BTU Share thoughts !!!

မန္တလေး ကို ပြန်ရဖို့ … ၅၄ မိုင်အလို 💪🏻
23/07/2024

မန္တလေး ကို ပြန်ရဖို့ … ၅၄ မိုင်အလို 💪🏻

လူတိုင်းသာသတိမထားမိတာ Slot Game၊ ငါးပစ် Game၊ ရှမ်းကိုးမီးဂိမ်းတွေရဲ့ အန္တရာယ်က အခြေခံလူတန်းစားတင်မက၊ Working Level Midd...
22/07/2024

လူတိုင်းသာသတိမထားမိတာ Slot Game၊ ငါးပစ် Game၊ ရှမ်းကိုးမီးဂိမ်းတွေရဲ့ အန္တရာယ်က အခြေခံလူတန်းစားတင်မက၊ Working Level Middle Class ပိုင်းတွေထဲအထိပါ ရောက်နေပြီ။

ကိုယ်တွေနားက ငွေလွှဲ agent ဆိုင်တွေမှာ တစ်ခါသွားလေ့လာဖြစ်တုန်းကဆိုရင် အနားက ဆိုက်ကားဂိတ်က ဆိုက်ကားဆရာတွေရယ်လေ ဆိုက်ကားလေးတစ်ကြောင်းလောက် နင်းလိုက်၊ ရလာတဲ့ ငွေလေး ၂၀၀၀၊ ၃၀၀၀ လောက်ကို Wallet အကောင့်တွေထဲလာထည့်ပြီး Slot ဂိမ်းထိုင်ဆော့လိုက်၊ ရှုံးသွားရင် တစ်ကြောင်းထပ်နင်းပြီး ရလာတာကို ထပ်လာထည့်လိုက်နဲ့ ရှာသမျှက သဲထဲရေသွန်ဖြစ်နေကြတာ တွေ့ရတယ်။

သူငယ်ချင်းတစ်ယောက်ပြောပြတာဆို သူတို့ Local IT Company မှာ လုပ်တဲ့ ပညာတတ်ဘွဲ့ရ မန်နေဂျာ Level တွေတောင် Slot Game တွေဆော့ပြီး အကြွေးတွေတင်လို့ ဖုန်းတွေအရစ်ကျဝယ်၊ ပြန်ရောင်းစားပြီး ငွေဖော်၊ အကြွေးဆပ်ရတာမျိုးတွေတောင် ဖြစ်နေကြသတဲ့။

ဘာကြောင့်အဲ့လောက် အကျိုးမဲ့၊ ဒုက္ခများတဲ့ Game တွေကို ဘာလို့ သည်းကြီးမည်းကြီးဆော့နေကြတာလဲဆိုတော့ ၃ ပိုင်းသွားတွေ့တယ်။

နံပါတ် (၁) က External Influence ကြောင့် စစွဲကြတာပေါ့။ အပေါစားဆယ်လီတွေလည်း အရှက်အကြောက်မဲ့စွာ ကိုယ်ကျိုးစီးပွားအတွက်ကြော်ငြာကြတယ်။

နောက်ပြီး အဲ့ Page တွေမှာလည်း ဆော့တဲ့သူတွေလိုလိုနဲ့ မန့်ထားကြတာတွေက အများကြီးကိုး။ အရင်ရက်ပိုင်းကမှ ခုခေတ်သိပ်မတွေ့ရတော့တဲ့ Like အတု Comment အတုတွေသုံးတဲ့ ကိစ္စတစ်ခုပြန်မြင်ရတော့ ကိုယ်တွေ ဝိုင်းကြည့်ဖြစ်ကြရာကနေ အဲ့အကောင့်တွေမှာ မြင်ရတာ အရင်လို Online ပြိုင်ပွဲတွေမှာ နိုင်အောင် Like & Share တစ်ခု ၁၀, Commentတစ်ခု ၅၀နဲ့လုပ်တဲ့ Service တင်မဟုတ်တော့ဘဲ လောင်းကစား Page တွေအောက်မှာ "အလျော်အစားကြမ်းတယ်"တို့ "အခုပဲ ၅သောင်းထုတ်ပြီးပြီ"တို့ မန့်တဲ့ အလန်ရှုး Service တွေပါလုပ်နေကြတာ သွားတွေ့ရတယ်။ အဲ့လို မန့်တဲ့အကောင့်တွေကို တကယ်ဆော့တဲ့သူတွေရဲ့ Honest Review ထင်ပြီး ယုံမှတ်ကြရင်တော့ ဘဝပျက်ကြပြီပေါ့။

နံပါတ် (၂) အချက်ကတော့ စီးပွားရေးတွေကျပ်လာကြတော့ ကောက်ရိုးတစ်မျှင်အနေနဲ့ ငွေအလွယ်များရမလားဆိုပြီး ဒီလိုအရာတွေကို လက်တည့်စမ်းကြရာကနေ နွံနစ်ကြတာပေါ့။

နံပါတ် (၃) အချက်ကတော့ အဲ့ဂိမ်းတွေမှာ စွဲလမ်းစေတဲ့ Dopamine ဟော်မုန်းထွက်တဲ့ Trigger ထည့်ပြီးကောင်းကောင်း Stimulate လုပ်ထားကြလို့ပဲ။ လူတွေမှာ လောင်းကစားတွေလုပ်ရင် အစပိုင်းနိုင်လိုက်၊ ရှုံးသွားရင် ပြန်လိုက်လိုက်နဲ့ လုပ်တဲ့အခါ Dopamine Hormone ကထွက်လာတတ်ပြီး စွဲလမ်းစေတတ်တော့ အဲ့ဂိမ်းတွေမှာ အစပိုင်းပေးနိုင်ပြီး နောက်ကြာလာလေ ရှုံးလေ၊ ပြီးရင် နည်းနည်းပြန်ပေးနိုင်လိုက်ပုံစံနဲ့ Programming လုပ်ထားကြတော့ တအားစွဲလမ်းပြီး ရုန်းမထွက်နိုင်ကြတော့တာပဲ။

ဒီနွံမှာနစ်သွားရင် ကိုယ်တိုင်ကလွဲလို့ ဘယ်သူမှ ဝင်ကယ်နိုင်မှာမဟုတ်တဲ့အတွက် မိသားစု၊ပတ်ဝန်းကျင်ပါ မထိခိုက်ခင် အသိဉာဏ်၊ သိက္ခာနဲ့ ဆင်ခြင်ပြီး အချိန်မလွန်ခင် ကိုယ့်ကိုယ်ကိုယ်ထိန်းသိမ်းနိုင်ကြဖို့သာ သတိပေးချင်တော့တာပဲ။

21/07/2024

စစ်ဖြစ်တယ် မြို့ရွာတွေပျက်တယ်
လူတွေသေတယ် ဘဝတွေပျက်တယ်
ဘာကောင်းလဲ ဆိုတော့
ဘာမှမကောင်းဘူးပေါ့…

ဒါပေမယ့်
တော်လှန်ရေးအင်အားစုတွေက
ပျော်လို့တိုက်နေကြတာ တယောက်မှမပါဘူး
စစ်တပ်ကိုခါးပိုက်ထဲထည့်ပြီးတိုင်းပြည်ကို
ပြန်ပေးဆွဲထားတဲ့ကောင်တွေမဟုတ်ဘူး…

စစ်ဘာလို့ဖြစ်လဲ
ဘာလို့ လက်နက်ကိုင်တော်လှန်ရလဲ
ဒါတွေကို မပြောဘဲ မသိချင်ယောင်ဆောင်
တိုင်းပြည်ဘာဖြစ်ပါပြီ
ညာဖြစ်ပါပြီဆိုတဲ့သူတွေသိဖို့က…

စစ်ဘာလို့ဖြစ်လဲဆိုတော့
ဆန္ဒပြတာကို လူမဆန်အောင်ပစ်လို့
ဆန္ဒဘာလို့ပြလဲ အာဏာသိမ်းလို့
အာဏာဘာလို့သိမ်းလဲဆို
၂၀၀၈စစ်ကျွန်ခြေဥက လုပ်ခွင့်ပေးထားလို့
၂၀၀၈ဘယ်သူလုပ်ခဲ့လဲဆိုတော့
စစ်အာဏာရှင်သန်းရွှေရေးခဲ့တာပဲ
သန်းရွှေဘာလို့အာဏာရှင်ဖြစ်ခဲ့လဲဆို
စစ်တပ်က ၈၈မှာ အာဏာသိမ်းခဲ့လို့
၈၈ဘာလို့ အာဏာသိမ်းလဲဆို ဆန္ဒတွေပြလို့
ဆန္ဒဘာလို့ပြလဲဆို
မဆလ တပါတီ အာဏာရှင်ကို မကျေနပ်လို့
မဆလ ဘယ်ကလာလဲဆို
စစ်အာဏာရှင်နေဝင်း တည်ခဲ့လို့
နေဝင်းဘာလို့ စစ်အာဏာရှင်ဖြစ်လဲဆိုရင်
၁၉၆၂မှာ နေဝင်းစစ်တပ်က
ဘလိုင်းကြီး အာဏာစသိမ်းလို့
မရှင်းရင် ၇ခေါက်ပြန်ဖတ်…

တိုင်းပြည်ပျက်အောင် ဒုက္ခရောက်အောင်
ဘယ်ပြည်သူ ဘယ်ကျောင်းသား
ဘယ်လူမျိုးကမှ လုပ်ခဲ့တာမဟုတ်ဘူး
အာဏာရူးစစ်ခေါင်းဆောင်တစုကစလုပ်ပြီး
စစ်ဝါဒလွှမ်းမိုးရေး အစဉ်အလာကို
အုတ်မြစ်သေချာချသွားတာ…

