခါဗုဥ turnip
ချယ်ရီသီး cherry
ခရမ်းကြွပ်သီး solanum molongena
ကက်ဟင်းခါးသီး bitter gourd
ကြောင်လျာသီး trumpet
ခရမ်းကစော့သီး Indian nightshade
ခရမ်းသီး brinjal (egg plant), aubergine
ခရမ်းချဉ်သီး tomato
ဂေါ်ရခါးသီး chayote, marrow
ငရုတ်သီး chilly, chilli



Chef Kaung

ที่อยู่

Changwat Phuket

เบอร์โทรศัพท์

+66992617073

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ NAY THWAYผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง NAY THWAY:

วิดีโอทั้งหมด

แชร์


ครีเอเตอร์ดิจิทัล อื่นๆใน Changwat Phuket

แสดงผลทั้งหมด