အဲ့ဒါကြီးကို ဒီခေတ်မျိုးဆက်တွေက
ဘဝရောအသက်ပါပေးပြီး
မရအရရုန်းကန်တော်လှန်နေကြရတာ…

တော်လှန်ရေးကြောင့်တိုင်းပြည်ပျက်တာမဟုတ်ဘူး
အာဏာရှင်စနစ်ကြောင့်ပျက်တာ
အာဏာရှင်စနစ်ကလည်း
ကိုယ့်တကိုယ်စာ တသက်စာလောက်ပဲတွေးပြီး
ခေါင်းငုံ့မျက်နှာလွှဲခဲ့ကြလို့
ဒီအထိအကောင်ကြီးလာတာ
ဒါကို ဒီလိုအခြေအနေမှာမှ အပြတ်မဖြတ်ရင်
နောက်မျိုးဆက်တွေ တသက်လုံး
လူစဉ်မမီ စစ်ကျွန်ဖြစ်ရမှာ…

တချို့လူတွေရှိတယ်
မအလက စစ်ကျွန်ခံဥပဒေထုတ်တော့
ဘွတ်အဲလို့တောင် အသံတချက်မှ မထွက်ဘဲ
ကိုယ့်သားသမီးကို လွတ်အောင်ပြေးခိုင်းပြီး
တော်လှန်ရေးက ကိုယ့်မြို့ရောက်လာမှ
စစ်ပွဲတွေရပ်ပါတော့ ဘာညာနဲ့…

စစ်ပွဲက ခင်ဗျားတို့အိမ်ထဲရောက်နေပြီးသား
ခင်ဗျားတို့ ဝမ်းခေါင်းထဲ ဓါတ်မှန်ရိုက်ကြည့်
မအလရဲ့ စစ်ဘောက
အတောင့်လိုက် ဝင်နေပြီးသား…

အပ်နဲ့မထွင်းနိုင်ခဲ့တဲ့စူးကို
အရေးပေါ်ခွဲစိတ်ရတာ
နာတာတော့နာမှာပဲ…

ကိုယ်ချင်းမစာလို့ပြောတာလုပ်တာမဟုတ်ဘူး
ခေတ်အဆက်ဆက် ဘဝပျက်ခဲ့သူတွေ
လူချင်းတူတူ အိမ်နီးချင်းနိုင်ငံတွေမှာ
ကျွန်ခံနေရတဲ့သူတွေ
အနာဂတ်ပျောက်နေတဲ့ မျိုးဆက်တွေ
အဲ့ဒီသန်းပေါင်းများစွာကို
ကိုယ်ချင်းစာကြလွန်းလို့
မတိုက်ချင်ဘဲ တိုက်ကြရတဲ့စစ်ပွဲပဲ…

မြန်မြန်ပြီးချင်ရင် နိုင်ရာဝင်ကူကြ
ဆဲချင်ရင် မအလနဲ့စစ်အာဏာရူးတွေကိုဆဲကြ
ရင်ကော့ပြီး ဆန့်ကျင်သွားတဲ့သူတွေလို
သတ္တိရှိရှိဆန့်ကျင်ကြ…

မိုဃ်းသွေး
July 20th 2024

ကျောင်းသား ဆန္ဒပြပွဲတွေ အရှိန်မြင့်နေတဲ့ ဘင်္ဂလားဒေ့ရ်မှာတော့ ညမထွက်ရ အမိန့် အပြင် ပစ်မိန့်ပါ ပေးလိုက်ပါတယ် ပြီးခဲ့တဲ့ က...
21/07/2024

ကျောင်းသား ဆန္ဒပြပွဲတွေ အရှိန်မြင့်နေတဲ့ ဘင်္ဂလားဒေ့ရ်မှာတော့ ညမထွက်ရ အမိန့် အပြင် ပစ်မိန့်ပါ ပေးလိုက်ပါတယ်

ပြီးခဲ့တဲ့ ကြာသာပတေးနေ့က စပြီး ဖုန်းနဲ့အင်တာနက် လိုင်းတွေ အပြင် အများပြည်သူ ခရီးသွားလာရေး စနစ်တွေကို အစိုးရက ပိတ်သိမ်း ထားခဲ့ပြီး

သောကြာနေ့ညက စပြီး တနိုင််ငံလုံး ညမထွက်ရ အမိန့်ကို ကြေငြာခဲ့ပါတယ် ဒါ့အပြင် ညမထွက် အမိန့်ကို ချိုးဖောက်သူတွေကို ပစ်ခတ်မိန့် ကိုလည်း ပေးခဲ့ပါတယ်

ဘင်္ဂလားဒေ့ရ် မြို့တော် ဒါကမှာတော့ စစ်တပ်ကို လုံခြုံရေး နေရာချထားခဲ့ပြီး သေဆုံးသူ အရေတွက်ဟာလည်း ရာဂဏန်း ကျော်သွားပြီ ဖြစ်ပါတယ်

အမေရိကန်ကတော့ သူ့နိုင်ငံသားတွေကို လုံခြုံရေး အန္ဒရာယ် ရှိနေတဲ့ ဘင်္ဂလားဒေ့ရ့်ကို ခရီးမသွားကြဖို့ တိုက်တွန်း ထားပါတယ်

21/07/2024

မြန်မာပြည်က မိဘအများစုဟာ အမြဲမောပန်းနေ စိုးရိမ်နေတာပဲ တွေ့ရတာများတယ်။ သူတို့ဟာ သူတို့တာဝန် သူတို့လုပ်ရမယ့် အလုပ်နဲ့ သားသမီးရဲ့ အလုပ် သားသမီးရဲ့တာဝန်ကို ခွဲခြားတတ်တဲ့ အသိဉာဏ်မဲ့နေတာကိုး။

မြန်မာပြည်က မိဘအများစုကို ကြည့်ရင် သားသမီးကို လူသားတစ်ယောက်လို့ မြင်တာထက် သူတို့ပိုင် ပစ္စည်းလို့မြင်တာ ဆက်ဆံတာပဲများတယ်။ တခါ parenting အလွဲတွေကလည်း မိဘတွေကို မလိုလားအပ်တဲ့ ဝန်ထုပ်ဝန်ပိုးတွေ ပိစေသလို ကလေးတွေကိုလည်း လူညွန့်တုံးစေတယ်။

မြန်မာပြည်က မိဘအများစုက ရုတ်တရက်ကြည့်လိုက်ရင် ကလေးတွေကို သိပ်ဂရုစိုက်သယောင် ချစ်သယောင်နဲ့ တကယ်က တစက်ကလေးမှ စိတ်မရှည်တဲ့ဟာတွေ။ စဉ်းစားကြည့် ကလေးဟာ ကလေးထမင်းစားငရင်ကြာလို့ ပေလို့ ပွလို့ ထမင်းမဝင်လို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ တော်တော်ကြီးတဲ့ထိ ခွံကျွေးတယ်။ တကယ်က ကလေးဟာ ကလေးလုပ်ရင် ကြာမယ့်အချိန်ကို သူတို့စိတ်မရှည်တာ။ ကလေးဟာ ကလေးကြယ်သီးတပ်ရင် ဖိနပ်ဝတ်ရင် ကြာတာကို မစောင့်နိုင်တော့ သူတို့အကုန်လုပ်ပေးတယ်။ အဲ့ကလေးတတ်ပါစေတော့ဆိုတဲ့ စေတနာမျိုးနဲ့ သည်းခံစောင့်ပေးတဲ့ မိဘအတော်ရှားပဲ။ ကလေးသူ့အရွယ်နဲ့သူ လုပ်သင့်တာတွေ အကုန်သူတို့ဝင်လုပ်တယ်။ ပြီးကျ သူများကလေးတတ်သလောက် မတတ်သေးရင် ကိုယ့်ကလေးကပဲ ဖွံဖြိုးမှုနောက်ကျနေသလို အချိုးနဲ့ ကလေးအပေါ် blame လုပ်တယ်။

မြန်မာပြည်က မိဘအများစုဟာ သားသမီးယုံ စုံလုံးကမ်းဆိုတဲ့ ဂျင်းကို အပြည့်အဝစားပြီး ကိုယ်ပုံစံချ ကိုယ်ပျိုးထောင်ထားတဲ့ ကလေးကိုတောင် သံသယမျက်လုံးနဲ့ ထောင့်စေ့အောင် ထိုင်ကြည့်နေရတဲ့သူတွေ။ ကျမယုံကြည်တာ ကျမသာ ကျမကလေးကို ကျမမယုံနိုင်ရင် အဲ့ဒါကလေးမကောင်းလို့မဟုတ်ဘူး။ ကျမ အသုံးမကျလို့ ကျမပြုစုပျိုးထောင်ပုံ မှားယွင်းနေလို့။ ဒါကြောင့် ကလေးကို မပြင်ခင် ကျမကိုယ်ကျမသာ အရင်ပြင်ရမှာ။

ဒီလိုပဲ ဟိုဟာမလုပ်နဲ့ ဟိုလူနဲ့မပေါင်းနဲ့ ဒီမသွားနဲ့ စသဖြင့် များပြားလိုက်တဲ့ ပညတ်ချက်တွေအောက်မှာ ကလေးတွေကို မျက်စိပိတ် နားပိတ် လူဝင်မဆန့်အောင်လုပ်တာလဲ သူတို့ပဲ။ ပြီးတော့ လူဝင်မဆန့်လို့ မပေါင်းတတ်မသင်းတတ်လို့ ဘာမှမဖြစ်မြောက်တော့လဲ အဖြစ်မရှိတဲ့ကောင် သုံးစားမရတဲ့ကောင်ဆိုပြီး စိတ်ဓါတ်အညွန့်ချိုးတာလဲ မိဘတွေပဲ။ အကြောင်းပြချက်က ကလေးတွေ အမှားလုပ်မစိုးလို့တဲ့။ ဘဝမှာ အမှားဆိုတာ မရှိဘူး။ သင်ခန်းစာဆိုတာပဲရှိတယ်။ ကိုယ့်အတွက်မှန်တာလုပ်မိရင် ကောင်းမွန်တယ့် သင်ခန်းစာရတယ်။ ကိုယ့်အတွက် မကောင်းတာလုပ်မိရင် ခါးသီးတယ့် သင်ခန်းစာရတယ်။ ဘာမှလုပ်ခွင့်မရရင် ဘာသင်ခန်းစာမှ မရရုံပဲ။ ဒီတော့ မိဘတွေအနေနဲ့ ကလေးတစ်ယောက် သူ့ဘဝသင်ခန်းစာတွေ သူလေ့လာစေချင်လား။ ဘာသင်ခန်းစာမှ မလေ့လာပဲ ဒုံရင်းက ဒုံရင်းပဲ ကလေးအသိဉာဏ်နဲ့ လူကြီးဖြစ်စေချင်လား။

တချို့မိဘတွေပြောတယ်။ သူတို့ကလေးကို သူတို့နားမလည်တော့ဘူးဆိုပြီး။ ကျမပြောတယ်။ စာအုပ်ကို မျက်စိနားတအားကပ်ပြီးဖတ်ရင် အဲ့စာကို ဖတ်လို့မရတော့ဘူး မဟုတ်လား။ အဲ့လိုပဲ တအားအဝေးကြီးက ဖတ်ရင်လဲ ဖတ်မရဘူးလို့။ ဒါကြောင့် မြင်နိုင်တဲ့ အကွာအဝေးက ဖတ်ဖို့လိုတယ်။ ဒီသဘောအတိုင်းပဲ မိဘနဲ့သားသမီးဖြစ်ဖြစ် လင်မယားဖြစဖြစ် လူလူချင်း တစ်ယောက်ရဲ့ခံစားချက်ကို တစ်ယောက်နားလည်ဖို့ အကွာအဝေးတစ်ခု လိုတယ်လို့။ သားသမီးရဲ့ ကိစ္စတိုင်းဝင်ပါ ဝင်ပြော ဝင်ဆုံးဖြတ် မတောင်းပဲ ဝင်ကူညီ အတင်းလုပ်ခိုင်း အတင်းအကြံပေး စသဖြင့် ကလေးနဲ့ကိုယ်ကြား healthy ဖြစ်တဲ့ စည်းတစ်ခု မခြားပဲ အတင်းကပ်ချင်းဟာ ကလေးနဲ့ကိုယ့်ကိုယ် ပိုဝေးကွာစေတယ်လို့။ မြန်မာမိဘအများစုဟာ သားသမီးကို သူတို့ကိုယ်ပွားအဖြစ်မွေးချင်ကြတာ။ သူ့ဘဝ သူပိုင်ပြီး သူ့ဘဝ သူ့အကြိုက်ပုံဖော်နိုင်တဲ့ လူသားတစ်ယောက်အဖြစ် မွေးမြူပေးချင်တဲ့ စေတနာမရှိကြဘူး။ ဒီတော့ အဲ့လိုမိဘတွေဟာ သူတို့ကလေးကို သူတို့နဲ့ အကုန်တူအောင် ပုံစံသွင်းတယ်။ သူတို့ကြောက်တာတွေနဲ့ အတင်းခြောက်တယ်။ သူတို့ချစ်တဲ့အရာတွေ အတင်းချစ်ခိုင်းတယ်။ သူတို့အယူတွေ အကုန်လိုက်ယုံခိုင်းတယ်။ နောက်ကျ အဲ့ကလေးတွေ တီထွင်နိုင်စွမ်းတွေ အတွေးသစ် အမြင်သစ်တွေ မရှိတော့ကြ သုံးစားမရဘူးဆိုပြီး သူများကလေးတွေနဲ့ ယှဉ်ပြီး နှိမ့်ချကြတယ်။

တခါ ကိုယ့်ရှေ့မှာ ကိုယ့်တူလေး သူသောက်ထားတဲ့ ovatine ခွက်လေး ကလေးက နောက်ဖေးသွားထားတယ်။ ကျကွဲတာကို သူ့အဖွားရော အမေရော အစ်မရော အိမ်အကူရော ပြာပြာသလဲ အော်ကြီးဟစ်ကျယ်နဲ့ နင့်ဘယ်သူက ထားခိုင်းလဲ။ ဘယ်တုန်းက ကိုယ့်ဟာကိုယ်ထားရလို့လဲ။ အိမ်ဖော်လာသိမ်းမှာပေါ့ ဆိုပြီး ကမ္ဘာပျက်မတတ်အော်တာ။ ကျမတူလေးက မျက်ရည်လေးဝဲပြီး ကြောက်လို့ ကျမရှေ့လာရပ်တယ်။ ကျမတအားစိတ်မကောင်းဖြစ်သွားတယ်။ တကယ်ဆို ဒီခွက်ကွဲလို့ ကလေးရလိုက်သင့်တဲ့ သင်ခန်းစာက ဖန်ခွက်ဆိုတာ ကျရင်ကွဲတတ်တယ်။ သေချာကိုင်ရတယ်။ ကိုယ်သောက်ထားတာ ကိုယ်သိမ်းတာ သားတော်တယ်။ နောက်မကွဲအောင် သားဂရုစိုက်သယ်ရင်ရတယ်။ နောက်တခါ မကွဲဘူးလို့ မေမေယုံတယ် ဆိုတဲ့ သင်ခန်းစာမျိုးဖြစ်ခဲ့သင့်တာ။ ဒါပေမယ့် ကျမတူလေး ရလိုက်တဲ့ သင်ခန်းစာက သူ့ခွက်သူပြန်ထားတာ မှားတယ်။ ခွက်ကွဲတာဟာ အန္တရာယ်ရှိတယ်။ သူဟာ ခွက်တစ်ခွက်တောင် မကွဲအောင် မသယ်နိုင်တဲ့ ကလေးဖြစ်တယ်။ သူ့အလုပ်ကို အိမ်ဖော်လုပ်လို့ရတယ်ဆိုတဲ့ လူညွန့်တုံးစေမယ့် သင်ခန်းစာမျိုးပဲ။ ကျမလဲ ကိုယ်ခဏရောက်နေတုန်း ဘာမှ မပြောချင်တာနဲ့ တူလေးကိုပဲ သားရေ ဘာမှမဖြစ်ပါဘူး။ သားမှာ အပြစ်မရှိဘူး။ သားမှန်တယ်လို့ တိုးတိုးလေးပြောပြီး ဖက်ထားပေးလိုက်တယ်။ သူ့မိဘတွေကိုတော့ တနေ့ငါ့တူလေးကို ကိုယ့်လမ်းကိုယ်မဖောက်တတ်တဲ့သူ ကိုယ့်တာဝန်ကိုယ်မယူတတ်တဲ့သူလို့ ပြောလာရဲ ပြောကြည့်။ ဒီနေ့ကိစ္စကို ပြန်ပြောပြီး တွယ်ပြစ်မယ်လို့ကို တေးထားခဲ့တာ။



ကောင်းစားစေချင်လို့ဆိုတဲ့ စကားလေးတခွန်းနဲ့ လူသားတစ်ယောက်ဘဝကို သူတို့စိတ်ကြိုက်ချယ်လှယ်တယ်။ အဲ့လူသားရဲ့ ဆုံးဖြတ်ပိုင်ခွင့်တွေ စဉ်းစားတွေးခေါ်နိုင်စွမ်းတွေ ဆင်ခြင်တုံတရားတွေကို အထင်သေးစွာနဲ့ လုယူတယ်။ ပြီးကျ မိဘဝတ်ကျေပြီဆိုပြီး ကြံဖန်ဂုဏ်ယူကြသေးတယ်။ တချို့မိဘဆို အဲ့နေရာမှာတောင် မရပ်သေးဘူး။ အိမ်ထောင်ရေးထဲ လင်မယားကြားဆက်ပါသေးတယ်။ အဲ့လိုမိဘတွေဟာ တကယ်တော့ သူတို့ဘဝသူတို့ပျောက်နေတဲ့ မိဘတွေ။ သူတို့မွေးထားတဲ့ ကလေးတွေကို ကိုယ်ပိုင်ပစ္စည်းသဖွယ် သဘောထားရင်း ပြုမူရင်းကနေ သားသမီးရဲ့ဘဝထဲမှာ သူတို့ဘဝအဓိပ္ပါယ်ကို လာရှာနေကြတာ။ သားသမီးကို သူတို့အိမ်မက်တွေ အကောင်အထည်ဖော်ဖို့ အသုံးချနေတာ။ ဒါကြောင့်လဲ အဲ့လိုမိဘတွေဟာ ဆယ့်နှစ်ရာသီ မောပန်း ပင်ပန်းနေပြီး အသက်ငါးဆယ်လောက်ဆို သွေးတိုးတွေ ဆီးချိုတွေနဲ့သေတာပဲ။ သူတို့က ကိုယ့်အလုပ်တင်မကပဲ သူများဘဝ သူများအလုပ်တွေပါ နှစ်ဆဝင်လုပ်နေတော့ ပိုဝန်ပိပြီး စောစောသေတာပေါ့။

Credit.... အမ Mar Oo

20/07/2024

မြင်ဖူးလား

ရှမ်းပြည်ဘက်က အင်းလေးကန်မှာ
ဟိုးအဝေးကြီးအထိဝင်သွားရင်
အ​မြင့်ကြီးတက်ရတဲ့ဘုန်းကြီးကျောင်းရှိတယ်
အဲ့ဘုန်းကြီးကျောင်းမှာ
ထူးဆန်းတာတွေအများကြီးရှိတယ်

ကယားဘက် မှာ
လွိုင်ကော်အလွန် ဆက်တက်သွားရင်
အောက်မှာလေ မြစ်ကြီးတစ်ခု
ချောင်းကြီးတစ်ခုလို ရေစီးသန်တဲ့
ဂူကြီးတစ်ခုရှိတယ်
အထဲမှာသဲသောင်ပြင်ဘောလုံးကွင်းတောင်ကစားလို့ရတယ်
အောက်ကိုဆင်းတဲ့လမ်းမရှိဘူး
ဝါးလုံးနဲ့ဆင်းရတယ်
အောက်ရောက်သွားရင်အရမ်းပျော်ဖို့ကောင်းတယ်
မြေအောက် ကမ္ဘာတစ်ခုကိုရော့သွားသလိုပဲ
အရမ်းလည်းလှတယ်
ရေလည်းကူးလို့ရတယ်
ရေကလည်းကြည်တောက်နေတာပဲ
တစ်ကယ့်မြေအောက် ကမ္ဘာအလှတစ်ရားတစ်ခုပဲ

ပုဂံမှာလေ ညဘက်တစ်ယောက်တည်းသွားထိုင်လို့အရမ်းကောင်းတဲ့ဘုရားရှိတယ်သိလား
ဘုရားဖူးလို့လည်းအရမ်းကောင်းတယ်
အရမ်းလည်းအေးချမ်းတယ်
လူတွေသိပ်မသိကြဘူး

နောက်တစ်ခုလည်းလူတွေသိပ်မသိကြဘူး
ပုဂံမှာ ​ညဘက်ကြယ်တွေကြည့်လိ​ု့အရမ်းကောင်းတဲ့ဘုရားရှိတယ်
တန့်ကြည့်တောင်
အခုတော့ နောက်ပိုင်းလူတွေက
တစ်ရက်အတွင်းဆွယ်တော်လေးဆူဖူးကြတော့
ညဘက် တန့်ကြည်တောင်မှာ မအိပ်ကြဘူး

အိပ်ကြည့်လိုက်
ွဘုရားပေါ်ကနေထိုင်ပြီး
ကြယ်တွေရေတွက်ရတာ
အောက်ကစီးဆင်းနေတဲ့ မြစ်ရဲ့အလှ
တစ်ဖက်ကမ်းက မီးရောင်ပြပြတွေ
မှိတ်တုတ်မှိတ်တုပ်ကြယ်လေးတွေကကိုယ့်ဘေးနားမှာ

ပုပ္ပါးရောက်ရင်တောင်ကလပ်ဘက်မတက်နဲ့
တောင်မကြီးကိုတက်
လမ်းမှာစားဖို့ အောက်ကနေ
ဩဇာသီးခြင်းလိုက်ဝယ်သွား
အပေါ်ရောက်ရင်အမောလေးကိုပြေနေရော
မြင်ကွင်းကလည်းလှ လေလေးကလည်းအေး
ဩဇာသီးလေးကလည်း ချိုမွှေးနေရော

တောင်တွင်းကြီးနဲ့မကွေးကြားမှာမြို့ဟောင်းလေးတစ်ခုရှိတယ်
ဗသနိုးတဲ့
အရပ်ကလူတွေပြောတာတော့ အဲ့အရှေ့ကလူရုပ်ကြီးက
ညဘက်လာသာချိန်ဆိုလမ်းလျှောက်ပြီးလိုက်တတ်တယ်တဲ့ 😁
ပုံပြင်တွေအများကြီးနဲ့မြို့ဟောင်းပေါ့
ညနေနေဝင်ဆည်းဆာမှာ
ဗသနိုးမြို့ဟောင်းရဲ့ ကုန်းကမူလေးပေါ်မှာထိုင်ပြီး
အဲ့မြို့လေးရဲ့နေဝင်ချိန်ကိုထိုင်ကြည့်
ပြီးတော့ပုံပြင်လေးတွေနားထောင်ကြည့်အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်
ကျိန်စာတွေလည်းအရမ်းကြမ်းတယ်
ကိုယ့်လူတစ်သက်နဲ့တစ်ကိုယ်မကြားဖူးတာတွေကြားရလိမ့်မယ်
ငြင်းစရာတွေလည်းတစ်ပုံတစ်ပင်ထွက်လာလိမ့်မယ်

မွန်ပြည်နယ်က
ကျိုက်ထီးရိုးဘုရားကိုတော်တော်များများရောက်ဖူးတယ်
ဒါပေမယ့်မတူတာက
ညဘက် ကြီးမီးတုတ်ကိုင်ပြီးမတက်ဖူးကြဘူး
လူလျှောက်လမ်းကနေ
သူငယ်ချင်းတွေအုပ်လိုက်
မီးတုတ်ကြီးကိုင်ပြီး
ညဆယ့်နှစ်နာရီလောက်တက်ကြည့်ပါလား
မနက်လည်းမိုးအလင်းတောင်ပေါ်လည်းအရောက်ပဲ
ကိုယ့်လူတစ်သက် မှာ တစ်ခါမှမရဘူးတဲ့
ရင်ခုန်စိတ်လှုပ်ရှားမှုတွေ
ပျော်ရွင်စရာတွေ
သူငယ်ချင်းတွေနဲ့စုံတိုင်းပြောစရာတွေတစ်သသနဲ့ကျန်ခဲ့လိမ့်မယ်

မေမြို့ရောက်ဖူးတယ်မဟုတ်လား
ဒါပေမယ့် မေမြို့မှာ အက်ဘန်ချာထရစ်အနေနဲ့
မသွားဖူးဘူးမဟုတ်လား

ကိုယ့်လူဘုရားဆူး
ဒီနေရာတွေမေမြို့မှာရှိပါလားဆိုတာမေးယူရမယ့်အထိ
အံ ​့ဩစရာနေရာတွေမေ မြိ​ု့မှာရှိတယ်
ရေတံခွန်အသစ်တွေ
တောတွင်းအတွေ့အကြုံအသစ်တွေအများကြီးရမယ့်နေရာတွေရှိတယ်

နေဦး ကိုယ့်လူ တောင်ကြီးက မီးပုံပျံပွဲမှာ
မီးပုံးမချိတ်ဖူးသေးဘူးမို့လား

ချိတ်ကြည့်
မီးပုံးပျံကြီးတက်သွားတဲ့အချိန် ယမ်းတွေပေါက်တဲ့အချိန်မှာ လွတ်အောင်ပြေးကြည့်

ွမြန်မာပြည်ရဲ့ဟိုးအောက် မှာ
ကျွန်းတွေရှိတယ်
အဲ့ကျွန်းတွေကိုလျှောက်သွား
တစ်ယောက်တည်းမသွားနဲ့
သူငယ်ချင်းတွေအုပ်လိုက်သွား
ေမာ်တေယ်ဘုတ်ပုတ်ပြတ်ဌား
မော်တေါ်ပေါ်မှာနား မော်တော်ပေါ်မှာစား
ကျွန်းတွေပေါ်တက် ရေငုတ်
ဒေသထွက်အစားအစာတွေစား
ရေစာလို့ခေါ်တဲ့ပင်လယ်စာတွေအဝစား
နိုင်ငံခြားတိုင်းပြည်တွေမှာငွေကုန်ကြေးကျအများကြီး
ပေးရတဲ့အလှအပတွေကိုတစ်ဝကြီးခံစား

ကရင်ပြည်ကိုသွား
ဂူတွေစုံအောင်သွား

မွန်ဘက်ကိုဆင်း
နိုင်ငံခြားတွေမှာ ခဏခဏမြင်ဘူးတဲ့
ရာဘာတောတွေကြားကဘွားကနဲပေါ်လာတဲ့
ကားလမ်းလေးကိုရေးအဝင်နားမှာမြင်ရမယ်

ဟိုးအောက်ဘက်မှာ
တနသာ်ရီမြစ်ဘေးကတောင်ကို
ကပ်ပြီးဆင်းသွားတဲ့ကားလမ်းလေးဟာ
ဒါမြန်မာပြည်မှဟုတ်ရဲ့လားလို့ထင်ရလောက်အောင်
လှပတယ်

စောရီး ကိုယ့်လူဒါတွေမခံစားရသေးဘူးမဟုတ်လား
နေကောင်းအောင်နေ
မြန်မာပြည်ကြီးနေကောင်းတဲ့အချိန်မှာ
ကိုယ့်လူရောက်အောင်သွားသင့်တဲ့နေရာတွေအများကြီးကျန်သေးတယ်

လုပ်စရာတွေလည်းအများကြီးကျန်သေးတယ်
ဖိုက်တင်း

ေသတ္တာ(ခေတ္တလူကောင်း)

အော် ဒို့တိုင်းပြည် ….
19/07/2024

အော် ဒို့တိုင်းပြည် ….

19/07/2024

တိုင်းပြည်က ခေတ်မကောင်းတော့
ဒီခေတ်ထဲခေါင်းထဲတွေးမိတာ တိုးတက်ရာ တိုးတက်ကြောင်းမရှိတော့သလိုပဲ ☺️

ဗိုက်ဆာတယ်, အလုပ်မလုပ်ချင်ဘူး, ပျင်းလိုက်တာ, အိမ်ပြန်ချင်ပြီ, အိပ်ချင်တယ်
online shopping, ပိုက်ဆံလိုချင်တယ်, ငါ့ရည်းစားရော, ဘာဝတ်ရမလဲ, မုန့်ဟင်းခါးထဲငါးဖယ်ရောအကြော်ရောထည့်မယ်, မာလာဟင်း, ဟော့ပေါ့
ဈေးတွေတက်လိုက်တာ, ဘော်လီမပေါ်ခဲ့ရင်ကောင်းမယ်, တခြားနိုင်ငံမှာမွေးရင်ဘာဖြစ်နေမလဲ, သူငယ်ချင်းတွေကိုလွမ်း, အိမ်ဝယ်ချင်တယ်, တော်ပါပြီ, သေချင်တယ်, ထီးမပါဘူး, သီလရှင်ဝတ်ရင်ကောင်းမလား, ခွေးကလေးဟီးဟီး , ဟယ်ချစ်စရာလေး။

18/07/2024

နိုင်ငံပိုက်ဆံ ရှိလို့သာ အဆင်ပြေနေတာ
ဘယ်နေမှာ ဖြစ်ဖြစ် စွချိုးမပြေတာက
စီလုပ် တွေပဲ … စကားပြောလည်း ကျယ်ကျယ်

ကောင်းကျိုးကို မပေးတာ
ဘယ်နေရာဖြစ်ဖြစ်

ဇာတိမြေက လွတ်မြောက်နယ်မြေ ဖြစ်သွားသော်လည်းလ,င်-ပေါင်းမှားပြီး ပြန်ခွင့်မရတဲ့ကော,င်မ တစ်ယောက်အကြောင်း
17/07/2024

ဇာတိမြေက လွတ်မြောက်နယ်မြေ ဖြစ်သွားသော်လည်း

လ,င်-ပေါင်းမှားပြီး ပြန်ခွင့်မရတဲ့

ကော,င်မ တစ်ယောက်အကြောင်း

💪🏻
16/07/2024

💪🏻

16/07/2024

ဘဝမှာ အချို့နာကျင် ခံစားမှုတွေက
တစ်ကြိမ်တည်းကြုံရင်တောင်
တစ်ဘဝလုံးမေ့ဖျောက်ဖို့ခက်တယ်။

ဥပမာ : ဘောင်းဘီဇစ်ညှပ်ဖူးတာမျိုးပေါ့။
တကယ် ဘောင်းဘီဇစ်တပ်တိုင်း
ချောက်လှန့်နေတယ်။

မဂ်လာမဆောင်ခင်တည်းက နမ်းတာကြိုကျင့်ထားပါ၉ နှစ် ကြာမှ မိုင်မိုင် လိုဖြစ်နေမယ် ချစ်တို့ရေ …. ရည်းစားမရှိဘူးမလား ကျော်သွားလ...
16/07/2024

မဂ်လာမဆောင်ခင်တည်းက နမ်းတာကြိုကျင့်ထားပါ

၉ နှစ် ကြာမှ မိုင်မိုင် လိုဖြစ်နေမယ် ချစ်တို့ရေ ….

ရည်းစားမရှိဘူးမလား ကျော်သွားလေ ဘာကြည့်နေတာလဲ
ဟားဟား ဟား

😆🥲
16/07/2024

😆🥲

15/07/2024

အခုက စပြီး “ Hi Good Morning “ ဆိုရင် အဲ့တာ
မဂ်လာဆောင် ချင်လို့ပဲ 🤣

‼️ အလုပ်အတွေ့အကြုံမရှိသေးသူတွေနဲ့ Career Development လုပ်ချင်နေတဲ့သူတွေအတွက် ကမ္ဘာကျော် Company ကြီးတွေက ပေးတဲ့ 𝐕𝐢𝐫𝐭𝐮𝐚𝐥 ...
15/07/2024

‼️ အလုပ်အတွေ့အကြုံမရှိသေးသူတွေနဲ့ Career Development လုပ်ချင်နေတဲ့သူတွေအတွက် ကမ္ဘာကျော် Company ကြီးတွေက ပေးတဲ့ 𝐕𝐢𝐫𝐭𝐮𝐚𝐥 𝐖𝐨𝐫𝐤 𝐄𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞 ရမယ့် Website ‼️

ဒီWebsite အကြောင်းကို သိပြီးသားသူတွေလဲရှိနိုင်ပေမဲ့ Anna ကိုယ်တိုင်ဝင်လေ့လာပြီးတဲ့နောက် တော်တော်စိတ်တိုင်းကျလို့ မသိသေးတဲ့သူတွေအတွက် ဝေမျှပေးခြင်းပါ

Website နာမည်ကတော့ 𝐓𝐡𝐞 𝐅𝐨𝐫𝐚𝐠𝐞 ပါ Link ကိုအောက်မှာချပေးပါမယ်

📌ပထမဆုံး Gmail acc ရှိရုံနဲ့ Register လုပ်လို့ရပြီး ကိုယ်နဲ့ကိုက်ညီတဲ့အလုပ် ကိုယ်ကြိုက်တဲ့ Company ကို၀င် apply လုပ်လို့ရပါတယ်

📌ဝင်ပြီးတာနဲ့ ကိုယ်ရွေးလိုက်တဲ့ Program ထဲမှာပါတဲ့ Pre recorded video လေးတွေနားထောင်ရတယ် ပြီးရင် Task လေးတွေကို ဖြေရပါမယ် ဒီ Program ကို ကြိုက်တာက ပြီးစလွယ် Certificate ပေးတာမဟုတ်ဘဲ ကိုယ်တိုင် သတ်မှတ်ထားတဲ့ Assignment တွေပြီးမြောက်မှ Certificate ရတာမျိုးပါ ဒါ့ကြောင့် တကယ်လုပ်ရတော့ တကယ်တတ်ပါတယ် Anna ဆို ကိုယ်နဲ့လုံးဝမရင်းနှီးသေးတဲ့ Data Analytics and Visualisation Course ကို ရွေးပြီး တက်လိုက်ပါတယ် သူတို့ သင်တာလေးတွေ လိုက်နားထောင်ပြီး လုပ်ကြည့်တာ ကိုယ့်အတွက်တော်တော် knowledge ရသွားပါတယ်

📌Course တစ်ခုပြီးသွားရင် အတွေ့အကြုံမရှိသေးသူတွေအတွက် International Virtual Experience ပြစရာတစ်ခုရသွားမှာမို့ အတော်လေးအဆင်ပြေပါတယ် သူ့မှာ Anna ကြိုက်တဲ့ နောက်တစ်ချက်က Certificate ရပြီးရင်
💯LinkedIn ကကိုယ့် Profile ပေါ်မှာတိုက်ရိုက်
Share လို့လဲရမယ်
💯Course တစ်ခုပြီးသွားတာနဲ့ ဒီ Courseကနေ ကိုယ့်ရဲ့ ရလာတဲ့ soft skills တွေလဲတစ်ခါထဲ defined လုပ်ပေးတယ်
💯 Resume Snippets လဲ ထုတ်ပေးတော့ ကိုယ့်ရဲ့ resume ထဲက work experience နေရာမှာ copy ကူးပြီး ထည့်လိုက်ရုံပဲ
💯 အကောင်းဆုံးက interview tips ပါပါသေးတယ် ဒီ course ကိုလေ့လာလိုက်လို့ ရလာတဲ့ experience တွေအကြောင်းကို interview မှာ ဘယ်လို presentation လုပ်ရမယ်ဆိုတာပါ တစ်ခါထဲပါပြီးသား ကဲ …ဘယ်လောက်အဆင်ပြေလိုက်သလဲ

ရွေးချယ်စရာ Courses တွေကတော့တော်တော်များတယ် ကိုယ်ကြိုက်တာရွေးတက်ရုံပါပဲ
🔍Accounting
🔍Marketing
🔍Sales
🔍Entrepreneurship
🔍Government & Public Policy
🔍Insurance
🔍Data Analytics
🔍Customer service
🔍Strategy Consulting
🔍Cyber Security
🔍Real Estate
🔍Software Engineering
🔍Project Management
🔍Interview and Career Skill
နောက်ထပ်အများကြီးရှိပါသေးတယ်။ ကိုယ်နဲ့ကိုက်ညီတဲ့ program ကို စိတ်ကြိုက်ရချင်ရင်
သူတို့မေးတဲ့ Quiz လေးတွေ ဖြေရင် ကိုယ်နဲ့အကိုက်ညီဆုံး Program တွေကို ရွေးပြီး Personalised recommendations ပေးပါလိမ့်မယ်

📌Job Simulation ဆင်းနိုင်တဲ့ ကုမ္မဏီတွေကတော့ MasterCard, Red Bull, JP Morgan, Datacom, PWC, Accenture, EA Games, Siemens, Bloomberg, CITI, Bank of America , TATA Group , PepsiCola တကယ့်ဒိတ်ဒိတ်ကြဲCompany ကြီးတွေနဲ့ချိတ်ဆက်ထားတာဖြစ်လို့ နိုင်ငံတကာ Job Opportunities တွေလည်းပွင့်လာနိုင်ပါတယ်

ဒါကတော့ ဝင်ရောက် လေ့လာရမယ့် link ပါ

https://www.theforage.com

ကိုယ်ကိုယ်တိုင်လဲလေ့လာကြည့်ပါ အခြားသူတွေလဲဝေမျှပေးပါ Certificate တွေရလာရင်လဲ ဒီ Post အောက်မှာ sharing လုပ်ပေးပါဦးနော်

💌 ကိုယ်က အလုပ်ရဖို့ အခက်အခဲဖြစ်နေလို့ ကိုယ့်အားနည်းချက် လိုအပ်ချက်တွေကို သိချင်ပြီး ပြင်ဆင်ချင်တယ်ဆိုရင် Annaတို့
𝐂𝐚𝐫𝐞𝐞𝐫 𝐂𝐨𝐚𝐜𝐡 𝐏𝐫𝐨𝐠𝐫𝐚𝐦 မှာ စျေးသက်သက်သာသာနဲ့ ဝင် join ပြီး တိုင်ပင်ဆွေးနွေးလို့ရပါတယ်နော် အသေးစိတ်ကတော့ chat box မှာ စိတ်ကြိုက် မေးမြန်းလို့ရပါတယ် 💌
#𝐰𝐨𝐫𝐤𝐞𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞

အိမ်မှာလည်း နေရင်း ဝင်ငွေလည်း ရချင်တယ်ဆိုသူများ အတွက်
15/07/2024

အိမ်မှာလည်း နေရင်း ဝင်ငွေလည်း ရချင်တယ်
ဆိုသူများ အတွက်

စိတ်ဓာတ်သန်မာ နေကြတဲ့ သူတွေ .....
15/07/2024

စိတ်ဓာတ်သန်မာ နေကြတဲ့ သူတွေ .....

အမျိုးသမီးလေးတွေရယ် LGBT လေးတွေရော
စိတ်ဓာတ်ကြံ့ခိုင်ပြီးတော့

မိမိရဲ့ ဘ၀ကို ပေးဆပ်ထားတဲ့ သူတွေကို တစ်ဦးချင်းကို
လေးစား ဂုဏ်ပြုပါတယ်.....

15/07/2024

Page လေးကို Like and Follow လုပ်ပေးပြီး
ညီအကိုတွေ ကို ကူညီပေးလိုက်ရအောင် ပါခင်ဗျာ

ကျွန်တော် တို့  BTU ကနေ ပြီးတော့ တစ်ခုလောက်တောင်းဆိုချင်ပါတယ်မြေပြင် အခြေအနေ သတင်းအသစ်တွေ ရှမ်းပြည် တို့ ဘာတို့ က သတင်းတ...
15/07/2024

ကျွန်တော် တို့ BTU ကနေ ပြီးတော့ တစ်ခုလောက်တောင်းဆိုချင်ပါတယ်

မြေပြင် အခြေအနေ သတင်းအသစ်တွေ
ရှမ်းပြည် တို့ ဘာတို့ က သတင်းတွေ အဓိက က ပြည်သူတွေကို သတင်းတွေ တင်ပေးမယ့်
Page လေး အသစ် ကို Like and Follow လေးလုပ်ပေးပါဦး

မြေပြင်ရောက်နေတဲ့ အဖွဲ့က မလို့
ပိုပြီးတိကျနိုင်ပါတယ်.
အကူအညီလို အပ်တာ စစ်ဘေးရှောင် တွေကိုလည်း ကူညီပေးဖို့ ရှိပါတယ်
အဲ့ Page လေးကနေ တင်ပေးပါလိမ့် မယ်။

Page Link : https://www.facebook.com/profile.php?id=61562421138007

14/07/2024

စိုင်းစိုင်းခမ်းလှိုင်ကားကြီး
ရုံတင်တော့မယ်တဲ့ ချစ်တို့ရေ
လိုအပ်တာလေးတွေ ဝယ်စုဆောင်းထားကြ

သူတစ်ခါရုံတင်ရင် တစ်ခါ
စပြဿနာတက်တာနော် ချစ်တို့ လန့်နေပြီ

အိုခေပါ 🤣
14/07/2024

အိုခေပါ 🤣

No Caption ❤️
14/07/2024

No Caption ❤️

တကယ်မချစ်ကြပေမယ့် မိဘတွေက ဇွတ်ပေးစားထားသောအခါ
14/07/2024

တကယ်မချစ်ကြပေမယ့် မိဘတွေက
ဇွတ်ပေးစားထားသောအခါ

မြန်မာ ပြည်မှာ သူလေး စိတ်အချမ်းသာဆုံးပဲ အစက ကျောင်းမတက်ချင်လို့တဲ့ အခု သီချင်းပါဆိုနေပြီ 🤣
14/07/2024

မြန်မာ ပြည်မှာ သူလေး စိတ်အချမ်းသာဆုံးပဲ

အစက ကျောင်းမတက်ချင်လို့တဲ့
အခု သီချင်းပါဆိုနေပြီ 🤣

ဆန္ဒရှိမှ လုပ်စေချင်ပါတယ် ။တယ်လီဂရမ် က သူ့ရဲ့ native ခရပ်ပတို မီမ်းကွိုင်တစ်ခုကို အဲဒရောပ့်(အလကား) ပေးနေပါတယ် ။သူ့ရဲ့ ကွ...
13/07/2024

ဆန္ဒရှိမှ လုပ်စေချင်ပါတယ် ။

တယ်လီဂရမ် က သူ့ရဲ့ native ခရပ်ပတို မီမ်းကွိုင်တစ်ခုကို အဲဒရောပ့်(အလကား) ပေးနေပါတယ် ။

သူ့ရဲ့ ကွိုင်က x ch ange တွေပေါ် စာရင်းမတင်ရသေးခင်ကြိုပေးထားတဲ့ သဘောပါပဲ ။

တကယ်လို့ စာရင်းတင်ခဲ့ရင် တန်းဖိုးတစ်ခုရှိလာပြီး အနည်းများအလိုက် ကိုယ်တွေက လက်ထဲရှိတဲ့ ကွိုင်အရေအတွက်အလိုက် ပိုက်ဆံရမယ် ။

ကိုယ့်ဘက်ကတော့ဘားမှ လုပ်ပေးစရာမလိုဘူး CMT မှာပေးထားတဲ့ လင့် ထဲဝင်နှိပ်ပြီး တယ်လီဂရမ်ထဲရောက်သွားရင် အဆင့်ဆင့်လုပ်သွားယုံနဲ့ ကိုယ့် တယ်လီဂရမ် သက်တမ်းအတိုင်း များရင် များများရမယ် ။

အဲ့တော့ အလကားရတုန်းလေးယူထားစေချင်ပါတယ် ။ ကိုယ့်ဘက်က ဘားမှမပေးရလို့ အလိမ်ခံရစရာလည်းမရှိပါဘူး ။

စာရင်းဝင်လို့ တစ်ကွိုင် ၀.၁ တန်ဖိုးရှိရင်တောင် ကွိုင်သုံးထောင်လောက်ရရင် ဒေါ်လာ 300ကျော်လောက်ရမှာဆိုတော့ ရလည်းအမြတ်ပါပဲ ။

စိတ်ဝင်စားတဲ့လူတွေ CMT မှာ လင့်ပါ။

Post from
Thet Paing Tun

12/07/2024

YouTube Channel… subscriber
အသင့်အတင့်ရှိတာလေးရယ်
Monetization အောင်ပြီးသား ရှိရင်
ဝယ်ချင်ပါတယ် ခင်ဗျာ ….

တောထဲက တလရ ညီအကို တချို့
အကူအညီတောင်းလို့ပါ။ သူတို့ ရဲ့ မှတ်တမ်း
အမှတ်တရလေးတွေတင်ပြီး
Fundraising အတွက် သုံးချင်လို့ပါတဲ့

လှူပေးမယ့် သူ … လှူတယ်ဆ်ိုတာ ထက်
အကူအညီပေး ငှါးပေးမယ့်သူရှိရင်လည်း
ရပါတယ်တဲ့

Cb ကို ဆက်သွယ်ပေးပါခင်ဗျာ။

12/07/2024

ကျွန်တော့ Taxi ကားကို အမျိူးသမီးတယောက်
ငှားစီးပါတယ်။ သူငှားတဲ့နေရာက မြို့ပြင်။

အသွားအပြန် ၃၀၀၀၀ ကျပ်။
စျေးတည့်လို့ သူမက ကားပေါ်ကို ရှေ့ခန်းက တက်ထိုင်ပါတယ်။တန်ဖိုးကြီးရေမွှေးနံ့က သင်းပျံ့ပျံ့။

ညနေစောင်းချိန်မို့ ကားကို ဂရုစိုက်မောင်းလာရာမှ
မြို့ပြင်ရောက်လာတော့ နေဝင်လုအချိန်။

သူမရပ်ခိုင်းသည့်နေရာ ကားကိုလမ်းဘေးချကာ ရပ်
ပေးလိုက်သည်။

သူမသည် ချက်ခြင်း မဆင်းသေးဘဲ သူ၏ခြေနင်းတွင်
ချထားသော အိပ်ကိုဖွင့်ကာ လည်ရှည်တောစီးဖိနပ်ကို
ထုတ်လိုက်ပြီး ဝတ်ဆင်တော့သည်။

"ကားဆရာ ခဏနော် နာရီဝက်ထက် ပိုမကြာပါဘူး"

ပြောပြောဆိုဆို ကားငှားစဉ်ကစီးလာသော မမြင့်တမြင့်
ဒေါက်ဖိနပ်ကို ခြေနင်းမှာထားခဲ့ကာ ဆင်းသွားပါ တော့သည်။

သူမ သွားရာ လှမ်းကြည့်လိုက်တော့ ခြံကကျယ်ဝန်းပြီး ခြံတံခါးမကြီးမှာ ခြုံ နွယ်များပင်ပိတ်နေတော့သည်။

သူမသည် လူဝင်ပေါက်တခါးကို အသာတွန်းကာ အောက်ခြေမျက်ပင်ရှည်များကို နင်း၍ ခြံထဲ ဝင်သွားပါတော့သည်။

ကျွန်တော် တွေးမိသည် "ဒီအမျိူးသမီး မကြောက်မရွံ့"
ခြံထဲ လှမ်းကြည့်လိုက်တော့ ခပ်ဝေးဝေးမှာ နှစ်ထပ်အိမ် အိမ်အိုကြီးတလုံး ... အောက်ပိုင်းကိုမမြင်ရပေ။
အပေါ်ပိုင်းကိုသာမြင်ရလေသည်။
ရေနံမဲနေအောင်သုပ်ထားသော ရှေးအိမ်ကြီး။

ကားပေါ်မှာ တယောက်ထဲထိုင်ကာ သူမကိုစောင့်နေရအုံးမည်။ ကျောချမ်းပေစွ။

အဘယ့်ကြောင့်ဆိုသော် ကျွန်တော့ကားရပ်ထားသောနေရာကား သစ်ပင်ကြီးများက အုံ့အုံ့ဆိုင်းဆိုင်း။

နေကလည်းဝင်နေပြီမို့ အမှောင်ထုကကြီးဆိုးလာသည်
လမ်းမပေါ်မှာ ကားအချို့တလေ ဖြတ်မောင်းနေကြသည်မို့သာ တော်သေးသည်။

ကျွန်တော် စက်ရပ်ထားသောကားကို စက်ပြန်နှိုးကာ
AC တမှတ်ဖွင့်၍ အားသွင်းထားသောဖုန်းကို ကောက်ကိုင်လိုက်စဉ် သူမ ဝင်သွားသောခြံထဲမှ "အား" ကနဲအော်သံ တဝုတ်ဝုတ် ခွေးအော်သံ ကိန် ကိန်ဟူ၍ ခွေးအော်ပြီးထွက်ပြေးသံ တို့ကို ကြားလိုက်မိသည်။

သူမကိုများ ခွေးကိုက်၍ "အား" ဟုအော်လိုက်လေသလား? သူမက ခွေးကိုရိုက်လိုက်၍ ခွေးကအော်ပြီး ထွက်ပြေးလေသလား? ကျွန်တော် မသိချေ ။

အသံကို ထပ်ကြားရလေမလား ဟူ၍ နားကိုစွင့်နေ မိသည်။ သို့သော်လည်း ဘာသံမှ ထပ်မကြားရတော့။
ကျွန်တော် ကျောချမ်းမိသည်ကား အမှန်ပင်။

သူမအပေါ်စိုးရိမ်စိတ်ကို ဖေါ့ပြစ်လိုက်သည်။
သူမ ဝင်သွားသည့် ဤခြံသည် လူသူမရှိဘဲနဲ့တော့
သူမ ဝင်မည်မဟုတ်ခြေ။

ကျွန်တော် တံခါးလော့တွေ အကုန်ချ လိုက်မိသည်။
ဖုန်းကို အာရုံပြု့၍ တက်လာသော နိုင်ငံရေး Postကို ဖတ်နေလိုက်သည်။

တအောင့်ကြာတော့ ခြံထဲမှ သူမက တောစီးဖိနပ်ကို
ခပ်ပြင်းပြင်း ခပ်သွက်သွက်နင်းပြီး ထွက်လာနေသံ ကြားလိုက်လို့ ခြံပေါက်ကို လှမ်းကြည့်လိုက်တော့
ကျွန်တော့စိတ်မှာ ဇဝေဇဝါ ဖြစ်သွားမိတယ်။
ဝင်သွားတုန်းကနှင့် မတူ ဆံပင်က ဖရိုဖရဲ ...
မှောင်နေလို့ စိတ်ကထင်မိလေသလားလို့ သေခြာကြည့်
လိုက်စဉ် သူမကခြံတံခါးကိုပြန်ပိတ်ပြီး ကားဆီလာနေ ရင်း ဖရိုဖရဲဖြစ်နေသော ဆံပင်ကို ပြန်သပ်တင်လိုက်မှ
သူမဆိုတာ သေခြာသွားတော့တယ်။
ဒီအခါမှ လော့ချထားတဲ့တံခါးကို သူမ တက်ဖို့ဖွင့်ပေးလိုက်တယ်။

သူမက ကားကို တခါးဖွင့်ပြီး ရှေ့ခန်းကဘဲတက်ကာ
မကြာပါဘူးနော် တဲ့။
ဟုတ်တယ် မြန်သားဘဲလို့ ပြန်ပြောလိုက်ပြီး
ကားကို လာလမ်းပြန်ကွေ့ကာ ခပ်မှန်မှန် မောင်းလာခဲ့တော့တယ်။
ကားကိုမောင်းလာရင်း သူမဆီက အလာတုန်းကရတဲ့
ခပ်သင်းသင်းရေမွှေးနံ့ပျောက်ပြီး ညှီစို့စို့အနံ့ကို
ခံစားလိုက်ရတယ်။

သူမက တောစီးဖိနပ်ကိုပြန်ချွတ်ပြီး အိပ်ထဲပြန်ထဲ့
လိုက်တယ်။
ကျွန်တော် သူ့ကိုလည်းမမေးရဲ ...
ခုလိုစဉ်းစားမိတယ်။

တောစီးဖိနပ်နဲ့ သေနေတဲ့ အကောင်တကောင်ကိုများ
နင်းမိလာသလား။ ဒါဆိုလည်း ပုတ်ဆော်နံရမယ်။
အခုနံတာက ပုတ်ဆော်မဟုတ် သွေးစိမ်းညှီနံ့ ဖြစ်နေတယ်။

ကျွန်တော် ဒီအနံ့က်ို ကြာရှည် မခံနိုင်တော့၍

AC ပိတ်ပြီး မှန်တွေဖွင့်လိုက်မယ်နော် လို့ ပြောလိုက်တော့
ကောင်းတယ် အပြင်လေက ပိုကောင်းတာပေါ့ တဲ့။

ဒါနဲ့ မှန်တွေချ လိုက်ပြီး AC ကို ပိတ်လိုက်မှ အနံ့သက်သာ သွားတော့တယ်

တဖြေးဖြေး မောင်းလာလိုက်တာ စည်ကားတဲ့နေရာ ရောက်လာမှ သူမကို မေးလိုက်တယ်။
ငှားတဲ့နေရာကိုဘဲ ပို့ပေးရမလား လို့ဆိုတော့
သူမက ဟုတ်တယ် တဲ့။
ကျွန်တော်လည်း ဘာမှဆက်မပြောတော့ဘဲ
ကားကိုဘဲအာရုံစိုက်ကာ မောင်းလိုက်တော့တယ်။

ငှားတဲ့နေရာပြန်ရောက်တော့ ရပ်ပေးလိုက်တယ်။
သူမ က ကားခထုတ်ပေးရင်း
နောက်တခါသွားအုန်းမှာ လိုက်မယ်ဆိုရင် ဖုန်းနံပါတ်ပေး
သွားမဲ့ရက် ဖုန်းဆက်လိုက်မယ်တဲ့။
ကျွန်တော်လည်း ဖုန်းနံပါတ်ပေး လိုက်ပါတယ်။

တပတ်အကြာမှာ ညနေစောင်းချိန်ပါဘဲ သူမဖုန်း
ဝင်လာပါတယ်။ ၁၀ မိနစ်လောက်စောင့်ခိုင်းပြီး
အရင်ငှားနေကျနေရာမှာ သွားခေါ်လိုက်တယ်။
သူမက ရောက်နေပါပြီ။

သူမ ကားပေါ်ရောက်တာနဲ့ ခုလိုပြောတယ်။
သိပ်အရေးမကြီးဘူး။ ကားကို မှန်မှန်ဘဲမောင်းပါတဲ့။
မှောင်မှရောက်လေ ကောင်းလေ တဲ့။

ကျွန်တော်လည်းကားကို မှန်မှန်ဘဲမောင်းလာခဲ့ရင်း
တွေးနေမိတယ်။ မိန်းခလေးတယောက်ထဲ ဘာ့ကြောင့် ဒီအချိန်မှ ရွေးပြီး သွားတာလဲ။
ရိုးမှ ရိုးသားရဲ့လား။ တော်ကြာ ကိုယ်ပါ အမှု့ပတ်နေအုံးမယ်။

အဲသလို တောင်တွေးမြောက်တွေးနဲ့ မောင်းလာလိုက်တာ
မြို့ပြင်လည်ဲးရောက် နေလည်းဝင်ပါရော
ခြံရှေ့ရောက်တော့ အတော်လေးမှောင်နေပြီ။
ဖုန်းမီးတောင်မထွန်းဘဲ သတ္တိခဲမက အရင်တခါလို
တောစီးဖိနပ်စီးပြီး လူဝင်ပေါက်က ဝင်သွားပါတော့တယ်။

သူဝင်သွားပြီး အရင်တခေါက်ကလို အသံတွေကြားရမလား နားစွင့်ပေမဲ့ ဘာသံမှကို မကြားရပေ။
လေတိုက်၍ သစ်ရွက်လှုပ်သံမှ တပါး
ပကတိ တိတ်ဆိတ်လျှက်။

ကျွန်တော် ကားကို လော့ချ AC နဲ့ Fb သုံးနေရင်း
သူမကို စောင့်နေလိုက်တော့သည်။

နာရီဝက်ခန့်အကြာ ခြံထဲမှ ခွေးအူသံကြားလိုက်ရသည်။
စိတ်ခြောက်ခြားဖွယ်

ကျွန်တော်ခြံပေါက်ကို သူမ လာနေပြီလား အကြည့်လိုက်မှာ လန့်သွားမိသည်။
သူမကို မတွေ့ရဘဲ နီရဲနေတဲ့ မျက်လုံးတစုံ။ ဘာကောင်မှန်းမသိ။ လန့်ပြီး မျက်နာလွှဲလိုက်သည်။

ခဏအကြာ မဝံ့မရဲ ခြံပေါက်ကိုပြန်ကြည့်လိုက်တော့ သူမက ခြံအပြင်ရောက်ရုံမက ကားဆီကို လာနေတော့သည်။

အရင်အခေါက်ကထက် ပို၍ ဆံပင်က ဖရိုဖရဲ။
အရင်အခေါက်ကလို မျက်နာပေါ်ကျနေတဲ့ဆံပင်ရှည်
ကို ပြန်သပ်မတင်။

ကားတံခါးကိုဖွင့်ပြီး ရှေ့ခန်းဝင်ထိုင်ကာ အားမရှိတဲ့လေသံဖြင့် ... "ရပြီ ... မောင်း" တဲ့။

တောစီးဖိနပ်ကိုတောင်မချွတ် ကားထိုင်ခုံကို မှီကာ မျက်နာကို ကျွန်တော့ဖက်လှဲ့၍ မှိန်းလိုက်လာတော့သည်။

သူမကိုအကဲခတ်ရသည်မှာ မောပမ်းနွမ်းနေသရောင်ရောင်။ ကျွန်တော့စိတ်မှာ ပဟေဠိများစွာနှင့်အတူ ကြောက်စိတ်က ကားမောင်းရင်း ကြီးစိုးလျှက်။

သူမ ဆင်းမည့်နေရာ ရောက်ခါနီးမှာ မနှိုးရပါဘဲ
သူမ နိုးလာခဲ့သည်။ တောစီးဖိနပ်ကို ချွတ်၍ အိပ်ထဲ
ပြန်ထဲ့ရင်း က "သွားမဲ့ရက် ဖုန်းဆက်လိုက်မယ်နော်" တဲ့။ ကားခကိုလည်းထုတ်ပေးတယ်။ သူမကိုကြည့်ရသည်မှာ ဆင်းခါနီးမှာ အေးဆေးပါဘဲ။

သူမဆင်းသွားအပြီး အိမ်အပြန်လမ်းတလျှောက် ကျွန်တော့မှာ အတွေးများစွာ

ဒီတခါ သူမ ကားငှားလျှင် သူမကို မေးဖြစ်အောင် မေး
မည်ဟူ၍ ဆုံးဖြတ်ချက်ချ လိုက်မိသည်။
မေးလို့ ကားငှားမစီးလည်းနေပါစေတော့။
စိုးတထိတ်ထိတ်နဲ့ရသောငွေ မမက်မောချင်တော့ပေ။

နောက်သုံးရက်အကြာ သူမဆီက ဖုန်းဝင်လာသည်။
ထိုအချိန် ကျွန်တော်က အိမ်ပြန်ရောက်နေသည်။
ထုံးစံအတိုင်း နေဝင်လုအချိန်။

ကျွန်တော် သူမကိုပြောလိုက်
သည်။ အမျိူးသမီးကို ခေါ်လာလို့ ရမလားဟူ၍---
ခေါ်ခဲ့လေ အဖေါ်တောင်ရသေး။ပိုကောင်းတာပေါ့ တဲ့။

ကျွန်တော်လည်း ဝမ်းသာစိတ်ပေါ့စွာ အမျိူးသမီးနှင့်အတူ သူမကိုသွားခေါ်၍ သွားနေကျ ခြံကြီးဆီသို့ နေဝင်ချိန်လေးမှာ ခပ်မှန်မှန် မောင်းနှင်လိုက်တော့သည်။

မောင်းလာစဉ် လမ်းတလျှောက် ကျွန်တော်တို့သုံးယောက် စကားမပြောဖြစ်ချေ ။
ခြံနားရောက်လုအချိန် သူမသည် ထုံးစံအတိုင်းတောစီးဖိနပ်ကို စီးတော့သည်။ သူမ၏ လှုပ်ရှားပုံတို့ကို
နောက်ထိုင်ခုံမှထိုင်လိုက်လာသော ကျွန်တော့အမျိူးသမီးက အကဲခတ် ကြည့်နေမည်မှာမလွဲချေ။

ခြံရှေ့ရောက်ပြီဆိုတာနဲ့ လမ်းဘေးချ ကာ ရပ်နေကျနေရာမှာ ရပ်ပေးလိုက်သည်။ ဒီအခါ သူမသည် ကားပေါ်မှ
ခပ်မြန်မြန် ဆင်းကာ ခြံတံခါးဝသို့ ပြေးသွား၍
မှောင်မဲနေသော ခြံထဲကိုဝင်သွားတော့သည်။

ထိုအခါမှ အမျိူးသမီးက ကျွန်တော့ပုခုန်းကို ပုတ်ခါ
အကိုရေ ဒီမိန်းမ အကြောက်တရားမရှိဘဲ
မှောင်မဲနေတဲ့ ဒီခြံကို ဘာလာလာ လုပ်တာလဲမသိ။
အကိုမကြောက်ဘူးလား ... ကျမတော့ ကြောက်တယ်။
ဒီအမျိူးသမီး ကြည့်ရတာ မူမမှန်တဲ့ ပုံ။
ဒီအခေါက်ရောဆို ဘယ်နှစ်ခေါက်မြောက်လဲ

သုံးခေါက် ရှိပြီ။ ကားဆွဲရတာ သိပ်မကောင်းတော့ ရတဲ့အော်ဒါ လိုက်ရတာဘဲ။နောက်တခါ ခေါ်ရင်မလိုက်တော့ဘူး။

မလိုက်ပါနဲ့ အကိုရယ် ... ဘာမှန်းမသိ အန္တရာယ်များ
ပါတယ်။ ရှင်ရှာတာစားရတာ မြိုတောင်မကျခြင်တော့
ဘူး။

ထိုသို့ နှစ်ယောက်သားစကားပြောနေစဉ် ခြံဝင်းထဲမှ ပြေးလာသံတွေ ကြားရလေသည်။

နှစ်ယောက်သား ခြံဝင်းတံခါးဆီပြိုင်တူ လှမ်းကြည့်ရင်းက

သုံးလေးယောက် ပြေးလွှားနေတဲ့အသ။ံ
အကိုရေ တယောက်ထဲရဲ့အသံမဟုတ်ဘူး။
အေး ဟုတ်တယ်ဟ အကိုလည်း အဲလိုဘဲထင်တယ်။

ထိုစဉ် ခြံဝင်းပေါက်ကို တအား
တွန်းဖွင့်ပြီး သူမက ကားဆီကိုပြေးလာတော့သည်။
သူမနောက်မှာလှမ်းကြည့်တော့ ဘယ်သူမှပါလာတာမတွေ့။

ကျွန်တော် တံခါးလော့ကို အမြန်ဖွင့်ပေးလိုက်တယ်။

သူမ ကားပေါ်အမြန်တက်ကာ
မြန်မြန်မောင်း မြန်မြန်မောင်း ...
ဟူ၍ ပြောဆိုခြင်းကြောင့် ကားကိုလာလမ်းအမြန်ကွေ့
ကာ ခပ်မြန်မြန် မောင်းလိုက်တော့သည်။

ထိုသို့ မောင်းနေစဉ် သူမကို စောင်းငဲ့ကြည့်လိုက်တော့--
ပါးမှာ အစင်းရာများ နှုတ်ခန်းမှာလည်း သွေးစသွေးန။

ဒီတခေါက်တော့ မေးမယ်လို့ဆုံးဖြတ်ထားသည့်အတိုင်း
ကျွန်တော် သူမကို စကားစလိုက်သည်။

တူမကြီး ဘာများဖြစ်လာတာလဲကွယ်။ပါးမှာလဲ အစင်းရာတွေ နှုတ်ခန်းမှာလည်း သွေးစထင်တယ်။သုတ်လိုက်ပါဦး။

သည်အခါမှ သူမသည် ကပြာကယာ တစ်ရှူးထုတ်ကာ
သုတ်လိုက်တော့သည်။ မလုံမလဲဖြစ်နေသော သူမ ကို
ကျွန်တော်ဆက်မေးလိုက်သည်။

ဒီခြံကို နေဝင်ချိန် မှောင်ချိန်ရွေးပြီး မကြာခဏ လာနေတာအကြောင်းတစ်ခုရှိလို့ဆိုတာတော့ သိပါတယ်။
အကြောင်းရင်းလေးကို သိခွင့်ရမလား တူမကြီး။
ပဟေဠိဖြစ်နေလို့ပါ။ မှန်တာပြောရရင် တူမကို သံသယစိတ်နဲ့စိုးရိမ်စိတ်လည်းဖြစ်မိလို့ပါ။
လုံးဝပြောလို့မရရင်လည်းမပြောပါနဲ့။
ကိစ္စမရှိပါဘူးကွယ် ...

သူမသည် ကျွန်တော့ကိုတလှည့် နောက်ခုံတွင်ထိုင်လိုက်လာသော အမျိူးသမီးဖက်ကိုပါ လည်ပြန်ကြည့်ကာ

ကျမလေ ရင်ဖွင့်ခြင်ပါတယ်။ အကြောင်းစုံပြောပြပါ့မယ်။ ဦးကိုလည်း ကျေးဇူးတင်မိပါတယ်။
ဘာ့ကြောင့်လည်းဆိုတော့ အရင်အခေါက်တွေမှာ မစပ်စု
ဘဲ သုံးခေါက်မြောက်မှ ပွင့်လင်းစွာ ခုလိုမေးလို့ပါ။

သူမ ပြောပုံက အရင်ခေါက်တွေက မေးမိရင် ပြောမဲ့ပုံမမြင်ပေ။ သူမက သူပြောပြသော သူမအကြောင်းကို ဘယ်သူ့မှ ပြန်မပြောဖို့ "ကတိ"တောင်းလေသည်။
ကျွန်တော်လည်း ကတိ ပေးလိုက်ပါသည်။

သူမ ပြောပြနေချိန် နားထောင်နေသော ကျွန်တော့မှာ
ရင်တလှပ်လှပ်။
သနားခြင်း ... စိတ်မကောင်းခြင်း ... ရင်နာခြင်း ...
စိုးရိမ်ခြင်း တို့များစွာခံစားလိုက်ရပေသည်။

သူမ ပြောပြသော သူမ အကြောင်းကို သူများတွေကို
ပြန်ပြောပြခြင်နေမိသည်။

သို့သော် ကျွန်တော့အား
"ကတိ"တည်ခွင့်ပေးပါ

လုံးဝ ပြန်မပြောပြဘူးးး 😁😁😁

#ဟား

ที่อยู่

Bangkok
10510

เบอร์โทรศัพท์

+18088562845

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ BTUผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์


ครีเอเตอร์ดิจิทัล อื่นๆใน Bangkok

แสดงผลทั้งหมด